Beta Test ပြီးဆုံးခြင်း
Vol. 5 Ch. 63
အခန်း (၆၃) Beta Test ပြီးဆုံးခြင်း
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695794397068.jpg
ကျီးနက်တောင်ကြားစခန်းတွင်၊ 'နတ်ဘုရားများပလ္လင်' အဖွဲ့သားများ စုဝေးပြီး အစည်းအဝေး ပြုလုပ်နေကြသည်။
အရာအားလုံးက သူတို့ အကြံအစည်အတိုင်း ဖြစ်မလာပေ။ Beta Tester များအားလုံးက အဆင့်တက်ရန်အတွက်သာ အလုပ်ရှုပ်နေကြပြီး သူတို့စုံစမ်းနေသော သတင်းအတွက် ဘာအဖြေမှ ရမလာချေ။ ဂျူပီတာက ဘာဆက်လုပ်ရမည်ကို ပြောကြားနေစဉ် တစ်ယောက်က အော်လိုက်သည်။ "ခေါင်းဆောင်၊ တောင်းဆိုချက်ရဲ့ အရိပ်အမြွက်က ပြောင်းသွားပြီ။"
ဂျူပီတာ လန့်ဖျပ်သွားသည်။ တောင်းဆိုချက်ကို စစ်ဆေးကြည့်သောအခါ၊ တောင်းဆိုချက်၏ တည်နေရာကို တကယ်ပင် ပြင်ဆင်ထားကြောင်း တွေ့ရသည်။ ဟန်ရှောင်းသည် အနောက်ပိုင်းမြို့တော်ထဲတွင် ရှိနေကြောင်း ဖော်ပြထားသည်။
"မစ်ရှင်က Update လုပ်လိုက်ပြီပဲ။"
ဂျူပီတာ ခေါင်းကုတ်လိုက်သည်။ သူက စိတ်ရှုပ်နေသော်လည်း ဒေါသတော့ ထွက်မနေပေ။ ဒီနေ့သည် ၁၂ရက်မြောက်နှင့် Beta Test ၏ နောက်ဆုံးနေ့ဖြစ်သည်။ ထို့ပြင် သူတို့တွင် တိုးတက်မှု အနည်းငယ်သာ ရှိသေးသည်။
"တရားဝင်ဂိမ်းထွက်လာရင် အနောက်ပိုင်းမြို့တော်ကို ငါတို့ အဖွဲ့ဝင်တွေလွှတ်ပြီး ရှာခိုင်းရမယ်။"
ဂိမ်းစထွက်သည်နှင့်၊ သူတို့အဖွဲ့သည် လူအင်အားများသည့် အားသာချက်ကို အပြည့်အဝ အသုံးချနိုင်လိမ့်မည်။ အဖွဲ့ဝင်အများအပြားဖြင့်၊ သူတို့ သူ့ကို ရှာမတွေ့ဘူးဆိုတာ မဖြစ်နိုင်ပေ။
ဂျူပီတာ လက်သီးဆုပ်လိုက်သည်။
"ဒီ B အမျိုးအစား စနစ်၏တောင်းဆိုချက်က ငါတို့အတွက်ပဲ။"
သူတို့ပြိုင်ဘက်များထက် ခြေတစ်လှမ်းသာနေဖို့ ဒါက သူတို့ရဲ့ အခွင့်အရေးဖြစ်သည်။
...
