← Chapters

အင်မောတယ်အထက်ဘုံစုဝေးပွဲ

Vol. 10 Ch. 134

အင်မောတယ်အထက်ဘုံစုဝေးပွဲ

Vol. 10 Ch. 134

“အခုက အင်မောတယ်အထက်ဘုံစုဝေးပွဲအကြောင်း ပြောရမယ့် အချိန် မဟုတ်သေးဘူး။ ကျမတို့အနေနဲ့ ကျမတို့လို လေလွင့်ကျင့်ကြံသူတွေ ပျောက်ပျောက်သွားတဲ့ ကိစ္စကိုပဲ ဦးဆုံး ဆွေးနွေးသင့်တယ်…”

ဟူပိုက်ကူးက ထိုသို့ ဆိုလာ၏။

“ဒါက ပြဿနာတော့ မဟုတ်ပါဘူး။ အစ်ကိုဝူက ပိုကောင်းတဲ့ ရှင်းပြချက် ပေးလိုက်ပါ။ တခြားသူတွေလည်း အင်မောတယ်အထက်ဘုံစုဝေးပွဲနဲ့ ပတ်သတ်လို့ သေချာ ရှင်းရှင်းလင်းလင်း မသိတဲ့အချက်တွေ ရှိချင် ရှိနေနိုင်တယ်…”

တာအိုရသေ့ချင်းဝမ်က ပြုံး၍ ဆို၏။ သို့သော် ဟန်လိသည် ထိုသူက သူ့ကို ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လာသည်ဟု ခံစားမိရ၏။

ဟန်လိသည် လန့်သွားမိ၏။ ထိုတာအိုရသေ့က တခုခုကို ဖြတ်မြင်ခဲ့သည်လား။ ဟန်လိသည် သူက ကျင့်ကြံသူတစ်ယောက်လက်သစ်ဖြစ်သည်ဟူသော အချက်ကို အကောင်းဆုံး ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပြီးပင်။ သို့သော် အခု ဒီလူများ၏ အမြင်က‌နေ ထိုအချက်ကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပုံ ရ၏။ ထိုတာအိုရသေ့ချင်းဝမ်၏ မျက်လုံးတို့မှာ သေချာပေါက် ထက်ရှနေ၏။

“တာအိုရသေ့က ဒီလို ဆိုမှတော့ ကျုပ် ရှင်းပြရင် အစ်ကိုဝူထက် ပိုကောင်းလိမ့်မယ်လို့ ထင်တယ်…” ဟိုင်းမူက စိတ်အားတက်ကြွစွ ဝင်ပြောလာ၏။ သူ့ထံ၌ ပြောပြစရာ အများအပြား ရှိနေသည့်အလား။

သို့ဖြစ်၍ လူဝဟောင်ရှောင်ထျန်ကလွဲ၍ လူတိုင်းသည် သူတို့၏ မူလထိုင်ခုံများပေါ်တွင် ပြန်ထိုင်ချလိုက်သည်။

“ကျုပ်အနေနဲ့ အင်မောတယ်အထက်ဘုံစုဝေးပွဲအကြောင်းကို သိထားပြီးသားပါ။ ကျုပ် အရင်ဆုံး ပြန်လိုက်အုံးမယ်။ ခင်ဗျားတို့ပဲ ဆက်ပြီး ပြောကြဆိုကြပေါ့…”

လူဝက အေးတိအေးစက်ဟန်ပန်ဖြင့် ပြောလိုက်၏။ သူသည် တခြားသူများ၏ စကားပြန်ကို စောင့်မနေတော့ဘဲ အခန်းထဲကနေ ထွက်သွား၏။ အခန်းထဲမှ သူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ကျန်ခဲ့ကြ၏။

“လူတိုင်းပဲ။ စိတ် မတိုပါနဲ့။ အစ်ကိုဟောင်ရဲ့ ကျင့်ကြံမှုက နည်းနည်း ထူးဆန်းတယ်။ ဒါ့ကြောင့် သူက အအိပ်မက်နေတာ။ သူက ကျုပ်တို့ကို ရည်ရွယ်ချက် ရှိရှိ အေးတိအေးစက် ပြောဆိုပြုမူခဲ့တာ မဟုတ်လောက်ပါဘူး…”

ချင်းဝမ်က ဟောင်ရှောင်းထျန်၏ ကိုယ်စား အချင်းချင်း ကတောက်ကဆ ပိုမဖြစ်စေရန် ဖြန်ဖြေစကား ဆိုလိုက်သည်။

