မသမာမှု *
Vol. 77 Ch. 1077
ရှန်းဟိုင်ရှိ ပြိုင်ကွင်းအား မြင်လိုက်ချိန်တွင် သူတို့သုံးယောက်က ခွေးတိုက်ပွဲအား ချက်ချင်းစွဲလမ်းသွားခဲ့သည်။ ယွမ်ချူးလင်က သူ၏အားကစားရုံကိုပင် မစီမံချင်တော့ဘဲ အချိန်ရှိသရွေ့ ခွေးကောင်းအချို့ရရန်နှင့် ၎င်းတို့ထံမှ အကျိုးအမြတ်ရရန်သာ တွေးနေခဲ့သည်။ ယခင်က ပိုက်ဆံရရန် ထိုသို့သောအခွင့်အရေးကောင်းတစ်ခုအား ဘယ်တော့မှ မတွေ့ခဲ့ပေ၊ ထို့ကြောင့် သူက ခွေးကောင်းအချို့ရရန် ယွဲ့ခိုင်နှင့်ဟူချင်းစုန့်တို့အား ခေါ်ကာ အနောက်ပိုင်းနယ်မြေသို့ သွားခဲ့၏။
ခွေးတိုက်ပွဲက ရှန်းဟိုင်တွင် အလွန်တင်းကြပ်စွာ ထိန်းချုပ်ထားသည်၊ သူတို့က ထိုနေရာတွင် အကြိမ်အနည်းသာ ပါဝင်နိုင်ပြီး ပိုက်ဆံအချို့ ရရှိခဲ့၏။ သို့သော် ဤကား သူတို့အား မကျေနပ်စေပေ၊ ထို့ကြောင့် လောင်ကြေးကြီးမားသည့်ခွေးတိုက်ပွဲအကြောင်း ကြားပြီးနောက် သူတို့သုံးယောက်နှင့်ခွေးတစ်ကောင်က ကျင်းမန်ကျွန်းသို့ ဉီးတည်လာခဲ့သည်။
“ကောင်းပြီလေ၊ ဒါဆို နောက်ဆုံးတစ်ကြိမ်ကစားကြတာပေါ့။ ရလာဒ်က ဘာပဲဖြစ်ဖြစ် ငါတို့တစ်ယောက်စီက တစ်မီလီယံ ထုတ်ကြမယ်၊ ပြီးတာနဲ့ ငါတို့တွေ ရှန်းဟိုင်ကို ချက်ချင်းပြန်ကြမယ်။ အခု ငါတို့မှာ ပိုက်ဆံအချို့ ရှိပြီ၊ ငါတို့တွေ အကိုထန်ဆီကနေ သင်ယူသင့်တယ်၊ စီးပွားရေးတစ်ခုစဖို့ စဉ်းစားရမယ်”ယွဲ့ခိုင်က အလေးအနက် ပြောလိုက်သည်။
“အခု မင်းပြောနေတာက…ဒါပေမယ့် ငါ့ကို ထည့်မတွက်နဲ့…ငါက ငါ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စတင်ပြီးပြီ”ယွမ်ချူးလင်က ပြုံးဖြဲဖြဲပြောသည် “ငါ့ရဲ့ကျန်းမာရေးကလပ်ကနေ အကျိုးအမြတ်ဘယ်လောက်ထိ ရပြီလဲဆိုတာ မင်းတို့ မသိဘူးမလား။ အဲဒါက ဆယ်သန်းချီရှိတယ်…”
ယွဲ့ခိုင်နှင့်ဟူချင်းစုန့်တို့က သူ့အား တစ်ပြိုင်နက်တည်း လက်ခလယ် ထောင်ပြလိုက်သည်။ ထို့နောက် ယွဲ့ခိုင်က လှောင်လိုက်၏ “မင်းက အဲ့အတွက် အကိုထန်ရဲ့ပေါင်ကို ဖက်ကိုင်ထားခဲ့တယ်ဆိုတာ ငါတို့ မသိဘူးလို့ ထင်နေလား။ ဒါကို မင်းက ဖော်ရှိုးလုပ်ရဲတာပေါ့လေ။ ပိုက်ဆံရှာဖို့အတွက် အကိုထန်ကသာ ငါတို့ကို လှည့်ကွက်အချို့ ပေးခဲ့ရင် ငါတို့လဲ ဘီလျံနာသူဌေးဖြစ်နိုင်တာပဲ။ သူ့အကြောင်းပြောတော့မှ သူ အခု ဘယ်တွေ ရောက်နေတာလဲ။ ငါ သူ့ကို ဖုန်းခေါ်ခဲ့ပေမယ့် သူ့ဖုန်းက စက်ပိတ်ထားတယ်။ မြာကလေးတွေနဲ့ စားသောက်ပါတီလုပ်ဖို့ ငါ သူ့ကို မဖိတ်ခေါ်နိုင်ခဲ့ဘူး”
