Vol. 16 Ch. 226
Vol. 16 Ch. 226
စုန့်ကျား နာရီ၀က်ခန့် မိတ်ကပ်ပြင်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့လိုက်၏။
သို့သော်လည်း သူမ၏ မိတ်ကပ်အသွင်မှာ သာမန်နေ့များနှင့် မတူဘဲ ကွာခြားနေလေသည်။
ပုံမှဆိုလျင် စုန့်ကျားမှာ ဖြူဖြူစင်စင်နှင့် ချစ်ဖို့ကောင်းသည့် မိန်းကလေးပုံစံ ဖြစ်နေသော်လည်း ယနေ့တွင်တော့ အနက်ရောင် ပွဲတက်၀တ်စုံကို ၀တ်ဆင်ထား၍ လှပပြီး ဆူးများနှင့် ပြည့်နှက်နေသော နှင်းဆီရိုင်းတစ်ပွင့်လေးကဲ့သို့ ခံစားရစေ၏။
လင်းရီပင်လျင် စုန့်ကျားကို မမှတ်မိတော့လောက်အောင် ဖြစ်သွားခဲ့သည်။
အကယ်၍ သူမ၏ သီးသန့်နေရာများသာ ရှောင်ထျန်ကဲ့သို့ ပြည့်တင်းနေပါက သူမကို ပိုပြီး အရိုင်းဆန်၍ လှပသွားစေလိမ့်မည်။
နောက်ကျရင်တော့ ဒီကောင်မလေးကို နို့နဲ့ သင်္ဘောသီးတွေ များများစားခိုင်းရမယ်.....
"ဒါရိုက်တာလင်း..ကျွန်မရဲ့ ၀တ်စုံကို ဘယ်လိုမြင်လဲ..အဆင့်တန်းကျကျ အလုပ်လုပ်နေတဲ့ ကောင်မလေးနဲ့ တူတယ်မလား....."
စုန့်ကျား မေးလိုက်လေသည်။
"အင်း..နည်းနည်းပေါ့.."လင်းရီ ပြန်ဖြေလိုက်၏။
"ဟင်...နည်းနည်းပဲလား.."စုန့်ကျား နှုတ်ခမ်းထော်လိုက်ပြီး "အဲ့ဒါဆို ခဏလောက်စောင့်ဦး ..စတော်ကင် မ၀တ်ရသေးလို့ ထင်တယ်..အဲ့တာသာ ၀တ်လိုက်ရင် ပိုပြီးကြည့်ကောင်းသွားမယ် ထင်တာပဲ..."
ထိုသို့ပြောရင်း သူမ အသားရောင် စတော်ကင်တစ်စုံကို ရေခဲသေတ္တာထဲမှ ထုတ်လိုက်ပြီး ခြေထောက်နှစ်ဖက်တွင် ကျွမ်းကျင်စွာဖြင့် စွပ်လိုက်သည်။
ထို့ပြင် ကြိုးတပ် ဒေါက်ဖိနပ်တစ်ရံကို လည်း ၀တ်ဆင်လိုက်၏။ မူလက လင်းရီ ရင်ဘက်လောက်သာ ရှိသော စုန့်ကျားမှာ ဒေါက်မြင့်ဖိနပ် ၀တ်ဆင်ပြီးနောက် လင်းရီ၏ လည်ပင်းနားလောက်ထိ ရောက်ရှိသွားပြီး ပိုပြီး ရင့်ကျက်သွားသည့်အသွင် ပေါ်လာခဲ့လေသည်။
"ဒါရိုက်တာလင်း..ခုကော ဘယ်လိုလဲ.."
လင်းရီ မေးအသာပွတ်၍ သေချာအကဲခတ်လိုက်ပြီး"အင်း..ပိုပြီးတော့ ကြည့်ကောင်းသွားသလိုပဲ..ဒါပေမယ့် ဘာလို့လဲတော့မသိဘူး..တစ်ခုခု လိုနေသလို ခံစားနေရသေးတယ်..."
