← Chapters

Vol. 16 Ch. 237

Vol. 16 Ch. 237

Vol. 16 Ch. 237

Vol. 16 Ch. 237

"အွန်းပါ...ဆရာလင်း သဘောပဲ.."

ရှောင်ထျန် စကားအပိုတွေ ပြောမနေတော့ပဲ လင်းရီကို မျက်နှာသာ ပေးလိုက်၏။

'ချမယ်' ....'ပြန်နေရမယ်' ဟူသော စကားလုံးများကို ကြားတော့ ကွင်းထဲရှိ ကျောင်းသားများအားလုံး သူတို့၏ နဂို မိမိုက်သော အမူအရာကို ဆက်လက်မထိန်းထားနိုင်တော့ချေ။

အားလုံးမှာ ယခင်ကတည်းက စာမလိုက်နိုင်သည့် ကျောင်းသားများဖြစ်ကြပြီး ယခုလို ကာယအတန်းပါ ထပ်ကျမည်ဆိုပါက နောက်တစ်နှစ် ဆက်နေရမည်မှာ စေချာသလောက် ဖြစ်နေလေသည်။

ထိုစကားမှာ စနောက်နေခြင်းမဟုတ်။ ရှေးယခင်ကလည်း နှစ်ကျ၍ နောက်တစ်နှစ်ထပ်နေရသူများ ရှိ‌ခဲ့ဖူး၏။

"ဆရာလင်း...ဆရာလင်း..."

စွန်းချန်းဝေ တည်ငြိမ်စွာ မနေနိုင်တော့။ လင်းရီမှာ ထိုမျှ မဆင်မခြင် ပြုလုပ်လိမ့်မည်ဟု ထင်မထားပေ။

အကယ်၍ သူ့ကြောင့်သာ ကျောင်းသားများအားလုံး ယခုလို ဖြစ်လာမှန်း ရှာတွေ့သွားပါက စွန်းချန်းဝေပင် တာ၀န်ခံနိုင်လိမ့်မည် မဟုတ်ချေ။

"ဘာကိစ္စလဲ..."လင်းရီ နောက်သို့လှည့်၍ မေးလိုက်၏။

"ဆရာလင်းကလည်း စိတ်လေးလျှော့ပါဦး...သူတို့ အားလုံးက ကျောင်းသား လူငယ်တွေ ဆိုတော့ တစ်ခါတစ်လေလည်း စိတ်လိုက်မာန်ပါ လုပ်မိတာပေါ့..အဲ့တာကို ဆရာလင်းက တွက်ကပ်‌မနေပါနဲ့ဗျာ... "

"ကျုပ်က တွက်ကပ်တယ်..."လင်းရီ လှောင်ရိပ်သန်းသွားပြီး "သူတို့ပဲ သပိတ်မှောက်မယ် တကဲကဲ လုပ်နေကြတာ မဟုတ်ဘူးလား..သူတို့ တောင်းဆိုတဲ့ အတိုင်း လိုက်လုပ်ပေးတယ်လေ..ကျုပ်လောက် သဘောထားကြီးတဲ့ ဆရာမျိုး ခင်များတို့ မီးထွန်းရှာတောင် မတွေ့လောက်ဘူး..."

ကျန်းဝေ မျက်နှာ နက်မှောင်သွားခဲ့သည်။

မင်းက အုပ်ကြီး နောက်ခံနဲ့ဆိုတော့ ဒီလိုတွေ ပြောနိုင်တယပေါ့ကွ....

"မင်းတို့ကောင်တွေကကော ဘာလို့ ကျောက်ရုပ်ကြီးလို ရပ်နေကြတာလဲ...ဆရာလင်းကို မြန်မြန် တောင်းပန်လိုက်လေကွာ.."ချန်းဝေ လက်ချာရိုက်လိုက်ပြီး "ကျောင်းသားတွေ ဖြစ်ပြီးတော့ အပြုမူကောင်းတွေကို မရှိဘူး...အလိုလိုက်ထားတာ များသွားတဲ့ပုံပဲ..."

"ဆရာလင်း ကျွန်တော်တို့ မှားပါတယ်ဗျ...."

