← Chapters

နီးကပ်လာသောကပ်ဘေး

Vol. 77 Ch. 1067

နီးကပ်လာသောကပ်ဘေး

Vol. 77 Ch. 1067

ထန်ရှုက မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်သည် “မနေ့ကတိုက်ပွဲကနေ အဲဒီနတ်ဆိုးသားရဲတွေက တားမြစ်စည်းကို တိုက်ခိုက်တာမှာ အခြားရည်ရွယ်ချက်ရှိတယ်လို့ ငါ စိတ်ထင်နေတယ်။ ပြီးတော့ သူတို့ရဲ့ရည်ရွယ်ချက်က ငါ့ကို သတ်ဖို့ပဲ”

သူ၏ရှင်းပြချက်အပေါ် သွမ်မုလင်က မှင်တက်သွားပြီး မယုံကြည်နိုင်စွာနှင့် ပြောလိုက်သည် “သူတို့က မင်းကို သတ်ချင်တယ်လို့ မင်း ပြောတယ်၊ ဒါကြောင့် သူတို့က မနေ့ကတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာလား”

“ဟုတ်တယ်၊ အဲဒါက ငါ ဘေးချိတ်လို့မရတဲ့ဖြစ်နိုင်ခြေတစ်ခုပဲ” ထန်ရှုက ခေါင်းညိတ်လိုက်သည် “မနေ့က မြေပြင်တိုက်ပွဲကို ငါ ရှင်းရှင်းလင်းလင်းလေ့လာခဲ့တယ်။ အဲဒီနတ်ဆိုးသားရဲတွေမှာ အသန်မာဆုံးက ရွှေအမြုတေအဆင့်ရှိတယ်၊ ဒါပေမယ့် ဒါပေမယ့် ပျံသန်းနတ်ဆိုးသားရဲတွေက လေးရာသာ ရှိပြီး သူတို့ထဲကဆယ်ကောင်က ရွှေအမြုတေအဆင့်ပဲ။ ဒါပေမယ့် ငါ သူတို့နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ပုန်းကွယ်နေတဲ့နတ်ဆိုးသားရဲတစ်ကောင်က ငါ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး ၎င်းရဲ့ခွန်အားက အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိတယ်”

“ဘာ…” သွမ်မုလင်က အံ့အားသင့်စွာ ပြောလိုက်သည် “အခြေတည်စိတ်ဝိညာဉ်အဆင့်နဲ့ ယှဉ်နိုင်တဲ့နတ်ဆိုးသားရဲတစ်ကောင် ထွက်ပေါ်လာတာလား။ ဒါဆို ဟိုစူပါနတ်ဆိုးသားရဲရဲ့ခွန်အားကအခြေတည်စိတ်ဝိညာဉ်ထက် ပိုပြောင်မြောက်တာကြောင့်လား”

“ဟုတ်တယ်” ထန်ရှုက ခေါင်းညိတ်လိုက်သည် “ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်တဲ့အချိန်မှာ အဲဒီစူပါနတ်ဆိုးသားရဲက တားမြစ်စည်းမှာ ထွက်ပေါ်လာတယ်။ သူ့ရဲ့အရှိန်အဝါကနေ သူက အခြေတည်စိတ်ဝိညာဉ်အဆင့်စွမ်းအားရှိတဲ့နတ်ဆိုးသားရဲတစ်ကောင်မဟုတ်တာကို ငါ အာရုံခံမိခဲ့တယ်။ ငါ ထင်တာ မှန်ရင် သူ့ခွန်အားက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနေတာ ဖြစ်ရမယ်”

“စိတ်ဝိညာဉ်…စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်လား”

မယုံကြည်နိုင်မှုတို့က သွမ်မုလင်၏မျက်နှာအား ဖုံးလွှမ်းသွားခဲ့သည်။ ထန်ရှုက သူ့ခန့်မှန်းချက်အား ထုတ်ဖော်ပြောလိုက်ချိန်တွင် သူ့နှလုံးသားက အောက်ခြေထိတိုင် ထိုးကျသွားခဲ့၏။ ဤနေရာတွင် အားအကောင်းဆုံးကျွမ်းကျင်သူက ထန်ရှုဖြစ်သည်ကို မှတ်ထားရမည်။ သို့သော် သူ့ခွန်အားက အခြေတည်စိတ်ဝိညာဉ်စဉီးအဆင့်နှင့်သာ ယှဉ်နိုင်သည်။

