ခွေးများ၏ဘုရင် *
Vol. 77 Ch. 1076
ကျယ်ပြောသောပင်လယ်ပြင်တွင် လေအေးများက တဟူးဟူးတိုက်ခတ်နေသည်။
ပင်လယ်ပြင်ပေါ်တွင် ရပ်ရင်း ထန်ရှုက ကောင်းကင်ပြာအား စိုက်ကြည့်နေ၏။ မီးချီလင်ထွက်ခွာသွားသည်မှာ အချိန်အတော်ကြာခဲ့ပြီ။ မထွက်သွားခင် ၎င်းက မြင့်မြတ်ဟင်္သာငှက်ဂိုဏ်း၏အစောင့်အရှောက်သားရဲနာမည်အား ပြောပြခဲ့သည်။ နာမည်က ထန်ရှိသိထားသောနာမည်နှင့် အတိအကျတူ၏။
ဤမတိုင်ခင်တုန်းက မီးချီလင်ပြောခဲ့သောစကားများ၏သုံးပုံတစ်ပုံကိုသာ ထန်ရှုက ယုံကြည်ခဲ့သည်။ သို့သော် ထိုနာမည်ကို ပြောပြပြီးနောက် ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် ယုံကြည်လာ၏။ သံသယတစ်ဆယ်ရာခိုင်နှုန်းတော့ ရှိနေသေးသည်ပင်၊ သူ့သတိအား မလွှတ်ချရဲပေ။ တကယ်တော့ အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်သည်နှင့် သူ့ရန်သူများအား ရင်ဆိုင်ရပေမည်။ သူတို့ထဲမှအချို့က အန္တိမအဆင့်တွင် ရှိကြပေ၏။
မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းက အင်မော်တယ်ကမ္ဘာတွင် နည်းနည်းလေးမှ အားမနည်းပေ။ ထိုအစား အန္တိမအဆင့်ကျွမ်းကျင်သူတစ်ယောက်၏ပဲ့ကိုင်မှုနှင့် အလွန်အားကောင်းသည်။ သူ့ရန်သူများကြားထဲတွင် အန္တိမအရှင်တစ်ယောက်သာ ရှိမည်ဆိုလျှင် မြင့်မြတ်ဟင်္သာငှက်ဂိုဏ်းက ကြောက်စရာမလိုပေ။ သို့သော် အန္တိမအရှင်အနည်းငယ်သာ ရှိလျှင် သူ၏အထွတ်အထိပ်စွမ်းအားအား ပြန်မရသေးခင်အထိ သူ့အသက်ကို ကယ်ရန်အတွက် ဂိုဏ်းက အလွန်ခက်ခဲသောအနေအထားတစ်ခုအား ရင်ဆိုင်ရပေလိမ့်မည်။
အချိန်တစ်ခုကြာပြီးနောက် ထန်ရှုက သူ့ဘေးနားရှိ ရွှယ်ယုအား လှည့်ကြည့်လိုက်သည်။ သူမမျက်နှာက ရှုပ်ထွေးသောအကြည့်တစ်ခု ရှိနေလေ၏။ ထို့နောက် သူက အားတင်းပြုံးကာ ဆိုလိုက်သည် “မင်း အခု ငါ့ရဲ့ဇာစ်မြစ်ကို သိလိုက်ရပြီမဟုတ်လား။ ငါက နှစ်ဆယ်သန်းအသက်ရှင်လာတဲ့သက်ကြားအိုတစ်ယောက်ဆိုတာ သိပြီးနောက် မင်း ငါ့အပေါ် အေးစက်ချင်လာနေပြီးမလား”
