တာအိုဝါဒ၏အမတခုံရုံး ၊ ဗုဒ္ဓဘာသာ၏သုခဘုံ
Vol. 64 Ch. 903
အခန်း (၉၀၃) တာအိုဝါဒ၏အမတခုံရုံး ၊ ဗုဒ္ဓဘာသာ၏သုခဘုံ
ကောင်းကင်ထိတိုင် မြင့်မားစွာထွန်းလင်းနေသည့် ရတနာအလင်းရောင်ကိုကြည့်ရင်း ဖုထင်နှင့် ရန်ကျောက်ကဲ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ထင်ရှားစွာပြီးပြည့်စုံခြင်းနှင့်အတူ ထူးခြားစွာ အမြတ်တနိုးတန်ဖိုးထားခံရသော အလင်းရောင်တစ်ခု ဖြစ်သည့်တိုင် ဤကမ္ဘာကတော့ သူတို့အတွက် ပြောမပြနိုင်လောက်အောင် ထူးဆန်းနေသည်။
ရန်ကျောက်ကဲဖြစ်ဖြစ် ၊ ဖုထင်ပဲဖြစ်ဖြစ် ပြောနိုင်သည်မှာ ဤသည်က အားနည်းသည့်အသေးအဖွဲ အဖွဲ့အစည်းတစ်ခုမှ လုပ်ဆောင်နေသည့် နောက်ပြောင်းမှုသက်သက် မဟုတ်ကြောင်းပင် ဖြစ်၏။
ရတနာအလင်းတန်းတွင်ပါရှိသော ရောင်ဝါက ရိုးရှင်းသော်လည်း ယုတ်ညံ့ခြင်းမရှိပေ။ ထိုမျှမက အလွန်မြင့်မြတ်ပြီး လွန်ကဲစွာ သန့်စင်လှသည်။
ဤသည်က စစ်မှန်သည့်တာအိုဝါဒအမွေအနှစ်တစ်ခုဖြစ်သည်မှာ သံသယဝင်ဖွယ်မရှိသော်လည်း ရိုးရာတာအိုဝါဒ ၊ တာအိုဝါဒတည်ထောင်သူ စန်းချင်း(၃)ပါးနှင့် မတူညီသောလမ်းကြောင်းတစ်ခုကဖွင့်လှစ်ပြီး မတူညီသောအလံတစ်ခု လွှင့်ထူထားသည့်ပမာ ရှိသည်။
ဤလမ်းစဉ်က ဘုရားလောင်းနှင့် တထာဂတဿဗုဒ္ဓတို့၏ ကျင့်ကြံခြင်းနှင့် အနှစ်သာရများ မတူကွဲပြားခြင်းကဲ့သို့ တာအိုဝါဒအတွက်လည်း ကွဲလွဲနေခြင်း ဖြစ်သည်။
တစ်ခုက တာအိုဝါဒဖြစ်ပြီး တစ်ခုက ဗုဒ္ဓဘာသာဖြစ်နေသည့်တိုင် ဤအချက် (၂)ခုက သိသိသာသာ ဆင်တူနေသည်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရန်ကျောက်ကဲနှင့်ဖုထင် ရှာဖွေတွေ့ရှိသည်မှာ ဤနေရာမှ သိုင်းကျင့်ကြံသူများသည် တာအိုဝါဒကို ကျင့်ကြံကြသော်လည်း သူတို့၏ကျင့်ကြံခြင်းအခြေခံက သူတို့ခန္ဓာကိုယ်တွင်းမှ ဖြစ်တည်လာသည့် ရတနာအလင်းတန်းယုံကြည်မှုစွမ်းအား၏ တုံ့ပြန်မှုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
သူတို့၏ကျင့်ကြံခြင်းက ဗုဒ္ဓဘာသာကျင့်ကြံသူများကဲ့သို့ပင် သိုင်းပညာကိုနားလည်ခြင်းနှင့် မိုးမြေအခြေခံမူများကို နားလည်ခြင်းမဟုတ်ပေ။
တာအိုကို စိတ်ရင်းအမှန်ဖြင့် မြှုပ်နှံကိုးကွယ်သည့် သူတို့၏စိတ်နှလုံကသာလျှင် ကျင့်ကြံခြင်းအခြေခံ ဖြစ်လေသည်။ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့်အရာအားလုံးသည် ဤအခြေခံအုတ်မြစ်ပေါ်တွင် တည်ရှိနေသည်။
အကယ်၍ သူတို့၏စိတ်နှလုံးထဲတွင် တာအိုကို ယုံကြည်စွာ ကိုးကွယ်မြှုပ်နှံထားလျှင် ၊ သူတို့၏စိတ်ဆန္ဒများက ခိုင်မာပြီး ယုံကြည်ခြင်းက မတုန်လှုပ်လျှင် ၊ ရတနာအလင်းတန်းက ခိုင်မာသည်ထက်ခိုင်မာလာပြီး အဆက်မပြတ် သိပ်သည်းလာမည် ဖြစ်သည်။
