← Chapters

နတ်ဆိုးသားရဲများအား သတ်ဖြတ်ခြင်း

Vol. 77 Ch. 1070

နတ်ဆိုးသားရဲများအား သတ်ဖြတ်ခြင်း

Vol. 77 Ch. 1070

အကွင်းတန်းများပမာ ခင်းကျင်းထားသော အစီအရင်က အဆက်မပြတ်ပြေးဝင်လာသောနတ်ဆိုးသားရဲများအား သတ်ဖြတ်နေ၏။ ထန်ရှုကိုယ်တိုင်က တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲကာ အစီအရင်ထဲ၌ လှည့်လည်သွားလာရင်း နတ်ဆိုးသားရဲများ၏အသက်များအား တိတ်တဆိတ် ရိတ်သိမ်းနေခဲ့သည်။ နတ်ဆိုးသားရဲများနှင့်ရန်သူကျင့်ကြံသူများအတွက်ကတော့ အစီအရင်က မရဏမြေတစ်ခုကဲ့သို့ပင်။ သို့သော် ထန်ရှုအတွက်တော့ ၎င်းက သူ၏ကိုယ်ပိုင်ဉယျာဉ်ဖြစ်၏။

ဟိန်းသံ…

ရှဲ….

နတ်ဆိုးသားရဲမရေမတွက်များစွာက ဟိန်းဟောက်လျက် အစီအရင်အား သွေးရူးသွေးတန်း တိုက်ခိုက်ခဲ့ကြပြီး ဆယ့်လေးခုချိတ်ဆက်အစီအရင်က ဖရိုဖရဲဖြစ်နေခဲ့သည်။ နာရီဝက်ကြာပြီးနောက် ထန်ရှုက အစီအရင်မှ ပြေးထွက်လာ၏၊ သူ့အဝတ်အစားများက သွေးတို့ ရွှဲနစ်နေပြီး သူက သွေးရေကန်တစ်ခုထဲမှ ခုန်ထွက်လာသကဲ့သို့ပင်။

“ထန်ရှု…”

အရိပ်တစ်ခုက လျှပ်စီးအလား အနီးနားမှ ပြေးလာ၏၊ သူ့နောက်မှ စိုးရိမ်သောအမူအရာများနှင့် အခြားသူများက လိုက်ပါလာသည်။

မျက်နှာပေါ်ရှိ သွေးများအား သုတ်ရင်း ထန်ရှုက ကမန်းကတန်း မေးလိုက်သည် “ဒီလူတွေက ဘယ်သူတွေလဲ၊ စီနီယာသွမ်မုလင်”

သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် သွမ်မုလင်က ဆက်သွယ်ရေးကိရိယာအား ကိုင်လျက် အစိမ်းရောင်ခလုတ်နှိပ်ကာ အော်ပြောလိုက်၏ “အသတ်အဖြတ်စစ်သည်တော်တွေ၊ အစီအရင်ထဲကို အခု ဝင်ကြ”

များမကြာမီ အရိပ်အစုအဖွဲ့တစ်ခုက အဝေးမှ ပြေးလာပြီး မျက်စိတစ်မှိတ်အတွင်း အစီအရင်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ သူတို့က သွမ်မုလင်မှ နည်းလမ်းအမျိုးမျိုးဖြင့် ဖိတ်ခေါ်ထားသည့် ကျင့်ကြံသူတစ်ရာလေးဆယ်ယောက်ဖြစ်ပြီး လွန်ခဲ့သောတစ်ပတ်က ထန်ရှုထံ စေလွှတ်ကာ အစီအရင်လည်ပတ်ပုံအား သင်ထားစေခဲ့၏။

သူတို့က အစီအရင်နှင့် ပတ်သက်၍ နားလည်မှုတခုတလေမှ မရှိသော်လည်း ဝင်လာသောနတ်ဆိုးသားရဲများအား သတ်ဖြတ်ရန်အတွက် ဝင်္ကပါအတွင်းရှိလမ်းကြောင်းအား မှတ်သားထား၏။ သူတို့ထဲတွင် အားအနည်းဆုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ရှိပြီး အသန်မာဆုံးက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။