လူတိုင်း မပြောချင် ပြောချင်ဖြင့် တောင်းပန်လိုက်ကြ၏။

"မင်းတို့ မသင်ချင်လည်း မသင်နဲ့ ..ငါလည်း အနာယူဖို့ ခရီးလေးဘာလေး ထွက်ရင် ကောင်းမလားလို့ စဉ်းစားနေတာ..ခုတော့ အတော်ပဲ.."

"မ...မဟုတ်ပါဘူးဗျာ..ကျွန်တော်တို့ကိုက လိုလိုလားလားနဲ့ တောင်းပန်နေတာပါ...မှားမှန်း သိသွားပါပြီ ဆရာလင်း..."

လင်းရီ ကျန်သူများကိုလည်း တစ်ချက်ကြည့်လိုက်ပြီး "မင်းတို့ကောင်တွေကကော..."

"ကျွန်တော်တို့အားလုံး မှားမှန်း သိပါပြီဗျ...."လူတိုင်း သံပြိုင် အော်ဟစ်လိုက်ကြသည်။

ဘေးတွင် ရပ်နေသည့် ရှောင်ထျန်ကတော့ တိတ်တခိုး ကြိတ်ရယ်နေသည်။ မည်သူကမျှ လင်းရီ၏ နည်းလမ်းကို နားလည်နိုင်လိမ့်မည် မဟုတ်ကြချေ။

"အဲ့တာဆိုလည်း အတန်းစကြတာပေါ့..."လင်းရီ တည်ငြိမ်စွာ ပြောလိုက်ပြီး "အားလုံးသတိ..."

ကျောင်းသား အယောက်ငါးဆယ်လုံး ကိုယ်နေဟန်ထား ဖြောင့်မတ်စွာဖြင့် ရပ်လိုက်ကြသည်။

သို့သော်လည်း သူတို့ရင်ဘက်ထဲရှိ လင်းရီအပေါ် မုန်းတီးမှုများကတော့ အတော်လေး နက်ရှိုင်းနေပြီး ဖြစ်၏။ အတန်းကျမည် စိုးသောကြောင့်သာ ကြိတ်မှိတ်သည်းခံနေရခြင်းပင်။ မည်သူကမျှ သင်ယူရန် ဆန္ဒမရှိကြ။

လင်းရီ ကျန်းကျားရွေ့ကို လက်ညိုးထိုးလိုက်ပြီး "မင်း....ထွက်လာပြီး လူတိုင်းကို သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ ဦးဆောင်.."

"ဟုတ်ကဲ့ပါဗျ..."ကျန်ကျားရွေ့ အော်ပြောလိုက်သည်။

လင်းရီ သင်ခန်းစာများကို ကြိုတင်မပြင်ဆင်ထားခဲ့သော်လည်း ဘတ်စကက်ဘော မကစားခင် သွေးပူလေ့ကျင့်ခန်း လုပ်ရမည် ဆိုတာလောက်တော့ နားလည်ပေသည်။

ထို့ပြင် ကျောင်းတုန်းကလည်း ဘတ်စကက်ဘောအတန်းများ တက်ရောက်ခဲ့ဖူးသောကြောင့်သွေးပူ လေ့ကျင့်ခန်းမှာ အခြေခံအကျဆုံးနှင့်

အရေးကြီးသည့် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နားလည်ထားသည်။

ဆယ်မိနစ် ကြာပြီးနောက် သွေးပူလေ့ကျင့်ခန်းမှာ ပြီးဆုံးသွားခဲ့၏။

လင်းရီမှ နေ၍ "သေမတတ်ပြေး လေ့ကျင့်ခန်း အကြိမ်နှစ်ဆယ်ကို....နှစ်ခေါက်လုပ်မယ်..ကြားထဲမှာ ငါးမိနစ်နား...ကဲ ..စကြတော့..."

"သေမတတ်ပြေး လေ့ကျင့်ခန်း နှစ်ခေါက်..."

ကျန်းကျားရွေ့နှင့် ကျန်သူများအားလုံး သူတို့ နားကြမှားလေသလောဟုတောင် ထင်သွားခဲ့ကြသည်။

"ဆရာလင်း...တကယ်ကြီးလုပ်ရမှာလား..."