‘ဒီလိုဆိုရင်…စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အဲဒီစူပါနတ်ဆိုးသားရဲက တိုက်ခိုက်လာမယ်ဆိုရင် ငါတို့ ဘယ်လိုပြန်တိုက်ခိုက်နိုင်မှာလဲ။ အခြားနတ်ဆိုးသားရဲထောင်ချီနဲ့ပါ ပေါင်းလိုက်ရင် နတ်ဆိုးသားရဲအုပ်စုက ခံစစ်စည်းကို အလွယ်တကူ ချိုးဖြတ်သွားလိမ့်မှာ၊ ပြီးရင် သူတို့က ဒီနေရာက ကျင့်ကြံသူတွေအားလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်လိမ့်မယ်”

ဤသို့ ဖြစ်လာသည်နှင့် လူသားမျိုးနွယ်၏အဆုံးသတ်ပင်။ အသန်မာဆုံးနတ်ဆိုးသားရဲက အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိလျှင်ပင် ခေတ်မီလက်နက်များက ၎င်းအား သတ်ဖြတ်ရန် ခက်ခဲမည်ဟု သွမ်မုလင်နှင့် အထူးစွမ်းရည်ဗျူရိုမှကျွင်းကျင်သူများသာမက တရုတ်ရှိအခြားကျွမ်းကျင်သူများက ခန့်မှန်းထားခဲ့ကြသည်။ ဒုံးကျည်များပင် လုံလောက်မည်မဟုတ်လောက်ပေ။

သို့သော် နောက်ထပ် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တစ်ကောင်ရှိသေး၏…

နျူကလီးယားလက်နက်ကို အသုံးမပြုလျှင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နတ်ဆိုးသားရဲအား သတ်ရန် မဖြစ်နိုင်သည်ကို သွမ်မုလင်က ပုံဆောင်ခဲအလား ရှင်းရှင်းလင်းလင်းသိ၏။ သူတို့က နျူကလီးယားဗုံးအား အားကိုးအားထုတ်ပြုလျှင်ပင် သတ်နိုင်ခြေက ရှစ်ဆယ်ရာခိုင်နှုန်းကျော်မည်မဟုတ်ပေ။ အခြားစကားဖြင့်ဆိုရလျှင် ကျဆုံးရန်ဖြစ်နိုင်ခြေက နှစ်ဆယ်ရာခိုင်နှုန်းရှိသေးသည်။

“ကောင်းကင်ဘုံက ငါတို့ကို ပျောက်ကွယ်စေချင်တာလား”

သွမ်မုလင်၏နှုတ်ခမ်းများက လှုပ်ရွသွား၏။ သူက ရှိရင်းစွဲအသက်ထက် ဆယ်နှစ်ပိုကြီးသွားပုံပေါ်၏။

သွမ်မုလင်၏အရှိန်အဝါပြောင်းလဲမှုကို သတိပြုမိပြီးနောက် ထန်ရှုက ချက်ချင်း ပြောလိုက်သည် “စီနီယာသွမ်မုလင်၊ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတွေနဲ့ယှဉ်နိုင်တဲ့နတ်ဆိုးသားရဲအချို့ ရှိအုံးမယ်လို့ ငါ ခန့်မှန်းထားတယ်။ ဒါပေမယ့် ငါတို့မှာ မျှော်လင့်ချက်တစ်ခုမှ မရှိတာတော့ မဟုတ်ဘူး။ ငါ့မှာ လူသားမျိုးနွယ်ရဲ့ဘေးကင်းမှုကို အာမခံပေးနိုင်တဲ့ဝှက်ဖဲအချို့ရှိသေးတယ်။ ဒါပေမယ့် အဲဒါကို အသုံးပြုပြီးရင် ငါ့ကို သေချာပေါက် ထိခိုက်စေလိမ့်မယ်”

သွမ်မုလင်၏မျက်နှာက အပြင်းအထန်ပြောင်းလဲသွားခဲ့သည်။ သူက ထန်ရှု၏ဆုံးရှုံးမှုနှင့် ပတ်သက်ပြီးတော့ပင် ဂရုမစိုက်နိုင်တော့ဘဲ ကမန်းကတန်း မေးလိုက်သည် “ဘာဝှက်ဖဲလဲ။ ငါ့ကို ပြောပါ၊ ထန်ရှု။ မင်းမှာ ဘာဝှက်ဖဲမျိုး ရှိတာလဲ”

