Vol. 16 Ch. 236
Vol. 16 Ch. 236
"အေး...မင်းပြောတဲ့ အကြံ မဆိုးဘူးကွ ..."
ချန်းဝေတစ်မျိုး ပြောင်းထိုင်လိုက်ပြီး ကျန်းရဲ့၏ စကားလုံးများက အတော်လေး အဓိပ္ပာယ်ရှိကြောင်း စဉ်းစားနေတော့၏။
နေ့လယ်ပိုင်း အတန်းချိန်တွင်တော့ ဘောလုံးကန်ရတာ နှစ်သက်သည့် ကျောင်းသားအချို့မှလွဲ၍ ကျန်သူများမှာ ဘတ်စကက်ဘော အသင်း၀င်များ ဖြစ်ပေသည်။
အချို့ဆိုလျင် မြို့နယ်အဆင့် ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ပြီး လက်ရွေးစင် ဖြစ်ထားသူများလည်း ပါ၀င်သည်။ ထို့ကြောင့် သူတို့၏ လက်စွမ်းနှင့် ပတ်သက်လို့ကတော့ လုံး၀ သံသယ၀င်စရာ မလိုအပ်ချေ။
"သူ့ကို ဒီတိုင်း လွှတ်ထားပေးလိုက်...ဘာပဲဆိုဆို မင့်ကျောင်းသားတွေနဲ့တော့ အဆက်သွယ် မရှိလောက်ဘူးမလား..နေ့လည်ပိုင်း အတန်းချိန်ကျရင် သူ့အားသူကိုးပြီး သင်နိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ကွာ.."
"အိုကေ..မင်းပြောတဲ့ ပလန်အတိုင်းပဲ လုပ်ကြမယ်..."စွန်းချန်ဝေ ပြောလိုက်ပြီး "ငါ့အတန်းကို လာခိုးရဲမှတော့ ငါကလည်း မင်းကို လူမှန်နေရာမှန် ဖြစ်အောင် ပြန်လုပ်ပေးရမှာပေါ့ကွာ.."
"ကဲ....အချိန်ကျပြီဆိုတော့..အတန်းဆီ သွားတော့မယ်..."
စွန်းချန်းဝေ မတ်တပ်ရပ်လိုက်ပြီး နဂိုမူလက စိတ်ပျက်အားငယ်နေသည့် အသွင်အပြင်ကို ပီပြင်စွာ ဖုံးကွယ်ထားလိုက်ပြီး
"ဒီမှာပဲ နေပြီး သတင်းကောင်းကို စောင့်နေလိုက်ကြတော့...နာရီ၀က်အတွင်း အဲ့ မိန်းမမျက်နှာနဲ့ကောင်ကို ထွက်ပြေးသွားအောင် လုပ်ပြမယ်.."
"ကျောင်းဘတ်စကက်ဘော အသင်းက ကောင်တွေရဲ့ လက်စွမ်းနဲ့ဆိုရင် ငါ့အထင် ဆယ်မိနစ်ပဲ..ဆယ်မိနစ်အတွင်းအဲ့ကောင်ကို တစ်စစီဖြစ်အောင် ကစားလို့ရတယ်.."
"ဟားဟား...မင်းေပြာတာ အဓိပ္ပာယ်ရှိတယ်..."
တဟားဟား ရယ်မောရင်း စွန်းချန်းဝေ သူ၏ ဂျက်ကတ်ကို ယူဆောင်ပြီး အားကစားခန်းမသို့ ဦးတည်လိုက်၏။
တစ်ချိန်တည်းတွင် အတန်းတက်ရန် ရောက်လာကြသူများကလည်း အားကစားခန်းမထဲတွင် ဖိနပ်လဲနေကြပြီး နောက်လာမည့် ကာယအချိန်အတွက် အသင့်ပြင်နေကြသည်။
စွန်းချန်းဝေ ၀င်လာသည်ကို မြင်လျင်မြင်ချင်း အယောက်ငါးဆယ်ရှိသော ကျောင်းသားတို့မှာ အလိုအလျောက် နှစ်တန်းခွဲလိုက်ကြပြီး အတန်းစမည်ကို စောင့်မျှော်နေကြ၏။
"ကဲ သက်သက်သာသာနေကြ..ဒီနေ့ ငါမင်းတို့ကို ပြောစရာ ရှိတယ်.."စွန်းချန်းဝေ ဖြည်းညင်းစွာ ပြောလိုက်ပြီး "ခုကစပြီးတော့ ငါက မင်းတို့ ဘတ်စကက်ဘော အသင်းနည်းပြ မဟုတ်တော့ဘူး..အဲ့တာ လာပြောပြတာ..."
