← Chapters

ဂိုဏ်း၏လျှို့ဝှက်သမိုင်းကြောင်း

Vol. 77 Ch. 1075

ဂိုဏ်း၏လျှို့ဝှက်သမိုင်းကြောင်း

Vol. 77 Ch. 1075

သူ၏ယခင်ဘဝတွင်ဖြစ်စေ၊ လက်ရှိဘဝတွင်ဖြစ်စေ၊ ထန်ရှုက ကိစ္စရပ်များအား ခွဲခြမ်းစိတ်ဖြာရာ၌ အတော်လေးကျွမ်းကျင်သည်။ ကမ္ဘာမြေသို့ ပြန်ရောက်လာပြီးကတည်းက သူ၏EQနှင့် လူတွေ၏ရည်ရွယ်ချက်နှင့်အပြုအမူများအပေါ်တုံ့ပြန်သောနည်းလမ်းများက အလွန်တိုးတက်လာသည်။ စိတ်ခံစားချက်များနှင့်ဆက်စပ်သည့်ကိစ္စရပ်များအား သူ နားမလည်နိုင်သေးသော်လည်း အနည်းဆုံး သူ့စိတ်အခြေအနေအား အများကြီး မသက်ရောက်တော့ပေ။ ထပ်ပြောရလျှင် ကျင်းမန်ကျွန်းတွင် သူ နေရသည့် အခြားအကြောင်းပြချက်များလည်း ရှိ၏၊ အကြောင်းပြချက်က တောင်ဘက်ရေပိုင်နက်ထဲရှိကျွန်းနှစ်ကျွန်းနှင့်ပတ်သက်သောကိစ္စရပ်များကြောင့်ပင်။

ကျွန်းနှစ်ကျွန်းထဲမှတစ်ခုက သားရဲရိုင်းများ မွေးမြူရန်အသုံးပြုပြီး အခြားတစ်ခုက ဆေးပင်များစိုက်ပျိုးရန်အတွက်ဖြစ်၏။

ဤကိစ္စရပ်နှစ်ခုစလုံးက ညီတူမျှတူ အရေးကြီးသည်။ သူ ပျိုးထောင်ထားသည့်ကလေးများက အနာဂတ်တွင် ကြီးပြင်းလာပြီး ပိုအားကောင်းလာပေလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံခြင်းအရင်းအမြစ်များစွာ လိုအပ်လာမည်မှာ‌ သေချာသည်။ကမ္ဘာမြေပေါ်ရှိအရိုင်းပင်များကိုသာ အားကိုးနေလျှင် သူက ကျင့်ကြံခြင်းအရင်းအမြစ်များ ရှားပါးလာမည်မှာ သံသယရှိစရာမလိုပေ။

ရုတ်တရက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အတွေးရပ်လိုက်ပြီး သူ့မျက်လုံးများက တောင်ဘက်ရေပိုင်နက်ထဲသို့ ပြောင်းရွှေ့သွား၏။ ထိုဉီးတည်ဘက်မှ ရည်ရွယ်ချက်ရှိရှိထုတ်လွှတ်နေသော အရှိန်အဝါတစ်ခုအား သူ အာရုံခံနိုင်သည်။ စက္ကန့်အနည်းငယ်မျှသာ ဖြစ်သော်လည်း သူက တောင်ဘက်သို့ ပျံသန်းရန် ရွေးချယ်လိုက်၏။

“ထန်ရှု”

ရွှယ်ယုလည်း ထိုအရှိန်အဝါအား အာရုံခံမိကာ သူမ၏အင်မော်တယ်ဓားအပေါ် စီးနင်းလျက် သူ့နောက် လိုက်လာ၏။

“မင်းလဲ အဲဒါကို အာရုံခံမိတာလား”ထန်ရှုက မေးလိုက်သည်”အဲဒါက အနည်းငယ်ရင်းနှီးနေတယ်လို့ မင်း မထင်ဘူးလား”

