အမြစ်ဖြတ်ချေမှုန်းခြင်း
Vol. 77 Ch. 1073
ကောင်းကင်ဘုံနတ်ဆိုး၏ဇီတာတေးသွားက စိတ်ရှုပ်ထွေးစေပြီး ပုံရိပ်ယောင်များ ဖန်တီးသည့် ကြောက်စရာကောင်းသောပညာရပ်တစ်ခုဖြစ်၏။ တိုက်ခိုက်နေရင်း ဤနတ်ဆိုးသားရဲက အားကောင်းသောစိတ်စွမ်းအားရှိသော်လည်း ဂြိုလ်ဥပဒေသ၏ဖိနှိပ်မှုကို ခံရသဖြင့် အလွန်အားနည်းနေသည်ကို ထန်ရှုက သိလိုက်သည်။ ထိုကဲ့သို့သောအခြေအနေတစ်ခုနှင့်ဆိုလျှင် ၎င်းအား လွှမ်းမိုးရန် ဟန်ကျင်းဝူ၏ကောင်းကင်ဘုံနတ်ဆိုးဇီသာတေးသွားကို အသုံးပြုခြင်းက ပိုကောင်း၏။
မျှော်လင့်ထားသလိုပင် သွေးမိစ္ဆာဘုရင်၏လှုပ်ရှားမှုများက နှေးကွေးလာသည်။ စွမ်းအားရှင်များကြားတိုက်ပွဲတစ်ခုတွင် သေးငယ်သောသတိပေါ့လျော့မှုတစ်ခုလေးကပင် သူတို့၏ပျက်ဆီးမှုနှင့် ကြုံတွေ့စေရန် လုံလောက်သည်။ စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့်ဇီသာတေးသွားအား ဖယ်ထုတ်ရန် ကြိုးစားရုန်းကန်နေခဲ့သော်ငြား သွေးမိစ္ဆာဘုရင်၏လှုပ်ရှားမှုက ပိုပိုနှေးကွေးလာပြီး ခွန်အားက အားနည်းလာ၏။
အုံး…
မီးချီလင်က ပါးစပ်ဟလိုက်သည်။ ချစ်ချစ်တောက်နေမင်းနှင့်တူသည့် အနီရောင်ကျည်ဆံတစ်ခုအား ပစ်လွှတ်လိုက်ရာ သွေးမိစ္ဆာဘုရင်အား ထိမှန်လျှင်ချင်း ၎င်းက ပေါက်ကွဲသွား၏။ နတ်ဆိုးသားရဲက အော်ဟစ်နေချိန်တွင် ရွှယ်ယုက သူမ၏အင်မော်တယ်အား ဝှေ့ယမ်းကာ သွေးမိစ္ဆာဘုရင်၏နောက်ကျောအား ဆုတ်ဖြဲခဲ့သည်။ ဒဏ်ရာက အလွန်ပြင်းထန်ပြီး သွေးမိစ္ဆာဘုရင်က မြေပြင်ပေါ်သို့ လဲကျမတတ်ဖြစ်သွား၏။
“ဓားအသင်္ချေမူလပြောင်းပြန်…”
နတ်ဘုရားဓားအား ထိန်းချုပ်လျက် ထန်ရှုက ဓားအရိပ်ထောင်ချီအား ထုတ်လွှတ်ကာ သွေးမိစ္ဆာဘုရင်၏ခန္ဓာကိုယ်ဆီသို့ ပစ်လွှတ်လိုက်သည်။ မီးချီလင်က ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ဓားအရိပ်များက သွေးမိစ္ဆာဘုရင်၏ခန္ဓာကိုယ်အား ထိုးဖောက်သွားကာ ဒဏ်ရာရာချီ ချန်ထားခဲ့၏။
ဝူးဝူး…
သွေးမိစ္ဆာဘုရင်က မျှော်လင့်ချက်မဲ့နေသည်၊ ဓားတစ်လက်ကို အားကိုးရုံမျှနှင့် တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်အား ထိုးဖောက်နိုင်မည်ဟု ဘယ်တော့မှ မထင်ထားခဲ့ပေ။ သူ့ခန္ဓာကိုယ်တွင် ခံစစ်အကာအကွယ်အလွှာတစ်ခုရှိပြီး သန်မာသောစွမ်းအားမရှိဘဲ အင်မော်တယ်ဓားများပင် သူ့ခန္ဓာကိုယ်အား မထိုးဖောက်နိုင်သည်ကို မှတ်ထားရမည်။
