ပူးပေါင်းခြင်း
Vol. 77 Ch. 1072
မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့နှစ်ယောက်လုံးက ထန်ရှုဘေးနား၌ တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။ နှစ်ယောက်လုံးက အမူအရာထူးဆန်းနေကြပြီး ထန်ရှုအား စပ်စုသောမျက်လုံးများနှင့် ကြည့်လိုက်ကြ၏။
“မင်းတို့ ထင်တာ မှန်တယ်၊ ငါ့ကောင်တို့။ အဲဒီမီးချီလင်ပဲ” ထန်ရှုက တီးတိုးပြောလိုက်သည် “ဒီကောင်က ဒီလောက်အားကောင်းမယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ အရင်တုန်းက သူက ငါတို့ကို သတ်ချင်ပုံမရခဲ့ဘူးထင်တယ်၊ မဟုတ်ရင် ငါတို့ ဘယ်လောက်ပဲ မြန်မြန်ပြေးပြေး သူ့လက်ထဲမှာ သေသွားလောက်ပြီ”
“ဒါဆို မြေအောက်ဝင်္ကပါအပြင်ဘက်က အစီအရင်က ကျိုးပေါက်သွားတာများလား”မြောင်ဝမ်ထန်က တီးတိုးမေးလိုက်သည် “မဟုတ်ရင် သူ ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ”
‘ငါ့အထင်ပြောရရင် သဘာဝအစီအရင်က သူ့ကို ပိတ်ထားတာမဟုတ်ဘူး၊ အပြင်လူတွေ သူ့အသိုက်ထဲ ဝင်မှာကို တားဆီးဖို့အတွက်ပဲ ဖြစ်မယ်”ထန်ရှုက ပြန်ဖြေ၏ “ဒါပေမယ့် သူ့ရဲ့ခွန်အားက အားကောင်းပေမယ့် အဲဒီနတ်ဆိုးသားရဲနဲ့ ညီမျှရုံလောက်ပဲ၊ နည်းနည်းတောင် ပိုအားနည်းမယ်”
မြောင်ဝမ်ထန်၏အမူအရာက ပြောင်းလဲသွားခဲ့ပြီး သူက အလျင်စလို မေးလိုက်သည် “ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ အဲဒီမီးချီလင်က ဒီနေရာမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တာ။ သူက ငါတို့ရဲ့ကယ်တင်ရှင်လိုပဲဆိုတာ မင်း သိပါတယ်။ သူက အဲဒီကြောက်စရာကောင်းတဲ့နတ်ဆိုးသားရဲကို မသတ်နိုင်ရင် ငါတို့လဲ…”
ထန်ရှုက ခဏနှုတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက ဟန်ကျင်းဝူအား ရုတ်တရက် ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မင်း မသေချင်ဘူးဆိုရင် ငါနဲ့ ပူးပေါင်းပြီး အဲဒီမီးချီလင်ကို ကူညီပေး။ အဲဒီနတ်ဆိုးသားရဲကို သတ်မှပဲ ငါတို့ အသက်ရှင်နိုင်မယ်”
“ရှင်ဘာပြောပြော ကျွန်မ လုပ်ပါ့မယ်”ဟန်ကျင်းဝူက တန်းခေါင်းညိတ်လိုက်သည်။
နဖူးအနည်းငယ်ရှုံ့သွားလျက် ထန်ရှုက ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ နတ်ဆိုးအမြုတေ၃၆ခုနှင့် စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းခြင်းအစီအရင်အား ခင်းကျင်းလိုက်သည်။ ထို့နောက် စကြာဝဠာရှိကြယ်များနှင့် စတင်ဆက်သွယ်ခဲ့ပြီး နက္ခတ်တာရာစွမ်းအားအား ကသုတ်ကရက် စုပ်ယူခဲ့၏။
မီးချီလင်နှင့်သွေးမိစ္ဆာကြားတိုက်ပွဲကို ကြောက်စရာကောင်းသည်ဟုသာ ပြောနိုင်၏။ သူတို့တိုက်ပွဲက တားမြစ်စည်းမှ စတင်ခဲ့ပြီး ဟိမဝန္တာတောနက်ထိတိုင်။ ကျင့်ကြံခြင်းအဆင့်အားနည်းသူများက ဘယ်တစ်ကောင် ပိုသန်မာသလဲ မဆုံးဖြတ်နိုင်ပေ။
ဝှစ်…ဝှစ်…ဝှစ်…ဝှစ်….
