← Chapters

Vol. 16 Ch. 229

Vol. 16 Ch. 229

Vol. 16 Ch. 229

Vol. 16 Ch. 229

ဟမ်...

စုန့်ကျား အေးခဲသွား၏။ ဘယ်လိုလုပ် အစစ်ဖြစ်နေတာလဲဟ..

ဘာတွေ ဖြစ်နေတာလဲ...

ဟုတ်ကော ဟုတ်ရဲ့လားဟင်...

၎င်းကိုလည်း ကြားရော လူတိုင်း လင်းရီနှင့် စုန့်ကျားတို့ကို ရှော့ခ်ရနေသည့် မျက်၀န်းတို့ဖြင့် ကြည့်နေကြ၏။

၁.၂ မီလီယမ်တန်ကြေး ရှိတဲ့ နာရီ....

သူတို့ဆို ၀ယ်ဖို့တောင် စိတ်မကူးရဲဘူး.

လီရွှယ်ရူကတော့ သူမ၏နဂို မောက်မာ၀င့်ကြွားမှုများ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားတော့၏။

သူမနာရီထက် တောင်မှ ပိုပြီး ဈေးကြီးနေတယ်တဲ့လား....

"ကျွန်မကို ပြစမ်းပါ..."

ချန်ရွှီး ဖုန်းကို ကမ်းပေးလိုက်၏။ စခရင်ပေါ်ရှိ နာရီကို မြင်တော့ လီရွှယ်ရူ မျက်နှာ အရုပ်ဆိုးသွားခဲ့တော့သည်။

သပ....တကယ်ကြီးဟ....

"ဘာကြီးလဲ...တရား၀င်၀က်ဆိုဒ်မှာ ပြောထားတာကျတော့ ၁.၇၂ မီလီယမ်တဲ့...နင်...နင်က ဘယ်လိုလုပ်ပြီး ၁.၂ မီလီယမ်နဲ့ ၀ယ်နိုင်ခဲ့တာလဲ.."

လီရွှယ်ရူ တုန်လှုပ်နေဟန်ဖြင့် မေးလိုက်မိသည်။

"လျှော့ဈေးနဲ့မို့လို့လေ...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"အဲ့လိုကိုး.."ဟောက်ဇီ ပြောလိုက်ပြီး "ဒီလို နာမည်ကြီးဘရန်းတွေမှာ ဒစ်စကောင့်ပေးတာကတော့ ပုံမှန်ပဲ မဟုတ်လား.."

"မဖြစ်နိုင်ဘူး..."ရွှယ်ရူ တစ်ခုခုကို စဉ်းစားမိသွားခဲ့ပြီး "တရား၀င် ၀က်ဆိုဒ်မှာ ရေးထားတာတော့ နာရီက ဒီနှစ်ထဲမှာ အသစ်ထွက်ထားတာ...နာရီအသစ်ကို ဒစ်စကောင့် အဲ့လောက်အကြီးစားကြီး ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.."

"ရွှယ်ရူ ပြောတာ မှန်တယ်...ပုံမှန်ဆို နာရီမော်ဒယ်လ် အဟောင်းတွေပဲ ဈေးလျှော့ပေးတာ..နာရီ အသစ်‌ေတွေဆို ဈေးလျှော့ပေးရင် အလွန်ဆုံးရှိလှ ၅%လောက်ပေါ့"စွန်းကြီးဆိုသူမှ ၀င်ပြောလိုက်၏။

"ကျာကျားရဲ့ နာရီဈေးနှုန်းက တရား၀င် ၀က်ဆိုဒ်မှာ ၁.၇၂ မီလီယမ်...ဒါပေမယ့် မစ္စတာလင်း ၀ယ်ခဲ့တာကျတော့ ၁.၂ မီလီယမ်..ဆိုတော့ ဒစ်စကောင့် ၃၀%လောက်ရှိမှ ၀ယ်လို့ရတဲ့ ဈေးပဲ....နာရီက သာမန် ပေါပေါပဲပဲ ဘရန်းလဲ မဟုတ်ဘူးနော်....ဘယ်လိုလုပ် ပြီးဒီလောက် ဒစ်စကောင့်အများကြီးနဲ့ ၀ယ်နိုင်ခဲ့တာလဲတဲ့...."

