ပိုးသားဧကရာဇ်၏ဖိတ်ကြားချက်
Vol. 64 Ch. 892
အခန်း (၈၉၂) ပိုးသားဧကရာဇ်၏ဖိတ်ကြားချက်
လွန်ခဲ့သော (၁)နှစ်ခန့်က ရှန်ကျီ ကျူတောပင်လယ်ဒေသသို့ ပြန်လည်ရောက်ရှိလာပြီး ထိပ်သီးသိုင်းဂိုဏ်းများစွာကို သုတ်သင်ပစ်ခဲ့သည်။
တာ့ရွှမ်တိုင်းပြည်ဆန့်ကျင်ရေးမဟာမိတ်များတွင် ဝါဒတောင်မှလွဲပြီး အခြားသောသိုင်းဂိုဏ်းများအားလုံး ပျက်ဆီးသွားခဲ့သည်။ မြောက်ပင်လယ်ဓားခန်းမ ၊ ယိုးမင်ဂိုဏ်းနှင့် ကြေးနီကျွန်းတို့အားလုံး ပြိုလဲခဲ့ရသည်။
ကြေးနီကျွန်းသခင် ကုန်းစွန်းမင်က ရှန်လင်ကျီလက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး မြောက်ပင်လယ်ဓားခန်းမသခင် ကုဟုန်ကတော့ အသက်ရှင်လျှက် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထို့နောက် ရှန်လင်ကျီက ဝါဒတောင်ကို မဖြိုဖျက်နိုင်ခဲ့သဖြင့် ဆက်လက်ထွက်ခွာသွားပြီး ယိုးမင်ဂိုဏ်းကို ပြောင်းလဲတိုက်ခိုက်ခဲ့သည်။
သို့ရာတွင် ယင်စန်းတောင်ဓားဘုရင်လင်ဟန့်ဟွာရောက်ရှိလာပြီး ရှန်လင်ကျီနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ လင်ဟန့်ဟွာက ကျူတောပင်လယ်ဒေသ အနောက်ဘက်မှ တောင်ဘက်သို့ထွက်ခွာလာပြီး ထိုနေရာတွင် ကြီးမားသောတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့၏။
အဆုံးသတ်မှာတော့ လင်ဟန့်ဟွာက ယိုးမင်ဂိုဏ်းချုပ်ကျိုးဟောက်ရှန်းနှင့် ကုဟုန်တို့ကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့ပြီး ရှန်လင်ကျီကတော့ တာ့ရွှမ်တိုင်းပြည်၏မြို့တော် ‘ရွှမ်မြို့တော်’ သို့ ဆုတ်ခွာသွားခဲ့သည်။
“ဒီအဖြစ်အပျက်ကိုကြည့်လိုက်ရင် ရှန်လင်ကျီနဲ့တိုက်ပွဲမှာ လင်ဟန့်ဟွာ အသာစီးရခဲ့တယ်ဆိုတာ ထင်ရှားတယ်”
အခြေအနေများကိုသုံးသပ်ပြီးနောက် ရန်ကျောက်ကဲက ခန့်မှန်းချက်ပြုသည်။
နှစ်ဦးနှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွင် ကုဟုန်နှင့် ကျိုးဟောက်ရှန်းကို ကယ်တင်ခြင်းထက် ရှန်လင်ကျီကိုသတ်ဖြတ်ရသည်ကမှ ပိုမိုလွယ်ကူမည် ဖြစ်သည်။
တိုက်ပွဲတစ်ပွဲတွင် အခြားသူများကို ကာကွယ်ပေးရန်ဆိုသည်က အတိုင်းအတာတစ်ခုအထိ အားနည်းချက်ကို ဖြစ်ပေါ်စေသည်။
ဤသို့သောအခြေအနေတွင် လင်ဟန့်ဟွာက ရှန်လင်ကျီနှင့် တိုက်ပွဲသရေကျခဲ့သည်ဆိုသော်လည်း ကုဟုန်နှင့် ကျိုးဟောက်ရှန်းတို့ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ ဤသည်မှာ လင်ဟန့်ဟွာက တိုက်ပွဲတွင်အသာစီးရခြင်းဟု ပြောနိုင်၏။
ပြဿနာမှာ ရှန်လင်ကျီက အားနည်းသူတစ်ယောက်မဟုတ်ပေ။
သူက သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သည့်တိုင် သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများကို စိန်ခေါ်နိုင်စွမ်းရှိသည့် တန်ခိုးစွမ်းအားမြင့်မားသော ကျင့်ကြံသူအနည်းစုမှတစ်ယောက်ဖြစ်သည်။