ဂျာမီနယ်ရုံးချုပ်တွင် ဘော့စ်ကို အစီရင်ခံစာတစ်ခု ဖတ်ပြနေသည်။
"ကွန်မန်ဒါနော်စာကို အနောက်ပိုင်းမြို့တော်မှာ နောက်ဆုံးသတင်းရလိုက်တယ်။ နောက်ထပ်လူတစ်ယောက်လည်း သူနဲ့အတူတူ ပျောက်ကွယ်သွားတယ်။ 'မုန်တိုင်းမျက်လုံး'က ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးခေါင်းဆောင် လုကောင်းအမ်း။ လီရောက သူ့နေရာ အစားထိုးဖို့ အမြန်ဆုံးရှာလိုက်ပါမယ်ဆိုပြီး ပြောပါတယ်။"
"ဒါ ဇီးရိုးပဲ။" ဘော့စ်က ရုတ်ချည်း ပြောလိုက်သည်။ "သူရဲ့ နေရာအတိအကျကို လျှို့ဝှက်ထားနိုင်အောင် နော်စာနဲ့ လုကောင်းအမ်းကို နှုတ်ပိတ်လိုက်တာ။ ဟမ့်၊ ဒါဆိုမင်းက အနောက်ပိုင်းမြို့တော်ထဲမှာပေါ့။ ကြယ်နဂါးနိုင်ငံရဲ့ ဌာန၁၃က သူ့ကို ကာကွယ်ပေးထားတဲ့ပုံပဲ။"
နော်စာသည် ဂျာမီနယ်အဖွဲ့အစည်း၏ အဓိက လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်ပြီး လုကောင်းအမ်းကို ဘော့စ်က အထင်တကြီးရှိသည်။ ဒါက ဆုံးရှုံးမှုကြီးပင်။
ကျိန်စာသင့်နေတဲ့ဇီးရိုး
ဘော့စ် အလွန်အမင်း ဒေါသထွက်နေသည်။
'ဇီးရိုး... မင်းက အကာအကွယ်ရသွားတာနဲ့ လုံခြုံသွားပြီလို့ ထင်နေတာလား။'
သူက ဟန်ရှောင်းသည် သေးငယ်သည်ဟု အစက ထင်ခဲ့သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ၊ ဟန်ရှောင်းပေးနိုင်သည့် အန္တရာယ်ကို သတိပြုမိလာသည်။
ဗယ်ခရီဓါတ်ခွဲခန်းမှ လုံခြုံရေးဗီဒီယိုကို ခွဲခြမ်းစိတ်ဖြာမှုအရ ဇီးရိုးသည် မည်သည့်ထူးခြားသောအပြုအမူကိုမျှ မပြသခဲ့ပေ။ သူတို့ရဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုရရှိသွားလဲဆိုတာက ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေသေးသည်။
"ဇီးရိုးရဲ့ နေရာအတိအကျ သိရဖို့ 'မုန်တိုင်းမျက်လုံး'ကို အမိန့်ပေးလိုက်။ သူ ဌာန၁၃ရဲ့ ဌာနချုပ်မှာ ပုန်းနေရင်တောင် ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ရအောင်ရှာစမ်း။"
ဘော့စ်၏ အသံမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ဟန်ရှောင်းက ဘယ်လောက်အရေးကြီးသည့် သတင်းအချက်အလက် ဘယ်လောက်များများ ပိုင်ဆိုင်ထားလဲဆိုတာ အတိအကျ မသိနိုင်၍ သူ့ကို နောက်ထပ်ထိခိုက်မှုများ မပြုလုပ်နိုင်မီ ရှင်းပစ်ခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။
"ကွန်မန်ဒါ ၅ယောက်နဲ့ ညဇီးကွက်တပ်ဖွဲ့ဝင် ၂၀၀ကို သူ့ကိုတွေ့တာနဲ့ လှုပ်ရှားဖို့ အသင့်ပြင်ခိုင်းထား။ ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုခွင့်ပေးမယ်။
"ဇီးရိုး၊ မင်းကတော့ သေလူပဲ။"
...