“မဖြစ်ပါဘူး” ရွှယ်ယုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ရှေးလူတွေပြောခဲ့သလိုပဲ၊ မင်းလက်ထက်ထားတဲ့ယောက်ျားနဲ့ပဲ ရောင့်ရဲကျေနပ်ပါတဲ့။ ကြက်တစ်ကောင်ကို လက်ထက်ပြီးရင် အဲဒီကြက်နောက်လိုက်ရမှာပဲ၊ ခွေးတစ်ကောင်ကို လက်ထပ်ပြီးရင် ခွေးနောက်လိုက်ရမှာပဲ။ ရှင်က နှစ်ဆယ်သန်းအသက်ရှင်လာတဲ့မျောက်တစ်ကောင်ဆိုရင်တောင် ကျွန်မ ရှင့်ဘေးနားကနေ ဘယ်တော့မှ မထွက်သွားဘူး”
“ဖူး”ထန်ရှုက မနေနိုင်တော့ပေ၊ သူက ရယ်လိုက်၏။ သူက ရွှယ်ယုအား ဖက်ကာ ပြောလိုက်သည် “ဟုတ်ပါပြီ၊ ငါ့ရဲ့ကျောက်စိမ်းမိန်းမလှလေးက ဟာသဉာဏ်ရှိမယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူးကွာ”
“ဘာ၊ အရှက်မရှိလိုက်တာ…”ရွှယ်ယုက ရှက်ရွံ့စွာနှင့် ပြန်ချေပလိုက်သည်။
ကျင်းမန်ကျွန်းထာဝရခန်းမသို့ ပြန်ရောက်လာပြီးနောက် ဂိုဏ်းမှ ကျွမ်းကျင်သူအနည်းငယ်အား ဉီးဆောင်ကာ ထန်ရှုက တောင်တရုတ်ပင်လယ်ရှိကျွန်းနှစ်ကျွန်းဆီသို့ ချက်ချင်းထွက်ခွာလာခဲ့၏။ စစ်ဆေးပြီးနောက် သားရဲမွေးမြူခြင်းနှင့်ဆေးပင်စိုက်ပျိုးခြင်းတို့နှစ်ခုစလုံးအား သူက အလွန်ကျေနပ်မိသည်။
အပြန်လမ်းတွင် ထန်ရှု၏သင်္ဘောက ရွှက်လှေတစ်စင်းနှင့် ဆုံတွေ့ခဲ့သည်။ ဘီကနီဝတ်လျက် ဝိုင်နီတစ်ခွက်ကိုင်ကာ နေရောင်ခံနေသောပုဂ္ဂိုလ်က ချန်ယန်နန်ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ၊ သူမနှင့်မတွေ့ရသည်ကပင် အတော်ကြာခဲ့လေပြီ။
“ဝိုး၊ ဝိုင်သောက်နေတာပေါ့လေ၊ အလှလေး…”
သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်ရင်း ထန်ရှုက မီတာတစ်ရာအကွာခန့်တွင်ရှိသောချန်ယန်နန်အား လှမ်းပြောလိုက်သည်။ သူ့အသံက မကျယ်သော်လည်း ချန်ယန်နန်၏နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိသွားပေသည်။
“ဟမ့်…”
ထန်ရှုအား မြင်သည့်အခိုက်တွင် ချန်ယန်နန်က ချက်ချင်း နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူမက ထရပ်ကာ လက်ဝှေ့ယမ်းလျက် အော်ပြောလိုက်၏ “ဟေ့၊ ငါ့မှာ ဝိုင်ကောင်းအချို့ရှိတယ်။ ဒီကို လာပြီး မြည်းကြည့်ချင်လား”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ကုန်းပတ်မှ ခုန်ဆင်းလိုက်သည်။ ရေပေါ်တွင် လျှောက်ရင်း စက္ကန့်အနည်းငယ်ကြာပြီးနောက် ရွက်လှေပေါ်သို့ ရောက်ရှိသွား၏။ ထို့နောက် သူက ချန်ယန်နန်အား လေ့လာလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည် “မင်းရဲ့အားလပ်ရက်ကို ပင်လယ်ပြင်မှာ ဖြတ်သန်းနေတာပေါ့။ မစ္စချန်က ဒီလိုလွတ်လွတ်လပ်လပ်နေတတ်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါနဲ့ မင်းအမဆီက သတင်းလေးဘာလေးမရဘူးလား။ မင်းက သူမကို စိတ်ပူနေတာမဟုတ်လား”
“ငါ့အမကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ထန်ရှု”ချန်ယန်နန်က ပြုံးကာ ပြန်ပြောလိုက်၏။
“ဒါကို ပြောစရာမလိုပါဘူး”ထန်ရှုက ပြုံးကာ ပြော၏ “ပြောရရင် အရင်တုန်းက ရဲမေချန်က ငါ့ကို အတော်လေး ကူညီပေးခဲ့တာပဲလေ”
“ငါဆိုလိုတာ ဒါမဟုတ်ပါဘူး”ချန်ယန်နန်က ခေါင်းခါယမ်းကာ ပြော၏ “ငါ မမှားရင် ငါ့အမက မင်းနဲ့ အလုပ်လုပ်နေခဲ့တာမလား”
ထန်ရှုက မေးငေါ့လိုက်ပြီး သူ့မျက်လုံးများက သူမ၏တစ်ကိုယ်လုံးပေါ်သို့ စတင်ရစ်ဝဲလာ၏။ သူမက ရှက်ရွံ့သွားသည်ကို မြင်ပြီးနောက် သူက ထူးခြားသောအမူအရာနှင့် မေးလိုက်သည် “မင်းရဲ့အထူးစွမ်းရည်နိုးထသွားပြီလား”
သူ့မေးခွန်းက ချန်ယန်နန်အား မှင်တက်သွားစေ၏။ သူမမျက်နှာပေါ်ရှိ ရှက်ရွံ့သောအကြည့်က ချက်ချင်း ပျောက်သွားပြီး အံ့အားသင့်မှုက အစားထိုးသွား၏။ “ဘယ်လိုတွေ့သွားတာလဲ။ စောစောက အထူးစွမ်းရည်တစ်ခုခုကို ငါ အသုံးပြုခဲ့တယ်လို့တော့ ငါ မထင်ပါဘူး”
“ဟွာကောတောင်က ငါ့အပိုင်လိုပြောရင် မင်းယုံမယ်မလား”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
“ဖူး…”ချန်ယန်နန်က ရယ်လိုက်သည်။ သူမက ထန်ရှုအား တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်၏ “ဘာ၊ အမှန်တရားရွှေမျက်လုံးရှိတဲ့စွန်းဝူခုန်းလို ကိုယ့်ကိုယ်ကိုယ် ထင်နေတာလား။ ဟုတ်ပါတယ်၊ နင်ပြောတာ မှန်ပါတယ်။ ငါ့ရဲ့အထူးစွမ်းရည်ကို နိုးထနိုင်ခဲ့ပြီ။ အစကတော့ ငါ အထူးအဆန်းဖြစ်ခဲ့ပေမယ့် နောက်ကျတော့ အသုံးပြုတတ်လာတယ်။ ပြီးတော့ ငါ့အမက ငါ့ကို ဖုန်းခေါ်ခဲ့တယ်လေ၊ ဒါကြောင့် သူမဆီကနေ ဒီလိုအထူးစွမ်းရည်တွေနဲ့ ပတ်သက်ပြီး ငါ သိလာခဲ့တာ”
“တကယ်တော့ မင်းတို့က ညီအမက သွေးချင်းဆက်နေတာပဲ”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “မင်းအမနိုးထပြီးကတည်းက မကြာခင်မှာ မင်းလဲ မင်းရဲ့အထူးစွမ်းရည်ကို နိုးထမယ်လို့ ငါ ထင်ခဲ့ပါတယ်။ မင်းရဲ့စွမ်းအားကို သာမန်လူတွေရှေ့မှာ အသုံးမပြုနဲ့၊ မဟုတ်ရင် အဲဒါကို ထုတ်ပြလိုက်တာနဲ့ လူအချို့က မင်းကို အလွယ်တကူရှာတွေ့သွားလိမ့်မယ်။ သူတို့ ရှာတွေ့သွားနဲ့ မင်း ဒုက္ခအများကြီး ရင်ဆိုင်ရလိမ့်မယ်”
ချန်ယန်နန်၏မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားသည်။ ထို့နောက် သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “နင် ဘာဆိုလိုတာလဲ။ ဒီလူတွေက ဘယ်သူတွေလဲ၊ သူတို့က ငါ့ကို ဘာဒုက္ခတွေ ပေးမှာလဲ”
“သူတို့က တိုင်းပြည်ရဲ့အထူးစွမ်းရည်ဗျူရိုကပဲ”ထန်ရှုက ဖြေလိုက်သည်။
“ဟမ်။ ဒီအေဂျင်စီက ဘယ်ဌာနကလဲ”ချန်ယန်နန်က သိချင်စိတ်ပြင်းပြစွာနှင့် မေးလိုက်သည်။
“ဒီအကြောင်းတဲ့တိုးပြောရရင် အဲနေရာက လူအများစုက စွမ်းရည်အသုံးပြုသူတွေဒါမှမဟုတ်ဒြပ်စင်ပညာရှင်တွေပဲ”ထန်ရှုက ပြုံးကာ ပြော၏ “သူတို့က သူတို့လိုလူမျိုးတွေကို ရှာဖွေပြီး အေဂျင်စီနဲ့ ပူးပေါင်းဖို့၊ တိုင်းပြည်အတွက် အလုပ်လုပ်ပေးဖို့ ဖိတ်ခေါ်ကြတယ်။ မင်းက သူတို့ထဲကတစ်ယောက်ဖြစ်လာရင် အန္တရာယ်တွေ ရင်ဆိုင်ရမယ်ဆိုတာ မျှော်လင့်ထားနိုင်တယ်။ ဥပမာပြောရရင် တိုင်းပြည်မှာ မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ပဲ။ ငါ သိသလောက်ပြောရရင် တိုက်ပွဲမှာ သေသွားတဲ့ စွမ်းရည်အသုံးပြုသူတွေရဲ့အရေအတွက်က တစ်ရာကျော်တယ်”
“စွမ်းရည်အသုံးပြုသူတွေလား။ ပြီးတော့ သူတို့က တိုက်ပွဲမှာ သေသွားခဲ့တာလား”
အကြောင်းအရာအား မရှင်းလင်းသော်လည်း ချန်ယန်နန်က ကြောက်ရွံ့ထိတ်လန့်သွားသေးသည်။ သူမက ထန်ရှုအား သံသယအကြည့်နှင့် ချက်ချင်း စိုက်ကြည့်ကာ မေးလိုက်၏ “အတိအကျဘာဖြစ်ခဲ့တာလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့စွမ်းရည်အသုံးပြုသူတွေ သေသွားခဲ့ရတာလဲ။ နင် ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား၊ ထန်ရှု။ ငါ့မှာ ဒီစွမ်းအားရှိလာကတည်းက တစ်နေ့ကျရင် စွမ်းရည်အသုံးပြုသူတွေလို့ခေါ်တဲ့သူတွေကို သတ်နိုင်လိမ့်မယ်လို့ ငါ ခံစားမိတယ်”
“စွမ်းရည်အသုံးပြုသူတွေက သတ်ရတာ အရမ်းခက်ခဲတယ်လို့ မင်း ထင်တာလား”ဖြေမည့်အစား ထန်ရှုက ပြန်မေးလိုက်၏။
ထန်ရှုနှင့်သူ့လူများ ပိုင်ဆိုင်သည့် ကြောက်စရာကောင်းသောစွမ်းအားကို အမှတ်ရသွားပြီးနောက် ချန်ယန်နန်က ရုတ်တရက် နှုတ်ဆိတ်သွား၏။ မှန်ပေသည်။ ထန်ရှုနှင့်သူ့လူများက စွမ်းရည်အသုံးပြုသူများကို သတ်နိုင်သောစွမ်းအားရှိ၏။
“ဒီကိစ္စကို ထားလိုက်ရအောင်”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ပြောရရင် မင်းက မကြာသေးတဲ့လတွေမှာ ကောင်းကောင်းလုပ်ဆောင်ခဲ့တယ်လို့ ယောက်သွားကျွန်းရဲ့ကြီးကြပ်သူဆီကနေ ငါ ကြားခဲ့တယ်။ အထူးသဖြင့် ဆေးပင်တွေရဲ့ကြီးထွားမှုကို မြန်စေတဲ့ မင်းရဲ့သစ်သားစွမ်းရည်နဲ့ ပတ်သက်ပြီးတော့ပေါ့။ ဒါက သေချာပေါက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲ၊ နောက်ကျရင်လဲ ဒီအတိုင်းပဲ ကောင်းကောင်းဆက်လုပ်သွားပါ။ နောက်ကျရင် လက်ရှိတစ်ယောက်ပြောင်းရွှေ့သွားတဲ့အခါကျရင် ငါ မင်းကို ကျွန်းနှစ်ကျွန်းရဲ့တာဝန်ခံလုပ်ခိုင်းမယ်”
“နင် တကယ်ပဲ ငါ့ကို ဒီကျွန်းနှစ်ကျွန်းရဲ့ကြီးကြပ်သူနေရာ ပေးမှာလား”ချန်ယန်နန်၏မျက်လုံးများက လင်းလက်သွားသည်။
“စိတ်ထိန်းပါအုံး။ အရမ်းစိတ်မလှုပ်ရှားပါနဲ့”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒါက မင်း ဒီနေရာနဲ့ လုံးဝရင်းနှီးလာတော့မှပဲ ဖြစ်လာမှာ။ အဲအချိန်ကျရင် ငါ မင်းကို ကြီးကြပ်သူနေရာပေးမယ်”
“ဟီဟီဟီ။ ဒါဆိုလဲ ငါ မျှော်လင့်နေပါ့မယ်”ချန်ယန်နန်က ရယ်လိုက်သည်။
“ဟားဟားဟား”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “မင်းရဲ့လက်ရှိလစာကို ဆယ်ဆတိုးပေးဖို့ လက်ရှိကြီးကြပ်သူကို ငါ ပြောခဲ့ပါ့မယ်။ မင်းက စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်လာပြီဆိုတော့ ငါ ကပ်စီးနှဲလို့မရတော့ဘူးလေ”
“နင်က ဟိုအကောင်ယွမ်ချူးလင်ထက် ပိုတော်ပါသေးတယ်”ချန်ယန်နန်က လက်မထောင်ကာ ချီးကျူးလိုက်သည် “ဒါနဲ့ ငါ ဒီရွက်လှေကို သူ့ဆီက ငှားလာတာ”
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက သိလိုစိတ်နှင့် မေးလိုက်သည် “ဟမ်။ အဲအကောင်ကို ငါ မဆက်သွယ်ရတာ အချိန်တော်တော်ကြာပြီ။ သူ အခု ဘာလုပ်နေတာလဲ။ သူ ဒီရွက်လှေကို ဝယ်ပြီး ကျင်းမန်ကျွန်းဆီ ဘာအတွက် လာတာလဲ”
“အဲဒါတော့ ငါ မသိဘူး”ချန်ယန်နန်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူက ရှန်းဟိုင်းတက္ကသိုလ်က ကျောင်းသားနှစ်ယောက်နဲ့ အတူရှိနေတာပဲ ငါ သိတယ်။ အာ၊ ဟုတ်တယ်။ အဲဒီရှန်းဟိုင်တက္ကသိုလ်ကျောင်းသားနှစ်ယောက်က မင်းရဲ့အတန်းဖော်တွေလို့လဲ ငါ ကြားတယ်”
“ငါ့ရဲ့အတန်းဖော်တွေလား”ဤသည်ကို ကြားပြီး ထန်ရှုက ထူးဆန်းသောအမူအရာတစ်ခု ဖြစ်သွားသည်။ တစ်ချက်စဉ်းစားပြီးနောက် သူက မေး၏ “ဒါနဲ့ မင်းရဲ့အားလပ်ချိန်ကို ဒီမှာပဲ ဖြတ်သန်းအုံးမလား ဒါမှမဟုတ် ငါနဲ့အတူ ကျင်းမန်ကျွန်းကို ပြန်သွားချင်လား။ သူ ရောက်နေမှတော့ ယွမ်ချူးလင်ကို ငါ သွားတွေ့လိုက်အုံးမယ်”
“ငါ နင်နဲ့ ပြန်လိုက်မယ်။ ငါ ဒီနေရာမှာ ရှိနေတာလဲ အချိန်အတော်ကြာပြီလေ”ချန်ယန်နန်က ပြန်ဖြေသည်။
ကျင်းမန်ကျွန်းပေါ်တွင်။
ဗီးနပ်ဟိုတယ်၏ဆယ့်ရှစ်ထပ်မြောက်ရှိအခန်းတစ်ခုထဲတွင် ယွမ်ချူးလင်က ခြေထောက်ချိတ်လျက် ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ၏မျက်နှာချင်းဆိုင်တွင် ပျော်ရွှင်သောမျက်နှာနှင့် ဆေးလိပ်သောက်နေသည့် ယွဲ့ခိုင်နှင့်် ချွေးများရွှဲနစ်လျက် ပန်းနာရင်ကျပ်သည်အလား ဟောဟဲဟောဟဲဖြစ်နေသည့် ဟူချင်းစုန်တို့ ရှိကြပေ၏။ သူတို့သုံးယောက်က လက်ဖက်ရည်စားပွဲအား မျက်နှာချင်းဆိုင်ထားကြပြီး စားပွဲပေါ်တွင် ယွမ်တစ်သန်းငွေစက္ကူများက သပ်သပ်ရပ်ရပ် စီထားလျက်ရှိသည်။
“မင်း အဆင်ပြေသေးလား၊ ဟူကြီး။ မင်းက အိပ်ထမတင်အချက်နှစ်ရာနဲ့ဒိုက်ထိုးအချက်နှစ်ရာကို လုပ်နိုင်ရင် ဒီတစ်သန်းက မင်းဟာပဲ။ မင်း မလုပ်နိုင်ဘူးဆိုရင် ငါနဲ့ယွဲ့ခိုင်က အဲတစ်သန်းကနေ ငါတို့ရဲ့ဝေစုအသီးသီးကို ယူရလိမ့်မယ်”ယွမ်ချူးလင်၏မျက်နှာက တွန့်လိမ်နေပြီး ရက်စက်ပုံပေါက်၏၊ သူက ထူးဆန်းစွာ လှောင်ပြုံးပြုံးလိုက်သည်။
တုံ့ပြန်သည့်အနေနှင့် ဟူချင်းစုန်က သူ့အား စူးစူးရှရှကြည့်ကာ ကော်ဇောပေါ်သို့ ဆောင့်ကြောင့်ပြန်ထိုင်ပြီး အိပ်ထမတင်အနည်းငယ်လုပ်လိုက်သည်။ အဆုံးတွင် သူက အိပ်ထမတင်အချက်နှစ်ရာအား ပြီးစီးနိုင်ခဲ့၏၊ သို့သော် သူက လဲကျလုနီးပါးဖြစ်သွားခဲ့လေသည်။