‘အဲဓားက…’
သွေးမိစ္ဆာဘုရင်က အော်ညည်းရင်း တွေးလိုက်သည်။ ထို့နောက် ၎င်းက ချက်ချင်း ပြန်လှည့်ကာ ဟိမဝန္တာတောနက်ဆီသို့ ပြေးသွား၏။ သို့သော် ဆယ်ကီလိုမီတာကျော်ထိ ရောက်သွားပြီးနောက် ၎င်း၏အရှိန်အဝါက ရုတ်တရက် ကွယ်ပျောက်သွားပြီး ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
‘ဟမ်၊ ဒီကောင်က ဒီလိုပဲ သေသွားတာလား’
မြေပြင်ပေါ်တွင် လဲကျနေသည့် သွေးမိစ္ဆာဘုရင်၏ခန္ဓာကိုယ်အား မီးချီလင်က မှင်တက်စွာ စိုက်ကြည့်လိုက်၏။ ၎င်းပုံရိပ်က အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီး အလောင်းဘေးနား၌ ထွက်ပေါ်လာခဲ့သည်။
ထန်ရှုက ပြုံးနေ၏။ သူက ရှေ့တစ်လှမ်းတိုးလိုက်ရာ သွေးမိစ္ဆာဘုရင်၏အလောင်းအရှေ့၌ ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဘုရားဓားက သွေးမိစ္ဆာဘုရင်၏ခန္ဓာကိုယ်အား ရှစ်ပိုင်းပိုင်းပြီး အားလုံးအား သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်၏။
မီးချီလင်က ထန်ရှုအား ဒေါသတကြီး စိုက်ကြည့်ကာ မာန်ဖီလိုက်သည် “ငါ့ကို ဒီနတ်ဆိုးသားရဲရဲ့နတ်ဆိုးအမြုတေပေးပါ”
“မဟုတ်ဘူးလေ၊ ခင်ဗျားက အစီအရင်ကို ပြင်ဖို့အတွက် နတ်ဆိုးအမြုတေတွေ အသုံးပြုနေတာမလား” ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ကျုပ် အဲဒါကို ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် နတ်ဆိုးအမြုတေတွေက ကျုပ်အတွက် အရမ်းအရေးကြီးတယ်၊ ဒါကြောင့် ဒီတစ်ခုလဲ ခင်ဗျားကို ပေးလို့မရဘူး။ ပြောရမယ်ဆိုရင် ခင်ဗျားရဲ့ရည်ရွယ်ချက်က နေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးပြီး အင်မော်တယ်ကမ္ဘာကို ပြန်ဖို့ပဲမလား”
“ဟမ်။ ဟုတ်တယ်။ ငါ အင်မော်တယ်ကမ္ဘာကို ပြန်ချင်တယ်”မီးချီလင်က နှာခေါင်းရှုံ့လိုက်သည် “ငါ ဒီကမ္ဘာမြေမှာ ပိတ်မိနေတာ နှစ်ဆယ်မီလီယံလောက် ရှိပြီ။ ဒီနေရာမှာ နေရလွန်းလို့ ငါ ရူးတော့မယ်”
“အဲဒီနေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို ပြုပြင်ပြီးရင် ခင်ဗျား လွတ်လွတ်လပ်လပ် ထွက်ခွာနိုင်စေရမယ်လို့ ကျုပ် ကတိပေးပါတယ်”ထန်ရှုက ပြော၏ “ဒါပေမယ့် ခင်ဗျားရဲ့အားထုတ်မှု ကျဆုံးခဲ့ရင်တောင် အင်မော်တယ်ကမ္ဘာကို ပြန်ဖို့ နောက်ထပ်နည်းလမ်းတစ်ခု ကျုပ်မှာ ရှိသေးတယ်။ ဒါပေမယ့် အဲအတွက် ကျုပ် အချိန်လိုအပ်တယ်။ ဆယ်စုနှစ်တစ်ခုနှစ်ခုလောက်ပေါ့”
“မင်းမှာ အင်မော်တယ်ကမ္ဘာကို သွားဖို့ နည်းလမ်းတစ်ခုရှိတာလား”မီးချီလင်က အံ့အားသင့်စွာနှင့် မေးလိုက်သည် “မင်း ဘယ်လိုလုပ်မှာလဲ”
“ကျုပ်ရဲ့အတိဒုက္ခကို ဖြတ်ကျော်အောင်မြင်ခဲ့ရင် ကျုပ် အင်မော်တယ်ကမ္ဘာကို တက်လှမ်းနိုင်ပြီ”ထန်ရှုက ပြောလိုက်သည် “ပြီးရင် ကျုပ်လူတွေကို အင်မော်တယ်ကမ္ဘာဆီ ခေါ်သွားဖို့ နည်းလမ်းတွေ ကျုပ်မှာ ရှိတယ်”
မီးချီလင်က ထန်ရှုအား နက်နက်ရှိုင်းရှိုင်း တစ်ချက်စိုက်ကြည့်လိုက်သည်။ ထို့နောက် ၎င်းက ခေါင်းညိတ်ကာ ပြော၏ “ဒီတစ်ခါတော့ ငါ မင်း စကားကို ယုံလိုက်မယ်။ ဒါပေမယ့် ငါ့ကို စိတ်မပျက်စေနဲ့။ ဆယ်မီလီယံချီ စောင့်လာခဲ့ပြီးပြီ၊ ဆယ်စုနှစ်တစ်ခုနှစ်ခုလောက် ထပ်စောင့်ရလို့လဲ ပြဿနာမရှိတော့ပါဘူးလေ။ မင်း ငါ့ကို အင်မော်တယ်ကမ္ဘာဆီ တကယ် ပြန်ခေါ်သွားပေးနိုင်မယ်ဆိုရင် ဒီနတ်ဆိုးအမြုတေတွေကို ငါ ဂရုမစိုက်တော့ဘူး”
“
“သဘောတူတယ်”ထန်ရှုက ချက်ချင်း ပြန်ဖြေလိုက်သည်။ ကျင့်ကြံခြင်းအဆင့်တိုးမြှင့်ရန် အရင်းအမြစ်အများအပြားလိုအပ်သောကြောင့် နတ်ဆိုးအမြုတေများက သူ့အတွက် အလွန်အရေးကြီးသည်။ သူက နတ်ဆိုးအမြုတေတစ်သိန်းနီးပါးရရှိနိုင်မည်ဆိုလျှင် ချော့ချော့မွေ့မွေ့နှင့် အဆက်မပြတ် ချိုးဖြတ်နိုင်ပြီး နောက်ဆုံးတွင် အင်မော်တယ်အဆင့်ကျွမ်းကျင်သူများနှင့် ညီမျှသည့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနိုင်မည်မှာ သေချာ၏။
“ဒါဆိုရင် ကျေးဇူးပြုပြီး ဒီကျန်နေတဲ့နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ဖို့ လူသားကျင့်ကြံသူတွေကို ကူညီပေးပါအုံး၊ မီးချီလင်…”ယူဂလေ့မြို့ရှိရာဉီးတည်ဘက်သို့ လှည့်ကြည့်ပြီးနောက် ထန်ရှုက ပြောလိုက်သည်။
