← Chapters

Vol. 16 Ch. 228

Vol. 16 Ch. 228

Vol. 16 Ch. 228

Vol. 16 Ch. 228

"အိုး ဟုတ်သားပဲ..ကျားကျား နင့်ရဲ့ ပီတက်ခ်ဖီလစ်ပီက နံပါတ်၀မ်း ဘရန်းကြီးဆိုတော့ ငါ့နာရီထက် ဈေးပိုကြီးမှာပဲ မဟုတ်လား..."

"ဒါ...."

စုန့်ကျား တစ်ခဏမျှ ရပ်တန့်လိုက်သည်။ သူမ နာရီမှာ အစစ်နီးပါးထပ်တူကျသည့် တုပထားသော နာရီကြီးဖြစ်နေလေ၏။တန်ကြေး ဘယ်လောက်ရှိမှန်းတောင် သူမ မသိချေ။

"ရွှယ်ရူ..သူများကို လျှောက်စမနေနဲ့...မင်းက ၄ သိန်းကျော်တန် နာရီကြီးပတ်ထားမှတော့ တခြားနာရီတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲဟ.."ချန်ရွှီး စောဒက တက်လိုက်သည်။ ထို့ပြင် ကောင်းရန်ရှင်းကိုလည်း အကြိမ်ရေအနည်းငယ်ခန့်လောက် ကြည့်လိုက်သေး၏။

ဒီကောင်က လုံး၀ ကို သာမန်မဟုတ်တာပဲ..သူနဲ့ လေးငါးခွက်လောက်သောက်ပြီးတော့မှ ပတ်သက်မှုကောင်းလေး တည်ဆောက်ထားရမယ်...

"၁.၂ မီလီယမ် ပေးရတယ်.."လင်းရီ သာမန်လေသံဖြင့် ပြောလိုက်၏။

"ဟမ်...ဘာပြောလိုက်တယ်.."လီရွှယ်ရူ အေးခဲသွားပြီး "ဘာကို ၁.၂ မီလီယမ်လဲ..."

"ခင်များပဲ..ကျားကျားရဲ့ နာရီက ဘယ်လောက်တန်လဲလို့မေးနေတာ မဟုတ်လား..၁.၂ မီလီယမ်ပေးရတယ်လို့ ပြောနေတာ..."

ဟစ်....

လူတိုင်း အေးခဲသွားကြပြီး လင်းရီကို မယုံနိုင်သည့် မျက်၀န်းများဖြင့် ကြည့်လိုက်ကြသည်။

သူက နာရီတစ်လုံးကို ၁.၂ မီလီယမ် ပေးပြီး ၀ယ်လိုက်သေးတယ်ပေါ့..ဒါကြီးက နည်းနည်းလေး....မလွန်လွန်းဘူးလား..

ကျားကျားရဲ့ ကောင်လေးက အဲ့လောက်တောင် ချမ်းသာတယ်တဲ့လား...

စုန့်ကျား စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမောကြီး တစ်ချက်ချလိုက်သည်။

တော်သေးတာပေါ့ ဒါရိုက်တာလင်းက အချိန်မှီ ဈေးပြောလိုက်လို့..

ဒါပေမယ့် သူပြောလိုက်တဲ့ ဈေးနှုန်းက တအားကြီး မမြင့်လွန်းဘူးလားလို့..

လီရွှယ်ရူ၏ နာရီမှာ ၄ သိန်းကျော်ကျသောကြောင့် သူမ၏ နာရီကိုလည်း ငါးသိန်းကျော်လောက်သာ ပြောပါက ပိုအဆင်ပြေ၏။ ၁.၂ မီလီယမ်ဟု ပြောလိုက်ချင်းမှာ အလွန်အမင်း ချဲ့ကားရာ ကျသွားပြီး ယုံကြည်ရန် ခက်ခဲလှပေသည်။

ဟင်း...ထားလိုက်ပါလေ..အဲ့ကောင်မကို ကြက်သေသေသွားအောင် လုပ်နိုင်ရင်ကို တန်တယ်လို့ ပြောရမယ်..