“ဒါက နောက်ဆုံးအားကိုးရာပဲ။ အနေအထားက အဆုံးစွန်းထိ မရောက်ရင် ကျုပ် အဲဒါကို အသုံးပြုမှာ မဟုတ်ဘူး” ထန်ရှုက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည် “ဒါ့အပြင် ကျုပ်မှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နတ်ဆိုးသားရဲကို သုတ်သင်နိုင်တဲ့ အခြားနည်းလမ်းတွေ မရှိတာတော့ မဟုတ်ဘူး”

“မင်းရဲ့ဝှက်ဖဲကို မသုံးဘဲနဲ့ စူပါနတ်ဆိုးသားရဲကို သတ်နိုင်တဲ့ အခြားနည်းလမ်းတွေ ရှိသေးတာလား။” သွမ်မုလင်က အလျင်စလို ပြောလိုက်သည် “ငါ့ကို ပြောစမ်းပါ၊ အဲဒါ ဘာနည်းလမ်းလဲ”

“ငါ တစ်ယောက်ယောက်ကို စောင့်နေတာ။ သူမက အချိန်မီရောက်လာနိုင်ရင် ငါ့ရဲ့ဝှက်ဖဲကို သုံးစရာမလိုဘူး။” ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးလျက် ပြောလိုက်သည် “စီနီယာသွမ်မုလင်၊ ကျေးဇူးပြုပြီး ဘာမှ ထပ်မမေးပါနဲ့တော့။ ခင်များ လုပ်ရမှာက လူတွေ စုဆောင်းပြီး အဲဒီနတ်ဆိုးသားရဲတွေ နောက်ထပ်ဘယ်အချိန်တိုက်ခိုက်လာမလဲဆိုတာ ရှာဖွေဖော်ထုတ်ဖို့ပဲ”

“ဒါ…ဟုတ်တယ်…”

သွမ်မုလင်က သူ၏ရှုပ်ထွေးမှုအား ဖိနှိပ်ကာ ထွက်ခွာသွားခဲ့သည်။ ထန်ရှုက သူ့အား အားရှိစရာတန်ပြန်တိုက်ခိုက်ရေးစီမံကိန်းတစ်ခု ပေးခဲ့သည်ဟု သူက ပြောနိုင်၏။ ထန်ရှုက သူ့အသက်အား ဟာသမလုပ်မည်ကို သူ ယုံကြည်သောကြောင့် ရလဒ်နှင့် ပတ်သက်၍ သူ မစိုးရိမ်ခဲ့ပေ။

တစ်ပတ်ကြာသွားပြီး နတ်ဆိုးသားရဲလှုပ်ရှားမှုတစ်ခုမှ မရှိလာခဲ့ပေ။ သူတို့က လုံးဝငြိမ်သက်နေပြီး တားမြစ်စည်းတွင် တစ်ယောက်မှ မထွက်ပေါ်လာခဲ့ပေ။ ဟိမဝန္တာတောနက်ထဲတွင် တပ်ဆင်ထားသည့် ထောက်လှမ်းရေးကိရိယာများပင် ရံဖန်ရံခါမှသာ နတ်ဆိုးသားရဲအချို့အား တွေ့ရှိခဲ့ပြီး သူတို့က လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

သို့သော် ဤအနေအထားက မုန်တိုင်းမလာခင် လေပြေတစ်ခုဆိုသည်ကို လူတိုင်းက သဘောပေါက်ခဲ့သည်။ နတ်ဆိုးသားရဲများ၏နောက်လာမည့်တိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းပေလိမ့်မည်။

ဤအတောအတွင်း ထန်ရှုကိုယ်၌ကား အချိန်ဖြုန်းမနေပေ။ သူက ကျင့်ကြံနေခဲ့သလို ဂိုဏ်းသားအချို့အား လျှို့ဝှက်ပညာရပ်များ သင်ကြားပေးခဲ့သည်။ တစ်ချိန်တည်းတွင် သူက တားမြစ်စည်းတစ်လျှောက် ခြောက်ကီလိုမီတာကျော်ပတ်လည်ရှိသည့်အစီအရင်ကြီးတစ်ခု တည်ဆောက်ရန် နှစ်ရက်တိတိ အချိန်ပေးခဲ့၏။ အရှေ့၊ အနောက် သို့မဟုတ် အ‌ရှေ့အလယ်ပိုင်း ဘယ်နေရာမှ တိုက်ခိုက်လာသည်ဖြစ်စေ၊ အစီအရင်က နတ်ဆိုးသားရဲများအား ပိတ်ထားနိုင်၏။

