Vol. 16 Ch. 239
Vol. 16 Ch. 239
"ချန်...ချန်ပီယံ...."
လူတိုင်း ကြက်သေသေသွားပြန်သည်။
ဘတ်စကက်ဘော နတ်ဘုရားများလား...
ကြည့်ရတာတော့ အဆက်အသွယ်အားကိုးနဲ့ မဟုတ်ပဲ ကိုယ့်အစွမ်းအစနဲ့ကိုယ် လာခဲ့တာနေမှာ...
လင်းရီ၏ စကေးများမှာ မဆိုးသော်လည်း သူ၏ အရပ်အမောင်းကြောင့် စောနက စစ်ပုဆိန်ပုံစံ လှုပ်ရှားမှုကို ပြုလုပ်ရန် ခက်ခဲ၏။
သို့သော်လည်း စနစ်၏ ထောက်ပံ့ပေးမှုကြောင့် ပြဿနာ မရှိခဲ့ပေ။
စစ်ပုဆိန်ပုံစံ ပစ်သွင်းခြင်းမှာ ယခုတော့ သူ့အတွက် အီးဇီးဖြစ်သွားချေပြီ။
"ကောင်းပြီ..လေပေါနေတာတွေ တော်တော့..သေမတတ်ပြေး လေ့ကျင့်ခန်း လေးခေါက်လုပ်မယ်..ပြီးတာနဲ့ တကယ့်လက်တွေ့ လေ့ကျင့်မှုတွေ လာမယ်..."
"ဟုတ်ကဲ့..."
လင်းရီ၏ စကေးများကို တွေ့မြင်ပြီးနောက် အယောက်ငါးဆယ်လုံးမှာ တစ်ခွန်းမျှ အတွန့်မတက်ကြတော့ပဲ သေမတတ်ပြေးခြင်း လေ့ကျင့်ခန်းကို လုပ်တော့၏။
ဒီလို နတ်လုရားဆန်တဲ့ နည်းပြဆီမှာ မသင်ချင်ရင်တော့ ရူးနေလို့ပဲ..
"ဆရာလင်း ...အားလုံးလည်း အဆင်ပြေပြီဆို တော့ ကျွန်တော့်ကောင်တွေကို ဆရာလင်းလက်ထဲ အပ်ခဲ့ပြီဗျာ..သွားခွင့်ပြုပါဦး.."
ချန်းဝေ ချွေးအေးများကို တိတ်တဆိတ် ခိုးသုတ်၍ ပြောလိုက်သည်။
"အိုကေ.."လင်းရီ ဘာမျှ ထွေထူးပြန်ပြောခြင်းမရှိပဲ ခေါင်းညိမ့်ပြလိုက်၏။
လင်းရီ သူ့ကို မကျေနပ်မှန်း ချန်းဝေ သိသော်လည်း မျက်စိရှေ့မှ လျင်မြန်စွာ လစ်ထွက်ခဲ့သည်က ပိုကောင်းပေသည်။
ခန်းမထဲတွင် ဖူချင်းရှန်းနှင့် ကျန်သူများကတော့ ချွေးတစ်လုံးလုံးဖြင့် ရှေ့မှနောက်သို့ ပြေးလွှားနေကြပြီး လင်းရီနှင့် ရှောင်ထျန်တို့ကတော့ ဘေးမှ ရပ်ကြည့်နေလေသည်။
"လင်းရီ နင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲနော်..နင် ဘတ်စကက်ဘော ကစားတာ ဒီလောက်တော်မှန်း ငါတောင် မသိဘူး..ဒီလိုမှန်း သိရင် နင့်နောက် မလိုက်ခဲ့ပါဘူးဟယ်..."
"ပြောသားပဲ..စကားမှ နားမထောင်ချင်တာ..."