"ပီတက်ခ်ဖီလစ်ပီ‌မှာတောင်မှ အဲ့လောက် ဈေးကြီးတဲ့ နာရီ ရှိလို့လားကွ.."ဟောက်ဇီဟု ခေါ်သည့် ကောင်လေးမှ မေးခွန်းထုတ်လိုက်ပြီး "ဈေးနှုန်းကြီးက သွေးတက်လောက်တယ်"

"အဲ့လောက်ကြီးလည်း မများပါဘူးကွာ.."လီရွှယ်ရူ၏ ကောင်လေး ကောင်းရန်ရှင်းမှ ပြောလိုက်ပြီး "ဒါပေမယ့် ငါ ပီတက်ခ်ဖီလစ်ပီကို သွားတုန်းက ဒီလိုနာရီမျိုးတော့ မမြင်ခဲ့ဘူးနော်..."

"အဲ့တာဆို ..အဲ့ကောင် နာရီ အတုကြီး ၀ယ်ခဲ့တာများလား....ငါတော့ မထင်ဘူးနော်.."ချန်ရွှီး ပြောလိုက်၏။

"ဒီတိုင်း ခန့်မှန်းကြည့်တာပါကွာ...အသေချာကြီးတော့ ဘယ်ပြောနိုင်မှာ..."ကောင်းရန်ရှင်း အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ရိုးရိုးလေးပါ..နာရီပေါ်မှာ ကုဒ်ရှိတယ်မလား..အဲ့တာကို တစ်ချက်စစ်ကြည့်လိုက်ရင် ဈေးဘယ်လောက်လဲဆိုတာ သိပြီလေ..."

လီရွှယ်ရူ လက်ဖျောက်တစ်ချက်တီး၍ ပြောလိုက်၏။

လင်းရီကတော့ သူတို့ကို ပြုံးကြည့်ရင်း ခေါင်းခါယမ်းမိလိုက်သည်။

အကယ်၍ မိမိုက်သိလိုလုပ်သည့် ပြိုင်ပွဲရှိပါက ကောင်းရန်ရှင်းမှာ သေချာပေါက် ရွှေတံဆိပ်ဆုရပေလိမ့်မည်။ သို့သော်လည်း ထို ‌အကောင်မှာ မိမိုက်သလို လုပ်ပြီးနောက် ထွက်ပြေးသွားမည့်သူဖြစ်၏။

လီရွှယ်ရူကတော့ ကြေးတံဆိပ်ဆု ရမည့်သူပင်။ ကောင်းရန်ရှင်း ထွက်ပြေးသွားပြီးနောက် သူမက ဆက်လက် သရုပ်ဆောင်မည့်သူ ဖြစ်၏။

"ဒီတိုင်း နာရီလေးပဲ မဟုတ်လားဟယ်..အဲ့လောက် ရေးကြီးခွင်ကျယ်တွေ လုပ်စရာ လိုလို့လားလို့..."

စုန့်ကျား တည်ငြိမ်ချင်ယောင်ဆောင်၍ ပြောလိုက်လေသည်။

သူမ၏ နာရီမှာ ယွမ် ၂၆၀ မျှသာ ပေးရသည့် နာရီအတူ ဖြစ်နေ၏။ ထို့ကြောင့် မည်သည့်နေရာ၌ သူတို့ ပြောသည့် ကုဒ်နံပါတ်က ရှိလိမ့်မည်နည်း။

"ကျားကျား..အဲ့လို မပြောနဲ့လေ..ငါတို့အားလုံးက အတန်းဖော်‌တွေကြီးပဲမလား..နင်ကောင်းဖို့ အတွက်ပဲ လုပ်ပေးနေတာလေဟာ..."လီရွှယ်ရူ ပြောလိုက်ပြီး "ငါတို့ ဒီလိုတွေ လုပ်ပေးနေတယ်ဆိုတာကလည်း နင်အလိမ်ခံရမှာဆိုးလို့လေ..."

