Vol. 16 Ch. 238
Vol. 16 Ch. 238
ဘယ်လို ငရဲလဲဟ...
အလုံး ၂၀ ပစ်တာ ၁၉ လုံး၀င်တယ်....
ငါတို့က ဒါကြီးကို ဘယ်လိုလုပ် ကျော်အောင် လုပ်နိုင်မှာလဲတဲ့...
ကွင်းထဲရှိ ကျောင်းသား အယောက်ငါးဆယ်လုံး လင်းရီ၏ ဘတ်စကက်ဘော ပစ်ချက်များ အောက်တွင် ဆွံ့အ နေကြတော့၏။
စွန်းချန်းဝေပင် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
သူ.....သူက ဘယ်လောက်တောင် စကေးရှိတာလဲဟ...
ဒီလို တိကျဖို့ဆို တော်ရုံလေ့ကျင့်ရုံလောက်နဲ့ ရမှာ မဟုတ်ဘူး...
"လင်း...ဆရာလင်း..ကျွန်တော်တော့ လုံး၀ အထင်ကြီးမိသွားပြီ..."ကျန်းရာကျွင်း တုန်လှုပ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
သူ၏ လယ်ဗယ်ကို သူကိုယ်တိုင် နားလည်ပေသည်။ ဆရာလင်းမှာ ၁၉ ကြိမ်ဆက်တိုက် ၀င်အောင် ပစ်သွင်းနိုင်ခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာလည်း ဒီတိုင်း မကြည့်ဘဲနှင့် ပစ်လိုက်ခြင်းသာ။ အကယ်၍ သေချာ ဂရုစိုက်၍ ပစ်မည်ဆိုပါက ထိုတစ်လုံးလည်း ၀င်မှာ မလွဲဧကန်ပင်။
ဒါ...ဒါကြီးက လုံး၀ကို လူမဆန်တော့ဘူး...
ချိုင်းနားက ဒဏ္ဍာရီလာ ကစားသမား လင်းရီထျန်းများ ရောက်နေတာလား...
"အရှုံးပေးပြီဆိုရင်လည်း ပြန်သွားပြီး သေမတတ်ပြေးတဲ့ လေ့ကျင့်ခန်းတဲ့ လုပ်တော့..."လင်းရီ ပြောလိုက်ပြီး "ဒီတစ်ခါတော့ သုံးခေါက် လုပ်ရမှာ..တစ်ခေါက်ကို အကြိမ် ၂၀...."
"အာ....ခုနတုန်းက ပြောတော့ နှစ်ခေါက်တည်း မဟုတ်ဘူးလား..."
ဖူချင်းရှန်း ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
"မလုပ်ချင်လဲ လာပြီး ကြိုးစားကြည့်လေ.."လင်းရီ ပြောလိုက်ပြီး "နည်းလမ်းဟောင်းတွေ အတိုင်းပဲ..ငါ့ရဲ့ အမှတ်ကို ကျော်နိုင်ရင် အတန်းတက်စရာ မလိုဘူး..ရှုံးရင် လေးခေါက်လုပ်ရမယ်..."
"ဆရာလင်း..ဒါကြီးက အနိုင်ကျင့်လွန်းသွားပြီ မဟုတ်လား.."ဖူချင်းရှန်း ပြောလိုက်ပြီး "ကျွန်တော်က အတွင်းစည်း ကစားသမားလေ..မစ္စတာလင်းက အပြင်စည်းကနေ ပစ်နေမှတော့ ကျွန်တော်က ဘယ်လို နိုင်အောင် လုပ်ရမှာ..."
စွန်းချန်းဝေ ဖူချင်းရှန်ကို ကြည့်လိုက်ပြီး အတွေးထဲတွင်တော့ 'အင်း ဒီကလေးက တကယ်မဆိုးဘူး..စကားကို ဘယ်လို ကြံဖန်ပြောရမလဲဆိုတာ နားလည်တယ်..'
"ရတယ်လေ..အဲ့တာဆိုလည်း မင်းသဘောအတိုင်း သုံးစက္ကန့် ဇုန်ကနေ ပစ်ပေးမယ်..."
"လာနောက်မနေစမ်းပါနဲ့ဗျာ...."ဖူချင်းရှန်း ရယ်မောလိုက်ပြီး "ကျွန်တော့် အရပ်အမောင်းနဲ့ ဝိတ်တန်းက ဆရာလင်းထက် အသာကြီးနော်..ကျွန်တော်သာ ခင်များရှေ့ ရပ်နေရင် ဘတ်စကက်ဘော ခြင်းတောင်မှ မြင်ရပါ့မလားဘဲ..."
