← Chapters

ပြဿနာရှိတဲ့အမတမှော်ဝင်ပစ္စည်း

Vol. 64 Ch. 893

ပြဿနာရှိတဲ့အမတမှော်ဝင်ပစ္စည်း

Vol. 64 Ch. 893

အခန်း (၈၉၃) ပြဿနာရှိတဲ့အမတမှော်ဝင်ပစ္စည်း

ရန်ကျောက်ကဲနှင့် ရန်တိုတို့ (၂)ယောက်လုံး တံခါးပိတ်ကျင့်ကြံနေကြစဉ် ရှန်လင်ကျီက ဝါဒတောင်ကိုတိုက်ခိုက်ရန် ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည်။ သို့သော် တိုက်ပွဲတွင် ဝါဒတောင်က သူ့ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။

ဝါဒတောင်တိုက်ပွဲကြီးတွင် တာ့ရွှမ်မင်းဆက်မှ တန်ခိုးစွမ်းအားရှင်များအားလုံး လာရောက်ခဲ့ကြပြိး နောက်ဆုံးမှာတော့ အားလုံး အသက်ပျောက်ခဲ့ကြရသည်။

ဝါဒတောင်မှပြသလိုက်သော တန်ခိုးစွမ်းအားက လူတိုင်းမျှော်လင့်ထားသည်ထက် များစွာကျော်လွန်သွားခဲ့သည်။

ဤတွင် ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူတို့ကိုအတည်ပြုသည့်အပြင် ယိုးမင်ဂိုဏ်းမှ ကျန်ရစ်ခဲ့သော အမတမှော်ဝင်ပစ္စည်းဟု ကောလဟလများထွက်ပေါ်နေခြင်းကို ထပ်မံစစ်ဆေးခြင်း ဖြစ်နိုင်သည်။

ရန်ကျောက်ကဲနှင့် ဝါဒတောင်က အထက်ဘုံကမ္ဘာ၏ အင်အားကြီးအဖွဲ့အစည်းများ၏ မြင်ကွင်းအတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာပြီဟု မျှော်လင့်ရပေမည်။

ကျင်းထင်တောင်မှ မုကျွင်းနှင့် အခြားသူများမှတစ်ဆင့် ရန်ကျောက်ကဲ ဟိုးအရင်ကတည်းက သိရှိသည်မှာ ထိပ်တန်းအရှင်သခင် (၁၀)ပါးက အထက်ဘုံကမ္ဘာ၏ အလယ်ဗဟိုနှင့် အရပ်(၈)မျက်နှာကို စောင့်ကြပ်ရင်း အထက်ဘုံကမ္ဘာတွင်သာ နေထိုင်ကြသော်လည်း ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးတို့က အထက်ဘုံကမ္ဘာပြင်ပတွင် အချိန်ဖြုန်းလေ့ရှိကြသည်ဆိုသောအချက် ဖြစ်သည်။

အရင်က အဘယ့်ကြောင့်ထိုသို့နေထိုင်ရသည်ကို ရန်ကျောက်ကဲ နားမလည်ခဲ့ပေ။ သို့သော် ဗုဒ္ဓဘာသာတည်ရှီမှုအကြောင်း သိရှိခဲ့ပြီးနောက် ထိုကိစ္စနှင့်ပတ်သက်ပြီး အဖြေတစ်ခု သိလိုက်ရသလို ရှိသည်။

သို့သော် အခြားသူများ မည်သို့ရှိစေကာမူ ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို ပိုးသားဧကရာဇ်မျက်စိကျသည်မှာ ပုံမှန်ပင် ဖြစ်သည်။

အရင်ဆုံး ရန်ကျောက်ကဲနှင့် ရန်တိတို့ မည်မျှ ထူးချွန်သည်ကို မပြောဘဲ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိစ္စ ၊ ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူ ၊ ယိုးမင်ဂမ္ဘီရစက်ဝန်းတို့နှင့်ပတ်သက်ပြီး ပိုးသားဧကရာဇ်အနေဖြင့် သတိထားမိရန် ခက်ခဲမည် ဖြစ်သည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒီ’ရန်’က ပစ္စည်းတစ်ခုခု ယူလာပေးဖို့ လိုသေးလား”

ဖုထင်က...