"ပြောတာကောင်းတယ်.."ချန်ရွှီး ပြောလိုက်ပြီး "ခု စုံတွဲတွေက အတုတွေကို အစစ်တွေပါဆိုပြီးတော့ လိမ်ပေးတာတွေ ခေတ်စားနေကြတာ...နင်လည်း သေချာလေး သတိထားဦး.."

"မစ္စတာလင်း..ကျွန်မတို့ကို အထင်မလွဲပါနဲ့နော်.."လီရွှယ်ရူ ပြုံးလိုက်ပြီး "ကျွန်မတို့က ကျားကျားအတွက် စိတ်ပူလို့ပါ..."

"နားလည်ပါတယ်...ကြည့်ပါ..စိတ်ကြိုက်သာစစ်ကြည့်လိုက်.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

စားပွဲ‌ခုံအောက်တွင်တော့ စုန့်ကျား လင်းရီ လက်မောင်းကို အသာလေးဆွဲရမ်းလိုက်သည်။ သူမ စိတ်လှုပ်ရှားနေသောကြောင့် လက်ဖဝါး၌ ချွေးများပင် ပြန်နေလေသည်။

"ဒါရိုက်တာလင်း..ဒီနာရီက အစစ်နီးပါးထပ်တူကျတဲ့ နာရီအတုဆိုပေမယ့် အတုက အတု‌ပဲလေ..သူတို့ စစ်ကြည့်လိုက်တာနဲ့ သိသွားမှာပဲ မဟုတ်လား..ရှင်က ဘာလို့ ပေးစစ်လိုက်ရတာ...ကျွန်မတော့ မျက်နှာ အပျက် မခံချင်ဘူးနော်..."

"စိတ်ချစမ်းပါဟ..ငါ့ဘော်ဒါက ‌အော်တန်းတစ်နဲ့ ထပ်တူကျတဲ့ နာရီအတုတွေကို ရောင်းတာ..သူတို့ သတိထားမိမှာတောင် မဟုတ်ဘူး..."

စုန့်ကျားကတော့ ပြောစရာစကား ကင်းမဲ့နေတော့၏။ မည်မျှပင် အစစ်နှင့်ထပ်တူနီးပါး ဖြစ်နေသော်လည်း အတုဖြစ်နေသည်ဆိုတာကတော့ ငြင်းဆိုလို့မရချေ။

သူမတို့ ကုဒ်ကိုရိုက်ထည့်လိုက်ပြီး တရား၀င် ၀က်ဆိုဒ်တွက် ရှာမတွေပါက အတုဖြစ်ကြောင်း သိသွားပေလိမ့်မည်။

"ရို..ကျားကျား..နင့်ကောင်လေးကို ဘာတွေ တိုးတိုးပြောနေတာ..ငါတို့ လုပ်နေတာကို သဘောမကျလို့လား..."လီရွှယ်ရူ မပြုံးတပြုံးလေးဖြင့် မေးလိုက်လေသည်။

"ဘယ်နားကသာ..ငါတို့နှစ်ယောက်ကြား ကိစ္စလေးတွေ ပြောနေတာပါဟယ်..နင်တို့ ထင်သလိုတွေ မဟုတ်ပါဘူး..."စုန့်ကျား စိုးထိတ်စွာဖြင့် ပြောလိုက်၏။

"အဲ့တာဆိုလည်း စစ်ကြည့်ရအောင်လေ..ဘာမှ လုပ်စရာ မရှိတော့တာ..."

"ဒါပေမယ့် ငါ့နာရီကို အရင်စစ်ကြည့်ပါလား..ငါ့ကိုကိုက‌ကော လိမ်ဖို့ ကြိုးစားနေတယ်ဆိုရင် ဘယ်လိုလုပ်မှာ ဟီးဟီး..."