“ဟီဟီ၊ အကိုထန်ရဲ့ဘေးနားမှာ အလှလေးတွေ ဝိုင်းနေတယ်ဆိုတာ မင်း မသိဘူးနဲ့ တူတယ်။ သူတို့အားလုံးက ထိပ်တန်းအကောင်းဆုံးမြာကလေးတွေပဲ”ယွမ်ချူးလင်က သူ့အား ပြက်ရယ်ပြုလျက် ပြောလိုက်သည် “မင်းက သူ့ကို စားသောက်ပါတီကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် ငါ မင်းကို အကိုတစ်ယောက်လို့ သတ်မှတ်လိုက်မယ်”
အဟွတ်…အဟွတ်…
ယွဲ့ခိုင်က အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီး သူ၏အရှက်ရသွားသောမျက်နှာအား ဖုံးရန် နှာခေါင်းပွတ်လိုက်သည်။ ထန်ရှုက မိန်းကလေးများ ရရန် ဘယ်တော့မှ မဖန်တီးခဲ့သည်ကို သူ သိ၏။ ထိုပန်းကလေးများကသာ သူ့ဆီ ကြွေဆင်းလာခြင်းဖြစ်၏။ ထန်ရှုက အချစ်ရေးကံကောင်းသည့်လူတစ်ယောက်ဖြစ်နေခြင်းက သူ့အား အလွန်အမင်းမနာလိုစေ၏။
“ကောင်းပြီ၊ ငါ့ကောင်တို့။ ငါ ဖုန်းတစ်ချက် ခေါ်လိုက်မယ်”
ယွမ်ချူးလင်က ဖုန်းထုတ်ကာ နံပါတ်တစ်ခု ခေါ်လိုက်သည်။ ဖုန်းစကားပြောပြီးနောက် သူက ပြောလိုက်၏ “ယခင်နေရာဟောင်းမှာပဲ လောင်းကစားလုပ်ဖို့ ငါ ဟန်စမ့်နဲ့ သဘောတူခဲ့တယ်။ ပြီးတော့ ရလဒ်က ဘာပဲဖြစ်ဖြစ် ငါတို့တွေ ရှန်းဟိုင်ကို ပြန်မယ်လို့ သူ့ကို ပြောခဲ့တယ်”
နောက်နှစ်နာရီကြာပြီးနောက် သူတို့သုံးယောက်က ဗီးနပ်ဟိုတယ်မှ ထွက်ကာ ဗန်မော်တော်ယာဉ်တစ်စီးပေါ် တက်လိုက်ချိန်တွင် ယွမ်ချူးလင်၏ဖုန်းက မြည်လာ၏။
“ဟန်စမ့်ပဲ ဖြစ်ရမယ်။ ဒီကောင်က စိတ်စောနေတာပဲ။ ဒါကြောင့် ငါတို့ကို မြန်မြန်လာဖို့ ခေါ်နေတာ”ယွမ်ချူးလင်က ပြုံးစပ်စပ်နှင့် ဖုန်းယူထုတ်လိုက်သည်။ သို့သော် စခရင်ပေါ်ရှိ ခေါ်ဆိုသူနာမည်အား မြင်ပြီးနောက် သူက ရုတ်တရက် ထရပ်လိုက်၏။
“အား၊ ချီးလိုပဲ…”