"ဟမ်...."
လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘာဖြစ်နေလဲဆိုတာ သိချင်နေကြတော့၏။
"နည်းပြ..မနောက်ပါနဲ့ဗျာ..ဘယ်သူကမှ နည်းပြထက် ကျုပ်တို့ကို သင်ပေးဖို့ အဆင့်မှ မမှီတာ..."
ကျန်းရာကျွင်းမှ ရယ်မော၍ ပြောလိုက်လေသည်။
"ဟုတ်တယ်..နွေရာသီ ကျောင်းပေါင်းစုံ ပြိုင်ပွဲက ရောက်တော့မှာ မြန်မြန်စပြီး လေ့ကျင့်ကြရအောင်ဗျာ..." ဖူချင်းရှန်း အသံဩဩကြီးဖြင့် ပြောလိုက်သည်။
ချန်းဝေ သူ့တပည့်များ၏ အမူအရာကို မြင်တော့ တိတ်တဆိတ် ကျေနပ်သွားခဲ့သည်။
ဇာတ်လမ်းကတော့ သူမျှော်လင့်ထားတဲ့ အတိုင်းပဲ ကောင်းကောင်းသွားနေပြီ..ဟိုလင်းရီဆိုတဲ့ကောင် သောက်ရှက်ပဲ့ပြီး ထွက်ပြေးဖို့ ဆယ်မိနစ်တောင် မလိုလောက်တော့ဘူး...
"ငါ နောက်နေတာ မဟုတ်ဘူး..ကျောင်းအုပ်ကြီးကိုယ်တိုင် မင်းတို့အတွက် ပိုကောင်းတဲ့ နည်းပြတစ်ယောက် ရှာထားပေးထားတယ်...ဒီတော့ ငါက မင်းတို့ကို ဆက်ပြီး သင်ပြပေးဖို့ တာ၀န်မရှိတော့ဘူး..."
"ဗျာ...မဖြစ်နိုင်တာ..."ကျန်းရာကျွင်း အော်ဟစ်လိုက်ပြီး "နည်းပြက ကျွန်တော်တို့ ကျောင်း အားကစားအသင်းရဲ့ ရှေ့ဆောင် လမ်းပြကြီးလေ...ပြီးတော့ ကျူးဘားထိတောင်မှ ယှဉ်ပြိုင်ခဲ့ဖူးသေးတာပဲ...CBA က အနားယူထားတဲ့ ကစားသမားဟောင်းမှ မဟုတ်ဘူးဆိုရင် ဘယ်သူက နည်းပြစွန်းထက် သင်ပြပေးဖို့ အရည်အချင်း မှီမှာလဲတဲ့...."
"အဲ့လို မပြောရဘူးလေကွာ ..ကျောင်းအုပ်ကြီးကျောက်က ငါမလုပ်နိုင်လောက်ဘူး ထင်လို့နေမှာပေါ့ဟ.....အဲ့တာကြောင့် ပိုကောင်းတဲ့ နည်းပြရှာပေးလိုက်တာ...စောဒက တက်မနေကြနဲ့..."စွန်းချန်းဝေ အပြုံးလေးဖြင့် ပြောလိုက်ပြီး ရှိုးပွဲကောင်း တစ်ခုကြည့်ရဖို့ အတွက် အစပျိုးပေးနေတော့၏။
"နည်းပြ..ကျုပ်တို့ကျောင်းမှာကလည်း ကာယာဆရာဆိုတာက တစ်ဒါဇင်လောက်ပဲရှိတာ...လတ်တလော ကာယဆရာအသစ် ရောက်နေတယ်လို့လည်း သတင်းမကြားမိပါဘူးဗျ...ကျုပ်တို့ကို သင်ပေးမယ့် ဆရာအသစ်က ဘယ်သူလဲတဲ့...,"ကျားရွေ့ မေူမြန်ူလိုက်သည်။
"သူလား.....လတ်တလော နာမည်ကြီးနေတဲ့ ဆရာ လေ.... သူ့နာမည်က လင်းရီလို့ ခေါ်တယ်ထင်တာပဲ......"
