← Chapters

Vol. 16 Ch. 235

Vol. 16 Ch. 235

Vol. 16 Ch. 235

Vol. 16 Ch. 235

"ဟားဟား..."

လင်းရီ၏ စကားကို ကြားတော့ လူတိုင်း ပွဲကျသွားပြီး ပါးစပ်ပင် မစိနိုင်ကြတော့ချေ။

ယင်းက ရုံးခန်းထဲရှိ လေထုကို ပိုပြီး သက်တောင့်သက်သာ ဖြစ်သွားစေ၏။

"အိုး ဟုတ်သားပဲ..ငါ ဆရာလင်းအတွက် စားပွဲခုံ ယူပေးလိုက်ဦးမယ်...အခု ပြန်လာပြီဆိုတော့ နေရာ ပြန်လုပ်ပေးရတော့မှာပေါ့.."လီရှင်းပန်း ပြောလိုက်သည်။

"ကျုပ်ကို ဒါရိုက်တာလင်းလို့ မခေါ်ပါနဲ့တော့ဗျာ. ဒါရိုက်တာမှ မဟုတ်တော့ပဲကို..ကျွန်တော့်ထက် ငယ်ရင် အစ်ကိုလင်းလို့ ခေါ်ရင်‌ ခေါ်ပေါ့..ကြီးရင်လည်း ဆရာလင်းလို့ ခေါ်ပေါ့..ဒါပေမယ့် ဒါရိုက်တာလင်းလို့တော့ မခေါ်နဲ့..ကျုပ်တကယ်ကို နေရခက်လွန်းလို့ပါ..."

"ကောင်းပြီလေ..အဲ့တာဆိုလည်း ဆရာလင်းလို့ပဲ ခေါ်တာပေါ့..."

လီရှင်းပန်း အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"မလိုဘူး..ဆရာလင်းစားပွဲကို ငါ့ရုံးခန်းထဲ ပို့ထားလိုက်..."

"ဟမ်...ဒါရိုက်တာထျန်ရဲ့ ရုံးခန်းထဲ ပို့ထားရမယ်..."

လူတိုင်း ရှောင်ထျန်ကို ကြောင်အစွာ ငေးကြည့်လိုက်ကြ၏။

"အစ်မထျန်..ဆရာလင်းက ဒါရိုက်တာ မဟုတ်တော့ဘူးလေ..ဘာလို့ အစ်မရုံးခန်းထဲမှာ ထားမှာ..."

အမ်....

"ဒီမှာက နေရာမှ မရှိတော့တာ..ဒီတော့ ငါ့ရုံးခန်းထဲမှာ ထားလိုက်တာက ပိုမကောင်းဘူးလား..."

ရှောင်ထျန် တည်ငြိမ်ချင်ယောင် ဆောင်၍ ပြောလိုက်လေသည်။

"ဟုတ်ပါပြီနော်...ညီမတို့ နားလည်ပါတယ်..ရှင်းပြစရာ မလိုပါဘူး..."

စားပွဲရောက်လာပြီးနောက် လင်းရီ ရှောင်ထျန်၏ ရုံးခန်းထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး နေ့လည်စာ မစားခင်အထိ သူမနှင့် အတူ ဂိမ်းနှစ်ပွဲလောက် ဆော့ပေးလိုက်ရ၏။

"လင်းရီ ..နင် ကာယတန်းတွေ သင်မှာ သေချာပြီလား..ငါကြားတာတော့ အဲ့ကောင်လေးတွေက ပြဿနာအိုးလေးတွေဆိုပဲ..နင်မထိန်းနိုင်မှာ စိုးရိမ်လို့..."ရှောင်ထျန်မှ ပြောလိုက်သည်။

"ပြဿနာ အိုးတွေလည်း ဘာဖြစ်လဲ..ငါက သူတို့ဆရာလေ..ပုန်မကန်ရဲလောက်ဘူးမလား..."