'Beta Test ပြီးဆုံးပါတော့မည်။'
00:00:00:30
ဓါးရူးက နာရီကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူ့မှာသာ လေ့ကျင့်ဖို့ အချိန်ပိုပြီး ရခဲ့ရင်။
သေချာသည်က သူပြုလုပ်ခဲ့သော တိုးတက်မှုအတွက် အတော်ပင် ပျော်ရွှင်လျက်ရှိသည်။ ဟန်ရှောင်း၏ တောင်းဆိုချက်တွေက အတော်ပင် အမြင်မတော်သော်လည်း၊ သူ့ကို အတွေ့အကြုံအမှတ် အများအပြားပေး၏။ ထို့ပြင်၊ သူ့ဆီမှ ဝယ်ယူခဲ့သော လက်နက်များကလည်း သူ၏ တိုက်ခိုက်မှုစွမ်းရည်ကို သိသိသာသာပင် တိုးတက်စေနိုင်၏။
ယန္တရားပညာရှင်၏ စကေးအစုအဖွဲ့မှာ သူမကြိုက်သည့် ပစ္စည်းများပြုလုပ်ခြင်းကိုသာ မဏ္ဍိုင်ပြုထားသော်လည်း၊ ဟန်ရှောင်း၏ ခွန်အားကို မြင်လိုက်ရသောအခါ ဓါးရုးမှာ သူလိုအပ်နေသည့် အတည်ပြုချက်ကို ရရှိသွားသည်။
'ငါလည်း ဒီလိုမျိုး တဖြည်းဖြည်း သန်မာလာလိမ့်မယ်။
'ပရိုတွေကြားထဲမှာ ငါ့အတွက် တစ်နေရာ ရှိနေလိမ့်မယ်။'
…
_____________________
Beta Test ပြီးဆုံးသွားပါပြီ။ ဂိမ်းစတင်ရန် ရေတွက်ခြင်း 122 Days, 1 Hour, 23 Mins
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်းက ဆွေးနွေးခန်းခလုတ် မီးခိုးရောင် ပြောင်းသွားသည်ကို တွေ့သောအခါ ခေါင်းယမ်းမိလိုက်သည်။
'ကြည့်ရတာ ငါမှန်တယ်။ တကယ့်ကမ္ဘာမှာရှိတဲ့ ဗားရှင်းအပြောင်းအလဲတွေကြားက အချိန်က ငါ့ရဲ့ အခုအချိန်နဲ့ မကိုက်ညီဘူးပဲ။'
"မင်းဘာလို့ ခေါင်းယမ်းနေတာလဲ။" ကူဟွေ့က မေးလိုက်သည်။ "မင်းမှာ ဘာသတင်းတွေ ရှိထားသေးလဲဆိုတာ ငါသိချင်မိတယ်။"
ဟန်ရှောင်းက ယခုအချိန်တွင် ဌာန၁၃ ရုံးချုပ်ရှိ အစည်းအဝေးခန်းထဲသို့ ရောက်နေသည်။ ရာထူးကြီး ၃ယောက်ဖြစ်သည့် ဌာနဒါရိုက်တာကူဟွေ့၊ စုံစမ်းထောက်လှမ်းရေးဌာန ခေါင်းဆောင်နှင့် လျှို့ဝှက်စစ်ဆင်ရေးဌာန ခေါင်းဆောင်တို့က သူ့ရှေ့၌ ထိုင်နေကြသည်။
ဌာန၁၃က ဟန်ရှောင်းသည် အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်ရေးစွမ်းရည် ပိုင်ဆိုင်ထားမှန်းသိသော်လည်း သူတို့ မျှော်လင့်ထားသည်ထက်ပင် ပို၍ အစွမ်းထက်နေသေးသည်။ ပို၍ ဦးနှောက်ခြောက်စေသည်က လုကောင်းအမ်းကို အလွယ်တကူရှင်းပစ်လိုက်နိုင်ခြင်းပင်။