အမိုးနှင့် တိုက်သွားပြီး ခေါင်းက ကြယ်တွေလတွေပင် မြင်သွားရ၏။ ကျိန်ဆဲပြီးနောက် သူက answerခလုတ်အား နှိပ်လိုက်သည်။ “ယိုး၊ အကိုထန်၊ မင်းက တကယ်ကို အသိစိတ်မရှိဘူးပဲ။ ငါ မင်းကို အချိန်ပြည့် ဖုန်းခေါ်ခဲ့ပေမယ့် မင်း တစ်ခါမှ မကိုင်ခဲ့ဘူး။ မင်းဘေးနားမှာ ပန်းကလေးတွေ ကပ်နေလို့ မင်းက ငါတို့ညီအကိုတွေကို မေ့သွားတာလား”
“မင်း ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ”ထန်ရှုက သူ့အား ပြန်လှောင်လိုက်၏ “အခုတလော ငါ လုပ်စရာတွေ အများကြီး ရှိနေလို့၊ ပြီးတော့ အဲနေရာက ဖုန်းလိုင်းကလဲ အရမ်းဆိုးတယ်။ ဒါကြောင့် မင်းရဲ့ဖုန်းအခေါ်တွေကို ငါ လက်ခံလို့မရတာ။ ဒါနဲ့ ခဏက မင်းပြောတဲ့ မင်းရဲ့ညီအကိုတွေဆိုတာ ဘယ်သူတွေလဲ”
“ယွဲ့ခိုင်နဲ့ဟူချင်းစုန့်တို့လေ”ခေါင်းပွတ်ရင်း ယွမ်ချီလင်က ပြန်ဖြေလိုက်သည်။
“ဟမ်၊ မင်းတို့သုံးယောက်က ဘယ်လိုလုပ်ပြီး အတူတူရှိနေရတာလဲ”ထန်ရှုက ရှုပ်ထွေးသောလေသံနှင့် ပြောလိုက်၏။
“လွန်ခဲ့တဲ့ရက်တွေတုန်းက ငါ မင်းရဲ့အဆောင်ကို သွားလည်ခဲ့တယ်။ ဒါပေမယ့် ငါ မင်းကို ရှာမတွေ့ခဲ့တာကြောင့် သူတို့နဲ့ ရက်အနည်းငယ်လောက် ကမြင်းကြောထခဲ့တယ်”ယွမ်ချူးလင်က ပြော၏ “သူတို့နဲ့ ငါ ပလဲနံသင်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး၊ အဲမှာ စိတ်ဝင်စားစရာအချို့ကို တွေ့ခဲ့တာကြောင့် ငါတို့တွေ ရှန်းဟိုင်ကနေ ထွက်လာခဲ့တာ။ ဟုတ်တယ်၊ မင်း အခု ဘယ်မှာလဲ။ ငါတို့က ကျင်းမန်ကျွန်းမှာ ရှိတယ်။ မင်း ငါတို့ဆီ လာတွေ့ချင်လား”
“ငါ့ကို နေရာပြောပါ။ ငါ မင်းတို့ကို လာရှာမယ်”ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။
“ဟမ်။ လိပ်စာလား”ယွမ်ချူးလင်က မှင်တက်သွားခဲ့ပြီး အံ့အားသင့်စွာနှင့် ချက်ချင်း ပြန်ပြောလိုက်သည်”မင်းလဲ ကျင်းမန်ကျွန်းမှာ ရှိနေတယ်လို့ ပြောတာလား”
“ဟုတ်တယ်…”ထန်ရှုက ရယ်လျက် ပြန်ပြောသည်။
“ဒါဆို ပိန်းညှင်းငှက်ပန်းခြံကို လာခဲ့”ယွမ်ချူးလင်က ချက်ချင်း ပြောလိုက်သည် “အဲဒါဘယ်နေရာမှာလဲ ဆိုတာ သိလား။ GPSကိုပဲ အသုံးပြုပြီး လာခဲ့၊ အဲကို ရောက်လာလိမ့်မယ်။ အဲဒါက နေရာကောင်းတစ်ခုပဲ။ ငါတို့သုံးယောက်က လူအချို့နဲ့ အလောင်းအစားလုပ်မလို့၊ ဒါကြောင့် နာရီဝက်အတွင်း ငါတို့ အဲမှာ ရှိနေလိမ့်မယ်။ ငါတို့ကို အားပေးဖို့ မြန်မြန်လာခဲ့”