ပုံရိပ်လေးခုက အဝေးမှ လျှပ်စစ်အလား လျင်မြန်စွာ ရွေ့လျားလာ၏။ မျက်စိတစ်မှိတ်အတွင်း ထန်ရှုအနားတစ်ဝိုက်၌ ထွက်ပေါ်လာခဲ့သည်၊ ပေါ်လာပြီးနောက် ထန်အန်း၏ပုံရိပ်က ပျောက်သွားခဲ့ပြီး ထန်ကွမ်၊ ချီနန်နှင့် ကူဝါကိုတို့က ထန်ရှုအား လျင်မြန်စွာ ကြည့်လိုက်ကြသည်။
“ဆရာအဘိုး ဘာဖြစ်တာလဲ၊ မိုအားဝူ”
သွေးများဖုံးလွှမ်းလျက် တင်ပျဉ်ခွေထိုင်နေသောထန်ရှုအား ကြည့်ရင်း ထန်ကွမ်းက ချက်ချင်း မေးလိုက်သည်။
“ဂိုဏ်းချုပ်က အစီအရင်တစ်ခု သုံးပြီး နတ်ဆိုးသားရဲသောင်းချီကို သတ်ဖြတ်ခဲ့တယ်၊ ဒါပေမယ့် သူလဲ ဒဏ်ရာအပြင်းအထန် ရသွားတယ်”မိုအားဝူက ဖြေလိုက်သည် “အခုက ကုသရင်းနဲ့ သူ့စွမ်းအားပြန်ရအောင် လုပ်နေတယ်”
“ဒါဆို အခြားအရေးကြီးပြဿနာတွေတော့ မရှိဘူးမလား”ထန်ကွမ်က အလျင်စလို မေးလိုက်သည်။
“မရှိဘူး”မိုအားဝူက ခေါင်းခါယမ်းလိုက်သည်။
ဤသည်ကို ကြားတော့မှ ထန်ကွမ်းဘေးနားရှိကျန်လူများက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ကြ၏။
ထိုအချိန်တွင် သွမ်မုလင်က ထန်ရှုထံ ပြေးလာသည်။ နတ်ဆိုးသားရဲသောင်းချီက သူတို့ရှိရာသို့ လျင်မြန်စွာ ရှေ့တက်လာနေသည်ကို သူ ရှာတွေ့ခဲ့ပေ၏။
ဝှစ်…
ရွှယ်ယုက ထွက်ပေါ်လာပြီး သွမ်မုလင်၏လမ်းအား ပိတ်ကာ ခပ်ဖျော့ဖျော့ပြောလိုက်သည် “စီနီယာသွမ်မုလင်၊ ထန်ရှုက လက်ရှိမှာ ပြန်အားဖြည့်နေတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး သူ့ကို မနှောင့်ယှက်ပါနဲ့”
သူမ၏ပေါ်ထွက်လာမှုက သွမ်မုလင်အား ထိတ်လန့်စေခဲ့သည်။ သူမက တစ္ဆေတစ်ကောင်လို ထွက်လာခဲ့သည်မဟုတ်လော။ သူ့အရှိန်အား ရပ်တန့်ပြီးနောက် သူမအား တည်ငြိမ်စွာ လေ့လာလိုက်ပြီးနောက် သူက အံ့အားသင့်စွာနှင့် ချက်ချင်းမေးလိုက်သည် “ဘယ်လို…မင်းက ဘာလို့ ဒီလောက်ထိ အားကောင်းလာတာလဲ။ ထန်ရှုက မင်းကိုလဲ သင်ပေးခဲ့တယ်လို့ ငါ့ကို မပြောဘူးမလား”
“ငါ ဘယ်လောက်အားကောင်းတာက သင့်အလုပ်မဟုတ်ဘူးလား၊ စီနီယာသွမ်မုလင်”ရွှယ်ယုက ပြန်ပြောလိုက်သည် “သတင်းက မှန်ကန်ရင် နတ်ဆိုးသားရဲတွေကို တိုက်ခိုက်ဖို့အတွက် ဒီစစ်ဆင်ရေးမှာ ရှင်က ကွန်မန်ဒါပဲမလား။ အခု ငါတို့က နတ်ဆိုးသားရဲအုပ်စုကို တိုက်ခိုက်နေတယ်၊ ရှင်က သူတို့ကို တိုက်ခိုက်ဖို့ မလိုဘူးလား”
