Vol. 16 Ch. 227
Vol. 16 Ch. 227
စုန့်ကျား ပြောလိုက်ပြီးနောက် အခန်းထဲရှိ အမျိုးသား အများစုမှာ အကြည့်လွှဲသွားကြပြီး အနာပေါ် ဆားဖြူးခံလိုက်ရသကဲ့သို့ နာကျင်သွားကြသည်။
အဲ့လိုကြီး မရက်စက်ပါနဲ့ဟ...
ထို့နောက် စုန့်ကျား ထိုင်ခုံနှစ်လုံး ဆွဲထုတ်လိုက်ပြီး ထိုင်၍ လင်းရီကို မိတ်ဆက်ပေးလိုက်၏။
"အားလုံးပဲ..ဒါက ငါ့ချစ်ချစ်..လင်းရီတဲ့.."
လင်းရီ ပြုံးလိုက်ပြီး အားလူံးကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
"ကဲ လာကြ လာကြ လာကြ ..လူတိုင်း ဒီရောက်နေကြပြီဆိုတော့ ဟင်းတွေ မှာကြရအောင်.."
ပြောလိုက်သူကတော့ ချန်ရွှီးဖြစ်ပြီး စုန့်ကျားတို့ ကျောင်းတက်စဉ်အခါက အတန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပေသည်။
ဘွဲ့ရပြီးနောက် မိသားစုပိုင် စီးပွားရေးလုပ်ငန်းကို ဆက်လက် ဦးစီးဦးဆောင် ပြုနေပြီး တစ်နှစ် ၀င်ငွေ တစ်မီလီယမ်ခန့်ဖြင့် စုန့်ကျားတို့ အတန်းဖော်များကြားတွင်တော့ အတော်လေး အောင်မြင်နေသည့် သူတစ်ယောက်ဟု ဆို၍ ရသည်။
"အတန်းခေါင်းဆောင် ..ကျွန်တော်ကြားတာတော့ ခင်များ ဘွဲ့ရပြီးတာနဲ့ မိသားစုလုပ်ငန်းကို ဦးစီးနေတယ်ဆို..တော်တော်လေး အဆင်ပြေနေရောပေါ့..."
"ထင်သလောက်ကြီးလည်း မကောင်းပါဘူးကွာ..တစ်နှစ်မှ တစ်မီလီယမ်လောက် ရတာ....စားပြီးသောက်ပြီးရင် မကျန်သလောက်ပဲ...."ချန်းရွှီး အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ခင်များလို တစ်နှစ် တစ်မီလီယမ်လောက် ၀င်နေတဲ့သူက စားဖို့သောက်ဖို့ ဖူလှုံရုံလောက်ပဲဆိုတော့ ကျွန်တော့်လို လူမျိုးတွေဆို ငတ်သေရုံပဲထင်တယ်..."
"စွန်းကြီး...ငါကြားတာတော့ မင်းလည်း ဘဏ်မှာ အလုပ်လုပ်နေတယ်ဆို..ကြားပေါက် အတော်လေး ကောင်းရောပေါ့..."
"မင်းလောက်တော့ မကောင်းပါဘူးကွာ..ငါ့လစာရယ် ဘောနပ်စ်ရယ် ကြားပေါက်ကလေးရယ် စုပေါင်းစပ်ပေါင်းမှ ၅ သိန်းလောက် အနိုင်နိုင်ရနေတာ..သနားဖို့ ကောင်းလွန်းပါတယ်ကွာ...."
"အဲ့လောက်ကြီးလည်း မဆိုးသေးပါဘူးဟ..ငါတို့က ကျိုးဟိုင်မှာဆိုပေမယ့် တစ်ယောက်စာတော့ ကောင်းကောင်း လောက်ငှပါသေးတယ်...."
"ငါ့ဘ၀တော့ အဆုံးသတ်ပြီထင်တယ်...ရာထူးတိုးဖို့တော့ မျှော်လင့်ချက်မဲ့နေပြီ.."
ချန်ရွှီး တခြား ကောင်လေးတစ်ယောက်ကို အပြုံးလေးဖြင့် ကြညါ်လိုက်ပြီး "ဟောက်ဇီ.ငါကြားတာတော့ မင်း အလုပ်သမားခေါင်းဆောင်ဖြစ်လာပြီဆို...မဆိုးပါဘူး..နောက်ရှစ်နှစ်လောက်နေရင် ဒါရိုက်တာ ရာထူး တိုးလောက်ရောပေါ့.....ဟုတ်တယ်မလား"
"နောက်မနေစမ်းနဲ့ဟျောင့်.....အလုပ်သမား ခေါင်းဆောင်ဖြစ်တာတောင်မှ လုံး၀ကိုပရမ်းပတာဖြစ်နေပြီ.....ဒါရိုက်တာ ရာထူးဆိုလို့ကတော့ ဘာဖြစ်မလဲဆိုတာ အထက်နတ်တွေပဲ သိတော့မယ်..."