“ကောင်းပြီလေ”
မီးချီလင်က သာမန်မျှစွာသောလေသံဖြင့်သာ။
မီးချီလင်၊ ထန်ရှု၊ ဟန်ကျင်းဝူနှင့် ရွှယ်ယုတို့နှင့်အတူ လူသားများဘက်ခြမ်းရှိတိုက်ပွဲဒီရေက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ဟန်ကျင်းဝူက ဇီသာတေးသွားကို အသုံးပြုကာ တိုက်ခိုက်၏၊ ထန်ရှုနှင့်ရွှယ်ယုတို့က စစ်မြေပြင်ရှိနေရာတိုင်းသို့ လှည့်ပတ်သွားလာကာ နတ်ဆိုးသားရဲများအား အသက်ရိတ်သိမ်း၏။ မီးချီလင်က ပိုတောင် ကြမ်းတမ်းသည်။ ၎င်းက သိုးတစ်အုပ်ပေါ်သို့ ခုန်အုပ်နေသော ကျားတစ်ကောင်ပမာ နတ်ဆိုးသားရဲတစ်ကောင်မှ မလွတ်စေပေ။
တစ်နေ့ကုန်ပြီးနောက် ဟိမဝန္တာတောင်တန်းထဲရှိတိုက်ပွဲက အဆုံးသတ်လာခဲ့သည်။ ယခင်နတ်ဆိုးသားရဲတစ်သိန်းမှ ငါးသောင်းနီးပါး သေဆုံးခဲ့ပြီး ငါးထောင်သာ အသက်ရှင်ကျန်သည်။ ရှင်ကျန်သောနတ်ဆိုးသားရဲများက ထွက်ပြေးသွားပြီး တောနက်ထဲ၌ ခြေရာလက်ရာတစ်ခုတောင် မချန်ဘဲ ပုန်းသွားခဲ့ကြ၏။ အလားတူပင် လူသားများဘက်မှလည်း သေဆုံးမှု ကြီးမားခဲ့သည်။ ကျင့်ကြံသူအရေအတွက်ထောင်ချီမှ ရှစ်ရာသာ ကျန်တော့၏၊ တစ်ရာက မသန်မစွမ်းဖြစ်နေပြီး နှစ်ရာလောက်က ဒဏ်ရာပြင်းထန်၏။
ယာယီတပ်စခန်းတွင်။
သွမ်မုလင်က အဖွဲ့ခေါင်းဆောင်များအား ခေါ်တွေ့လိုက်သည်။ သူက အလားတူ ဒဏ်ရာစိုးရိမ်ရသော်လည်း သူ၏အခြေအနေအား လစ်လျူရှူထား၏။
“အားလုံးပဲ၊ ငါတို့တွေ ဒီနတ်ဆိုးသားရဲအုပ်ကို ချေမှုန်းခဲ့ပြီး ပုန်းနေတဲ့ထောင်အနည်းငယ်ပဲ ကျန်တော့တယ်။ လက်ရှိမှာ ငါတို့က သူတို့ကို ရှာမတွေ့သေးဘူး ဒါမှမဟုတ် လောလောဆယ် သူတို့ကို သတ်ဖို့ နည်းလမ်းမရှိဘူး။ ငါတို့ ဒီနေရာမှာပဲ ဆက်နေပြီး တောနက်ထဲကို ဝင်ပြီး ကျန်နေတဲ့နတ်ဆိုးသားရဲတွေကို အမဲလိုက်ကြမလား”
“နတ်ဆိုးသားရဲအုပ်ကို ရိတ်သိမ်းပြီးပြီ။ ကျန်နေတဲ့ထောင်အနည်းငယ်ကလဲ ပုန်းနေတယ်၊ ဟိမဝန္တာတောနက်ထဲမှာ သူတို့ကို ခြေရာခံဖို့ကလဲ မလွယ်ကူဘူး။ ဒါ့အပြင် ကျုပ်မှာ လုပ်စရာတွေအများကြီး ရှိသေးတယ်။ ဒါကြောင့် ထန်ဂိုဏ်းသားတွေ ဒီနေရာမှာ ကျန်မနေတော့ဘူး” ထန်ရှုက ခေါင်းခါကာ ပြောလိုက်သည် “ထပ်ပြောရရင် သူတို့ရဲ့စွမ်းရည်အရ ကျန်သေးတဲ့နတ်ဆိုးသားရဲတွေကို ခြေရာခံသတ်ဖြတ်ဖို့က ကျင့်ကြံခြင်းကမ္ဘာက မိတ်ဆွေအတွက် အတော်လေးလွယ်ကူမယ်လို့ ကျုပ် ထင်တယ်”
