← Chapters

အဆင့်မြှင့်တင်ခြင်း (အပိုင်း - ၂)

Vol. 5 Ch. 67

အဆင့်မြှင့်တင်ခြင်း (အပိုင်း - ၂)

Vol. 5 Ch. 67

အခန်း (၆၇) အဆင့်မြှင့်တင်ခြင်း (အပိုင်း - ၂)

အဆင့်ပို၍မြင့်သည့် အရည်အချင်းများကို ပေါင်းစပ်ရာတွင် လိုအပ်သော အတွေ့အကြုံအမှတ်မှာ ပုံမှန်အတိုင်း ရိုးရိုးလေး တိုးသွားခြင်း မဟုတ်ပေ။

အဆင့်မြင့် အရည်အချင်း သို့မဟုတ် အသိပညာသည် အခြေခံထက် အးအတွေ့အကြုံအမှတ် ၅၀,၀၀၀ ပို၍ ကုန်ကျသည်။ ထို့အပြင်၊ အခြေခံ အရည်အချင်းနှင့် အဆင့်မြင့် အရည်အချင်းတို့ကို ပေါင်းစပ်ပါကလည်း အခြေခံ အရည်အချင်း၏ ကုန်ကျစရိတ်က ၅,၀၀၀-၁၀,၀၀၀ တက်လာလေ့ရှိသည်။ ပို၍သာ အဆင့်မြင့်သည့် အရည်အချင်းများ ပေါင်းစပ်လျှင် ပေါင်းစပ်ခြင်းအတွက် ကုန်ကျစရိတ်မှာ မိုးထိုးနေ၏။

"အတည်ပြုသည်။"

ဟန်ရှောင်းက ‌ဂိမ်းမျက်နှာပြင်ကို အသက်ပင်ရဲရဲ မရှူနိုင်ဘဲ စိုက်ကြည့်နေသည်။

_____________________

ပေါင်းစပ်ခြင်း အောင်မြင်ပါသည်။

ဂုဏ်ပြုပါသည်။ သင် [သံလိုက်ချပ်ဝတ်] ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်းသည် ပျော်လွန်းလို့ ထခုန်မိလိုက်သည်။

ဒါက သူရည်ရွယ်ထားသည့် ဒီဇိုင်းပုံစံပင် ဖြစ်သည်။ ၎င်းသည် ဟန်ရှောင်း၏ အဆင့်မှာ ရှိသည့် ကစားသမားတစ်ဦး မပိုင်ဆိုင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ အမှန်တကယ်ပင်၊ ထိုအရာက အဆင့်မြင့် ချပ်ဝတ်တစ်ခုဖြစ်၏။ ဒီဟာက သူ့ရဲ့ လုံခြုံရေးအတွက် စိတ်ချရစေလိမ့်မည်။

ဟန်ရှောင်းသည် သုံးစွဲထားသည့် ဒေါ်လာ ၃၀၀,၀၀၀ မှ ၂၅၀,၀၀၀ ကို ထိုချပ်ဝတ်ပြုလုပ်ရန် အသုံးပြုလိုက်သည်။

ဒါက အဆင့်မြင့် ဒီဇိုင်းပုံစံဖြစ်သည့်အတွက်၊ အခြေခံတစ်ခုကို ပြုလုပ်ရသည်ထက် အများကြီးပို၍ ရှုပ်ထွေးလေသည်။ ထို့ကြောင့် ဟန်ရှောင်းကဲ့သို့ ပြုလုပ်ရန် လိုအပ်သော အသိပညာများ ရှိထားသူပင်လျှင်၊ ဒီဇိုင်းပုံစံကို သေချာနားလည်ဖို့ အချိန် ၁နာရီလုံးလုံး ပေးလိုက်ရသည်။ နားလည်ပြီးနောက်၊ ဟန်ရှောင်းက ခေါင်းမော့လိုက်ပြီး ခပ်မဲ့မဲ့ ပြုံးလိုက်မိသည်။ သူ့တွက်ချက်မှုအရ ဒါကို ပြုလုပ်ရန် အချိန် ၃ရက်လုံး မရပ်မနား အလုပ်လ်ုဖို့ လိုအပ်နေသည်။

သူက အလျှင်အမြန်ပင် စတင်လိုက်၏။

...