"အဓိကက နင်သင်မယ့် အတန်းနှစ်ခုက အရမ်း စည်းစနစ်လိုတယ်...နောက်ပြီးနင်က အနောက်ပေါက်ကနေ လာခဲ့တာဆိုတော့ သေချာလေး သင်နိုင်ပါ့မလား..."

စုန့်ကျား သူမကို လင်းရီမှာ ကျောင်း၏ ဒုဥက္ကဌဖြစ်ကြောင်း ပြောထားပြီး ဖြစ်၏။

သို့ဆသာ်လည်း နှစ်ယောက်လုံး ပါးနပ်စွာဖြင့် ထိုအကြောင်းတော့ မဟကြချေ။ မည်သို့ပင် ဆိုစေကာမူ အခြားသူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ ပြောရန်မှာ လွန်စွာ မယဉ်ကျေးရာ ကျလွန်း၏။

"မပူပါနဲ့...ငါဘာ‌ေတွေ လုပ်နေလဲဆိုတာ သိပါတယ်.."

လင်းရီ ထူးမခြားနားစွာ ပြောလိုက်ပြီး

"ဘွဲ့ဒီဂရီ မလိုတဲ့ အတန်းတွေလောက်ကတော့ အေးဆေး သင်နိုင်ပါတယ်ကွာ.."

"ဟုတ်လို့လားဟယ်..."ရှောင်ထျန် ပြောလိုက်ပြီး "နေ့လည်ကျရင် ကူညီပေးရဦးမလား..."

"နောက်နေတာလား..မိန်းကလေးက ဘက်စကက်ဘော အတန်းကို ကူကြည့်ပေးမယ်ပေါ့..ရယ်သေအောင် လာလုပ်မလုပ်နဲ့.."

"အမယ်လေး..လူကိုများ အထင်တွေသေးနေလိုက်တာ..သူများက ကောလိပ်မှာတုန်းက ယောက်ျာလေးတွေနဲ့ ယှဉ်ပြီး ကစားခဲ့တာနော်..ဒီကလေးတွေလောက်ကတော့ အသာလေးပဲ.."

လင်းရီ ရှောင်ထျန်ကို အကြည့်တစ်ချက် ပေးလိုက်၏။

"မင်းက ဘတ်စကက်ဘော ဘယ်လို ပုတ်လဲဆိုတာ သိရုံတင်မကသေးဘူး..လူကို ဘောလုံးနဲ့ ဘယ်လိုရိုက်မလဲ ဆိုတာလည်း သိသေးတယ်..."

"လူကို ဘောလုံးနဲ့ ရိုက်တယ်.."

အစကတော့ ရှောင်ထျန် လင်းရီ၏ စကားအထာကို နားမလည်ခဲ့ချေ။

သို့သော်လည်း အမှတ်မထင် သူမ ရင်ဘက်ကို ကြည့်မိသောအခါမှ သဘောပေါက်သွားပြီး မျက်နှာများ နီရဲလာကာ "နင်ဘယ်တွေ လျှောက်ကြည့်နေတာ.."

ရှောင်ထျန် ဆူငေါက်လိုက်ပြီး "အတန်းက ခဏနေဆို စတော့မှာ .. နှာပဲ ထမနေနဲ့...နင့်အဲ့ ပြဿနာအိုးတွေက်ု ဘယ်လို ထိန်းမလဲ ဆိုတာ စဉ်းစားထား..."

လင်းရီကတော့ ထိုကိစ္စကို ခေါင်းထဲပင် မထည့်။ ကျောင်းတုန်းက ဘတ်စကက်ဘောအသင်း၏ အဓိကကစားသမားဖြစ်သညါ့ အလျောက် အတွေ့ကြုံပိုင်းနှင့် ပတ်သက်၍တော့ လုံး၀ ပြဿနာ မရှိပေ။

ထို့ပြင် ပညာရှိ မှတ်ဉာဏ် အကူအညီဖြင့် သူ၏ ဘတ်စကက်ဘော စွမ်းရည်မှာလည်း များစွာ တိုးတက်ခဲ့လေသည်။

ထို့ကြောင့် ဘွဲ့မရသေးသည့် ကောလိပ်ကျောင်းသားလေးများအတွက် ကာယနည်းပြ ပြုလုပ်ရန်မှာ လုံး၀ ပြဿနာ မရှိ‌ချေ။

.....