သို့ဖြစ်ရာ လင်ဟန့်ဟွာက ဓားသိုင်းအစွမ်းထက်သည်ဆိုသော်လည်း ရှန်လင်ကျီလက်ထဲရောက်နေသည့် ကုဟုန်နှင့် ကျိုးဟောက်ရှန်းတို့ကိုကယ်တင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
ရန်ကျောက်ကဲသိချင်သည်မှာ လင်ဟန့်ဟွာနှင့် ရှန်လင်ကျီတိုက်ခိုက်ရာတွင် ရှန်လင်ကျီက လင်ဟန့်ဟွာ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မှာ စန့်ချင်အဆက်အနွယ်ဖြစ်ကြောင်းကို သိရှိသွားခြင်းမရှိမရှိ ဖြစ်သည်။
တာ့ရွှမ်တိုင်းပြည်နှင့် ရှန်လင်ကျီကတော့ လင်ဟန့်ဟွာအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းမရှိသဖြင့် လုံးဝပြဿနာမရှိဟု မဆိုလိုပေ။
ရှန်လင်ကျီနှင့်တိုက်ခိုက်ရာတွင် ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ထုတ်ဖော်အသုံးပြုသည့်အခါ သူက အံ့အားသင့်ရုံသာမက ဤသို့သောစကားမျိုးကိုပင် ပြောခဲ့သေးသည်။
“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က တကယ့်ကို ဝပ်နေတဲ့ကျားတွေ ပုန်းကွယ်နေတဲ့နဂါးတွေနဲ့ ပြည့်နက်နေတာပဲကိုး...”
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် စန့်ချင်အဆက်အနွယ်၏ သိုင်းပညာကိုတွေ့ရှိရသဖြင့် အံ့သြရုံတင်မကဘဲ ‘ဝပ်နေတဲ့ကျား ၊ ပုန်းကွယ်နေတဲ့နဂါးများရှိသည်’ ဟု အဘယ့်ကြောင့် ပြောဆိုရပါသနည်း။
ရှန်လင်ကျီအနေဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် စန့်ချင်အဆက်အနွယ်သိုင်းပညာတတ်ကျွမ်းသူ အခြားတစ်ယောက်နှင့် ကြုံတွေ့ဖူးပါသလား။
“အခု ကျွန်တော်စဉ်းစားကြည့်တော့... ရှန်လင်ကျီနဲ့လင်ဟန့်ဟွာရဲ့တိုက်ပွဲမှာ ရှန်လင်ကျီ တစ်ခုခုကိုသိခဲ့တဲ့ပုံပဲ”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို အသာပွတ်သပ်ရင်းဆိုသည်။
ပြီးမှ သူက သက်ပြင်းချရင်း...
“တကယ်တော့ လင်ဟန့်ဟွာအကြောင်းက လျှို့ဝှက်ချက်တစ်ခုပဲ ၊ အရှင်သခင် (၁၀)ပါးမပြောနဲ့ အုပ်စိုးရှင် (၃)ပါးနဲ့ ဧကရာဇ် (၅)ပါးမှာတောင် အဲဒီအကြောင်းမသိတဲ့သူတွေ ရှိနေနိုင်တယ်”
ထိုသူများနေဖြင့် လုန်ချွမ်ဧကရာဇ်အဆက်အနွယ်မှ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာသူများရှိကြောင်းကို သိကောင်းသိပေမည်။
သို့သော် ထိုသူသည် လင်ဟန့်ဟွာဖြစ်သည်ကိုတော့ အတိအကျသိရှိသူ နည်းပါးပေမည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်ကတော့ သေချာပေါက် သိရှိမည်ဖြစ်ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်သည်လည်း သိရှိမည် အမှန်ပင်။ သို့သော် အခြားသူများကတော့ မသိရှိနိုင်ပေ။
သို့ပေသိ လင်ဟန့်ဟွာနှင့် ရှန်လင်ကျီ ထိပ်တိုက်တွေ့ဆုံချိန်တွင် ရှန်လင်ကျီအနေဖြင့် တစ်ခုခုကိုပိုင်းခြားသိမြင်သွားပါက ထိုအကြောင်းကို ‘ချင်းယွမ်ဧကရာဇ်’ သည်လည်း သိရှိသွားပေလိမ့်မည်။
ရန်တိ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများအားလုံး မျက်မှောင်ကြုံ့ရင်း နှုတ်ဆိတ်လျှက် ရှိကြသည်။
အတန်ကြာမှ ဖန်ကျွင်းက...