"ငါ့ကောင်လေးက ပီတက်ခ်ပီလစ်ပီမှာလည်း အဆက်အသွယ်တွေ ရှိတယ်လေ..အဲ့တာကြောင့် ဈေးပေါ........"

"ဘာလို့လဲဆိုတော့ ကျုပ်က အဖွဲ့၀င်......"

လင်းရီနှင့် စုန့်ကျားတို့ နှစ်ယောက်လုံး တစ်ချိန်တည်းနီးပါး စကားပြိုင်တူ ပြောလာခဲ့ကြပြီး ကျန်သူများကို ခေါင်းကုတ်သွားစေသည်။

"ဟီးဟီး..ဘာတွေ ဖြစ်နေတာလဲ..."လီရွှယ်ရူ မကောင်းဆိုးဝါး ဆန်သည့် လေသံဖြင့် ပြောလိုက်ပြီး "တစ်ယောက်ပြောတာကျတော့ အဆက်အသွယ်ရှိလို့တဲ့..နောက်တစ်ယောက်ကျတော့လည်း အဖွဲ့၀င်ဖြစ်နေလို့....ဆိုတော့ ဘေးက နားထောင်နေတဲ့ ငါတို့က ဘယ်သူ့စကားကို သွားယုံရမှာ..."

စုန့်ကျား ရှက်လွန်း၍ သေချင်တော့၏။ သူမဘာလို့ ဒါရိုက်တာလင်း ပြောတာကို မစောင့်လိုက်တာလဲ...

ယခု နှစ်ယောက်စလုံးမှာ တစ်မျိုးတစ်သံဆီ ထွက်ထား သောကြောင့် မည်သူမဆို တစ်ခုခုတော့ လွဲနေကြောင်း သတိထားမိနိုင်၏။

ယခုတော့ ရှင်းပြရ ခက်ချေပြီ။

ချန်ရွှီး လင်းရီကို ကျီစယ်ချင်နေသည့် အကြည့်တို့ဖြင့် ကြည့်၍ "မစ္စတာလင်း..ဒါက နာရီလေးတစ်လုံးပဲ မဟုတ်လား...ဘာလို့ ကျားကျားက တစ်မျိုး ပြောနေပါလိမ့်...."

"မေးစရာတောင် လိုနေသေးလို့လား..." လီရွှယ်ရူ ထေ့ငေါ့ပြောဆိုလိုက်ပြီး "တော်တော်လေးတော့ မသင်္ကာစရာ ဖြစ်နေပြီ...ဟီးဟီး.."

"တကယ်တမ်းကျတော့ ခင်များတို့ ပြောသလောက်လည်း လွန်ကဲမနေပါဘူးဟ...နှစ်ယောက်လုံး ပြောတာ မှန်တယ်.."

လင်းရီ တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်လေသည်။

"ရှင်က ဘာကို ဆိုလိုချင်နေတာ"

"ကျုပ်က ပီတက်ခ်ဖီလစ်ပီက လူတွေနဲ့လည်း သိတယ်..ပြီးတော့ အဲ့ဒီက အဖွဲ့၀င်တစ်ဦးလည်း ဟုတ်တယ်....ဒါပဲလေ...ဘာများ ရှုပ်နေလို့..."

"ကောင်းပြီလေ..ရှင်တို့ နှစ်ယောက်လုံး ပြောတာ မှန်တယ်ပဲ ထားပါတော့..ဒါပေမယ့် ကျွန်မ သိချင်တာက ဒီနာရီကို ဘယ်လိုလုပ်ပြီး ၃၀%ဒစ်စကောင့်နဲ့ ရအောင် ၀ယ်ခဲ့လဲဆိုတာပဲ...ဘယ်လောက်ပဲ အဆက်သွယ်ကောင်းတယ်ပြောပြော ...အဲ့လောက်ကြီးတော့ ဈေးလျှော့‌လို့ မရဘူးလေ....ဒါကြီးက စည်းကမ်းချိုးဖောက်တာထက်တောင် လွန်သွားပြီ..."