တားမြစ်စည်း၏အရှေ့အလယ်ပိုင်းတွင်။

ထန်ရှုက လေးနက်သောမျက်နှာနှင့် ပြောလိုက်သည် “ခင်ဗျားတို့က ဒီအစီအရင်ကို တာဝန်ယူရမယ်ဆိုတာ မှတ်ထားပါ။ ဒီအစီအရင်ထုတ်ဖော်နိုင်တဲ့စွမ်းအားတစ်ခုလုံးကို နှိုးဆွပေးရမယ်လို့လဲ ဆိုလိုတယ်။ အလွန်ဆိုးရွားတဲ့အနေအထားတစ်ခုမှာ မကျရောက်ဘဲနဲ့ ခင်ဗျားတို့က ဒီအစီအရင်ရဲ့မျက်လုံးကနေ မထွက်ခွာရဘူး”

“ခင်ဗျားတို့က အသက်ဆက်ရှင်ချင်တယ်ဆိုရင် ဒီအစီအရင်ကို သုံးပြီး နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ပါ။ ဒီအစီအရင်ကို သုံးပြီး ခင်ဗျားတို့သတ်နိုင်တဲ့ နတ်ဆိုးသားရဲအရေအတွက်က ပိုများလေလေ၊ ခင်များတို့ အသက်ရှင်ဖို့ အခွင့်အရေးက ပိုမြင့်မားလေပဲ။ ကျုပ်လဲ ပိုကြီးမားပြီးအားကောင်းတဲ့အစီအရင်တစ်ခုကို ထိန်းချုပ်ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်နဲ့တားမြစ်စည်းမှာရှိမှာရှိနေတဲ့ကျင့်ကြံသူတွေအားလုံးကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးနောက် ထန်ရှုက နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။

ရွှေအမြုတေအဆင့်ကျင့်ကြံသူရှစ်ယောက်အား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ခြောက်ယောက်က အားဖြည့်ကူညီပေးထား၏။ ထိုဆယ့်လေးယောက်က လက်နောက်ပစ်လျက် ခိုင်မာပြတ်သားသောအကြည့်တစ်ခုနှင့် ရပ်ရင်း ကျယ်လောင်စွာ ပြန်ဖြေ၏ “ကျုပ်တို့က ဂိုဏ်းချုပ်ထန်နဲ့အခြားသူတွေကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး”

ထန်ရှုက ခေါင်းညိတ်ကာ ကျေနပ်သောမျက်နှာနှင့် ဆိုလိုက်သည် “နောက်ကျရင် ခင်ဗျားတို့ရဲ့နာမည်တွေကို သမိုင်းမှာ မှတ်တမ်းတင်ချင်တင်နိုင်မှာပါ။ ခင်ဗျားတို့ကို ကျင့်ကြံကမ္ဘာကလူတွေကပဲ မှတ်မိနိုင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ခင်ဗျားတို့က သူရဲကောင်းတွေပါပဲ။ ဒါက ဘယ်သူမှပြောင်းလဲလို့မရတဲ့အချက်တစ်ခုပဲ။ ကျုပ်၊ ထန်ရှုက ခင်ဗျားတို့နဲ့ ရင်ဘက်ချင်းယှဉ်တိုက်ခိုက်ဖို့ စောင့်မျှော်နေပါတယ်”

“ကျုပ်တို့တွေ အတူလက်တွဲပြီး တိုက်ခိုက်ကြတာပေါ့” ထိုဆယ့်လေးယောက်က ကျယ်လောင်စွာ အော်လိုက်သည်။

ထိုကျင့်ကြံသူများက တာအိုနှင့်ဗုဒ္ဓကျောင်းအချို့မှ ဖြစ်ပြီး အချို့က ကျင့်ကြံခြင်းလမ်းကြောင်းသို့ ဝင်ရောက်ခဲ့သည့် သိုင်းပညာရှင်များပင် ဖြစ်၏။ သို့သော် အားလုံးတွင် တူညီသည့်အချက်က သူတို့အား ထန်ရှုက နက်နက်ရှိုင်းရှိုင်းလွှမ်းမိုးထားခြင်းပင်။ သူတို့က ထန်ရှုအား အလွန်လေးစားကြ၏။