“တိဟွမ်မြေကမ္ဘာဧကရာဇ် အမိန့်ထုတ်ထားတဲ့ကိစ္စက ဟာသတစ်ခုတော့ မဟုတ်ဘူး ၊ ပြီးတော့ သူ့အမိန့်ကို အထက်ဘုံကမ္ဘာက အဓိကပုဂ္ဂိုလ်တွေအားလုံးက စုပေါင်းပြီး ထောက်ခံထားကြတယ်”
လင်ဟန့်ဟွာ၏ကိစ္စကို တိဟွမ်မြေကမ္ဘာဧကရာဇ်က တမင်သက်သက် မသိချာင်ယောင်ဆောင်ပြီး တိတ်တဆိတ်ခွင့်ပြုထားခဲ့သည်။
သို့သော် ခွင့်ပြုသည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
လျှို့ဝှက်စွာ သိနေသူများသည် ထိုအကြောင်းကို မသိဟန်ဆောင်ရုံသာ ရှိကြသည်။
သို့ပေသိ ယခု ဤကိစ္စကို အားလုံးသိရှိသွားပြီဖြစ်ရာ လျစ်လျူရှုရန် မလွယ်ကူတော့ပေ။ တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် ဆက်လက်ပြီးမသိချင်ယောင်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
ရန်တိက...
“ကြည့်ရတာ တစ်ဖက်လူက ဒီကိစ္စကို အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ အပေးအယူလုပ်ဖို့ အသုံးပြုမယ်ထင်တယ် ၊ ဒါပေမဲ့ အရှေ့တောင်ထိပ်တန်းအရှင်သခင်က သူတို့တောင်းဆိုတာကို သဘောတူခဲ့တဲ့ပုံ မပေါ်ဘူး”
ထိုစကားကြားတော့ လူတိုင်းသက်ပြင်းချလိုက်ကြသည်။
ယင်စန်းတောင်ဓားဘုရင်’လင်ဟန့်ဟွာ’ သည် ဝါဒတောင်နှင့် တစ်ချိန်လုံးဆက်ဆံရေးကောင်းမွန်ခဲ့သူဖြစ်ပြီး သူတို့အပေါ်တွင်လည်း ကောင်းမွန်စွာ ဂရုစိုက်ခဲ့သည်။
အမှန်တော့ ထိုသတင်းများက လျှင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။
ယင်စန်းတောင်ဓားဘုရင်လင်ဟန့်ဟွာသည် အရှေ့တောင်ထိပ်တန်းအရှင်သခင်၏တပည့်ဖြစ်ပြီး အထက်ဘုံကမ္ဘာတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော စန့်ချင်အဆက်အနွယ်တစ်ယောက်ဖြစ်သည်။
ထိုသတင်းများ ပျံ့နှံ့သွားသည်နှင့် တုန်လှုပ်ချောက်ချားစရာများ ကြီးကြီးမားမား ဖြစ်ပေါ်လာသည်။
အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်ကျယ်’ ၏ ဩဇာလွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုကြောင့် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှာတော့ သတင်းက ဖြည်းညင်းစွာပျံ့နှံ့သွားသည့်တိုင် အခြားနေရာများမှာတော့ တောမီးပမာ ပျံ့နှံ့သွားပြီ ဖြစ်၏။
ရလဒ်အနေဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နယ်မြေရှိ လူများသည် ဤအကြောင်းကို ပိုမိုစူးစမ်းလေ့လာ လာကြသည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်မှာလည်း ဤကိစ္စနှင့်ပတ်သက်ပြီးအတော်လေးစောဆီးစွာပင် လေပြင်းတိုက်ခတ်သည့်ဒဏ်ကို ခံစားရသည်။ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တင်မဟုတ်ဘဲ ကျူတောပင်လယ်ဒေသမှမဟုတ်သော အခြားနေရာတစ်ခုမှ ပြင်ပဧည့်သည်တော်များ ရောက်ရှိလာကြသည်။
သို့သော် ထိုသူများရောက်လာခြင်းက မျှော်လင့်မထားသောအရာတော့ မဟုတ်ပေ။