"အဲ့ဒါက ပီတက်ခ်ဖီလစ်ပီနဲ့ ဘာမှ မဆိုင်ဘူး..ကျုပ်က တိုင်းစကွဲက စိန်အဆင့်အဖွဲ့၀င်ဆိုတော့ ဘာပဲ၀ယ်၀ယ်၃၀% ဒစ်စကောင့်က ရပြီးသားပဲ..ဘာတွေ လာရှုပ်နေတာ..."

"ဘာပြောလိုက်တယ်......မင်း ...မင်းက တိုင်းစကွဲရဲ့ စိန်အဆင့် အဖွဲ့၀င်..."ကောင်းရန်ရှင်း ထိတ်လန့်တကြား အော်ဟစ်မိသွားခဲ့သည်။

"ဘာလို့လဲ..ဖြစ်လို့မရလို့လား..."

"ဟီးဟီး...ကိုယ့်လူ..မင်းက စိန်အဆင့် အဖွဲ့၀င်ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်လို့ရတယ်များ ထင်နေတာလား..."

ကောင်းရန်ရှင်း နှာခေါင်းရှုံ့လိုက်ပြီး "တိုင်းစကွဲဆိုတာက တ-ရုတ်ပြည်ရဲ့ အဆင့်အမြင့်ဆုံး မောလ်တွေထဲက တစ်ခုကွ...ပြီးတော့ သူတို့ရဲ့ အဖွဲ့၀င်တွေကိုလည်း အလွှာအမျိုးမျိုး ခွဲထားသေးတယ်...စိန်အဆင့် အဖွဲ့၀င်ဆိုတာက အလွှာအမြင့်ဆုံးပဲ...."

"မင်းတို့ကောင်တွေ ဘယ်လိုလုပ်မှ စိန်အဆင့်အဖွဲ့၀င် ဖြစ်လာနိုင်လဲဆိုတာ သိလား..."

လူတိုင်း ခေါင်းခါရမ်းလိုက်ကြသည်။ သူတို့အတွက်တော့ ထိုအကြောင်းများ သိရန်ဝေးစွ တိုင်းစကွဲပင် တစ်နှစ်နေလို့ တစ်ခေါက် မရောက်ဖူးကြချေ။

"အဲ့တာဆို ငါရှင်းပြမယ်.."ကောင်းရန်ရှင်း လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး "တိုင်းစကွဲရဲ့ စနစ်အရဆိုရင် စိန်အဆင့်အဖွဲ့၀င်ဖြစ်ဖို့ကို အနည်းဆုံး ၁၀ မီလီယမ်လောက် သုံးထားမှ ရတာ..ငါသိသလောက်ဆိုရင် ကျိုးဟိုင်မှ စိန်အဆင့်အဖွဲ့၀င်ဖြစ်တဲ့သူတွေက ၂၀ တောင်မပြည့်ဘူးနော်...."

"ဝိုး....အဲ့တာဆို စိန်အဆင့်အဖွဲ့၀င်ဖြစ်ဖို့ တိုင်းစကွဲမှာ ၁၀ မီလီယမ်တောင်မှ သုံးထားရမှာပေါ့..."

"အဟုတ်ပဲ.."

လူတိုင်း ရှော့ခ်ရသွားခဲ့ကြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြ၏။

ကျားကျားရဲ့ ကောင်လေးက ‌အဲ့လောက်တောင်ချမ်းသာတာလားဟ..

တိုင်းစကွဲမှာတောင်မှ စိန်အဆင့်အဖွဲ့၀င်ဆိုပဲ...

