Vol. 16 Ch. 232
Vol. 16 Ch. 232
"မစ္စတာလင်းက ပြိုင်ကား မောင်းရလွန်းလို့ ငြီးငွေ့နေတဲ့ အချိန် ကျုပ်တို့ကတော့ ပြိုင်ကားဆို လက်နဲ့ကို မတို့ဖူးတာ..အစင်းရာထင်သွားရင်လျော်နေရမှာစိုးလို့.."ချန်ရွှီး မနာလိုနေသည့် လေသံဖြင့် ပြောလိုက်လေသည်။
"တကယ်တမ်းကျတော့ ပြိုင်ကားတွေက ခင်များတို့ ထင်နေသလောက်လည်း ဇိမ်မကျပါဘူးဗျာ..သူတို့ စီးတဲ့ ပေါ်စချယ်ကမှ သောက်ရမ်း ဇိမ်ကျတာ.."
လီရွှယ်ရူ မျက်နှာ အရောင်ကတော့ ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေလေသည်။
ရှင် တမင် ပြောနေတာမလား...
မျက်နှာ ဆက်အပျက်မခံနိင်တော့ပဲ ရွှယ်ရူ သူ့မကောင်လေးနှင့် အတူ ထိုနေရာမှ ထွက်လာခဲ့လိုက် တော့၏။
လင်းရီ နှင့် စုန့်ကျားတို့လည်း လူတိုင်း၏ အကြည့်များ အောက်တွင် ပန်နီဆူလာ ဟိုတယ်မှ ထွက်လာခဲ့လေသည်။
"ဒါရိုက်တာလင်း..ပန်နီဆူလာ ဟိုတယ်နဲ့ ၀မ်ကျန်းဆိပ်ကမ်းက တကယ်ကြီး ရှင့်ဟာပေါ့..."
ခရီးသည် ထိုင်ခုံတွင် ထိုင်ရင်း စုန့်ကျား မယုံနိုင်သည့် လေသံဖြင့် မေးလိုက်လေသည်ာ
"ဘာလို့လဲ..မယုံလို့လား..."
"အဲ့တာဆို ဘာလို့ ကျောင်းမှာ အလုပ်လာလုပ်နေသေးလဲ..ပြီးတော့ ဘာလို့ အီရန်ဘွိုင်းကြီးကော လုပ်နေသေးတာ..မဟုတ်မှလွဲရော...ချမ်းသာတဲ့ကောင်လေးနဲ့ ဆင်းရဲတဲ့ ကောင်မလေးကြား ဇာတ်လမ်းလေးတွေ လုပ်ချင်နေလို့များလား...ခစ်ခစ်"
စုန့်ကျား ရယ်မော ပြောဆိုလိုက်သည်။
"ဘယ်နားကသာ..အီရန်ဘွိုင်း လုပ်တာ ခုချိန်ထိ အာကျယ်တဲ့ အဘွားကြီးတွေပဲ တွေ့သေးတယ်..."
"ဘာပဲ ပြောပြော အရွယ်စုံ ဆိုဒ်စုံ တွေ့လို့ရတာပဲ မဟုတ်ဘူးလား..."
"အင်း...ဒီတစ်ချက်တော့ လက်ခံတယ်..."
စုန့်ကျား ရယ်မောလိုက်ပြီး "ဒါရိုက်တာလင်း ရှင်က အီရန်ဘွိုင်းပဲ ဆက်လုပ်နေတော့မှာလား..ကျောင်းကိုပြန်လာဖို့ အစီအစဉ်လေးဘာလေးကော မရှိဘူး တော့လား..."
"လာမှာလေ..မနက်ဖြန် လာမှာ ..."
အီရန်ဘွိုင်း အလုပ်၏ အန္တိမ မစ်ရှင်မှာ ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် ဆက်လုပ်နေစရာ အကြောင်း မရှိတော့ချေ။
ထို့ကြောင့် သူကျောင်းကို ပြန်သွားပြီး နှစ်၀က်စာမေးပွဲ မတိုင်မီ အန္တိမ မစ်ရှင်ကို လုပ်တောင်ရပေမည်။
"တကယ်ကြီးလား..."
