← Chapters

Vol. 16 Ch. 231

Vol. 16 Ch. 231

Vol. 16 Ch. 231

Vol. 16 Ch. 231

လူတိုင်း၏ အကြည့်များမှာကောင်းရန်ရှင်း ထံသို့ ရောက်ရှိသွားပြီး လှောင်ပြောင်ချင်နေသည့် အကြည့်တို့ဖြင့် ကြည့်နေကြ၏။

ပြောတော့ ၀မ်ကျန်းဆိပ်ကမ်းရဲ့ မန်နေဂျာပီနဲ့ ခင်လာတာ နှစ်ပေါင်းမနည်းတော့ပါဘူးဆို...

ဟိုက ဖြင့် သိတောင်မသိဘူးတဲ့....

အလကား...လျှောက်ကြွားနေတာနေမှာ..

"မလိုဘူး..ငါနဲ့လည်း မသိပါဘူး.."

လင်းရီပြောလိုက်ပြီး "ငါခု ပင်လယ်ထဲ ဘော်ဒါတွေနဲ့ ခရီးထွက်ချင်လို့..အဲ့တာ လူနှစ်ဆယ်ကျော်လောက် ပါမယ်ကွာ.ရွက်လှေ ခပ်ကြီးကြီးလေး တစ်စင်းလောက် စီစဉ်ထားပေးဦး..."

"ဟုတ်ကဲ့..နားလည်ပါပြီဗျ...ကျွန်တော် ခုချက်ချင်းပဲ တစ်ယောက်ယာက်ကို စီစဥ်ခိုင်းထားလိုက်ပါ့မယ်..."

"အေးအေး..."

ဖုန်းချပြီးနောက် လင်းရီ ဖုန်းကို စားပွဲပေါ်သို့ ချလိုက်ပြီး အပြုံးလေးဖြင့် "ကဲ အားလုံး စီစဉ်ပြီးပြီဆိုတော့ စားပြီးတာနဲ့ သွားကြတာပေါ့..."

"မစ္စတာလင်းက မန်နေဂျာပီနဲ့ အရမ်းကြီး ရင်းနှီးနေလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူးဗျာ..."ချန်ရွှီး မြောက်ပင့်လိုက်၏။

"မရင်းနှီးလို့ ဘယ်ရမှာတုန်းကွ...သူက ငါ့လက်အောက်က လူလေ..."

"ဘာ....လက်အောက်ငယ်သား..."

"ဒါပေါ့...၀မ်ကျန်းဆိပ်ကမ်းကလည်း ကျုပ်အပိုင်ပဲ....ဒီတော့ သူလည်း ကျုပ်‌လက်အောက်ကလူလေ..."လင်းရီ ပြောလိုက်ပြီး "ကဲ ဘာမေးစရာ ကျန်သေးတုန်း...."

ဟစ်...

လင်းရီ ဘယ်သူလဲဆိုတာ သိတော့ လူတိုင်း လေအေးတစ်ရှိုက် ရှူသွင်းလိုက်ရသည်။

"ခု...ခုနကပြောတော့ စီးပွားရေး အသေးစားလေး လုပ်နေတာဆို .."

"ဟုတ်တယ်လေ...၀မ်ကျန်းဆပ်ကမ်းကကော အဲ့လောက်ကြီးနေလို့လား..ကျုပ်တော့ဖြင့် တစ်ခါတစ်လေမှ သွားတာ..ကျန်တဲ့ချိန်တွေဆို ကျုပ်လက်အောက် ကလူတွေနဲ့ပဲ လွှတ်ထားတာ... "

"တစ်ခါတစ်လေမှ သွားတယ်......"

လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့ ကိုယ်ပေါ်ရှိ ကြက်သီးမွေးညင်းများပင် ထောင်ထသွားတော့၏။

သူ့စီးပွားရေး အင်ပါယာက ဘယ်လောက်တောင်ကြီးနေလို့ ၀မ်ကျန်း ဆိပ်ကမ်းကိုတောင် ဂရုမစိုက်နိုင်နေတာလဲ..

စုန့်ကျားကတော့ လင်းရီကို မျက်လုံး အပြူးသားလေး ငေးကြည့်နေပြီး သူမ ခေါင်းပေါ်တွင်တော့ မေးခွန်း သင်္ကေတများ ဖြစ်ပေါ်နေတော့သည်။

ကြည့်ရတာတော့ ဒါရိုက်တာလင်းက တကယ်ကြီးချမ်းသာပြီးသား ထင်တယ်..ဟန်ဆောင်နေလည်း အပိုပဲ.....