ဤရတနာအလင်းတန်းက သူတို့၏ ကျင့်ကြံခြင်းအဆင့်များမြင့်တက်လာစေရန် ကူညီပေးပြီး သူတို့၏ တန်ခိုးစွမ်းအားကို မြင့်မားလာစေသည်။ သူတို့အနေဖြင့် ရန်ကျောက်ကဲနှင့် ဖုထင်တို့ကဲ့သို့ တာအိုဝါဒကျင့်ကြံသူများထက် ကျင့်ကြံရပိုမိုလွယ်ကူသည်။
သို့သော် သူတို့က မိုးမြေနိယာမတရားများဖြင့် သိုင်းပညာအခြေခံမူများကို အမှန်တကယ် နားမလည်ကြသဖြင့် ဤကမ္ဘာမှ သိုင်းသမားများ၏ ပျမ်းမျှတန်ခိုးစွမ်းအားက အထက်ဘုံကမ္ဘာ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာနှင့် အခြားအောက်ဘုံကမ္ဘာများမှ သိုင်းကျင့်ကြံသူများနှင့်ယှဉ်လျှင် အနည်းငယ်နိမ့်ကျသည်။
ကျင့်ကြံခြင်းအဆင့်တူသူအချင်းချင်း နှိုင်းယှည်လျှင် ဤကမ္ဘာမှလူများက အားနည်းမည် ဖြစ်၏။
သို့သော် ကျင့်ကြံရာတွင် လိုအပ်ချက်နည်းပါးပြီး လွယ်ကူစွာပင် ကောင်းမွန်သည့်ရလဒ်ရရှိကြောင်း တွေ့မြင်နိုင်သည်။
အထက်ဘုံကမ္ဘာနှင့် အခြားသောအောက်ဘုံကမ္ဘာများတွင် သာမန်လူများအနေဖြင့် သိုင်းပညာကျင့်ကြံရာတွင် အောင်မြင်မှုရရှိရန် မဖြစ်နိုင်ကြပေ။
သို့သော် ဤကမ္ဘာမှာတော့ အရည်အချင်းနှင့် နားလည်မှုအဆင့်များ နိမ့်ကျသည့်တိုင် တာအိုကို ကိုးကွယ်ဆည်းကပ်ပြီး ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဟု ရွတ်ဆိုကိုးကွယ်နေရုံမျှဖြင့် သိုင်းကျင့်ကြံရာတွင် ထင်ရှားသော အောင်မြင်မှုများ ရရှိနိုင်သည်။
ထိုသူများသာ အထက်ဘုံကမ္ဘာ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာများသို့ ရောက်ရှိလာပါက ကျင့်ကြံခြင်းတွင် အောင်မြင်ရန် ခဲယဉ်းပေလိမ့်မည်။
ဤကမ္ဘာတွင် လူပေါင်းမည်မျှရှိကြောင်းနှင့် အလားတူကမ္ဘာများလည်း မည်မျှရှိကြောင်း ရန်ကျောက်ကဲ မသိရှိပေ။ သို့သော အနည်းငယ်မျှသာမဟုတ်ကြောင်းကိုတော့ ယောင်ဝါးဝါး ခံစားနေရ၏။
ဤကမ္ဘာသည် အထက်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကမ္ဘာတို့နှင့် မတူကွဲပြားပြီး ဗုဒ္ဓဘာသာကမ္ဘာများနှင့် သွားရောက်ဆင်တူနေသော တာအိုဝါဒကမ္ဘာတစ်ခု ဖြစ်သည်။
ရန်ကျောက်ကဲနှင့် ဖုထင်တို့ ဤနေရာကို စူးစမ်းလေ့လာပြီး ပိုမိုနားလည်သိရှိရန် ကြိုးစားခဲ့ကြသည်။
“ဗုဒ္ဓဘာသာကမ္ဘာတွေနဲ့ မတူညီတာက ဒီနေရာက မဟာကပ်ဘေးကြီးကို ကြံတွေ့ခဲ့ရပြီး ကျင့်ကြံခြင်းနဲ့အဆက်ပြတ်သွားတဲ့ကိစ္စတွေ ရှိနေတယ်”
လူအများနှင့်တွေ့ဆုံခြင်းများ ၊ သတင်းအချက်အလက်စုစည်းခြင်းများပြုလုပ်ပြီးနောက် ရန်ကျောက်ကဲ အဆုံးသတ်ကောက်ချက်ချသည်မှာ -