ကျိုးဟိုင် ပင်းချန် တက္ကသိုလ်၊ ကာယခန်းမ။

"ဆရာစွန်း..ကျွန်တော်ကြားတာတော့ ခင်များအတန်းကို ဖျက်လိုက်ရတယ်ဆို..."

ပြောလိုက်သူကတော့ ကျန်းမာရေး နည်းပြဆရာဖြစ်သည့် ပန်တုန်းရှင်း ဖြစ်ပြီး ဆရာစွန်းဟု ခေါ်ခံရသူ၏ နာမည်မှာတော့ စွန်းချန်းဝေပင်။

စွန်းချန်းဝေကတော့ ပင်းချန်တက္ကသိုလ် ဘတ်စကက်ဌာန၏ တာ၀န်ရှ်သူ ဖြစ်သကဲ့သို့ နည်းပြတစ်ဦးလည်း ဖြစ်ပေသည်။

"လာဆွ မနေနဲ့..ဒီက ဒေါသထွက်လွန်းလို့ လူသ-တ်ချင်နေတာနော်... ‌"ချန်းဝေ ကျိန်ဆဲ လိုက်ပြီး "တစ်လတစ်လ ရတဲ့ လစာကမှ နှစ်ပဲ ခြောက်ပြားလေးမို့ အတန်းချိန်လေးက ရတဲ့ ၀င်ငွေလေး မှီခိုနေရပါတယ် ဆိုနေမှ ခုတော့ သူများကို ပေးလိုက်ရပြီ...လခွီးပဲ..ဒီလတော့ ရေနဲ့ ထမင်းပဲ နှစ်ပါးသွားရတော့မယ် တူတယ်..."

"အဲ့လင်းရီက ဘာလားပဲ..အရင်က ကျောင်းကော်မတီမှာ တောက်တိုမယ်ရ လုပ်နေတာ မဟုတ်ဘူးလား..ဘာလို့ ကျောင်းအုပ်ကျောက်က အဲ့လိုကောင်မျိုးကို ကာယာ နည်းပြ ခန့်လိုက်တာလဲတဲ့ကွာ..."

"ငါကြားတာတော့ ကျောင်းအုပ်နဲ့ မကင်းရာ မကင်းကြောင်းတွေဆိုပဲ..နောက်တံခါးကနေ ၀င်လာတဲ့ကောင်ဆိုမှတော့ ဒီလောက်တော့ ရှိမှာပေါ့ကွ..."

"မဟုတ်လောက်ဘူး ထင်တယ်နော..ကျောင်းအုပ်ကျောက်က အမြဲတမ်း သူ့စာရိတ္တကြောင့် လူရိုသေ ရှင်ရိုသေ ဖြစ်နေတာ...အဲ့လိုမျိုးတော့ မလုပ်လောက်ပါဘူးဟ.."

"ဟမ့်...ဘာအရေးလဲ..လီတဲ့ထျန်နဲ့ ဖူကျားကျွင်းတို့ အလုပ်ထုတ်ခံလိုက်ရတာလည်း အဲ့ကောင် စနက်မကင်းဘူးလေ.."ချန်းဝေ ပြောလိုက်၏။

"မင်းပြောသလိုသာဆ်ု ကျောင်းအုပ်ကျောက်နဲ့ အဲ့‌လင်းရီတို့ ဆက်ဆံရေးက အတော်ကောင်းတဲ့ပုံပဲ..အဲ့ငနဲကြောင့်မို့ ကျောင်းအုပ်လီ‌ တောင်အလုပ်ထုတ်ခံလိုက်ရတယ်ဆိုတော့....။"

"ငါလည်း အဲ့တာကြောင့် ဒေါသထွက်နေတာလေ..သူတို့ ရှိတဲ့ကောင်တွေက ငါတို့လို မရှိတဲ့ ကောင်တွေ နား နေရာ လာလုနေမှတော့ ဘာသွားစားရမှာ..နောက်ဆို ခွက်ဆွဲရုံပဲ..."