"ကျုပ်သူ့ကို သိတယ်..."ရာကျွင်း ပြောလိုက်ပြီး "ဒါပေမယ့် သူက ကျောင်း ကော်မတီရဲ့ လက်ထောက် အတွင်းရေးမှူး မဟုတ်လား...ပြီးတော့ 'ကောလိပ်ကျောင်းသားများ အသက်မွေး၀မ်းကြောင်း အစီအစဉ်ကိုလည်း သင်လိုက်သေးတယ်'...ခု ဘတ်စကက်ဘောပါ လာသင်ပေးမယ်ဆိုတော့...ရယ်စရာမကောင်းလွန်းဘူးလား..."
"ဘယ်တတ်နိုင်မှာ..သူက ကျောင်းအုပ်ကျောက်နဲ့ အဆက်အသွယ် ရှိတယ်လေ..အဲ့တော့ သူလိုချင်တဲ့ အတန်းကို အသာလေး ယူလိုက်လို့ရတယ်..."
စွန်းချန်းဝေ စိတ်မကောင်း ဖြစ်နေဟန်ဖြင့် ပြောလိုက်ပြီး "ပြီးတော့ သူက ဘက်စကက်ဘော အသင်းတင် မကသေးဘူးနော်..ဆရာချိန်ရဲ့ တိုက်ကွမ်ဒို အတန်းကိုပါအဆစ် ယူလိုက်သေးတယ်..."
"ဘယ်လို ငရဲလဲဟ..."ကျန်းရာကျွင်း ပြောလိုက်ပြီး
"ဆရာတစ်ယောက်က အတန်းနှစ်ခု ယူလို့ရတယ်လို့ တစ်ခါမှ မကြားဖူးပါဘူးဟ..ဒီကိစ္စက မရိုးတော့ဘူး ငါ့ကောင်တို့ရေ...တစ်ခုခုတော့ ထူးနေပြီဟ.."
"ငါတို့ အဲ့ သောက်ချောချောရုပ်နဲ့ကောင်ကို သင်ခိုင်းလို့မရဘူး..တော်ကြာ ငါတို့ပါ ရော နွဲ့ကုန်ဦးမယ်..."
"ဟုတ်တယ်...သူရောက်လာတာနဲ့ လူတိုင်း မောင်းထုတ်ကြမယ်..."
"ငိုးပဲ..ဘောလုံး ဘယ်လို ၀င်အောင် ပစ်လဲ ဆိုတာကော သိရဲ့လားမသိ..အဲ့လိုကောင်က ငါတို့ကို နည်းပြလာလုပ်မယ်တဲ့...ဆုအကြီးကြီးသာ တောင်းနေလိုက်လို့ ပြောလိုက်..."
"လူကြည့်တော့ လေတိုက်ရင် လွင့်မဲ့ ကိုယ်လေးနဲ့....ကာယ ဆရာလုပ်မယ်တဲ့ဟ..ကယ်ကြပါဦးဗျို့..."
"သပိတ်မှောက်မယ်...ငါတော့ အတန်းမတက်ဘူး..."
"မှောက်မယ်...."
ချလပ်...
လူတိုင်း လက်သီးလက်မောင်းတန်း၍ အော်ပြောနေကြစဉ် အားကစားခန်းမ၏ တံခါးမှာ ပွင့်လာခဲ့ပြီး လင်းရီ အပြင်မှ ရောက်လာလေသည်။
သို့သော်လည်း သူနှင့်အတူ ကျောင်းကော်မတီ၏ ဒါရိုက်တာ၊ ရှောင်ထျန်လည်း လိုက်လာခဲ့၏။
ကျိန်းကျားရွေ့၊ကျန်းရာကျွင်းနှင့် ကျန်သူများ အားလုံး ၎င်းကိုမြင်တော့ အထင်သေးသည့် မျက်၀န်းတို့ဖြင့် ကြည့်လိုက်ကြသည်။
ကာယ အတန်းလာတာတောင်မှ ဆရာမထျန်ကို ခေါ်လာတယ်တဲ့လား..ငါတို့ကို မထိန်းနိုင်မှာ ကြောက်လို့ ခေါ်ခဲ့တာ မလား..အဲ့လို ကောင်ကများ ငါတို့ကို နည်းပြ လုပ်ပေးမယ်တဲ့..