“နတ်ဆိုးသားရဲများလွန်းတယ်၊ အဲဒါကြောင့်ပဲ”သွမ်မုလင်က အားတင်းပြုံးကာ ပြော၏ “ထန်ရှုက နတ်ဆိုးသားရဲသောင်းချီသတ်ခဲ့တယ်ဆိုပေမယ့် ငါတို့ကျင့်ကြံသူတွေရဲ့အလုံးစုံခွန်အားလောက်နဲ့ သူတို့ကို မရင်ဆိုင်နိုင်ဘူး။ ဒါကြောင့် ငါ ဒီကို အမြန်လာရတာ။ သူတို့ကို သတ်ဖို့အတွက် ငါတို့ကို ကူညီပြီး နောက်ထပ်အစီအရင်တစ်ခု ခင်းကျင်းပေးနိုင်အုံးမလားဆိုတာ ထန်ရှုကို ငါမေးချင်လို့”
“ကျွန်မပြောခဲ့သလိုပဲ၊ သူ အခု ပြန်အားဖြည့်နေတယ်၊ ဒါကြောင့် ရှင့်ရဲ့ပြဿနာတစ်ခုမှ ကျွန်မ စိတ်မဝင်စားဘူး”ရွှယ်ယုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ကျေးဇူးပြုပြီး သူ ရှင့်ကို လာတွေ့တဲ့အထိ စောင့်နေပေါ့”
“ဒါပေမယ့် ဒါက…
သွမ်မုလင်က ခဏတုံ့ဆိုင်းနေခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူက သက်ပြင်းချလျက်
ရွှယ်ယုက ထန်ရှုဘေးနားသို့ လျှောက်လာ၏။ ထို့နောက် သူ၏မသိုလှောင်လက်စွပ်မှ ကျောက်စိမ်းသေတ္တာတစ်လုံး ယူထုတ်ကာ ထန်ရှုအရှေ့၌ ချထားပြီး နူးညံ့စွာ ပြောလိုက်သည် “ညီအမယန်အာက ကျွန်မကို ဒီအဆီအနှစ်စိတ်ဝိညာဉ်သိပ်သည်းဆေး ပေးခဲ့တယ်။ အဲဒါက ရှင့်ကို အကူအညီဖြစ်စေမယ်လို့ သူမက ပြောခဲ့တယ်”
ထန်ရှုက မျက်လုံးဖွင့်လိုက်သည်၊ စိတ်ထဲတွင်မူ ပီတိဖြစ်နေ၏။ အဆီအနှစ်စိတ်ဝိညာဉ်သိပ်သည်းဆေးက အင်မော်တယ်ကမ္ဘာတွင်ပင် ထူးကဲသောဆေးတစ်မျိုးဖြစ်သည်။ ၎င်းက အင်မော်တယ်အဆင့်အောက်ကျင့်ကြံခြင်းရှိသူ၏စိတ်ဝိညာဉ်အာရုံအား တိုးတက်စေသည့်သက်ရောက်မှုရှိရုံသာမက ခွန်အားအား လျင်မြန်စွာ အကြီးအကျယ် တိုးမြှင့်စေနိုင်၏။
“ဒါက အချိန်ကိုက်ရောက်လာတာပဲ၊ တကယ်ကိုပဲ…”
သူက ကျောက်စိမ်းသေတ္တာထုတ်ကာ အထဲမှ ဆေးလုံးယူထုတ်လိုက်သည်။ မျိုချပြီးနောက် သူက မျက်လုံးမှိတ်ကာ ဆေးစွမ်းစုပ်ယူသန့်စင်လိုက်၏။