"ဒါပေါ့ကွ..သေမတတ်‌ပြေး လေ့ကျင့်ခန်းလေ...ဘတ်စကက်ဘောရဲ့ အခြေခံကျဆုံး သင်ခန်းစာကိုတောင် မသိဘူးလား..."

(TL:ရှိသမျှ အားကုန်ထုတ်ပြီး မြန်နိုင်သမျှ မြန်မြန်ပြေးတာပါ)

"သိပါတယ်..ဒါပေမယ့် နည်းနည်းလေးတော့ မများလွန်းဘူးလားလို့....ကျွန်တော်တို့က ပုံမှန်ဆို သေမတတ်ပြေးလေ့ကျင့်ခန်း ၁၀ကြိမ်တစ်ခေါက်နဲ့ နှစ်ခါလုပ်တာ..ခု အကြိမ်၂၀ ကို နှစ်ခေါက်လုပ်ရမယ်ဆိုတော့....."

"လေ့ကျင့်ခန်းကို နှစ်ဆ တိုးလိုက်မယ်ဆိုရင် လုပ်ပြီးတာနဲ့ ကျွန်တော်တို့ ဘာမှတောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး..."

"ဒီလောက်လေးတောင် သက်လုံမရှိပဲနဲ့ မင်းတို့ ဘယ်လို‌ တွေ၀င်ပြိုင်ကြမှာ..."

"ဆရာလင်းက ဒါတွေ နားမလည်ပါဘူး..."ကျန်းကျားရွေ့ ပြောလိုက်ပြီး "ကျွန်တောတို့ သွားပြိုင်မယ်ဆိုပေမယ့် ပြိုင်ပွဲက အဲ့လောက်ကြီး ပြင်းထန်တာ မဟုတ်ဘူး....ကျွန်တော့် အမြင်ရဆို‌ရင်တော့ ဘတ်စကက်ဘော နည်းစနစ်တွေကိုပဲ သေချာ လေ့ကျင့်သင့်တယ်..ကျုပ်တို့ သက်လုံက လုံလောက်ပြီးသား...."

"အစ်ကိုရွေ့ပြောတာ အဓိပ္ပာယ်ရှိတယ်..."

ကျန်းရာကျွင်း ပြောလိုက်ပြီး "ဆရာလင်း..ခင်များက ကာယ ဆရာဆိုပေမယ့် လုပ်ချင်သလို မလုပ်ခိုင်းသင့်ဘူး..အခြေနေ ကြည့်ပြီးတော့မှ လေ့ကျင့်ပေးသင့်တယ်..."

ယင်းအခြေနေကို မြင်တော့ စွန်းချန်းဝေ တိတ်တခိုးလေး ၀မ်းသာနေ၏။

ဒါ သူ‌လိုချင်နေတဲ့ ရလဒ်ပဲလေ...

ဘက်စက်ဘောအကြောင်း နကန်းတစ်လုံးတောင် မသိတဲ့ကောင်က သူ့နေရာ လာလုနေတယ်တဲ့...

ဘက်စကက်ဘောတောင် ခြင်းထဲ ၀င်အောင် ထည့်တတ်ရဲ့လား မသိဘူး...

"စကေးပိုင်း အရဆိုရင်တော့ မင်းတို့ရဲ့ လက်စွမ်းက တခြားကျောင်းတွေနဲ့ သူမသာကိုယ်မသာပဲ..အဲ့တာကြောင့် သက်လုံပိုကောင်းအောင် လေ့ကျင့်ပေးမယ်ဆိုပြန်တော့လည်း နည်းနည်းလေးမှ အားမစိုက်ထုတ်ချင်ကြဘူး...ဒီလိုပုံစံနဲ့ ချန်ပီယံက ဖြစ်ချင်နေကြသေးတယ်ပေါ့..အိပ်ပျော်နေတယ်ဆိုရင်လည်း ထကြတော့..."

"ကျွန်တော်ရဲ့ လက်စွမ်းနဲ့ သက်လုံက ဆရာလင်း ပြောသလောက်ကြီးလည်း ဆိုးရွားမနေပါဘူး.."