ဘယ်လိုတောင် သရဲဘောကြောင်လိုက်လဲ....
လင်းရီ ရှောင်ထျန်နှင့် အတူ ရောက်လာသည်ကို မြင်တော့ ချန်းဝေ မျက်နှာ အမူအရာကို ပြုံးပြုံးလေးထားလိုက်သည်။
လင်းရီကို သောက်ဂရုမစိုက်သော်လည်း ရှောင်ထျန်ကိုတော့ မျက်နှာသာ ပေးရ၏။
"ဒါရိုက်တာထျန်..ဆရာလင်း..နှစ်ယောက်လုံး ရောက်လာကြတာလား..."ချန်းဝေ အပြုံးလေးဖြင့် ကြိုဆို နှုတ်ဆက်လိုက်ပြီး တွေ့ရသာ ၀မ်းသာသည့် ပုံစံ ပြုလိုက်လေသည်။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ကျုပ် စောန လာတုန်းက အတန်းမတက်ဘူး သပိတ်မောက်မယ် ဆိုတဲ့ အော်သံတွေ ကြားလိုက်သလာလို့..ကျုပ်က အတန်းတောင် မ၀င်ရသေးဘူး..ဒီကောင်တွေက ဒေါသထွက်နေကြပြီတဲ့လား..."
"မဟုတ်ရပါဘူး ဆရာလင်းရယ် ..နားကြားမှားတာ နေမှာပါ..သူတို့ အဲ့လိုတွေ မပြောပါဘူး.."
"နည်းပြ..အမှန်အတိုင်း ပြောလိုက်လေဗျာ..ကျုပ်တို့ မတက်ဘူးလို့ အော်နေတာ အမှန်ပဲကို.."ကျန်းရာကျွင်းမှ ပြောလိုက်၏။
"ဘတ်စကက်ဘော အသင်းက သူ့ဟာနဲ့သူ ဟုတ်နေတာကိုပဲ ဘာကိစ္စ နည်းပြလဲမှာ..ပြီးတော့ ကျောင်းပေါင်းစုံ ပြိုင်ပွဲကလည်း မကြာဘူးစတော့မှာ..အရည်ချင်းရှိတဲ့ နည်းပြကသာ မလေ့ကျင့်ပေးဘူးဆိုရင် ကျုပ်တို့ရဲ့ စွမ်းဆောင်ရည်တွေ ကျသွားနိုင်တယ်"
"ဟုတ်တယ်..ထောက်ခံတယ်..."
"တိတ်ကြစမ်း..."
ရှောင်ထျန် အေးစက်နေပြီး လေးနက်နေသည့် အသံဖြင့် "ကျောင်းက စီစဉ်တာ သူ့အကြောင်းပြချက်နဲ့သူ ရှိတယ်...နင်တို့က အေးဆေး နားခံစမ်း..."
ရှောင်ထျန်၏ အမူအရာမှာ ရေခဲတမျှ အေးစက်နေလေသည်။ သူမ ဤပြဿနာအိုးလေးများကို နူးနူးညံညံ ကိုင်တွယ်နေပါက နဖူးပေါ် ချေးတက်ပါသွားချေမည်။
ထို့ပြင် အတန်းမှာ မစရသေးသော်လည်း ယခုလို ရုန်ရင်းဆန်ခတ် ဖြစ်နေ၏။ ကြည့်ရသလောက်တော့ စွန်းချန်းဝေမှ လောင်စာ ထည့်ထားဟန်တူသည်။ မဟုတ်ပါက ကျောင်းသားများမှာ ထိုမျှ ဆိုးသွမ်းနေလိမ့်မည် မဟုတ်ချေ။
လင်းရီ ယခု အနေအထားကို ထိန်းချုပ်နိုင်ပါ့မလားဆိုတာ သူမလည်း သေချာမသိ ။
"ရတယ် မပြောနဲ့..ရှောင်ထျန်..."