စုန့်ကျား၏ ရုပ်ရည်ရူပကာမှာ လှပတင့်တယ်သော်လည်း ယခုလို ကျိကျိတက် ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးတစ်ယောက်နှင့် တွဲရန်မှာ မဖြစ်နိုင်လုနီးပါးပင်။

ကံကောင်းလိုက်တာနော်....

ကောင်းရန် ရှင်း လင်းရီကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး "မစ္စတာလင်း...ခင်များက တိုင်းစကွဲရဲ့ စိန်အဆင့်အဖွဲ့၀င်ဆိုတာက ဟုတ်ကော ဟုတ်ရဲ့လား

...ကျုပ်တော့ မထင်ဘူးနော...."

"၁၀ မီလီယမ်လောက်လေးကိုများကွာ..မင်းက ဘာထင်ချင်နေသေးတာလဲဟ..."

လင်းရီ ပြောစရာစကား ကင်းမဲ့နေတော့၏။

"အားပါးပါး...မစ္စတာလင်းပြောတဲ့ လေသံအရဆိုရင် ၁၀ မီလီယမ်က ခင်များအတွက် ပါးပါးလေးနဲ့တူတယ်..."

"အဲ့လို သဘောမျိုးနဲ့ ပြောတာ မဟုတ်ဘူး.."လင်းရီ ပြောလိုက်လေသည်။

"အဲ့တာဆို ဘာများလဲ...ကျုပ်တို့အတွက်တော့ ၁၀ မီလီယမ်ဆိုတာက မယုံနိုင်လောက်အောင် များပြားတဲ့ ပမာဏကြီးလေ..အဲ့တော့ မယုံကြည်တာကလည်း သဘာ၀ပဲ မဟုတ်လား.."

"မဟုတ်ဘူး...မင်းတို့အထင်မှားနေပြီ..."လင်းရီ မတုန်မလှုပ်ပြောလိုက်ပြီး "၁၀ မီလီယမ်က ငါ့အတွက် ပါးပါးလေး မဟုတ်ဘူး..ဘာမှကို မပြောပလောက်တဲ့ ပါမွှားလေး...."

လူတိုင်း :"....."

ဝှက်သယ်ဖက်ခ်...

သူတို့လည်း ‌မောက်မာ၀င့်ကြွားလွန်းတဲ့ သူတွေကို မြင်ဖူးပါတယ်ကွာ..ဒါပေမယ့် ဒီလောက် မောက်မာတဲ့လူတွေတော့မ မြင်ဖူးသေးဘူး...

၁၀ မီလီယမ်ကို ပါမွှားလေးတဲ့..သူ့ကိုယ်သူ ဘီလ်ဂိတ်များ မှတ်နေလား မသိဘူး...

"ဟီးဟီး...""

ကောင်းရန်ရှင်း နှာခေါင်းရှုံ့လိုက်ပြီး "အဲ့တာဆို မစ္စတာလင်းရဲ့ စိန်အဆင့်အဖွဲ့၀င်ကတ်ကြီး ထုတ်ပြပါလား..ကျုပ်တို့လို မမြင်ဖူးတဲ့ကောင်တွေလည်း ဗဟုသုတ ရသွားတာပေါ့...."

"ဟုတ်တယ်..ငါတို့လည်း အမြင်ကျယ်သွားတာပေါ့....ဒီထဲမှာ စိန်အဆင့်အဖွဲ့၀င်ကတ်ကို မြင်ဖူးတဲ့သူ တစ်ယောက်မှ မရှိဘူး..."

"ဒီတိုင်း ကတ်ပဲလေကွာ...ကျုပ်က အမြဲတမ်းကြီး ကိုယ်နဲ့မကွာ ဆောင်ထားရမှာလား..ခုမပါလာခဲ့ဘူး..."

"ဟားဟား...."

ကောင်းရန်ရှင်း အူလိုက်သည်းလိုက် ရယ်မော၍ "အဲ့တာဆို ကျုပ်တို့က သက်သေမရှိပဲ နဲ့ ဘယ်လို ယုံပေးရမှာ..."

