လျှင်မြန်သော သင်ယူမှု
Vol. 5 Ch. 64
အခန်း (၆၄) လျှင်မြန်သော သင်ယူမှု
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695794518827-768x1024.jpg
"ဟက်စ်လာနယ်နိမိတ်နား ဟုတ်လား။" ကူဟွေ့က စားပွဲကို ရိုက်ချလိုက်သည်။ "ငါတို့ ဆုံးဖြတ်ချက်မချခင် သူတို့နဲ့ စကားအရင်ပြောရမယ်။"
"ကျွန်တော် အစ်ကို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေမယ်။" ဟန်ရှောင်းက ပြောလိုက်ပြီး ပြန်ထွက်သွားသည်။
ဖုန်းကျွင်းက အပြင်ဘက်တွင် သူ့ကို သုန်မှုန်နေသောမျက်နှာဖြင့် စောင့်နေသည်။
"မင်းက ငါ့ကို ဘာလို့ လုပ်ကြံမှုအကြောင်း ချက်ချင်းမပြောတာလဲ။ အဲဒါကြောင့်၊ ငါ့အထက်လူကြီးဆီက အော်တာကို ခံခဲ့ရပြီ။"
"ငါက ဘာလို့ မင်းကို အကြောင်းကြားရမှာလဲ။ မင်းက ကူညီနိုင်မှာလဲ မဟုတ်ဘဲနဲ့။" ဟန်ရှောင်းက စလိုက်ရာ၊ ဖုန်းကျွင်းမှာ ဒေါသထွက်သွား၏။
"ငါတို့တွေက သူငယ်ချင်း ဖြစ်ရင်ဖြစ်မယ်။ ငါ့ကိုစော်ကားရင်တော့ ဒေါသထွက်တုန်းပဲကွ။"
ဟန်ရှောင်းက လှောင်ပြုံးပြုံးလိုက်သည်။
"ငါ ဒါရိုက်တာကို ငါ့နေရာ ဘယ်လိုပေါ်သွားလဲဆိုတာ ပြောလိုက်ရင် ကောင်းမလား..."
"အိုး မင်း- ဟားဟားဟား- မကောင်းဆိုးဝါးလေး။ ငါက နောက်တာပါဟ။"
ဟန်ရှောင်း မျက်လုံးလန်သွားသည်။
ဖုန်းကျွင်း၏ ခခယယ ပို့ဆောင်စောင့်ရှောက်ပေးမှုအောက်တွင်၊ ဟန်ရှောင်း ရုံးချုပ်မှ ထွက်လာပြီး ဝပ်ရှော့သို့ ပြန်ရောက်လာသည်။
သူ၏ ရုပ်ရည်ကို ပြောင်းလဲခြင်းသည် ဟိုးအရင်ကတည်းက သူတွေးနေသော စိတ်ကူးတစ်ခုဖြစ်သည်။ သူ့နေရာသာ ပေါ်သွားခဲ့လျှင် ဂျာမီနယ်အဖွဲ့အစည်းက သူ့ကို အပြင်းအထန် တိုက်ခိုက်မည်ဖြစ်ကြောင်း သူတစ်ချိန်လုံး သိထားသည်။စစ်ဆင်ရေးကို ခွင့်ပြုနိုင်ခြေများသောကြောင့် ဟန်ရှောင်းသည်လည်း ပစ္စည်းကိရိယာအသစ်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ ယန္တရားလက်နှင့် ပြန်သိမ်းနိုင်တဲ့ဓါးသည် နောက်ထပ်ကြုံတွေ့လာရမည့် ပြိုင်ဘက်များအတွက် မလုံလောက်နိုင်တော့ပေ။ သူ၏ ယခုအဖွဲ့သာ စစ်ဆင်ရေးတွင် ပါဝင်ရလျှင် ကောင်းလိမ့်မည်။
သု့အဖွဲ့အကြောင်း တွေးမိသောအခါ ကျန်းဝေ၏ ပါဝါဝတ်စုံကို အဆင့်မြှင့်ပေးရန် သတိရသွား၏။