ဆယ်မိနစ်ကြာပြီးနောက် သူက ကျင့်ကြံရာမှ ထပ်မံနိုးထလာသည်။ မျက်လုံးဖွင့်လိုက်ပြီးနောက် မီးချီလင်၏ကြီးမားသောခန္ဓာကိုယ်အား သွေးမိစ္ဆာဘုရင်က တရစပ်ထိုးနှက်လိုက်ပြီး ၎င်းက အောက်ပြန်ကျသွားသည်ကို မြင်လိုက်ရ၏။ မြေပြင်ပေါ်တွင် သွမ်မုလင်နှင့်လူသားကျင့်ကြံသူထောင်ချီကလည်း နတ်ဆိုးသားရဲများနှင့် အပြင်းအထန်တိုက်ခိုက်နေကြသည်။ ကံကောင်းစွာနှင့် ထန်ဂိုဏ်းသားများက ဓားဝင်္ကပါတစ်ခု ဖွဲ့စည်းကာ နတ်ဆိုးသားရဲများ၏တိုက်ခိုက်မှုအား ခုခံနေခြင်းပင်။ သူတို့၏အားထုတ်မှုများက လူသားကျင့်ကြံသူများအား ပြန်ဆုတ်ရန် ကာကွယ်ပေးခဲ့ပြီး ထိုနတ်ဆိုးသားရဲများ၏သားကောင်းများ မဖြစ်သွားခဲ့ပေ။
“ရွှယ်ယု၊ ဟန်ကျင်းဝူ၊ မင်းတို့နှစ်ယောက်လုံး ငါနဲ့အတူ မီးချီလင်ကို ကူညီပေး။ ကျန်တဲ့သူတွေကို အဲဒီနတ်ဆိုးသားရဲတွေကို သတ်ပစ်။ ဒါပေမယ့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနဲ့အခြေတည်စိတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲတွေကိုတော့ ဂရုစိုက်ကြ”
ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်သုံးခုက သွေးမိစ္ဆာဘုရင်ထံ ပျံသန်းသွား၏။ အဆီအနှစ်စိတ်ဝိညာဉ်သိပ်သည်းဆေးအား သုံးစွဲခဲ့ရသည်မှာ ထန်ရှုအတွက် အတော်လေးကံကောင်းသည်။ သူက ဒဏ်ရာပြန်သက်သာခဲ့ရုံသာမက ကြီးကြီးမားမား တိုးတက်ခဲ့၏၊ ကျင့်ကြံခြင်းတွင်လည်း ချိုးဖြတ်မှုတစ်ခု ပြုခဲ့ပြီး ကြယ်ကောင်းကင်ဘုံအဆီအနှစ်အပိုင်း၏တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ တစ်ခုပဲ သူ ပဟေဠိဖြစ်ရ၏၊ တတိယအဆင့်သို့ မြင့်တက်ခဲ့သော်လည်း နက္ခတ်တာရာစွမ်းအားအား ထုတ်ဖော်ရန် ဘယ်လိုနတ်ဘုရားစွမ်းရည်တစ်ခုမှ သူ မရရှိခဲ့ပေ။
“အခြေတည်စိတ်ဝိညာဉ်အဆင့်စီနီယာတို့၊ ဒီနတ်ဆိုးသားရဲတွေကို သတ်ဖြတ်ဖို့ ကျန်တဲ့သူတွေကို ကူညီပေးကြပါ။ အားဝူ၊ မင်းတို့လဲ သူတို့နဲ့ ပူးပေါင်းကြ” သွေးမိစ္ဆာဘုရင်အား တိုက်ခိုက်ရင်း ထန်ရှုက အော်ပြောလိုက်သည်။
“သတ်…”
“သတ်ကြ…”
ဖရိုဖရဲတိုက်ပွဲစတင်ခဲ့ပြီး လူတိုင်းက အနီးကပ် တိုက်ခိုက်နေကြသည်။ သွေးများက စမ်းချောင်းသဖွယ် ဖြစ်လာခဲ့ပြီး မြေပြင်က အလောင်းများနှင့် ပြည့်နှက်နေ၏။
