နှစ်ဖက်စလုံး ထိခိုက်ခြင်း
Vol. 77 Ch. 1066
ကြွယ်ဝသောသွေးရနံ့များက မဟာပထဝီကောင်းကင်တွင် ပြည့်နှက်နေပြီး လက်နက်များမှ အရောင်တဖျတ်ဖျတ်လက်လျက် တိုက်ပွဲက ပိုပိုပြင်းထန်လာနေ၏။ သတ်ဖြတ်လိုစိတ်များက ထန်ရှုထံမှ ဆူပွက်နေလျက်။ သူတို့ထက် သာလွန်သော သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကြောင့် ကျင့်ကြံခြင်းအဆင့်တူညီသူများလျှင်ပင် နည်းနည်းလေးမှ မတုန်လှုပ်ဘဲ မနေနိုင်ပေ။
“အသေးစားစွမ်းရည်လေးတွေ…”
ထန်ရှုက ရယ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည့်အလား အခြေတည်စိတ်ဝိညာဉ်နတ်ဆိုးသားရဲထံ တိုးဝင်လာ၏။ လျှပ်စီးပင်လယ်ဖြစ်ပေါ်လာသည်နှင့်အတူ နတ်ဆိုးသားရဲက မချိတင်ကဲအော်၏၊ ထိုအချိန်တွင် နတ်ဘုရားဓားက တစ်ရာမီတာရှည်သောဓားအလင်းတစ်ခု ထုတ်လွှတ်ကာ ၎င်းအား အတိအကျ ဖိနှိပ်လိုက်သည်။ သွေးများက နေရာအနှံ့ပက်ဖျန်းသွားခဲ့လေ၏။
ဟိန်းသံ…
အား…ဂါး…
ရွှေအမြုတေနတ်ဆိုးသားရဲဆယ်ကောင်က သွေးရူးသွေးတန်းဖြစ်သွားသည်။ ဤတစ်ကြိမ်တွင် သူတို့က မစ်ရှင်တစ်ခုသာ ရှိ၏၊ အားကောင်းသောလူသားများအား သတ်ဖြတ်ရန်၊ အတိအကျဆိုရလျှင် သူတို့သားရဲများစွာအား သတ်ဖြတ်ခဲ့သည့် ထန်ရှုပင်။ သို့သော် သူတို့၏ဗိုလ်ချုပ်ပင် ခက်ခက်ခဲခဲခုခံနေရ၏၊ ဤကား သူတို့အား အလွန်အမင်း ဒေါသထွက်စေသည်။
သူတို့က ထန်ရှုအနားတွင် ချက်ချင်းထွက်ပေါ်လာသည်။ သူတို့၏မြန်နှုန်းအား အသုံးချလျက် လက်သည်းနှင့်အစွယ်များ အသုံးပြုကာ ထန်ရှုအား တုံ့ဆိုင်းခြင်းမရှိ တိုက်ခိုက်ခဲ့၏။
“မင်းတို့သေချင်နေတာပဲ…”
ထန်ရှုက လျှပ်စီးပညာရပ်အား ထပ်ထုတ်ဖော်လိုက်သည်။ လျှပ်စီးမိုးကြိုးများက တရစပ်ကျဆင်းလာပြီး နတ်ဘုရားဓားကလည်း ဓားစွမ်းအင်များ ထုတ်လွှတ်ကာ သူတို့အား ရိုက်ခတ်သွား၏။
ယုံကြည်ချက်ရှိရှိနှင့် ထန်ရှုက အခြေတည်စိတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲအား ဆက်လက်တိုက်ခိုက်နေခဲ့သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူက ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲဆယ်ကောင်အား အောင်မြင်စွာ သတ်ဖြတ်ခဲ့ပြီး သူတို့၏အကြွင်းအကျန်များအား သူ၏သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။ သူတို့အကြွင်းအကျန်အား သူ ယူခဲ့သည်ကို ဘယ်သူမှ မမြင်ခဲ့ပေ။