"မဖြစ်နိုင်တာ...ကျွန်မ စတော်ကင်တွေတောင် ၀တ်ထားပြီးပြီလေ...အဲ့တာတောင်မှ တစ်ခုခု လိုနေသေးတာလား..."စုန့်ကျား မပျော်မရွှင်ဖြစ်သွားခဲ့၏။
သူမ ကြိုးစားပမ်းစား ပြင်ဆင်ထားရသော်လည်း ဤလူကြီးဆီမှ လှတယ် ဟူသော ချီးမွမ်းစကားလေးတစ်ခွန်းလောက် ကြားရဖို့အရေး အဘယ်ကြောင့် ထိုမျှ ခက်ခဲနေရသနည်း။
"မင်း ရှောင်ထျန်ကို မေးကြည့်ပါလား..သူက ဒါမျိုးတွေဆို ပိုကျွမ်းတယ်.."
"ဒီ၀တ်စုံကလည်း အစ်မထျန်ပေးတဲ့ ၀တ်စုံပဲလေ..ယွမ် သောင်းဂဏန်းလောက် ပေးထားရတာ..."
ရုတ်တရက်....စုန့်ကျား တစ်ခုခုကို စဉ်းစားမိသွားပြီး မျက်လုံးအရောင်များ လက်လာခဲ့သည်။
"ဒါရိုက်တာလင်း ..ကျွန်မရဲ့ ၀တ်စုံက အစ်မထျန်နဲ့ယှဉ်ရင် တစ်ခုခုလိုနေသေးတယ်လို့ ပြောတယ်နော်..."
"အင်း..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး
"အခု ဘယ်နေရာ လိုနေလဲဆိုတာ သိသွားပြီး ဟီးဟီး.."စုန့်ကျား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး "ခဏစောင့်ဦးနော်..ခဏနေ ပြန်လာခဲ့မယ်.."
ထိုသို့ပြောပြီးနောက် အခန်းထဲသို့ ပြန်၀င်သွားခဲ့၏။ လင်းရီကတော့ ဒီကောင်မလေး ဘာတွေများ သိသွားပါလိမ့်ဟု ရေရွတ်ကာ ဧည့်ခန်းထဲ၌ ဖုန်းဆော့ရင်း စောင့်နေလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် စုန့်ကျား အခန်းထဲမှ ပြန်ထွက်လာခဲ့၏။
သူမ ၀တ်စုံမှာ မပြောင်းလဲသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာတော့ မှော်ဆန်ဆန် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
သူမ၏ ရင်ဘက်ခြမ်းမှာ ပိုပြီး မို့မောက်လာရုံသာမက တင်ပါးမှာလည်း တင်းရင်းစွင့်ကားလာခဲ့၏။
ဟိုက် အမေးဇင်းပါလားဟ..ဘယ်လိုများ လုပ်လိုက်ပါလိမ့်...
"ဒါရိုက်တာလင်း..ခုကောဘယ်လိုလဲ..ပိုပြီး လှသွားပြီမလား...."
စုန့်ကျား စက်ဝိုင်းပုံစံ လှည့်လိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို လင်းရီအား ကြည့်ရှုစေလိုက်သည်။
"အင်း မဆိုးဘူး မဆိုးဘူး..ခုမှ ကြည့်ရတာ ပိုလှသွားတော့တယ်..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဘယ်လိုလုပ်လိုက်တာ..."
"အဲ့တာကလား..."
စုန့်ကျား တုန့်ဆိုင်းခြင်း မရှိပဲ "ဆက်စီဆန်တဲ့ ပိုးထည်ကြိုးတပ် အတွင်းခံ လဲလိုက်တာလေ..အစ်မထျန်လည်း အဲ့လို အတွင်းခံတွေပဲ ၀တ်တာ...ဒါပေမယ့် ဈေးကြီးလွန်းတယ်..ကျွန်မမှာတောင် တစ်စုံပဲရှိတာ....ဘယ်လောင်တောင် ၀မ်းနည်းဖို့ ကောင်းလိုက်လဲနော်....."
"ဘာမှ ၀မ်းနည်းမနေနဲ့...မင်းက လှပြီးသားပါကွာ...ရှိတာလေးနဲ့ လှအောင် ၀တ်တတ်ရင်ပို အဆင်ပြေနေပြီ မဟုတ်ဘူးလား.. "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ခစ်ခစ် ..ဒါရိုက်တာလင်းကတော့ စကားကို ဘယ်လိုချိုအောင် ပြောရမလဲဆိုတာ အရမ်းသိတာပဲ.."