တစ်ဖွဲ့စီတွင် လူဆယ်ယောက်စီပါ၏။ သူတို့က ဝင်ပြီးလျှင်ချင်း အစီအရင်၏အားသာချက်အား လျင်မြန်စွာ ရယူလိုက်ကြသည်။ သူတို့က မီးပေါ်သို့ လောင်းချခဲ့သည့် ဓာတ်ဆီများပမာ အစီအရင်ထဲရှိ နတ်ဆိုးသားရဲများအား လောင်ကျွမ်းသတ်ဖြတ်ခဲ့ကြသည်။ လူတစ်ရာ့လေးဆယ်က ဝင်လိုက်ထွက်လိုက်လုပ်ရင်း တစ်ချိန်တည်း၌ တိုက်ခိုက်ခုခံကြ၏။

“ငါတို့ ထပ်မထိန်းထားနိုင်တော့ဘူး၊ မြန်မြန်ပြန်ဆုတ်ကြ”

အစီအရင်အားကိုင်တွယ်နေသောကျင့်ကြံသူတစ်ယောက်က ရုတ်တရက် သွေးတစ်ပွက်အန်ကာ အော်ပြောလိုက်၏။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အသက်ရှင်လျက်ကျန်ရှိနေသေးသောကျင့်ကြံသူခြောက်ယောက်က အစီအရင်မှ ပြေးထွက်လာသည်။ အစီအရင်က ပျက်ဆီးသွားသဖြင့် သူတို့က အသက်ရှုရန်ပင် အချိန်မရှိခဲ့ပေ။

များမကြာမီ အခြားအစီအရင်များကလည်း နောက်မှ လိုက်ပါလာခဲ့၏။ လွတ်မြောက်လာသောကျင့်ကြံသူများထဲမှ တစ်ယောက်ဆိုလျှင် အလွန်ဆိုးဝါးစွာ ချုံးချုံးကျနေလေ၏။ ကျန်ရှိနေသောသူများအားလုံးကလည်း ဒဏ်ရာပြင်းထန်ပြီး ချက်ချင်းကုသရန် လိုအပ်သည်။

ထိုအချိန်တွင် ထန်ရှုက အဝတ်အစားလဲထားပြီး ကုန်ဆုံးသွားသောစွမ်းအင်များအား ပြန်ဖြည့်ရန် နတ်ဆိုးအမြုတေထဲရှိနတ်ဆိုးစွမ်းအင်အား အရူးအမူးစုပ်ယူနေလေသည်။ အစီအရင်ဆယ့်လေးခု ကျိုးပေါက်သွားသည်ကို မြင်ပြီး အေးစက်စက်အလင်းတန်းက သူ့မျက်လုံးများမှ လျှံကျလာသည်။ သူ့ပုံရိပ်က ပျံဝဲတက်သွားပြီး နတ်ဘုရားဓားက ရုတ်ချည်း ရိုက်ခတ်သွားလျက် နတ်ဆိုးသားရဲတစ်ကောင်အား ချေမှုန်းလိုက်၏။

“နတ်ဆိုးနဲ့အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်…”

အလွန်ကျယ်လောင်သောအသံတစ်ခုက ကောင်းကင်သို့ ချက်ချင်း ပျံ့နှံ့သွားသည်။ နတ်ဆိုးသားရဲများနှင့်လူသားများ၏သွေးမှ ထူထဲသောသွေးမြူထုတစ်ခု ချက်ချင်း ဖွဲ့စည်းသွားပြီး တားမြစ်စည်းပတ်လည်တစ်ဝိုက်ဆယ်ကီလိုမီတာဧရိယာအား ပြည့်နှက်သွား၏၊ အဆုံးတွင် အကန့်အသတ်မဲ့သွေးပင်လယ်တစ်ခု ဖန်တီးလိုက်၏။ နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်က အလွန်ကြီးမားသောဧရိယာအား ဖုံးလွှမ်းသွားပြီး အနည်းဆုံး နတ်ဆိုးသားရဲသောင်းချီအား လွှမ်းခြုံထားလျက်ရှိသည်။