"အေးဆေးပေါ့..ကျုပ်မှာ နောက်တစ်နည်း ရှိပါသေးတယ်..."

"ဘယ်လိုနည်းလမ်းနဲ့လဲတဲ့..."

လူတိုင်း လင်းရီကို သိချင်စိတ်ဖြင့် စူးစမ်းနေကြတော့၏။

ဘယ်လိုများ သက်သေပြမှာပါလိမ့်....

လင်းရီ သူ၏ အင်္ကျီလက်ကို ပင့်ခေါက်လိုက်သောအခါ ပီတပ်ခ်ဖီလစ်ပီ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်နာရီမှာ လူတိုင်း မျက်စိရှေ့၌ ထွက်ပေါ်လာခဲ့တော့၏။

"ဒီနာရီ ၀ယ်လိုက်လို့ပဲ အဲ့ဒီ စိန်အဆင့် အဖွဲ့၀င်ကတ်ကို ရခဲ့တာ..ရော့ မင်းတို့ ကုဒ်ကြည့်ပြီး ဈေးတစ်ချက် စစ်ကြည့်လိုက်..."

လင်းရီ သူ့နာရီကို ချွတ်ပေးလိုက်ပြီး "ကုဒ်က ၄၂၉၂၂၅"

ချန်ရွှီး သူ့ဖုန်းကို ကမန်းကတမ်းထုတ်၍ လျင်မြန်စွာ ရိုက်ရှာကြည့်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ထိုင်ခုံပေါ်မှ ထိန့်လန့်တကြား ထခုန်မိလိုက်၏။

"ဒါ....ဒါက ပီတက်ခ်ဖီလစ်ပီရဲ့ ၁၇၅ နှစ်မြောက် အထိမ်းအမှတ် နာရီကြီးဟ...သူ့ဈေးက ၁၇.၅ မီလီယမ် တန်ကြေးရှိတယ်..."

"ဝှက်...ဒါသောက်ရမ်း ဈေးကြီးတာပဲကွ..."

ကျန်သူများလည်း ဖင်ငြိမ်စွာ ထိုင်မနေနိုင်တော့ချေ။

လင်းရိ ၀တ်ဆင်ထားသည့် နာရီမှာ ထိုမျှ ဈေးကြီးနေလိမ့်မည်လို့ မည်သူမျှ ထင်မထားခဲ့ကြ။

ရုတ်တရက် စုန့်ကျား လင်းရီ သူမကို ၀ယ်ပေးသည့်နာရီမှာ အတုမဟုတ်ဘဲ အစစ်သာ ဖြစ်ကြောင်း ရိပ်မိသွားတော့၏။

မဟုတ်ပါက အတုမှာ အစစ်နှင့် မည်မျှ တူနေစေကာမူ တရား၀င်၀က်ဆိုဒ်တွင်တော့ ရှိမနေနိုင်ချေ။

"ဘယ်လိုလဲ..သံသယတွေ ရှိနေတုန်းလား..."လင်းရီ အပြုံးလေးဖြင့် မေးလိုက်ပြီး "ခု ငါတို့ စားလို့ရပြီလား..."

"ဒါ..ဒါပေါ့ဗျ...အရင်ဆုံးစားကြတာပေါ့..စားရင်းနဲ့ စကားပြောလည်း ရပါတယ်...."

သူတို့အားလုံး လင်းရီ ဘယ်သူလဲဆိုတာ မသိရှိကြသော်လည်း ၀တ်ထားသည့် နာရီက ပြဿနာအလုံးစုံကို အလိုအလျောက် ဖြေရှင်းပေးသွားခဲ့၏။

လီရွှယ်ရူ တစ်ယောက်တည်းကသာလျင် ဂရုမစိုက်ခြင်းဖြစ်၏။ စိတ်ထဲတွင်တော့ 'ဟမ့်...ဘာတွေမျာ အထင်ကြီးစရာ ရှိနေလို့လဲ..သူများနားငှားပြီးတော့မှ ဒီမှာ အကောင်လာလုပ်နေလားမှ မသိတာ'

"ကဲ အားလုံးပဲ မစ္စတာလင်း နဲ့ မစ္စတာကောင်းတို့ နှစ်ယောက်လုံးအတွက် တို့စ်လုပ်ပေးကြရအောင်ဟေ့...နှစ်ယောက်လုံးက ကျိုးဟိုင်မှာ အကောင်ကြီးကြီး‌ တွေဆို‌ တော့ ကျုပ်တို့ ဒုက္ခရောက်ရင် ခင်များတို့နှစ်ယာက်ဆီပဲ အပူကပ်ရတော့မှာနော..."