စုန့်ကျား ရယ်မောလိုက်ပြီး " မြန်မြန်...ခဏနေဆိုရင် သွားရတော့မှာ..ရှင်လည်း အ၀တ်စား လဲတော့လေ.."
"အေးဆေးပေါ့..ငါလဲတာက ဘာမှ မကြာဘူး.."
ထိုသို့ပြောပြီးနောက် လင်းရီ စုန့်ကျား ငှားထားသည့် အနောက်တိုင်း ၀တ်စုံကို ၀တ်ဆင်လိုက်၏။
"ကျွတ် ကျွတ် ကျွတ်...ဒါရိုက်တာလင်း..ရှင်က အရမ်းခန့်တာပဲ..ကျွန်မကိုယ်ကျွန်မတောင် ပုံအပ်ချင်လာပြီ..."
စုန့်ကျား စနောက်လိုက်၏။
"မင်းသာ D cup ရောက်တဲ့အချိန် ငါ့ကိုလာရှာလိုက်.. ....ပုံအပ်ဖို့အခွင့် ရေးပေးမယ်..."
"ခစ်ခစ် တော်ပါပြီ...အစ်မထျန်ဆီကနေတော့ မလုရဲပါဘူး.."
သူမ လင်းရီကို မှန်ရှေ့သို့ ဆွဲခေါ်သွားလိုက်ပြီး လင်းရီ လက်မောင်းကို ချိတ်လိုက်၏။
"ဒါရိုက်တာလင်း..ခုလို ပုံစံသာဆိုရင် ကျွန်မတို့ကို ဘယ်သူကမှ သံသယ၀င်တော့မှာ မဟုတ်ဘူးမလား...."
စုန့်ကျား မေးလိုက်သည်။
"ဒါပေါ့..သံသယ၀င်စရာလားကွ.."လင်းရီ ပြုံး၍ ပြောလိုက်လေသည်။။
"သွားစို့..."စုန့်ကျား ပျော်ရွှင်စွာဖြင့် အသံမြင့်လိုက်ပြီး "ဒါရိုက်တာလင်း ကျွန်မတို့ ဟိုတယ်ရောက်တာနဲ့ ရှင်က လုံး၀ သူဌေးဂိုက် ဖမ်းရမှာနော်..ရှေ့ထွက်ပြီး သူတို့အကုန်လုံးကို နလန်မထူနိုင်အောင် ဖိနှိပ်ပစ်လိုက်..."
စုန့်ကျား ပါးစပ်က ပြောသကဲ့သို့ လက်ကလည်း လက်သီးနှင့် လက်ဝါးကို အားပါတရ ထုပြနေ၏။
"စိတ်ချ..ငါ့ဘက်ကတော့ အကောင်းဆုံး လုပ်ပေးမယ်.."
သို့သော်လည်း ယခုသူ၏ လက်ရှိ ပိုင်ဆိုင်မှုဖြင့်ဆိုပါက ချမ်းသာချင်ယောင် ဆောင်စရာ မလိုတော့ချေ။ Koenigsegg မောင်းသွားလိုက်ရုံနှင့် ပွဲပြတ်ပြီးဖြစ်၏။
နှစ်ယောက်လုံး အသင့်ဖြစ်သောအခါ အောက်ထပ်သို့ အတူ ဆင်းလာခဲ့ကြ၏။
ဓာတ်လှေကားထဲတွင်
"ဘာလို့ အောက်ဆုံးအထပ်ကို နှိပ်လိုက်တာ..."
"ကားက ပါကင်ထိုးတဲ့ နေရာမှာလေ.".စုန့်ကျား ပြောလိုက်ပြီး "ကျွန်မ အစ်မထျန်ဆီကနေ Audi ငှားလာခဲ့တယ်...အဲ့တာမှ မျက်နှာမငယ်ရမှာ ..."
"ရှောင်ထျန်ရဲ့ အော်ဒီ ယူချင်တာ သေချာရဲ့လား..ငါ့မှာ ပိုကောင်းတဲ့ ရှိတယ်နော်..."
လင်းရီ ပြောလိုက်၏။
"ပိုကောင်းတဲ့ကား...? Koenigseggကြီးလား..."