နတ်ဘုရားဓား၏ခွန်အားက အလွန်အားကောင်းသလို ၎င်းသုံးစွဲသည့်စွမ်းအားပမာဏက အလားတူကြီးမား၏။ တိုက်ပွဲက ဆက်ဖြစ်နေသေး၏၊ ထို့ကြောင့် ကုန်ဆုံးသွားသောစွမ်းအားအား အမြန်ဆုံးသိုလှောင်ရမည်။
မြေပြင်ပေါ်တွင် ပုယုဟမ်ကလည်း နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်နေသည်။ ဤကား နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရသည့် သူ၏ပထမဆုံးအကြိမ်ဖြစ်၏။ နတ်ဆိုးသားရဲများက အရမ်းသန်မာသည်ကို ကြိုတင်သိထားသော်လည်း သူတို့က ဒီလောက်အားကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အချို့က သူ့ထက်ပင် ပိုသန်မာပြီး သူ့အား အမြဲတမ်းကာကွယ်ပေးနေသည့် ပုကလန်၏ကျွမ်းကျင်သူနှစ်ယောက်သာမရှိလျှင် သူက သေသွားသည်မှာ အကြိမ်အနည်းငယ်ရှိလောက်ပြီ။
“ဒီရွံစရာကောင်းတဲ့နတ်ဆိုးတွေက ဘယ်နေရာက လာတာလဲ”
ပုယုဟမ်က ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ထက် အနည်းငယ်အားနည်းသောနတ်ဆိုးသားရဲအား ခုတ်ပိုင်းပြီးနောက် နောက်ဆုတ်လိုက်သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း ထန်ရှုက နတ်ဆိုးသားရဲဆယ်ကောင်အား သတ်ဖြတ်ခဲ့သည်ကိုလည်း သူက ရှင်းရှင်းလင်းလင်းမြင်ခဲ့ရ၏။
‘တောက်…ဒီအကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အားကောင်းရတာလဲ”
သူ့နှလုံးသားက အေးစက်လာသည်။ မနာလိုခြင်း၊ အားကျခြင်းနှင့် အမုန်းတရားတို့က သူ့တစ်ကိုယ်လုံး ပြည့်နှက်သွား၏။ မွေးကတည်းက သူက အမြဲတမ်း အလိုလိုက်ခံခဲ့ရသည်၊ ထို့ကြောင့် သူက ထန်ရှုအား အလေးအနက်မထားခဲ့ပေ။ သူ့အား ရန်စခဲ့ရုံသာမက သူနှင့်ပင် အလောင်းအစားတစ်ခု လုပ်ခဲ့၏။
သို့သော် တိုက်ပွဲထဲတွင် ထန်ရှု၏နည်းလမ်းများနှင့် နတ်ဆိုးသားရဲများကို သတ်ဖြတ်ရာ၌ သူ့လူများ၏အရှိန်ကို မြင်တွေ့ပြီးနောက် သူက လုံးဝရှုံးနိမ့်သွားပြီကို သိလိုက်ရသည်။
‘ငါ အလွယ်တကူ အရှုံးမပေးနိုင်ဘူး…ဒီရွံ့စရာကောင်းတဲ့အကောင်က နတ်ဆိုးသားရဲတွေရဲ့လက်ထဲမှာ သေရမယ်။ ရွှယ်ယုက ငါ့အပိုင်ပဲ။ ငါ၊ ပုယုဟမ်က ဒီတစ်သက်မှာ တစ်ယောက်ယောက်ကို ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး…’
လက်မခံလိုမှုတို့က သူ့မျက်လုံးများထဲ၌ စီးဆင်းသွား၏။ သို့သော် သူက ငေးကြောင်နေသည့်အခိုက်တွင် နတ်ဆိုးသားရဲနှစ်ယောက်က ဟိန်းဟောက်လျက် သူ၏ဘယ်ဘက်ခြမ်းမှ ပြေးဝင်လာကာ သူ့ထံ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခု ပြုလိုက်သည်- ထိမှန်ခဲ့လျှင် တိုက်ကွက်က သူ့အား ချက်ချင်း သတ်ဖြတ်သွားပေလိမ့်မည်။