"စမ်းကြည့်တာပေါ့..."
လင်းရီနှင့် ဖူချင်းရှန်းတို့ နှစ်ဦးကြားရှိ အရပ်အမောင်း ကွာဟမှုက်ု မြင်သောအခါ ရှောင်ထျန် မနေနိုင်ဘဲ မျက်မှောင်ကုပ်မိလိုက်သည်။
ဒါကြီးက မျှမှ မမျှတပဲကို...သူသာ လင်းရီရှေ့ ရပ်နေလိုက်ရင် ဘတ်စကက်ဘော ခြင်းရှေ့မှာ တောင်ကြီး ကွယ်ထားသလို ဖြစ်နေမှာပေါ့...အဲ့တာကို ဟိုက ဘယ်လို သွားသွင်းရမှာ...
ဖူချင်းရှန်း ဘတ်စကက်ဘောကို ကောက်ပြီး လင်းရီ ထံ ပစ်ပေးလိုက်၏။
"ဆရာလင်း အရင်စလိုက်...၂၁ မှတ်ကြေးဆော့မယ်..၂၁ မှတ် အရင်ဆုံးရတဲ့သူက နိုင်မယ်..."
"အိုကေလေ...."
လင်းရီ ဘတ်စကက်ဘောကို လက်ထဲတွင် ပုတ်လိုက်ပြီး ဖူချင်းရှန်းကတော့ ကာကွယ်သည့် အနေအထားဖြင့် အသင့်စောင့်နေလေသည်။
ဘတ်စကက်ဘောကို ပေါင်ကြားထဲသို့ ဘယ်၀င်ညာထွက် ပြုလုပ်ပြီးနောက် နည်းနည်းပါးပါး ခြေလှမ်း အယောင်ပြကာ ဖူချင်းရှန်းကို ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်လိုက်ပြီး လေပေါ်သို့ ခုန်တက်၍ တစ်ပတ်လှည့်ကာ ခြင်းထဲသို့ လှလှပပလေး ခုန်သွင်းလိုက်၏။
"ဝိုး....အရမ်းလှတယ်..."ရှောင်ထျန် အထင်ကြီးမှု မပြည့်ဖြင့် ပြောလိုက်၏။
"ဆရာမထျန် ..ဒီလို အကွက်က ဘက်စကက်ဘော လောကမှာ သာမန်ပါပဲ...."
စွန်းချန်းဝေ ပြောလိုက်ပြီး
"ဆရာလင်းရဲ့ ကိုယ်က ပိန်ပါးပြီး သွက်သွက်လက်လက်ရှိတော့ ဖူချင်းရှန်းက အဲ့တာကို အသားမကျသေးဘူး...အဲ့တော့ လမ်းဖွင့်ပေးမိလိုက်တာ ကသဘာ၀ပဲလေ.."
"ဂေါင်ရီးဖူ...သူ့ကို အလျော့မပေးနဲ့..."ကျန်းကျားရွေ့ ပြောလိုက်ပြီး "ငါတော့ သေမတတ်ပြေး လေ့ကျင့်ခန်း မလုပ်ချင်ဘူး..."
"အေးပါဟ..ငါလည်း ဒီတိုင်း သွေးပူအောင် လုပ်နေလို့ပါကွ...ဒီတစ်ခေါက်တော့ ဆရာလင်းကို ငါဘယ်လောက် သန်မာလဲဆိုတာ သိအောင် ပြပေးလိုက်မယ်..."ဖူချင်းရှန် ပေါ့ပါးစွာ ပြုံး၍ ပြောလိုက်လေသည်။ သူ၏ လေသံမှာ လင်းရီကို အသာလေး အနိုင်ယူနိုင်သည့် ပုံစံ ဖြစ်နေကြောင်း သိသာလေသည်။
"အားသုံးတာလည်း သုံးပေါ့ကွာ..ဒါပေမယ့် သိပ်အများကြီးတော့ မသုံးနဲ့ဦးနော်...မင်းကိုယ်ကြီးနဲ့ဆိုရင် တစ်ချက်တိုက်လိုက်တာနဲ့ ဆရာလင်း လွင့်သွားလောက်တယ်....တော်ကြာ ဆေးရုံရောက်သွားတော့မှဖြင့် ငါတို့ကို နည်းမပြ နိုင်ဖြစ်သွားနေဦးမယ်.."ကျန်းကျားကျွင်း လှောင်ပြောင် ထေ့ငေါ့လိုက်၏။
"မပူနဲ့ ..ငါလုပ်နေတာ ငါသိတယ်...ငါ့ခွန်အား ၃၀%လောက်ပဲ သုံးမှာ..."