"ငါမင်းတို့ကို ပြောပြမယ်..ငါတို့ အတန်းဖော်တွေထဲမှာ ရွှယ်ရူက အကောင်းဆုံးပဲ..ဘယ်သူမှ သူမနဲ့ မယှဉ်နိုင်ဘူး..."
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဟယ်..."ရွှယ်ရု အပြုံးလေဖြင့် ပြောလိုက်ပြီး "ကျားကျားရဲ့ ကောင်လေးကိုပဲ ကြည့်လိုက်..ရူပါကတော့ မူးလောက်စရာပဲ..အလုပ်ကိုင်လည်း တော်တော်လေး ကောင်းမယ်ထင်တယ်..."
စုန့်ကျား ရပ်တန့်သွား၏။ သူမ ထွက်မလာခင် ဤအကြောင်းကို သေချာ ဆွေးနွေးဖို့ရာ မေ့နေခဲ့လေသည်။
အကယ်၍ လင်းရီသာ 'ကျုပ်က အီရန်ဘွိုင်း လုပ်တာလေ' ဟု ပြောလိုက်ပါက သူမမှာ အတန်းဖော်များကြား၌ လူရယ်စရာ ဖြစ်လာပေတော့မည်။
"ကျုပ်လား..ဒီတိုင်း အသေးစား ကုမ္ပလေးတစ်ခု တည်ထောင်ထားတာပါ...၀င်ငွေကတော့ တစ်ကိုယ်စာ လောက်ငှရုံလေးပဲပေါ့"
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ဟုတ်တယ် ဟုတ်တယ်...ဒီတိုင်း ကုမ္ပဏီ အသေးစားလေးပါဟယ်....ထုတ်ကြွားလောက်ရတဲ့ထိ အကြီးစားကြီးမဟုတ်ပါဘူး.."
စုန့်ကျား ယခု ကိစ္စနှင့် စပ်လျဉ်း၍ မဆွေးနွေးထားသောကြောင့် သူမ စကားသိပ်အများကြီး မပြောချင်ပေ။
"ကုမ္ပဏီ အသေးစားလေး...ဘယ်လောက်သေးနိုင်မှာ မို့လို့လဲ..."
လီရွှယ်ရူ ပြောလိုက်ပြီး "ငါ့ကောင်လေးကလည်း ကုမ္ပဏီအသေးစားဆလး ထောင်ထားတယ်လေ...ခုဆို သူ့ရှယ်ယာတွေက ယွမ် သန်း၈၀ လောက် တန်ကြေးရှိနေပြီ....တကယ်လို့ သူသာ အလုပ်ကြိုးစားလို့ကတော့ နောက်နှစ်ဆို ယွမ် သန်း၁၀၀ လောက်ထိ ရောက်ဖို့ရာ ပြဿနာ လုံး၀ မရှိဘူး.."
"ရွှယ်လေး...ကိုယ်တို့ ကုမ္ပဏီက အကြီးစားကြီး မဟုတ်ဘူးလေ..ယွမ် သန်း၁၀၀ ကျော်သွားရင်တောင်မှ ဘာမှ ပြောပလောက်သေးတာမဟုတ်ဘူး.."
ပြောလိုက်သူကတော့ လီရွှယ်ရူ၏ ချစ်သူ၊ ချွမ့်ရဲ့ကုမ္ပဏီ၏ ဘော့စ် ကောင်းရန်ရှင်းပင်။
"အွန်း ..ကိုကိုပြောတာ မှန်တယ်...ချွမ့်ရဲ့ကို တည်ထောင်ထားဝာာ နှစ်နှစ်လောက် ရှိနေပြီဆိုပေမယ့်..ခုမှ စတော့ တန်ဖိုးက သန်း၈၀ လောက်ပဲ ရှိသေးတယ်ဆိုတော့ အတော်လေးကို နည်းနေသေးတယ်..."