“ဟမ်။ မင်းတို့ အလောင်းအစားလုပ်နေတယ်ဆိုတာ ဘာဆိုလိုတာလဲ”ထန်ရှုက သိလိုသောလေသံနှင့် မေးလိုက်သည်။
“တစ်ကြောင်းနှစ်ကြောင်းလောက်နဲ့ မင်းကို ရှင်းပြလို့မရဘုး”ယွမ်ချူးလင်က ပြော၏ “မင်း လာရင် သိမှာပါ၊ မင်း မျက်လုံးပြူးသွားလိမ့်မယ်ဆိုတာ ငါ သေချာတယ်”
“ကောင်းပါပြီ၊ ဒါဆိုလဲ…”ထန်ရှုက ပြန်ဖြေပြီးနောက် ဖုန်းတန်းချလိုက်၏။
လျင်မြန်စွာနှင့် ယွမ်ချူးလင်တို့သုံးယောက်က ပိန်းညှင်းငှက်ပန်းခြံသို့ ရောက်လာခဲ့သည်။ ပန်းခြံ၏ထောင့်တစ်ခုတွင် လူငယ်ဒါဇင်ကျော်က တိုက်ခိုက်ရေးခွေးလေးကောင်ကို ကြိုးနှင့် ဆွဲထားရင်း ဆေးလိပ်သောက်နေကြ၏။ ထိုနေရာတွင် သူ၏အဖော်များနှင့် စကားပြောနေသည့် နားကွင်းဆွဲထားသည့် ဆံဖြူလူငယ်တစ်ယောက်ရှိ၏။
“ငါတို့ ရောက်လာပြီ၊ဟန်စမ့်…”
ယွမ်ချူးလင်၏လက်က ကြိုးတစ်ချောင်းကိုင်လျက် ခွေးဝါကြီးတစ်ကောင်အား ဆွဲထားသည်၊ ယွဲ့ခိုင်နှင့်ဟူချင်းစုန့်တို့က သူ့နောက်မှ လိုက်ပါလာသည်။
ဟန်စမ့်ဟုခေါ်သောဆံဖြူလူငယ်က စီးကရက်ဖင်အား မြေကြီးပေါ် ပစ်ချကာ နင်းခြေလိုက်သည်၊ ထို့နောက် သူက သူတို့ထံ လျှောက်လာ၏ “လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း မင်းတို့က သုံးကြိမ်အနိုင်ရခဲ့ပြီး ငါတို့ဆီကနေ ပိုက်ဆံအများကြီးရသွားတယ်၊ ဖက်တီးယွမ်၊ ဒါကြောင့် ငါ့အဖော်တွေက ဒီနေ့လက်စားပြန်ချေမယ်။ ငါ ယူလာတဲ့ တိုက်ခိုက်ရေးခွေးကို မင်းမြင်ပြီးပြီလား။ ဒီကောင်က မင်းရဲ့ခွေးဝါကို သေအောင် ကိုက်သတ်လိမ့်မယ်”
“ဟာ၊ ပြိုင်ပွဲမစခင် မင်း ဒါကို ပြောနေတာပဲ”ယွမ်ချူးလင်က ဒေါသတကြီး ဆို၏ “ဟုတ်ပြီလေ၊ ငါတို့က အလျင်လိုနေတာပဲ။ ပြိုင်ပွဲကို အနိုင်ရပြီးတာနဲ့ ငါတို့ ရှန်းဟိုင်ကို ပြန်မယ်”
ဤသည်ကို ကြားပြီးနောက် ဟန်စမ့်၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ခုက လက်သွား၏။ သူက အနီးနားရှိ ဆံဝါလူငယ်အား လှည့်ကြည့်လိုက်သည်။ တစ်ဖက်လူက သူ့အား ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူက ရုတ်တရက် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူက ဘယ်သူမှ သတိမပြုမိဘဲ ယွမ်ချူးလင်ကိုင်ထားသောတာဟွမ်ခွေးအား စောင်းငဲ့ကာ တစ်ချက်ကြည့်လိုက်သည်။