အဆင့်မြှင့်လျှင် ကုန်ကျမည့်တန်ဖိုးကလည်း နည်းလိမ့်မည့် မဟုတ်ပေ။
ဟန်ရှောင်းက သူ့မျက်ခုံးမွေးများကို ပွတ်နေရင်း မစ်ရှင်အတွက် သင့်တော်မည့် ဒီဇိုင်းပုံစံများကို သူ့မှတ်ဉာဏ်ထဲမှ ရှာဖွေနေသည်။
"ကြည့်ရတာတော့ အချို့ဟာတွေ ထပ်သင်ရမယ့် အချိန်ပဲ။
ရုတ်တရက်၊ တစ်စုံတစ်ယောက်က တံခါးခေါက်လိုက်သည်။ ကြက်ခြေထောက်တစ်ချောင်းနှင့် ဘီယာခွက်ကို တစ်ဖက်စီကိုင်ထားသော အဘိုးကြီးလူဖြစ်သည်။
"ကောင်လေး၊ မင်းဘာလုပ်နေတာလဲ။""ကျွန်တော် ယန္တရားအသိပညာစာအုပ်တစ်ချို့ ငှားချင်လို့ပါ။" ဟန်ရှောင်းက ပြန်ဖြေရင်း စာအုပ်စင်ကို အာရုံပြန်စိုက်လိုက်သည်။ စိတ်ထဲတွင်တော့ အဘိုးကြီးလူက မောင်းထုတ်တော့မည်ဟု တွေးထားသည်။
အံ့ဩစရာကောင်းစွာပင်၊ အဘိုးကြီးလူက "သော့က အံဆွဲထဲမှာ။ မင်းဖတ်ပြီးရင် ပြန်ထားဖို့တော့ မမေ့နဲ့။"
ဟန်ရှောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"အဘိုးက သဘောတူလိုက်တယ်။"
ဘယ်တုန်းက ငါတို့တွေ အဆက်အဆံ ကောင်းသွားတာလဲ။
အဘိုးကြီးလူက ကြက်ခြေထောက်ကို ချလိုက်ပြီး နှာမှုတ်လိုက်သည်။ "ကျေးဇူးတင်တာလို့ သဘောထားလိုက်။"
'ကျေးဇူးတင်တာ?' ဟန်ရှောင်း မျက်မှောင်ကြုပ်သွားသည်။
"အဘိုးက အခုထိ အဘိုးရဲ့မြေးနဲ့ အောင်သွယ်ချင်တုန်းလား။"
အဘိုးကြီးလူ၏ မျက်နှာက ချက်ချင်းတောင့်တင်းသွားပြီး "ငါ့မြေးကို မင်းက မကြွေရအောင် ငါ့မြေးက ဘာတွေမကောင်းလို့လဲ။"
သို့သော်လည်း ဒါက သူဟန်ရှောင်းကို ကျေးဇူးတင်ရသည့် အကြောင်းရင်း မဟုတ်ပေ။ ထိုအစား၊ အရပ်ရှည်ရှည် လူအိုကြီးက သူ့ကို ပြောခဲ့သောကြောင့်ဖြစ်သည်။ လူချမ်းကို မထိခိုက်စေရန် ဟန်ရှောင်းသည် လုပ်ကြံသူကို ဝပ်ရှော့မှ အဝေးသို့ မျှားခေါ်သွားခဲ့သည်။ ဤတစ်ခုတည်းကပင် ဟန်ရှောင်းအပေါ် အဘိုးကြီးလူ၏ အထင်အမြင်ကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
"မဆိုးဘူး၊ ကောင်လေး။" အဘိုးကြီးလူက ကျေနပ်စွာဖြင့် ပြုံးပြီး ချီးမွမ်းလိုက်သည်။ သူက ဟန်ရှောင်း၏ ပခုံးကို ပုတ်လိုက်ပြီး ပြန်ထွက်သွားသည်။
သူထွက်သွားသောအခါမှ ဟန်ရှောင်းက သူ့ပခုံးပေါ်ရှိ ဆီပေနေသည့် လက်ရာကြီးကို သတိပြုမိသွားသည်။
"ဒီမှင်စာအိုကြီး..."