"အာဟား..နားလည်မှု လွဲနေကြတာပဲ...."ချန်ရွှီး သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး အပြုံးလေးဖြင့် "ကျားကျားကတော့ ဘွဲ့ရပြီးတာတောင် ‌ကြာနေပြီ ခုထိ ဘာမှ မပြောင်းလဲသေးဘူးပဲ..သိုသိုသိပ်သိပ် နေနေတုန်းပဲဟ...."

"ဟုတ်ပါ့... ဒီလောက်တော်တဲ့ ကောင်လေးကို ရထားတာတောင်မှ ငါတို့ကို ဝှက်ထားတယ် ကြည့်စမ်း...ငါတို့ တစ်သက်လုံး ကြိုးစားရင်တောင်မှ ကျားကျား ကောင်လေးရဲ့အဆင့်အတန်းကို မှီမှာ မဟုတ်ဘူး..."

"ဆိုတော့...လူတိုင်းပဲ...ခွက်တွေ မြောက်ပြီးတော့ မစ္စတာလင်းအတွက် တို့စ်လုပ်ပေးကြရအောင်လား......"ဟောက်ဇီဟု ခေါ်သည့် ကောင်လေးမှ ပြောလိုက်လေသည်။

"အမှန်ပဲ မစ္စတာလင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဝမ်ကျန်းဆိပ်ကမ်းကို သွားလည်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး...နောက်ပြီး ငါတို့က ကျားကျားရဲ့ သူငယ်ချင်းတွေဆိုတော့ ဒစ်စကောင့်တွေ ဘာတွေ ပေးမလား မသိဘူးနော်...ဟီးဟီး"

"ဟားဟား....ရတာပေါ့ဗျာ..အားရင် လာခဲ့ကြပါ..ဟော့ဒီက ဖိတ်မန္တကပြုပါတယ်.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

လင်းရီ ဘယ်သူလဲဆိုတာ သိပြီးနောက် ထမင်းစားဝိုင်းတွင် စုန်ကျားနှင့် လင်းရီတို့မှာ အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့ပြီး ‌လီရူရွှယ်နှင့် ကောင်းရန်ရှင်းတို့ကတော့ လူအုပ်ကြီး၏ ဖယ်ကြဉ်ခြင်းကို ခံလိုက်ရလေသည်။

ရှိုးပြချင်လို့မှ အတန်းဖော်တွေကို စုလိုက်ပါတယ်ဆိုနေမှ တကယ့် စူပါမန်းနဲ့ လာတိုးနေတယ်...ဘယ်သူက ဒီလိုကောင်မျိုးနဲ့ ယှဉ်နိုင်မှာလဲတဲ့...

နှစ်နာရီကြာပြီးနောက် ကောင်းရန်ရှင်းမှ "ရွှယ်ရူ..ကိုယ်တော့ မစားနိုင်တော့ဘူး..ပြန်ကြစို့လား..."

"အွန်း ..ပြန်ကြမယ်လေ..ဘေလ်ရှင်းပေးခဲ့ဖို့လည်း မမေ့နဲ့ဦးနော်.."လီရွှယ်ရူ အသံနိမ့်၍ ပြောလိုက်လေသည်။

"ကျားကျားရဲ့ ကောင်လေးက ချမ်းသာတယ်ဆိုပေမယ့် ကျွန်မရဲ့ကောင်လေးက သူ့အောက်မကျဘူးဆိုတာ ကျန်တဲ့ သူတွေကို သိအောင် ပြောပြမှ ရမယ်....ဒါမှ သူတို့ ကျွန်မကို လုံး၀ အထင်သေးလို့ မရမှာ"

"မပူနဲ့....ကိုယ်မင်းကို မျက်နှာမငယ်ရအောင် လုပ်ပေးမယ်...."

လီရွှယ်ရု ခေါင်းညိမ့်လိုက်ပြီး အားလုံး သတိထားမိအောင် အကြိမ်ရေ အနည်းငယ်ခန့် ချောင်းဟန့်လိုက်၏။

"သူငယ်ချင်းတို့....ညစာစားပွဲကလည်း ပြီးတော့မှာဆိုတော့ ငါတို့နှစ်ယောက် အရင်သွားတော့မယ်နော်..."