ကျန်းရာကျွင်း ပြောလိုက်ပြီး

"ကျွန်တော်တို့ သာမန်အတိုင်းပဲ ဘတ်စကက်ဘော လေ့ကျင့်သင့်တယ်..ဘာမှ သေမတတ်ပြေး လေ့ကျင့်ခန်းတွေ မလိုဘူး..."

"မလိုဘူး ဟုတ်လား..."လင်းရီ ပြုံးလိုက်ပြီး "ကောင်းပြီလေ...အဲ့တာဆိုလည်း မင်းတို့ ဘောလုံးကို အလွတ်တန်း ပစ်ပြ....အလုံး ၂၀ မှာ ၁၆လုံးလောက်၀င်ရင် သေမတတ်ပြေး လေ့ကျင့်စရာ မလိုဘူး ....သူများတွေ ဘက်စကက်ဘော လေ့ကျင့်တဲ့ ပုံစံအတိုင်း လေ့ကျင့်ပေးမယ်.."

ဖူး....

ကျန်းရာကျွင်း မနေနိုင်ပဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

"ဘာတွေ ရယ်ရလို့လဲ..ခု အတန်းတက်နေတာနော်..နင့်မျက်နှာပိုးကို သ-တ်လိုက်စမ်း..."ရှောင်ထျန် မျက်နှာ မာထန်ထန် အမူအရာဖြင့် ပြောလိုက်၏။

"ဒါရိုက်တာထျန်...ကျွန်တော်တို့လည်း ဆရာလင်းအကြောင်း အနည်းအကျဉ်းတော့ သိတာပဲ..သူက ကျောင်းကော်မတီ အဖွဲ့၀င် ...ပြီးတော့ ကောလိပ်ကျောင်းသားများ အသက်မွေး၀မ်းကြောင်းအစဉ်အစဉ် ဆိုတဲ့ လက်ချာတန်းကိုတောင်မှ ၀င်လိုက်သေးတယ်...ခုလည်း ကာယ နည်းပြ လာလုပ်နေပြန်ပြီ...ဘယ်လိုပုံစံမျိုးနဲ့ ဘက်စကက်ဘော လေ့ကျင့်ပေးမလဲဆိုတာ သိချင်စမ်းပါဘိ..."

"မဟုတ်မှလွဲရော ဆရာလင်းလည်း ဆရာစွန်းလို ကျူးဘားမှာ ကစားခဲ့ဖူးလို့လား..ဘယ်လိုနေရာကနေ ၀င်ကစားခဲ့တာလဲတဲ့...နောက်ပြီးတော့ အမှတ် ဘယ်လောက် ရခဲ့တာလဲ...ရှိရင် သက်သေပြလေ..."

"ငါ ဘယ်မှာမှ မကစားဖူးဘူး...ဒါ ပေမယ့် မင်းတို့ကို လေ့ကျင့်ပေးဖို့တော့ လုံလောက်တယ်..."

စွန်းချန်းဝေ ကျန်းရာကျွင်းကို အကြည့်တစ်ချက် ပေးလိုက်သည်။

၎င်းကိုမြင်တော့ ကျန်းရာကျွင်းလည်း တစ်ခဏမျှ ကြက်သေသေသွားပြီး နောက်မှ အထာပေါက်သွားဟန်ဖြင့် "ဆရာလင်း...စောနတုန်းက ကျွန်တော်တို့ကို အလွတ်တန်း ဘောလုံးပစ်ပြဖို့ ပြောတယ်နော်..ဒါပေမယ့် ဆရာလင်းကိုယ်‌တိုင်တောင်မှ အလုံး၂၀ မှာ ၁၅ လုံးလောက် ၀င်အောင် သွင်းနိုင်ပါ့မလား..တကယ်လို့ ခင်များကိုယ်တိုင်တောင် လုပ်နိုင်တဲ့ အရည်အချင်း မရှိဘဲနဲ့ တော့ သူများကို မတောင်းဆိုသင့်ဘူးလေ..."

"ဟိုအကောင်..နင်စကားကို ဘယ်လိုတွေ ပြောနေတာလဲ..."

