← Chapters

Vol. 16 Ch. 240

Vol. 16 Ch. 240

Vol. 16 Ch. 240

Vol. 16 Ch. 240

"ဒါပေါ့..အရမ်းအရသာ ရှိတယ်...အစ်မရင်းလည်း ဒီလိုမျိုးဖြစ်အောင် တော်တော်လေး ကြိုးစားထားရမှာပဲနော်...."

"ဒါပေါ့ဟဲ့..ယောဂလုပ်နေတာက အလကားမှ မဟုတ်တာ"၀မ်ရင်း ယောက်မကို ပြန်ကိုင်လိုက်ပြီး

"ဧည့်ခန်းထဲမှာ စောင့်နေလိုက်..ဟင်းတွေက ခဏနေဆို ရတော့မှာ.."

"အိုကေ..."

မကြာမီ ဟင်းလေးပွဲနှင့် စွပ်ပြုတ်တစ်ပွဲမှာ စားပွဲပေါ်၌ တည်ခင်းထား၏။ အမြင်နှင့်တင် စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားလေသည်။

စားသောက်နေစဉ် လင်းရီ တောင်ကြည့်မြောက်ကြည့်ဖြင့် ဆိုဖာနား ချထသည့် ခရီးဆောင်အိတ် အနက်ရောင်လေးကို တွေ့သွားခဲ့သည်။

"အစ်မရင်း အထုပ်အပိုးတွေ ပြင်ထားတာလား.."

"အွန်း..အတွင်းကနေ ၀ယ်တာဆိုတော့ ပုံမှန်ထက် စောပြီး ၀င်နေလို့ရတယ်လေ..အဲ့တာကြောင့် ကြိုပြောင်းထားပြီး ကျန်တာကိုတော့ နောက်မှ ဆက်လုပ်တော့မယ်..."

"အဲ့တာကြောင့်မို့ ဒီနေ့ အထုပ်အပိုးတွေ ကြိုပြင်ထားတာ...မနက်ဖြန်ဆို ပြောင်းတော့မယ်..."

"ဘာလို့ ထွက်သွားဖို့ အလျင်လိုနေတာလည်း အစ်မရင်းရယ်...ကျွန်တော့်ဆီမှာ နေရတာ မပျော်လို့လား..ကျွန်တော်ကလည်း အစ်မရင်း နေတာကို မကြည်ဖြူဘူးလို့ မပြောမိပါဘူး..."

"ဟွန့်...အစ်မရင်း နင့်အကြောင်း မသိရင်ခက်မယ်..ဘာပဲပြောပြော ဒါက နင့်အိမ်လေ..တစ်ကယ်လို့ ဥက္ကဌကျီ ရောက်လာတဲ့အချိန်ကျ အစ်မတို့နှစ်ယောက် အတူနေတာက်ု မြင်သွားရင် ဘယ်မျက်နှာ ကောင်းတော့မှာ.....မောင်လေးရီ ကူညီထားတာလည်း လုံလောက်နေပါပြီလေ..တော်ကြာ အစ်မရင်းကြောင့် မောင်လေးရီနဲ့ ဥက္ကဌကျီတို့ကြား ဆက်ဆံရေး အဆင်မပြေဖြစ်သွားရင် အစ်မက ကြားကနေရင်း အပြစ်မကင်းသလို ခံစားရလိမ့်မယ်.."

"အစ်မရင်း တွေးနေသလောက်လည်း မဆိုးပါဘူးဗျာ.....ဘာလို့ အဲ့လောက် တစ်ဆုံးကြီး တွေးပစ်လိုက်တာလဲ အစ်မရင်းရယ်..."

"မထူးတော့ပါဘူးလေ..အထုပ်တွေတောင် ပြင်ထားပြီးမှတော့ မနက်ဖြန်မနက်ပဲ ပြောင်းလိုက်တော့မယ်..."