“သခင်လေး…”
အဖြူရောင်ဝတ်လူအိုကြီးတစ်ယောက်က နတ်ဆိုးသားရဲတစ်ကောင်အား ခုတ်ချကာ နောက်သို့ ဖိအားပေးဆုတ်စေလိုက်သည်။ သူ့မျက်နှာက ဆုံးဖြတ်ချက်ပြတ်သားမှုအပြည့်ဖြစ်နေပြီး သူက ပုယုဟမ်နောက်သို ပြေးလာကာ တိုက်ခိုက်မှုများအား ချက်ချင်း တားဆီးလိုက်၏၊ ထို့နောက် သူ၏ဘယ်ဘက်လက်ကို အသုံးပြုလျက် ပုယုဟမ်အား အန္တရာယ်မှ တွန်းထုတ်လိုက်သည်။
ဝှစ်…
အဖြူဝတ်လူအိုကြီးအား လက်သည်းတစ်ခုက ထိုးဖောက်သွားခဲ့သည်၊ ထိုလက်သည်းတိုက်ကွက်က ရှိခိုးကောင်များနှင့်တူသည့်နတ်ဆိုးသားရဲများ၏မွေးရာပါလက္ခဏာတစ်ခုပင်။ အဖြူဝတ်လူအိုကြီးကသာ ပုယုဟမ်အား အလျင်အမြန် မတွန်းထုတ်ခဲ့လျှင် လက်သည်းက သူ၏ရင်ဘက်အပြင် ပုယုဟမ်၏ခန္ဓာကိုယ်ပါ ထိုးဖောက်သွားခဲ့ပေမည်။
‘အကြီးအကဲကျိုး…”
သူ၏အသားအရောင်က ဖြူရော်သွားလျက် ပုယုဟမ်၏မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့် ပြည့်နေသည်။ သူ၏တဒင်္ဂတွေဝေမှုက သူအလေးစားဆုံးအကြီးအကဲအား သူ့ကို ကယ်ရင်း သေသွားစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အဖြူဝတ်လူအိုကြီး၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ကျသွား၏။ သူ့အသက်အားက ခန္ဓာကိုယ်မှ လျင်မြန်စွာ လျော့ကျနေသည်ကို ခံစားမိသော်လည်း သူက သူ့စွမ်းအားအားလုံးအား ညာဘက်လက်တွင် စုစည်းကာ အပေါ်သို့ ဝှေ့ယမ်းလိုက်သည်။ သူ့ထံ ထိုးဆင်းလာသည့် နောက်ထပ်နတ်ဆိုးသားရဲတစ်ကောင်အား သူ့ဓားသွားက ဝမ်းဗိုက်သို့ ထိုးဖောက်သွားခဲ့ပြီး ၎င်းအပေါ်တွင် ဆယ်မီတာနက်သောဒဏ်ရာတစ်ခု ချန်ရစ်ခဲ့၏။
“သခင်လေး…ရှင်…အသက်ရှင်…”
သူ့အသံက ပျောက်ကွယ်သွားခဲ့ပြီး သူ့မြှောက်ထားသောလက်မောင်းက မြေပြင်ပေါ်သို့ ကျယ်လောင်စွာ ပြုတ်ကျသွားပြီးနောက် သူ့နောက်ဆုံးထွက်သက်က ခန္ဓာကိုယ်မှ ထွက်သွားခဲ့လေ၏။
တိုက်ပွဲက ပြင်းထန်လွန်းသဖြင့် နှစ်ဖက်စလုံးက ဆုံးရှုံးမှု ကြီးမားခဲ့သည်။ အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ရှိထန်ရှုလျှင်ပင် တိုက်ပွဲ၌ ဒဏ်ရာရခဲ့သည်။ အသေးစားဒဏ်ရာတစ်ခုသာ ဖြစ်သော်လည်း သူ့အမူအရာက အလွန်အရုပ်ဆိုးနေ၏။
လက်ရှိတွင် ထန်ဂိုဏ်းက လူလေးယောက် ကျဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သောခြောက်ယောက်က တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုူံးခဲ့၏၊ ကျန်လူများကလည်း ဒဏ်ရာနှင့် မလွတ်ကင်းပေ။