လင်းရီမှာ ချမ်းသာသညည် ဆိုသော်လည်း ချန်ရွှီး၏ မျက်လုံးထဲတွင်တော့ ကောင်းရန်ရှင်းကလည်း သိပ်မဆိုးချေ။

"ဒါပေါ့ဟယ် ..အားလုံးက အတန်းဖော်တွေပဲမလား...ဒီတော့ ဒုက္ခရောက်ရင် ကူညီရမှာက သဘာ၀ပဲလေ.."လီရွှယ်ရူ အပြုံးလေးဖြင့် ၀င်ပြောလိုက်ပြီး စောနက မျက်နှာပျက်သွားသည်ကို အဖတ်ဆယ်နိုင်အောင် ကြိုးစားနေလေသည်။

"ရွှယ်ရူ...မင်းပြောရုံနဲ့ မပြီးသေးဘူးလေ..."ချန်ရွှီး အပြုံးလေးဖြင့် ပြောလိုက်ပြိး "မစ္စတာကောင်းက ငါတို့ကို မျက်နှာသာ ပေးမပေး ကလည်း မူတည်နေသေးတယ်..."

"ဟမ့်... သူက ငါ့ကောင်လေး...ငါတစ်ခွန်းဆို သူတစ်ခွန်းပဲ..."

လီရွှယ်ရူ ပြောလိုက်ပြီး "ကျားကျားပဲ သနားဖို့ကောင်းတယ်..ကောင်လေးက စူပါ‌သူဌေးကြီးဖြစ်နေတာတောင်မှ မုန့်ဖိုးလေးရဖို့ ကျောင်းသွားပြီး စာသင်နေရတုန်းပဲ ..ဟင်း.."

"ဘာလို့လဲဆိုတော့ ကျောင်းဆရာမလုပ်ရတာ သက်တောင့် သက်သာ ဖြစ်လို့လေ ...."

"သက်တောင့်သက်သာတယ်ဟုတ်လား..ကျွန်မအထင်တော့ ရှင်က ကျားကျားကို အဲ့လောက်လည်း ဂရုမစိုက်ပါဘူး..မဟုတ်ရင် ပင်ပင်ပမ်းပမ်း ဘယ်လုပ်ခိုင်းမှာ..."

"ကျားကျား..နင်ကလည်း နင်ပဲ..ကျောင်းတုန်းက

ဂျလည်လေးဆိုပင်မယ့် ဘာလို့ ဘွဲ့ရပြီးမှ သူ့ရဲ့ လှည့်စားမှုကို မမြင်နိုင်လာက်တဲ့အထိ တုံးအသွားတာလဲ..."

"ကျုပ်က တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ကျောင်းအုပ်လေ..ပြီးတော့ ကျားကျားကို အလုပ်လုပ်ဖို့ စီစဉ်ပေးထားတာလည်း ကျုပ်ပဲ...ဘာမှ ပင်ပင်ပမ်းပမ်း လုပ်စရာကို မလိုဘူး..နောက်ကျ ကျုပ်အဆက်အသွယ်တွေနဲ့ဆိုရင် ကျားကျားက ပညာရေး၀န်ကြီးဌာနမှာ နေရာတစ် နေရာ ရဖို့ဆိုတာက အသာလေးပဲ...ကျုပ်ဒီလို စီစဉ်ပေးထားတာက မမှားဘူး မဟုတ်လား .. "

All Chapters