"အဲ့တာကလည်း နင့်ကို စိုးရိမ်လို့ပဲလေ..."ရှောင်ထျန်သူမ ဆံပင်ကို လက်ညိုးဖြင့် လိမ်ချည် ဆော့နေလိုက်ပြီး "ဘက်စကက်ဘော အတန်းက အေးဆေး ဖြစ်သွားပြီဆိုတော့ နေနေလည်း အလကားပဲ..သွားတော့မယ်..နောက်တစ်ချိန်ကျ ကောလိပ်ကျောင်းသားများ အသက်မွေး၀မ်းကြောင်း အစီအစဉ် ရှိသေးတာ မမေ့နဲ့ဦးနော်...နောက်ကျရင် ငါနဲ့တွေ့ပြီသာမှတ်..."
"မပူနဲ့..ငါက အမြဲတမ်း အချိန်မှန်တဲ့ လင်းရီလေ.."
ရှောင်ထျန် ထွက်သွားပြီးနောက်ပိုင်း လင်းရီ တစ်ယောက်တည်း အတန်းကို ဆက်လက် ဦးစီးနေလိုက်၏။
လင်းရီ၏ မှင်တက်ဖွယ်ရာ ခွန်အားများကြောင့် ဘက်စကက်ဘော အတန်းကို သင်ပြရာတွင် မည်သည့် အခက်အခဲမျှ မရှိခဲ့ချေ။
မကြာမီ ကျောင်းသားများအားလုံး ပြေးပြီးသွားကြပြီး လင်းရီမှ လက်ကျန် လေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်ရန် အမိန့်ပေးလိုက်သည်။
အတန်းချိန်ပြီးနောက် လူတိုင်း လင်းရီကို ကြည့်သည့် အကြည့်တို့မှာ ပုံစံပြောင်းသွားပြီး ကြောက်ရွံ့ရိုသေများ ဖြစ်လာကြ၏။
လင်းရီ၏ စကေးများမှာ ဆရာစွန်းထက် သာလွန်နေသည်မှာ လုံး၀ အသေအချာပင်။
အနည်းဆုံးတော့ သူတို့ကို နည်းပြပေးရန် လုံလောက်သည်ထက် ပိုနေလေသည်။
ယောက်ျားတို့၏ စံသတ်မှတ်ချက်ကတော့ ရိုးရှင်းသည်။ ခွန်အားကြီးသူက အကောင်ပင်။
သင်ခွန်အားကြိးနေသမျှ ကာလပတ်လုံး သင့်ကို ရိုသေလေးစားကြလိမ့်မည်။
ထိုလေးစားမှုမှာလည်း ရင်ထဲအသည်းထဲမှ နှစ်နှစ်ကာကာ ရိုသေ လေးစားခြင်းပေတည်း။
သို့သော် အမျိုးသမီးတို့၏ စံသတ်မှတ်ချက်ကတော့ ခြားနား၏။
အကယ်၍ သူမတို့ထက် ကိုယ်လုံးကိုယ်ပေါက် ဖွံ့ထွားသူ၊ ရုပ်ရည်လှပသူကို တွေ့လိုက်ပါက သေချာပေါက် မနာလိုစိတ်များ ပေါ်ပေါက်လာပြီး ကိုယ့်ကိုယ်ကို မုန်းတီးလာပေလိမ့်မည်။
ခေါင်းလောင်းထိုးသံ ပျံ့လွင့်လာသောအခါ လင်းရီ အတန်းဖြုတ်လိုက်၏။
တစ်ချိန်တည်းတွင် လင်းရီ စနစ်၏ မစ်ရှင် ပြီးမြောက်မှုကို ကြည့်လိုက်သောအခါ (၂/၂၀)ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ယခု နှုန်းထားအတိုင်း ဆက်သွားမည်ဆိုပါက မစ်ရှင်ပြီးမြောက်ရန် ဆယ်ရက်သာ ကြာပေလိမ့်မည်။
မစ်ရှင်မှာ မခက်ခဲသော်လည်း တစ်ခုတည်းသော ချို့ယွင်းချက်မှာတော့ မစ်ရှင်ပြီးမြောက်ရန် အချိန်ကြာမြင့်ခြင်းပင်။
ထိုအချက်ကိုတော့ လင်ူရီ သိပ်သဘောကျခြင်းမရှိ။
......
