← Chapters

ပြောင်းလဲနိုင်သော အလင်းမျက်နှာဖုံး

Vol. 5 Ch. 65

ပြောင်းလဲနိုင်သော အလင်းမျက်နှာဖုံး

Vol. 5 Ch. 65

အခန်း (၆၅) ပြောင်းလဲနိုင်သော အလင်းမျက်နှာဖုံး

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695794644179.jpg

ဟန်ရှောင်းက ဖုန်းကျွင်းကို ပစ္စည်းစာရင်း ပေးလိုက်သည်။

"ဘုရားရေ၊ BOK-recombiner, Farer IV ဖျော်ရည်နဲ့ မိုက်ခရိုချစ်ပ် ၁၂ခု။ ဒါတွေ ဘယ်လောက်ဈေးကြီးလဲ မင်းသိရဲ့လား။"

“ငါပိုက်ဆံ ပေးမှာပါ။” ဟန်ရှောင်းက ရှင်းရှင်းပင် ပြောလိုက်သည်။ ဖုန်းကျွင်းမှာ ချက်ချင်းပင် သူတို့ ၂ယောက်၏ ဝင်ငွေက မတူညီမှန်း သတိရသွား၏။

တစ်နာရီကြာသော်၊ သူက ဟန်ရှောင်း၏ ဝပ်ရှော့သို့ လက်ဆွဲအိတ် ၃အိတ်ဖြင့် ရောက်လာသည်။

ပထမလက်ဆွဲအိတ်တွင် ၁၀ စင်တီမီတာရှည်သော ဖောက်ထွင်းမြင်ရသည် ပြွန်သုံးလုံးပါ၀င်ပြီး အဖြူမှိန်သောအရည်များဖြင့် ပြည့်နေသည်။ ၎င်းသည် BOK-recombiner ဖြစ်သည်။

ဒုတိယလက်ဆွဲအိတ်တွင် အပြာရောင်ဖျော့ဖျော့ဖျော်ရည်ပုလင်းငယ်ပါရှိသည်။ ၎င်းသည် Farer IV ဖျော်ရည် ဖြစ်သည်။

ဤပစ္စည်းနှစ်ခုကို ဓာတ်ခွဲခန်းအတွင်းသာ ပြုလုပ်နိုင်ပြီး အလွန်အဖိုးတန်သည်။ ဒီပုလင်း သေးသေးလေးနှစ်လုံးက ဟန်ရှောင်းကို ဒေါ်လာ ၁၂၀,၀၀၀ ကုန်ကျစေခဲ့သည်။

တတိယလက်ဆွဲအိတ်တွင် မိုက်ခရိုချစ်ပ် ၁၂ ခုပါရှိသည်။ တစ်ခုစီသည် လက်သည်းအရွယ်အစားခန့်သာရှိပြီး ၎င်းတို့သည် အလွန်ပါးလွှာသည်။ အနီးကပ်လေ့လာကြည့်သောအခါတွင် ၎င်းတို့သည် ဆားကစ်လိုင်းများဖြင့် ပြည့်ကျပ်နေကြောင်း တွေ့ရှိရသည်။ သေးငယ်ပြီး ရှုပ်ထွေးသော အသေးစားကိရိယာများအတွက် အသုံးများကြပြီး ၁၂ခုအတွက် ဒေါ်လာ ၆၀,၀၀၀ ကုန်ကျခဲ့သည်။

ဟန်ရှောင်းက မျက်နှာဖုံးကို ချက်ချင်းစလုပ်သည်။

သူ့မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်အတွက် ပါးလွှာတဲ့ ပလတ်စတစ်မျက်နှာဖုံးကို အပေါက်တွေဖောက်ပြီး စတင်လိုက်သည်။ ထို့နောက် မိုက်ခရိုချစ်ပ်များ ထည့်သွင်းရန်အတွက် မျက်နှာဖုံး၏ နေရာအမျိုးမျိုးတွင် အပေါက်ငယ် ၁၂ ပေါက်ကို ထွင်းထုခဲ့သည်။