အချိန်က တရွေ့ရွေ့နှင့် မျက်စိတစ်မှိတ်အတွင်း နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။

စစ်တဲထဲတွင် ထန်ရှုက တင်ပျဉ်ခွေထိုင်ရင်း စကြာဝဠာရှိကြယ်များနှင့် တိတ်တဆိတ် ချိတ်ဆက်နေသည်။ သူက စကြာဝဠာမှ နက္ခတ်တာရာစွမ်းအားအား အဆက်မပြတ် စုပ်ယူခဲ့ပြီး အသုံးပြုရန် သူ၏ကိုယ်ပိုင်ခွန်အားအဖြစ်သို့ ပြောင်းလဲခဲ့၏။ တစ်ချိန်တည်းတွင် သူက နတ်ဆိုးအမြုတေတစ်ရာ့ရှစ်ခုအား သုံးစွဲကာ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းခြင်းအစီအရင်အား ခင်ကျင်းခဲ့သည်။ နတ်ဆိုးအမြုတေအတွင်းရှိနတ်ဆိုးစွမ်းအားအားလုံးကို ဝါးမျိုပြီးနောက် အစီအရင်က အလိုအလျောက် ပျောက်ကွယ်သွားခဲ့၏။

‘၎င်းရဲ့အံ့မခန်းမြန်ဆန်တဲ့ကျင့်ကြံခြင်းအရှိန်အရ ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က နတ်ဆိုးနဲ့နတ်ဘုရားတွေ ဖန်တီးထားတဲ့ အကောင်းဆုံးကျင့်စဉ်လို့ခေါ်ဖို့ ထိုက်တန်တယ်။ ငါ ဒီနေရာမှာ ကျင့်ကြံတာ ဘယ်လောက်ပဲ ကြာသေးလို့လဲ။ ဒါပေမယ့် ငါ့စွမ်းအားက လျင်မြန်စွာ တိုးတက်လာပြီး အနည်းဆုံးနှစ်ဆပိုသန်မာလာတယ်။ အခုဆိုရင် အခြေတည်စိတ်ဝိညာဉ်အဆင့်နှောင်းပိုင်းအဆင့်ကျင့်ကြံသူတွေကိုလဲ သတ်ဖြတ်နိုင်မယ်လို့ ငါ ထင်တယ်။ ငါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရန်သူတွေနဲ့ တွေ့ရင်တောင် သူတို့နဲ့ တိုက်ခိုက်နိုင်ပြီ။ ဒါပေမယ့် ငါ ရှုံးနိမ့်မလားဆိုတာကိုတော့ ပြောဖို့ ခက်ခဲသေးတယ်”

ထို့နောက် ထန်ရှုက တဲမှ ထွက်လာ၏။ အပြင်ဘက်တွင် သူ့အား မတ်တပ်ရပ်စောင့်နေသော ရွှယ်ရှနှင့်ဟေးရှုံးတို့အား မြင်လိုက်ရသည်။ ပတ်ဝန်းကျင်တွင် အားကျသောအကြည့်များနှင့် ထန်ဂိုဏ်းသားများလည်း ရှိနေ၏။

“မင်းတို့ကောင်တွေ…”

ထန်ရှုမှ ပြောလိုက်ချိန်တွင် ထိုနှစ်ယောက်မှ ထုတ်လွှတ်သော အရှိန်အဝါအား ချက်ချင်း အာရုံခံလိုက်မိသည်။ ကျေနပ်သောအကြည့်တစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်၏ “အရမ်းကောင်းတယ်…မင်းတို့နှစ်ယောက် အရမ်းတော်တယ်။ မင်းတို့က ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်တဲ့ ဒုတိယနဲ့တတိယမြောက်ပုဂ္ဂိုလ်တွေ ဖြစ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ မင်းတို့က ထန်ဂိုဏ်းရဲ့စောင့်ရှောက်သူအကြီးအကဲတွေဖြစ်လာပြီလို့ ငါ ကြေညာတယ်။ မင်းတို့တွေ မိုအားဝူဆီ သွားပြီး ဆုလာဒ်တွေ လက်ခံနိုင်တယ်။ သူ မင်းတို့ဆီ လွှဲပေးလိမ့်မယ်”