သွမ်မုလင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင်မူ ရှုံ့မဲ့နေသည်။ ဤနေရာတွင် ရှိနေသူအားလုံးထဲမှ ကျန်နေပြီး နတ်ဆိုးသားရဲများကိုသတ်ရန် သူ့အား ကူညီပေးရန်အတွက် အမျှော်လင့်ထားဆုံးလူက ထန်ရှုနှင့်ထန်ဂိုဏ်းသားများပင်။ သို့သော်လည်း ထန်ရှု၏စရိုက်အား သူ သိ၏။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူ့စိတ်အား ပြောင်းလဲရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက အကူအညီမဲ့စွာနှင့်သော ပြောနိုင်တော့သည် “ကောင်းပါပြီ၊ မင်းတို့ သွားလို့ရပါတယ်။ ကျန်နေတဲ့နတ်ဆိုးသားရဲတွေကလဲ ငါတို့ကို ခြိမ်းခြောက်မှုအများကြီး မဖြစ်စေနိုင်တော့ပါဘူး”
“ကောင်းပါပြီ။ အခြေအနေတစ်ခု ထူးတာနဲ့ ကျုပ်ကို ချက်ချင်း အကြောင်းကြားပါ” ထန်ရှုက ပြောလိုက်သည်။
သွမ်မုလင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျန်အဖွဲ့ခေါင်းဆောင်များအား မေးလိုက်သည်။ သူ၏တောင်းဆိုမှုကြောင့် ကျင့်ကြံခြင်းအဖွဲ့အများစုက နတ်ဆိုးသားရဲများအား သတ်ဖြတ်ရန်အတွက် ကျန်နေရန် ဆန္ဒရှိသည်။ စည်းလုံးခြင်းဂိုဏ်း၏အခြေတည်စိတ်ဝိညာဉ်အဆင့်ဘိုးဘေးပင် ကျန်နေလိုခဲ့သည်။ နတ်ဆိုးသားရဲအားလုံးအား အမြစ်ဖြတ်သုတ်သင်ပြီးသည့်အထိ သူမက ဤနေရာ၌ ဆက်နေအုံးမည်။
ညအမှောင်တွင် ထန်ရှုက ထန်ဂိုဏ်းသား၁၉၂ယောက်အား ဉီးဆောင်ကာ ယူဂလေမြို့မှ ထွက်လာခဲ့၏။ ဤတစ်ကြိမ်တွင် ထန်ဂိုဏ်းက ကြီးကြီးမားမား လုပ်ဆောင်ပေးခဲ့သော်လည်း သူက ဘာဆုလာဒ်မှ လက်မခံခဲ့ပေ။ သူက နဂါးကိုးကောင်ကျွန်းသို့ ပြန်ကာ တံခါးပိတ်ကျင့်ကြံရမည်။
သူတို့သွားပြီး တစ်မိနစ်အကြာတွင် ပုံရိပ်လေးငါးရိပ်က ထွက်ပေါ်လာခဲ့သည်။ သူတို့က ထန်ရှုတို့အဖွဲ့ထွက်ခွာသွားရာဉီးတည်ဘက်အား လေးစားသောအကြည့်နှင့်် ကြည့်လိုက်ကြ၏။
“ညွှန်ကြာရေးမှူးသွမ်မုလင်၊ ထန်ရှုသာမရှိရင် ဒီစစ်ပွဲကို အနိုင်ရဖို့ အရမ်းခက်ခဲလိမ့်မယ်လို့ ငါ ထင်တယ်”သက်လတ်ပိုင်းအရွယ်တာအိုသီလရှင်က လေးလံစွာ သက်ပြင်းချလိုက်သည်။