၀မ်ရင်း ပြောလိုက်ပြီး "နောက်ကျ မောင်လေးရီ စိတ်အပမ်းဖြေချင်ရင် အစ်မဆီ လာလည်ပေါ့...ဥက္ကဌကျီက အထာတွေ ကိုင်ရင် ကိုင်နေမှာ....အဲ့ခါကျ အစ်မရင်းက ဖြေလျော့ပေးမယ် သိလား"

လင်းရီ ပြုံးလိုက်ပြီး မကြားချင်ယောင်ဆောင်ကာ "အစ်မရင်း ဆုံးဖြတ်ပြီးပြီ ဆိုရင်လည်း မတားတော့ဘူး..ကျွန်တော် ရွေ့ဖို့ လူတွေ ခေါ်ပေးရဦးမလား..."

"ရတယ် ရတယ်..အစ်မ ရွေ့ပြောင်းတဲ့ ကုမ္ပဏီက်ု ခေါ်ထားပြီးသား..နောက်ပြီးတော့ ပစ္စည်းတွေကလည်း ဘာမှ ထွေထူးကြီး များတာ မဟုတ်ဘူး..အဲ့လောက်ကြီး လုပ်မနေနဲ့..."

လင်းရီ ခေါင်းညိမ့်လိုက်၏။ ၀မ်ရင်း၏ အခြေနေကို အသိဆုံးဖြစ်သောကြောင့် သူမတွင် ရွေ့စရာ ပစ္စည်း သိပ်ရှိလိမ့်မည် မဟုတ်ချေ။

သို့နှင့် ညစာစားပြီးနောက် ကိုယ်စီ အခန်းသို့ ပြန်ကာ အနားယူလိုက်ကြသည်။

နောက်တစ်နေ့ နံနက်တွင်တော့ ၀မ်ရင်း အိမ်ပြောင်းရန် အထုပ်အပိုးများဖြင့် ထွက်သွားခဲ့လေသည်။

လင်းရီလည်း အလုပ်စရန် ကျောင်းသို့ မောင်းလာခဲ့လိုက်၏။

လမ်းတွင်တော့ ကျီချင်းရန်ထံမှ ဖုန်း၀င်လာခဲ့ပြီး "ရီ...နင်ကခုတလော အလုပ်တွေ အရမ်းမျာနေတာလား..ဖုန်းလေးတောင် ဆက်ဖော်မရတော့...."

"ငါလား...ခု အီရန်ဘွိုင်းအလုပ်ကနေ ထွက်လိုက်ပြီလေ..."လင်းရီ ပြောလိုက်ပြီး "ခု ကျောင်းပြန်ပြီး စာပြန်သင်နေတာ...."

"တကယ်ကြီးလား..."

"အင်း...ကျောင်းမှာ ဘတ်စကက်ဘောနဲ့ တိုက်ကွမ်ဒို နည်းပြလုပ်နေတာလေ..အဲ့လိုမျိုးနေရတာလည်း ဆိုးတော့ မဆိုးပါဘူး..."

"နင်က ဘတ်စကက်ဘောနဲ့ တိုက်ကွမ်ဒိုလည်း ကစားတတ်တယ်ပေါ့..."

"ငါလည်း မသိရပါလား.."ကျီချင်းရန် အံ့ဩနေသည့် လေသံဖြင့် မေးလိုက်သည်။

"ငါက ယောဂလည်း သိသေးတယ်နော်...ညအားတယ်..ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးရမလား.."

"ဟွန့်..နင်အတွေးတွေ မသိဘူးများ မှတ်မနေနဲ့..နင်ငါ့ကို အသားယူချင်နေတာမလာ..."

"ဘယ်နားကသာ...သင်ပြချင်စိတ်သပ်သပ်နဲ့ပဲ လေ့ကျင့်ပေးမလို့ပါဟ...လူကို နာမည် လာဖျက်နေတယ်...စွန်း၀မ်းနည်းသွားပြီ..."

"ဘယ်လိုပဲပြောပြော မရဘူးဆို မရဘူးပဲ...ငါတော့ နင့်ကို အသာယူခွင့် လုံး၀ မပေးနိုင်ဘူး..ဟွန့်..နင့်အကြံတွေကို လက်လျှော့လိုက်တာ ကောင်းမယ်..."

"ကောင်းတာပေါ့..ဘာပဲပြောပြော ကျောင်းမှာ ကောင်မလေးတွေကလဲ သင်ချင်လွန်းလို့ တန်းစီနေကြတာကိုများ..."

"နင်ဘယ်လိုတောင် လုပ်ရဲတာလဲ."ကျီချင်းရန် စိတ်တိုနေဟန်ဖြင့် ပြောလိုက်၏။

"ဒါ ကျွန်တော့်ရဲ့ ရွေးချယ်ပိုင်ခွင့်ပဲလေ..ဘော့စ်ကျီနဲ့ ဘာမှ မဆိုင်ဘူး မဟုတ်လား..."

"ကျွတ်..နင်နဲ့ ပြိုင်ငြင်းရမှာ ပျင်းတယ်..."

ကျီချင်းရန်လည်း သူမဘက်မှ မှားနေမှန်း သိသောကြောင့် စိတ်မလုံမလဲ ဖြစ်သွားခဲ့ပြီး ခေါင်းစဉ်ပြောင်းလိုက်လေသည်။

"ယွမ်ယွမ် နေ့လည်ကျရင် ငါ့ဆီလာပြီး ဘဏ္ဍာရေး အခြေနေအကြောင်း ဆွေးနွေးမှာ..နင်ကော ပါဦးမလား..."

"ငါက လာပြီး ဘာလုပ်ရမှာ...မင်းတို့ဘာ မင်းတို့ ပြောကြပေါ့..."

"နင့်မှာ နေ့လည်ကျ ဘာမှ လုပ်စရာ မရှိမှာ ဆိုးလို့ဟေ့..ဒီလာပြီး အဲကွန်းအရသာလေး လာခံလေ..."

"ငါ့ရုံးခန်းထဲမှာလည်း အဲကွန်းက ရှိသားပဲ..ဘာဆိုင်လို့ မင်းရုံးခန်းအထိ လာရမှာ..."

"ဘာလို့လဲ....မင်းရဲ့ အဲကွန်းရနံ့က မွှေးလို့လား.."လင်းရီ မေးလိုက်၏။

"အွန်း..သရက်သီး အနံ့လေးနော်..."

"အာ....အဲ့တာဆို စဉ်းစားလိုက်ဦးမယ်..."

"ဟီးဟီး..."ကျီချင်းရန် ပြုံးလိုက်ပြီး "လာမယ်ဆို နေ့လည် ၁၂ ရောက်အောင် လာခဲ့နော်..."

"ခေါ်ပြီး ဟင်းချက် ခိုင်းတော့မှာ မလား..."

"အာ...အဲ့လို တည့်တိုးကြီး မပြောနဲ့လေ..လူတိုင်း အဲ့အချိန် ဗိုက်ဆာ တတ်တာပဲကို..."ကျီချင်းရန် ပြောလိုက်ပြီး "ပြီးတော့ ငါလည်း အဲ့အချိန်မှ အားလို့လေ..အဲ့တာကြောင့် နင့်ကို ၁၂ နာရီလောက် ခေါ်လိုက်တာ...နင်ထင်နေသလို မဟုတ်ဘူး...ကောင်စုတ်ရဲ့... "

လင်းရီကတော့ သူမ ထိုသို့ ပြောနေချိန် သူမ၏ လှပသော မျက်လုံးလေးများ လခြမ်းကဲ့သို့ ကွေးညွတ်သွားမည်ကို မြင်ယောင်နေမိတော့၏။

"အိုကေလေ..အဲ့တာဆို နေ့လည်ကျရင် ရုံးခန်းထဲမှာ စောင့်နေလိုက်..."

"အိုကေ...စောင့်နေမယ်..ဆက်ဆက်လာခဲ့နော်"

ဖုန်းချပြီးနောက် လင်းရီ ကျောင်းသို့ မောင်းသွားလိုက်၏။

"မောနင်းပါ အစ်ကိုလင်း..."

သူရောက်လာချိန်တွင်တော့ စုန့်ကျားတစ်ယောက်တည်းသာ ရုံးခန်းထဲ၌ ရောက်နေနှင့်၏။

"အမ်..ဆံပင်တွေ ဘာတွေ ကောက်ထားလို့ပါလား..."