“ကျွန်မရဲ့ ခမည်းတော်ကတော့ အဲဒီကိစ္စမပြောပါဘူး ၊ သူက ရှင့်ကိုဧည့်သည်အဖြစ်ပဲ ဖိတ်ကြားလိုက်တာပါ”

ထို့နောက် သူမက ရန်ကျောက်ကဲကိုကြည့်ရင်း တိုက်ရိုက်ပင် မေးလိုက်သည်။

“ပွင့်ပွင့်လင်းလင်းပြောရတာ တောင်းပန်ပါတယ် ၊ ဒါပေမဲ့ ‘ရန်’ သခင်လေးမှာ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းတကယ်ရှိတာလားဆိုတာ မေးလို့ရမလား”

ရန်ကျောက်ကဲက သူ့ဘေးနားမှ စားပွဲကိုလက်ဖြင့်အသာအယာပုတ်ရင်း ရယ်မောလိုက်ပြီး...

“အဲဒါက သန္ဓေတည်စ အမတမှော်ဝင်ပစ္စည်းတစ်ခုပါ ၊ ပြီးမြောက်ဖို့ဆိုတာ အလှမ်းဝေးနေပါသေးတယ်”

ဖုထင်က ခေါင်းခါယမ်းရင်း...

“ရှင် စိတ်ပူစရာမလိုပါဘူး ‘ရန်’ သခင်လေး ၊ ကျွန်မတို့ မြောက်ဖေးတောင်ထွတ်က ဒီပစ္စည်းကိုမလိုချင်ပါဘူး ၊ ကျွန်မက သတိပေးဖို့အတွက် မေးမြန်းကြည့်တာပါ”

သူမက ဆက်ပြောသည်။

“ကျွန်မရဲ့ခမည်းတော်ပြောဖူးတာတော့ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ပစ္စည်းတွေက ကံကောင်းခြင်းမဟုတ်ဘူး ၊ ကပ်ဘေးပဲတဲ့”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“အိုး... မင်းရဲ့ခမည်းတော် ပိုးသားဧကရာဇ်က ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ဒီပစ္စည်းက ယိုးမင်ဂမ္ဘီရဂိုဏ်း ကျဆင်းသွားရတဲ့အကြောင်းရင်းနဲ့ ဆက်ဆပ်နေတယ်လို ဆိုလိုတာလား”

ဖုထင်က ဖြည်းညင်းစွာဖြင့်...

“ခမည်းတော်ပြောတာတော့ အရင်တုန်းကအဖြစ်အပျက်တွေကို သိရှိတဲ့သူတိုင်း အဲဒီပစ္စည်းကိုမလိုချင်ကြဘူးလို့ပဲ ပြောခဲ့တယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ၏မျက်နှာအမူအရာက ပိုမိုလေးနက်သွားသည်။

အတိတ်တစ်ချိန်က ယိုးမင်ဧကရာဇ်နှင့် ယိုးမင်ဂမ္ဘီရဂိုဏ်း ခံစားခဲ့ရသော ကပ်ဘေးကြီးနောက်ကွယ်မှ အမှန်တရားကို သိရှိသူများစွာ မရှိသော်လည်း လူအချို့ကတော့ ထိုအကြောင်းကို သိရှိနေဆဲ ဖြစ်ဟန်တူ၏။

ထိုအကြောင်းသိရှိသူများမှာ ပိုးသားဧကရာဇ်ကဲ့သို အဓိပတိ ကျင့်ကြံသူများဖြစ်မည်မှာ သေချာသည်။

သို့သော် သူတို့သည် ဤကိစ္စကို နက်နဲသောတားမြစ်ချက်တစ်ခုအဖြစ် သဘောထားကြသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤကိစ္စက ရိုးရှင်းသည့်ကိစ္စတစ်ခုမဟုတ်ကြောင်း သိနိုင်သည်။

ယိုးမင်ဂမ္ဘီရစက်ဝန်း ထွက်ပေါ်လာခြင်းက အရင်ကထက်ပိုပြီး ပြဿနာရှိပုံရသည်။

ဖုထင်က...

“ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ ဒီပစ္စည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ‘ရန်’ သခင်လေးကိုယ်တိုင်ပဲ စဉ်းစားသင့်ပါတယ် ၊ အခု ဒီသတင်းက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပေမယ့်... ကျွန်မရဲ့ခမည်းတော်ပြောတဲ့စကားအရတော့ ဟိုတုန်းကအဖြစ်အပျက်တွေကို သိရှိတဲ့သူတွေက အဲဒီပစ္စည်းကို မလိုချင်ကြဘူး ၊ ဒါပေမဲ့လည်း... အဖိုးမဖြတ်နိုင်တဲ့ အမတမှော်ဝင်ပစ္စည်းဆိုပြီး တပ်မက်တဲ့သူတွေလည်း ရှိချင်ရှိကြမှာပေါ့လေ”

ရန်ကျောက်ကဲက ပြုံးရင်း ခဏမျှ စဉ်းစားလိုက်ပြီး...

“အခုလိုသတိပေးတာ ‘ဖု’မိန်းကလေးကို ကျေးဇူးတင်ပါတယ် ၊ ဒါဖြင့် ဒီရတနာပစ္စည်းကို အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ပေးမယ်ဆိုရင်တောင် သူက လက်မခံနိုင်ဘူးပေါ့”

ဖုထင်က ညင်သာစွာဖြင့်...

“အဲဒီတုန်းက အဖြစ်အပျက်တွေကို ဦးလေး’ချောင်’ လည်းသိတယ် ၊ ဒါကြောင့် နှစ်တွေကြာတဲ့တိုင်အောင် ယိုးမင်ဂမ္ဘီရဂိုဏ်းက အကြွင်းအကျန်တွေကို တတ်နိုင်သမျှ ကာကွယ်ပေးထားတာပေါ့”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ကြည့်ရသည်မှာ သူက ယိုးမင်ဂမ္ဘီရစက်ဝန်းကို အရှေ့တောင်ထိပ်တန်းအရှင်သခင် သို့မဟုတ် ချင်းယွမ်ဧကရာဇ်ဆီသို့ တွန်းပို့ချင်လျှင်ပင် အောင်မြင်ရန်မဖြစ်နိုင်ဟု ထင်ရ၏။

ဧကရာဇ် (၅)ပါး ၊ အုပ်စိုးရှင် (၃)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များ။

ကြည့်ရသည်မှာ အထက်ဘုံကမ္ဘာမှ အထွတ်အထိပ်ပုဂ္ဂိုလ်များသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို ယေဘူယျအားဖြင့် သိရှိထားပုံရသည်။

ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွားပြီး...

“အရင်တုန်းက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ‘ဖု’ မိန်းကလေး ပြောပြနိုင်မလား”

ဖုထင်က ခေါင်းခါယမ်းရင်း...

“တကယ်တော့ အဲဒီအဖြစ်အပျက်တွေကို ကျွန်မ မသိပါဘူး ၊ ဦးလေး’ချောင်ကျယ်’ ရဲ့ ကျင့်ကြံခြင်းအဆင့်မျိုးရောက်မှ ခမည်းတော်က ပြောပြမယ်လို့ပြောတယ်”

ရန်ကျောက်ကဲနှင့် ရန်တိ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ရွှယ်ချူးချင်၏အဆက်အနွယ်များက ဟိုစဉ်အချိန်က ယိုးမင်ဂိုဏ်းနှင့် ရင်းနှီးမှု ရှိခဲ့သည်။ ဆိုတော့ ဤလျှို့ဝှက်ချက်များအားလုံးက အပြန်အလှန် ဆက်စပ်နေလေသလား။