"ဟမ်..ရွှယ်ရူ..ဘာလို့ ဒီလောက် အစောကြီးပြန်မှာလဲဟ..."ချန်ရွှီးမှ ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

လီရွှယ်လူ ပြုံးလိုက်ပြီး "နင်တို့ သိတဲ့ အတိုင်းပဲလေ...ငါ့ကောင်လေးရဲ့ ယွမ်သန်းဆယ်ချီတန်တဲ့ ကုမ္ပဏီကြီးက လက်ရှိ ‌ပရောဂျက်တွေ လုပ်နေတာလေ..စောနလေးတင် အရေးကြီးတယ်ဆိုပြီး မက်ဆေ့ချ်၀င်လာလို့ ခု အဲ့တာ သွားရတော့မှာ... "

"အိုး..အဲ့လိုလား...အဲ့တာဆိုလည်း သွားနှင့်ကြလေ..ငါတို့ မစ္စတာလင်းနဲ့ စကားဆက်ပြောလိုက်ဦးမယ်.....ခေါ်မထားတော့ဘူးနော်.."

"အာ......"

ရွှယ်ရူ ထင်နေသည်မှာ သူမတို့ကို အားနာပါးနာဖြင့်' နေပါဦးလား'လို့ ပြောမည် ထင်‌နေခဲ့၏။

'ဟမ့်....အတော်လေး မျက်နှာကြီးရာ ဟင်းဖက်မပါရှာကြဘူး...'

"ကျုပ်တို့လဲ ပြန်တော့မယ်..လုပ်စရာလေးတွေ ရှိသေးလို့ နောက်မှပဲ အေးဆေး ထပ်တွေ့ကြတာပေါ့ဗျာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ဒါပေါ့..ဒါပေါ့..မစ္စတာလင်းမှာ သေချာပေါက်လုပ်စရာ အများကြီး ရှိမှာပဲလေ..သူ့ရဲ့ အချိန်က ငါတို့ထက်တောင် ပိုပြီး အဖိုးတန်သေးတယ်..နောက်မှ ထပ်တွေ့ကြတာပေါ့ဗျာ..အဲ့ခါကျမှ အေးဆေး ထိုင်ပြီး သောက်ရင်း စကား ပြောကြတာပေါ့..."

"ဒါပေါ့ဗျ.."လင်းရီ ပြောလိုက်၏။

လင်းရီ ပြန်မည်ဆိုတော့ ကျန်သူများလည်း ထွက်ခွာဟန်ပြင်လိုက်ကြသည်။

ထိုအခါ ရွှယ်ရူ ကောင်းရန်ရှင်းကို အချိန်ကျပြီ ဟူသည့် အထာဖြင့် အချက်ပေးလိုက်ပြီး ကောင်းရန်ရှင်းလည်း အထာပေါက်ကြောင်း ခေါင်းညိမ့်ပြ၍"စားပွဲထိုး...ဒီကို တစ်ချက်လောက်"

စက္ကန့်အနည်းငယ်ကြာပြီးနောက် ယူနီဖောင်းနှင့် စားပွဲထိူးမလေးတစ်ဦး ရောက်ရှိလာခဲ့ပြီး "လူကြီးမင်း..ဘာများ ကူညီပေးရမလဲရှင်..."

"ဘေလ်ရှင်းမယ်..."ကောင်းရန်ရှင်း ပြောလိုက်သည်။

"ဒီတိုင်း တစ်နပ်စာလေးကိုကွာ..ပေးစရာမလိုပါဘူး.."လင်းရီ ပြောလိုက်၏။

"ဘာလို့လဲ.....ပန်နီဆူလာဟိူတယ်က ကြယ်ငါးပွင့် ဟိုတယ်ကြီးဆိုပေမယ့် တစ်နပ်စာလောက်ကတော့ ရှင်းနိုင်ပါသေးတယ်နော်..."

"ကျုပ်ကလည်း ခင်များတို့ကို မရှင်းနိုင်ဘူးလို့ မပြောပါဘူး..ဒီတိုင်း မလိုဘူးလို့ ထင်လို့ပါ..ဘာပဲပြောပြော အချင်းချင်းတွေပဲ မဟုတ်လား..."

"အချင်းချင်းတွေမို့လို့ပဲ ကျွန်မတို့ ရှင်းမယ်လို့ ပြောနေတာပေါ့..."လီရွှယ်ရူ ပြောလိုက်ပြီး "ကျွန်မတို့ ခင်လာတာလည်း နှစ်ပေါင်း မနည်းတော့ဘူး..ကြုံတုန်းကြုံခိုက်လေးမို့ ကျွေးရတာ..ဒါကြောင့် ကျွန်မတို့ပဲ ရှင်းလိုက်မယ် ဟုတ်ပြီလား..."