လီရွှယ်ရူ စုန့်ကျားကို ကြည့်ရင်း "ကျားကျား..နင့်ကောင်လေးရဲ့ ကုမ္ပဏီက ဘယ်လောက်သေးသေး ..ငါ့ကိုကိုရဲ့ဟာလောက်တော့ မသေးဘူးမလား..."
"မိန်းကလေး မင်းတော့ အထင်လွဲနေပြီ..ကျုပ်ဟာက အတော်လေးကို ကြီးတာဗျ...မဟုတ်ရင် ကျားကျားကို မနက်မှ အိပ်ရအောင် လုပ်နိုင်မှာလဲ...မိန်းကလေးရဲ့ ကောင်လေးထက် အများကြီးကြီးတာ သေချာပေါက်ပဲပေါ့...."
ဖူး....
ရှိသမျှ ကောင်မလေး အကုန်လုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
သူတို့ဘာလို့ ဒီအကြောင်းကို ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ လာပြီးေဆွးနွေးနေကြတာလဲတဲ့...
ရွှယ်ရူ၏ အမူအရာမှာ ကိုးရို့ကားယားဖြစ်သွားခဲ့ပြီး "အာ....ရှင်က တလွဲပေါက်နေတာပဲ..ကျွန်မပြောတာက ကုမ္ပဏီ အရွယ်အစားကို ပြောနေတာ..."
"ကျုပ်လည်း အဲ့တာပဲ ပြောနေတာလေ.. "လင်းရီ အပြစ်ကင်းစင်သည့် မျက်နှာလေးလုပ်၍ "ဘာတွေ လျှောက်တွေးနေတာ..မဟုတ်မှလွဲရော..အကျင့်ဖြစ်နေလို့များလား"
"ရှင်...."
ရွှယ်ရူ ဒေါသထွက်သွားခဲ့သည်။
ဒီလူက ပါးစပ်ထဲ ရှိရာ ရမ်းသမ်းပြောနေတော့တာပဲ..
စည်းကိုမရှိဘူး...
"မစ္စတာလင်း..အဲ့လိုမျိုး ပြောတာကြီးက နည်းနည်း ရိုင်းတယ် မထင်ဘူးလား.."
ကောင်းရန်ရှင်း ပြောလိုက်လေသည်။
"မင်းက မင်းကုမ္ပဏီအကြောင်း ပြောတာလေးကို ဘာတွေ ပတ်ရမ်းချင်နေတာ..ဘာလဲ.. အနာပေါ် တုတ်ကျသွားလို့လား..ဒါမှမဟုတ် မင်းကုမ္ပဏီက ဖြုတ်လောက်လေးပဲ ရှိနေတယ်ပြောလို့ လက်မခံချင်တာလား..."
"ကျုပ်က ကျားကျားနဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို အဖော်လိုက်ခဲ့ပေးတာ..ကျုပ်ပိုင်ဆိုင်သမျှ လျှောက်ကြွားဖို့ လာခဲ့တာ မဟုတ်ဘူး.."
"ကျုပ်တို့အားလုံးက အတန်းဖော်တွေပဲလေ.ပြီးတော့ ဒီမှာ အပြင်လူလည်း တစ်ယောက်မှ မပါဘူး..ဒီတိုင်း အလာပ ဿလာပလေးပဲ ပြောတော့ကော ဘာဖြစ်မှာ....ဘာလို့လဲ..ကျုပ်တို့က ခင်များဆီကနေ ပိုက်ဆံချေးမှာကို ကြောက်နေလို့လား.."
"ဟုတ်တယ်...သူပြောတာ အမှန်ပဲ..."
လီရွှယ်ရူ :"...."
နင်က ဘာလို့ စည်းမျဉ်းတွေအတိုင်း မဆော့ကြတာလဲဟ..
လီရွှယ်ရူ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ်ဖြစ်နေသည်ကို မြင်တော့ စုန့်ကျား ရင်ထဲတွင် တခစ်ခစ် ရယ်မောလိုက်သည်။
ဒါရိုက်တာလင်းက အရမ်းတော်တာပဲ..စကားသုံးလေးခွန်းလောက်နဲ့ မီးရှို့ပြသွားခဲ့တာ
သရုပ်ဆောင်တာကလည်း အရမ်းပီပြင်တယ်..