ကာယ ဌာန။
ကျန်းရဲ့နှင့် ပန်တုန်ရှင်းတို့ ရုံးခန်းဆီ ပြန်ရောက်လာသောအခါ စွန်းချန်းဝေ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။
"ဘယ်လိုလဲ စွန်းကြီး..ကျောင်းသားတွေက လင်းရီကို အမှုန့်ဖြစ်အောင် လုပ်လိုက်ပြီလား..."
"အင်း ..တစ်ယောက်ယောက်ကတော့ အမှုန့်ကြိတ်ခံလိုက်ရပြီ..."ချန်းဝေ စိတ်၀င်စားမှု အလျင်းကင်းမဲ့စွာ ပြောလိုက်ပြီး "ဒါပေမယ့် လင်းရီကို အမှုန့်ကြိတ်လိုက်တာတော့ မဟုတ်ဘူး..လင်းရီက ကျောင်းအသင်းတစ်သင်းလုံးကို အမှုန့်ဖြစ်အောင် လုပ်လိုက်တာ...ခု အားလုံး သူ့လက်ခုပ်ထဲက ရေတွေ ဖြစ်ကုန်ပြီ "
ကျန်းရဲ့ ပြောလိုက်သည်။
"ဟမ်...."
နှစ်ယောက်သား မယုံကြည်နိုင်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
"လာနောက်မနေနဲ့..ငါတို့က ကျောင်းအသင်းရဲ့ လက်စွမ်းကို မသိရင် ခက်မယ်..."
"ငါတောင် အဲ့ကောင် တွေရဲ့ ပြိုင်ဘက် မဟုတ်တာ..မိန်းမရုပ်နဲ့ကောင်က ဘယ်လိုလုပ် အဲ့ကောင် တွေကို အမှုန့်ကြိတ်နိုင်မှာလဲဟ..."
"ဟင်း...မင်းမမြင်လိုက်လို့နော်...ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြရင် ယုံမှာတောင် မဟုတ်ဘူး..."စွန်းချန်းဝေ သက်ပြင်းတစ်ချက်ချရင်း စိတ်ပျက်နေဟန်ဖြင့် ပြောလိုက်လေသည်။
"သူ့ရဲ့ ဘတ်စကက်ဘော စကေးတွေက ငါ့ထက်မတော်ဘူးဆိုရင်တောင် ငါ့အောက်တော့ မလျော့ဘူး..ပြီးတော့ ဖူချင်းရှန်းတစ်ယောက်လုံးရဲ့ အကာကွယ်အောက်မှာတောင်မှ အမှတ်တွေ ယူပြသွားတာမှ အကြိမ်ကြိမ်ပဲ...အဲ့အချိန်တုန်းကဆို ငါ လန့်သွားတာ ေ-သလုမတတ်ပဲ...ငါတော့ သူ့ခြေထောက်အောက်မှာ စပလိန် တပ်ထားသလား အောက်မေ့ရတယ်..ခုန်ပြသွားတာက လုံး၀ ဂျွတ်ဆင်ကြီး... "
"အဲ့လောက်တောင်လားဟ..ငါတို့ကပဲ သူ့ကို အထင်သေးမိနေကြတာလား..."
"အင်း..အထင်သေးခဲ့ကြတာ..သူက ကျောင်းတုန်းက အသင်းရဲ့ အဓိကတိုက်စစ်မှူးတင် မကသေးဘူး ချန်ပီယံဖလားကိုပ့ ဆွတ်ခူးပေးထားတဲ့ မခေသူကြီးဟ..မင်းအကြံက သူ့အပေါ်မှာ အလုပ်မဖြစ်ပါဘူးကွာ..."
စွန်းချန်းဝေ သက်ပြင်းမောကြီး တစ်ချက်ချလိုက်၏။ သူ့အတွက်တော့ အတန်းချိန် ဘောနပ်စ်လေး ရဖို့ရာ မျှော်လင့်ချက် မဲ့ပြီတူသည်။
"မင်းအမှားမဟုတ်ပါဘူးကွာ..ငါတို့လည်း သူ ဘတ်စကက်ဘောကစားတယ တော်မယ်လို့ ဘယ်သူက ထင်ထားမှာ..."
ချိန်ကျန်းရဲ့ စွန်းချန်းဝေ၏ ပခုံးကို ပုတ်၍ ပြောလိုက်လေသည်။
"မနက်ဖြန် တိုက်ကွမ်ဒို ကလပ်ရှိတယ် မဟုတ်လား..ငါမင်းအတွက်ပါ ပေါင်းပြီး လက်စားချေပေးမယ်..."
"မင်းသု့ကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ.."
"ဘယ်လိုကိုင်တွယ်ရမှာ..ထုံးစံအတိုင်း စိန်ခေါ်ပြီး ယှဉ်ဖိုက်မှာပေါ့ကွ..."
ချိန်ကျန်းရဲ့ ပြုံးလိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်ပြီး
"နောက်ပြီးတော့ လက်သီးတွေ ခြေထောက်တွေမှာ မျက်လုံး မပါဘူး လေ...ဆိုတော့ ပြဿနာ ဖြစ်ခဲ့ရင်တောင် အေးဆေးဖြေရှင်းလို့ရတယ်...ပြောရရင် သူ့ကို နဂါးမှန်း သိအောင် အမောက်ထောင်ပြလိုက်ဦးမယ်..ငါ ချိန်ကျန်းရဲ့ က လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူးလို့.."
"အေးပါကွာ...အဲ့တာဆိုလည်း မနက်ဖြန်ကျ မင်းဆီကနေ သတင်းကောင်းကို မျှော်နေမယ်..."
"အိုကေ..စောင့်သာနေလိုက်..."
.....
ဘက်စကက်ဘော အတန်းပြီးနောက် လင်းရီ လက်ချာတန်းသို့ တန်းသွားလိုက်သည်။
ပထမ တစ်ခေါက်ကကဲ့သို့ လက်ချာတန်း၏ ၉၀%မှာ မိန်းကလေးများ ဖြစ်နေပြီး ကျန်၁၀%ကတော့ တောင်မရောက် မြောက်မရောက်များဖြစ်ကြ၏။
ယင်းကလည်း လင်းရီ၏ ကောင်းကင်သားတော်တမျှ ခန့်ညားလှသော ရုပ်ရည်ကြောင့်သာ။
အစကတော့ လင်းရီ ထိုလက်ချာတန်းကို ဖောရှောရိုက်၍ အဆုံးသတ်မည်ဟု စီစဉ်ထားသော်လည်း ကောင်မလေးများ၏ အရောင်တလဲ့လဲ့ဖြင့် စူးရှသော အကြည့်များဖြင့် ရင်ဆိုင်ရသည့် အခါတွင်တော့ လင်းရီ ပထမဆုံးအဖြစ် ကြွားလုံးထုတ်ရမှာကို ရှက်ရွံ့သလိုလို ခံစားလာခဲ့ရသည်။
ထိုသို့ဖြင့် အတန်း ပြီးဆုံးသွားသည့်အချိန်တွင်တော့ လင်းရီ သူ၏ ပစ္စည်းများကို သိမ်းပြီး ရုံးခန်းသို့ ပြန်လာခဲ့လိုက်၏။
"အလုပ်မဆင်းကြသေးဘူးလားဟ..."
"အစ်မထျန်က ကြိုဆိုတဲ့အနေနဲ့ ဒီနေ့ည လူတိုင်းကို ဒကာခံမယ်ပြောထားတယ်လေ..အဲ့တာ ဂုန်းဆင်းဖို့ စောင့်နေတာ..."