သူက ဘီဒိုကို ဖွင့်လိုက်ပြီး စာအုပ် ၇အုပ်ကို ထုတ်လိုက်ကာ သူ့အခန်းသို့ ပြန်သွားသည်။
အခန်းထဲတွင် ဟန်ရှောင်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး၊ အကုန်လုံးကို တစ်ခါတည်းသင်ယူရန် ပြင်ဆင်လိုက်တော့သည်။
_____________________
သင် အရည်အချင်းအမှတ် ၁မှတ်သုံး၍ စွမ်းအင်အရည်အချင်း [အခြေခံ စွမ်းအင်သီအိုရီ] ကို သင်ယူချင်ပါသလား။
... စွမ်းအင်အရည်အချင်း [အခြေခံ ဇီဝဓါတုပညာ]
... စွမ်းအင်အရည်အချင်း [အခြေခံ အလင်းပညာ]
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
“Yes!”
ဟန်ရှောင်း၏ စိတ်ထဲသို့ များပြားလှစွာသော အချက်အလက်များ စီးဆင်းဝင်ရောက်လာပြီး၊ သူ၏ခေါင်းမှာ ပေါက်ကွဲလုမတတ် ခံစားနေရသည်။ ခဏတာမျှ အနားယူအပြီးတွင်၊ ဟန်ရှောင်းက အံကြိတ်ပြီး နောက်စာအုပ်များကိုလည်း ဆက်လက်သင်ယူတော့သည်။
_____________________
ကြိုးကိုင်ခြယ်လှယ်ခြင်း အရည်အချင်း [အခြေခံ လျပ်စစ် သံလိုက်ပညာ]
ကြိုးကိုင်ခြယ်လှယ်ခြင်း အရည်အချင်း [အခြေခံ ယန္တရားပညာ]
ကြိုးကိုင်ခြယ်လှယ်ခြင်း အရည်အချင်း [အခြေခံ ကွမ်တန် အီလက်ထရွန်းနစ်ပညာ]
ကြိုးကိုင်ခြယ်လှယ်ခြင်း အရည်အချင်း [အခြေခံ လေဟာပြင် ခံစားမှု]
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အခြေခံ အသိပညာ ခုနှစ်စုံ။
သို့သော်လည်း လုပ်ငန်းစဉ်က ဒီမှာရပ်မသွားပေ။ ဟန်ရှောင်းက အရည်အချင်းအသစ်များကို အဆင့်တက်ရန် ဆုံးဖြတ်လိုက်သည်။
_____________________
[အခြေခံ စွမ်းအင်သီအိုရီ] ကို အဆင့် ၃သို့ မြှင့်တင်လိုက်ပါပြီ။
[အခြေခံ လျပ်စစ် သံလိုက်ပညာ] ကို အဆင့် ၂သို့ မြှင့်တင်လိုက်ပါပြီ။
[အခြေခံ ဒီဂျစ်တယ် အီလက်ထရွန်းနစ်ပညာ] ကို အဆင့် ၂သို့ မြှင့်တင်လိုက်ပါပြီ။
[အခြေခံ ယန္တရားပညာ] ကို အဆင့် ၂သို့ မြှင့်တင်လိုက်ပါပြီ။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အရင်က သင်ထားခဲ့သော အရည်အချင်းများကိုလည်း အဆင့်မြှင့်တင်လိုက်၏။
_____________________
[အခြေခံလက်နက်ပညာ] ကို အဆင့် ၃သို့ မြှင့်တင်လိုက်ပါပြီ။