၃ရက် ကြာပြီးသော်၊ ဟန်ရှောင်း၏ အလုပ်ခန်းတံခါး ပွင့်လာသည်။ အားအင်ကုန်ခမ်းနေသော ဟန်ရှောင်းသည် ပင်ပန်းနွမ်းနယ်နေသောမျက်လုံးများနှင့် မျက်လုံးအောက်မှ အနက်ရောင်အိတ်များဖြင့် ထွက်လာသည်။ သူဘယ်သူလဲ၊ ဘယ်မှာမှန်းတောင် မသိသလို ကြောင်တောင်တောင် ဖြစ်နေပုံရတယ်။ တကယ်တော့ သူ့ကိုကြည့်ရသည်မှာ၊ ရိုက်နှက်ခံရပြီး ထလာသည်ဟု တွေးမိကောင်း တွေးမိနိုင်ပါတယ်။

ဟန်ရှောင်း ဖုန်းကိုဖွင့်လိုက်သည်နှင့် လီယာလင်း၏ဖုန်း ဝင်လာသည်။ သူမအသံက မကျေမနပ်ဖြစ်နေပုံပင်။

"ဟန်ရှောင်း၊ နင့်ကို ဒီရက်ပိုင်းမှာ ဘာလို့ ဆက်သွယ်မရတာလဲ။ အမှာစာတွေ ပေးဖို့ ရက်လွန်နေတာ တစ်‌ဒါဇင်လောက်ရှိပြီ။ ငါ့ဂုဏ်သတင်းကို နင့်စီးပွားရေးအတွက် ရင်းထားရတာ နင်ငွေတွေယူပြီး ထွက်ပြေးဖို့ ကြံမနေနဲ့နော်။ ပြီးတော့၊ နင်ငါ့ကို သီးသန့် ကိရိယာတစ်ခု လုပ်ပေးမယ်ပြောထားတာ မမေ့နဲ့ဦး။ အိုး၊ ဟုတ်သားပဲ၊ ငါတို့ မစ်ရှင်တစ်ခုရတယ်။ ငါတို့ ဟက်စ်လာကို ၁၀ရက်အတွင်း ထွက်ရမယ်။ ခေါင်းဆောင်က နင်မနေ့က အစည်းအဝေးမှာ ပေါ်မလာလို့ ဒေါသထွက်နေတယ်၊ နင်ဒါကို စိတ်ထဲထည့်ထားဖို့လိုတယ်..."

ဟန်ရှောင်းမှာ မျက်လုံးပင် မနည်းဖွင့်နေရသည်။ သူမ လျှောက်ပြောနေသည်ကို လျစ်လျူရှုလိုက်ကာ အိပ်ရာပေါ်သို့ တက်လိုက်ပြီး စောင်အောက်တွင် ချက်ချင်းပင် ခွေခွေလေး အိပ်ပျော်သွားသည်။

"ဟေး၊ ဟေး၊ ဟေး - နင်ဘာလို့ ဘာမှ ပြန်‌မပြောတာလဲ။ အား၊ နင်ငါ့ကို အရင်နေ့တုန်းက ဘယ်လိုအခွင့်အရေးယူခဲတယ်ဆိုတာ မေ့သွားပြီး မထင်နဲ့ဦး..."

...

'အိပ်ရာနိုးလာတဲ့အခါ ပထမဆုံး စလုပ်တာ ဘာလဲ'

'မျက်လုံးဖွင့်လိုက်တာ'

နောက်ဆုံး ဟန်ရှောင်းနိုးလာသောအခါ၊ ပထမဆုံး သူလုပ်ရသည်က အိမ်သာကို အိပ်မက်လိုလို အိပ်ချင်မူးတူ သွားခြင်းပင်ဖြစ်သည်။ လက်ဆေးပြီးနောက်၊ အကြောဆန့် သမ်းဝေကာ သွားတိုက်လေသည်။

အဲဒီနောက်မှာပင်၊ မျက်လုံးက တစ်ဝက်ပိတ်နေတုန်း ရှိသေး၏။ ဟန်ရှောင်းက အဓိကဝပ်ရှော့၏ မီးဖိုခန်းသို့သွားပြီး လူချမ်းကို ထိုင်ခုံမှ သူ့ဖင်ဖြင့် တွန်းဖယ်လိုက်သည်။ ထို့နောက်၊ သူမ၏ ချည့်နဲ့လှသော ကန့်ကွက်မှုကို လျစ်လျူရှုထားပြီး ကျန်ရှိနေသေးသည့် မနက်စာကို စားနေသည်။