လုကောင်းအမ်းသည် မြို့တော်ထဲတွင် ၂နှစ်အတွင်း သဲလွန်စတစ်ခုမှ မကျန်စေဘဲ လှုပ်ရှားနေခဲ့သည်။ ဌာန၁၃က သူ့ကို ရှာဖွေရန် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခြင်း၌သာ အဆုံးသတ်ခဲ့ရသည်။ ဟန်ရှောင်းက သူ့ကို အလွယ်တကူ ရှာဖွေနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူက သူတို့ထက် အများကြီး ပိုသိထားသည်ကို သက်သေအခိုင်အမာ ပြနေသည်။
ထို့ကြောင့်၊ ဤဆွေးနွေးပွဲ စတင်ခဲ့ခြင်းပင်။ အရိုးရှင်းဆုံး ပြောရလျှင်၊ ကူဟွေ့က ဟန်ရှောင်း၏ သတင်းအချက်အလက်များကို ပို၍ လိုချင်နေသည်။
သူ၏ စိတ်ကူးထဲမှ နိုးထလာပြီးနောက်၊ ဟန်ရှောင်းက သူ့မေးစေ့ကို ပွတ်သပ်ရင် မေးခွန်းကို ရှောင်ရှားလိုက်သည်။ "ကျွန်တော့်ရဲ့ တည်နေရာက ပေါ်သွားပြီ။ ဂျာမီနယ်က ကျွန်တော်ဘယ်မှာရှိလဲဆိုတာ အတိအကျ မသိပေမယ့် မြို့ထဲကို လူသတ်သမားတွေ ထပ်လွှတ်မှာပဲ။
ကူဟွေ့ မျက်မှောင်ကြုတ်သွား၏။ ဟန်ရှောင်း၏ အဖြေကို မကျေနပ်သော်လည်း၊ ဟန်ရှောင်း ပြောသည့်နောက်သို့ ဆက်မေးလိုက်သည်။
"ဒါဆို မင်းဘာလုပ်ချင်တာလဲ။"
"နောက်ထပ် တူတူပုန်းတမ်း ကစားဖို့ မလိုတော့ဘူး။ ငျွန်တော် နောက်စစ်ဆင်ရေးမှာ ပါဝင်ချင်တယ်။"
"ဒါက အန္တရာယ်များလွန်းတယ်။" ဒေါသထွက်နေသော ကူဟွေ့က ကန့်ကွက်သည်။ "မင်းကိုယ်မင်း ဖော်ပြလိုက်မယ်ဆိုရင်၊ သူတို့ကို လှုပ်ရှားဖို့ အခွင့်အရေး ပေးလိုက်သလိုပဲ။"
ဟန်ရှောင်းက ဟန်ဆောင်၍ ချောင်းဆိုးလိုက်သည်။
"ကျွန်တော်တို့ပဲ ပြောလို့ရမလား။"
ဌာနခေါင်းဆောင် ၂ယောက် စိတ်အနှောင့်အယှက်ဖြစ်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ 'ငါတို့က ယုံကြည်စရာ မကောင်းလို့လား။"'
ဟန်ရှောင်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ငါ ငါ့ရဲ့အသွင်အပြင်ကို ပြောင်းလဲနိုင်တယ်။"
ကူဟွေ့ သိသိသာသာပင် တုန်လှုပ်သွား၏။
"မင်းမှာ စူပါပါဝါ ရှိတာလား။"
ဟန်ရှောင်းက ခေါင်းခါပြလိုက်ပြီး
"ငါ့ရုပ်ကို ပြောင်းလဲစေမယ့် အသေးစားကိရိယာတစ်ခု ဖန်တီးနိုင်တယ်၊ ဒါဆို သူတို့ငါ့ကို ရှာမတွေ့နိုင်တော့ဘူး။"
'အရေပြားမျက်နှာဖုံးလား၊ အကြံက သိပ်မဆိုးပါဘူး' ကူဟွေ့က တွေးလိုက်သည်။ သို့သော်လည်း ဟန်ရှောင်း၏ လေသံအရ ဌာန၁၃က တီထွင်ထားသည့် သာမန် အရေပြားမျက်နှာဖုံးထက် ပို၍ အဆင့်မြင့်သည့်အရာ ဖြစ်လိမ့်မည်။