[အခြေခံကုန်ကြမ်းပေါင်းစပ်ခြင်း] ကို အဆင့် ၃သို့ မြှင့်တင်လိုက်ပါပြီ။
[အခြေခံတပ်ဆင်မှု] ကို အဆင့် ၂သို့ မြှင့်တင်လိုက်ပါပြီ။
[အဆင့်မြင့် ကုန်ကြမ်းပေါင်းစပ်မှု] ကို အဆင့် ၂သို့ မြှင့်တင်လိုက်ပါပြီ။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ထိုကဲ့သို့ သူ၏ အရည်အချင်းအမှတ် ၂၁မှတ်မှ ၂၀ကို ဟန်ရှောင်းက အသုံးပြုလိုက်သည်။
_____________________
သင် နည်းပညာအသစ် သင်ကြားခဲ့ပါသည်။ [အခြေခံ ပရိုပရမ်ရေးဆွဲခြင်း]
သင် နည်းပညာအသစ် သင်ကြားခဲ့ပါသည်။ [စွမ်းအင်-သံလိုက်ဓါတ် ခိုင်မာစေခြင်း]
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
[အခြေခံ ပရိုပရမ်ရေးဆွဲခြင်း] သည် [အခြေခံ ဒီဂျစ်တယ် အီလက်ထရွန်းနစ်ပညာ] မှ ပွင့်သွားခြင်း ဖြစ်သည်။ [အခြေခံ တပ်ဆင်ခြင်းနှင့်] [အခြေခံ မွမ်းမံခြင်း] ကဲ့သို့ပင် နည်းပညာရှင်အတွက် ခွဲထုတ်၍မရသော နည်းပညာဖြစ်သည်။ ချစ်ပ်ပြားများနှင့် စစ်စတမ်မျက်နှာပြင် ပြုလုပ်ခြင်းတို့အတွက် လိုအပ်သည်။
[စွမ်းအင်-သံလိုက်ဓါတ် ခိုင်မာစေခြင်း] ကတော့ [စွမ်းအင်ကြိုးကိုင်ခြယ်လှယ်ခြင်း] အရည်အချင်းမှ ပွင့်လာသော Passive စွမ်းရည်တစ်ခုဖြစ်သည်။ အသုံးပြုနိုင်ရန် ကစားသမားတွင် သံလိုက်ဓါတ်နှင့်ပက်သက်၍ ရင်းနှီးကျွမ်းဝင်မှု ရှိရန် လိုအပ်သည်။ အသုံးပြုသူ၏ သံလိုက်ဓာတ်အပေါ် ထိန်းချုပ်မှုကို ပို၍ ခိုင်မာစေရုံသာမက စက်ပစ္စည်းပြုလုပ်သည့် အမြန်နှုန်းကိုလည်း တိုးတက်စေပြီး၊ ယန္တရားများ၏ ထိခိုက်စေနိုင်မှုကို အဆင့်တစ်ဆင့်တိုင်းတွင် ၃%တိုးတက်စေသည်။
ဟန်ရှောင်းတွင် အတွေ့အကြုံအမှတ် ၃၈,၀၀၀ ရှိနေပြီး [မီးတောက်ကျည်]များ ပြုလုပ်ခြင်းမှ စုဆောင်းထားခြင်းဖြစ်သည်။ တစ်ရက်လျှင် အတွေ့အကြုံအမှတ် ၂၀၀၀-၃၀၀၀ ရရှိနေသည်။ ပိုက်ဆံကတော့ ဟန်ရှောင်း စိတ်ပူစရာ အနည်းဆုံးပင်။ သူ့တွင် ဒေါ်လာ ၃,၆၀၀,၀၀၀ အထိ ရှိနေ၏။
"အခုက ရုပ်ဖျက်တဲ့ ဒီဇိုင်းပုံစံ ရဖို့အချိန်ပဲ။"
ဟန်ရှောင်းက မစတင်မီ၊ အတွေ့အကြုံအမှတ် အနည်းငယ် ရင်းနှီး၍ [အခြေခံ ပရိုပရမ်ရေးဆွဲခြင်း] ကို အဆင့် ၃သို့ တင်လိုက်သည်။