"အွန်း..အစ်မထျန် ပြောတဲ့အတိုင်း နေကြည့်မလို့လေ..ခု ကျွန်မစတိုင်က ပုံတုံးကြီး ဖြစ်နေသလားလို့..အဲ့တာကြောင့် ဘယ်သူမှ လာမကြိုက်ကြတယနေမှာ.."စုန့်ကျား ပြောလိုက်သည်။

"ကျားကျား... နင့် ကိုယောက်ျား တစ်ယောက်ရဲ့ အမြင်ကနေ မင်းကို အကြံတစ်ခုပေးမယ်..နားထောင်မှာလား..."လင်းရီ မေးလိုက်၏။

"ဘာကိုလဲ..."

"တကယ်တော့ နင့်ကို ကြိုက်မယ့်သူ မရှိတာ စတိုင်နဲ့ ဘာမှ မဆိုင်ဘူး..နင့်ရဲ့ ထွားသင့်တဲ့နေရာတွေသာ ထွားရင် ခါချနေရလောက်တဲ့အထိတောင် ဖြစ်နေဦးမှာ..."

လင်းရီ အကြံပေးလိုက်၏။

စုန့်ကျားကတော့ သဘော‌ကျသွားပြီး တခစ်ခစ် ရယ်မော၍ "ခစ်ခစ်....အစ်ကိုလင်းကတော့ နောက်နေပြန်ပါပြီ..."

လင်းရီလည်း ရယ်မောလိုက်ပြီး သူ့နေရာသို့ လျှောက်သွားလိုက်၏။

"ဘာတွေလဲဟ..."

ရှောင်ထျန်၏ စားပွဲခုံပေါ်တွင် ‌‌စာရွက်အဖြူများဖြင့် မွစာကြဲနေပြီး သူထင်ထားသည်ထက်ကို ရှုပ်ရှပ်ခက်နေတော့၏။

သူစာရွက်တစ်ရွက်ကို ယူ၍ ဖတ်ကြည့်လိုက်သောအခါ သူတို့ဆော့နေကျ ဂိမ်း နည်းဗျူဟာများ မှတ်သားထားသည်ကို တွေ့လိုက်ရ၏။

"ဝှက်သယ်ဖက်ခ်..ဒါတွေကို စာရွက်ကြီးနဲ့ ချမှတ်ထားတာလားဟ.."

လင်းရီ ရုတ်ချည်း ရန်ဟောင်ရန်နှင့် ကျန်းစုန့်တို့ အတွက် စိတ်မကောင်းသလိုတောင် ခံစားမိသွားသည်။ သူယခုလို ဖြစ်လာမှန်းကြိုသိပါက ရှောင်ထျန်၏ အိုင်ဒီကို ပေးလိုက်မည် မဟုတ်ချေ။

ယခုဆိုလျင်တော့ ထိုကောင်တွေ ကြေးအဆင့်လောက်ထိ ကျပြီးပြီး‌လားတောင်မသိ။

သူ့စားခုံ၌ ထိုင်ရင်း လင်းရီ တိုက်ကွမ်ဒိုအတန်းအတွက် ပြင်ဆင်နေလိုက်၏။

လင်းရီ ထိုင်ခါ ရှိသေး ရှောင်ထျန် ရောက်ချလာလေသည်။ အဖြူရောင် ဘလောက်စ်အင်္ကျီ၊ ဂျင်းအရှည်ကိုမှ မသိမသာ ဖြဲထားသည့် ဘောင်းဘီနှင့် ရှည်လျားသော ဆံနွယ်တို့မှာ ဘယ်လိုကြည့်ကြည့်ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလှ၏။

ယခုလို ၀တ်ထားသည်ပင် ပုရိသယောက်ျားတို့၏ စိတ်ကို စိုးမိုးနိုင်လွန်းလှ၏။

အကယ်၍ သူမ နေနေကျအတိုင်း ကပျိုကယိုလေး ၀တ်ဆင်မည်ဆိုပါက ကျောင်းသားများ စိတ်မထိန်းနိုင်ပဲ အမှုများ တက်သွားမလားတောင် မပြောတတ်။

"ငါမှတ်မိသာ မှန်မယ်ဆိုရင် နင်ဒီနေ့ တိုက်ကွမ်ဒိုအတန်းရှိတယ်မလာ..ဘယ်လိုလဲ..ကိုင်တွယ်နိုင်ပါ့မလား.."