မိုက်ခရိုချစ်ပ်တွေကို မထည့်ခင်မှာ Han Xiao က သူ့မျက်နှာကို စကင်န်ဖတ်ခြင်းကနေ ဒေတာကို သူ့ကွန်ပြူတာမှာ တင်လိုက်သည်။ ထောင်ပေါင်းများစွာသော မျက်နှာများစွာရှိသည့် စာကြည့်တိုက်ကို အသုံးပြုကာ၊ ရိုးရှင်းသော မျက်နှာမှတ်မိခြင်းနှင့် မျက်နှာပုံဖော်ခြင်း ပရိုဂရမ်တို့အတွက် အချိန် ၂-၃နာရီကြာအောင် ကွန်ပျူတာဖြင့် ချိတ်ဆက်နေခဲ့သည်။

ပြီးသွားသောအခါ၊ Han Xiao သည် ဓာတ်ခွဲခန်းသုံးကိရိယာအချို့ကို ယူပြီး BOK-Recombiner နှင့် Farer IV ဖျော်ရည်တို့ကို ရောစပ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်၊ ပါ၀င်ပစ္စည်းများကဲ့သို့ အဖြူမဟုတ် အပြာမဟုတ်ဘဲ အသားရောင်ရှိသည့် ပေါင်းစပ်ပစ္စည်းတစ်ခုကို ထုတ်လုပ်နိုင်လိုက်သည်။

ဤအရာသည် ပြောင်းလဲနိုင်သော အလင်းမျက်နှာဖုံး ပြုလုပ်ခြင်းအတွက် အဓိကသော့ချက်ပစ္စည်းဖြစ်သည်။ ၎င်းတွင် BOK-recombiner နှင့် Farer IV ဖျော်ရည် တို့၏ အသုံးဝင်သော ဂုဏ်သတ္တိအချို့ကို ပိုင်ဆိုင်ထားရုံသာမက၊ အရေးအကြီးဆုံးမှာ လျှပ်ကူးနိုင်စွမ်း ကောင်းမွန်၏။

ဟန်ရှောင်းက မျက်နှာဖုံးအောက်တွင် မိုက်ခရိုချစ်ပ်များကို မြှုပ်နှံလိုက်ပြီး အသားရောင်ရှိသည့် အရောအနှောကို မျက်နှာဖုံးပေါ်သို့ လောင်းချလိုက်သည်။ အနည်းငယ်လက်စသတ်လိုက်ပြီးနောက်၊ အထူးရေခဲသေတ္တာထဲတွင် အေးခဲလိုက်၏။

ခဏအကြာတွင်၊ ဟန်ရှောင်းက ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး မျက်နှာဖုံးကို ယူလိုက်သည်။ မိုက်ခရိုချစ်ပ်များရှိသည့် နေရာမှလွဲ၍ မျက်နှာဖုံးက အလွန်ချောမွေ့နေသည်။ မျက်နှာဖုံး၏ ပါးလွှာလှသော မျက်နှာပြင်ပေါ်တွင်၊ ဟန်ရှောင်က အဆင့်မြင့် ခရစ်စတယ် မျက်နှာပြင်ကို တပ်ဆင်လိုက်ပြီး၊ ဖိနှိပ်လိုက်သောအခါ ထိုနေရာတွင် ရောင်စဉ်တန်းများ ပေါ်ထွက်လာနိုင်သည်။

_____________________

သင် [ပြောင်းလဲနိုင်သော အလင်းမျက်နှာဖုံး] ကို ပြုလုပ်ခဲ့ပါသည်။ အတွေ့အကြုံအမှတ် ၅,၀၀၀ ရရှိပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဒီ မျက်နှာဖုံးက ဒေါ်လာ ၂၀၀,၀၀၀ နီးပါးလောက် ကုန်ကျသွားသည်။