"ဘယ်တတ်နိုင်မှာ ..ဟိုကောင်က အဆက်အသွယ်ကောင်းတာကိုးဟ...သည်းခံရုံကလွဲလို့ ဘာတတ်နိုင်ဦးမှာ.."

"ဟင်း........"

"ငိုးပဲကွာ...ငိုးပဲ.....ငိုးမကံကလည်း အဲ့လောက်တောင် ဆိုးရလားဟ..."

နှစ်ယောက်သား ဒေါသထွက်နေကြတုန်း အပြင်ဘက်မှ ဆရာတစ်ဦး ရောက်လာခဲ့၏။ သူ၏ မျက်နှာအမူအရာကလည်း အတော်လေး ဒေါသထွက်နေဟန်ပင်။

"ဆရာချိန် ဘာဖြစ်နေတာလဲ.....အုပ်ကြီး ဆီ မသွားဘူးလား...ဘာလို့ ဖျင်ချခံထားရတဲ့ သောက်ခွက်ကြီး ဖြစ်နေတာလဲဟ..."စွန်းချန်းဝေမှ မေးမြန်းလိုက်၏။

ဆရာချိန်ဟု ခေါ်သူ၏ နာမည်မှာတော့ ချိန်ကျန်းရဲ့

ဖြစ်ပြိး ပင်းချန်တက္ကသိုလ် တိုက်ကွမ်ဒိုအတန်း၏ နည်းပြဆရာပင်။

"မေးမနေစမ်းပါနဲ့ကွာ..ငါ့မှာတော့ ကျောင်းအုပ် ခေါ်တယ်ဆိုတော့ ၀မ်းသာပြီး သွားလိုက်ရတာ..ငါ့ကို ထူးချဠန်ဆရာဆုများ ပေးမလားလို့ပေါ့ကွာ..ဘယ်ဟုတ်မှာ ဟိုရောက်တော့ အထင်နဲ့ လက်တွေ့က တခြားစီ...."

"အဲ့တော့ ..."

"ကျောင်းမှာ ဆရာတွေ ပြိုင်ဆိုင်တာက သဘာ၀ပဲလေကွာ..ဒီနှစ်မရရင် နောက်နှစ်ပေါ့..."စွန်းချန်းဝေမှ အားပေးလိုက်သည်။

"ငါလည်း အဲ့ဒီ ထူးချွန်ဆရာဆိုတဲ့ နာမည်ကို ဂရုမစိုက်ပါဘူးကွာ..."

ချိန်ကျန်းရဲ့ ဒေါသထွက်စွာ ပြောလိုက်ပြီး "ဒါပေမယ့် အဲ့ထိပ်ပြောင်ကြီးက ဘာပြောတယ် မှတ်လဲ..ငါက ထူးချွန်ဆရာဖြစ်ဖို့ အဆင့်မမှီရုံတင်မကဘူး ..ငါ့အတန်းတွေပါ ပယ်ချလိုက်ရတယ်တဲ့ကွာ..အကျွေးကြေအောင်လို့မှ ဒီအတန်းချိန်ပိုင်း လခလေး မျှော်ကိုးနေပါတယ်ဆိုနေမှ ခုတော့ ခွေးဖြစ်ကုန်ပြီ..."

"မင်းလည်း ပယ်ချခံလိုက်ရတာလား..."

ကျန်းဝေ အံ့အားသင့်စွာ မေးလိုက်မိ၏။

" ဘာလဲ..မင်းကော အတန်းဖျက်ခံ လိုက်ရတာလား..."

"အင်း...အဲ့ဒီ လင်းရီ ဆိုတဲ့ကောင် ကြောင့်လေ..အရင်က ကျောင်းကော်မတီက..ခုကျတော့ ဘတ်စကက်ဘော နည်းပြလုပ်မယ်တဲ့ မင်း ပြောကြည့် စိတ်တိုဖို့ မကောင်းဘူးလား....."

