← Chapters

အပိုင်း(၅၂၅)

Vol. 35 Ch. 525

အပိုင်း(၅၂၅)

Vol. 35 Ch. 525

ဧရာမ အဖြူရောင်ပုံရိပ်ကြီးတစ်ခုက

ကောင်းကင်ထက်မှသက်ဆင်းလာသည်။

“ဝေါင်း”

ကျားဟိန်းလိုက်သောအသံက စားသောက်ဆိုင်တစ်ခုလုံးအား တုန်ခါသွားစေသည်။  ထို့နောက်  အားကောင်းသော လေပြင်းကတိုက်ခတ်လာပြီး   စားပွဲများနှင့်ကုလားထိုင်များအား  လွင့်ပျံသွားစေသည်။

“ဒါ..ဒါက အဆင့်ခုနှစ်သူတော်စင်နယ်ပယ်

နတ်ဆိုးသားရဲပဲ”

ဆိုင်အတွင်းရှိနေကြသောလူအားလုံးက ကဆိုင်အတွင်းသို့ချိုးဖျက်ဝင်ရောက်လာသောကျားဖြူအားတွေ့ လိုက်ရသောအခါတွင် အံ့အားသင့်စွာပြောလိုက်သည်။

ကျားဖြူက ထိုက်ခက်နှင့်တုတ်ခိုင်သန်မာသော

လူငါးယောက်ရှေ့၌ဆင်းသက်လိုက်သည်။

မောက်မာသော တုတ်ခိုင်သည့်လူငါးယောက်က ကျားဖြူအားတွေ့လိုက်ရသောအခါတွင်၎င်းကသူတို့အား ခက်ထန်စွာစိုက်ကြည့်နေသည်ကို

တွေ့လိုက်ရသည်။  သူတို့ထိန်းထားနိုင်ခြင်းမရှိဘဲ ကျားဖြူ၏အရှိန်အဝါအားခံစားမိသောအခါ နောက်သို့ခြေလှမ်းအချို့ ဆုတ်လိုက်ရသည်။

“အိုး..ဟီးဟီး”

ရှစ်ဖုန့်၏ မောက်မာသောစကားလုံးများကိုကြားရပြီး ကျားဖြူ၏ရန်လိုမှုတို့အား မြင်တွေ့ရသောအခါတွင်   ထိုက်ခတ်၏မျက်နှာထက်၌ ဒေါသထွက်ခြင်းမရှိရုံမက ခပ်ယဲ့ယဲ့အပြုံးတစ်ခုကဖြည်းဖြည်းချင်းပေါ်လာသည်။  ကျားဖြူအားကျော်၍ သူ့ရှေ့၌ရှိနေသော ရှစ်ဖုန့်အားကြည့်လိုက်ပြီးအပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

“အိုး.ဟီးဟီး.”

“မင်းက  အရမ်းမာနကြီးပြီးသည်းမခံနိုင်

လောက်အောင်မောက်မာတာကြောင့် မင်းက မိသားစုကြီးတစ်ချို့ကဖြစ်မယ်လို့ငါထင်တယ်..အဲ့နေရာကလူတွေကိုတော့မင်း

ဗိုလ်ကျလေ့ရှိမှာပဲ...ဒါပေမဲ့ မင်းရောက်နေတဲ့နေရာဘယ်

နေရာလဲဆိုတာကိုမမေ့နဲ့  ..ဒီနေရာမှာ ..ငါမင်းကိုမပြောရသေးဘူး.. မင်းမှာအဆင့်ခုနှစ်ကျားဖြူ

အကာအကွယ်ရှိနေတာနဲ့ပဲ   မင်းလုပ်ချင်တာမှန်သမျှကိုလုပ်လို့ရပြီထင်နေတာလား”

ဤစကားများအားပြောနေသောအချိန်တွင် ထိုက်ခက်မှာပြုံးနေဆဲဖြစ်သည်။ သို့သော် သူ၏မျက်နှာပေါ်ရှိအပြုံးက  စကားအဆုံးသတ်နားသို့ရောက်ကာနီးတွင်အေးစက်သောလှောင်ပြုံးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ထိုက်ခက်စကားပြောပြီးနောက်  သူက ကျားဖြူထံသို့တစ်လှမ်းချင်းလျှောက်လှမ်းသွားလိုက်သည်။လျှောက်လှမ်းနေရင်းသူ၏နှုတ်ခမ်းထောင့်ကလှောင်ပြုံးတစ်ခုအဖြစ်တွန့်ကွေးသွား၏။  သူက ညာလက်အားလက်သီး

အဖြစ်ကျစ်နေအောင်ဆုပ်ပြီး သူ၏လက်သီးမှခမ်းနားသော

စွမ်းအားတစ်ခုထွက်ပေါ်လာသည်။ ၎င်းက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏ စွမ်းအားဖြစ်သည်။