"ဟမ် ဘာလို့လဲကွ..အပြင်လူတွေလဲ မဟုတ်ပဲနဲ့ ဘာလို့ ကြိုဆိုပွဲတွေ လုပ်နေဦးမှာ..."
၀မ်ရင်း အိမ်၌ ရှိနေသောကြောင့်လင်းရီ ရှောင်ထျန်၏ ဖိတ်ခေါ်မှုက်ု ငြင်းဆိုလိုက်သည်။
အိမ်သို့ ပြန်ရောက်လာသောအခါ လင်းရီ အ၀တ်ချိတ်များကို တွေ့လိုက်ရပြီး ၀မ်ရင်းမှ အင်္ကျီလှန်းထားသည်ကို မြင်လိုက်ရ၏။
သူ၏ အတွင်းခံများကိုတောင်မှ လျှော်ထားပေးသေးသည်။
ဘယ်လောက်တောင် ချစ်ဖို့ ကောင်းထားလဲ...
သူအိမ်ထဲသို့ ၀င်လိုက်သောအခါ ၀မ်းရင်းမှ အေပရွန်၀တ်ထားပြီး ချည်သား ညအိပ်၀တ်စုံဖြင့် မီးချောင်ထဲတွင် ညစာအတွက် အလုပ်ရှုပ်နေသည်ကို မြင်တွေ့လိုက်ရ၏။
လင်းရီ၏ အာရုံကတော့ ဟင်းတွင် ရှိမနေပဲ အထဲရှိ အတွင်းသားလေးများကို ထွင်းဖောက် မြင်နေရသည့် လုံးကားနေသော အိုးကြီးများထံတွင်အာရုံရောက်နေလေသည်။
"စင်ဂယ် ကောင်ဆိုးလေးရဲ့ အိမ်မှာ ဒီလိုတွေ ၀တ်ပြနေတယ်ဆိုတော့ အစ်မရင်း အစားခံရမှာ မကြောက်ဘူးလား....ဒီက စိတ်မထိန်းနိုင်ရင်တော့နော်..ဟွင်းဟွင်း...
"မထိန်းနိုင်တော့လည်း အစ်မက ဘယ်တတ်နိုင်မှာ..."၀မ်ရင်းမှ ရမ္မက်များ မွတ်သိပ်နေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ပြီး
"အစ်မက အားနွဲ့တဲ့ မိန်းမသားလေ..မောင်လေးရီသာ အတင်းတောင်းဆိုမယ်ဆိုရင် အစ်မက ဘယ်လိုလုပ် ရုန်းနိုင်မှာလဲလို့..ဒါပေမယ့် ဥက္ကဌကျီသာ သိသွားလို့ကတော့ အစ်မနဲ့ ဘာမှ ဆိုင်ဘူးနော်..."၀မ်ရင်း ပြောလိုက်၏။
လင်းရီ ယုတ်မာတော့မည့် အပြုံးကြီးဖြင့် လျှောက်လာခဲ့ပြီး ၀မ်းရင်း၏ နူးညံ့တုန်အိနေသော တင်ပါးကို ဖြန်းကနဲရိုက်ကာ "ကျွန်တော် မလုပ်ရဲဘူးလို့များ ထင်နေတာလား..."
"အဟင့်....မောင်လေးရီက အရမ်းဆိုးတာပဲ.....မလုပ်ရဲတာ ဘာမှ မရှိဘူးနော်..."
၀မ်ရင်း ယောက်မကို အသာချ၍ ပြောလိုက်၏။ လင်းရီ အနောက်မှ သူမတင်ပါး ရိုက်နှက်သွားသည်ကို လုံး၀ စိတ်ဆိုးဟန်မပြ။
ထို့နောက် ပြုံး၍ "ဘယ်လိုလဲ ..အရသာရှိတယ်မလား...နောက်တစ်ကြိမ်လောက် ထပ်မရိုက်ချင်ဘူးလား..."