"အင်း...ဘယ်လိုလုပ်သိတာ..."
"ရှင်မောင်းတာ မြင်ဖူးတယ်လေ..."စုန့်ကျားပြောလိုက်ပြီး "ဒါပေမယ့် အဲ့တာက ချင်းဟန်ရဲ့ ကားမဟုတ်ဘူးလား....ယူမနေစမ်းပါနဲ့ဟယ်...မဟုတ်ရင် သူ့နားအကူညီတောင်းပြီးသွားရင် ပြန်ပေးဖို့ ဆိုတာက လွယ်တာမှ မဟုတ်တာ..အစ်မထျန်ရဲ့ အော်ဒီလေးပဲ မောင်းသွားကြရအောင်နော်..."
လင်းရီ ဆွံ့အသွားခဲ့သည်။
သူဒီလောက် အချိန်အကြာကြီး မောင်းနေတာတောင်မှ ချင်းဟန်ကားလို့ ထင်နေသေးတယ်ပေါ့...
"ကောင်းပြီလေ..မင်းက အော်ဒီဆိုမှတော့ အော်ဒီကြတာပေါ့.."
ကားပါကင်ထိုးသည့် နေရာသို့ ရောက်သောအခါ နှစ်ယောက်သား အော်ဒီ A6 ထံသို့ လျှောက်သွားလိုက်ကြ၏။
"ဒါရိုက်တာလင်း..ပန်နီဆူလာဟိုတယ်ကို မောင်းမယ်နော်..."
ဟမ်...
လင်းရီ တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။
သူ့နေရာမှာ ပွဲလုပ်မယ်ဆိုပါလား..ဒါဆို ပိုပြီး အဆင်ချောသွားတာပေါ့ကွ...
သို့နှင့် လင်းရီလည်း ပန်နီဆူလာ ဟိုတယ်သို့ မောင်းသွားလိုက်လေသည်။
"မန်နေဂျာ၀မ်..ဒါရိုက်တာလင်း ရောက်နေတယ်"
ခန်းမ မန်နေဂျာ၏ စကားများကိုလည်း ကြားရော မီးရှူးမီးပန်းများကို စစ်ဆေးနေသည့် ၀မ်ထျန်းလုံမှာ ချက်ချင်း လုပ်လက်စအလုပ်ကို လွှတ်ချ၍ လင်းရီလာနေသည့် ဘက်သို့ လှည့်ကြည့်လိုက်သည်။
"နေဦး..မလှုပ်နဲ့..."
၀မ်ထျန်းလုံပြောလိုက်ပြီး "ဒါရိုက်တာလင်းကို သွားမနှုတ်ဆက်နဲ့..."
"ဘာလို့လဲဗျ.....ဒါရိုက်တာလင်းက ဒီရောက်နေတာလေ..သွားမနှုတ်ဆက်ရင် ရိုင်းပြသလို ဖြစ်သွားမှာပေါ့..."
"ငပိန်း မင်း..ဒါရိုက်တာလင်းဘေးမှာ စောလေးတစ်ဗွေ ရှိနေတာ မမြင်ဘူးလား..ဘော့စ်လင်းရဲ့ ကောင်မလေး အသစ်ဖြစ်လောက်တယ်..မင်းသာ သွားနှုတ်ဆက်လိုက်ရင် ဒါရိုက်တာလင်းရဲ့ အကြံတွေ ပျက်စီးကုန်မှာ ..အဲ့တာဆို မင်းလည်း အထုပ်ပိုးသာ ပြင်ထားလိုက်တော့.."
အကယ်၍ တစ်နေ့ လင်းရီသာ ပလ္လင်ပေါ်တက်၍ မင်းအဖြစ် စိုးစံမည်ဆိုပါက ၀မ်ထျန်းလုံမှာ သူ၏ အတိုင်ပင်ခံ အမတ်ကြီးတစ်ပါး ဖြစ်လာနိုင်ပေသည်။
"ဟုတ်ကဲ့..နားလည်ပါပြီဗျ..."
ခန်းမ မန်နေဂျာမှာ သက်ပြင်းချလိုက်ပြီး "မန်နေဂျာ၀မ်ကတော့ အရိပ်အကဲခတ်တာ အရမ်းတော်တာပဲ..ဒါကြောင့်လည်း ဒီလိုနေရာမျိုး ရောက်နေတာ မဆန်းတော့ပါဘူးလေ.."