“မသိဘူး”ရွှယ်ယုက ခေါင်းခါလိုက်၏။

ထန်ရှုက စိတ်ထဲ၌သာ သက်ပြင်းချလိုက်သည်။ တကယ်တမ်းတော့ ရွှယ်ယုက အင်မော်တယ်ကမ္ဘာကဲ့သို့ရက်စက်ကြမ်းကြုတ်သောနေရာတစ်ခု၌ ရုန်းကန်မှုမျိုးကို မတွေ့ကြုံဖူးပေ။ သူမက ကောင်းကင်ဘုံသားများ၊ အင်မော်တယ်များ၊ နတ်ဆိုးများနှင့် မတိုက်ခိုက်ဖူးပေ၊ ထို့ကြောင့် အခြားသူများ၏အရှိန်အဝါအား အာရုံခံနိုင်သော သူမ၏စွမ်းရည်က အလွန်အားနည်းသည်၊ သူကမူ ထိုအရှိန်အဝါအား အာရုံခံမိလျှင်ချင်း ဘယ်သူလာသည်ကို သိ၏။

ပင်လယ်ပြင်အထက်၌ လှိုင်းများက သည်းထန်စွာ ဂယက်ထနေသည်။ သို့သော် မီးလျှံတစ်ခုက ပင်လယ်အပြင်အထက်၌ လောင်ကျွမ်းတောက်လောင်နေ၏။

ကောင်းကင်သို့ ခပ်မြင့်မြင့်ပျံသန်းပြီးနောက် ထန်ရှုနှင့်ရွှယ်ယုက ပင်လယ်မျက်နှာပြင်အထက် ဆယ်ကီလိုမီတာ၌ ထွက်ပေါ်လာသည်။ ထို့နေရာတွင် သူတို့အား ကြည့်နေသော မီးချီလင်အား မြင်လိုက်ရ၏။

“မင်း လာပြီပေါ့”

မီးချီလင်က ရွှယ်ယုအား မကြည့်ခဲ့၊ သူ့မျက်လုံးများက ထန်ရှုပေါ်တွင်သာ၊ နတ်ဘုရားအာရုံကို အသုံးပြုလျက် ထန်ရှုထံ အသံပို့လိုက်၏။

“ခင်ဗျား မကြာခင် ရောက်လာမယ်ဆိုတာ ကျုပ် သိပါတယ်၊ မီးချီလင်”ထန်ရှုက ပြုံးကာ ပြော၏ “ဒါပေမယ့် ဒီလောက်မြန်မြန် ကျုပ်ကို လာရှာမယ်လို့တော့ မထင်ထားခဲ့ဘူး။ ဒါနဲ့ ကျုပ် အရမ်းသိချင်နေတာတစ်ခုရှိတယ်။ ခင်ဗျားရဲ့ဇာစ်မြစ်က အတိအကျဘာလဲ။ နတ်ဆိုးသားရဲတွေနဲ့ ကျုပ်တို့ တိုက်ခိုက်တုန်းက ဘာလို့ ခင်ဗျားက လူသားတွေဘက်က ပါဖို့ ရွေးချယ်ခဲ့ရတာလဲ”

“မင်းလဲ တချို့တလေ ခန့်မှန်းမိပြီဆိုပေမယ့် ငါ့ရဲ့ဇာစ်မြစ်ကို မင်း သိဖို့ လိုမယ်လို့တော့ ငါ မထင်ဘူး။ ဒါ့အပြင် ငါက အင်မော်တယ်ကမ္ဘာကို ပြန်ဖို့ လိုအပ်တယ်၊ ငါက အဲဒီနေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို လိုအပ်တယ်လို့ ဆိုလိုတာပဲ။ လူသားတွေရခဲ့တဲ့နတ်ဆိုးအမြုတေအားလုံးက မင်းဆီမှာပဲ။ ငါ တစ်ခုတစ်လေတောင် မရခဲ့ဘူးလေ”မီးချီလင်၏ခန္ဓာကိုယ်က မီးလျှံတို့ ဖုံးလွှမ်းနေပြီး အပူချိန်မြင့်မားလွန်းသဖြင့် ပတ်ဝန်းကျင်ပင်လယ်ပြင်၏အပူချိန်ကိုပင် တိုးစေခဲ့သည်။ မီးချီလင်ရပ်နေသည့်ပင်လယ်မျက်နှာပြင်က ဆူပွက်နေပြီး ငါးများ၊ ပုစွန်ဆိတ်များက ချက်ပြုတ်ထားသည့်အလား ပင်လယ်မျက်နှာပြင်အထက်၌ ပေါလောပေါနေတော့၏။