_____________________
[အဆင့် ၁ အခြေခံ ဇီဝဓါတုပညာ]၊ [အဆင့် ၁ အခြေခံ အလင်းပညာ]၊ [အဆင့် ၃ အခြေခံကုန်ကြမ်းပေါင်းစပ်ခြင်း] နှင့် [အဆင့် ၂ အခြေခံ ဒီဂျစ်တယ် အီလက်ထရွန်းနစ်ပညာ] တို့ကို ပေါင်းစပ်ခြင်း ပြုလုပ်ပါမည်။ အတွေ့အကြုံအမှတ် ၂၀,၀၀၀ ကုန်ကျပါမည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အရည်အချင်း ပေါင်းစပ်ခြင်းသည် အရည်အချင်း ၂ခုတည်းသာ ပေါင်းစပ်ရမည်ဟု ကန့်သတ်မထားပေ။ သို့သော်လည်း၊ အရည်အချင်းတစ်ခု ထပ်ထည့်ခြင်းက ကုန်ကျစရိတ် အလွန်ကြီးမား၏။ တတိယတစ်ခု ထပ်ထည့်ရာတွင် အတွေ့အကြုံအမှတ် ၅,၀၀၀ ကျသင့်ပေသည်။ သို့သော်ငြားလည်း နောက်ထပ်တစ်ခုသာ ထပ်ထည့်ပါက အကြီးအကျယ် ကုန်ကျသွားမည် ဖြစ်၏။ စတုတ္ထတစ်ခုအတွက် အတွေ့အကြုံအမှတ် ၄၀,၀၀၀ ကုန်ကျလိမ့်မည်။
ယေဘုယျအားဖြင့်၊ အဆင့်နိမ့် ယန္တရားပညာရှင်အနေဖြင့် အရည်အချင်း ၂ခုဖြင့်သာ ပေါင်းစပ်ခြင်း ပြုလိုက်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပို၍ ပေါင်းစပ်ခြင်းက ပိုကောင်းသည့်ရလဒ် ရလာမည်ဟု အာမမခံနိုင်ပေ။
သို့သော်လည်း၊ ဟန်ရှောင်းရည်ရွယ်ထားသည့် ဒီဇိုင်းပုံစံမှာ မှန်ကန်စွာ ပေါင်းစပ်ခြင်းဖြင့် ရရှိနိုင်သည်။
_____________________
ပေါင်းစပ်ခြင်း အောင်မြင်ပါသည်။ [အလင်းမျက်နှာဖုံး]ကို တီထွင်နေခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အရင်တုန်းက၊ ကစားသမားများက စမ်းတဝါးဝါးဖြင့် အရည်အချင်းများကို ပေါင်းစပ်ကြရင်း [အလင်းမျက်နှာဖုံး] သည် ဗားရှင်း (၃.၀)မှ စပေါ်လာခဲ့သည်။ အရည်အချင်းသစ်ပင် ၃ပင်မှ အရည်အချင်း ၄ခုလုံးကို အဆင့်မြှင့်ထားရန် လိုအပ်သည်သာမက၊ [အလယ်အလတ်အဆင့် စက်ယန္တရား ရင်းနှီးမှု]၊ ဉာဏ်ရည်အမှတ် ၅၅မှတ်၊ အဆင့် ၃ [အခြေခံ ပရိုပရမ်ရေးဆွဲခြင်း] နှင့် ကစားသမားက နည်းပညာရှင် ဖြစ်နေရန် လိုအပ်ပေသည်။
သို့သော်လည်း၊ [အလင်းမျက်နှာဖုံး]၏ အသုံးဝင်မှုက ရယူရကျိုး နပ်စေလိမ့်မည်။
အခန်း (၆၄) ပြီး၏။
လင်းဆက်
+++++