← Chapters

ငါက အသင့်စား ခေါက်ဆွဲခြောက် မဟုတ်ဘူး..

Vol. 16 Ch. 234

ငါက အသင့်စား ခေါက်ဆွဲခြောက် မဟုတ်ဘူး..

Vol. 16 Ch. 234

မုန့်ကွမ်းချန် မြေပြင်ပေါ်၌ အမြစ်တွယ်ထားသကဲ့သို့ တောင့်တင်းသွားပြီး ကိုးရို့ကားယား ဖြစ်သွားခဲ့သည်။ ထိုအခိုက်အတန့်၌ သူ ရှက်လွန်း၍ ကျွင်းတူး၍ပင် ပုန်းအောင်းချင်နေလေသည်။

ဒါဆိုငါက အထင်လွဲနေခဲ့တာပေါ့....လခွီးတဲ့မှပဲ..ရှက်ဖို့ ကောင်းလိုက်တာကွာ

"မင်းဂျောင်းလိုက်တော့..ငါတို့ရဲ့ရေ ကန်လေးက သေးလွန်းတယ်..မင်းလို ငါးကြီးမျိုးနဲ့ မသင့်တော်ဘူး..."

ယခုလိုတွေ ဖြစ်လာခဲ့မှတော့ မုန့်ကွမ်းချန်လည်း ဇွတ်ပေနေရန် မျက်နှာ မရှိတော့ပဲ ခေါင်းငိုက်စိုက်ချကာ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

"မစ္စတာလင်း..ကျုပ်တစ်ကယ့်ကို အားနာပါတယ်ဗျာ..ဒီလို ကိစ္စတွေ ဖြစ်ခဲ့မှန်း မသိလိုက်ခဲ့ဘူး..."

"ရပါတယ်..စိတ်ထဲထားမနေနဲ့.."လင်းရီ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ပေါ့ပါးစွာ ပြောဆိုလိုက်သည်။

"ဒါနဲ့ ခင်များတို့ နှစ်ယောက်က ဘာလို့ အပြင်ထွက်ပြီး စောင့်နေကြတာ..ကျောင်းသားတွေ မြင်သွားရင်

ခင်များတို့ရဲ့ ပုံရိပ်နဲ့ မသင့်တော်ဘူးလေ..."

"အာဟား..ဘယ်တတ်နိုင်မှာ..ဆရာလင်းက ကျောင်းကို ပြန်လာမယ်ဆိုတော့ စိတ်လှုပ်ရှားပြီး အပျော်လွန်သွားလွန်းလို့ပါ.."

"နောက်နေပါပြီ..ရုံးခန်းထဲသွားကြရအောင် ..အရေးကြီး ကိစ္စ ပြောစရာရှိလို့.."

"ကောင်းပါပြီဗျ....ဆရာလင်း..ကျေးဇူးပြု၍....."

သုံးယောက်သား ကျောက်ချီရုံးခန်းထဲသို့ ဦးတည်လိုက်ကြပြီး လင်းရီ ဆိုဖာပေါ်တွင် ထိုင်ချလိုက်၏။

"တကယ်တော့ ကျုပ်လာခဲ့တာက ဟိုလို ထွေထူး ကိစ္စကြီးတော့မရှိပါဘူး.....ဒီတိုင်း ရာထူးတစ်ခုလောက် စီစဉ်ပေးခိုင်းချက်လို့ပါ..."

"အဲ့‌တာဆို ကျောင်းကော်မတီဒါရိုက်တာ ရာထူးဆိုရင်ကော အဆင်ပြေလား..ကျုပ် ရှောင်ထျန်ကို ရာထူးတစ်ဆင့် ဆင်းခိုင်းပြီး ဆရာလင်းရဲ့ လက်ထောက် လုပ်ခိုင်းလိုက်မယ်လေ... အဲ့လိုဆို ဆရာလင်း အလုပ်လည်း ဘာမှလုပ်စရာ မလိုဘူး..လစာလည်းရမယ်..ဘယ်လောက် အဆင်ပြေထားလဲ.."

"ကျောင်းအုပ်ကျောက်ကတော့ အထင်လွဲနေပါပြီ...ကျွန်တော်က စာသင်ပေးတဲ့ ကျောင်းဆရာ ရာထူး လိုချင်တာ..."

"ကျောင်းဆရာ..."