ဟန်ရှောင်းက မျက်နှာဖုံးကို ကောက်ယူလိုက်ပြီး မှန်ရှိရာသို့ လမ်းလျှောက်သွားကာ စမ်းသပ်ကြည့်လိုက်သည်။ ဝတ်ဆင်လိုက်သောအခါ အေးမြသော ခံစားမှုက မျက်နှာပေါ်တွင် ဖုံးလွှမ်းလာသည်။ သူက ပါးနေရာရှိ မိုက်ခရိုချစ်ပ်ကို ညင်သာစွာ ဖိလိုက်ပြီး အသက်သွင်းလိုက်သည်။ သူ၏ မျက်နှာသွင်ပြင်မှာ ချက်ချင်းပြောင်းလဲသွားသည်။ တစ်ချက်စီ ဖိလိုက်တိုင်း မတူညီသည့် မျက်နှာသွင်ပြင်များ အမျိုးမျိုး ပြောင်းလဲနေ၏။

ဒီဟာက သာမန် ရုပ်ဖျက်နိုင်သည့် မျက်နှာဖုံးတစ်ခု မဟုတ်ပေ။ ဤမျက်နှာဖုံးသည် အသုံးပြုသူကို ကြိုက်နှစ်သက်ရာ မျက်နှာသွင်ပြင် စိတ်ကြိုက်ပြောင်းလဲပေးနိုင်သည့် နတ်ဘုရားအဆင့် ကိရိယာဖြစ်သည်။

ဟန်ရှောင်းက လူများစွာ၏ မျက်နှာများကိုသာ သွင်းပေးထား၍ [ပြောင်းလဲနိုင်သော အလင်းမျက်နှာဖုံး] သည် လူများ၏ မျက်နှာပုံစံကိုသာ ပြောင်းလဲနိုင်သည်။ ကျပန်းပြောင်းလဲနိုင်သည့်အပြင်၊ မျက်နှာသွင်ပြင် ၃ခုအထိ သိမ်းထားနိုင်ပြီး အသုံးပြုသူအတွက် နောက်ဆုံး မျက်နှာ ၃ခုကို ပြန်ပြောင်းပေးနိုင်သည်။ ထပ်တိုးလုပ်ဆောင်ချက် တစ်ခုမှာ ပစ်မှတ်၏ မျက်နှာကို စကန်ဖတ်နိုင်ပြီး ၇၀-၈၀% တူညီသည့် မျက်နှာဖုံးအဖြစ် ပြောင်းလဲပေးနိုင်သည်။

မျက်နှာဖုံးကို အနည်းငယ် ထပ်၍ စမ်းသပ်ပြီးနောက်၊ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ရုံးချုပ်သို့သွားကာ ကူဟွေ့ကို သွားရှာတော့သည်။

"မင်းရဲ့ မျက်နှာဖုံးကို ဖန်တီးပြီးပြီလား။* ကူဟွေ့က မေး၏။

ဟန်ရှောင်းက ပြုံးလိုက်ပြီး မျက်နှာဖုံး တပ်လိုက်သည်။

ဟန်ရှောင်းက မျက်နှာဖုံး၏ ပြောင်းလဲနိုင်သော စွမ်းရည်ကို ဖော်ပြရန် ရည်ရွယ်ချက် မရှိသေးပေ။ ထို့ကြောင့်၊ သူကြိုတင်၍ ပြင်ဆင်ထားသော သာမန်လူငယ်တစ်ယောက်၏ မျက်နှာကိုသာ ပြသလိုက်သည်။

ကူဟွေ့အတွက်မူ၊ ‌ဤမျက်နှာဖုံးက အလွန်ပင် အစစ်နှင့်တူလှသည်။ ဌာန၁၃က ထိုကဲ့သို့ မျက်နှာဖုံးများ ထုတ်လုပ်နိုင်သော်လည်း ဟန်ရှောင်း၏ မျက်နှာဖုံးကဲ့သို့ အစစ်နှင့် မတူလှပေ။ ထို့အပြင်၊ ကြည့်ရသည်မှာ သယ်ဆောင်၍ အလွန်လွယ်ကူရုံသာမက ဝတ်ဆင်ရသည်မှာလည်း အလွန်လွယ်ကူ၏။

"ငါတို့ကို ဒီဇိုင်းပုံစံရောင်းဖို့ စိတ်ဝင်စားလား။"