"ဒါပေါ့..ဘာကိစ္စ မင်းကို လိမ်ရမှာ.."
"ဟီးဟီး အဲ့လိုဆို မနက်ဖြန် အစ်မထျန်ကို သတင်းကောင်း ပြောပြရတော့မှာပေါ့.."
လင်းရီကတော့ ဘာမှ ပြန်မပြောပဲ ပြုံးရုံသာ ပြုံးလိုက်ပြီး စုန့်ကျားကို အိမ်သို့ လိုက်ပို့ကာ သူ၏ Koenigsegg ကို မောင်း၍ ထွက်လာခဲ့လိုက်သည်။
သူကျိုကျုံး ဗီလာသို့ ရောက်သောအခါ ၀မ်းရင်းမှာ ပြန်ရောက်နေပြီးဖြစ်ကြောင်းတွေ့လိုက်ရ၏။
အနက်ရောင် ရေကူး၀တ်စုံဖြင့် ရေကူးကန်ဘေးနားတွင် ထိုင်နေပြီး ကျောက်စိမ်းကဲ့သို့ လှပသော ခြေတံသွယ်သွယ်လေးများကို ရေထဲသို့ စိမ်ရင်း ရှေ့နောက် ရမ်း၍ ဆော့ကစားနေလေသည်။
"ရီ...စားပြီးသွားပြီလား..မစားရသေးရင် အစ်မရင်း တစ်ခုခု လုပ်ပေးမယ်လေ..."
၀မ်ရင်း လင်းရီကို ကြည့်၍ ပြောလိုက်၏။
"ရပြီ အစ်မရင်း ကျွန်တော် အပြင်မှာ စားခဲ့ပြီးပြီ"
"အဲ့တာဆိုလည်း ပြီးရော...,"
ထို့နောက်၀မ်ရင်း ကိုယ်ကို တဘက်အရှည်ဖြင့် ပတ်လိုက်ပြီး လင်းရီနှင့်အတူ ဗီလာထဲသို့ လိုက်ခဲ့လေသည်။
"အစ်မ အရင်အိမ်ကိုလည်း ရောင်းပြီးသွားပြီ..အိမ်အသစ်ကလည်း အဆင်သင့် ဖြစ်နေပြီဆိုတော့အစ်မ နောက်လေးငါးရက်လောက်ဆို ရွှေ့တော့မယ်နော်...."
သူမ လင်းရီနှင့် ရင်းနှီးနေသော်လည်း ဤနေရာ၌ အကြာကြီး နေပြီး လင်းရီကို စိတ်ဒုက္ခ မပေးချင်ပေ။
"အာ...ဘာလို့ အဲ့လောက် အလျင်လိုနေတာလဲဗျ.. မသိရင် ကျွန်တော်ကပဲ အသားကုန် မောင်းထုတ်နေတာ ကျလို့.."
လင်းရီ ပြောလိုက်ပြီး "နောက်ပြီး အစ်မရင်း ရှိတော့ ကျွန်တော့်ကို ချက်ကျွေးမယ့်သူလည်း ရှိတာပေါ့..ဒီမှာပဲ နေပါလား..."
"နင်စားချင်ရင် အချိန်မရွေး အစ်မဆီလာခဲ့လေ..."
"ဒီမှာ ဆို ပိုမကောင်းဘူးလား..."လင်းရီ ပြောလိုက်ပြီး "ဒါနဲ့ အစ်မရင်းရဲ့ အိမ်က ဘယ်နားလေးမှာ..ပိုက်ဆံကော လောက်ရဲ့လား.."
"အစ်မတို့ ကုမ္ပဏီက ရောင်းတဲ့ အိမ်ပဲလေ..အတွင်းကတနေ ၀ယ်ရင်ဆို အရမ်းဈေးသက်သာတာ..ပစ္စည်းတွေလည်း ရှိပြီးသားဆိုတော့ အသင့် ၀င်နေရုံပဲ.."