“အင်မော်တယ်ကမ္ဘာကို ခင်ဗျား ပြန်ချင်တယ်ဆိုတာ ကျုပ် သိပြီးသားပါ။ မီးချီလင်”ထန်ရှုက ပြန်ပြော၏ “ဒါပေမယ့် ကျုပ် ခင်ဗျားကို ပြောခဲ့သလိုပဲ၊ ကျုပ်မှာ ခင်ဗျားကို အဲနေရာဆီ ခေါ်သွားဖို့ နည်းလမ်းတစ်ခုရှိတယ်၊ ဒါပေမယ့် အခုတော့ မဟုတ်ဘူးပေါ့။ ဒီနေရာမှာ မပြီးမြောက်သေးတဲ့လုပ်စရာတွေအများကြီးရှိတယ်လို့ ကျုပ် ပြောခဲ့ပြီးသားမလား၊ ပြီးတော့ ကျုပ်စွမ်းအားကလဲ အင်မော်တယ်အဆင့်ကို မချိုးဖြတ်ရသေးဘူး။ ဒါကြောင့် ခင်ဗျားအနေနဲ့ စိတ်ရှည်ရှည်နဲ့ ကျုပ်ကို စောင့်နေဖို့ လိုအပ်တယ်။ ကျုပ် အင်မော်တယ်ကမ္ဘာကို တက်တဲ့အချိန်ကျရင် ခင်ဗျားကို အကြောင်းကြားမှာပါ။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ”မီးချီလင်က မေးလိုက်သည်။

“အင်မော်တယ်ကမ္ဘာကို ဝင်ရောက်ဖို့ အရမ်းခက်ခဲတယ်ဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်း သိသင့်တယ်”ထန်ရှုက သာမန်မျှစွာ ပြောလိုက်သည် “လိုအပ်တဲ့စွမ်းအင်က ကြီးမားပြီး လုပ်ငန်းစဉ်က အန္တရာယ်တွေ ပွထနေတာ၊ ဒါကြောင့် အင်မော်တယ်ကမ္ဘာက ခင်ဗျားရဲ့အခြေအနေနဲ့ ခင်ဗျား ဘာလို့ ကမ္ဘာမြေကို လာခဲ့သလဲဆိုတာ မရှင်းပြရင် ကျုပ်အနေနဲ့ ခင်ဗျားကို ယုံကြည်ဖို့ အရမ်းခက်ခဲလိမ့်မယ်”

မီးချီလင်က နှုတ်ဆိတ်သွားသည်။ ထန်ရှုပြောသည်မှာ မှန်ကန်မှန်း သူ သိ၏၊ သို့သော် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအား အပြင်လူထံ ပြောပြရန် တွန့်ဆုတ်နေသေးသည်။ သို့သော် အင်မော်တယ်ကမ္ဘာသို့ ပြန်ရန်အတွက် ဤလူသားအား အနည်းငယ်ပြောပြရန် ဆုံးဖြတ်ခဲ့၏။ “ငါက အင်မော်တယ်ကမ္ဘာက ဂိုဏ်းတစ်ခုရဲ့အစောင့်အရှောက်အင်မော်တယ်သားရဲပဲ။ ငါ့ရဲ့အဆင့်အတန်းက အခြားအစောင့်အရှောက်သားရဲလေးကောင်ဖြစ်တဲ့မိုးပြာနဂါး၊ ဟင်္သာငှက်၊ ကျားဖြူ၊ လိပ်နက်တို့နဲ့ အတူတူပဲ။ ဒီအင်မော်တယ်ဂိုဏ်းရဲ့တည်ထောင်သူက ကမ္ဘာမြေသားတစ်ယောက်ပဲ၊ ဒါကြောင့် သူ နတ်ဘုရားကမ္ဘာကို တက်လှမ်းတော့မယ့်အချိန်မှာ တန်ပြန်ရေးအစီအမံအချို့ကို ချန်ထားခဲ့တယ်။ သူ့မွေးဖွားရာဖြစ်တဲ့ဒီကမ္ဘာမြေက ကြီးမားတဲ့အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူ ခံစားမိတယ်၊ ဒါကြောင့် ဒီဂြိုလ်ကို ကာကွယ်ဖို့အတွက် ငါ၊ မိုးပြာနဂါး၊ ဟင်္သာငှက်၊ ကျားဖြူနဲ့လိပ်နက်တို့က ဒီနေရာကို ရောက်လာခဲ့တာပဲ”

ထန်ရှု၏အသားအရောင်က ပြောင်းသွားပြီး သူက နက်ရှိုင်းသောလေသံနှင့် ပြောလိုက်၏ “ဒါ မဖြစ်နိုင်တာပဲ။ အင်မော်တယ်ကမ္ဘာက မိုးပြာနဂါးဂိုဏ်း၊ ကျားဖြူဂိုဏ်းနဲ့ လိပ်နက်ဂိုဏ်းတို့က လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းလောက်က ပျောက်ကွယ်သွားခဲ့တာကြာပြီ။ ပြီးတော့ အသင်္ချေလျှို့ဝှက်စံအိမ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်တမ်းတွေ တစ်ခုမှမရှိဘူး။ ခဏက ခင်ဗျား ပြောခဲ့သလို ဟင်္သာငှက်ဂိုဏ်းနဲ့ဆက်စပ်တဲ့ဒီလိုအရာတွေ မရှိဘူး”

မီးချီလင်၏အရှိန်အဝါက ရုတ်တရက် မြင့်တက်သွားသည်။ သူ့မျက်လုံးများက ထန်ရှုထံမှ မရွေ့ဘဲ သူ့အတွေးအား ပို့ကာ အော်လိုက်၏ “မင်းက အတိအကျ ဘယ်သူလဲ။ ဘာလို့ မင်းက အင်မော်တယ်ကမ္ဘာက ကိစ္စရပ်တွေနဲ့ အဲဒီဂိုဏ်းကြီးလေးဂိုဏ်းအကြောင်း သိနေရတာလဲ”

ထန်ရှုက သူ၏ကိုယ်ပိုင်အရှိန်အဝါအား ထုတ်လွှတ်ကာ မီးချီလင်၏ဖိအားအား ခုခံလိုက်သည်။ သူက အေးစက်စွာ ပြောလိုက်၏ “ခင်ဗျားက အရမ်းအားကောင်းတယ်ဆိုတာ ကျုပ် သိပါတယ်၊ မီးချီလင်။ ဒါပေမယ့် ကျုပ် ခင်ဗျားကို ကြောက်နေမယ်လို့ မထင်နဲ့နော်။ ကျုပ်အတွက် ခင်ဗျားကို သတ်ဖို့က အရမ်းလွယ်တယ်။ ခင်ဗျားက နောက်ထပ်ဒုက္ခမဖြစ်ချင်ရင် ခင်ဗျားရဲ့အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပါ”

ပြောနေရင်း သူက ဘယ်လက်မြှောက်ကာ ကြယ်ဝါးမျိုအင်းဆက်အား ထုတ်လိုက်၏၊ ၎င်းက ပျံသန်းလာပြီး သူ့ပခုံးပေါ်တွင် နားနေလိုက်သည်။

မီးချီလင်က ပထမတော့ မသိခဲ့ပေ။ သို့သော် ကြယ်ဝါးမျိုအင်းဆက်က ထန်ရှု၏ပခုံးပေါ် ရောက်လာချိန်တွင် ၎င်းက အော်လိုက်၏ “ဟာ၊ ရွံစရာကောင်းတဲ့ကြယ်ဝါးမျိုအင်းဆက်ပဲ။ ဘယ်လိုလုပ်ပြီး ဒီမျိုးနွယ်စုက မျိုးမတုန်းသေးတာလဲ”

မီးချီလင်က ကြယ်ဝါးမျိုအင်းဆက်အား ကြောက်နေသည်ကို ထန်ရှုက ပြောနိုင်၏။ ထို့နောက် သူက စိတ်မဝင်စားစွာ ပြောလိုက်သည် “ကြယ်ဝါးမျိုအင်းဆက်နဲ့ပတ်သက်တာကို ဘေးဖယ်ထားရအောင်။ အခု ပြောကြတာပေါ့။ ခင်ဗျားရဲ့ဇာစ်မြစ်က ဘာလဲ”

“သိတာများလွန်းရင် မင်းကို မြှုပ်နှံစရာနေရာမရှိဘဲ သေစေလိမ့်မယ်”မီးချီလင်က ခေါင်းခါယမ်းကာ ထပ်ပြော၏ “ငါက အင်မော်တယ်ကို ပြန်ချင်ရုံပါပဲ။ ငါက မင်းအပေါ် ဘာသတ်ဖြတ်လိုစိတ်မှ မရှိဘူး။ ငါ့ကို ဖြေဖို့ ဖိအားမပေးနဲ့၊ မင်းကို ကြယ်ဝါးမျိုအင်းဆက်က ကာကွယ်ထားရင်တောင် ငါက မင်းကို ဆုတ်ဖြဲနိုင်သေးတယ်”

ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။ မီးချီလင်က စိတ်ဆုံးဖြတ်ထားမှန်း သူ ပြောနိုင်၏။ အရိုးသားဆုံးပြောရရင် ဤမီးချီလင်က သူ၏သိလိုစိတ်အား နိုးဆွပေးခဲ့သည်၊ သူ သိချင်သည်အား မသိနိုင်လျှင် သူက ရက်အနည်းငယ်ကြာသည့်အထိ ကောင်းကောင်းအိပ်ပျော်မည့်မဟုတ်ပေ။

ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားပြီး သူက မီးချီလင်ထံ

မီးချီလင်က ထန်ရှု၏လက်ဟန်များအား သေချာစိုက်ကြည့်နေခဲ့သည်။ ၎င်း၏အရှိန်အဝါက ထပ်မံပြင်းထန်သွားပြီး ၎င်းက အကြိမ်အနည်းငယ် ဟိန်းလိုက်၏။ ထို့နောက် ၎င်းက အားပါးတရရယ်လိုက်လေသည် “မင်းက မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းရဲ့တပည့်တစ်ယောက်မလား။ ဒါ တကယ် မမျှော်လင့်ထားခဲ့တာပဲ။ ဟားဟားဟား… ငါ့ဂိုဏ်းရဲ့တပည့်တစ်ယောက်နဲ့ ငါ တွေ့နေရတာပဲ။ ငါ၊ မီးချီလင် အရမ်းဝမ်းသာတယ်။ ဒါက မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းက မပျက်ဆီးသေးဘူးလို့ သက်သေပြတာပဲ”

“ဟမ့်၊ ခင်ဗျားက ဘာဆိုလိုတာလဲ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

မီးချီလင်က ၎င်း၏အရှိန်အဝါအား ပြန်ရုတ်သိမ်းကာ ထန်ရှုနား ကပ်လာလျက် ပြောလိုက်၏ “လွန်ခဲ့တဲ့နှစ်တစ်သိန်းလောက်က သားရဲငါးနွယ်ဂိုဏ်းက အင်မော်ကမ္ဘာရဲ့အားအကောင်းဆုံးဂိုဏ်းဖြစ်ခဲ့တယ်။ ဂိုဏ်းကို ငါ့ဆရာသခင်က တည်ထောင်ခဲ့တာပဲ။ အင်မော်တယ်ကမ္ဘာ၊ မွန်းစတားကမ္ဘာ၊ နတ်ဆိုးကမ္ဘာ၊ စိတ်ဝိညာဉ်ကမ္ဘာ၊ မြေအောက်ကမ္ဘာစသဖြင့် အကုန်လုံးက ဖိတ်ဖိတ်တုန်အောင်ကြောက်လန့်ခဲ့ရတဲ့ဂိုဏ်းတစ်ခုပဲ။ ငါ့ဆရာသခင်ဧကရာဇ်ချင်က မျိုးနွယ်စုအသင်္ချေကို အုပ်စိုးခဲ့တဲ့ အာဏာရှင်တစ်ယောက်ပဲ။ သူက အစစ်အမှန်နတ်ဘုရားတွေထက်တောင် မနိမ့်ကျဘူးလို့ အချို့က ပြောကြတယ်”

“ဒါ အဓိပ္ပါယ်မရှိတာပဲ”ထန်ရှုက ငေါက်ဆတ်ဆတ် ပြောလိုက်သည် “ဧကရာဇ်ချင်က တကယ်ကို မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းရဲ့တည်ထောင်သူဖြစ်ပေမယ့် ဂိုဏ်းနာမည်က ခင်ဗျားပြောခဲ့သလို သားရဲငါးနွယ်ဂိုဏ်းမဟုတ်ဘူး”