ဟန်ကျင်းဝူနှင့်ရွှယ်ယုတို့က သွေးမိစ္ဆာဘုရင်အား တိုက်ခိုက်ရန် ပျံသန်းလာသည်ကိ မြင်သောအခါ ထန်ရှုက လက်ဝှေ့ယမ်းလျက် နှင်းတောင်ထိပ်ဆီသို့ မျက်စိတစ်မှိတ်အတွင်း ပြေးသွားခဲ့၏။ သူက ချီလှိုင်းတစ်ခု ချက်ချင်း ထုတ်လွှတ်ကာ မီးချီလင်အား ရစ်ပတ်လျက် အပေါ်သို့ ဆွဲတင်လိုက်သည်။
“အရင်တုန်းက ငါတို့ကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မီးချီလင်။ အဲဒီနတ်ဆိုးသားရဲက အရမ်းကြောက်စရာကောင်းတယ်။ မင်းတစ်ယောက်တည်းတိုက်ခိုက်ရင် သူ့ရဲ့ပြိုင်ဘက်မဟုတ်မှာကို ငါ စိတ်ပူတယ်။ ငါတို့ ပူးပေါင်းပြီး သူ့ကို သတ်ဖြတ်ကြတာပေါ့”
မီးချီလင်က ထန်ရှုအား မှတ်မိပုံရ၏။ ၎င်းက အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့လျက် စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ သူ့အတွေးအား ထန်ရှုထံ တိုက်ရိုက်ကူးပြောင်းပေးလိုက်သည် “အဲတုန်းက မင်းက ငါ့ဆီကနေ အများကြီး ခိုးယူခဲ့တယ်၊ ကောင်လေး။ အခု မင်း ငါ့ကို အဲဒါတွေ ပြန်ပေးစရာမလိုပါဘူး ဒါပေမယ့် ငါ အဲဒီနတ်ဆိုးသားရဲတွေရဲ့နတ်ဆိုးအမြုတေတစ်ဝက်ကို ငါ လိုချင်တယ်”
“အာ၊ နတ်ဆိုးအမြုတေတွေက လက်ရှိမှာ ကျုပ်အတွက် အရေးကြီးလွန်းတယ်။ ငါးပုံတစ်ပုံဆိုရင် ဘယ်လိုလဲ”
“မရဘူး။ သုံးပုံတစ်ပုံပဲ”မီးချီလင်က ဈေးဆစ်လိုက်သည်။
ထန်ရှုက ခဏ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက အံကြိတ်ကာ ပြောလိုက်၏ “ကောင်းပါပြီ၊ ကျုပ် ခင်ဗျားကို သုံးပုံတစ်ပုံပေးပါ့မယ်။ ဒါပေမယ့် ခင်ဗျား ကျုပ်ရဲ့မေးခွန်းတစ်ခုကိုတော့ ဖြေပေးရမယ်။ ဒီနတ်ဆိုးသားရဲတိုင်းမှာ နတ်ဆိုးအမြုတေတစ်ခုစီ ရှိတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ။ ပြီးတော့ အဲဒါတွေနဲ့ ခင်ဗျား ဘာလုပ်ချင်တာလဲ”
“ငါက အင်မော်တယ်ကမ္ဘာမှာတုန်းက အင်မော်တယ်သားရဲတစ်ကောင် ဖြစ်ခဲ့တယ်၊ ဒါကြောင့် ဒီနတ်ဆိုးသားရဲတွေမှာ နတ်ဆိုးအမြုတေရှိတယ်ဆိုတာ သိနေတာ”မီးချီလင်က ဖြေလိုက်သည် “ပြောရမယ်ဆိုရင် ကမ္ဘာမြေမှာ အင်မော်တယ်ကျောက်တုံးမရှိဘူး၊ စွမ်းအင်သလင်းကျောက်အပိုင်းအစတစ်ခုတစ်လေတောင် မရှိဘူး။ အင်မော်တယ်ကမ္ဘာကို ပြန်ဖို့ အစီအရင်တစ်ခုကို ငါ တည်ဆောက်ချင်တယ်၊ ဒါပေမယ့် အဲအတွက် လိုအပ်တဲ့ပစ္စည်းတွေ ငါ့မှာ မရှိသလောက်ဖြစ်နေတယ်။ ဒီနတ်ဆိုးကျောက်တုံးတွေက အင်မော်တယ်ကျောက်တုံးနေရာမှာ အစားထိုးနိုင်တယ်လေ”