၀မ်ရင်း ပြောလိုက်ပြီး
"ငွေကတော့ အရင်ဆုံး ၅၀% ချေထားလိုက်တယ်..ကျန်တာကတော့ နောက်မှ တစ်ရစ်ချင်း သွင်းမှာဆိုတော့ ဖိအား မများတော့ဘူးလေ..."
"အင်း...တကယ်လို့ တစ်ခုခုလိုရင် ကျွန်တော့်ကို ပြောနော်..."
"အွန်းပါ...အစ်မမှာ မောင်နှမမွေးချင်းတွေကလည်း မရှိဘူးဆိုတော့ မောင်လေးရီကိုပဲ အားကိုရမှာ..."
ထို့နောက် ၀မ်ရင်း ခြေဖျားထောက်၍ လင်းရီကို နမ်းလိုက်ပြီး "မြန်မြန် ဥက္ကဌကျီကို စားတော့နော်...အစ်မရင်းက သိပ်အကြာကြီး မစောင့်နိုင်တော့ဘူး သိလား..."
လင်းရီ ၀မ်ရင်း၏ တုန်အိနေသော တင်ပါးကို ခပ်ဆတ်ဆတ်ကလေး ရိုက်လိုက်ပြီး "ကျွန်တော့်ကို ခြောက်ကပ်သွားအောင် ညစ်ထုတ်မလို့တော့ မဟုတ်ဘူးမလား..."
"မပူပါနဲ့...အစ်မဘယ်လိုလုပ်ရမလဲ ဆိုတာ ကောင်းကောင်းသိပါတယ်နော်...."
၀မ်ရင်း အခန်းထဲသို့ ပြန်သွားရင်း သူမ မျက်လုံးများမှာ တလက်လက် တောက်ပနေပြီး လင်းရီကို နောက်တွင် ရင်တလှပ်လှပ် ဖြစ်အောင် လုပ်၍ ချန်ထားခဲ့လိုက်၏။
လင်းရီလည်း စိတ်တည်ငြိမ်သွားအောင် ရေအေးဖြင့် ရေချိုးလိုက်ပိး အခန်းထဲသို့ ပြန်နားလိုက်လေသည်။
လင်းရီ စနစ်၏ မျက်နှာပြင်ကို ဖွင့်လိုက်ပြီး စိတ်ထဲမှ အမိန့်ပေးလိုက်၏။ "စနစ်...ကျောင်းဆရာ အလုပ်အကိုင်ကို ပြန်စတင်မယ်..."
[ကျောင်းဆရာ အလုပ်၏ ရပ်စဲထားခြင်း အနေအထား ပြီးမြောက်သွားပါပြီ...]
[စတင်ရန် သေချာပါပြီလား စနစ်ရှင်]
"စမယ်..."
[အလုပ်အကိုင်ကို အသက်သွင်းပြီးပါပြီ..]
[စနစ်မစ်ရှင် : နာရီ ၂၀ ကြာ သင်ခန်းစာ ပို့ချပေးပါ..]
[ဆုလဒ် : အတွေ့ကြုံမှန် ၃၀၀,၀၀၀]
[အလုပ်ပြီးမြောက်နှုန်း (၁/၂၀)]
လင်းရီ မစ်ရှင်ဘုတ်တွင် ရေးထားသည့် 'ကောလိပ်ကျောင်းသားများအတွက် အသက်မွေး၀မ်းကြောင်း အစီအစဉ်' ဟူသော စာသားကို ပြန်လည် အမှတ်ရလိုက်သည်။ အကယ်၍ သူသာ ထိုသင်ခန်းစာကို ၁၉ နာရီကြာ ပို့ချပြီးပါက နောက်ဆုံး မစ်ရှင်မှာ ပြီးမြောက်သွားပေလိမ့်မည်။
သို့သော်လည်း သူ ကျောက်ချီကို ကြိုတင် အကြောင်းကြားထားသင့်၏။ ထိုအခါမှသာ အတန်းချိန်အများကြီးကို တစ်ယောက်တည်း သင်နိုင် ပေမည်။
နောက်တစ်နေ့ နံနက်တွင်တော့ ၀မ်ရင်းမှ အရသာ ရှိသည့် မနက်စာကို ပြင်ထားပေးပြီး နှစ်ယောက်အတူ စားကာ ကျောင်းသို့ ထွက်လာခဲ့လိုက်၏။
သို့သော်လည်း လင်းရီ ရှာရီ အစုတ်လေးသာ မောင်းနှင်ပြီး ပြိုင်ကားကိုတော့ ထားခဲ့လိုက်၏။
ကျောင်းကဲ့သို့ နေရာမျိုးတွင် ပြိုင်ကားကြီး စီးလာမည်ဆိုပါက အင်မတန် မျက်စိဖမ်းစားနိုင်လွန်းပေသည်။ ထို့ပြင် အလွန်အကြူး ကြွားဝါရာလည်း ကျပြီး ထိုသို့ ပြုလုပ်ခြင်းမှာ သိုသိုသိပ်သိပ် နေတတ်သော လင်းရီ ၏ စရိုက်သဘာ၀နှင့် မကိုက်ညီချေ။
မီးပွိုင့်နားတွင်တော့ မီးစိမ်းမှ မီးအဝါသို့ ပြောင်းသွားခဲ့ပြီး လင်းရီ ကားကို ရပ်တန့်ကာ ကျောက်ချီကို ခေါ်ရန် ဟန်ပြင်လိုက်၏။
အရင်ကြို အသိပေးကာမှ တော်ရာကျလိမ့်မည်။ မဟုတ်ပါက အချိန်တွေ အလကား ပုပ်သွားနိုင်၏။
ဘန်း...
လင်းရီ ဖုန်းကိုင်ကာ ရှိသေး သူ၏ ကားကို နောက်မှ တစ်ခုခုက ၀င်ဆောင့်လိုက်ပြိး ရှေ့သို့ မီတာ၀က်ခန့် တိုးသွားခဲ့သည်။
"ငိုးပဲ..ဘယ်ကောင်လဲကွ..လူလို မမောင်းတတ်ဘူးလား..."
သူကားတံခါးဖွင့်၍ အပြင်ဘက်သို့ ထွက်ကြည့်လိုက်၏။
ကံကောင်းစွာဖြင့် ရှာရီမှာ ပြင်ဆင်ထားသောကြောင့် ထိခိုက်မှု ကြီးကြီးမားမားတော့ မရှိသွားပဲ အစင်းရာ အနည်းငယ်သာ ထင်သွားခဲ့လေသည်။
"ဟျောင့် မင်းကားကို ဘယ်လိုတွေ မောင်းနေတာလဲကွ..."
လင်းရီ ဘာမျှ မပြောရသေးခင် ကျွင်းဝေကားပိုင်ရှင်မှ ထွက်လာခဲ့ပြီး ဦးအောင် ငေါက်လိုက်၏။
"ဘာလဲဟ ..ခင်များ အရင်လာတိုက်တာလေ...ဘာဆိုင်လို့ ကျုပ်ကို လာအပြစ်တင်နေတာ..."
"ဟျောင့် မီးက ဝါရုံလေးတင်ပဲ ရှိသေးတာ ဆက်မောင်းလို့ ရသေးတာကို လခွမ်းမို့လို့ ကားရပ်လိုက်တာလားကွ..အရေးကြီးနေပါတယ် ဆိုနေမှပဲ..."
"ဘာတွေ အဲ့လောက်လောနေတာ..ခင်များ အခေါင်းမမှီမှာ ဆိုးလို့လား..."
"မင်း...မင်း...လခွမ်းပဲကွာ...ကားစုတ်ကြီးမောင်းပြီး စကားတွေ တော်တော် တတ်နေတယ်ပေါ့ ဟုတ်စ..."ကားပိုင်ရှင်မှ အော်ငေါက်လိုက်ပြီး "ရော့ ဒီမှာ ၂၀၀ ယူလိုက်..ပိုတာကို မုန့်ဖိုးပေးတယ်လို့ သတ်မှတ်လိုက်ကွာ..."
ကားပိုင်ရှင်မှာ ပိုက်ဆံကို ပစ်ပေးလိုက်ပြီး တစ်ချက်ပင် မကြည့်ဘဲ ကားထဲသို့ ၀င်၍ ပြန်မောင်းထွက်သွား၏။
လင်းရီ သူ့တွင် အချိန်ရှိပါက ကိုင်တွယ်ရန် ရည်ရွယ်ချက်ဖြင့် ထိုလူ၏ ကားနံပါတ်ပြားကို သေချာ တေးမှတ်ထားလိုက်သည်။
"လူမှာ အ၀တ် တောင်းမှာ အကွပ်တဲ့..ဘာမှတော့ မဆိုင်ဘူးဆိုပေမယ့် ရှာရီမောင်းတာက အတော်လေး သိုသိပ်ရာ ရောက်သလိုပဲ..နောက်မှပဲ လွိုင်ကန်ကြီး ထုတ်ပြီး အဲ့လိုကောင်တွေကို ချီးထွက်အောင် လိုက်တိုက်ပစ်မယ်..."
သူ့ကားလည်း အဆင်ပြေနေတော့ လင်းရီ သိပ်အာရုံထားမနေပဲ ကျောင်းသို့ မောင်းသွားလိုက်လေသည်။
ကားထဲသို့ ပြန်ရောက်သောအခါ လင်းရီ ကျောက်ချီကို ဖုန်းဆက်လိုက်၏။
"မစ္စတာလင်း ကျုပ်ဆီ ဖုန်းခေါ်တယ်ဆိုတာ ရှားမှရှားပဲ..ဘာကိစ္စရှိလို့လဲဗျ..."
ကျောက်ချီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ဘာမှ ထွေထူးကြီးတော့ မဟုတ်ဘူး..ကျုပ်ကျောင်းကို လေးငါးရက်လောက် ပြန်လာမလို့ အဲ့တာ နေရာတစ်ခုလောက် စီစဉ်ထားပေးနိုင်မလားလို့ပါ..."
"ပြဿနာ မရှိဘူး..မစ္စတာလင်းသာ ရောက်လာရင် ကြိုက်တဲ့ ရာထူး ယူလိုက်.."
ကျောက်ချီ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ဟုတ်ပါပြီ..ကျုပ်လည်း ခင်များကို ကြိုပြင်ဆင်ထားရအောင် ဖုန်းဆက်လိုက်တာ.."လင်းရီ ပြောလိုက်ပြီး "နာရီ၀က်အတွင်း ကျောင်းကို ရောက်လာတော့မယ်..."
"ဟုတ် ဟုတ်..အဲ့လိုဆိုေကျောင်းမှာ စောင့်နေပါ့မယ်..."
"အိုကေ..."
ညွှန်ကြားချက်တစ်ချို့ ပေးပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး ပင်းချန် တက္ကသိုလ်သို့ ဦးတည်လိုက်၏။
လင်းရီ ကားပါကင်၌ ရပ်လျင်ရပ်ချင်း ကျောင်းသူအုပ်လိုက်ကြီးမှာ သူထံသို့ ဝိုင်းရံလာခဲ့ကြောင်း တွေ့လိုက်ရလေသည်။
"ဆရာလင်း....ခုတလော ဘယ်တွေ ပျောက်နေတာ...သမီးတို့က ဆရာ့ကို စောင့်နေကြတာ..."
စကတ်တိုလေး ၀တ်ဆင်ထားသည့် မိန်းကလေးမှ လင်းရီ လက်မောင်းကို ဖက်၍ ပြောလိုက်လေသည်။
"ငါ့ကို စောင့်နေတယ်..."လင်းရီ ရှုပ်ထွေးသွားပြီး "စောင့်ပြီး ဘာလုပ်မှာ .. ငါ မင်းတို့ အားလုံးကိုတော့မကိုင်တွယ်နိုင်ဘူးနော်..."