ရောက်လာသူက ခွန်လွန်တောင် ၊ ၊ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးမှ အထက်ဘုံကမ္ဘာ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ပိုးသားဧကရာဇ်၏အဆက်အနွယ် ဖြစ်သည်။
ဤသည်က မြောက်ဖေးတောင်ထွတ်မှ ဝါဒတောင်သို့ ဒုတိယအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်၏။
သို့သော် အရင်တစ်ခေါက်ရောက်လာသူနှင့်မတူညီစွာ ယခုတစ်ကြိမ်ရောက်လာသူက အံ့အားသင့်စရာကောင်းစွာပင် ပိုးသားဧကရာဇ်၏သမီးတော် ‘ဖုထင်’ ကိုယ်တိုင် ဖြစ်နေခဲ့သည်။
ရန်ကျောက်ကဲကိုတွေ့တော့ ဖုထင်၏မျက်ဝန်းများ အနည်းငယ်အာရုံစူးစိုက်သွားသည်။
အရင်တစ်ခေါက် သူတို့တွေ့ဆုံစဉ်က ရန်ကျောက်ကဲက ကိုယ်ခွဲပေါင်းစပ်ခြင်းအလယ်ဆင့် သိုင်းသူတော်စင်ဖြစ်သည်။ သူ၏အသက်အရွယ်အမှန်နှင့်နှိုင်းယှဉ်လျှင် ဤသို့သော ကျင့်ကြံခြင်းအဆင့်က တုန်လှုပ်ဖွယ်ရာကောင်းလွန်းလှသည်။
ယခု အထက်ဘုံကမ္ဘာတွင် (၃)နှစ်ကျော်မျှသောအချိန်ကာလတွင် ရန်ကျောက်ကဲက တစ်နှစ်လျှင် ကျင့်ကြံခြင်းအဆင့်တစ်ဆင့်ဖြင့် နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် ၊ သိုင်းသူတော်စင် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖုထင်သည် ရန်ကျောက်ကဲ၏အသက်အရွယ်အမှန်ကို လွဲမှားစွာသတိပြုမိသည်ဟုပင် သံသယဝင်လာမိသည်။ ကျင့်ကြံခြင်းအဆင့်တက်ခြင်း ဤမျှအရှိန်အဟုန်မြင့်မားခြင်းကို သူမ တစ်ခါမှ မကြားခဲ့ဖူးပေ။
သူမကိုယ်တိုင်က အထက်ဘုံကမ္ဘာရှိ လူငယ်မျိုးဆက်များအလယ် အထူးချွန်ဆုံး သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ပြီးတော့ ဖခင်ဖြစ်သူပိုင်ဆိုင်သော ပင်လယ်ရေပမာများပြားသည့် ရင်းမြစ်ပစ္စည်းပံ့ပိုးမှုများကိုလည်း ရရှိထားသည်။ သို့တိုင် သူမသည်ပင် ရန်ကျောက်ကဲလောက် ကျင့်ကြံခြင်းအဆင့်တက်ခြင်း မမြန်ဆန်ခဲ့ပေ။
ယခု ဖုထင်သည်လည်း သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်တွင် ရှိနေလေသည်။
သို့သော် ထိုသီးခြားနယ်မြေတွင် ရန်ကျောက်ကဲနှင့်တွေ့ဆုံစဉ်က သူမက သိုင်းသူတော်စင် တတိယအဆင့် အထွတ်ထိပ်သို့ရောက်ရှိနေပြီး နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ ဝေးတော့သည်။
အမှန်တော့ ထိုအဖြစ်အပျက်ပြီးဆုံးခဲ့ပြီးနောက် ဖုထင်က ကျင့်ကြံခြင်းတစ်ဆို့မှုကိုလှှင်မြန်စွာကျော်ဖြတ်ကာ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် လုံ့လဝီရိယစိုက်ထုတ်ကာ (၃)နှစ်တိုင်တိုင် ကျင့်ကြံခဲ့သဖြင့် မကြာခင်ကမှ သိုင်းသူတော်စင် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့ခြင်းပင်။
ထိုသို့သော စိုက်ပျိုးမှုအရှိန်သည်ပင် ကမ္ဘာကြီးကို တုန်လှုပ်စေလောက်အောင် ဖြစ်နေပြီဖြစ်သည်။
သို့သော် ရန်ကျောက်ကဲ၏တိုးတက်မှုနှုန်းက သူမထက်ပင် ပိုပြီးပြင်းထန်နေသည်။