စားပြီးသောအခါ၊ အားမနာသော အကြည့်တစ်ချက် ကြည့်လိုက်ပြီး ဘာမှမဖြစ်သလိုပင် ထွက်သွားတော့သည်။

"အား၊ ဒီလို စိတ်လွတ်ကိုယ်လွတ်နေတာက ငါငယ်ငယ်တုန်းက အချိန်ကိုတောင် ပြန်သတိရသွားတယ်။" အဘိုးကြီးလူက ခေါင်းကိုပွတ်ရင်း အော်ပြောလိုက်သည်။

"အားးးး ငါ့သော့တွေ ‌ပြောင်းပစ်ချင်တယ်..."

"ဒါက အချစ်လည်း ဖြစ်နိုင်တာပဲ။" အဘိုးကြိးလူက လေးနက်သောအကြည့်ဖြင့် မှတ်ချက်ချလိုက်သည်။

"အဲဒါ မဟုတ်ဘူး။" လူချမ်းက ဒေါသထွက်ထွက်နှင့် အော်လိုက်သည်။

...

အလုပ်ခန်းတွင်၊ ဟန်ရှောင်းက ဘူးလေးတစ်ဘူးကို ဖွင့်လိုက်သည်။ အတွင်းတွင် သူကြိုးစားခဲ့သော အသီးအပွင့်မှာ များပြားလှစွာသော ကြေးခွံပါးလေးများ ပုံစံရှိနေ၏။ အနက်ရောင်နှင့်တူသော်လည်း အသေအချာကြည့်ပါက အပြာရောင်ရင့်ရင့် ဖြစ်နေသည်ကို တွေ့ရသည်။ ချပ်ဝတ်နှင့် လုံးဝမတူသော်လည်း၊ ဤအပိုင်းအစလေးများသည် [သံလိုက်ချပ်ဝတ်] ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ ၎င်းက မတပ်ဆင်ရသေးပေ၊ အတိအကျ ပြောရသော် မပြည့်စုံသေးဟု ဆိုနိုင်သည်။

ဟန်ရှောင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ့လက်ကို ဘူး၏ အပေါ် တစ်လက်မအကွာတွင် ထားလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်အတွင်းမှ သံလိုက်ဓါတ်စွမ်းအင်များကို လက်မောင်းဆီသိူ့ ဆင့်ခေါ်လိုက်သည်။

နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက တော်တော်လေးကို ကြည့်လို့ကောင်းသည့် မြင်ကွင်းတစ်ခုပင်။

သတ္တုကြေးခွံများသည် ဟန်ရှောင်း၏ သံလိုက်ဓာတ်ကို တုန့်ပြန်ရင်း တုန်ခါလာကြသည်။ နောက်တစ်စက္ကန့်တွင်၊ အစုပ်ခံလိုက်ရသလို သူ၏ လက်ဝါးဆီသို့ လွင့်ပျံလာကြ၏။ ဟန်ရှောင်း၏ အသားအရည်နှင့် ထိတွေ့လိုက်သောအခါ၊ ၎င်းတို့မှာ အသက်ဝင်လာသလို သူ၏ လက်မောင်းပတ်လည်တွင် တက်ကြွစွာ ကခုန်နေကြဟန် တူ၏။ အသက်ရှိနေသော ငါးများလိုပင်။

"ဖွဲ့စည်းစမ်း" ဟန်ရှောင်းက အမိန့်ပေးလိုက်သည်။ သတ္တုကြေးခွံများသည် လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားပြီး ပါးလွှာသော ကြေးခွံသဏ္ဍာန်ရှိသည့် ချပ်ဝတ်လက်မောင်းအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းက လုံးဝချောမွေ့ပြီး ညီညာနေသည်။