"ကောင်းပြီ ကောင်းပြီ..ခု ဒါတွေ ဆက်မပြောကြနဲ့တော့..."ချန်းရွှီး သူ့ခွက်ကို မြောက်လိုက်ပြီး "သူငယ်ချင်းတို့..မတွေ့ရတာတောင် အတော်ကြာနေပြီ...ဒီလိုဆုံဖို့ဆိုတာလဲ မလွယ်ဘူးဆိုတော့ ..လူတိုင်းပဲ....ဒီည အပြတ်ကဲကြမယ်..ကျသမျှ ငါရှင်းမယ်ကွာ..ဘယ်သူမှ လာမလုရှင်းကြနဲ့..."
"အတန်းခေါင်းဆောင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ..လူတွေ စုံအောင်လို့ ကျွန်မကပဲ လိုက်ခေါ် ပေးခဲ့တာလေ.ဘယ်လိုလုပ် အတန်းခေါင်းဆောင်ကို ပိုက်ဆံ သုံးခိုင်းရက်မှာ.."လီရွှယ်ရူ ပြောလိုက်၏။
"ကျွန်မ ကောင်လေးကိုပဲ ရှင်းခိုင်းလိုက်..သူက ဟိုတယ် မန်နေဂျာနဲ့ ရင်းနှီးတယ်..မဟုတ်ရင် ဒီမှာ တွေ့ဆုံပွဲ လုပ်မှာတောင် မဟုတ်ဘူး.."
"မဖြစ်နိုင်တာ..မစ္စတာကောင်းက ပန်နီဆူလာဟိုတယ်ရဲ့ မန်နေဂျာနဲ့ ရင်းနှီးတယ်ပေါ့.."ချန်းရွှီး အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။
ကောင်းရန်ရှင်း ခေါင်းညိမ့်လိုက်ပြီး မျက်နှာထက်တွင်တော့ ဂုဏ်မောက်နေသည့် အမူအရာဖြင့် "အရင်တုန်းက ဒီကို ရင်းနှီးမြုပ်နှံမှုနယ်ပယ်က သူငယ်ချင်းတွေနဲ့ လာဆုံနေကြဆိုတော့ ဒီတိုင်း ရင်းနှီး သွားတာပါကွာ..ငါသာ မန်နေဂျာ၀မ်ကို သွားပြောရင် သေချာပေါက် ကူညီပေးမှာ..."
"မစ္စတာကောင်းကတော့ လုံး၀ အံ့ဖွယ်ပဲဗျာ..ကျုပ်တို့အားလုံးလည်း အသေးစား စီးပွားရေး လုပ်ငန်းရှင်လေးတွေကြီးပဲ..ဒါပေမယ့် အဲ့လိုမျိုး အဆက်အသွယ်ကောင်းတွေတော့ မရှိဘူးပေါ့..."ချန်ရွှီး အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ကဲ အားလုံးပဲ....မစ္စတာကောင်းကို မိတ်ဖြစ်ဆွေဖြစ် တို့စ်လုပ်ပေးကြရအောင်..နောက်လည်း အဆက်သွယ်မပြတ် နေရင်းနဲ့ပေါ့.."
"အမှန်ပဲ..ခွက်တွေ မြောက်ကြရအောင် "လူတိုင်း ခွက်ကို မြောက်လိုက်ကြ၏။
"ငါတို့အားလုံးက အတန်းဖော်တွေကြီးပဲ မဟုတ်လား..အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဟယ်..." လီရွှယ်ရူလည်း ခွက်မြောက်လိုက်သည်။ သူမရင်ထဲတွင်တော့ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသည့် ထောင်လွှားမောက်မာမှုတို့ဖြင့် ပီတိဖြာနေလေသည်။
သို့သော်လည်း ခွက်မြောက်လိုက်သည့်အချိန်တွင် လီရွှယ်ရူ စုန့်ကျားလက်ရှိ နာရီကို သတိထားမိသွားပြီး ရုတ်ချည်းဆိုသလို မျက်စိအရောင်များ လင်းလက်လာခဲ့၏။
"ကျားကျား..နင်ရဲ့ နာရီလေးက အရမ်းလှတာပဲနော်..ဘယ်ဘရန်းကလဲတဲ့..."လီရွှယ်ရူ နာရီကိုကြည့်ရင်း အပြုံးလေးဖြင့် မေးလိုက်သည်။
"ငါ့ရဲ့ LV နာရီနဲ့ နည်းနည်း ဆင်သလားလို့.."
"ငါလည်း ဘယ်ဘရန်းလဲတော့မသိဘူး..ငါ့ကောင်လေးက ချစ်သက်လက်ဆောင် ပေးထားတာလေ..အဲ့တာကြောင့် ဘာဘရန်းဖြစ်ဖြစ် အမြတ်တနိုးနဲ့ ပန်ဆင်ထားတာ..."