"လင်းရီက ခု နင်တို့ရဲ့ နည်းပြ..သူ့စကားကို နားထောင်ရမှာက နင်တို့ရဲ့ တာ၀န်ပဲ..ဘာမှ စောဒက တက်ပိုင်ခွင့် မရှိဘူး..."

ယင်းကလည်း ရှောင်ထျန် အကြောက်ဆုံး ကိစ္စပင်။

လင်းရီမှာ အုပ်ကြီး၏ အဆင်အသွယ်ဖြင့် ကာယ နည်းပြ ဖြစ်လာခဲ့ခြင်းကြောင့် ကျောင်း၏ အဓိက ကစားသမားများကဲ့သို့ မည်သို့ လက်စွမ်း သာနိုင်မည်နည်း။

အကယ်၍ လင်းရီသာ မပြုလုပ်နိုင်ပါက နောက်ထပ်အတန်းတွေ ဆက်သင်‌နိုင်တော့မည် မဟုတ်ချေ။

"အော်...ဟုတ်ကဲ့ ဆရာလင်း...ပြောမိတာ ကျွန်တော့်အမှားပါဗျာ..ကျေးဇူးပြုပြီး ကျွန်တော့်ကိုတော့ အကျစာရင်း မပြလိုက်ပါနဲ့နော်.."ကျန်းရာကျွင်း ထေ့ငေါ့သည့်လေသံဖြင့် ပြောလိုက်လေသည်။

"မလုပ်ပါဘူး..အဲ့လောက်လေးသာ အချင်းမရှိမှတော့ ငါလည်း ဘယ်လိုလုပ် ဆရာ ဖြစ်လာမှာလဲ..."

လင်းရီ၏ ယုံကြည်ချက် ပြည့်၀ နေသည့် အသွင်ကိုလည်း မြင်ရော ကွင်းထဲရှိလူတိုင်း မနေနိုင်ပဲ ရယ်မောလိုက်ကြတော့၏။

အဆက်အသွယ်တွေနဲ့ နောက်ပေါက်က ၀င်လာတဲ့သူက ကျန်းရာကျွင်းနဲ့ အလွတ်တန်း ဘတ်စကက်ဘော သွင်းတာ ပြိုင်မယ်ဆိုပဲ...

သူက ကျောင်းအသင်းရဲ့ အဓိက point guard နော်...ပြီးတော့ ပစ်သွင်းတဲ့ စကေးတွေကလည်း အကောင်းဆုံးတွေထဲက အကောင်းဆုံးပဲ..ဒါတောင်မှ ပြိုင်မယ်လို့ ပြောနေတယ်တဲ့..ဘယ်လောက်တောင် မောက်မာလိုက်လဲ...

"လင်းရီ..နင်...ဇွတ်တရွတ်တွေ လျှောက်မလုပ်နဲ့.."ရှောင်ထျန် အသံနိမ့်၍ ပြောလိုက်ပြီး "ငါသူတို့ကို ထိန်းထားပေးလို့ရတယ်..နင့်ဘာနင် လုပ်စရာရှိသာတာလုပ်..သူတို့ပြောတာတွေ ခေါင်းထဲ ထည့်မနေနဲ့..."

"ဘာမှ ထိန်းပေးစရာမလိုဘူး..ဆရာတစ်ယောက်အနေနဲ့ တပည့်တွေ ယုံကြည်အောင် နည်းနည်းပါးပါးတော့ စကေးထုတ်ပြပေးရမှာပေါ့..."

လင်းရီ ကြမ်းပြင်ပေါ်ရှိ ဘောလုံးကို ကောက်ယူလိုက်ပြီး ပေါ့ပါးစွာ တစ်ချက်အနိမ့်ခုန်၍ လေထဲသိူ့ ပစ်တင်လိုက်သည်။

ဝှီး......ဝှစ်.

ဟမ်...

သုံးမှတ် ပစ်သွင်းချက်ပါလား...မဆိုးဘူး..မဆိုးဘူး...

"ဆရာလင်း..ပစ်တာ မဆိုးဘူးပဲ..ကျွန်တော် ဘောလုံးပြန်ကောက်ပေးမယ်..."