"သဘောဗျာ..အဲ့လောက် ရှင်းချင်နေလည်း ရှင်းလိုက်ဗျာ. ကျုပ်အားနာမနေတော့ဘူး...."

"အားနာစရာ မလိုပါဘူးကွာ..ဘာပဲ ပြောပြော ဘယ်လောက်မှ ကျတာလည်း မဟုတ်ဘဲနဲ့..."

ကောင်းရန်ရှင်း သူ့ဘဏ်ကတ်ကို ထုတ်လိုက်ပြီး "လောက်လား..မလောက်ရင် ဒီမှာ ကတ်ဖြတ်လိုက်.."

"စုစုပေါင်း ၅၆,၈၀၀ပါရှင့်.."

လင်းရီ စားပွဲထိုးမလေးကို တစ်ချက်ကြည့်လိုက်ပြီး "သူတို့ကို ၂၀%ဒစ်စကောင့်ပေးဖို့ ပြောလိုက်..ဒါငါ့သူငယ်ချင်းတွေ.."

"ဟုတ်ကဲ့ နားလည်ပါပြီရှင့် ဘော့စ်လင်း.."

စားပွဲထိုးမလေးမှ ပြောလိုက်လေသည်။

"ဘာ....ဘော့စ်လင်း..."

လူတိုင်း တစ်ဖန် ကြက်သေသေသွားပြန်သည်။

ဘာတွေ ဖြစ်နေလဲဆိုတာ လိုက်မမှီကြတော့ချေ။

"ပြောဖို့ မေ့နေတာ..ဒီဟိုတယ်ကလည်း ကျုပ်စီးပွားရေး လုပ်ငန်းတွေထဲက တစ်ခုပဲလေ..ခုလို အားပေးလို့ ကျေးဇူးပဲ..."

စုန့်ကျား တစ်ဖန် အံ့အားသင့်သွားရပြန်သည်။ သူမ ဒီနေ့ အံ့အားသင့်ရလွန်းလို့ နှလုံးရောပါပင် ရချင်သလို လိုဖြစ်လာခဲ့၏။

ဒီရဲ့ ပန်နီဆူလာဟိုတယ်ကလည်း ဒါရိုက်တာလင်း အပိုင်ပဲတဲ့လား..

ဘာ‌တွေ ဖြစ်ပြန်ပြီလဲဟာ....လိုက်မမှီတော့ဘူး

"ရှင် ....ရှင်ဘာပြောလိုက်တယ်...ပန်နီဆူလာဟိုတယ်ကလည်း ရှင့်အပိုင် ဟုတ်လား..."ရွှယ်ရူ၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားတော့သည်။

"အမှန်ပဲ..မဟုတ်ရင် သူတို့က ဘော့စ်လို့ လာလို့ခေါ်မှာ.."

လင်းရီ ပြုံးလိုက်၏။

"ကျွန်တော့် အပိုင်မို့လို့ မလိုဘူးပြော‌နေတာလေ... လက်မခံမှတော့ ဘယ်တတ်နိုင်မှာ..ဘာပဲပြောပြော.. ခုလို လာအားပေးတဲ့ အတွက် ကျေးဇူးပါ..."

ရွှယ်ရူ မျက်နှာ ရဲကနဲ့ ဖြစ်သွားခဲ့၏။

ကိုယ့်ပိုက်ဆံကိုယ်သုံးပြိး ကိုယ့်ပါးကို ဖြတ်ရိုက်လိုက်ခြင်းပင်။

ကောင်းရန်ရှင်းလည်း ထို့အတူပင်။

ဒီကောင် ဘာလားဟ..ဘော့စ်မားတောင် သူ့လောက် ပိုက်ဆံ ရှိပါ့မလားပဲ..

လင်းရီမတ်တပ်ရပ်၍ စုန့်ကျား၏ ပခုံးကို ပုတ်ကာ "သွားစို့လေ..အိမ်ပြန်ရအောင်..."

"အိုး...အွန်း..."