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အပြင်... ‘အမတခုံရုံး’ ဆိုတဲ့စကားလုံးကိုလည်း အများစုကပြောကြတယ် ၊ အဲဒါက ဗုဒ္ဓဘာသာကလူတွေ သုခဘုံကိုပြောကြတာနဲ့အဓိပ္ပါယ်အတူတူပဲ”
တာအိုဝါဒတည်ထောင်သူ စန်းချင်း (၃)ပါးနှင့် များပြားလှစွာသော တာအိုဝါဒအရှင်သခင်များမှာ ဤကမ္ဘာတွင် ဒဏ္ဍာရီမျှသာ ဖော်ပြပြောဆိုကြသည်။
အမတခုံရုံးဆိုသည်က ယခင် ကောင်းကင်ဘုံနန်းတော်မှ မိုးကောင်းကင်ခုံရုံးနှင့် ထိုက်ချင်အဆက်အနွယ်၏ သွေးနီရောင်ကောင်းကင်ဘုံတည်ရှိမှုကို အစားထိုးထားခြင်း ဖြစ်သည်။
“ဗုဒ္ဓဘာသာမှာတော့ မိုးမြေတစ်ခွင်က ကပ်ဘေးတွေကိုရှောင်ရှားနိုင်ဖို့အတွက် ဘုရားလောင်းက ကုသိုလ်တရားနဲ့ကူညီပေးနိုင်တယ်လို့ ဆိုတယ်”
“ဒီမှာတော့ အဲဒီလို ကပ်ဘေးတွေကိုရှောင်ရှားနိုင်မယ်လို့ ပြောမထားဘူး ၊ အဲဒီအစား... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က လောကကို သန့်စင်စေပြီး မိုးနဲ့မြေက အညစ်အကြေးတွေကို ရှင်းလင်းပေးပြီး အသစ်ပြုပြင်ဖန်ဆင်းပေးမယ်လို့ ပြောထားတယ်”
ဗုဒ္ဓဘာသာက မကောင်းမှုအကုသိုလ်ကိုဖော်ပြထားပြီး ဤကမ္ဘာတွင်တော့ မိုးမြေအညစ်အကြေးများနှင့် ရင်းမြစ်များကို အသစ်ပြန်လည်ဖန်ဆင်းမည်ဟု ဖော်ပြထားသည်။
ရန်ကျောက်ကဲက...
“တစ်နည်းပြောရရင်တော့... ဒီနေရာက ဗုဒ္ဓဘာသာကမ္ဘာနဲ့ မကြာခဏထိတွေ့ပုံရပြီး ဗုဒ္ဓဘာသာကမ္ဘာတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပုံမရဘူး ၊ သူတို့က တစ်ယောက်ကိုတစ်ယောက် မိစ္ဆာတွေလို့ ရှုမြင်နေကြပုံရတယ်”
ဤနေရာက တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ နီးကပ်နေသောနေရာဖြစ်ပြီး ဆန့်ကျင်ပဋိပက္ခများလည်း ရှိနေသောနေရာ ဖြစ်နိုင်သည်။
ရန်ကျာက်ကဲသည် အရင်က ဗုဒ္ဓဘာသာကမ္ဘာဖြစ်သော ကျဲရှင်ကမ္ဘာသို့ ရောက်ဖူးသော်လည်း ဤသို့ တာအိုဝါဒ အမတခုံရုံးကိုးကွယ်ဆည်းကပ်သည့် ကမ္ဘာများနှင့်ပတ်သက်ပြီး သတင်းအချက်အလက် ကြားဖူးခဲ့ခြင်း မရှိပေ။
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“ကြည့်ရတာ တာအိုဝါဒရော ဗုဒ္ဓဘာသာရော နှစ်ဖက်လုံးက ကမ္ဘာတွေအများကြီး ပိုင်ဆိုင်ထားပုံရတယ်”
အရင်ဆုံး သူရောက်ရှိခဲ့သည်က “တံတိုင်း” တစ်ဖက်ခြမ်းတွင်တည်ရှိသည့် ကျဲရှင်ကမ္ဘာဖြစ်ပြီး တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ အပြည့်အဝ ခြားနားထားသည့်နေရာဒေသ ဖြစ်သည်။
အရင်တုန်းက “တံတိုင်း” တစ်လျှောက်တွင် အခြားသော ကွဲလွဲမှုများ ရှိနေဦးမည်လားဟု တွေးတောခဲ့ဖူး၏။
ထိုအတွေးမှန်ကန်မည်ဟု လုံဝမထင်မိဘဲ တံတိုင်းတစ်တစ်ချက်တွင်သာ တာအိုဝါဒနှင့် ဗုဒ္ဓဘာသာတည်ရှိသည်ဟု ထင်မှတ်ခဲ့မိသည်။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် “တံတိုင်း” ကို ဖြတ်ကျော်ရန် မလွယ်ကူလှပေ။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကြောင့်သာ မထင်မှတ်စွာ တံတိုင်းကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဗုဒ္ဓဘာသာ၏ တည်ရှိမှုကို သိရှိခဲ့ရခြင်း ဖြစ်သည်။
ယခုလည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြောင့် ပိုးသားဧကရာဇ်၏နန်းတော်မှတစ်ဆင့် ကန့်သန့်ချက်များကိုကျော်လွန်ပြီး နောက်ထပ်ကမ္ဘာတစ်ခုသို့ ရောက်ရှိခဲ့ရပြန်သည်။
ဗလာနယ်စီးဆင်းမှုလမ်းကြောင်းအတိုင်း တာအိုဝါဒအပြင်ဘက် နယ်ပယ်အသစ်တစ်ခုဆီသို့ လွင့်မျောခဲ့ရသည်။
သို့တိုင် အမတခုံရုံးအုပ်ချုပ်မှုအောက်တွင်ရှိသော ဤကမ္ဘာသည် ရန်ကျောက်ကဲမျှော်လင့်ထားသည်ကို အမှန်တကယ် ကျော်လွန်သွားခဲ့သည်။
ကျဲရှင်ကမ္ဘာမှတစ်ဆင့် ဗုဒ္ဓဘာသာတည်ရှိမှုကို သိရှိခဲ့ပြီး ဖြစ်သည်။
ဗုဒ္ဓဘာသာသည် မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် တည်ရှိခဲ့ပြီး တာအိုဝါဒ၏ပြိုင်ဘက်လည်း ဖြစ်သည်။
တထာဂတဿဗုဒ္ဓ လောကကိုကျော်လွန်သွားကြောင်းကိုလည်း ရန်ကျောက်ကဲ သိရှိခဲ့ပြီး ဘုရားလောင်းက အလယ်ပိုင်းစကြာကမ္ဘာကို အုပ်စိုးခဲ့သည်။
သို့သော် ဤ ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ (ဝူလျန့်ထျန်းကျွင်း) နှင့် အမတခုံရုံးဆိုသော အခေါ်အဝေါ်များကိုတော့ မဟာကပ်ဘေးကြီးမတိုင်ခင်က တစ်ခါမှ ကြားဖူးနားဝမရှိခဲ့သလို ယုံကြည်သူများလည်း မရှိခဲ့ပေ။
ဤအရာများက မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက်ပိုင်းမှ ထွက်ပေါ်လာသည့်အရာများ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောရလှင် ရန်ကျောက်ကဲ အတော်လေး ပဟေဠိဖြစ်နေပြီး တစ်ခါမှ ဤမျှလောက် လမ်းပျောက်ခဲ့ဖူးခြင်း မရှိပေ။
ဤသည်က အနည်းငယ်သော တန်ခိုးစွမ်းအားမျှသာဆိုလျှင် ကိစ္စမရှိသော်လည်း ဘုရားလောင်းအားကိုးကွယ်သည့် ဗုဒ္ဓဘာသာနှင့်အဆင့်သတ်မှတ်ချက်အရ ကောင်းစွာ ယှဉ်ပြိုင်နိုင်သည်။
ဘုရားလောင်းဆိုသည်က မည်သူနည်း။
တထာဂတဿဗုဒ္ဓပြီးလျှင် ကမ္ဘာပေါ်တွင် အထွတ်ထိပ်ရပ်တည်နေသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူ၏တန်ခိုးစွမ်းအားဖြင့် ဗုဒ္ဓဘာသာကမ္ဘာများကို ကပ်ဘေးများမှ ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိသည်။
ဒါဖြင့်...
ဗုဒ္ဓဘာသာမှ ဘုရားလောင်းဖြင့် ယှဉ်ပြိုင်နိုင်သည့် အမတခုံရုံးဆိုသည်က မည်သို့သောအရာဖြစ်မည်နည်း။
“အဲဒါတွေက ဘယ်ကပေါ်လာတာလဲ...”
ရန်ကျောက်ကဲ နှုတ်ခမ်းတစ်ချက်သပ်ရင်း စဉ်းစားလိုက်သည်။ သူ့လိုပင် ဖုထင်သည်လည်း ဦးနှောက်ခြောက်လျှက် ရှိ၏။
သံသယများ စိုးရိမ်စိတ်များဖြင့် ဖုထင်က ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“’ရန်’ သခင်လေး... အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လို့ ရွတ်ကြည့်လိုက်ရင် စိတ်မသက်မသာ ခံစားရတာမျိုး ရှိသလား”
ရန်ကျောက်ကဲက မျက်မှောင်ကြုံ့ရင်း...
“မရှိပါဘူး...”
သူက ဆက်ပြောသည်။
“မင်းလိုငါလိုလူတွေက ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ လို့ရွတ်ပြီး သူ့အကြောင်းစဉ်းစားလိုက်တာနဲ့ ရတနာအလင်းတန်း ခန္ဓာကိုယ်ထဲမှာ မွေးဖွားလာနိုင်ပါ့မလား”
ဖုထင်က ခေါင်းခါယမ်းရင်း...
“ကျွန်မခန္ဓာကိုယ်ထဲမှာတော့ ရတနာအလင်းတန်း မွေးဖွားမလာဘူး ၊ ဒါပေမဲ့ တစ်ခုခုထူးခြားသလို ခံစားရတယ် ၊ ထူးဆန်းတဲ့ချိတ်ဆက်မှုတစ်ခုခု ရှိနေသလိုပဲ”
ရန်ကျောက်ကဲမျက်ဝန်းများ ပိုမိုနက်နဲဝေးကွာသွားပြီး...
“ဘာလို့လဲဆိုတော့... ငါတို့က ပင်ကိုယ်သိမြင်နားလည်တဲ့တာအိုကို ပိုင်ဆိုင်ထားလို့ ရတနာအလင်းတန်းမွေးဖွားမလာနိုင်တာပဲ...”
ရန်ကျောက်ကဲစိတ်ထဲ အတွေးများစွာ ဝင်ရောက်လာပြီး မဟာကပ်ဘေးကြီးမတိုင်ခင် အကြောင်းအရာများကို ပြန်စဉ်းစားနေမိသည်။
သူတွေးတောနေစဉ်မှာပင် သူတို့အရှေ့မှ မိုးမြေတစ်ခွင် ဝိညာဉ်စွမ်းအားစီးဆင်းမှုများ အပြင်းအထန် လှုပ်ခါသွားသည်ကို ခံစားလိုက်ရ၏။
အဝေးတစ်နေရာမှ စွမ်းအားမြင့်မားသော ရောင်ဝါအချို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်ကို အာရုံခံမိကြသည်။ ထိုနေရာတွင် လူအချို့တိုက်ခိုက်နေကြဟန်ရှိပြီး မပြတ်မသားအသံများ ထွက်ပေါ်နေသည်။
ရန်ကျောက်ကဲနှင့် ဖုထင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ထိုနေရာသို့ တိတ်တဆိတ်ချဉ်းကပ်သွားကြသည်။
ခဏအကြာမှာတော့ လူရိပ်များစွာကိုတွေ့မြင်လိုက်ရသည်။
လူတစ်ယောက်က ရှေ့မှပြေးလွှားနေပြီး လူတစ်စုက နောက်မှလိုက်လံတိုက်ခိုက်နေခြင်းပင်။
နောက်မှလိုက်လာသူများထဲမှတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ယန်ချုန်း.... မင်းက ပြင်ပတာအိုထဲကိုကျရောက်သွားတာတောင် နောင်တမရဘဲ ကောင်းကင်ဘုံအရှင်ကို ကဲ့ရဲ့ ရှုံ့ချဝံ့သလား ၊ အမြန်အမှားဝန်ခံစမ်း ၊ မဟုတ်ရင် ငါတို့တွေကို အကြင်နာတရားမရှိဘူးလို့ အပြစ်မတင်နဲ့”