ကျောက်ချီ ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး"ဆရာလင်း စိတ်တော့မရှိနဲ့ဗျ...တကယ်လို့ တခြားအခြေနေသာဆိုရင် ကျုပ်ဘက်က ဘာမှ ထွေထူးပြောနေမှာ မဟုတ်ဘူး..ဒါပေမယ့် စာသင်ပေးမယ်ဆိုရင်တော့ သင့်တော်တဲ့ လက်မှတ် အထောက်အထား တစ်ခုခုတော့ ရှိထားမှ အဆင်ပြေတာဗျ...ကလေးတွေ ပညာရေးနဲ့ဆိုင်တော့ ကျွန်တော်လည်း သိပ်ဖြစ်ကတတ်ဆန်း မလုပ်ရဲဘူး...."

"အဲ့တာဆို လက်မှတ်မလိုတဲ့ အတန်းလေး ဘာလေး မရှိဘူးလား..."

"မရှိတာဆိုလို့ ကာယအတန်းပဲ ရှိမှာဗျ..ဖြစ်ပါ့မလား..."

"ကာယာ ဆိုလည်း ကာယပေါ့...အတန်းချိန်များလေ ကောင်းလေပဲ..ကျုပ်အေးဆေး ကိုင်တွယ်နိုင်တယ်..."

လင်းရီအတွက်ကတော့ အတန်းရဖို့ရာ အရေးကြီးဆုံးဖြစ်၏။ သင်ရမည့် ဘာသာရပ်က အရေးမကြီးချေ။

"ဟုတ်ကဲ့ မစ္စတာလင်း..အဲ့တာဆို ကျွန်တော် ထောက်ခံစာ လုပ်ပေးလိုက်မယ်..."

"တခြားဆရာတွေ ဆို တစ်ချိန်ပဲ သင်ရပေမယ့် ဆရာလင်းကိုတော့ နှစ်ချိန်ပေးလိုက်မယ်ဗျာ..ပိုပြီး ကြာကြာ သင်လို့ရတာပေါ့..ဘယ်အချိန်တွေ ယူမလဲဆိုတာကတော့ မစ္စတာလင်း သဘောပါ..နောက်မှ ကျွန်တော် အားလုံး စီစဉ်ပေးမယ်..."

"အဲ့လိုဆို အလုပ်ရှုပ်စေမိပြီ..အတန်း အချိန်ဇယား တစ်ချက်ပြပေးလို့ရလား.."

ကာယ အတန်းများမှာတော့ ရွေးချယ်စရာ များပြားလှပြီး နှစ်ချိန်ယူလို့ရမည် ဖြစ်သောကြောင့် သေချာပေါက် အချိန်ပိုရလေသည်။

"ဟုတ်ကဲ့ ခဏလောက်စောင့်ပေးဦးနော်. ကျုပ်လက်ထောက်ကို သွားယူခိုင်းထားတယ်..."

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် ကျိုးဂန်းကျယ် လက်ထဲတွင် အချိန်ဇယား စာရွက်ကြီးဖြင့် ပြန်ရောက်လာခဲ့၏။

လင်းရီ တစ်ချက်ကြည့်လိုက်သောအခါ သူ၏ အကြည့်များမှာ ဘတ်စကက်ဘောနှင့် တိုက်ကွမ်ဒို အတန်းများပေါ်တွင် ရောက်ရှိသွား၏။

ဘတ်စကက်ဘောနှင့် တိုက်ကွမ်ဒို အတန်းများမှာ တက္ကသိုလ်များ၌ ရေပမ်းအစားဆုံးဖြစ်ပြီး ၎င်းအတန်းချိန် နှစ်ခုကို ယူပါကလည်း သိပ်မဆိုးချေ။

ထို့ပြင် ရေကူးတန်းများနှင့် အေရိုးဗစ်အက အတန်းများလည်း ရှိသေး၏။

သို့သော်လည်း မိန်းကလေးနှင့် ဆိုင်သည့် အတန်းများသာ ဖြစ်သောကြောင့် လင်းရီ ကျော်ချပစ်လိုက်လေသည်။

"ဒီရဲ့ ဘတ်စကက်ဘော အတန်းနဲ့ တိုက်ကွမ်ဒို အတန်း ကိုယူလိုက်မယ်..."

"ကောင်းပါပြီဗျ..မစ္စတာလင်း ယူမှာ သေချာရင် ကျုပ်အခုပဲ စီစဉ်စရာ ရှိတာတွေ စီစဉ်လိုက်တော့မယ်...ဘတ်စကက်ဘောအတန်းချိန်က နေ့လည်ခင်းမှာဆိုတော့ ဆရာလင်း ခုစသင်လဲ ရတယ်နော်..."

"အိုကေ..ခုပဲ စလိုက်တာပေါ့..."

"ဆရာလင်းအတွက် ရုံးခန်းကို ဘယ်မှာ စီစဉ်ပေးရမလဲဗျ..အရင် ကျောင်းကော်မတီမှာပဲလား..ဒါမှမဟုတ် ကာယအတန်းဌာန မှာ ထားပေးရမလား.."

"ကျောင်းကော်မတီကိုပဲ သွားလိုက်မယ်..အရင်ကလည်း အဲ့မှာနေခဲ့ဖူးတော့ ရှောင်ထျန်တို့နဲ့ကျ မျက်နှာ ရင်းနှီးပြီးသားတွေလေ... "

"ကောင်းပါပြီဗျ...အဲ့လိုဆို လိုက်ပို့ပေးပါ့မယ်..."

"မလိုဘူးရတယ်..ကျောင်းအုပ်ကျောက်လည်း လုပ်စရာတွေ များနေမှာ‌ပေါ့..ကိုာ့်ဘာကိုယ်ပဲ သွားလိုက်တော့မယ်...ယဉ်ကျေးနေစရာ မလိုပါဘူး..."

ထိုသို့ပြောပြီးနောက် လင်းရီ မတ်တပ်ရပ်၍ ကျောင်းကော်မတီ ရုံးခန်းထဲသို့ ဦးတည်သွားလိုက်သည်။

.....

ကျောင်းကော်မတီ၊ ရှောင်ထျန်၏ ရုံးခန်း။

"ဒီတော့ အစ်မထျန်က ဒါရိုက်တာလင်းက ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးဆိုတာ သိတယ်ပေါ့...."

"အွန်း..ငါလည်း သူ အလုပ်ထွက်မယ့် မနက်မှ သိတာ...."ရှောင်ထျန် အ၀တ်လဲရင်း ပြောလိုက်ပြီး

"သူမောင်းနေတဲ့ Koenigsegg ကလည်း သူ့ဟာပဲလေ..ချင်းဟန်ဟာ မဟုတ်ဘူး..."

"အဲ့တာဆိုလည်း စောစောပြောပါတော့လား အစ်မထျန်ရယ်...ကြိုသိခဲ့ရင် ဒါရိုက်တာလင်းကို အကူညီသွားတောင်းမှာပေါ့..."

စုန့်ကျား အပြုံးလေးဖြင့် ပြောလိုက်ပြီး

"အစ်မထျန် မသိလို့နော်..မနေ့ညက ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ လေကြီးဖျင်ကျယ် လုပ်နေတဲ့ ကျွန်မရဲ့ အတမ်းဖော်တွေကို ဒါရိုက်တာလင်း နှိပ်ကွပ် ပစ်လိုက်တာ အသံတောင် မထွက်ရဲလောက်အောင်ပဲ သိလား...လုံး၀ကို အမေးဇင်းပဲ.."

"နင့် သူငယ်ချင်းတွေရဲ့ အဆင့်အတန်းနဲ့လား.... လင်းရီ သူ့ကားတာယာ တစ်လုံးတည်းယူခဲ့ရင်တောင်မှ လုံလောက်တာထက် ပိုနေပြီ..."

ရှောင်ထျန် ပြောလိုက်သည်။

"နောက်ပြီးတော့ အစ်မထျန်ကို ပြောဖို့ သတင်းကောင်းကြီး ကျန်နေသေးတယ်နော်..."

စုန့်ကျား လျို့ဝှင်ဆန်းကြယ်စွာ ပြုံး၍ ပြောလိုက်၏။

"ညီမ မနေ့တုန်းက ဒါရိုက်တာလင်းကို မေးကြည့်ပြီးပြီ..သူ ကျောင်းကို ပြန်လာတော့မှာတဲ့.."

"မဖြစ်နိုင်တာ..သု့ပါးစပ်က ပေါက်တတ်ကရ ပြောတာတွေကို လျှောက်ယုံမနေနဲ့.."ရှောင်ထျန် ပြောလိုက်၏။

"အမှန်တိုင်းပြောရမယ်ဆိုရင် သူက ကျောင်းကို အ‌တွေ့ကြုံခံစားဖို့ပဲ လာတာ..ခု လုံလောက်သွားလို့ထွက်တောင် သွားခဲ့ပြီလေ..ဘာလုပ်ဖို့ ပြန်လာဦးမှာ.....ကျောင်းသူလေးတွေကို လာပိုးပန်းမို့လား...."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာ.."စုန့်ကျား အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျောင်းသူလေးတွေက အရွယ်မထွားသေးဘူးလေ..ကောင်မလေး ပိုးပန်းမယ်ဆိုရင် အစ်မထျန်ကိုပဖြ သေချာပေါက် ပိုးပန်းမှာပေါ့..ဟုတ်ဘူးလား..ဟီဟီး.."

"ဘာကို ပိုးပမ်းမှာ..ငါ့ကိုများ လွယ်လွယ်စားလို့ရတဲ့ အသင့်စား‌ ခေါက်ဆွဲခြောက်များ မှတ်နေလား.."

စုန့်ကျား ရှောင်ထျန်၏ ရင်ဘတ်နှင့် တင်ပါးများကိုရဲတင်းစွာ ကြည့်လိုက်ပြီး "ဘယ်သိမှာ ..အစ်မထျန်က နို့ကောင်းလို့နေမှာပေါ့.."

"နို့ကောင်းတယ်..."

ရှောင်ထျန် တခဏမျှ ကြက်သေသေသွားပြီး စုန့်ကျား ဘာပြောချင်နေလဲဆိုတာ နားလည်သွားတော့၏။

"ဒီကာင်မလေးတော့ ပေါက်တတ်ကရတွေ ပြောနေပြန်ပြီ..ဘောနပ်စ် မလိုချင်တော့ဘူးနဲ့တူတယ်.."

"ခစ်ခစ်..အစ်မထျန် စိတ်တွေ တိုနေပါပြီ..."

စုန့်ကျား တခစ်ခစ် ရယ်မောလိုက်ပြီး "ဒါပေမယ့် မနေ့တုန်းက ညီမကိုပြောတုန်းကတော့ လုံး၀ အတည်ပေါက် ပုံစံကြီးနဲ့နော်...ညီမတော့ လိမ်နေတယ်လို့ မထင်ဘူး..."

"ဘယ်ထင်မှာ ..သူ အဲ့လို ရုပ်တည်ကြီးနဲ့ လိမ်ပြီး ဘယ်နှစ်ယောက်တောင် စားထားပြီးလဲမှ မသိတာ..သတိလည်းထားဦး..ဟိုက နင့်ကို အကောင်လိုက် မျို-ချ နေဦးမယ်..."

"ညီမတော့ မယုံပေါင်..လောင်းကြေးထပ်ကြရင်ကော.."

"ရတယ်လေ..ငါလည်း နင့်ကို ကြောက်မယ်များ ထင်နေလား..."

"အဲ့တာဆို မစ်အော်ရယ်လ် ဆေးရည်နဲ့ လောင်းကြေးထပ်ကြမယ်...ရှုံးတဲ့သူက တစ်ဘူး သောက်ရမှာနော်..."

"တစ်ဘူးထဲနဲ့ ဘာလုပ်မှာ..ရှုံးတဲ့သူက တစ်ဖာလုံးသောက်ကြေး..."

ရှောင်ထျန်မှ နိုင်မည် သေချာဟန်ဖြင့် လောင်းကြေးပင် ထပ်မြင့်လိုက်၏။

လင်းရီပေးသည့် နှစ်ဖာ တွင် ရှောင်ထျန် တစ်ဖာမျှသာ သောက်ရသေးသောကြောင့် နောက်တစ်ဖာ ကျန်နေသေး၏။

"အတည်ဖြစ်ပြီနော်...ခုပဲ ညီမ ဒါရိုက်တာလင်းကို ခေါ်လိုက်တော့မယ်..."

စုန့်ကျား ဖုန်းထုတ်လိုက်ပြီး အတည်ပြုရန် လင်းရီကို ခေါ်ဆိုလိုက်၏။

သို့သော်လည်း ထိုအချိန်တွင် သူမတို့ ရုံးခန်းအပြင်ဘက်မှ ထိတ်လန့်တကြား ဆူညံသံများကို ကြားလိုက်ရလေသည်။

"ဒါရိုက်တာလင်း...ကြားသားမိုးကြိုးပါလားဗျ....."

လီရှင်းပန်း၏ အသံကိုလည်းကြားရော နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ရှောင်ထျန်သူမ အင်္ကျီ ကြယ်သီးကို တပ်လိုက်ပြီး ရုံးခန်းအပြင်ဘက်သို့ အလျင်စလို ပြေးထွက်လာခဲ့၏။

ထိုအခါ လင်းရီ သူမရှေ့၌ ရပ်နေကြောင်း တွေ့လိုက်ရလေသည်။

"နင်....နင်ဘာလို့ ပြန်လာခဲ့တာ..."