“သူ..သူ.. ရှင့်ရဲ့ကျားဖြူကိုထိခိုက်စေချင်နေတာ. ..ရှင့်ရဲ့ကျားဖြူကိုအရင်ထွက်ပြေးဖို့ပြောလိုက်. .ရှင့်ကျားဖြူကသူ့ကိုမယှဉ်နိုင်ဘူး. သူက အဆင့်ခုနှစ်သူတော်စင်နယ်ပယ်အ

စောပိုင်းကျားဖြူဖြစ်နေတာက စိတ်မကောင်းစရာပဲ”

ထိုက်ခတ်က ကျားဖြူထံသို့ လျှောက်သွားနေသည်ကိုတွေ့ရသောအခါတွင်  ရှောင်းယီကရှစ်ဖုန့်အားတီးတိုးပြော၍ သတိပေးလိုက်သည်။

“အဆင်ပြေပါတယ်”

ကောင်မလေး၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ခေါင်းခါလိုက်သည်။ ပင်ကိုယ်အားဖြင့် ထိုက်ခတ်ဘာလုပ်ဖို့ကြိုးစားနေသည်ကို သူပြောနိုင်သည်ဖြစ်သည်။ ရုတ်ခြည်း သူ၏ညာလက်ချောင်းအားတောက်လိုက်ပြီး မည်သူမျှသတိပြုမိခြင်းမရှိဘဲ ဆန်စေ့အရွယ်လောက်သာရှိသော သွေးနီရောင်အလင်းတစ်ခုက သူ၏လက်ချောင်းထိပ်မှ လှစ်ကနဲထွက်သွားပြီး  ကျားဖြူပေါ်သို့ တိတ်တဆိတ်ကျရောက်သွားသည်။

“ထိုက်မိသားစု လက်သီးပညာရပ် အတုမရှိ လက်သီး”

ထိုက်ခက်က စိတ်ထဲမှကြုံးဝါးလိုက်သည်။ အားလုံး၏အကြည့်များအောက်တွင်  သူကကျားဖြူနားသို့ချဉ်းကပ်လာ၏။ ထို့နောက် သူက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်စွမ်းအားများအားစုစည်းလိုက်ပြီး ဘာထူးခြားသောလှုပ်ရှားမှုမှမပါဘဲ ကျားဖြူ၏ခေါင်းထံသို့လက်သီး

တစ်လုံးပစ်သွင်းလိုက်သည်။

“ဝေါင်း”

ဤအချိန်တွင် ကျားဖြူကလည်း ဒေါသထွက်စွာဟိန်းလိုက်သည်။  ထို့နောက် ကျားဖြူ၏ ခန္ဓာကိုယ်မှာ အေးစက်ပြီး မိစ္ဆာဆန်သော အရှိန်အဝါကိုထုတ်လွှတ်နေသည့် သွေးနီရောင်မီးလုံးတစ်လုံး ရုတ်တရက်ထွက်ပေါ်လာသည်။

“ဒီမီးတောက်.. ဒါကဘယ်လိုမီးအမျိုးအစားလဲ.. ဘာလို့အရောင်ကသွေးရောင်ဖြစ်နေတာလဲ.. အေးစက်တဲ့စွမ်းအင်ကိုလည်း

ငါခံစားမိနေတယ်..”

ခန်မးအတွင်းရှိတစ်စုံတစ်ယောက်က   ကျားဖြူ၏ကိုယ်ပေါ်မှ သွေးနီရောင်မီးတောက်အားအာရုံခံမိသောအခါတွင်  အံ့အားသင့်စွာပြောလိုက်သည်။

ဤအချိန်တွင် ဧရာမသွေးနီရောင်မီးလုံးကြီး

အဖြစ်ပြောင်းလဲထားသောကျားဖြူက ထိုက်ခက်၏လက်သီးပေါ်သို့ခုန်အုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျားဖြူ၏ ဟိန်းသံက  ခန်းမအတွင်းထပ်မံပဲ့တင်ရိုက်ခတ်သွားသည်။

ထို့နောက် သွေးနီရောင်မီးတောက်အ

ဖြစ်ပြောင်းလဲနေသောကျားဖြူက ထိုက်မိသားစုဒုတိယသခင်လေး၏ လက်သီးနှင့်ပစ်ဆောင့်သွားသည်ကိုအားလုံးမြင်တွေ့လိုက်ရသည်။  ထို့နောက်ရုတ်ခြည်း ထိုက်ခက်၏ပါးစပ်မှ နာကျင်မှုအပြည့်ဖြင့်အော်သံ