တိုက်ပွဲ ပြီးသွားသဖြင့် ကျန်ရှိနေသောနတ်ဆိုးသားရဲခြောက်ရာက ဟိမဝန္တာတောနက်ထဲသို့ ပြန်ပြေးသွားခဲ့သည်။ ထန်ရှုက တားမြစ်စည်းအရှေ့တွင် ရပ်နေ၏။ ထို့နောက် သူ့ထံ ပြေးလာနေသောမိုအားဝူထံ လှည့်ကြည့်လိုက်၏။
“မင်း ချိုးဖြတ်သွားပြီးလား”
မျက်နှာပေါ်ရှိသွေးကွက်များအား သုတ်ရင်း မိုအားဝူက ခေါင်းညိတ်လိုက်သည် “ငါ ချိုးဖြတ်ခဲ့တယ်၊ အခု ရွှေအမြုတေစဉီးအဆင့်မှာ ရှိတယ်။ ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ဖို့ လိုတယ်၊ ဂိုဏ်းချုပ်”
ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ထန်ဂိုဏ်းသားလေးယောက်၏အလောင်းများထံ ကျရောက်သွား၏။ သူတို့က တိုက်ပွဲထဲတွင် သေခဲ့သဖြင့် သူတို့အား ပြန်လည်မွေးဖွားခြင်းစက်ဝန်းသို့ ဝင်ရောက်ကာ ပြန်လည်မွေးဖွားခွင့်မပြု။ ထန်ရှုနှင့်ရင်ဘက်ချင်းယှဉ်လျက် တိုက်ပွဲဝင်ခဲ့သူတိုင်းက သူတို့သေဆုံးခဲ့လျှင်ပင် ထန်ဂိုဏ်း၏စိတ်ဝိညာဉ်တစ်ခု ဖြစ်လာရလိမ့်မည်။
ဝှစ်…
ပုံရိပ်တစ်ခုက အဝေးမှ လျှပ်စစ်အလား ရွေ့လျားလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ထန်ရှုအရှေ့၌ ထွက်ပေါ်လာသည်။ အနည်းငယ်ဝမ်းနည်းနေပုံပေါ်သည့်တာအိုဇီရွှယ်ပင်ဖြစ်၏။ “တာအိုထန်၊ ဒီတိုက်ပွဲထဲမှာ သေသွားခဲ့တဲ့စည်းလုံးခြင်းဂိုဏ်းသားတွေရဲ့စိတ်ဝိညာဉ်တွေကို မင်း စုဆောင်းပေးနိုင်မလား”
“ဒီတိုက်ပွဲမှာ မင်းဂိုဏ်းရဲ့လူတွေ ဘယ်လောက်တောင် သေသွားလို့လဲ” ထန်ရှုက မေးလိုက်သည်။
“ခြောက်ယောက်” တာအိုဇီရွှယ်က ခါးသီးသောမျက်နှာနှင့် ပြန်ဖြေသည်။
ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ထို့နောက် ခေါင်းညိတ်ကာ ပြော၏ “မင်းက ဆုံးဖြတ်ထားမှတော့ ငါ မင်းကို ကူညီပေးရမှာပေါ့။ ဒါပေမယ့် မင်း ရှင်းရှင်းလင်းလင်းတွေးထားရမယ်။ အနာဂတ်မှာ သူတို့ကို အသက်ပြန်ရှင်လာအောင် လုပ်ဖို့က အရမ်းခက်ခဲလိမ့်မယ်။ မင်းတို့ထဲကအချို့က အင်မော်တယ်တစ်ယောက်ဖြစ်လာရမယ်၊ ပြီးတော့ အင်မော်တယ်ကမ္ဘာမှာ စွမ်းအားရှင်တစ်ယောက်ဖြစ်လာရမယ်”
“မင်းမှာ သူတို့ကို ဆက်သွယ်လို့ရမယ့် လျှို့ဝှက်ပညာရပ်တစ်ခုခုများ ရှိလား”တာအိုဇီရွှယ်က မေးလိုက်သည်။
“ရှိတယ်။ ဒါပေမယ့် အဲဒါက အတော်လေး အကုန်အကျများတယ်” ထန်ရှုက ခေါင်းညိတ်လိုက်၏။
“တန်ဖိုးက ဘယ်လောက်ပဲ ကြီးကြီး ငါ ပေးဖို့ ဆန္ဒရှိပါတယ်” တာအိုဇီရွှယ်က နက်ရှိုင်းသောအသံနှင့် ပြန်ဖြေလိုက်သည်။