ရန်ကျောက်ကဲ နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။

အကယ်၍ ဤသို့သာအမှန်တကယ် ဖြစ်ခဲ့ပါက ပြဿနာရှိနေသော ယိုးမင်ဂမ္ဘီရစက်ဝန်းကို သူ့အနေဖြင့် ဆက်လက်ဆုပ်ကိုင်ထားနိုင်သည်။

သူနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကြား ဆက်နွယ်မှုကို ဖယ်ရှားပစ်နိုင်သည့်တိုင် သူနှင့် သူ၏မိခင်ရွှယ်ချူးချငကြားဆက်နွယ်မှုကို ဖယ်ရှားပစ်ရန် ဖြစ်နိုင်ပါမည်လား။

လုံးဝမဖြစ်နိုင်သည်ကိစ္စပင်။

ထို့ကြောင့် များစွာ စိတ်ပူပန်စရာ မရှိပေ။

ဖုထင်က သူ့ဘေးနားမှ လူရွယ်တစ်ယောက်ကို လှမ်းကြည့်ရင်း...

“တခြားကိစ္စတစ်ခု ရှိသေးတယ် ၊ ကျွန်မရဲ့ ဂိုဏ်းတူအစ်ကို’ကျန်း’ က ကျူတောပင်လယ်ဒေသမှာ ရတနာပစ္စည်းစုဆောင်းဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ချင်ပါတယ် ၊ သူက ရှင်တို့ဝါဒတောင်ကို ခဏလောက်တော့ အနှောက်အယှက် ပေးလိမ့်မယ် ၊ ရှင်တို့ဂိုဏ်းက သူ့အတွက် လိုအပ်တဲ့အစီအစဉ်တွေလုပ်ပေးဖို့ အားနာနာနဲ့ပဲ တောင်းဆိုပါရစေ”

ထိုစကားကြားတော့ ရန်ကျောက်ကဲက ပြုံးလိုက်သည်။

ဂိုဏ်းတူအစ်ကို’ကျန်း’ က ဝါဒတောင်တွင်နေထိုင်ပြီး သူတို့ကို နှောက်ယှက်မည်ဟု ဖုထင်က ဆိုသော်လည်း ဤသည်က ဝါဒတောင်ကိုကာကွယ်ပေးခြင်းပင် ဖြစ်သည်။

လောလောဆယ်တွင် ဝါဒတောင်က အခြေအနေမငြိမ်သက်သော တိုက်ပွဲများစွာ ရင်ဆိုင်ထားရသည်။ အထူးသဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် နယ်ခြားတိုက်ပွဲဖြစ်၏။

ဤသို့သောအချိန်တွင် ရန်ကျောက်ကဲနှင့် ရန်တိတို့ (၂)ယောက်လုံး တောင်အောက်သို့ဆင်းသွားမည်ဆိုလျှင် ဝါဒတောင်အနေဖြင့် အန္တရယ်ကင်းနိုင်မည် မဟုတ်ပေ။

ကျူတောပင်လယ်ဒေသသို့ပြန်ရောက်လာပြီး မကြာခင်မှာပင် ယွမ်ကျန်းဖုန်းက တံခါးပိတ်ကျင့်ကြံခြင်း စတင်ခဲ့သည်။

ဤနှစ်များတစ်လျှောက် ရရှိထားသောအကျိုးအမြတ်များပေါင်းစည်းပြီးနောက် သူက သိုင်းသူတော်စင် ပဉ္စမအဆင့်သို့ တက်လှမ်းရန်အတွက် အလင်းပွင့်သွားပြီး ခြေလှမ်းတစ်ဝက်ခန့်သာ လိုတော့သည်။