တစ်ခုထွက်ပေါ်လာသည်။

ရုတ်ခြည်းဆိုသလို ထိုက်ခက်၏လက်သီး၌ သွေးနီရောင်မီးတောက်တို့

တောက်လောင်နေ၏။ မီးတောက်များကသူ၏လက်သီးမှာလက်မောင်းသို့ တစ်ဟုန်ထိုးပျံ့နှံ့သွားပြီးနောက်  တစ်ကိုယ်လုံးဆီသို့ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ထိုက်ခက်မှာ သွေးနီရောင်မီးတောက်လူသားအဖြစ်ပြောင်းလဲသွားသည်။ မီးတောက်တို့အောက်တွင်  သူ၏နာကျင်မှုအပြည့်ဖြင့် စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်ညည်းညူသံများက   ဆက်တိုက်ထွက်ပေါ်လာသည်။

“ဒါက..”

“ဒါက…”

“ဒါက”

အခန်းအတွင်း၌ အာမေဋိတ်သံများဖြင့်ပြည့်နှက်နေသည်. အားလုံးက သွေးနီရောင်မီးတောက်လူသား

နှင့်သွေးနီရောင်မီးလုံး  အဖြစ်ပြောင်းလဲထားသောကျားဖြူတို့အား ငေးကြောင်ကြည့်နေမိ၏။ အစောပိုင်းက ကျားဖြူမှာ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်စဦးပိုင်း၌သာရှိသည်ကို အားလုံး မြင်ခဲ့သည်ဖြစ်သည်။

၎င်း၏ ခွန်အားက ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်

ကျင့်ကြံသူအဆင့်နှင့်သာညီမျှ၏။

သို့သော် ၎င်း၏ကိုယ်ပေါ်၌ရှိနေသော သွေးနီရောင်မီးတောက်က ထိုက်ခက်နှင့်ပစ်ဆောင့်သွားသောအခါတွင် ၎င်း၏ ထိုက်ခက်၏ခန္ဓာကိုယ်အားပျံ့နှံ့သွားပြီး နာကျင်မှုတို့ဖြည့်အော်ဟစ်ညည်း

ညူသွားစေသည်။

“ဒု..ဒုတိယသခင်လေး”

ထိုက်ခက်၏နောက်၌ရှိနေသောတုတ်ခိုင်သန်မာသည့်လူငါးယောက်က   သူတို့၏တုန်လှုပ်မှုနှင့်မယုံကြည်နိုင်မှုများမှ  ပြန်လည်နိုးထလာသည်။ ရှေ့သို့လျှင်မြန်စွာတက်လိုက်ကြပြီး သူတို့၏ စွမ်းအားအကုန်အသုံးပြု၍ ထိုက်ခက်၏ကိုယ်ပေါ်ရှိ  သွေးနီရောင်မီးတောက်တို့အား  ငြိမ်းသက်ရန်ပြင်ဆင်လိုက်သည်။

သို့သော်   ဤအချိန်တွင်  သွေးနီရောင်မီးတောက်များအဖြစ်

ပြောင်းလဲသွားသော ထိုက်ခက်ကိုယ်ပေါ်ရှိမီးတောက်တို့က  သူ့နောက်ရှိ တုတ်ခိုင်သောလူငါးယောက်ထံသို့လျှင်မြန်စွာပျံ့နှံ့သွားသည်။ရုတ်တရက်  ခန်းမအတွင်းနောက်ထပ်သွေးနီရောင်

မီးတောက်လူသားငါးယောက်ထက်ပေါ်လာကာ ၎င်းတို့အားနာကျင်မှုအပြည့်ဖြင့်

ဟစ်အော်စေ၏။

ခန်းမအတွင်းစောင့်ကြည့်နေကြသော သူများအားလုံးပါ တုန်လှုပ်အံ့အားသင့်ကြရခြင်းမဟုတ်ပဲ ကန်းချမ်းကြေးစားအဖွဲ့၏အဖွဲ့ဝင်များပါ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြသည်။

ဤလူ၏ကျားဖြူက ဤမျှအတိုင်းအတာပမာဏအထိ

ကြောက်ဖို့ကောင်းသည်ဖြစ်သည်။ ယခင်သူတို့ထဲကအများစုမှာ သူတို့၏ နာ၌ ဒုခေါင်းဆောင်  ဦးလေးဝမ်ရှန့်ရှိသည်ဟုတွေးကြသည်။  အကယ်၍  သူ့၌ အဆင့်ခုနှစ် သူတော်စင်နယ်ပယ် စဦးအဆင့်  ကျားဖြူရှိနေခဲ့လျှင်ပင် ဦးလေး ဝမ်ရှန့်ရှိနေသောကြောင့် ဤလူအနေဖြင့် စိတ်ကြီးဝင်ရဲခြင်းမရှိလောက်ဟုတွေးကာ ၎င်းအားသူတို့ လှောင်ပြောင်သရော်ရိုင်းပျမှုတို့ပင်ပြုလုပ်ခဲ့ကြသေး၏။