သို့သော် များမကြာမီ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအားတစ်ခု ထည့်သွင်းလိုက်ပုံရသည်။ သူက ကြမ်းပြင်မှ ကုပ်ကပ်ထကာ အနားရှိ အနက်ရောင်လက်ဆွဲအိတ်တစ်ခုအား လှမ်းယူလိုက်သည်၊ ထို့နောက် ယွမ်တစ်သန်းငွေစက္ကူအား အိတ်ထဲသို့ ထိုးထည့်လိုက်တော့သည်။ ထို့နောက် သူက ဂုဏ်ယူစွာ ပြောလိုက်၏ “မင်းတို့လောင်းရဲမှတော့ ရှုံးရဲရမှာပေါ့။ ဒီတစ်သန်းက ငါ့အပိုင်ဖြစ်သွားပြီးနော်…”
“ဟားဟားဟား”ယွဲ့ခိုင်က ဆေးလိပ်ငွေ့အချို့ မှုတ်ထုတ်လျက် ကျယ်လောင်စွာ ရယ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ငါတို့ဆယ်သန်းရခဲ့တယ်လို့ မင်းကို ပြောခဲ့တာပဲ၊ ဟူကြီး။ မင်းက မင်းရဲ့ဝေစုကို ရခဲ့ပြီးပြီလေ။ ဒါပေမယ့် မင်းက ဒီတစ်သန်းကိုပါ မျက်စိကျခဲ့တာကိုး။ ဒါက ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါဘူးလေ”
“ဒါနဲ့ ငါတို့ ဒီလောက်ပိုက်ဆံအများကြီး ရပြီဆိုတော့ ရှန်းဟိုင်းကို အခု ပြန်ကြတော့မလား”ဟူချင်းစုန်က ဆိုလိုက်သည်။
“မပြန်သေးဘူး”ယွမ်ချူးလင်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “အခုချိန်မှာ ရပ်တယ်ဆိုတာက ငါတို့က ပိုက်ဆံတွေ ဆုံးရှုံးတယ်လို့ ဆိုလိုတာပဲ။ ဒါ့အပြင် မင်းတို့က ထန်ရှုရဲ့အတန်းဖော်တွေ၊ ညီအကိုတွေပဲ၊ ဒါကြောင့် ငါတို့က တစ်ဖွဲ့တည်းပဲ။ မင်းတို့ စိတ်ချပါ။ ဒီယွမ်ကြီးနဲ့ ရှိနေသရွေ့ မင်းတို့တွေ ပိုက်ဆံအမြောက်အများရစေရမယ်လို့ ငါ အာမခံတယ်”
“ယွမ်ကြီး၊ ဟူကြီးပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ငါ ထင်တယ်”ယွဲ့ခိုင်က ပြုံးကာ ပြော၏ “ဘယ်အချိန်ရပ်ရမလဲဆိုတာ ငါတို့ သိရမယ်။ ငါတို့တွေ အဲကောင်တွေဆီကနေ ရိတ်နိုင်ခဲ့ပြီး အကျိုးအမြတ်တွေ ရခဲ့ပြီးပြီပဲ။ ဒါပေမယ့် အဲဒီအကောင်တွေက ပြဿနာရှာမယ့်သူတွေပဲ၊ အထူးသဖြင့် ဟန်စမ့်ဆိုတဲ့အကောင်ပဲ။ သူက သေချာပေါက် အကြင်အနာကင်းမဲ့တဲ့လူစားမျိုး။ သူက တာဟွမ်ခွေးကောင်းအချို့နဲ့ ပြန်လာခဲ့ရင် ငါတို့တော့ ပြီးပြီ။ ငါတို့ခက်ခက်ခဲခဲရထားတဲ့ပိုက်ဆံတွေကို ဆုံးရှုံးသွားရမယ်မလား”
“ဒါ မဖြစ်နိုင်ဘူး…”ယွမ်ချူးလင်က ပြော၏ “တာဟွမ်တွေမှာ ထီးဘီထန်မာစတစ်ခွေးတွေရဲ့သွေးမျိုးဆက်ရှိတယ်။ သူတို့က ကောင်းကောင်းတိုက်ခိုက်နိုင်ပြီး သေချာပေါက် ခွေးတွေရဲ့ဘုရင်ပဲ”
***