ချပ်ဝတ်ကို ကြည့်ရသည်မှာ အသားကပ်ဖြစ်ပုံပေါ်သည်။ သို့သော်လည်း သံလိုက်ဓာတ်ဖြင့် ထိန်းချုပ်ထားခြင်းဖြစ်ပြီး မီလီမီတာ အနည်းငယ်ခန့် ကွာဟနေသည်။ ထို့ကြောင့် အသုံးပြုသူကို လွတ်လွတ်လပ်လပ် လှုပ်ရှားစေနိုင်၏။

ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ပလက်တီနမ်ဓါးကို ဆွဲထုတ်ပြီး လက်မောင်းကို ရက်ရက်စက်စက် ခုတ်ချလိုက်သည်။ ကြွပ်ဆတ်ဆတ်အသံထွက်လာသည်၊ သို့သော် မီးပွင့်များတော့ မထွက်။ ချပ်ဝတ်မှာလည်း ထိခိုက်မှုမရှိပေ။

"ကောင်းလိုက်တဲ့ ခံစစ်" ဂုဏ်ယူဝင့်ကြွားနေသော ဟန်ရှောင်းက အံ့အားသင့်စွာ ပြောမိသွားတော့သည်။

_____________________

[သံလိုက်ချပ်ဝတ်] (မပြည့်စုံသေး)

အမျိုးအစား : ချပ်ဝတ် (ကျည်မဖောက်နိုင်)

အဆင့် : ရှားပါး (အစိမ်းရောင်)

အခြေခံအချက်အလက်

– ခုခံနိုင်မှု : ၇၅

– ခိုင်ခံ့မှု : ၁၆၀၀/၁၆၀၀

လိုအပ်ချက် : သံလိုက်ဓာတ်-ရင်းနှီးကျွမ်းဝင်မှု စွမ်းအင် [အလယ်အလတ်အဆင့် စက်ယန္တရားရင်းနှီးမှု]

စွမ်းရည် : အသုံးပြုသူ၏ ခန္ဓာကိုယ်တစ်လျှောက် ရွေ့လျားနိုင်ရန် သံလိုက်ဓါတ်ကို အသုံးပြု၍ ထိန်းချုပ်နိုင်သည်။ ပုံသဏ္ဍာန်ကို ထိနိးသိမ်းထားရန် ၁၀ စွမ်းအင်/မိနစ် လိုအပ်သည်။

ထပ်တိုးသက်ရောက်မှုများ : မြင့်မားသောခုခံနိုင်မှု - ဤချပ်ဝတ်သည် မြင့်မားသော အပူချိန်ကို ခံနိုင်ရည်ရှိပြီး၊ လွယ်ကူစွာ ထိုးဖောက်ခံရခြင်း သို့မဟုတ် ထိခိုက်နိုင်ခြငမူ မရှိပါ။

ထပ်တိုးသက်ရောက်မှုများ : သံလိုက်ဓာတ်တွန်းကန်ခြင်း - အသုံးပြုသူအပေါ် ကျရောက်သော ထိခိုက်နိုင်မှုကို တစ်စိတ်တစ်ပိုင်း ဆန့်ကျင်နိုင်သည်။ (ထိခိုက်နိုင်မှု ၂၀-၃၀မှတ်အထိ လျှော့ချနိုင်သည်။)

ထပ်တိုးသက်ရောက်မှုများ : သံလိုက်ဓာတ်စက်ကွင်း - ဝတ်ဆင်ထားသောအခါ၊ အသုံးပြုသူကို သံလိုက်စက်ကွင်းဖြင့် ဖုံးအုပ်ထားပြီး လျပ်စစ်ဓါတ်ကို ဆွဲဆောင်နိုင်သည်။

အကြံပေးချက် : ရင်းနှီးသောအားဖြင့် သတိပေးခြင်း - မိုးရွာတဲ့နေ့မှာ မဝတ်ပါနဲ့။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

"Galaxy" တွင်၊ စွမ်းအင်ကို အသုံးပြုရန် လိုအပ်သော ကိရိယာများကို စူပါလူသား ကိရိယာများဟု ခေါ်ကြသည်။