“ငါ့စကားကို ဆုံးအောင် ပြောပါရစေအုံး။ မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းရဲ့ဇာစ်မြစ်ကို မင်း သိမှာပါ”မီးချီလင်က ခေါင်းခါယမ်းကာ ဆက်ပြော၏ “လွန်ခဲ့တဲ့နှစ်တစ်သိန်းတုန်းက သားရဲငါးနွယ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ အားအကောင်းဆုံးဂိုဏ်းဖြစ်ခဲ့တယ်၊ ကျန်တဲ့ဂိုဏ်းအားလုံးက ကြောက်ရတဲ့တည်ရှိမှုဖြစ်ခဲ့တယ်။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်က နတ်ဘုရားကမ္ဘာကို မတက်ခင်မှာ သူက သားရဲငါးနွယ်ဂိုဏ်းကို မြင့်မြတ်ချီလင်ဂိုဏ်း၊ မြင့်မြတ်မိုးပြာနဂါးဂိုဏ်း၊ မြင့်မြတ်ဟင်္သာငှက်ဂိုဏ်း၊ မြင့်မြတ်ကျားဖြူဂိုဏ်းနဲ့ မြင့်မြတ်လိပ်နက်ဂိုဏ်းဆိုပြီး ဂိုဏ်းငါးဂိုဏ်းအဖြစ် ခွဲထုတ်ခဲ့တယ်”

“ငါက မြင့်မြတ်ချီလင်ဂိုဏ်းရဲ့အစောင့်အရှောက်သားရဲဖြစ်ပြီး မိုးပြားနဂါး၊ ဟင်္သာငှက်၊ ကျားဖြူနဲ့ လိပ်နက်တို့က သူတို့ရဲ့သက်ဆိုင်ရာဂိုဏ်းအသီးသီးရဲ့အစောင့်အရှောက်သားရဲတွေပေါ့။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင် နတ်ဘုရားကမ္ဘာကို တက်သွားပြီးနောက် ဂိုဏ်းငါးဂိုဏ်းက သူတို့ရဲ့အထောက်အပံ့ဖြစ်တဲ့ အသန်မာဆုံးအန္တိမအရှင်ကို ဆုံးရှုံးခဲ့ပြီး တဖြည်းဖြည်းနဲ့ အခြားဂိုဏ်းတွေက ငါတို့အပေါ် မျက်စိကျလာခဲ့တယ်လေ”

“လွန်ခဲ့တဲ့နှစ်သိန်းအနည်းငယ်လောက်မှာ ကမ္ဘာတုန်လှုပ်စရာတိုက်ပွဲတစ်ခုက အင်မော်တယ်ကမ္ဘာမှာ ဖြစ်ပွားခဲ့တယ်။ ဂိုဏ်းအမျိုးမျိုးက သားရဲငါးနွယ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်၊ အဆုံးမှာတော့ သားရဲငါးနွယ်ဂိုဏ်းက ရှုံးနိမ့်သွားပြီး သာမန်အင်မော်တယ်ဂိုဏ်းတွေအဖြစ် ကျဆင်းလာခဲ့တယ်။ နောက်ကျတော့ မြင့်မြတ်ဂိုဏ်းငါးဂိုဏ်းစလုံးက ချောင်ကျတဲ့နေရာအချို့ဆီ ပြောင်းရွှေ့ခဲ့ကြတယ်”

“ငါ အမှတ်မမှားရင် မိုးပြာနဂါး၊ ကျားဖြူနဲ့ လိပ်နက်တို့အားလုံး သေသွားခဲ့ပြီ၊ ငါနဲ့ဟင်္သာငှက်ပဲ ကျန်တော့တာ။ ဒါပေမယ့် ဆရာသခင်ညွှန်ကြားခဲ့တဲ့အတိုင်း ငါက မိုးပြာနဂါး၊ ကျားဖြူ၊ လိပ်နက်နဲ့ဟင်္သာငှက်တို့ရဲ့မျိုးဆက်တွေကို ခေါ်ပြီး ကမ္ဘာမြေပေါ်ကို ဆင်းလာခဲ့တာပဲ”

ထန်ရှုက မီးချီလင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းတွင် ဤကဲ့သို့သောပုံပြင်တစ်ပုဒ်ရှိလိမ့်မည်ဟု သူ တစ်ခါမှ အိပ်မက်မမက်ခဲ့ပေ။

“ဒါဆို အခြားမြင့်မြတ်ဂိုဏ်းသုံးခုက အခု ဘယ်မှာလဲ၊ မီးချီလင်။ သူတို့က ဘယ်နေရာကို သွားခဲ့တာလဲ။ ငါ အင်မော်တယ်ကမ္ဘာမှာ နှစ်ဆယ်သန်းကြာ နေခဲ့တယ်။ ဒါပေမယ့် မြင့်မြတ်ချီလင်ဂိုဏ်း၊ မြင့်မြတ်မိုးပြာနဂါးဂိုဏ်း၊ မြင့်မြတ်ကျားဖြူဂိုဏ်းနဲ့ မြင့်မြတ်လိပ်နက်ဂိုဏ်းတွေအကြောင်း လုံးဝမကြားခဲ့ဖူးဘူး” သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ထန်ရှုက နက်ရှိုင်းသောအသံတစ်ခုဖြင့် မေးလိုက်သည်။

“နောက်ပိုင်းအဖြစ်အပျက်တွေတော့ ငါ အများကြီး မသိဘူး”မီးချီလင်က ခေါင်းခါကာ ပြောလိုက်သည် “ကမ္ဘာမြေကို ရောက်ကတည်းက ငါတို့က ဒီဂြိုလ်ကို စောင့်ရှောက်နေခဲ့တာ။ ကမ္ဘာမြေက ပျက်ဆီးဖို့ အကြိမ်အနည်းငယ်လောက် ကြုံခဲ့ပေမယ့် ငါတို့က ကာကွယ်နိုင်ခဲ့တယ်။ တစ်ခုတော့ ဝမ်းနည်းစရာပဲ၊ ငါနဲ့အတူပါလာတဲ့မိုးပြားနဂါး၊ ကျားဖြူ၊ ဟင်္သာငှက်နဲ့ လိပ်နက်တို့က ငယ်ရွယ်ပြီး အားနည်းလွန်းတယ်။ နှစ်သိန်းချီကြာပြီးနောက် သူတို့က တဖြည်းဖြည်းနဲ့ သေသွားခဲ့ကြတယ်။ ငါတစ်ကောင်ပဲ အခုချိန်ထိ အသက်ရှင်နိုင်လာခဲ့တာ”

ထန်ရှုက ခေါင်းညိတ်လိုက်သည်။ မီးချီလင်ပြောပြာခဲ့သောပုံပြင်အများစုနှင့်ပတ်သက်ပြီး သူက မရှင်းလင်းသော်လည်း မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းကို တည်ထောင်ခဲ့သည့်ပထမဆုံးဘိုးဘေးအား ဧကရာဇ်ချင်ဟု ခေါ်ကြောင်းကိုတော့ သူ ရှင်းရှင်းလင်းလင်းသိသည်။

“ဒါဆို အရင်ဆုံးပြန်လိုက်ပါ၊ မီးချီလင်။ ခင်ဗျးပြောခဲ့တာတွေကို ကျုပ် မှတ်ထားမယ်၊ အင်မော်တယ်ကမ္ဘာကို ပြန်ရောက်တဲ့အခါကျရင် ခင်ဗျားရဲ့အဆင့်အတန်းကို ဆုံးဖြတ်ဖို့ မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းကို ကျုပ်နဲ့အတူ ခေါ်သွားမယ်။ ခင်ဗျားပြောတာတွေက အမှန်ဆိုရင် ကျုပ်တို့က တစ်ဖက်တည်းပဲပေါ့”ထန်ရှုက ပြော၏။

မီးချီလင်က ခဏစဉ်းစားလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ပြော၏ “ငါပြောတာတွေကို သက်သေပြဖို့ နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်”

“ဘာများလဲ၊ ခင်ဗျားက ဘယ်လိုသက်သေပြမှာလဲ”ထန်ရှုက မျက်လုံးကျဉ်းမြောင်းလျက် မေးလိုက်သည်။

မီးချီလင်က ကျယ်လောင်စွာ ပြောလိုက်သည် “မင်းတို့ဟင်္သာငှက်ဂိုဏ်းရဲ့အစောင့်အရှောက်အင်မော်တယ်သားရဲရဲ့နာမည်ကို ငါ သိတယ်။ အင်မော်တယ်ကမ္ဘာမှာ သူမရဲ့နာမည်ကို သိတဲ့အင်မော်တယ်တွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိမယ်လို့ ငါ ထင်တယ်”

ထန်ရှုက စိတ်ထဲ၌ တုန်လှုပ်သွားပြီး နက်ရှိုင်းသောအသံနှင့် ပြန်ဖြေလိုက်သည် “အင်မော်တယ်ကမ္ဘာမှာ သူမရဲ့နာမည်ကို သိတဲ့သူတွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်ဆိုတာ ကျုပ် အာမခံနိုင်တယ်။ ကျုပ်က အဲဒီလက်တစ်ဆုပ်စာထဲကတစ်ယောက်ပဲ”

***

All Chapters