ရန်ကျောက်ကဲ၏ဖခင် ရန်တိ အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာစဉ်အချိန်က သိုင်းသူတော်စင် စတုတ္ထအဆင့်ဖြစ်သော်လည်း မကြာမီနှစ်များအတွင်း သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအကြောင်းတွေးမိသည့်အခါ ဖုထင် တုန်လှုပ်သွားရပြန်သည်။
ယခုတစ်ကြိမ် သူမနှင့် အခြားသောတပည့်များရောက်ရှိလာခြင်းက လင်ဟန့်ဟွာကိစ္စ သတိပေးရန် ရောက်ရှိလာခြင်း မဟုတ်ပေ။
ရန်ကျောက်ကဲနှင့် ရန်တိတို့၏ တုန်လှုပ်ဖွယ်ရာ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည့်အရှိန်အဟုန်ဖြင့် မြောက်ဖေးတောင်ထွက်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ဝါဒတောင်သူတို့လက်ထဲရောက်ရှိသွားသည်ဟု သံသယမဝင်ဘဲ မနေနိုင်ပေ။
ရန်ကျောက်ကဲနှင့် ရန်တိတို့က ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားများ ပိုင်ဆို်ငထားသော်လည်း သူတို့၏လက်ရှိကျင့်ကြံခြင်းအဆင့်မြင့်ဆိုလျှင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ထိန်းချုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
ဝါဒတောင်တွင်လည်း ထိုမီးပြင်းဖိုက်ုအသုံးပြုနိုင်ရန် သူတို့ကိုကူညီပေးနိဒ်သော တန်ခိုးစွမ်းအားရှင်များ မရှိကြပေ။
ထို့ကြောင့် ဖုထင်နှင့် အခြားလူများက ဤအရာကို နားလည်ရန် အလွန်ခက်ခဲသည်ဟု ယူဆကြသည်။
ယာယီအားဖြင့် သူမ၏သံသယများကိုဖိနှိပ်ကာ မိုးထိတောင်ထွတ်ရှိ ဝါဒတောင် ပင်မခန်းဆောင်ထဲတွင် ဖုထင်က စကားဆက်ပြောသည်။
“အစ်ကို’လင်ဟန့်ဟွာ’ က ထူးခြားတဲ့သူတစ်ယောက်ပဲ ၊ ဦးလေး’ချောင်’ ပြောတာတော့ သူက စန့်ချင်အဆက်အနွယ်ဆိုရင်တောင် သူ့အတွက် စိတ်ပူစရာမရှိဘူးတဲ့”
ရန်ကျောက်ကဲနှင့် အခြားသူများ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
ဖုထင်က ရန်ကျောက်ကဲနှင့် ရန်တိကိုကြည့်ရင်း...
“ကျွန်မ ဒီတစ်ခေါက်ရောက်လာရတာက... ကျွန်မရဲ့ခမည်းတော်ကိုယ်စား ‘ရန်’သခင်လေးနဲ့ ‘ရန်’ ဂိုဏ်းချုပ်ကို အမုန်းတရားမဲ့တာအိုနန်းတော်ကို ဧည့်သည်တော်အဖြစ် ကြွရောက်ဖို့ခမည်းတော်ရဲ့အမိန့်နဲ့ လာရောက်ဖိတ်ကြားတာပါ"
အမုန်းတရားမဲ့တာအိုနန်းတော်ဆိုသည်မှာ အမုန်းတရားမဲ့ကောင်းကင်ဘုံကို အတုယူပြီး အမည်ပေးခဲ့ခြင်း ဖြစ်သည်။
အမုန်းတရားမဲ့ကောင်းကင်ဘုံအား သွေးနီရောင်ကောင်းကင်ဘုံဟုလည်းခေါ်ဆိုကြပြီး ထိုက်ချင်အဆက်အနွယ်ကိုတည်ထောင်သူ တောက်တယ်ထျန်းကျွင်း နေထိုင်ရာနေရာဖြစ်သည်ဟု ကောလဟလများအရ ဆိုကြသည်။
ပိုးသားဧကရာဇ်၏ နေထိုင်ရာရောက အထက်ဘုံကမ္ဘာအလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ်မှ ကြာပန်းနီကမ်းပါးတွင်တည်ရှိသည်။
သို့ပေသိ အမုန်းတရားမဲ့တာအိုနန်းတော်က အလွန်တရာထူးခြားပြီး အထက်ဘုံကမ္ဘာအပြင်ဘက် အာကာသထဲတွင်တည်ရှိသော နန်းတော်ကြီးတစ်ခု ဖြစ်လေသည်။