“ဒီတစ်ခါ လောင်းကြေးကြီးကြီးနဲ့ ကစားကြရင် ဘယ်လိုလဲ၊ ယွမ်ချူးလင်။ ဒီလိုလုပ်မယ်လေ၊ ငါတို့အဖွဲ့က ရှစ်မီလီယံလောင်းကြေးထပ်မယ်၊ မင်းတို့နိုင်ရင် ငါတို့ဆီကနေ ရှစ်မီလီယံရမယ်။ ငါတို့နိုင်ရင် မင်းတို့ဆီကနေ အဲ့ပမာဏအတိုင်းရမယ်”
ယွမ်ချူးလင်က ပြန်ပြောမည့်ဆဲဆဲတွင် ယွဲ့ခိုင်က ကြားဖြတ်ပြောလိုက်၏ “ရှစ်သန်းမပြောနဲ့၊ ဆယ့်ရှစ်သန်းဆိုရင်တောင် ငါတို့ကို ထုတ်နိုင်တယ်။ ဒါပေမယ့် အကြိမ်တိုင်းမှာ ငါတို့က အမြဲတမ်း အနိုင်ရတာဆိုတော့ ဒါက အကြံဉာဏ်ကောင်းတစ်ခုလို့ ငါ မထင်ဘူး။ ပထမဆုံးပွဲအတွက် သုံးသန်းဆီ ထုတ်ကြတာပေါ့၊ ဘယ်ဘက်ပဲ ရှုံးနိမ့်နိမ့် သုံးသန်းပေးရမယ်။ ငါတို့က နောက်ထပ် ရက်အနည်းငယ်နေအုံးမှာ၊ ထပ်ကစားမလားဆိုတာ အဲတော့မှ ပြန်ပြောကြမယ်လေ”
“သဘောတူတယ်….”
ယွမ်ချူးလင်တို့သုံးယောက်နှင့် အကြိမ်အနည်းငယ် အလောင်းအစားလုပ်ပြီးနောက် ယွဲ့ခိုင်ဆိုသောအကောင်က အလွန်လူရည်လည်သည်ဟု ဟန်စမ့်က ပြောနိုင်သည်၊ ထို့ကြောင့် သူတို့က ဆုံးဖြတ်ထားပြီဖြစ်သဖြင့် သူက စကားအများကြီး မပြောချင်တော့ပေ။
လျင်မြန်စွာနှင့် လူနှစ်ယောက်က သူတို့၏ခွေးများအား လှောင်အိမ်တစ်ခုသို့ ခေါ်သွား၏။ ယွမ်ချီလင်က ခွေးဝါကြီးအား လှောင်အိမ်ထဲသို့ ထည့်မည့်ဆဲဆဲတွင် အနက်ရောင်SUVကားနှစ်စီးက အဝေးမှ မောင်းဝင်လာခဲ့သည်။
“ဟေး၊ အကိုထန်…”
ထန်ရှုကို မြင်ပြီး ယွမ်ချူးလင်တို့သုံးယောက်က ချက်ချင်း ပျော်ရွှင်စွာ အော်လိုက်ကြ၏။
ထန်ရှုက ကားထဲမှ ထွက်လာပြီးနောက် သူ့မျက်လုံးများက လူတိုင်းအပေါ် ရိုက်ခတ်သွား၏။ ထို့နောက် သူက လျှောက်လာကာ မေးလိုက်သည် “မင်းတို့ကောင်တွေ ဒီနေရာမှာ ဘာလုပ်နေတာလဲ။ ဒီအပြင်အဆင်က…ဒါ ခွေးတိုက်ပွဲတစ်ခုမဟုတ်လား”