“မင်းပြောတာ အမှန်ပဲ။ သူက ကြီးမားစွာ စွမ်းဆောင်ပေးခဲ့တာပဲ”သွမ်မုလင်က ခေါင်းညိတ်ကာ ဆက်ပြော၏ “ကံမကောင်းစွာနဲ့ သူက မြင့်မားသောအဆင့်အတန်းနဲ့ ကျော်ကြားတဲ့နောက်ခံတစ်ခုရှိတာပဲ။ ပြီးတော့ သူက နာမည်ကြီးရတာကို သဘောမကျဘူး။ အဲဒါတွေက သူ့ကို ကူညီဖို့ထက် အဆင်မပြေမှုသာ ဖြစ်စေတယ်လို့ သူ ပြောခဲ့တယ်”
ဖော်ရွေဟန်ပေါက်သည့်လူအိုကြီးက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဟုတ်တယ်၊ တာအိုထန်က ငယ်ငယ်လေးရှိအုံးမှာ၊ ဒါပေမယ့် သူက ဒီလိုပြောင်မြောင်တဲ့ခွန်အားရှိတယ်။ ဒါ တကယ်ထိတ်လန့်စရာပဲ။ လက်ရှိမှာ ဒီထန်ဂိုဏ်းနဲ့ ပတ်သက်ပြီး ငါ အတော်လေး သိချင်တယ်။ ဘယ်လိုလုပ်ပြီး ကျင့်ကြံခြင်းဂိုဏ်းတစ်ခုက ဒီလောက်များတဲ့ပါရမီရှင်တွေကို လေ့ကျင့်ပေးနိုင်ရတာလဲ”
“ထန်ဂိုဏ်းအကြောင်းစုံစမ်းဖို့ ဘာအတွေးမှ မရှိဖို့ ငါ အကြံပေးချင်တယ်၊ အကြီးအကဲ”သွမ်မုလင်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူက အဲဒါကို ရှာတွေ့သွားရင် ထန်ရှုက မင်းကို ရန်ရှာလိမ့်မယ်”
ဖော်ရွေဟန်ပေါက်သည့်လူအိုကြီးက ခေါင်းခါယမ်းလျက် ပြုံးကာ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့။ ငါ အရမ်း သိချင်တယ်ဆိုပေမယ့် ထန်ဂိုဏ်းအကြောင်း စုံစမ်းဖို့ လူတွေ မလွှတ်ပါဘူး။ ပြီးတော့ ဒီဂိုဏ်းမှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်တောင် ရှိတာလေ။ ငါက အသက်ကြီးပေမယ့် ဉီးနှောက်ကောင်းပါသေးတယ်”
****
နောက်တစ်နေ့နေ့လည်ခင်းတွင် ထန်ရှုနှင့်ထန်ဂိုဏ်းသားများက ကျင်းမန်ကျွန်းသို့ ရောက်ရှိလာသည်။ နဂါးကိုးကောင်ကျွန်းအား မထုတ်ဖော်ပြလိုသောကြောင့် ထာဝရခန်းမ၏ဌာနချုပ်တွင်သာ ယာယီနေရန် ဆုံးဖြတ်ခဲ့သည်။
“ဆရာအဘိုး”ထန်အန်းက ထန်ရှုဘေးနား၌ တိတ်တဆိတ်ထွက်ပေါ်လာပြီး ရိုသေလေးစားစွာ တင်ပြလိုက်သည် “ငါတို့ စုံစမ်းခဲ့ပြီးပြီ။ ငါတို့နောက်,နောက်ယောင်ခံလိုက်လာတဲ့အဖွဲ့ခြောက်ဖွဲ့ရှိတယ်။ ငါတို့မသိတဲ့အဖွဲ့နှစ်ဖွဲ့ရဲ့ဇာစ်မြစ်ကလွဲပြီး အခြားလေးဖွဲ့ကို စစ်ဆေးဖော်ထုတ်ပြီးပြီ။ သူတို့အားလုံးက ကျင့်ကြံခြင်းကလန်အချို့ကပဲ။ ဒါပေမယ့် သူတို့က ငါတို့အပေါ် သတ်ဖြတ်လိုစိတ်မရှိပုံရတယ်””
“ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါပဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ငါတို့ထန်ဂိုဏ်းသားတွေက ဒီအရေးမှာ ကောင်းကောင်းလုပ်ဆောင်ခဲ့တယ်လေ၊ သူတို့လူတွေ လွှတ်ပြီး စုံစမ်းခိုင်းတာ လူ့သဘာဝပါပဲ။ ဒါကြောင့်ပဲ ငါတို့တွေ နှိမ့်နှိမ့်ချချနေရတာပဲ”
“ဒါဆို အဲဒီခြေရာခံလိုက်နေတဲ့ကောင်တွေကို သတ်လိုက်ရမလား”တုံ့ဆိုင်းပြီးနောက် ထန်အန်းက မေးလိုက်သည်။
“မလိုဘူး။ သူတို့ကို ဒီအတိုင်း လွှတ်ထားလိုက်ပါ”ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ဘာပဲပြောပြော အသက်ရှင်လျက်ကျန်နေတဲ့သူတွေက လူသားမျိုးနွယ်ရဲ့သူရဲကောင်းတွေပဲလေ။ နဂါးကိုးကောင်ကျွန်း မထုတ်ဖော်ခံရသရွေ့ သူတို့ကို လစ်လျူရှူထားလိုက်ပါ။ ထန်အန်း၊ သူတို့ကို အဝေးကို မောင်းထုတ်ဖို့ ထန်ကွမ်းကို ပြောလိုက်ပါ”
“ကောင်းပါပြီ၊ ဆရာအဘိုး…”ထန်အန်က ခေါင်းညိတ်ကာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခဲ့၏။
ရုတ်တရက် လေတစ်ဝှေ့က ထန်ရှုနေထိုင်ရာအခန်းတံခါးအား တွန်းဖွင့်လိုက်သည်။ မျက်နှာပြုံးလျက် ရွှယ်ယုက ထန်ရှုအရှေ့၌ ထွက်ပေါ်လာ၏။ သူမက တံခါးပိတ်ကျင့်ကြံခဲ့ပြီး ထိုအရာက သူမအတွက် ရာစုနှစ်တစ်ခုလိုပင်။ သူမခွန်အားက တစ်နေ့ပြီးတစ်နေ့ တိုးတက်လာသော်လည်း သေရေးရှင်ရေးတစ်ခုကြုံတိုင်း ထန်ရှုအား အမြဲသတိရနေခဲ့သည်။
နောက်ဆုံးတွင် သူမက ထန်ရှုအား တွေ့ခဲ့ရသော်လည်း နတ်ဆိုးသားရဲပြဿနာကြောင့် သူနှင့်အတူ ရှိရန် အချိန်မရှိခဲ့ပေ။
“ကျွန်မ ရှင့်ကို သတိရနေတယ်ဆိုတာ ရှင် သိရဲ့လား”ရွှယ်ယုက ထန်ရှု၏ရင်ခွင်ထဲသို့ ဝင်လာ၏။
သူမ၏ခံစားချက်အစစ်အမှန်အား ခံစားမိကာ ထန်ရှုက ရင်ထဲ၌ အနည်းငယ် ထိသွားသည်။ သူက ပြုံးကာ သူမအား ပွေ့ဖက်လိုက်သည် “ဒါနဲ့ ယန်အာက မင်းကို အနိုင်ကျင့်သေးလား။ သူမက မင်းကို အဲဒီအစီအရင်တွေ့ကြုံခံစားရအောင် လုပ်မယ်လို့ ငါ မထင်ထားဘူး”
“အာ၊ မဟုတ်ဘူး၊ မဟုတ်ဘူး”ရွှယ်ယုက ကမန်းကတန်း ရှင်းပြလိုက်သည် “သူမက ငါ့အပေါ် အရမ်းကောင်းတာ”
***