ခရက်…အုံး…

ကောင်းကင်ဘုံ၏အမြင့်ဆုံးအထပ်မှ ပစ်ချလိုက်သည့်အလား ကြမ်းတမ်းသောမိုးကြိုးမုန်တိုင်းများက နတ်ဆိုးသားရဲအားလုံးအား အော်ဟစ်စေခဲ့၏။ အသံက စိတ်ဝိညာဉ်အား ဖျက်ဆီးနိုင်သည်ဟု ထင်ရ၏၊ သူတို့၏စိတ်အား ထိန်းချုပ်နိုင်သဖွယ်ပင်။ တစ်ချိန်တည်းတွင် ဟာရီကိန်းတစ်ခုအလား လျှပ်စီးများ လက်လာသည်။ လျှပ်စီးမိုးကြိုးတစ်ခုစီက လက်မောင်းတစ်လုံး အရွယ်အစားရှိပြီး ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲများအား ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နတ်ဆိုးသားရဲများအား သတ်ဖြတ်ခဲ့၏။

တင်း…တင်း..တင်း…

ရုတ်တရက် ညှို့ဓာတ်ပါသောဇီသာသံတစ်ခုက နတ်ဆိုးနှင့်အင်မော်တယ်များသတ်ဖြတ်ခြင်းအစီအရင်၏အပြင်ဘက်မှ စီးမျောလာခဲ့၏။ ချက်ချင်းလျှင်ပင် သူတို့အရှေ့ရှိကမ္ဘာကြီးက ပြောင်းလဲသွားသလို အစီအရင်ထဲရှိ နတ်ဆိုးသားရဲသောင်းချီက ခံစားမိလာသည်။ သူတို့မွေးဖွာရာနေရာအား မြင်တွေ့ရသည့်သဖွယ်၊ သူတို့၏မွေးရပ်မြေအား မြင်တွေ့ရသကဲ့သို့၊ နတ်ဆိုးကမ္ဘာထဲရှိ မြေသင်းနံအား ရှုရှိုက်မိနေသည့်အလား။

ဖူး…ဖူး…ဖူး…

မိုးရွာချသည့်အလား လျှပ်စီးလက်လာ၏။

လျှပ်စီးမိုးထဲ၌ သေဆုံးသွားခဲ့ကြသောနတ်ဆိုးသားရဲတိုင်းက အပြုံးမျက်နှာမပျက်ဘဲ ခန္ဓာကိုယ်သာ တဖြည်းဖြည်း ပြုတ်ကျသွားခဲ့၏။ မြေပြင်က နတ်ဆိုးသားရဲအလောင်းများနှင့် ပြန့်ကျဲနေပြီး သွေးများက ကြက်သွေးရောင်မြစ်တစ်စင်းကိုပင် ဖန်တီးနိုင်ပေ၏။ မိနစ်ဝက်အတွင်း နတ်ဆိုးသားရဲတစ်သောင်းက သေခြင်းနှင့် အဆုံးသတ်ခဲ့ရ၏။

ဝူးဝူး…

နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်မှ ပြေးထွက်လာပြီးနောက် တစ်ခုခုမှားယွင်းနေသည်ကို အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိသည့်အ‌ဆောက်အဉီးအရွယ်အစားနတ်ဆိုးသားရဲက သတိပြုမိသွားခဲ့၏။ သူက ဒေါသတကြီး ဟိန်းလိုက်၏။ မရေမတွက်နိုင်သောဓားကောက်များက ထွက်ပေါ်လာပြီး လျှပ်စစ်မိုးကြိုးများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ရုတ်တရက် လျှပ်စစ်မိုးကြိုးများက အချိန်တစ်ခုအထိ တားဆီးခံလိုက်ရပြီး နတ်ဆိုးသားရဲများသတ်ဖြတ်ခြင်းက သိသိသာသာ နှေးကျသွားခဲ့၏။

တင်း…တင်း…တင်း…

ရုတ်တရက် အစီအရင်အပြင်ဘက်ရှိ ဇီသာမှ သံစဉ်ပြောင်းသွားခဲ့၏။ ဂီတသင်္ကေတများက မုန်တိုင်းတစ်ခုအဖြစ် သံမြင်းခွာသံများအကြား ပွတ်တိုက်မှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရုတ်တရက် နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်ထဲရှိအခြေခံအုတ်မြစ်တည်‌ဆောက်ခြင်းနတ်ဆိုးသားရဲအားလုံးက ပြုံးနေသောမျက်နှာများမှ နာကျင်သည့်အသွင်သို့ ပြောင်းလဲသွားခဲ့၏။