သို့သော်ဤလူ၏ကျားဖြူက  ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်

ကျွမ်းကျင်သူဖြစ်သော ထိုက်မိသားစု၏ဒုတိယသခင်လေးကိုပင်  နှိပ်စက်နိုင်စွမ်းရှိလိမ့်မည်ဟုသူတို့မ

မျှော်လင့်ထားခဲ့ပေ။

ရှစ်ဖုန့်အားစိန်ခေါ်ကာ ဒူးထောက်စေချင်ခဲ့သော ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်လူငယ်မှာ ကျားဖြူ၏ အစစ်အမှန်စွမ်းအားအားမျက်မြင်

တွေ့ပြီးနောက်၌   ထိတ်လန့်ကြောက်ရွံ့သောအမူအယာဖြင့် ရှစ်ဖုန့်အားကြည့်လိုက်သည်။ ၎င်းအားသူအပြစ်ရှာခဲ့ပြီးနောက် ကျားဖြူက သူ့အားတိုက်ခိုက်လာမည်ကိုသူစိုးရိမ်နေ၏။

ထိုက်ခက်နှင့် သူ့နောက်လိုက်ငါးယောက်၏ အော်ဟစ်သံများအားနားထောင်ရသလောက် ၎င်းတို့၏အသံများမှာ လူသားမဆန်စွာ နှိပ်စက်ညှင်းပန်းမှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်ကိုပြောနိုင်သည်ဖြစ်သည်။

ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်

လူငယ်တစ်ယောက်သာရှစ်ဖုန့်အားအပြစ်ရှာခဲ့သည်မဟုတ်ပေ။ ဟူဟောက်နှင့်ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်လူငယ်ကလည်းစိုးရိမ်နေသည်။ ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်လူငယ်ကဲ့သို့ပင် ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်

လူငယ်ကလည်းစိုးရမ်နေ၏။

ဤလူက ထိုက်ခက်ကိုပင် အလေးအနက်မထားချေ။ အခြားသူများကိုထားအုံး  ထိုက်ခက်အားမီးရှို့ရန်ပင်ကျားဖြူကို စေလွှတ်ရဲသည်ဖြစ်သည်။

ဟူဟောက်၏မျက်နှာထက်၌  ရှုပ်ထွေးမှုတို့ဖြစ်ပေါ်နေ၏။၎င်းတို့မှာပျော်ရွှင်မှု၊စိတ်လှုပ်ရှားမှုနှင့် လှုံ့ဆော်တက်ကြွမှုတို့ဖြစ်သည်။ထိုက်ခက်က သူချစ်ရသောမိန်းကလေးအား လုယူသွားသူဖြစ်သည်။သူ့အတွက် ယင်းက နှလုံးသားထဲ၌နာကျင်မှုတစ်ခုအဖြစ်အမြဲရှိနေခဲ့သည်။ ယခု ထိုက်ခက်နှိပ်စက်ခံနေရပြီး  မီးတောက်လူသားအဖြစ်ပြောင်းလဲချိန်တွင်  သူ၏နှလုံးသားထဲ၌ ပျော်ရွှင်မှု ၊စိတ်လှုပ်ရှားမှုတို့ဖြင့်ပြည့်နေ၏။

သို့သော် ထိုက်ခက်အားဤကဲ့သို့လုပ်ရဲသော လူငယ်က သူ့ဘက်သို့လှည့်လာပြီးနောက်ပိုင်း၌ တူညီသောနည်းလမ်းဖြင့် ဆက်ဆံမည်ကိုသူစိုးရိမ်နေမိသည်။

“ရှင့်ရဲ့ကျားဖြူက အရမ်းအစွမ်းထက်မယ်လို့ကျွန်မ မမျှော်လင့်ထားခဲ့ဘူး. “

ဤအချိန်တွင်ရှစ်ဖုန့်၏ဘေး၌ရှိနေသောရှောင်းယီက  သွေးနီရောင်မီးတောက်ထံသို့ကြည့်၍  အဲ့အားသင့်စွာပြောလိုက်သည်။ ထို့နောက်သူမကလှည့်လိုက်ပြီး  ရှစ်ဖုန့်အားထပ်မံခပ်တိုးတိုးပြောလိုက်၏။

“ကောင်းပြီ. ဒီလောက်ပဲ..ဒါကို ကိစ္စအကြီးကြီးဖြစ်မသွားအောင်

လုပ်တာပိုကောင်းမယ်”

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters