← Chapters

Vol. 16 Ch. 233

Vol. 16 Ch. 233

Vol. 16 Ch. 233

Vol. 16 Ch. 233

၎င်းကိုကြားတော့ ရှိနေကြသည့် မိန်းကလေးများအားလုံး သူမတို့၏ ပုံရိပ်ကို မထိန်းနိုင်တော့ပဲ တခစ်ခစ် ရယ်မောလိုက်ကြသည်။

"အိုက်ယား..ဆရာလင်းကလည်း..သမီးတို့ ပြောချင်တာက ဆရာလင်းရဲ့ ကောလိပ်ကျောင်းသားများ အသက်မွေး၀မ်းကြောင်း အစီအစဉ်ကို တက်ချင်တယ်လို့ ပြောတာ..ဆရာလင်း ထင်နေသလို မဟုတ်ဘူး...ထွက်ပြေးမယ်တော့ မကြံနဲ့နော်..ဆရာ့ရှာရီက သမီးတို့လက်ထဲကနေ လွတ်အောင် ပြေးနိုင်လောက်တဲ့အထိ မမြန်ဘူး..."

"မင်းတို့ မစောင့်လည်း ဆရာ့အတန်းက တက်ရတော့မှာပဲလေ.."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"တကယ်ကြီးလား..ဟီးဟီး ကောင်းလိုက်တာ..သမီးတို့ အားလုံး ဆရာ့အတန်းကို လာ၀န်းရံပေးမယ်နော်..."

"အိုကေ..ဒါပေမယ့် ကြိုပြောထားမယ်နော်..လာချင်တယ်ဆို တန်းစီမှရမယ်..တစ်ခါလာရင် လေးယောက်တစ်တွဲ လာခဲ့ကြ..မဟုတ်ရင် ဆရာလည်း အားပြတ်လို့ ‌ေ-သရချည်ရဲ့..."

"ကောင်းပါပြီတဲ့ရှင်..."

သူ့ဘေးနားး ဝိုင်းရံနေသည့် မိန်းကလေးများကို ကျော်ဖြတ်ခဲ့ပြီးနောက် လင်းရီ အဓိက အဆောက်အဦးထံသို့ ဦးတည်သွားလိုက်သည်။

"ဒီကောင်က ဘာလို့ ပြန်လာတာလဲဟ..."

ကောင်မလေး အုပ်ကြီး၏ နောက်ကွယ်ရှိ ကြွက်သားများနှင့် တောင့်တင်းနေသော ကောင်လေးတစ်ယောက်မှ ပြောလိုက်လေသည်။

ထိုကောင်လေး၏ အရပ်‌အမောင်းမှာ ၂ မီတာ နီးပါးခန့် မြင့်ပြီး ပေါင် ၂၀၀ လောက် အလေးချိန်ရှိ၏။ မတော်လို့ ၀င်တိုက်မိပါက နံရံတံတိုင်းကြီးနဲ့ ဆောင့်ခံလိုက်ရသကဲ့သို့ ခံစားရပေလိမ့်မည်။

အမည်ကတော့ ဖူချင်းရှန်းဟု ခေါ်တွင်ပြီး ပင်းချန် တက္ကသိုလ်၏ အလယ်တန်း ကစားသမား တစ်ဦးဖြစ်၏။

အရပ်အမောင်း မြင့်မားပြီး တုတ်ခိုင်သန်မာသောကြောင့် ကျိုးဟိုင်တွင် လူတိုင်းမှ ရှိန်ရသည့် ဘတ်စကက်ဘော ကစားသမားတစ်ယောက်လည်း ဖြစ်ပေသည်။

"အဟုတ်ပဲ..သူက ချောတယ်ဆိုပေမယ့် မိန်းကလေးတွေ အဲ့လောက် အဖြစ်သည်းနေတာကြီးကြတော့ လွန်လွန်းတယ်လို့ မထင်ဘူးလား..ဒါကြီးက သောက်ရမ်း ရယ်စရာကောင်းတယ်.."

ပြောလိုက်သူကတော့ ကျန်းကျားကျွင်း ဖြစ်ပြီး ဘတ်စကက်ဘော အသင်း၀င် တစ်ဦးလည်းဖြစ်၏။

၎င်းတို့၏အတိတ်နေ့ရက်များတွင်တော့ ကျောင်းဘတ်စကက်ဘော အသင်းမှာ မိန်းကလေးများကြားတွင် နာမည်ကြီး ရေပန်းစားခဲ့သော်လည်း လင်းရီ ရောက်ရှိလာပြီး နောက်ပိုင်းတွင် သူတို့၏ နာမည်ကျော်ကြားမှုတို့မှာ သိသိသာသာ ကျဆင်းသွားတော့၏။

"ဘာလို့ အဲ့ကောင်မလေးတွေ အကြောင်း ပြောနေကြတာ..အားလုံးက အဆင်မြင်ရင် ငမ်းငမ်းတက်နေတဲ့ ကောင်မတွေကို များကွာ..."

ပြောလိုက်သူကတော့ ဖူချင်းရှန်းနှင့် ကျန်းရာကျွင်းတို့ကြား ရပ်နေသည့် ကျန်းကျားရွေ့ ဆိုသူပင်။

သူ၏ အရပ်အမောင်းမှာလည်း ၁၉၀ စင်တီမီတာခန့် မြင့်မားပြီး တက္ကသိုလ်၏ အဓိက တိုက်စစ်မှူး တစ်ယောက်လည်း ဖြစ်၏။ နာမည်ကျော်ကြားမှုအရ ဆိုပါက ကျန်းကျားရွေ့မှာ ဖူချင်းရှန်းထက် ပိုပြီး နာမည်ကြီး လူကြိုက်များပေသည်။

သူ၏ ခန့်ညားချောမောသော ရုပ်ရည်သွင်ပြင်ပါ ပေါင်းထည့်လိုက်မည်ဆိုပါက တက္ကသိုလ်တွင်ကြယ်ပွင့် ကစားတစ်ယောက်ဖြစ်လာပြီး ထိုအချက်ကြောင့်ပဲ မိန်းကလေးများကြားတွင် ရေပန်းစားနေခြင်းပင်။

"ငါတို့ကောင်တွေက သိပ်ပြဿနာ မရှိဘူး..မင်းကမှ ရှော့ခ် အရှိဆုံးကွ..."ကျန်းရာကျွင်းမှ ပြောလိုက်သည်။

"ဟျောင့်တွေ...မင်းတို့ သိအောင် ပြောပြလိုက်မယ်..ရုပ်ချောတာ တစ်ခုတည်းနဲ့တော့ ဘာမှ သုံးစားလို့မရဘူး..တခြား အားသာချက်လေး တစ်ခုကော ရှိမှကွ..ကြည့်နေ အဲ့ကောင်မလေးတွေ မကြာဘူး ငါတို့ဘက် ပြန်ရောက်လာလိမ့်မယ်..ဘာမှ စိတ်ပူမနေနဲ့..."

ကျန်းကျားရွေ့ ပြောလိုက်ပြီး "နောက်ပြီး သူက ဒီတိုင်း ကျောင်းကော်မတီက ဆရာတစ်ယောက်ပါကွာ..သူ့လစာနဲ့ဆိုရင် ငါတို့ စီးနေတဲ့ ဖိနပ်တွေတောင် ၀ယ်လို့မရဘူး...ကောင်မလေးတွေလည်း အဲ့တာကို သတိထားမိသွားရင် သူ့အလိုလိုကြဉ်သွားကြလိမ့်မယ်..အဲ့တာကြောင့်မို့ ဘာမှ ပူမနေနဲ့လို့ ပြောနေတာ..."

"အေး ...မင်းပြောတော့လည်း ဟုတ်သလိုလိုတော့ ရှိသားဟ..."

ကျန်းကျားရွေ့ သူ့သူငယ်ချင်းနှစ်ယောက်၏ ပခုံးကို ပုတ်လိုက်ပြီး "လစ်စို့..တော်ကြာ နောက်ကျလို့ နည်းပြအထောင်းခံနေရရင် ဒုက္ခ..."

......

အဓိက အဆောက်အဦး၏ အဝင်၀တွင်တော့ ကျောက်ချီနှင့် သူ၏ လက်ထောက် ကျိုးဂန်းကျယ်မှာ လင်းရီအလာကို ကြိုဆိုရန် စောင့်နေကြသည်။

လင်းရီ ထွက်သွားခဲ့သည့် အချိန်တုန်းက သူအတော်လေး စိတ်ညစ်ခဲ့ရ၏။ ယခု လင်းရီ ပြန်လာချေပြီ ဖြစ်သောကြောင့် လင်းရီ စိတ်ကျေနပ်စေရန် မည်သည့် ရာထူး ပေးရမလဲဆိုတာကို သူအတော်လေး ခေါင်းခဲ‌ နေပြန်သည်။

"ကျောင်းအုပ်ကျောက် ..ဆရာလင်းက ပြန်လာပြီဆိုတော့ ကျွန်တော်တို့ သူ့ကို ဘယ်ရာထူး ပေးကြမလဲ..."ကျိုးဂန်းကျယ်မှ မေးလိုက်လေသည်။

"ကျောင်းကော်မတီမှာပဲ ဆက်ထားကြမလား..."

"ဘယ်သိမှာ..ငါတို့ ဆရာလင်းရဲ့ သဘောထားကို အရင်ကြည့်ပြီးတော့မှ ဆုံးဖြတ်ကြတာပေါ့.."

"ဘာလို့လဲဆိုတော့ မစ္စတာလင်းက ငါတို့ နားလည်နိုင်တဲ့ လူစားမျိုး မဟုတ်ဘူး....တကယ်တမ်းလက်ချာတန်းဆိုလို့ကတော့ အဆင်ပြေတယ်..ဒါပေမယ့် အဓိက အတန်းတွေ သင်ချင်တယ်တိုရင်တော့ ပြဿနာ နည်းနည်း ရှိသွားပြီ...တကယ့်လို့ သူ့မှာသာ အရည်အချင်းတစ်ချို့မရှိဘူးဆိုရင် မကိုင်တွယ်နိုင်မှာကို စိုးရိမ်နေတာ... "

"ကျွန်တော့်တော့ မထင်ဘူးနော..."ကျောက်ချီ ပြောလိုက်ပြီး "ကျွန်တော်လည်း သူနဲ့ စကားပြောဖူးပါတယ်...မစ္စတာလင်းက သူ့အကြောင်းသူ နားလည်တဲ့သူပါ...ဒါပေမယ့် အခြေနေမဟန်ရင်လည်း ကျွန်တော်တို့ ကြည့်ကြပ် ဖျောင်းဖြကြတာပေါ့ဗျာ.... ..."

"အင်း...အဲ့လိုပဲ လုပ်ကြတာပေါ့..."

နှစ်ယောက်သား စကားပြောပြီးနောက် လာရာလမ်းသို့မျှော်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်မှ အလျင်စလိုနှင့် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ရောက်လာခဲ့သူမှာ သူတို့ စောင့်မျှော်သည့် လင်းရီတော့ မဟုတ်ခဲ့။

"ဟယ်လို ...ကျောင်းအုပ်ကျောက်က ကျွန်တော့်ကို ဒီမှာ စောင့်နေမယ်လို့တောင် မထင်ထားဘူး..အားနာလိုက်တာဗျာ..."

ကျောက်ချီနှင့် ကျိုးဂန်းကျယ်တို့ကတော့ သူတို့ကို လာနှုတ်ဆက်နေသည့် လူကို မြင်သောအခါ ကြောင်အသွားကြ၏။

ဒီကောင်က ဘာလားဟ...သူ့ကို ဘယ်သူက စောင့်နေလို့လဲ...

"မင်းက...."

"ကျောင်းအုပ်ကျောက် ကျုပ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ...ကျုပ်နာမည်က မုန့်ကွမ်းချန်ပါ...အသစ်ခေါ်ထားတဲ့ ဓာတုဗေဒ အော်ဂဲနစ်သင်ပေးမယ့်ဆရာလေ..HR ဌာနက လုပ်ထုံးလုပ်ငန်းတွေ လုပ်ပြီးတော့ ကျောင်းအုပ်ကျောက်ဆီ သတင်းပို့ရမယ်ဆိုလို့ လာခဲ့တာပါဗျ..."

မုန့်ကွမ်းချန် ယဉ်ကျေးစွာ ပြောလိုက်ပြီး "ဒါပေမယ့် လမ်းမှာ တစ်ချို့ ကိစ္စလေးတွေကြောင့် နှောင့်နှေးသွားခဲ့လို့ စိတ်‌ တော့မရှိပါနဲ့ခင်‌ဗျ .."

"အိုး မှတ်မိပြီ..မနေ့က HRက ကောင်တွေ ငါ့ကို ပြောသေးတယ်...ငါမှတ်မိတာ မှန်မယ်ဆိုရင် မင်းက တွဲဖက် ပါမောက္ခ မဟုတ်လား.."

"ဟုတ် ဟုတ်ပါတယ်ဗျ..ကျုပ် မနှစ်လေးတင်မှ တွဲဖက်ပါမောက္ခရာထူးကို ရခဲ့တာပါ.."

မုန့်ကွမ်းချန် အပျော်လွန်နေခဲ့သည်။ သူယနေ့မှ အလုပ်စဆင်းသောကြောင့် ဒီကို တခဏလောက်လာ စကားပြောရန် ကြံရွယ်ထားသော်လည်း ယခုလိုကျောင်းအုပ်ကြီးမှ ကိုယ်တိုင်ထွက်၍ လှိုက်လှိုက်လဲလဲ ကြိုဆိုနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။

ကြည့်ရတာတော့ သူ့ကို တော်တော်လေး တန်ဖိုးထားပုံပဲ..

ဒီလိုဆိုရင်တော့ တခြားလစာ ကိစ္စလေးတွေဘာညာ အေးအေးဆေးဆေး ဆွေးနွေးလို့ ရပြီတူတယ်...

ထိုအချန်တွင် လင်းရီလည်း စင်္ကြံလမ်းမှ လျှောက်လာခဲ့ပြီး ကျောက်ချီနှင့် ကျိုးဂန်းကျယ်တို့ အ၀င်၀၌ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် လင်းရီ သူတို့နှစ်ယောက်ကို နှုတ်ဆက်ရန် ကြံကာရှိသေး ရုတ်တရက် အံ့အားတကြီးဖြင့် ပြောလိုက်သံကို ကြားလိုက်ရသည်။

"မင်းပဲ .."

လင်းရီ သူ့အား ပြောလိုက်သူကို မြင်တော့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဒီငနဲက ငါ့ကားကို နောက်ကနေ ၀င်တိုက်သွားတဲ့ကောင် မဟုတ်လား...

ကျောက်ချီလည်း မုန့်ကွမ်းချန် လင်းရီကို လက်ညိုးညွှန် ဆွံ့အနေသည်ကို မြင်တော့ အံ့ဩသွားပြီး

"မင်းတို့က နှစ်ယောက်က အချင်းချင်း သိကြတာလား..."

" ဘယ်နားကသာ...ဒီကောင်ပေါ့ ..မီးပွင့်နားမှာ ကျုပ်ကားကို နောက်ကနေ ၀င်ကျုံးသွားတာ..မဟုတ်ရင် အစောကြီးကတည်းနေ ဒီကို ရောက်နှင့်နေပြီ"

လင်းရီ မုန့်ကွမ်းချန်ကို လက်ညိုးထိုးလိုက်ပြီး

"...ဒါနဲ့ ဒီကောင်က ဒီကို ဘာလာလုပ်တာ..."

"ဟျောင့် မင်းက ငါဘာကောင်လဲဆိုတာ သိဖို့ အဆင့်မှီလို့လားကွ...ငါပြောပြမယ်..."

"ဘယ်လိုတောင် ဝံ့ရဲနေတာလဲ..."

ကျောက်ချီ လက်ညိုးငေါက်ငေါက် ထိုးလိုက်ပြီး "မုန့်ကွမ်းချန် မင်းအလုပ်မလုပ်ချင်တော့ဘူးဆိုရင်‌လည်း ပြော..ငါခု ချက်ချင်း HR ဌာနကို ပြောပေးလိုက်မယ်..."

မုန့်ကွမ်းချန် တခဏမျှ ကြက်သေသေသွားပြီး "ကျောင်းအုပ်ကျောက်..ဘာတွေ ပြောနေတာလဲဗျ..ဒါက ကျုပ်တို့ နှစ်ယောက်ကြားက ပြဿနာလေ..ဘာလို့ အလကားနေရင်း ကျုပ်ကို အလုပ်ဖြုတ်မယ် လုပ်နေတာလဲဗျ...."

"မင်းရှေ့မှာ ရပ်နေတဲ့ ပုဂ္ဂိုလ်ကြီးက ဘယ်သူလဲဆိုတာ မင်းမသိဘူးပေါ့..."

"သိတယ်လေ...ခြူတစ်ပြားတောင် မရှိလို့ ရှာရီစုတ်လေးပဲ မောင်းနေရတဲ့ ကောင်မဟုတ်လား..သူက ကျုပ်နဲ့ အဆင့်ချင်းယှဉ်ရင် မိုင်အဝေးကြီးမှာ..."

"သောက်အဓိပ္ပာယ်မရှိတာ.."ကျောက်ချီ နှာခေါင်းရှုံ့လိုက်ပြီး "မင်းမသိရင် မြဲမြဲမှတ်ထား..မင်းရှေ့မှာ ရပ်နေတဲ့သူက ဒီကျောင်းရဲ့ ဂုဏ်သရေဆောင် ဒုကျောင်းအုပ်ကြီး လင်းရီကွ....သူက သိုသိုသိပ်သိပ်နဲ့ ရှာရီမောင်းတယ်..အဲ့တော့ ဘာဖြစ်လဲ..မင်းမှာ သူ့ကို အဲ့လိုအထင်သေးဖို့ အခွင့်ရေးရှိတယ်လို့ ထင်လား.. "

"ဗျာ.....သူ..သူက ကျောင်းရဲ့ ဒုကျောင်းအုပ်ကြီး....."

မုန့်ကွမ်းချင် မျက်လုံးများပြူးထွက်လာပြီး မျက်လူံးအိမ်ထဲမှ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့၏။

ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ပြီး ဒုကျောင်းအုပ် ဖြစ်လာတာလဲဟ...

"ကျောင်းအုပ်ကျောက်..ဒါ အထင်လွဲသွားတာပါ..."မုန့်ကွမ်းချန် ရှင်းပြလိုက်ပြီး "ပြီးတော့ ကျောင်းအုပ်ကျောက်က ကျုပ်ကို လူကိုင်တိုင် ထွက်ကြိုတယ်ဆိုတော့ ကျုပ်ကို တန်ဖိုးထားလို့ပဲမလား...တကယ်လို့ အလုပ်ဖြုတ်လိုက်မယ်ဆိုရင် ခင်များတို့ပဲ နစ်နာသွားမှာနော်..."

"ငါက မင်းကို ထွက်ကြိုတယ်..."

ကျောက်ချီ မုန့်ကွမ်းချန်ကို အရူးတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြည့်လိုက်ပြီး "မင်းလို တွဲဖက် ‌ပါမောက္ခ ရာထူးနဲ့ ကောင်က ငါကိုယ်တိုင် ထွက်ကြိုဖို့ ထိုက်တန်တယ်လို့ ထင်လား...ဒီမှာရပ်နေတယ်ဆိုတာက မစ္စတာလင်းကို ကြိုဆိုဖို့ကွ...ဘာတွေ လာဂေါက်နေမှန်းမသိဘူး...ကျပ်ကော ပြည့်ရဲ့လား..... "

All Chapters