နတ်ဆိုးသားရဲများအား သတ်ဖြတ်ရန် နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်အား ထိန်းချုပ်ရင်း ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်၊ လက်ရှိဇီသာတီးခတ်နေသည့်သူအား သူ သိသောကြောင့်ပင်။

အဲဒါဟန်ကျင်းဝူပဲ…ဒါပေမယ့် သူမက ရွှယ်ချင်းချန်လဲ ဟုတ်တယ်…

သူမအပေါ် သူ၏ခံစားချက်များက အလွန်ရှုပ်ထွေးသည်။ ဟန်ကျင်းဝူက ရွှယ်ချင်းချန်ဖြစ်သည်ကို သူ သိပြီးလျှင်တောင်မှ၊ သူ့နှလုံးသားက သူမအပေါ် နာကျင်မုန်းတီးမှုအပြည့်ရှိနေလျှင်တောင်မှ သူမအား သတ်ဖြတ်ရန် သူ့နှလုံးသားက မရက်စက်ခဲ့ပေ။ ရှေလျှောက် သူမနှင့် ပတ်သက်ဆက်နွယ်သမျှ အရာအားလုံးဖြတ်တောက်ခြင်းက အကောင်းဆုံးဟု တွေးခဲ့သည်။

သို့သော် နတ်ဆိုးသားရဲများအား သတ်ဖြတ်ရန် သူမက သူနှင့် ယှဉ်တွဲကာ တိုက်ခိုက်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ပေ။ ဇီသာမှထွက်ပေါ်နေသောဂီတသင်္ကေတများအရ ဟန်ကျင်းဝူ…မဟုတ်ဘူး…ရွှယ်ချင်းချန်က သူမစွမ်းအားအား စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အထိ ပြန်လည်ရရှိပြီးကြောင်း သူ ပြောနိုင်ပေသည်။

တားမြစ်စည်းတွင်။

ကျင်ကြံသူများ၏မျက်လုံးများက လွင့်မျောနေသောကျောက်တုံးကြီးပေါ်တွင် ထိုင်နေသော ဟန်ကျင်းဝူထံတွင်သာ ကျရောက်နေခဲ့သည်။ တင်ပျဉ်ခွေလျက် ဇီသာတီးမှုတ်နေသောသူမအား ကြည့်နေရင်း သူတို့က မယှဉ်သာလောက်အောင် တုန်လှုပ်နေခဲ့၏။

ဇီသာဂီတသင်္ကေတများက သူတို့အား အများကြီး သက်ရောက်ခြင်းမရှိပေ။ သက်ရောက်မှုအား သူတို့ လစ်လျူရှူနိုင်လောက်သည့်အထိ ဟန်ကျင်းဝူက ရည်ရွယ်ချက်ရှိရှိနှင့် ထိန်းချုပ်ထားသောကြောင့်ပင်။

“သူမက ဘယ်သူလဲ”

တာအိုသီလရှင်က မယုံကြည်နိုင်သောအကြည့်တို့ ဖြစ်တည်နေခဲ့သည်၊ ဖော်ရွေပုံပေါက်သည့်လူအိုကြီးနှင့်တုတ်ခိုင်သန်မာသောလူကြီးတို့လည်း အတူတူပင်။ သူတို့၏မျက်လုံးများက ဟန်ကျင်းဝူထံတွင်သာ အာရုံစိုက်လျက်သာ။

သူမက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာ ရှိတာပဲ…

ဤအခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူသုံးယောက်က ဟန်ကျင်းဝူထံမှ ထုတ်လွှတ်နေသော အရှိန်အဝါအား အာရုံခံနိုင်သည်။ သူတို့အား ထိတ်လန့်တုန်လှုပ်စေသည်ကား ဤငယ်ရွယ်သောအမျိုးသမီးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေခြင်းပင်။

“သူမရဲ့အသက်အရွယ်အရ ကြည့်မယ်ဆိုရင် ရာစုနှစ်ချီ ကျင့်ကြံခဲ့တဲ့ လူအိုကြီးတွေနဲ့ လုံးဝမတူဘူး။ ငါ ထင်တာ မှန်ရင် သူမက အသက်နှစ်ဆယ်ပတ်လည်လောက်ပဲ ရှိအုံးမှာ၊ ဒါ မယုံနိုင်စရာပဲ၊ ဒီအသက်အရွယ်လောက်နဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနေတာ”