ရှောင်ထျန် မေးလိုက်သည်။

"အက်...."

လင်းရီ တခဏမျှ တုံ့ဆိုင်းနေပြီး "အမှန်အတိုင်းပြောရရင် ယုံကြည်ချက် မရှိဘူး..တစ်ခါမှလည်း မသင်ဖူးလေ..."

"ဒါပေမယ့် ပြဿနာ ကြီးကြီးမားမားတော့ ရှိမယ်မထင်ပါဘူးကွာ..."

"အွန်းပါ..နင်အဆင်ပြေရင် ပြီးရော.."

ထိုသို့ပြောရင်း ရှောင်ထျန် အ၀တ်ဗီရိုထဲမှ သူမ ယူနီဖောင်းကို ထုတ်ကာ လျှောက်သွားလိုက်၏။

"ဘယ်လဲသွားမှာ..."

"ယူနီဖောင်းလဲမလို့လေ..."

"ဘာလို့လဲ..ဒီမှာလဲပါလား.."

"တော်ပါပြီ..တော်ကြာ နင် နှာခေါင်းသွေးလျံပြီး တိုက်ကွမ်မဒိုလိုက်ရမှဖြင့်..."

လင်းရီ :"...."

အဲ့လောက်တောင် ယုံကြည်ချက် ရှိတာလားဟ...

.....

ယူနီဖောင်းလဲပြီးနောက် ရှောင်ထျန် အဆောတလျင် ပြေးလာခဲ့ပြီး "ငါ နေ့လည်ပိုင်း မီတင် ဖျက်လိုက်တော့မယ်....ငါတို့ ဂိမ်းတော့ကြမလား..."

လင်းရီ :"....."

"မင်းငါ့ကို ရုံးခန်းထဲ ခေါ်ထားတာကလည်း ရန့်တင်ခိုင်းမလို့မလား..."

"အမှန်ပဲ..ငါတို့ နှစ်ယောက်သာ လက်တွဲလိုက်မယ်ဆိုရင်......"

"တော်စမ်းပါ..မင်းစကေးနဲ့ ဖြစ်နိင်တာတွေပဲ ပြောစမ်း...

"အာ....ငါနဲ့ တူတူ နှစ်ပွဲလောက်ပဲ ဆော့ပေးပါလား..နင့်စကား နားထောင်ပေးမယ်လေဟာ."ရှောင်ထျန် အသနားခံလိုက်ပြီး "နော်လို့...ငါသာ နိုင်ခဲ့ရင် နင့်ကို အ၀တ်ချွတ်ပြတဲ့ ရှိုး ပေးကြည့်မယ်လေ..."

"မင်းအ၀တ်ချွတ်တာတွေ စိတ်မ၀င်စားဘူးနော်..."လင်းရီ ခပ်တည်တည် ပြောလိုက်ပြီး "ငါလည်း ပျင်းလို့ မင်းနဲ့ အတူ ဆော့ပေးတာ..."

သို့နှင့် လင်းရီ သုံးပွဲ ဆော့ပေးလိုက်ပြီး နှစ်ပွဲ နိုင် တစ်ပွဲရှုံး ရလဒ်ဖြင့် အဆုံးသတ်လိုက်ရ၏။

"မင်း....မစ်အော်ရယ်လ်တွေ ဆက်မသောက်နဲ့တော့..."

"အမ်...ဘာလို့လဲ...."

"ဦးနှောက်အာဟာရ ရှိအောင် သစ်ကြားသီးနဲ့ နို့သာ သောက်လိုက်တော့ ..."လင်းရီ ကြိမ်းမောင်းလိုက်ပြီး "ရန်သူက ငါးယောက်ရှိတာတောင်မှ တစ်ယောက်ထဲ

ဖိုက်တာကြီးလုပ်ပြီး ၀င်ဆော်နေတယ်ပေါ့..ကိုယ့်ကိုယ်ကို စူပါမန်းများ အောက်မေ့နေလားကွ...အဲ့အချိန်ကျ မင်းဦးနှောက်တွေက ဘယ်ရောက်ကုန်တာ....."

စာစဉ် (၁၆ )ပြီး၏။

All Chapters