တိုက်ပွဲမှရရှိခဲ့သော ထိုးထွင်းသိမြင်မှုများကို ချေဖျက်ပြီး အဆုံးသတ်မှာတော့ ကျင့်ကြံခြင်းအဆင့် တစ်ဆို့ခြင်းကို ဖြတ်ကျော်နိုင်မည် ဖြစ်၏။

မကြာသေးမီကဖြစ်ပွားခဲ့သော ဝါဒတောင်တိုက်ပွဲတွင် ဝါဒတောင်ဘက်မှ ကြီးမားသောအကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ကြွယ်ဝသောရင်းမြစ်ပစ္စည်းများကို ပိုင်ဆိုင်ခဲ့ပြီး ကျူတောပင်လယ်ဒေသ၌ အထွတ်ထိပ်ဖြစ်ခဲ့သည်။

ယခုအချိန်က ရရှိထားသည့်အကျိုးအမြတ်များကို ချေဖျက်ရန်အတွက် အကောင်းဆုံးအချိန် ဖြစ်၏။

ယွမ်ကျန်းဖုန်း တစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ ဖန်းယွင်ရှန်း ၊ ဖန်ကျွင်းနှင့် အခြားသူများသည်လည်း တံခါးပိတ်ကျင့်ကြံရန် စီစဉ်လျှက် ရှိကြ၏။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာလည်း ယခုအခါ လုံလောက်သည့် ကျင့်ကြံခြင်းရင်းမြစ်များ စုဆောင်းရရှိထားပြီး ဖြစ်သည်။

သို့ပေသိ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို တွန်းလှန်ပြီး တာ့ရွှမ်တိုင်းပြည်ကို ချေမှုန်းခဲ့သည့်တိုင် ဝါဒတောင်အတွက် ပြီးပြည့်စုံသောငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရန် အလှမ်းဝေးနေဆဲပင်။

ဤသို့သောအခြေအနေမျိုးတွင် ဝါဒတောင်ကိုစောင့်ရှောက်ရန်အတွက် ရန်တိ ၊ ဒါမှမဟုတ် ရန်ကျောက်ကဲ ကဲ့သို့သော တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ရှိနေရန် လိုအပ်သည်။

ယခု ဖုထင်က သူတို့နှစ်ယောက်လုံးကို အမုန်းတရားမဲ့တာအိုနန်းတော်သို့ အတူတကွ လိုက်ပါရန် ဖိတ်ခေါ်သည့်အခါ ဝါဒတောင်က အကာအကွယ်မဲ့သွားပေမည်။

သူတို့က ပိုးသားဧကရာဇ်၏ဖိတ်ကြားချက်ကြောင့် ဧည့်သည်တော်အဖြစ်သွားရောက်သည်မှန်သော်လည်း ရန်သူများကတော့ ရှိနေဆဲပင်။ အခြားသူများက ပိုးသားဧကရာဇ်ကို ရန်မစရဲကြသော်လည်း ချင်းယွမ်ဧကရာဇ်ကဲ့သို့သောပုဂ္ဂိုလ်များကတော့ ထိုအချက်ကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။

ဖုထင်၏ ဂိုဏ်းတူအစ်ကိုက ကျူတောပင်လယ်ဒေသရှိ ဝါဒ‌တောင်တွင်နေထိုင်မည်ဆိုပါက အခြေအနေ ကွာခြားသွားမည် ဖြစ်၏။

ဖုထင်၏ဂိုဏ်းတူအစ်ကို ရှိနေပါလျှက် ဝါဒတောင်အားပြဿနာရှာပါက ပိုးသားဧကရာဇ်နှင့် မပြေနိုင်သည့်ရန်ငြိုးဖွဲ့ခြင်းနှင့် ညီမျှပေမည်။

မြောက်ဖေးတောင်ထွတ်က ပညာသားပါပါဖြင့် ဝါဒတောင်အတွက်လည်း တွေးတောပေးခဲ့လေရာ အလွန်ပင် စေ့စေ့စပ်စပ် ရှိလှသည်။

ရန်ကျောက်ကဲရော ရန်တိပါ ခေါင်းညိတ်လိုက်ကြသည်။

ရန်တိက...