"ပီတက်ခ်ဖီလစ်ပီက..."လင်းရီ ပြောလိုက်၏။
"ပီတက်ခ်ဖီလစ်ပီ.."
ချန်ရှီး မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ စုန့်ကျား ယခုလို နာမည်ကြီး ဘရန်းလက်ပတ်နာရီကို ၀တ်ဆင်နိုင်လိမ့်မည်လို့ ထင်မထားချေ။
"ဘာလို့လဲ...အဲ့ဘရန်းက အရမ်းကောင်းလို့လား..."လီရွှယ်ရူ မေးလိုက်ပြီး "ငါ့ LV လောက်တော့ မကောင်းဘူး မဟုတ်လား..."
"ရွှယ်ရူ..မင်းအဲ့လို ထင်နေရင်တော့အမြင်ကျဉ်းသေးတယ်လို့ပဲ ဆိုရတော့မယ်..
"ချန်ရွှီးပြောလိုက်ပြီး "ပီတက်ခ် ဖီလစ်ပီဆိုတာက နာရီ လောကရဲ့ ဥသျှောင်ဘရန်းတံဆိပ်ပဲ...တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးန နာရီဘရန်းလို့ ပြောရင်တောင်မမှားဘူး...LV ကလည်း ကောင်းတယ်ဆိုပေမယ့် နာရီ လောကမှာတော့ ပီတက်ခ်ဖီလစ်ပီနဲ့ ယှဉ်လို့ မရသေးဘူး...."
"ဝိုး...အဲ့လောက်ထိတောင် ကောင်းတာလား..."လီရွှယ်ရူ အနည်းငယ် ကိုးရို့ကားယားဖြစ်စွာဖြင့် ပြောလိုက်လေသည်။
"ဒါပေမယ့် နာရီတွေရဲ့ ဈေးတွေကလည်း ဒီနေရာမှာ စကားပြောစရာ ရှိလာမယ်လို့ ထင်တယ်.ဈေးအရမ်းကြီးတဲ့ တခြားဘရန်းနာရီတွေလည်း ပီတက်ခ် ဖီလစ်ပီ နီးနီးလောက်တော့ ကောင်းကြပါတယ်..."
"မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ.."
ချန်းရွှီး ခေါင်းညိမ့်လိုက်ပြီး "မင်းရဲ့ နာရီမှာ စီထားတဲ့ စိန်တွေက ဆယ်ပွင့်တောင် မကဘူးဆိုတော့ သေချာပေါက် ဈေးမပေါလောက်ဘူး.."
"အတန်းခေါင်းဆောင်...ရှင်ကအရမ်း မြင်တက်တာပဲ.."လီရွှယ်ရူ သူမ လက်ကို ထောင်ပြလိုက်ပြီး "ဒီနာရီမှာ စီထားတဲ့ စိန်တွေက တောင်အာဖရိက စိန်တွေလေ..၁၂ ပွင့်တောင်နော်...ကျွန်မ ၀ယ်တုန်းက ယွမ် ၄၂၀,၀၀၀လောက် ပေးရတယ်..."
"ဘုရားရေ..နာရီတစ်လုံးလေး၀ယ်ဖို့ကို ယွမ်၄၂၀,၀၀၀ လောက် သုံးပစ်လိုက်တယ်...အဲ့တာက မနှစ်တုန်းက ငါ့တစ်နှစ်လုံး လစာ၀င်ငွေလောက်ရှိတယ်.."
စွန်းကြီးဆိုသူမှ ပြောလိုက်လေသည်။
"အွန်း.ငါလည်း အစက အရမ်းဈေးကြီးေနတော့ မ၀ယ်ချင်ဘူးလေ..ဒါပေမယ့် သူက ငါ့ကို မွေးနေ့လက်ဆောင် အတင်းပေးနေတော့ မတတ်နိုင်ပဲ လက်ခံလိုက်ရတာ...."
၎င်းကိုကြားတော့ လင်းရီ ပြုံးလိုက်မိသည်။
စုန့်ကျားက သူ့ကို တတ်နိုင်သလောက် သူဌေးယောင်ဆောင်ဖို့ ပြောတာ မဆန်းတော့ပါဘူး..
သူ့အတန်းဖော်တွေက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ...
ကြည့်ရတာတော့ သူလည်း နိမ့်နိမ့်ချချ နေနေလို့ မဖြစ်ချေတော့ဘူးနဲ့တူတယ်...