“ဒါ အမှန်ပဲ။ သူမက နှစ်ဆယ်ပတ်လည်ပဲ။ ငါ သေချာတယ်။ ဒါပေမယ့် ငါ တကယ် သိချင်တယ်၊ ဘယ်လိုကျင့်စဉ်မျိုးကို သူမ ကျင့်ကြံထားတာလဲ။ ဒီလိုအချိန်တိုအတွင်းမှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနိုင်ဖို့ဆိုရင် အဲဒါက ငါတို့ကျင့်ကြံထားတဲ့ကျင့်စဉ်တွေထက် အများကြီး ပိုအားကောင်းတယ်လို့ ဆိုလိုတယ်မလား”

“လက်ရှိမှာ နတ်ဆိုးသားရဲတွေရဲ့ခြိမ်းခြောက်မှုရှိနေလို့၊ ပြီးတော့ သူမက ငါတို့ထက် အများကြီး ပိုသန်မာတာကြောင့်မဟုတ်ရင် သူမရဲ့ကျင့်ကြံခြင်းပညာရပ်ကို ငါ လုယက်ပြီးနေပြီ။ ဒါပေမယ့် ဒီမိန်းကလေးက လုံးဝကို သာမန်မဟုတ်ဘူး။ သူမက ကြောက်စရာကောင်းတယ်လို့ ပြောတာကတင် ဖော့ပြောနေတာပဲ”

ထိတ်လန့်တုန်လှုပ်ပြီးနောက် ဟန်ကျင်းဝူ ဇီသာတီးနေသည်ကို ကြည့်ရင်း သူတို့သုံးယောက်က အလွန်ရှုပ်ထွေးသောအမူအရာတို့ ဖြစ်သွားကြ၏။

သူတို့မှ မနီးမဝေးတွင် ဟန်ကျင်းဝူအား ကြည့်ရင်း သွမ်မုလင်က အလွန်အံ့အားသင့်နေခဲ့သည်။ သူမထွက်ပေါ်လာသည်ကိုပင် သူ သတိမပြုမိခဲ့ပေ။ ဘယ်အချိန်ကတည်းက သူမ ရောက်နေသည်ကိုပင် မသိခဲ့ပေ။

“သူမ ဒီနေရာမှာ ဘယ်လိုထွက်ပေါ်လာတာလဲ”

“ငါ မသိဘူး။ သူမက ဒီအတိုင်းလေး ထွက်ပေါ်လာခဲ့ပုံပဲ” ရေမိန်းကလေးက ခေါင်းခါလိုက်သည်။

ဟန်ကျင်းဝူအား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ရင်း သွမ်မုလင်၏မျက်လုံးများက အရှေ့ရှိ နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်ထဲသို့ ပြောင်းရွှေ့သွားခဲ့၏။ အထဲတွင် ဘာဖြစ်နေသည်ကို သူ မမြင်နိုင်သော်လည်း အထဲရှိနတ်ဆိုးသားရဲအားလုံးအား ထန်ရှုက သတ်ဖြတ်နေသည်မှာတော့ သူ သေချာသည်။ ဟန်ကျင်းဝူ ဘယ်သူလဲဆိုသည်ကို သူလည်း သိ၏။ အတိတ်တွင် ထန်ရှုနှင့် ပတ်သက်ပြီး လူလွှတ်စုံစမ်းခိုင်းတုန်းက သူမအကြောင်း အချက်အလက်အချို့ ရရှိခဲ့သည်။ ထို့ကြောင့် ထန်ရှုက ဘယ်လောက်ကြောက်စရာကောင်းသလဲကို ပြန်အမှတ်ရရင်း ဟန်ကျင်းဝူဟုအမည်ရသောဤမိန်းကလေးက ထန်ရှုထံမှ ကျင့်ကြံခြင်းပညာရပ်အား သင်ယူခဲ့ကာ ယခုကဲ့သို့အားကောင်းသောခွန်အားတစ်ခုရှိလာခဲ့သည်ဟု သူက ကောက်ချက်ချခဲ့၏။

နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်ထဲတွင် ထန်ရှု၏သတ်ဖြတ်ခြင်းအရှိန်က ပိုပိုမြန်လာသည်။ ဟန်ကျင်းဝူ၏ဇီသာဂီတသင်္ကေတများ၏တိုက်ခိုက်မှုကြောင့် အထဲရှိနတ်ဆိုးသားရဲများက ပိုပိုအားနည်းလာပြီး သူတို့၏ခုခံမှုအား ဆုံးရှုံးလာ၏။ မြင်ကွင်းက တစ်ဖက်သတ်သတ်ဖြတ်ခြင်းပြကွက်တစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ဇီသာဂီတသင်္ကေတများက အခြေတည်စိတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲများကိုလည်း သက်ရောက်ခဲ့ပြီး သူတို့က စွမ်းအားအပြည့်မထုတ်လွှတ်နိုင်တော့ပေ။

“တောက်လူသားတွေ…ဒီရွံစရာကောင်းတဲ့အင်မော်တယ်ဂီတ…”

အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည့် အခြားနတ်ဆိုးသားရဲများနှင့်အတူ မွန်းစတားနတ်ဆိုးက နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်ထဲ၌ ထွက်ပေါ်လာခဲ့သည်။ သူတို့က သူတို့၏မှော်ပညာရပ်အသီးသီးအား ချက်ချင်း ထုတ်ဖော်ခဲ့ကြပြီး နောက်ဆုံးတွင် လျှပ်စစ်မိုးကြိုးတိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့၏။

“ဒါ ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ၊ ငါ့ဘုရင်လဲ စိတ်ဆိုးတယ်။ မင်းတို့လူသားတွေ…မင်းတို့က ငါတို့နတ်ဆိုးကမ္ဘာရဲ့ကလန်သားတွေကို သတ်နေတာပဲ။ မင်းတို့သေရမယ်၊ မင်းတို့စိတ်ဝိညာဉ်ကတောင် ဗလာနတ္တိဖြစ်စေရမယ်”

မွန်းစတားနတ်ဆိုးက ဟိန်းဟောက်လိုက်သည်။ အခြားအခြေတည်စိတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲနှစ်ကောင်က ပေါင်းဖွဲ့လျက် သူတို့၏ကိုယ်ပိုင်စွမ်းအားအား ထုတ်လွှတ်လိုက်၏၊ နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်က ဖရိုဖရဲဖြစ်လာခဲ့သည်၊ ၎င်းက အချိန်မရွေးပျက်ဆီးသွားတော့မည့်အတိုင်းပင်။

အစီအရင်မျက်လုံးရှေ့တွင် ရပ်နေရင်း ထန်ရှုမျက်လုံးများက အေးစက်မှုတို့ ပြည့်နေသည်။ အစီအရင်က အဆက်မပြတ်တုန်ခါနေပြီး အကြင်နာမဲ့သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့၏။ သူက သူ့ရင်ဘက်အား နတ်ဘုရားဓားနှင့် ချက်ချင်း ထိုးဖောက်ကာ သွေးအဆီအနှစ်ဆယ်စက် ယူထုတ်လိုက်သည်။

“သွေးလောင်ကျွမ်းခြင်းပညာရပ်”

သူက လက်ဟန်သင်္ကေတတစ်ခု ပြုလိုက်သည်၊ ဆန်းကျယ်နက်နဲသိမ်မွေ့သောအရှိန်အဝါတစ်ခုက လိမ့်တက်လာခဲ့၏။ သွေးအဆီအနှစ်ဆယ်စက်က သွေးပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဉီးတည်ဘက်တိုင်းသို့ ပျံ့နှံသွားကာ အသက်ရှုချိန်အနည်းငယ်အတွင်း ပျောက်ကွယ်သွား၏။

“ငါ့နှလုံးသားက ကောင်းကင်ဘုံဆိုရင် ကမ္ဘာမြေက မီးပြင်းဖိုတစ်ခုပဲ။ ငါ့သွေးကို ယဇ်ပူဇော်ပြီး နတ်ဆိုးမီးလျှံအဖြစ်သို့ ပြောင်းလဲလော့”

သူ့အသံက မပျောက်သွားသေးခင် ထန်ရှု၏ပုံရိပ်က နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်အပြင်ဘက်၌ ထွက်ပေါ်လာခဲ့သည်။ ‌သွေးအနည်းငယ်အန်ပြီးနောက် သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။

***

All Chapters