နှစ်ယောက်သား တတိယထပ်သို့ တက်သွားလိုက်ပြီး အခန်း ၃၀၆ တံခါးကို တွန်းဖွင့်လိုက်သည်။
အခန်းထဲတွင်တော့ လူအယောက်နှစ်ဆယ်ခန့် ကောင်းကောင်းကြီး ထိုင်စားနိုင်သော စားပွဲဝိုင်း အကြီးစားကြီးတစ်လုံး ရှိနေပြီး ဖြစ်သော်လည်း အခန်းထဲတွင် နေရာက အတော်လေး လွတ်လပ်နေသေး၏။ အင်မတန် ကျယ်၀န်းလှသည့် အခန်းကြီးပင်။
လင်းရီ အခန်းတစ်ခန်းလုံးကို ကျီးကန်းတောင်မှောက် ကြည့်လိုက်သည်။ လူ၂၄ ယောက်ခန့် ရှိနေပြီး အများစုကတော့ မိန်းကလေးများပင်။ မိတ်ကပ်အထူကြီး ခြယ်သထားကြပြီး လှလှပပ ၀တ်ဆင်ထားကြ၏။ ထို့ပြင် အခန်းထဲရှိ လေထု၌ စူးရှသော ရေမွှေးနံ့များလည်း ပျံ့လွင့်နေလေသည်။
"ရို...ကျားကျား လည်း ရောက်လာပြီပဲဟ..အားလုံးရောက်နေကြပြီ..လူတိုင်းက နင့်ကို စောင့် နေကြတာ..."
ပြောလိုက်သူကတော့ လီရွှယ်ရူဟု ခေါ်သည့် အမျိုးသမီးဖြစ်ပြီး စုန့်ကျား၏ ကောလိပ်အတန်းဖော်ပင်။ သို့သော်လည်း နှစ်ယောက်ကြားရှိ ဆက်ဆံရေးကတော့ ဘယ်သောအခါကမျှ ကောင်းမွန်ခြင်း မရှိခဲ့ချေ။
"အိုး..အားနာလိုက်တာနော်.."စုန့်ကျား ပြောလိုက်ပြိး "မနေ့ညက အိပ်တာ နောက်ကျသွားလို့လေ..အရုဏ်တက်ခံနီးမှ အိပ်ပျော်သွားတာ..အဲ့တာကြောင့် နေ့လည်လောက်မှ နိုးလာတာလေ..စောင့်ခိုင်းမိလို့ စိတ်မဆိုးကြပါနဲ့နော်..."
လင်းရီ :"....."
မင်းအခန်းထဲမှာ ကြာနေတာက ဒီလိုစကားတွေ ပြောဖို့အတွက် စဉ်းစားနေတာလား...
လင်းရီ ရုတ်ချည်းဆိုသလို ကျောတွန့်သွားပြီး သတိထားကြည့်လိုက်သောအခါ အခန်းထဲရှိ အမျိုးသမီးများမှ သူ့အား ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ခုန်အုပ်ချင်နေသည့် အကြည့်များဖြင့် ကြည့်နေကြကြောင်း တွေ့လိုက်ရ၏။
"ကျားကျား နင်က တယ်လည်း ကံကောင်းပါလား..ဘွဲ့ရပြီးတော့ ဒီလို အဆင်လေးနဲ့ ရည်းစားတော်ထားတယ်ပေါ့..."လီရွှယ်ရူ မနာလိုမျက်၀န်းများဖြင့် ပြောလိုက်သည်။
"အဟိ...အဲ့လိုလား..နင်တို့ကလည်း မြှောက်နေပြန်ပါပြီဟယ်.."စုန့်ကျား ရှက်သွားပြီး ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးများဖြင့် နှုတ်ခမ်းကို အုပ်လိုက်သည်။
"တကယ်တော့ ဒီအခန်းထဲက ဘယ်သူကမှ ငါ့ကောင်လေးခန့်တာကို မမှီဘူးသိလား.."
လင်းရီ:"...."
ဘယ်လိုတွေတောင် ပြောနေတာလဲဟ...