ထို့နောက် ထန်ရှုက သူမအား စိတ်ဝိညာဉ်ဆက်သွယ်ရေးပညာရပ်အား သင်ကြားပေးပြီးနောက် ပြောလိုက်၏ “မင်းတို့စည်းလုံးခြင်းဂိုဏ်းကို ဒီလျှို့ဝှက်ပညာရပ် ငါ ပေးလိုက်မယ်။ အဲအတွက်ကို နောက်မှ ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ပြန်ပေးပေါ့”
“ကောင်းပါပြီ” တာအိုဇီရွှယ်က ကျေးဇူးတင်သောအကြည့်နှင့် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
မကြာမီ ထန်ရှုက စည်းလုံးခြင်းဂိုဏ်းသားများ၏စိတ်ဝိညာဉ်များအား စုဆောင်းကာ တာအိုဇီရွှယ်ထံ လွှဲပေးလိုက်သည်။ ထို့နောက် နတ်ဆိုးသားရဲအကြွင်းအကျန်များအား စုဆောင်းရန် ထန်ဂိုဏ်းသားများအား အမိန့်ပေးပြီးနောက် တပ်စခန်းသို့ ပြန်လာခဲ့၏။ ဤတိုက်ပွဲကြီးတွင် ထန်ဂိုဏ်း၏ဆုံးရှုံးမှုက မသေးပေ၊ ထို့ကြောင့် အခြားဂိုဏ်းသားများအား ဒဏ်ရာကုသရာ၌ သူက ကူညီပေးရန် လိုအပ်သည်။
နောက်တစ်နေ့တွင် သွမ်မုလင်က သူတို့၏တပ်စခန်းသို့ လာလည်ခဲ့၏။ သူနှင့်အတူ လိုက်လာသူများထဲတွင် စိတ်မပါသောမျက်နှာနှင့် ပုယုဟမ်လည်း ပါ၏။ ယခင်တိုက်ပွဲတွင် ပုကလန်သားဆယ်ယောက်က ဒဏ်ရာပြင်းထန်ခဲ့ပြီး ဆယ်ယောက်ကျော် သေဆုံးခဲ့သည်၊ ကျန်လူများလည်း ဒဏ်ရာရခဲ့၏။
“မင်းနိုင်ပါတယ်၊ ထန်ရှု”
ပုယုဟမ်က အားတင်းလျက် ပြောလိုက်သည်။
ထန်ရှုက သူ့အား အထင်သေးသောအကြည့်နှင့် တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြော၏ “ငါတို့ရဲ့အလောင်းအစားကို မင်း မှတ်မိသေးလား”
ပုယုဟမ်က မျက်နှာသုန်မှုန်သွားပြီး သူက လေးလံသောအသံနှင့် ပြောလိုက်သည် “မင်းကိုယ်မင်း ကောင်းစွာ ပြုမူပါ၊ ထန်ရှု။ ငါ မင်းနဲ့ နောက်ကျရင် ထပ်တွေ့အုံးမယ်။ ပြီးတော့ မင်းက အဆုံးထိ သွားချင်တယ်ဆိုရင် အနာဂတ်မှာ ငါတို့တွေ ရန်သူပဲ ဖြစ်လာနိုင်တယ်”
သွမ်မုလင်က အနည်းငယ် တုံ့ဆိုင်းနေခဲ့ပြီးနောက် ပြောလိုက်သည်
“ထန်ရှု၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့၊ မင်း…”
စက္ကန့်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက စိတ်မင်စားစွာနှင့် ပြောလိုက်၏ “ဒီတိုက်ပွဲမှာ မင်းတို့ကလန်က အများကြီးဆုံးရှုံးခဲ့တာပဲ။ ငါ မင်းနဲ့ ထပ်ကပ်တွယ်မနေတော့ပါဘူး။ ဒါပေမယ့် မင်း မှတ်ထားပါ။ အနာဂတ်မှာ ရွှယ်ယုနဲ့ငါ့ကို ထပ်လာမရှုပ်တော့နဲ့။ ဒီနတ်ဆိုးသားရဲတွေလို မင်းတို့ပုကလန်လဲ နောင်တရမလားဆိုတာ ငါ အာမခံဘူး”