လီရွှယ်ရူ သူမနာရီကို ချွတ်ပြီး လူများရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။

မသိပါက မြင်ဖူးအောင် ကြည့်ထားဟု ပြောနေသည့်ပုံစံပင်။

ကောင်းရန်ရှင်း ပြုံးလိုက်မိသည်။ သူ အရောင်းကိုယ်စားလှယ်များထံမှ သေချာ ၀ယ်ယူထားခြင်းဖြစ်၏။ထို့ကြောင့် မည်သည့်နည်းနှင့်မျှ အတုမဖြစ်နိုင်ချေ။

စုန့်ကျား သူမနာရီကို တစ်ချက်ကြည့်လိုက်ပြီး စိန်စီခြယ်သထားသော စိန်ပွင့်များကိုမြင်တော့ သူမ အတော်လေး ခါးသီသလို ခံစားလိုက်ရ၏။

အကယ်၍ ယခုလိုမျိုး ဖြစ်လာမည်ဆိုပါကသူမ အလုပ်ရှုပ်ခံပြီး နာရီ၀ယ်နေမည်တောင် မဟုတ်ချေ။

"ရွှယ်ရူ..ငါ LVရဲ့ တရား၀င် ၀က်ဆိုဒ်ကို ဖွင့်ပြီးပြီ..ကုဒ်ကို ပြောလိုက်တော့..."

"SN932552215"

"ခဏနော် ..ငါစစ်ကြည့်ပေးမယ်..."

စက္ကန့်အနည်းငယ်ကြာပြီးနောက် ချန်ရွှီးမှ "အိုး....တွေ့ပြီ..တကယ် အစစ်ကြီးဟ..."

လီရွှယ်ရူ ကျေနပ်၀မ်းသာသွားပြီး "သိသားပဲ..ကိုကိုက ဘေဘီ့ကို မလိမ်ဘူးဆိုတာ..."

"ဒါပေမယ့် ဈေးကတော့ ၄၂၀,၀၀၀ မဟုတ်ဘူးနော်..."ချန်ရွှီးပြောလိုက်ပြိး "တရား၀င် ၀က်ဆိုဒ်မှာ ပြထားတာတော့ ၃၈၀,၀၀၀ တဲ့...."

"ဒါက သာမန်ပဲလေ..."ဟောက်ဇီမှ ၀င်ပြောလိုက်ပြီး

"ကိုယ်စားလှယ်တွေကလည်း ဈေးတင်ရောင်းကြတာ မတန်းပါဘူး....ဒါပေမယ့် LV ဘရန်းရဲ့ တန်ဖိုးအရဆို ရင် ၄၀,၀၀၀လောက်ကွာနေတာက များတယ်လို့တော့ မခေါ်ပါဘူးဟ..."

"အဲ့တာဆိုလည်း Tmallတို့ flagshipတို့မှာ သွား၀ယ် လေကွာ...ဒီလောက်တော့ ဈေးကွာမယ် မထင်ဘူး..."ချန်ရွှီး ပြောလိုက်ပြီး "၄၀,၀၀၀ ဆိုတဲ့ ပမာဏက နည်းတာ‌တော့မဟုတ်ဘူးလေကွာ..."

"အင်း...ငါလည်း အစက အင်တာနက်ကတစ်ဆင့် ၀ယ်လိုက်မလို့ပဲ...ဒါပေမယ့် သိတဲ့အတိုင်းပဲ..အင်တာနက်ဆိုတာက စစ်မစစ် အာမ မခံနိုင်ဘူးလေ...အဲ့တာနဲ့ပဲ နာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်မှာ‌ဈေးကြီးပေးပြီး သွား၀ယ်လိုက်တာ..ပိုပေးရတယ် ဆိုပေမယ့် အစစ်ရတော့ တန်တယ် ဆိုရမှာပဲ..."

ကောင်းရန်ရှင်း အပြုံးလေးဖြင့် ‌ရှင်းပြလိုက်သည်။

"ပြီးတော့ ငါတို့နယ်ပယ်က လူတွေက အွန်လိုင်းက ၀ယ်ရတာကို သဘောမတွေ့ကြဘူး..ဈေးပေါတယ်ဆိုပေမယ့် အစစ်ဟုတ်ချင်မှ ဟုတ်တာ..အဲ့တော့ သေချာတဲ့နေရာမှာပဲ ဈေးကြီး ပေး၀ယ်တာက အစဉ်လာ တစ်ခုလိုတောင် ဖြစ်နေပြီ..."