ဟန်ရှောင်းက ဟန်ဆောင်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဒါက ရိုးရိုးမျက်နှာဖုံးလေးပါ၊ ဒါလုပ်ဖို့ ဘယ်လိုလုပ် ဒီဇိုင်းပုံစံလိုမှာလဲ။ မင်းရဲ့လူတွေလည်း ဒါကိုလုပ်နိုင်တယ် မဟုတ်ဘူးလား။"

'ဒါလည်း ဟုတ်တာပဲ။' ကူဟွေ့က သူ့ဖာသာ တွေးလိုက်မိသည်။

ကူဟွေ့ လက်လျှော့သွားသည်ကို မြင်လိုက်ရ၍ ဟန်ရှောင်းက ကျိတ်၍ သက်ပြင်းချလိုက်သည်။

'ငါသူ့ကို အရူးလုပ်နိုင်သွားပြီ။'

"ဒါဆို" ဟန်ရှောင်းက ဆက်ပြောသည်။ "ငါ စစ်ဆင်ရေးမှာ ပါလို့ရပြီလား။"

ကူဟွေ့က ခဏစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဟက်စ်လာ စုံစမ်းထောက်လှမ်းရေးကလည်း ဒီစစ်ဆင်ရေးမှာ ငါတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ထားတယ်။ မင်းက မင်းရဲ့အဖွဲ့နဲ့အတူ လိုက်လာခဲ့။"

ဟန်ရှောင်းက ဟက်စ်လာအနေဖြင့် တိုက်ခိုက်ရန် သဘောတူမည်မှန်း သိထားသည်။ ဒါက ဂျာမီနယ်အဖွဲ့အစည်း မဟုတ်လား။

ရင်ထဲက စိတ်လှုပ်ရှားမှုများကို ဖိနှပ်လိုက်ရင်း ဟန်ရှောင်းက မေးလိုက်သည်။ "ကျွန်တော်တို့ ဘယ်တော့ ထွက်မှာလဲ။"

"အလောတကြီး မဟုတ်ပါဘူး။ ငါတို့ရဲ့ တပ်ဖွဲ့တွေကို စီစဉ်ဖို့ အချိန်ယူရဦးမယ်။ ဒါ့အပြင် ၂နိုင်ငံလုံး သင့်တော်တဲ့ မဟာ‌ဗျူဟာကို အရင်ဆုံး သေချာချရဦးမယ်။ မထွက်ခင် လဝက်လောက်တော့ အချိန်ကြာဦးမယ်။"

'လဝက်' ဟန်ရှောင်းက တွေးလိုက်သည်။ 'ငါ့ကိရိယာတွေ လက်စသတ်ဖို့ လုံလောက်ပါတယ်။'

...

သူ၏ ဝပ်ရှော့တွင်၊ ဟန်ရှောင်းက သူ၏ ရည်မှန်းချက်များကို စာရွက်တွင် ချရေးလိုက်သည်။

၁။ ရှားပါးသော ဒီဇိုင်းပုံစံများ ပို၍ရရှိရန်။

၂။ သူ့အဖွဲ့အတွက် ယာဉ်တစ်စီး ဝယ်ယူရန်။ ထောက်ပံ့ရေးဝန်ထမ်းဖြစ်သည့်အတွက်၊ သူလိုအပ်သော ပြုပြင်ထိန်းသိမ်းမှုနှင့် ဖန်တီးမှုကိရိယာများ တပ်ဆင်ထားသော ကားတစ်စီးသည် အဖိုးမဖြတ်နိုင်ပေ။

၃။ [တိုက်ခိုက်ရေးဝတ်စုံ] ကို အဆင့်မြှင့်ရန်။

"အား၊ လုပ်စရာတွေ အများကြီးပဲ။ တစ်ကြိမ်မှာ တစ်ခုစီ လုပ်ရမှာပေါ့။"