"မင်းက မျက်နှာဖုံးတပ်ထားရင်တောင်၊ အန္တရာယ်များတုန်းပဲ။ မင်းက အဲဒါကို နောက်ဆုံးတော့ ချွတ်ရမှာပဲလေ။
ဟန်ရှောင်း၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။
"ငါ့ရဲ့ မျက်နှာဖုံးက အဲဒီထက် ပိုပြီး အဆင်ပြေတယ်။"
"ကောင်းပြီလေ၊ ငါ့ကိုပြပြီးမှ ခွင့်ပြုပေးမယ်။"
ဟန်ရှောင်း စစ်ဆင်ရေးတွင် ပါဝင်ချင်သည့် ရည်ရွယ်ချက် ၂ခုရှိသည်။ တစ်ခုက သေချာပေါက်ပင် အတွေ့အကြုံအမှတ်အတွက် ဖြစ်သည်။ ဒုတိယတစ်ခုမှာ အနောက်ပိုင်းမြို့တော်အတွင်းတွင် လှောင်ပိတ်ပြီး မနေချင်ပေ။ ဤနည်းလမ်းကသာ ဖြစ်ရပ်များတွင် သူပို၍ ပါဝင်နိုင်လိမ့်မည်။
လုပ်ကြံမှုဖြစ်ပွားပြီးနောက်၊ ဟန်ရှောင်းက သူ၏ နောက်ထပ်လှုပ်ရှားမှုအတွက် အချိန်အများကြီးပေး၍ စဉ်းစားထားခဲ့သည်။
ကျီးနက်တောင်ကြားစခန်းသည် နိုင်ငံ၆နိုင်ငံထဲမှ တစ်ခုဖြစ်သည် ဟက်စ်လာနိုင်ငံ နယ်နိမိတ်တွင် တည်ရှိသည်။ ထိုစခန်းသည် အဓိကစခန်းဖြစ်ပြီး ဌာန၁၃ ချေမှုန်းခဲ့သည့် စခန်း ၃ခုနှင့် မတူသော အဆင့်တစ်ခုတွင် ရှိသည်။ လုံခြုံရေးနှင့် ခုခံကာကွယ်ရေးမှာ အလွန်တင်းကြပ်လှပြီး စခန်းရှိ ကွန်မန်ဒါမှာ စူပါလူသားဖြစ်သည်။ သူသည် 'ဓါးတစ္ဆေ'ဟု လူသိများကြသည့် ဖန်ခွမ်းဖြစ်သည်။ အဆင့် D ရောက်ခါနီးနေသည့် 'တိုက်ခိုက်သူ' တစ်ယောက်ဖြစ်သည်။
ကျီးနက်တောင်ကြားစခန်းအနီးတွင် လေလွင့်သွားလာသူများ စုဝေးရာနေရာတစ်ခုဖြစ်သည့် ကျီးနက်ရွာမြို့ တည်ရှိသည်။ ထိုနေရာသည် စတင်ဇုန်တစ်ခု ဖြစ်သည်။
ဟန်ရှောင်းသည် ကျီးနက်တောင်ကြားစခန်းကို ဖျက်စီးရန် ကြံစည်ရခြင်းမှာ စခန်းနှင့် ကပ်လျက်တည်ရှိနေသောကြောင့် ကစားသမားအသစ်များ ဂျာမီနယ်အဖွဲ့အစည်းကို ဝင်ရောက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ 'နတ်ဘုရားများပလ္လင်'အဖွဲ့၏ ပို့စ်ကို တွေ့လိုက်ရပြီးနောက် ဟန်ရှောင်းက ထိုအကြံပေါ်လာခဲ့သည်။ တဖြည်းဖြည်း ပြည့်စုံအောင် တွေးကြည့်ပြီးနောက် သဘောကျလာခဲ့သည်။
ဤအရာက ဂျာမီနယ်ဘော့စ်ကို လက်စားချေရုံသာမက မမြင်ရသော်လည်း သေစေနိုင်လောက်အောင် ထိရောက်မှုရှိသည့် ကြိုတင်တိုက်ခိုက်မှုလည်း ဖြစ်သည်။
ဟန်ရှောင်းက ဖြစ်လာမည့် အလားအလာများကို တွေးပြီး ပြုံးပြုံးကြီးဖြစ်နေသည်။
အခန်း (၆၃) ပြီး၏။
လင်းဆက်
+++++