"ဘာလို့လဲ..လာလို့ မရဘူးလား..."

"အဲ့သဘော မဟုတ်ဘူးလေ..ဒါ..ဒါပေမယ့်...."

"ဘာတွေ အဲ့လောက် အံ့ဩ နေတာလဲဟ...သရဲ မြင်လိုက်ရတဲ့ ပုံစံကြီးနဲ့ လာကြည့်နေတယ်..."

စုန့်ကျား ရယ်မောလိုက်ပြိး "ဒီလိုလေ..ဒါရိုက်တာလင်းရဲ့..ရှင်သာ ‌ပြန်လာမယ်ဆိုရင် အစ်မထျန်က ကျန်နေတဲ့ မစ်အော်ရယ်လ် တစ်ဖာ သောက်ပြမယ်ဆိုပြီး ပြောထားတာ...."

"အိုး..အဲ့တာကြောင့်ကိုး..ကျုပ်က ဒါရိုက်တာထျန် ဘာလို့ ဒီလောက် လှလာပါလိမ့်ဆိုပြီး ထူးဆန်းနေသာ လက်စသတ်တော့ မစ်အော်ရယ်လ် အစွမ်းတွေကိုး..."

ရှောင်ထျန် ငိုချင်းချချင်သော်လည်း မျက်ရည်များက ထွက်မလာခဲ့ချေ။

မိုးနတ်မင်းကြီး..ရှင်ကျွန်မကို လှည့်စား ပြန်ပြီလား....

"ထိုင်ဦးလေ..ဒါရိုက်တာလင်းကလည်း..ဘာလို့ မတ်တပ်ကြီး ရပ်နေတာ..."လီရှင်းပန်း ထိုင်ခုံတစ်လုံး ဆွဲယူပေးလိုက်ပြီး "ခင်များ မရှိတော့ ရူံခန်းက ခြောက်ကပ်ကပ်ကြီးနဲ့..ခု ဒါရိုက်တာလင်း ပြန်ရောက်လာတော့မှပဲ ရယ်သံလေး ဘာလေး ကြားရတော့တယ်... "

လင်းရီ ရင်ဘက်ထဲတွင် နွေးထွေးသွားပြီး "တကယ်တမ်းကျတော့ ကျောင်းကိုပြန်လာတာ ကော်မတီရာထူးမှာပဲ အလုပ်လုပ်ဖို့ မဟုတ်ဘူး..ဒီတိုင်း နေရာလာငှားတာ..."

"ဟမ်..ဘာလို့လဲ..တခြားကိစ္စ ရှိနေလို့လား..."လီရှင်းပန်း အံ့အားသင့်နေဟန်ဖြင့် မေးမြန်းလိုက်၏။

"အင်း ...ကျုပ် ဘတ်စကက်ဘောနဲ့ တိုက်ကွမ်ဒို အတန်းကို နှစ်၀င်စာမေးပွဲ မပြီးခင်အထိ အတန်း၀င်ဖို့ စိတ်ကူးထားတယ်..."

"မဖြစ်နိုင်တာ..အဲ့လိုဆို ဒါရိုက်တာလင်းက ကာယ ဆရာ လုပ်တော့မယ်ပေါ့..."

"ဘာလို့လဲ..ငါ့အရည်အချင်းကို မယုံတာလား.."

လင်းရီ မေးခွန်းထုတ်လိုက်၏။

"အွန်း...ရှင်ယူတဲ့ အတန်းနှစ်ခုလုံးက ယောက်ျားလေးတွေကြီး တက်တဲ့အတန်းလေ..ရှင် မထိန်းနိုင်မှာ ဆိုးလို့ပါနော်..."

စုန့်ကျား ရှင်းပြလိုက်သည်။

"အမှန်ဆို ရှင်က အရမ်းခန့်တော့ ရေကူးနဲ့ အေရိုးဗစ် သင်ရမှာ..အဲ့လိုသာ ဆို‌ရင်တော့ ကောင်မလေးတွေ တန်းစီ နေတော့မှာပဲ..ကောင်မလေးတွေက အရမ်း စကားနားထောင်တာ.."

"မင်းပြောတာလည်း မှန်ပါတယ်..ဒါပေမယ့် ငါ့ကျောက်ကပ် မခံနိုင်မှာဆိုးလို့...ဘာပဲပြောပြော အသက်က ပိုအရေးကြီးတယ်လေ..."

All Chapters