"ဟုတ်ပါတယ်လေ..မင်းတို့လိုကောင်တွေကတော့ အဲ့လောက် ငွေလေးကို ဘယ်ထည့်တွက်တော့မှာ..ပစ္စည်းကောင်းရရင် ပြီးရောပေါ့..."

ချန်ရွှီး စောဒက တက်လိုက်၏။

"အမှန်ပဲ..ငါပြောချင်နေတာလည်း အဲ့တာပဲ.."

"စကားပုံဟောင်းတွေက တယ်မှန်ပါလား..မတူတဲ့ ၀င်ငွေတွေက မတူတဲ့ အဆင့်အတန်းကို ဖြစ်ပေါ်စေတယ်..ငါကတော့ အွန်လိုင်းကနေပဲ အဓိကထား၀ယ်တယ်ဟေ့..."

"တူတူပဲ.."ဟောက်ဇီ ပြောလိုက်ပြီး "ငါလည်း ငွေချွေတာနိုင်အောင်လို့ဆိုပြီး ၆၁၈ နဲ့ ၁၂ တို့မှာပဲ ၀ယ်တယ်...ဟင်း ဘယ်လိုတောင် မတူညီတဲ့ ဘ၀ အခြေနေတွေလဲကွာ..."

"လာညည်းပြမနေနဲ့..မင်းလည်း ကြိုးစားရင် ဖြစ်လာမှာပဲ..."

"အတိအကျပဲ..."

"ကောင်းပြီ..ငါ့နာရီကို စစ်ကြည့်ပြီးပြီဆိုတော့ ကျားကျား အလှည့်ပဲ.."

လီရွှယ်ရူ ပြောလိုက်ပြီး "ငါတို့က အခန်းဖော်တွေဆိုတော့ သူ့ကိုအလိမ်ခံရတာမျိုး မဖြစ်စေချင်ဘူး.."

"ပြဿနာ မရှိဘူး..."

ထိုသို့ပြောပြီးနောက် ချန်ရွှီး ပီတက်ခ် ဖီလစ်ပီ၏ တရား၀င် ၀က်ဆိုဒ်ထဲသို့ ၀င်ကာ "ကျားကျား ငါ့ကို ကုဒ်ပြောလိုက် ရှာကြည့်ပေးမယ်.."

စုန့်ကျားကတော့ ဇောချွေးတွေ ပြန်နေပြီး နာရီကို လက်မှ ချွတ်လိုက်လေသည်။

စိတ်ထဲတွင်တော့ နာရီအတု ပြုလုပ်သည့်သူမှာ ကုဒ်ကိုပါ ကူးထည့်ထားပါစေဟု ဆုတောင်းနေမိတော့၏။

သူမ နာရီကို လက်ထဲတွင် ကိုင်ထားရင်း ရုတ်ချည်း ပျော်ရွှင်သွား၏။ အဘယ်ကြောင့်ဆိုသော် သူမ နာရီကုဒ်ကို မြင်လိုက်ရသောကြောင့်ပင်။

"ကုဒ်...ကုဒ်က ၄၆၅၈၆၈"

"ခဏနော် ..စစ်ကြည့်လိုက်ဦးမယ်..."ချန်ရွှီး ဖုန်းကို ကိုင်ပြီး စိတ်၀င်တစားဖြင့် ရှာကြည့်လိုက်သည်။

စုန့်ကျားကတော့ အလွန်အမင်း ရင်ခုန်စိတ်လှုပ်ရှားနေမိပြီး လင်းရီ လက်ကို တင်းတင်းဆုပ်ထားမိနေတော့၏။

စိတ်ထဲတွင်လည်း တွေ့ပါစေ တွေ့ပါစေဟု အကြိမ်ကြိမ် ဆုတောင်းနေမိလေသည်။

အကယ်၍ ရှာမတွေ့ပါက သူမ အလိမ်များ ပေါ်သွားတော့မည်ဖြစ်ပြီး အတန်းဖော်များရှေ့တွင် မျက်နှာပျက်ရပေတော့မည်။

"ဟျောင့်တွေ နာရီက အစစ်ကြီးဟ...."ချန်းရွှီ ပြောလိုက်၏။

All Chapters