လင်းရီ ပြောလိုက်ပြီး "သူတို့က ကျောင်းသားတွေလေ..ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေအပေါ် မတင်းကြပ်သင့်ဘူး..မဟုတ်ရင် ထောင်လိုမျိုး ဖြစ်သွားလိမ့်မယ်..."
ချန်းဝေ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
ဒါတောင် အစပဲရှိသေးတယ်..လက်က လျှော့ချင်နေပြီလား...
စကားပုံတွေအတိုင်းပဲ ပန်းပဲထုမယ်ဆိုရင် ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်ရှိဖို့ လိုတယ်..မဟုတ်ရင် လိုချင်တဲ့ ပုံကို ရမှာမဟုတ်ဘူး..ခု ငါးမိနစ်တောင် မရှိသေးဘူး..ကန်ထုတ်ခံနေရပြီ...
ဘာမှ ထွေထူး အားစိုက်စရာတောင် မလိုအပ်ဘူး..
လင်းရီ ခြေလှမ်းအနည်းငယ်ခန့် လှမ်းသွားလိုက်ပြီး သူ့ရှေ့ရှိ ကျောင်းသား အယောက်ငါးဆယ်ကို သိမ်းကျုံးကြည့်၍ "မင်းတို့ ငါ့အတန်း မတက်ချင်ဘူးလို့ အော်နေတဲ့ အသံတွေကို ငါကြားတယ်..ဆိုတော့ မဲခွဲရအောင်ကွာ..ငါနဲ့ သင်ချင်တဲ့ကောင်ရှိရင် ရှေ့ခြေတစ်လှမ်း တိုးခဲ့ကြ..."
လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မည်သမျှ ရှေ့မထွက်ခဲ့ကြချေ။
အကယ်၍ ယခုနေ သူတို့သာ ရှေ့ထွက်လိုက်ပါက အနာဂတ်တွင် စကားမတည်သည့် ယောက်ျားများဟု အခေါ်ခံရနိုင်၏။ ထို့ကြောင့် တစ်လှမ်းတောင် ရွေ့၍မဖြစ်။
ပိုပြီး အရေးကြီးသည်ကတော့ သူတို့ရှေ့ရှိ ရပ်နေသူမှာ အမှန်တကယ်သင်ပြနိုင်သည့် အရည်အချင်း ရှိမရှိပင်။ သူတို့လောက်မှ မတတ်သည့်သူထံတွင်တော့ တပည့်မခံနိုင်ချေ။
မည်သူမျှ ထွက်မလာသည်ကို မြင်တော့ စွန်းချန်းဝေ စိတ်သက်သာရာ ရသွားခဲ့သည်။
သူ တခြားစရာတွေကိုပါ ပြဖို့ ခေါ်ရင် ကောင်းမလား မသိဘူး..
"တစ်ယောက်မှ ထွက်မလာဘူးဆိုတော့ အားလုံး အတန်းမတက်ချင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့..,အဲ့တာဆို စာမေးပွဲပြီးတဲ့ထိ ဒီအတန်း လာတက်စရာ မလိုတော့ဘူး.."
ထိုသို့ပြောပြီးနောက် လင်းရီ ရှောင်ထျန်ဘက်သို့ လှည့်၍ အပြုံးလေးဖြင့်
"ကဲ မြင်တဲ့ အတိုင်းပဲ..အတန်းမတက်တဲ့ ဘတ်စကက်ဘော အသင်းသားတွေ အားလုံးကို အကျစာရင်းပြလိုက်..."
"အကျစာရင်း ပြမယ်..."ရှောင်ထျန် အံ့ဩသွားခဲ့ပြီး "ဒီလောက် ကျောင်းသားတွေ အများကြီးကို ချပစ်မှာလား..."
"အတန်းမတက်ချင်မှတော့ ကျတာ ဘာဆန်းလို့လဲ.."လင်းရီ ပြောလိုက်ပြီး
"သူ့တို့ ရုပ်တွေ ကြည့်ရသလောက်တော့ တခြားဘာသာတွေလည်း အောင်မယ့်ပုံမပေါ်ဘူး..ကျောင်းစည်းမျဉ်းအရဆို ဘာသာရပ်လေးခုထက် ပိုကျရင် နောက်တစ်နှစ်ပြန်နေရမှာမဟုတ်လား...ကျူရှင်ဖိုးတောင် ပိုရသေးတယ်..မမိုက်ဘူးလား..."