မကြာမီ ဒုတိယအချီ စတင်လာပြီး လင်းရီ ဘက်စကက်ဘောပုတ်၍ အတွင်းစည်းလိုင်းသို့ တဟုန်ထိုး ၀င်ရောက်လာခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ဖူချင်းရှန်း သူ၏ ခုခံကာကွယ်မှုကို တိုးချဲ့၍ လက်မောင်း နှစ်ဖက်ကို ပိုက်ကွန်ကြီး သဖွယ် ဖြန့်ကားထားလိုက်၏။
"ဆရာလင်း...ဘယ်လိုလဲ..ကျွန်တော့်ခေါင်းကို ကျော်အောင် ခုန်နိုင်မှပဲ ခြင်းထဲ ထည့်လို့ရမှာနော်..."
ဖူချင်းရှန်း ၏ လေးနက်နေသော အမူအရာကိုမြင်တော့ စွန်းချန်းဝေ လက်ကိုပိုက်၍ ယုံကြည်မှုရှိသော လေသံဖြင့် "ဖူချင်းရှန်းက ခု အလေးနက်ထားနေပြီဆိုတော့ စောနကလောက် လွယ်ကူမှာ မဟုတ်တော့ဘူး...ခု ဆရာလင်းရဲ့ အားသာချက်တွေက ပျောက်ဆုံးကုန်ပြီ.... "
ထိုအချိန်တွင် ရှောင်ထျန် လင်းရီအတွက် အလွန်အမင်း စိုးရိမ်နေလေသည်။
လင်းရီ ဘောလုံးကို ခြင်းထဲသို့ ၀င်အောင် မည်သို့ ပစ်မည်နည်း။
"ဖူကြီး...ဘောလုံးကို သေချာလေး ကာနော်ဟျောင့်...ရာသီဥတုက ပူလွန်းတယ်..လမ်းမဖွင့်ပေးလိုက်နဲ့....အဲ့လိုဆို ဆရာလင်း သည်းမခံနိုင်တော့ပဲ ဒေါသထွက်လာလိမ့်မယ်.."
"ပြဿနာ မရှိဘူး.."ဖူချင်းရှန်း ရယ်မောလိုက်ပြီး "ဒါပေမယ့် ဆရာလင်းကို စိတ်ဆိုးအောင် လုပ်မိလိုက်လို့တစ်တန်းလုံး ကျနေမှဖြင့်.....ဟားဟား အဲ့ခါကျမှ အပြစ်လာမတင်ကြနဲ့ဗျ..."
ဒုန်း...
ရုတ်ချည်းဆိုသလို လင်းရီ ဖူချင်းရှန်နှင့် ပခုံးချင်း ယှဉ်တိုက်လိုက်ပြီး ဘက်စကက်ဘောကို ခြင်းထဲသို့ အသာအယာလေး ပစ်ထည့်လိုက်၏။
"ဘယ်...ဘယ်လိုလုပ် ဖြစ်နိုင်မှာ..."
လူတိုင်း ကြက်သေသေနေကြပြီး သူတို့ မြင်နေရသည်ကိုပင် မယုံကြည်နိုင်ကြတော့ချေ။
လင်းရီ ဖူချင်းရှန်းနှင့် ပခုံးချင်း ယှဉ်တိုက်လိုက်သောအခါ ဖူချင်းရှန်းမှာ နောက်သို့ လွင့်သွားခဲ့၏။
ပေါင်၂၀၀လောက်ရှိတဲ့ လူကောင်ကြီးက တစ်ချက်လေး တွန်းလိုက်တာနဲ့ လွင့်ထွက်သွားတယ်တဲ့လား..
ငါတို့ ဘာကို မြင်နေရပါလိမ့်....
ဘောလိဝုဒ်ကား ကြည့်နေရတာများလား...