စုန့်ကျား စိတ်မှာတော့ ဗလာကျင်းနေဆဲ ဖြစ်ပြီး ဘာမျှမစဉ်းစားနိုင်တော့ပဲ အူတူတူပုံစံလေးဖြင့် လင်းရီဘေးမှ လိုက်လာခဲ့သည်။

သို့ဖြင့် လင်းရီတို့ နှစ်ဦးသား လူတိုင်း၏ ချီးမွမ်းမှုများ အောက်တွင် ဟိုတယ်ထဲ မှ ထွက်လာခဲ့ကြ၏။

ပင်လယ်သို့သွားမည့် အစီအစဉ်ကတော့ လင်းရီမှ သွားရန် စကားမစလာသောကြောင့် ဖျက်သိမ်းလိုက်ရ၏။ မည်သူမျှ ပိုင်ရှင်မပါဘဲ သူတို့ချည်း သပ်သပ်သွားလောက်သည်အထိတော့ အရှက်မမဲ့ခဲ့ကြ။

လီရွှယ်ရူနှင့် ကောင်းရန်ရှင်းတို့ကတော့ လူတိုင်းနောက်မှ ရေငုံနှုတ်ပိတ်၍ လိုက်လာခဲ့ကြ၏။ သူတို့ မျက်နှာ အတော်လေး ပျက်ထားသောကြောင့် ဖြစ်နိုင်ပါက ဤ နေရာမှ မြန်မြန် ထွက်သွားချင်နေခဲ့ကြ၏။

ဟိုတယ်မှ ထွက်လာခဲ့ပြီးနောက် ကောင်းရန်ရှင်း သူ၏ ကားသော့ကို နှိပ်လိုက်ပြီး ပေါ်စချယ်၏ ရှေ့မီးများမှာ လင်းလက်လာခဲ့လေသည်။

၎င်းကို မြင်တော့ လူတိုင်း မနာလို အားကျသွားကြတော့၏။

"ရွှယ်ရူ..ဒီကားက နှစ်မီလီယမ်ကျော် တန်ကြေးရှိတဲ့ ပေါ်စချယ် ပနားမီးယားကြီးမလား..."

"အွန်း..၂ မီလီယမ် ကျော်ကျော်လောက်ပါပဲ..ဒါပေမယ့် ကျားကျားကောင်လေးက ဘောစိဆိုတော့ စီးတဲ့ကားကလည်း ကျွန်မတို့ထက် ဈေးကြီးမယ်မလား.."

၎င်းကိုကြားတော့ လူတိုင်း အဓိပ္ပာယ်ရှိသလို ခံသားလိုက်ရပြီး ခေါင်းညိမ့်လိုက်ကြ၏။

"ကျားကျား..နင့်ကောင်လေးက အရမ်းချမ်းသာတော့ စီးတဲ့‌ကားလည်း အနည်းဆုံး ဆယ်မီလီယမ်လောက်တော့ ရှိတယ်မလား.."ချန်ရွှီး အပြုံးလေးဖြင့် မေးလိုက်၏။

"ဟင့်အင်း....ငါတို့ မောင်းတာက Audi A6"

"A6...."

ထိုစကားကိုကြားတော့ လူတိုင်း လင်းရီ ကို မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"မဖြစ်နိုင်တာ..A6 က ယွမ်၅ သိန်းလောက်ပဲ ရှိတာလေ..မစ္စတာလင်းရဲ့ အနေအထားကြီးနဲ့ဆိုရင် အရမ်းဈေးပေါမနေဘူးလား..."

လီရွှယ်ရူကတော့ မျက်လုံး အသာလှန်လိုက်ပြီး "ကျားကျားကတော့ ကျောင်းတုန်းကအတိုင်း ခြိုးခြံချွေတာနေတုန်းပဲ ထင်တယ်.."

"အမှန်ပဲ..ကျားကျားက ကျောင်းဆရာမဆိုတော့ ကျောင်းကို ပြိုင်ကားကြီး မောင်းသွားလို့လည်း မသင့်လျော်ဘူးလေ..အဲ့တော့ Audi A6 လေးပဲ ၀ယ်‌ထားပေးလိုက်တာ...ကျုပ်၀ယ်ပေးထားတဲ့ Koenigseggကတော့ တစ်ခါတစ်လေမှ ထုတ်မောင်းဖြစ်တာပေါ့ဗျာ..."

"Koenigsegg....."

လူတိုင်း အလန့်တကြား ရေရွတ်မိလိုက်ကြသည်။

"အမှန်ပဲ.."

လင်းရီ သူ့ကားသော့ကို ထုတ်လိုက်ပြီး "ရိုးရိုးသားသား ၀န်ခံရမယ်ဆိုရင် ပြိုင်ကားမောင်းရတာက ဒီလို သာမန်ဘရန်းလေးတွေ မောင်းရတာလောက် သက်တောင့်သက်သာ မဖြစ်ဘူး..ကျုပ်လည်းအချိန်ရမှပဲ ပေါ်စချယ် တစ်စီးလောက် ၀ယ်ဦးမယ်..ပြိုင်ကားတွေ မောင်းနေရတာက သောက်ရမ်း ငြီးငွေ့နေပြီ...."

All Chapters