ရွှယ်ရှနှင့်ဟေးရှုံးတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့က ထန်ဂိုဏ်းရဲ့စောင့်ရှောက်သူအကြီးအကဲများဖြစ်လာပြီး ဆုလာဒ်များ ရရှိမည်ကို သိထားပြီဖြစ်သော်လည်း ဂိုဏ်းချုပ်ထန်ရှုထံမှ အတည်ပြုချက်ကြားရခြင်းက သူတို့အား တကယ်စိတ်လှုပ်ရှားစေသည်။

“ဂိုဏ်းချုပ်” မိုအားဝူက အဝေးမှ လျှောက်လာပြီး ထန်ရှုအရှေ့သို့ ရောက်လာကာ ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။

“ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်တဲ့အတွက် သူတို့ကို သူတို့ရဲ့ဆုလာဒ်တွေ ပေးလိုက်ပါ။ ဒါ့အပြင် သူတို့က ထန်ဂိုဏ်းရဲ့အကြီးအကဲတွေ ဖြစ်လာလိမ့်မယ်”

“နားလည်ပါပြီ”

မိုအားဝူက ပြုံးကာ ရွှယ်ရှနှင့်ဟေးရှုံ့တို့အား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ထန်ရှုထံ ထပ်မံကျရောက်သွားပြီး ပြောလိုက်၏ “ဂိုဏ်းချုပ်၊ ချီနန်နဲ့ကူဝါကိုယာမာမိုတိုတို့လဲ ရွှေအမြုတေအဆင့်ကို ချိုးဖြတ်သွားပြီလို့ ငါ အခုပဲ သတင်းရခဲ့တယ်”

ထန်ရှုက မှင်တက်သွားသည်။ ချီနန်က ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်သွားသည့်သတင်းအား သူ အံ့အားမသင့်ခဲ့ပေ၊ သို့သော် ကူဝါကို၏ကျင့်ကြံခြင်းက အဘယ်ကြောင့် ဒီလောက်မြန်ရသနည်း။

ဒီနေရာကို လာဖို့ ပြော။ နောက်လာမယ့်နေရက်တွေက ဒီနေရာမှာ ငါတို့ရဲ့နောက်ဆုံးတိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်။ သူတို့အားလုံးလာမယ်ဆိုရင် ငါတို့ရဲ့အသက်ရှင်နိုင်ခြေက တိုးလာလိမ့်မယ်၊ ငါတို့ဂိုဏ်းသားတွေရဲ့သေကျေပျက်ဆီးမှုကိုလဲ လျော့ချနိုင်လိမ့်မယ်”

“ကျင်းရှီကရော။ သူ့ကိုရော ပြန်ခေါ်ရမလား”မိုအားဝူက အလျင်စလိုမေးလိုက်သည်။

“ကျင်းရှီက ရွှေအမြုတေအဆင့်ကို တက်လှမ်းသွားပြီးပြီလား”ထန်ရှုက မေးလိုက်သည်။

“အဲဒါနဲ့ပတ်သက်ပြီးတော့ ငါ ဘာသတင်းမှ မရသေးဘူး” မိုအားဝူက ခေါင်းခါယမ်းလိုက်၏။

ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ကျင်းရှီက သူ့နောက် အကြာကြီး လိုက်လာခဲ့သည်ကို အမှတ်ရမိ၏။ ရံဖန်ရံခါတွင် သူက သူ့အား သီးသန့်သင်ကြားပေးခဲ့ပြီး ကျင့်ကြံခြင်းအရင်းအမြစ်များစွာကိုပင် ဆုလာဒ်အဖြစ် ပေးခဲ့သည်။ ရွှေအမြုတေအဆင့်သို့ ပထမဆုံးချိုးဖြတ်မည့် ခြောက်ယောက်ထဲတွင် ကျင်းရှီအား သူ စာရင်းထည့်ထားသည်။ ကျင်းရှီက သူ့အား စိတ်ပျက်စေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“သူ့ကို မပြောနဲ့အုံး။ လက်ရှိမှာ သူက မစ်ရှင်တစ်ခု လုပ်နေတယ်”

မိုအားဝူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြော၏ “ဒါဆို ကျန်တဲ့လူတွေကို ငါ ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်”

***

All Chapters