ဟန်ရှောင်းက ခေါင်းယမ်းမိလိုက်သည်။

အရေးအကြီးဆုံးမှာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်‌တင်ရန် ဖြစ်နေဆဲပင်။ ဒါကိုလုပ်ရန် နည်းလမ်း တစ်ချို့ရှိနေသည်။

ဟန်ရှောင်း၏ အမြင်၌ ပထမဆုံးနှင့် အရေးကြီးဆုံး နည်းလမ်းမှာ၊ သူ၏ ခုခံကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန်ဖြစ်သည်။ နောက်ဆုံးတွင်၊ ရှင်သန်နိုင်မှုက အဓိကသော့ချက်ပင်။

ဒုတိယနည်းလမ်းမှာ သူ၏ တာဝေးတိုက်စစ်စွမ်းရည်ကို မြှင့်တင်ရန်ဖြစ်သည်။ ယင်းအတွက် ဟန်ရှောင်းသည် သူ၏ Berserk Eagles ကို မွမ်းမံရန် စီစဉ်ထားသည်။

ဟန်ရှောင်းသည် အဝေးမှ တိုက်ခိုက်ခြင်းကို နှစ်သက်သော်လည်း၊ အနီးကပ် တိုက်ခိုက်နိုင်စွမ်းသည် စစ်မြေပြင်တွင် အရေးပါနေသေးသောကြောင့် ယန္တရားလက်ကို အဆင့်မြှင့်တင်ရန် စီစဉ်ခဲ့၏။

ရွေ့လျားနိုင်မှုနှင့်ပတ်သက်၍၊ သူ၏စာရင်းထဲရှိ ဖုန်တောထဲနစ်နေသည့် Swallow Gliders များသည် နောက်ဆုံးတွင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ကျီးနက်တောင်ကြားစခန်းတစ်ဝိုက်ရှိ မြေမျက်နှာသွင်ပြင်သည် အလွန်ကြမ်းတမ်းသောကြောင့် ၎င်းတို့သည် အဖိုးမဖြတ်နိုင်သည်ကို သက်သေပြနိုင်မည် ဖြစ်သည်။

အကယ်၍သာ တိုက်ပွဲက မျှော်လင့်ထားသည့် အစီအစဉ်အတိုင်း ဖြစ်မလာခဲ့သော်ဟု ကြိုတွေးပြီး ဟန်ရှောင်းသည် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းတစ်ချို့ကို ပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်သည်။

အမြန်စဉ်းစားပြီးသောအခါ၊ ဟန်ရှောင်းသည် အခြားပစ္စည်းများစာရင်းကို ရေးခြစ်ပြီး ဖုန်းကျွင်းအား ဝယ်ယူ‌စေခဲ့သည်။ စာရင်းပါ ပစ္စည်းများ စုစုပေါင်း ကုန်ကျစရိတ်မှာ နောက်ထပ် ဒေါ်လာ ၃၀၀,၀၀၀ ခန့် ကုန်ကျသည်။

ဖုန်းကျွင်းမှာ ဟန်ရှောင်းကြောင့် တဖြည်းဖြည်း ပို၍ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာသည်။ ကံကောင်းစွာဖြင့်၊ အထက်အရာရှိများကလည်း ဟန်ရှောင်းက အတော်ပင် ပြောဆိုရခက်သည်ကို သိသောကြောင့် သူ့ကို လစာတိုးပေးခဲ့သည်။ သူ၏ လစာ ဒေါ်လာ ၂၅,၀၀၀ နှင့် အာမခံကြေးကြောင့်၊ ဟန်ရှောင်း၏ တောက်တိုမယ်ရလုပ်ပေးရန် လိုက်လျောပေးလိုက်ရ၏။

ဖုန်းကျွင်း ကောင်းကင်ကြီးကို ဒရမ်မာဆန်ဆန် မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။

'စွမ်းအားပိုပြီးကြီးလေလေ၊ တာဝန်ပိုပြီး ကြီးလာလေလေပဲ'

{TL Note : Spiderman ထဲက စကားကို ပြောလိုက်တာပဲဟ 😏}

အခန်း (၆၅) ပြီး၏။

လင်းဆက်

+++++

All Chapters