ဖူချင်းရှန်းလည်း လင်းရီကို ပြူးကျယ်စွာ ကြည့်နေပြီး သူ၏ မျက်၀န်းများထဲတွင်တော့ မယုံကြည်နိုင်မှုများက အထင်းသား ပေါ်နေလေသည်။
သူတို့နှစ်ဦးကြား ဝိတ်တန်းကွာခြားမှုမှာ ပေါင် ၄၀ မကပေ။ သို့တိုင်အောင် သူက တစ်ချက်ထဲနှင့် လွင့်သွားသည်လော....
အဆက်အသွယ်များနှင့် ၀င်လာသည့် ခပ်ချောချောကောင်လေးမှ ထိုကဲ့သို့ အင်အားများရှိနေသည်ကို မယုံကြည်နိုင် ဖြစ်နေလေသည်။
"ဟျောင့် ဖူကြီး..သေချာ အာရုံစိုက်ထားစမ်းပါဟ..ဒီတိုင်းဆို အားလုံး အမောဆို့အောင် ပြေးရတော့မှာပဲကွာ...."
"အေးပါဟ အေးပါ..ငါသိပါတယ်..."
ဖူချင်းရှန်း သူ့နဖူးမှ ချွေးအေးများကို သုတ်၍ ပြောလိုက်လေသည်။
တတိယအချီ ပြန်လည်စတင်ပြီး လင်းရီ ဘက်စကက်ဘောကို ပုတ်ကာ အတွင်းစည်းသို့ တဟုန်ထိုး ပြေး၀င်လာခဲ့၏။ ဖူချင်းရှန်နှင့် မီတာ၀က်လောက် အကွာအဝေးခန့် ရောက်သောအခါ လေပေါ်သို့ တစ်ကိုယ်လုံး ခုန်တက်လိုက်ပြီး ခြင်းထဲသို့ ထည့်ကာ ခြင်းတွင် ခေတ္တမျှ တွဲလျောင်းနေပြလိုက်၏။
"ဖက်ခ်..ဒါ...ဒါက MCGrady ရဲ့ အမှတ်ကညာ အကွက်ပဲကွ.....လုံး၀ ကို ဆေးခြယ်ထားတဲ့ ပန်းချီကားလိုပါပဲလား..လှရက်လိုက်တာ."
လင်းရီ ဘောလုံးကို ပြန်ယူလိုက်ပြီး ပြုံးကာ "မင်းစကေး နဲ့ ငါ့ကို နိုင်မယ်လို့ ထင်နေသေးတာလား..."
"ကျုပ် 1 vs 1 မဆော့တာ ကြာလို့ပါ...အဲ့တာကြောင့်...."
ကျောင်းအသင်း၏ အလယ်တန်း ကစားသမားတစ်ယောက်အနေဖြင်ဘ ဖူချင်းရှန်း လွန်စွာ အရှက်ရနေပီး မဲမှောင်နေသည့် မျက်နှာထားဖြင့် ကိုးရို့ကားယား ပြောလိုက်သည်။
"ဆရာလင်း..ကျွန်တော်တို့ နိုင်ပွဲကို တစ်ခေါက်တည်းနဲ့ ဆုံးဖြတ်ကြမယ်..ဒီအချီမှာ ဆရာလင်း ဘောလုံး၀င်အောင် ပစ်နိုင်ခဲ့ရင်ဆရာလင်း အနိုင်...ကာကွယ်နိုင်ခဲ့ရင်တော့ ကျွန်တော့်ရဲ့ နိုင်ပွဲပဲပေါ့..ဘယ်လိုလဲ အဆင်ပြေလား.."
"ပြဿနာမရှိဘူး.."
အနိုင်အရှုံးကို တစ်ပွဲတည်းနှင့် ဆုံးဖြတ်တော့မည်ကို မြင်တော့ လူတိုင်း၏ အမူအရာမှာ အလွန်အမင်း လေးနက်လာကြတော့၏။
ယခု ပွဲစဉ်မှာ သာမညောင်ည လက်ရည်စမ်းပွဲ မဟုတ်တော့။ ဂုဏ်သိက္ခာ နှင့် ဆိုင်သည့် ပွဲဖြစ်သွားချေပြီ။
အကယ်၍ ဖူချင်းရှန်းသာ အပျော်လင်ကဲ့သို့ ဤနွဲ့တိနွဲ့နှောင်းသူကိုပင် မနိုင်ပါက ကျောင်းတွင် မျက်နှာထားစရာ နေရာရှိလိမ့်မည် မဟုတ်တော့ပေ။
လင်းရီကတော့ လုံး၀ တည်တည်ငြိမ်ငြိမ်ပင်။ စောနက ကဲ့သို့ ဘောလုံးကို ဘတ်စကက်ဘောကို ပုတ်ပြီး ဖူချင်းရှန်းထံသို့ ပြေး၀င်သွားလိုက်၏။
၎င်းကို မြင်တော့ ဖူချင်းရှန်း နှာခေါင်းရှုံ့၍ "ဟမ့် တစ်ခါပဲ ရမယ်..နှစ်ခါမရဘူး..."