“ခင်ဗျားက အင်မော်တယ်ကမ္ဘာကနေ ကမ္ဘာမြေကို ပြန်တဲ့ အစီအရင်ကို တည်ဆောက်နိုင်တာလား”ထန်ရှုက အံ့အားသင့်စွာနှင့် မေးလိုက်သည်။
မီးချီလင်က ခေါင်းညိတ်လိုက်သည်။ သို့သော် ခဏကြာပြီးနောက် သူက သူ့အတွေးအား ထန်ရှုထံ ထပ်ပို့လိုက်၏ “ကမ္ဘာမြေပေါ်မှာ နေရာလပ်အစီအရင်တစ်ခုရှိပေမယ့် အဲဒါက ထိခိုက်ပျက်ဆီးနေတယ်၊ ဒါကြောင့် ငါ အဲဒါကို ပြန်ပြင်ရမယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာပြီ၊ အဲဒါကို ဘယ်လိုပြန်ပြင်ရမလဲဆိုတာ ငါ့မှာ နည်းလမ်းမရှိဘူး”
ကျေနပ်ဝမ်းသာသောအကြည့်တစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် လက်သွား၏။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “နောက်ကျရင် ခင်ဗျားကို ကူညီပြီး နေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို ကျုပ် ပြင်ပေးမယ်။ စိတ်ချပါ၊ ကျုပ်က အစီအရင်မှာ အတော်လေးကျွမ်းကျင်သူတစ်ယောက်ပါ။ အင်မော်တယ်ကမ္ဘာမှာဆိုရင် အင်မော်တယ်အနည်းငယ်လောက်သာ ကျုပ်ထက် အဲကဏ္ဍမှာ ပိုအားကောင်းတာ။ ဟုတ်ပြီလေ၊ ပြောတာတွေ ရပ်ပြီး နတ်ဆိုးသားရဲတွေကို သတ်ဖို့ ကျုပ်တို့တွေ ပူးပေါင်းကြတာပေါ့”
မီးချီလင်က တုံ့ဆိုင်းမနေဘဲ သွေးမိစ္ဆာဘုရင်ထံ ပျံသန်းလာသည်။ သို့သော် ၎င်းက ထန်ရှုထံ အတွေးထပ်ပို့လိုက်ပြန်၏ “မင်း ဒီအကောင်ကို သတ်လို့မရဘူး၊ ချိတ်ပိတ်လို့ပဲ ရမှာ။ ဒီနတ်ဆိုးသားရဲက အရမ်းသန်မာတယ်၊ ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့်လောက် မရိုးရှင်းဘူး။ ငါ ထင်တာ မှန်ရင် ဒီကောင်က ငါနဲ့ အခြေအနေအတူတူပဲ၊ သူ့ရဲ့အမှန်တကယ်ကျင့်ကြံခြင်းက ပြီးပြည့်စုံသောရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိနေတာ ဖြစ်ရမယ်”
ရှူး…
ထန်ရှုက လေအေးတို့ ရှုရှိုက်သွင်းလိုက်မိသည်။ မီးချီလင်ပြောသည်က အမှန်ဆိုလျှင် ထိုနတ်ဆိုးသားရဲအား သတ်ရန် အရမ်းခက်ခဲပေလိမ့်မည်။