ပြုံးဖြဲဖြဲလုပ်လျက် ယွမ်ချူးလင်က ပြော၏ “ငါ့မှာ ပိုက်ဆံရှာဖို့ အခြားနည်းလမ်းတွေ မရှိတော့ဘူး၊ ဒါကြောင့် ဒီနည်းလမ်းနဲ့ အိပ်ကပ်ဖောင်းအောင် လုပ်ရတာပဲ။ ဒါနဲ့ စောင့်ကြည်နေစမ်းပါ၊ အကိုထန်…။ ငါတို့ ဒီလောင်းကြေးသုံးသန်းကို အနိုင်ရပြီရင် ပါတီပွဲတစ်ခု ကျင်းပကြမယ်”
ထန်ရှုက မျက်လုံးလိမ့်လျက် တုံ့ပြန်လိုက်သည်။ သူက ယွဲ့ခိုင်နှင့်ဟူချင်းစုန့်တို့အား လှည့်ကြည့်ကာ ပြောလိုက်၏ “မင်းတို့က ယွမ်ချူးလင်ကနေ လောင်းကစားတွေ သင်ယူနေတာပေါ့လေ။ ဒီလိုကမြင်းကြောထတာကို ရပ်ပြီး ငါ့နောက်ကို လိုက်စမ်းပါ…ငါတို့က ကျင်းမန်ကျွန်းမှာ လာဆုံနေမှတော့ အတူတူ အချိန်အချို့ ဖြုန်းကြတာပေါ့။ ဒါ့အပြင် မနက်ဖြန်မနက်ကျရင် ငါ တစ်နေရာရာကို သွားရမှာ”
“ဟမ်။ ဘယ်ကိုလဲ”ယွမ်ချူးလင်က မေးလိုက်သည်။
“ပြည်ပကို”ထန်ရှုက ပြောလိုက်၏။
ယွမ်ချူးလင်နှင့်ထန်ရှုတို့အဖွဲ့အား ကြည့်ရင်း ဟန်စမ့်က မျက်နှာသုန်မှုန်နေလေသည်။ ထန်ရှုက တောင့်တင်းသန်မာသောလူအချို့နှင့် လာသောကြောင့် မဟုတ်လျှင် သူက သူတို့အား အရင်တိုက်ခိုက်ခဲ့ပြီးပြီ။
ရုတ်တရက် ကြည်လင်သောအသံတစ်ခုအား ကြားလိုက်ရသည်။ “ခွေးတိုက်ပွဲက တရားမဝင်ဘူးဆိုတာ မင်း မသိဘူးလား၊ ယွမ်ချူးလင်။ မင်းတို့ကောင်တွေ အဖမ်းခံရပြီး ဂျေအောင်းနေရလိမ့်မယ်နော်”
ယွမ်ချူးယွမ်၏မျက်လုံးများက ချန်ယန်နန်ထံ ပြောင်းရွှေ့သွားပြီး သူက ချက်ချင်း အံ့အားသင့်သွားသည် “ဝါ…ငါ့ရဲ့အတန်းဖော်ဟောင်းပဲ။ မင်းက ထန်ရှုနဲ့ ဘယ်လိုလုပ်ပြီး အတူလာရတာလဲ။ မင်းတို့လဲ…ငါ့ကို မပြောနဲ့နော်”
“ပေါက်ကတ်တရမပြောစမ်းနဲ့…”ချန်ယန်နန်က ကမန်းကတန်း ဖြတ်ပြောလိုက်သည်။
ယွမ်ချူးလင်က မျက်လုံးလိမ့်လျက် ရေရွတ်လိုက်သည် “ဘာ။ မင်း ငါ့ကို မပြောစေချင်ဘူးဆိုမှတော့ ငါ့ပါးစပ်ကို ပိတ်ထားပါ့မယ်။ ပြီးတော့ လူတိုင်းက မင်းနဲ့ပတ်သက်ပြီး အားလုံး သိပြီးသားပါ။ ပြောရမယ်ဆိုရင် ခွေးတိုက်ပွဲကို ဥပဒေကို ဆန့်ကျင်တော့ရော ဘာဖြစ်လဲ၊ ငါတို့မှာ အကိုထန်တစ်ယောက်လုံး ရှိနေတာပဲ…သူ့စွမ်းရည်နဲ့ဆိုရင် သူက ငါတို့ကို အလွယ်တကူ ကယ်ထုတ်နိုင်တယ်”