ပုယုဟမ်က စိတ်ထဲ၌ တုန်လှုပ်နေသည်။ မနေ့တိုက်ပွဲထဲရှိ သတ်ဖြတ်သူထန်ရှုအား ပြန်အမှတ်ရလိုက်သည်။ ထန်ရှုက စစ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ တွန့်ဆုတ်နေမိသော်လည်း သူက ခေါင်းညိတ်ကာ ပြန်လှည့်ထွက်ခွာသွား၏။
သွမ်မုလင်အား သူ့နောက်ကျောအား ကြည့်ပြီးနောက် ထန်ရှုအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက အားတင်းပြုံးလျက် ပြော၏ “ကျေးဇူးတင်ပါတယ်။ တကယ်တော့ ပုကလန်က တိုင်းပြည်ရဲ့ဘေးကင်းမှုအတွက် ကြီးစွာ အားထုတ်ခဲ့ပါတယ်”
“ဒီပုယုဟမ်က မောက်မာတဲ့စရိုက်ရှိတယ်၊ ဒါပေမယ့် သူ့ကလန်သားတွေက အရမ်းသူရဲကောင်းဆန်တယ်” ထန်ရှုက ခေါင်းခါကာ ပြောလိုက်၏ “စိတ်ချပါ၊ စီနီယာသွမ်မုလင်။ နတ်ဆိုးသားရဲတွေ အမြစ်ပြတ်မသုတ်သင်နိုင်ခင် ငါ သူနဲ့ ထပ်အလုပ်ရှုပ်ခံနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ငါ့ကို ထပ်ရန်မစဖို့တော့ လိုတာပေါ့”
“ဟူး၊ ပုကလန်က တကယ်တော့ ထင်ရှားကျော်ကြားတဲ့ကလန်ကြီးတစ်ခုပဲ။ သူတို့က များသောအားခြင့် အပြင်ကမ္ဘာနဲ့ သီးခြားနေထိုင်လေ့ရှိတယ်”သွမ်မုလင်က သက်ပြင်းချလိုက်သည် “ဒီကလန်မှာ ဒီလိုသခင်လေးတစ်ယောက်ရှိတာ တကယ် ကံမကောင်းတာပဲ။ ဒီတစ်ကြိမ်မှာ ပုကလန်ခေါင်းဆောင်က သူတို့အဖွဲ့ကို ခေါင်းဆောင်ဖို့ သူ့ကို လွှတ်ခဲ့တယ်။ ဒါက ကောင်းချီတစ်ခုလား ဒါမှမဟုတ် ကပ်ဘေးတစ်ခုလားတော့ ငါ မသိဘူး”
“ဒါက ငါ စီမံခန့်ခွဲလို့ရတဲ့အရာမျိုးမဟုတ်ဘူးလေ။ ဒါပေမယ့် သူ ငါ့ကို ပြဿနာမရှာသရွေ့ အဆင်ပြေပါတယ်” ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ဒါနဲ့ အစီအရင်အတွက် လိုအပ်တဲ့ပစ္စည်းအခြေအနေဘယ်လိုရှိလဲ၊ စီနီယာသွမ်မုလင်။ ပစ္စည်းတွေ ဘယ်လောက်ထိ ပြင်ဆင်ထားပြီးပြီလဲ။ ဖြစ်နိုင်ရင် အစီအရင်အချို့ကို ငါ ခပ်မြန်မြန် ခင်းကျင်းချင်တယ်”
သွမ်မုလင်က ခဏ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည် “လက်ရှိမှာ ငါတို့ နည်းနည်းပဲ ရသေးတယ်။ ပစ္စည်းအချို့ကို အခု တင်ပို့လာပြီးဆိုပေမယ့် သူတို့အားလုံးရောက်ဖို့ ရက်အနည်းငယ်ကြာမှာကို ငါ စိတ်ပူတယ်”
“ဒါဆို ပြင်ဆင်ပြီးတာတွေကိုပဲ အသုံးပြုလိုက်မယ်” ထန်ရှုက ပြော၏ “မနေ့က တိုက်ပွဲမှာသာ ငါတို့မှာ အစီအရင်ရှိခဲ့မယ်ဆိုရင် ဒီလောက်ထိ ဆုံးရှုံးခဲ့ရမှာ မဟုတ်ဘူး။ ဒါ့အပြင် မနေ့က တိုက်ပွဲကနေတစ်ဆင့် ဆိုးဝါးတာတစ်ခုဖြစ်လာမှာကို ငါ ကြိုတင်သိနေတယ်”
“မကောင်းတဲ့အတိတ်နိမိတ်လား။ မင်း တိတိကျကျ ဘာတွေ့ခဲ့တာလဲ” သွမ်မုလင်က အလျင်စလို မေးလိုက်သည်။
***