“ဒါပေမယ့် ဒီကောင်က ကပ်ဘေးတစ်ခုပဲ၊ ငါတို့မှာ ရွေးချယ်စရာမရှိဘူး၊ သူ့ကို သတ်ရမှာပဲ၊ မီးချီလင်။ ဒါပေမယ့် စိတ်ချပါ၊ ကျုပ်တို့က သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေနိုင်ရင် သူ့ကို သတ်ဖို့ နည်းလမ်းတွေ ကျုပ်မှာ ရှိပါတယ်”သွေးမိစ္ဆာဘုရင်ထံ ပြေးသွားရင်း ထန်ရှုက မီးချီလင်ထံ သူ့အဖြေအား ပို့လိုက်သည်။
“ကောင်းပါပြီ…”
မီးချီလင်က ဘာမှ ထပ်မပြောတော့ဘဲ နတ်ဘုရားစွမ်းရည်အမျိုးမျိုး ထုတ်ဖော်ခဲ့သည်။ ၎င်းက ထန်ရှု၊ ရွှယ်ယု၊ ဟန်ကျင်းဝူတို့နှင့် ပူးပေါင်းကာ သွေးမိစ္ဆာဘုရင်အား ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့၏။ လက်ရှိတွင် ထန်ရှုက အဆင့်ချိုးဖြတ်ထားပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် ညီမျှနေသော်လည်း သူ၊ ရွှယ်ယုနှင့် ဟန်ကျင်းဝူတို့၏ပေါင်းစပ်စွမ်းအားက အနည်းငယ်နိမ့်ကျနေသေး၏။
သို့သော် သူတို့သုံးယောက်၏အားဖြည့်လာမှုနှင့်အတူ သွေးမိစ္ဆာဘုရင်က ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနတ်ဆိုးသားရဲက ၎င်းအား ကူညီချင်သော်လည်း ၎င်းကိုယ်တိုင်က အခြေတည်စိတ်ဝိညာဉ်အဆင့်လူသားကျွမ်းကျင်သူများ၏ဝိုင်းရံခြင်းကို ခံထားရ၏။
အချိန်က တရွေ့ရွေ့နှင့် နှစ်နာရီကြာပြီးနောက် သွေးမိစ္ဆာဘုရင်က ဆိုးဆိုးဝါးဝါးရိုက်နှက်ခံနေရသည်။ ၎င်း၏အရှိန်အဝါက စက္ကန့်နှင့်အမျှ ပိုအားနည်းလာသည်။ ထန်ရှု၊ ဟန်ကျင်းဝူနှင့် ရွှယ်ယုတို့ကိုယ်တိုင်က စွမ်းအားအများကြီး သုံးစွဲထားပြီး သူတို့၏အစစ်အမှန်စွမ်းအင်အဆီအနှစ်က အကြာကြီးမခံတော့ပေ။
“ဟန်ကျင်းဝူ၊ ကောင်းကင်ဘုံနတ်ဆိုးရဲ့ဇီသာတေးသွားကို အသုံးပြုပါ…”
သွေးမိစ္ဆာဘုရင်မှ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုအား ရှောင်တိမ်းရင်း ထန်ရှုက ဟန်ကျင်းဝူဘေးနား၌ ထွက်ပေါ်လာ၏။
ဟန်ကျင်းဝူက ခေါင်းညိတ်လိုက်သည်၊ မီးချီလင်နှင့်ရွှယ်ယုတို့က သွေးမိစ္ဆာဘုရင်အား ထပ်မံတိုက်ခိုက်သည့်အခိုက်တွင် သူမက ကီလိုမီတာအနည်းငယ်အကွာသို့ ရုတ်တရက် ပြန်ဆုတ်လာခဲ့ပြီး လေထဲတွင် ရပ်လျက် ဇီသာအား တိုက်ရိုက်တီးခတ်လိုက်၏။
***