သူတို့မှ မနီးမဝေးတွင် ဟန်စမ့်က သည်းမခံနိုင်တော့ဘဲ အော်မေးလိုက်သည် “ဟေး၊ မင်းတို့က ကစားမှာလား ဒါမှမဟုတ် မကစားဘူးလား။ ကစားမယ်ဆိုရင် မြန်မြန်လုပ်ကြ။ ငါ အနိုင်ပိုက်ဆံယူပြီး ပါတီပွဲ ကျင်းပချင်နေပြီ”
ထန်ရှုမျက်လုံးများက ဟန်စမ့်ဆွဲထားသောခွေးထံ ရိုက်ခတ်သွားသည်။ ထို့နောက် သူက ယွမ်ချူးလင်ကိုင်ထားသောခွေးဝါကြီးအား ကြည့်လိုက်၏။ ထို့နောက် သူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ပြိုင်ဖို့မလိုတော့ဘူး။ မင်းတို့ရှုံးပြီးသားပဲ၊ ယွမ်ချူးလင်”
ယွမ်ချူးလင်က အလွန်အံ့အားသင့်စွာ ပြောလိုက်သည် “တိုက်ပွဲက မစသေးဘူးလေ၊ ငါတို့ ရှံးမယ်လို့ မင်း ဘယ်လိုလုပ်သိတာလဲ။ ငါ့ရဲ့ဒီခွေးဝါကြီးက ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးနတ်ဘုရားပဲ။ သူက ငါတို့ကို ရွှေဥဥပေးနေတဲ့ဘဲငန်းတစ်ကောင်ပဲ”
ထိုအကောင် ပြောပြီးနောက် ယွမ်ချူးလင်က ခွေးဝါကြီးအား လှောင်ချိုင့်အရှေ့သို့ ခေါ်သွားသည်ကို ထန်ရှုက ကြည့်နေခဲ့သည်။ ဤအကောင်က ခွေးဝါကြီးအား လှောင်ချိုင့်ထဲသို့ ပို့လိုက်သည်ကို မြင်ပြီးနောက် သူက အကူအညီမဲ့သလို အနည်းငယ် ခံစားမိသွား၏။
သူ၏စူးရှသောမျက်လုံးများနှင့်အတူ ခွေးဝါကြီး၏အခြေအနေက တစ်ခုခုမှားယွင်းနေသည်ကို မြင်ရန် သူ့အတွက် အရမ်းလွယ်ကူသည်။ ဂရုတစိုက်မစစ်ဆေးလျှင်ပင် ခွေးဝါကြီးက အဆိပ်ခတ်ခံထားရသည်ကို သူ မြင်နိုင်၏။
ဤကား မသမာမှုတစ်ခုပင်…
ဒီကို လာခဲ့မိသည့်အတွက် ထန်ရှုက အလွန်ဝမ်းသာသည်၊ သို့မဟုတ်လျှင် ယွမ်ချူးလင်တို့သုံးယောက်က အကြံအစည်ထဲသို့ ကျရောက်နေပေလိမ့်မည်။
ထားလိုက်တော့။ ခွေးတွေ စတင်တိုက်ခိုက်ပြီးရင် အဲဒီကြမ်းတမ်းတဲ့တိုက်ခိုက်ရေးခွေးကို သတ်ဖို့ ငါ နည်းနည်းလှုပ်ရှားလိုက်ရုံပဲပေါ့…ထန်ရှုက တွေးလိုက်သည်။
ခွေးကြီးနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် စိန်းစိန်းဝါးဝါးကြည့်နေကြသည်။ ရုတ်တရက် ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်ရေးခွေးက ခွေးဝါကြီးထံ ရုတ်ချည်းပြေးဝင်လာ၏။ ၎င်းက တိုက်ခိုက်မှုအား ရှောင်တိမ်းလိုက်သည့်အခိုက်တွင် ခွေးဝါကြီးက မြေပြင်ပေါ်သို့ မျက်စိတစ်မှိတ်အတွင်း လဲကျသွား၏။
***