လင်းရီကတော့ ဘာမျှ ပြောမနေပဲ အဝေးမှပင် လေပေါ်သို့ ခုန်တက်၍ စစ်ပုဆိန်ပုံစံ ပြုလုပ်လိုက်ပြီး ဘောလုံးကို ပေါင်ကြားထဲမှ ထုတ်ကာ ခြင်းထဲထို့ ဘန်း ခနဲ မြည်အောင် ပစ်သွင်းလိုက်သည်။
"ဒါ....ဒါက ခြင်းခိုသွင်း အကွက် မဟုတ်ဘူးဟ..စစ်ပုဆိန်ပုံစံပဲ... "
ဒုန်း...
ဖူချင်းရှန်း အထင်မှာ လင်းရီ ခြင်းခိုသွင်းမည်ဟု ထင်ထားခဲ့ခြင်းပင်။ ထို့ကြောင့် ရုတ်တရက် ကြောင်အသွားခဲ့ပြီး သူ့အပေါ်မှ အနက်ရောင် အရိပ်တစ်ခုမှ ဖြတ်ကျော်သွားသည်ကိုသာ မြင်လိုက်ရသည်။
ဘက်စကက်ဘောမှာ ခြင်းထဲမှ တစ်ဆင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ကြမ်းပြင်နှင့် ဘောလုံး ရိုက်ခပ်သံ သဲ့သဲ့ကို ကြားနေရ၏။
ဖူချင်းရှန်း ဘက်စကက်ဘောမှာ ခြင်းထဲသို့ ၀င်သွားသည်ကို မြင်နေရသော်လည်း ထင်ယောင်ထင်မှား ဖြစ်ပါစေဟုသာ ဆုတောင်းနေမိသည်။
"ဖက်ခ်..ဖက်ခ်..စွန်း လန်းတယ်ကွာ..."
ရှောင်ထျန်၏ နှုတ်ခမ်းများမှာ ပွင့်ဟနေပြီး မျက်လုံးလှလှလေးများမှာလည်း မယုံကြည်နိုင်ဟန်ဖြင့် အပြူးသားဖြစ်နေတော့သည်။
လင်းရီရဲ့ ဘတ်စကက်ဘော စကေးကြီးက နတ်ဘုရား မဆန်လွန်းဘူးလား...
ဒီလောက်တော်နေမှတော့ သူ သင်နိုင်တယ်လို့ ပြောတာ မဆန်းတော့ပါဘူး..
"ကဲ..ပွဲပြီးပြီးနော်...လေးခေါက် ပြေးပေတော့..."
"ဆ...ဆရာလင်းက အရမ်းသန်မာတာပဲ..."
ဖူချင်းရှန်း မယုံကြည်နိုင်သည့် လေသံဖြင့် ပြောလိုက်သည်။
"၁၈၀ စင်တီမီတာ လောက်ပဲရှိတဲ့လူက ဖရီးပစ်တဲ့လိုင်းကနေ စစ်ပုဆိန် ပုံစံ အနေအထားနဲ့ ခုန်ပစ်လိုက်တယ်ဆိုပဲ...ဒါ...ဒါကြီးက လုံး၀ လန်းလွန်းတယ်..."
"ဒါတောင် လက်ရည်ကျသွားတယ် ပြောရမယ်..ကျောင်းတုန်းကဆို ဒီထက်တောင် ပိုမိုက်သေးတယ်..."
"ကျောင်းတုန်းက ..."ဖူချင်းရှန်း အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်ပြီး "ဆရာလင်းက ကျောင်းအသင်းမှာ ကစားခဲ့သေးတာလား..ဘယ်ကျောင်းလဲ.."
"ကျိုးဟိုင် အဆင့်မြင့် သိပ္ပံကောလိပ်မှာလေ...မင်းတို့ ပြောနေတဲ့ နွေရာသီ ကျောင်းပေါင်းစံ ပြိုင်ပွဲ ချန်ပီယံကို ရခဲ့တာလည်း ငါတို့ အသင်းပဲ..."