“ဒီကမိတ်ဆွေ’ကျန်း’... ငါတို့ဂိုဏ်းမှာ အေးအေးဆေးဆေး နေနိုင်ပါတယ် ၊ ကျူတောပင်လယ်ဒေသမှာ လိုအပ်တာမှန်သမျှ ငါတို့ဂိုဏ်းက မင်းကိုကူညီပေးပါ့မယ်”

“ဒါပေမဲ့ ငါတို့သားအဖနှစ်ယောက်ကတော့ ပိုးသားဧကရာဇ်ရဲ့ ဖိတ်ကြားချက်ကြောင့် မင်းတို့ရဲ့နေထိုင်ရာကို သွားရလိမ့်မယ်”

ထိုစကားကြားတော့ ဖုထင်က...

“အားနာနေစရာမလိုပါဘူး...”

ရန်တိက...

“ဒီ’ရန်’ က ဂိုဏ်းရဲ့ကိစ္စတွေစီစဉ်ပြီးရင် သွားကြတာပေါ့”

ဖုထင်က...

“ဒါက သဘာဝကျပါတယ် ၊ လုပ်စရာရှိတာဆက်လုပ်ပါ ‘ရန်’ ဂိုဏ်းချုပ်”

ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံနေပြီး ရန်တိက ခရီးဝေးထွက်မည်ဆိုသည့်အခါ ဝါဒတောင်၏တာဝန်က ဖန်ကျွင်းအပေါ် ကျရောက်သွားမည် ဖြစ်သည်။

ဖန်ကျွင်း တံခါးပိတ်ကျင့်ကြံမည်ဆိုပါက ဂိုဏ်း၏တာဝန်များက ဖူအန်းစုထံ ကျရောက်လာပေမည်။

မကြာသေးမီကပင် ဖူအန်းစုသည်လည်း ကျင့်ကြံခြင်းတစ်ဆို့မှုကိုကျော်ဖြတ်ကာ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

အရင်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းသူ‌‌တော်စင်များ မည်မျှရှားပါးသည်ကို ပြန်စဉ်းစားကြည့်မိပြီး ဝါဒတောင်မှလူများမှာ မည်သို့မှမတတ်နိုင်စွာ စိတ်လှုပ်ရှားခြင်းကို ခံစားကြရသည်။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ၏ ကြွယ်ဝသောဝိညာဉ်စွမ်းအားစီးဆင်းမှုနှင့် လက်ရှိ ဝါဒတောင်၏ များပြားလှသောရတနာပစ္စည်းများ စုဆောင်းထားရှိမှုအပြင် ထိပ်တန်းအဆင့်သိုင်းပညာရပ်များဖြင့် စုပေါင်းကျင့်ကြံနိုင်ခဲ့ကြသည်။

ဤသို့သော စံပြပတ်ဝန်းကျင်တွင် ပါရမီရှင်အဆင့်ပုဂ္ဂိုလ်များ ထင်ရှားကျော်ကြားရန် လွယ်ကူလာပေမည်။

ဖူအန်းစုသာမက ရွှီဖေးနှင့် ဖန်းယွင်ရှန်းတို့သည်လည်း မကြာခင် တံခါးပိတ်ကျင့်ကြံကြတော့မည် ဖြစ်၏။ သူတို့အားလုံးက သိုင်းသူ‌တော်စင်အဆင့်နှင့် ဝေးကွာခြင်း မရှိတော့ပေ။

အထက်ဘုံကမ္ဘာမှ ဝါဒတောင်၏လက်ရှိအခြေခံအုတ်မြစ်က ပိုမိုအားကောင်းလာပြီး အရင်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အခြေအနေကို ပြန်မတွေးနိုင်တော့လောက်အောင် ရှင်သန်ကြီးထွားနေခဲ့လေသည်။

All Chapters