[သံလိုက်ချပ်ဝတ်]၏ သတ္တုကြေးခွံများပြုလုပ်ရန် အသုံးပြုထားသော ကုန်ကြမ်းပစ္စည်းမှာ အလွန်တရာမှ ရှားပါးလှပြီး သဘာဝအတိုင်း တွေ့ရှိရသော သတ္တုဖြစ်သည်။ ဌာန၁၃ပင်လျှင် အများအပြား ပိုင်ဆိုင်ထားခြင်း မရှိပေ။ ဒေါ်လာ ၂၅၀,၀၀၀ က ဟန်ရှောင်းအတွက် တစ်စိတ်တစ်ပိုင်းသာ ပြုလုပ်ရန် လုံလောက်ခဲ့ပြီး၊ သူ၏ ကျောတစ်ပြင်လုံးကိုသာ ကာကွယ်နိုင်သည်။

သို့ပါလျက်၊ [သံလိုက်ချပ်ဝတ်]၏ နောက်ခံသီအိုရီမှာ ရိုးရှင်းသော်လည်း၊ ပြုလုပ်ခြင်းကတော့ လုံးဝကွဲပြားသည့် အရာတစ်ခုပင်။ ဟန်ရှောင်းတွင် အရင်းအမြစ် အလုံအလောက် ပိုင်ဆိုင်လျှင်တောင်မှ၊ ပြည့်စုံသောချပ်ဝတ်ကို ပြုလုပ်နိုင်ဦးမည်မဟုတ်ပေ။ အသိပညာနှင့် စကေးပိုင်း‌တွင် လိုအပ်ချက်များ ရှိနေသေး၏။

သို့သော်လည်း၊ မပြည့်စုံသော ဗားရှင်းကို ပြုလုပ်ခဲ့ခြင်းကတောင် ဟန်ရှောင်းက အတွေ့အကြုံအမှတ် ၄၀,၀၀၀ ရရှိခဲ့ပြီး၊ ထိုအမှတ်များက ရိုဗာ ၁ကို ပြုလုပ်ခဲ့စဉ်ကထက် ပို၍များပြားသည်။

ဟန်ရှောင်းက ချပ်ဝတ်အပေါ် သူ၏ထိန်းချုပ်မှုများကို ဆက်လက်၍ စမ်းသပ်နေသည်။

ထိုကဲ့သို့ အဆင့်မြင့် စူပါလူသား ကိရိယာကို အသားကျရန် အဆင့်နိမ့် ကစားသမားတစ်ယောက်အတွက် အချိန်ယူရမည် ဖြစ်သော်လည်း၊ သူ၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံတို့ကြောင့် ဟန်ရှောင်းမှာ အလျှင်အမြန် အထာကျသွားသည်။

ဤချပ်ဝတ်ဖြင်ဆိုလျှင်၊ ဟန်ရှောင်းက အရင်ထက် ပို၍လုံခြုံသည်ဟု ခံစားရ၏။

ချပ်ဝတ်က သိသာထင်ရှားခြင်း မရှိဘဲ အလွန်ပင် သယ်ဆောင်ရလွယ်ကူသည်။ ဟန်ရှောင်းက ဒါကို သူ့ရဲ့ ဝှက်ဖဲအဖြစ် တွေးထားသည်။ သူ၏ မိတ်ဆွေများအပါအဝင်၊ လူတိုင်းကို မသိစေဘဲ လျှို့ဝှက်ထားမည်ဟု ကြံစည်ထား၏။ အဆုံးမှာတော့၊ ဒီနေ့သူငယ်ချင်းက နောက်နေ့ ရန်သူဖြစ်မလာဘူးလို့ ဘယ်သူ‌က သေချာပေါက် ပြောနိုင်မှာလဲ။

ယခု ဟန်ရှောင်းသည် ရွေ့လျားမှု၊ ခုခံကာကွယ်မှု၊ အနှီးကပ်နှင့် အဝေးပစ်တိုက်ပွဲများအတွက် ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။ ဟန်ရှောင်းလုပ်ရန် ကျန်တော့သည်က အနုပညာတစ်ချို့ ပြင်ဆင်ရန်ဖြစ်သည်။

ဟန်ရှောင်းသည် ဌာန၁၃မှ ထောက်ပံ့ပေးသော ဗုံးများကို အတော်ပင် စိတ်တိုင်းကျသည့်အတွက်၊ သူက ရိုးရိုးရှင်းရှင်းလေးသာ ပြုပြင်မွမ်းမံမှု ပြုလုပ်ရန် ကြံစည်ထားသည်။

အခန်း (၆၇) ပြီး၏။

လင်းဆက်

+++++

All Chapters