ကျန်းရဲ့ မှ ပြောလိုက်လေသည်။

"မဖြစ်နိုင်တာ...ငါ့အတန်းနေရာ ၀င်ယူသွားတဲ့သူကလည်း လင်းရီ ဆိုတဲ့ ကောင်ပဲဟ..."

၎င်းကိုကြားတော့ ရုံးခန်းထံရှိ လူတိုင်း ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက်သွားကြတော့၏။

"ဘာတွေလဲကွ..အဲ့ကောင်က တစ်ယောက်တည်းနဲ့ အတန်းနှစ်ခု ယူနေတာလား..ဒါကြီးက လွန်လွန်းသွားပြီ..."

ကျန်းဝေမှ ပြောလိုက်သည်။

"ဟုတ်တယ်..နည်းနည်းတော့ လွန်တယ်.."တုန်ရှင်းလည်း ပြောလိုက်လေသည်။

"ကာယ ချိန်က အရေးမကြီးဘူးဆိုပေမယ့် ဒီလိုကြီးတော့ မလုပ်သင့်ဘူးလေကွာ.."

"ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူးဟျောင့်..အဲ့ကောင် ကအုပ်ကြီးနဲ့ အဆက်အသွယ်ရှိတယ်..."

"ငါတို့ မကျေနပ်လဲ ကြိတ်မှိတ် သည်းခံရုံပဲ...မခံနိုင်ရင်တော့ အလုပ်ထွက်လိုက်ပေါ့ကွာ..အဲ့တစ်နည်းပဲ ရှိတာ.."

"ဟီးဟီး ငါတော့ ဘာတွေ ဖြစ်နေလဲဆိုတာ ရိပ်မိပြီထင်တယ်..."ကျန်းရဲ့ အေးစက်စွာပြုံး၍ ပြောလိုက်ပြီး

"အဲ့ လင်းရီက အုပ်ကြီးကို အသုံးချပြီးတော့ ဘောနပ်စ်တွေ အများကြီးရအောင် လုပ်နေတာ နေမှာ..."

"အေး..ဟုတ်လောက်တယ်ဟ..ဒါပေမယ့် ဒီလိုလုပ်တာကြီးကတော့ မသိသာလွန်းဘူးလား..."ချန်းဝေဆိုသူမှ မေးခွန်းထုတ်လိုက်၏။

"စွန်းကြီး မင်းကော ဒီလို မတရားတာမျိုးကို သည်းခံနိုင်လို့လား..."

"မခံနိုင်တော့ကော..ဘယ်တတ်နိုင်မှာ..ငါအိမ်၀ယ်ထားတာ ခုထိ အကြွေးတောင် မပေးရသေးဘူး..အလုပ်ထွက်လိုက်လို့ကလည်း မဖြစ်သေးဘူး.."

"မင်းကို ထွက်ရမယ်လို့ ဘယ်သူပြောလဲ..အဲ့ကောင်ကို ဒုက္ခရောက်အောင် လုပ်ပြီးတော့မှ သူ့အလိုလို ထွက်ခိုင်းလိုက်တာက ပိုမကောင်းဘူးလား..."

စွန်းချန်းဝေ စိတ်၀င်စားသွားပြီး "ဟမ်..စိတ်၀င်စားစရာပဲ..ဘယ်လို ဒုက္ခပေးကြမှာ..."

"နေ့လည်ကျရင် အတန်းချိန်ရှိတယ်မလား..မင်းအသင်းထဲက ကစားသမားကောင်း လေး‌ငါးယောက်ကို အဲ့ကောင်နဲ့ တစ်ပွဲတစ်လမ်းနွဲဖို့ ပြောလိုက်လေကွာ..."ချိန်ကျန်းရဲ့ ကောက်ကျစ်စွာပြုံးလိုက်ပြီး

"သင်မယ့် တပည့်တွေလောက်တောင် မတော်မှတော့ ဆရာဖြစ်ဖို့ ဘယ်လိုလုပ် ထိုက်တန်မှာ....မဟုတ်ဘူးလား"

All Chapters