ကျန့်ကျားကျွင်းဘောလုံး ပြန်ပစ်ပေးလိုက်၏။ ထို့နောက်လင်းရီ တုံ့ဆိုင်းခြင်းမရှိပဲ နောက်တစ်ကြိမ် သုံးမှတ်ပစ်သွင်းချက် ထပ်ပစ်လိုက်ပြန်သည်။

ဝှစ်...

ဘတ်စကက်ဘောခြင်းထဲသို့ ချောချောမွေ့မွေ့ကြီး ကျရောက်သွားခဲ့၏။

"၀င်ပြန်ပြီဟ.."

လူတိုင်း မယုံကြည်နိုင်ဖြစ်သွားကြသည်။

သူတို့အားလုံး လင်းရီ သုံးမှတ်ပစ်ချက် နှစ်ကြိမ်ရရှိလိမ့်မည်လို့ ထင်မထားခဲ့ကြ။

ထို့ပြင် သူ၏ ကိုယ်နေဟန်ထားမှာလည်း လုံး၀ သေသပ်နေသောကြောင့် ကံကောင်းသွားခြင်းတော့ မဖြစ်နိုင်ချေ။

လင်းရီ ကျန်းရာကျွင်းကို လက်ဖြင့် ဘောလုံးပစ်ပေးရန် အချက်ပြလိုက်ပြီး "ဘောလူံးပြန်ပစ်လိုက်ကွာ..နောက်တစ်လုံး ဆက်သွင်းမယ်.."

ကျန်းရာကျွင်း ယခုထက်ထိ မယုံကြည်နိုင်သေးပဲ ဘောလုံး ပြန်ပစ်ပေးလိုက်၏။

သူ၏ အကောင်းဆုံးရလဒ်မှာ ခြောက်ကြိမ်ဆက်တိုက် ခြင်းထဲသို့ ပစ်သွင်းနိုင်ခြင်းဖြစ်သောကြောင့် နှစ်ကြိမ်ဆက်တိုက် ပစ်သွင်းနိုင်သည်က ဘာမျှ မထူးဆန်းချေ။

ဘောလုံး လက်ထဲသို့ ပြန်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် လင်းရီ တုံ့ဆိုင်းခြင်းမရှိ ထပ်မံ ခြင်းထဲသို့ ၀င်အောင် ပစ်လိုက်လေသည်။

ရှောင်ထျန်၏ မျက်လုံးလှလှလေးများ အရောင်လက်သွားခဲ့၏။

လင်းရီ၏ စကေးမှာ တကယ် မဆိုးချေ။

'ဒီလောက် အဝေးကြီးကနေတောင်မှ သုံးခါဆက်တိုက် ၀င်အောင် ပစ်နိုင်တယ်ဆိုတော့ မဆိုးဘူးပြောရမယ်...'

ဝှစ်..ဝှစ်...ဝှစ်..ဝှစ်...

နောက်ထပ် မိနစ်အနည်းငယ်အတွင်း လင်းရီ၏ ပစ်မလွဲ သွင်းချက်များမှာ ဘက်စကက်ဘောခြင်းထဲသို့ အကြိမ်ကြိမ် ကျရောက်နေတော့၏။

သုံးမှတ်ရရှိသည့် ဘောလုံး ၁၉လုံးပင်။

နောက်ဆုံးအလုံးကိုတော့ လင်းရီ သာမန်ကာလျှံကာ ပစ်သွင်းလိုက်သောကြောင့် ဘောင်နှင့်ထိပြီး ပြန်ကျလာခဲ့လေသည်။

"အခွင့်ရေး မပေးဘူးလို့ မပြောနဲ့တော့..ခု မင်းတို့ လုပ်ရမှာက ငါ့ရဲ့ အမှတ်ကို ကျော်အောင် လုပ်ဖို့ပဲ..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်းတို့သာ နိုင်သွားခဲ့ရင် ဒီနှစ်၀က်စာမေးပွဲပြီးတဲ့အထိ ကာယချိန် တက်စရာမလိုဘူး..ငါမင်းတို့ကို အမှတ်အပြည့်ပေးလိုက်မယ်...."

All Chapters