အခန်းထဲရှိ လူအများသည် ချင်းဝမ်၏ စကားကို ကြားသည့်အခါ ခါးသက်သက် ရယ်မောလိုက်မိ၏။ စိတ်တိုရမည်လား။ မည်သူက စိတ်တိုကာ ပြဿနာ ရှာဝံ့မည်နည်း။ အေးစက်စက်ပြောသွားသော ထိုသူမှာ တာအိုရသေ့ထက်ပင် စွမ်းအား ပိုနက်နဲသူ ဖြစ်နေသည် မဟုတ်လား။

အခန်းထဲရှိ လေထုသည် ကိုးရိုးကားရား ဖြစ်လာ၏။

“အစ်ကိုဟိုင်းမူ…ကျေးဇူးပြုပြီး ဆက်ပြောပါ…” ဝူကျူးကျစ်က သည်အခြေအနေကို ချိုးဖျက်ဖို့ စကားထောက်ပေး၏။

ဟိုင်းမူက သူ့စကားကို ကြားသည့်အခါ ရယ်မောကာ ဒီအကြောင်းကို ဆက်ပြောလိုက်၏။

“အင်မောတယ်အထက်ဘုံ စုဝေးပွဲအကြောင်း ပြောမယ်ဆိုရင် အခြေခံတည်ဆောက်ခြင်းဆေးလုံးအကြောင်း ထည့်ပြောမှကို ဖြစ်မှာ။ ဒီဆေးလုံးက ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူအားလုံးကို ရူးသွားအောင် လုပ်နိုင်တဲ့ ဆေးလုံး မဟုတ်လား…”

“အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်တဲ့ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတိုင်းဟာ အစစ်အမှန် ကျင့်ကြံခြင်းလောကရဲ့ တစိတ်တပိုင်း ဖြစ်လာနိုင်မှာလေ။ ပြီးတော့ ဒီလိုမျိုး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ဖို့အတွက် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သုံးစွဲဖို့ လိုတယ်။ ဒီဆေးလုံးကိုလည်း အဓိကဂိုဏ်းကြီးတွေကသာ ထုတ်လုပ်နိုင်တာ မဟုတ်လား။ ဒီဆေးလုံးကို သောက်ပြီးမှသာ ချီစုဆောင်းခြင်းအဆင့်ကနေ အဆင့်ချိုးဖျက်နိုင်ဖို့ အခွင့်အရေး ပိုများမှာ ဖြစ်တယ်…”

“ဒါ့ကြောင့်လည်း အခြေခံတည်ဆောက်ခြင်းဆေးလုံးဟာ အင်မောတယ်တက်လှမ်းခြင်းဆေးလုံးလို့ အမည် ကျော်ကြားတာ ဖြစ်တယ်။ ကျင့်ကြံသူတွေကို ရူးသွပ်စေတာ ဖြစ်တယ်…”

“ပြီးတော့ အဓိကအင်မောတယ်ဂိုဏ်းကြီးတွေတောင် ဒီအခြေခံတည်ဆောက်ခြင်းဆေးလုံးကို ပြတ်လပ်နေကြတယ်…”

“အကြောင်းကတော့ ဒီဆေးလုံးကို ဖော်စပ်ဖို့ အသုံးပြုတဲ့ ဆေးအမယ်တွေဟာ ရှာဖို့ ခက်ခဲလွန်းလို့ပဲ။ ယွဲ့ဒေသရဲ့ ကျင့်ကြံခြင်းဂိုဏ်းကြီးတွေတောင် အတူတူပူးပေါင်း လုပ်ဆောင်ပြီး ဆယ်နှစ်တစ်ကြိမ် အားစိုက်ထုတ်တာတောင်မှ သူတို့ဟာ ဆေးလုံးအနည်းငယ် ရလာဖို့အတွက်ပဲ မျှော်လင့်နိုင်ကြတယ်…”

“ဒါပေမဲ့ ဒီဆေးလုံးတွေဟာ အင်အားစုတွေကြားမှာ အညီအမျှ ခွဲဝေခဲ့ရင်တောင် သူတို့ရဲ့ ကိုယ်ပိုင်လိုအပ်ချက်အတွက် မပြည့်မှီကြဘူး။ ဒါ့ကြောင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေဟာ ကျင့်ကြံသူတွေရဲ့ ပြင်ပလောကမှာ လုံးဝ ပေါ်ထွက်လာလေ့ မရှိဘူး…”

“ဒါပေမဲ့လည်း ယွဲ့ဒေသရဲ့ ကျင့်ကြံခြင်းလောကမှာ သူတို့ရဲ့ ကျင့်ကြံမှုအခြေခံဖြစ်တဲ့ ချီစုဆောင်းခြင်း အထွတ်အထိပ်ထိ ရောက်အောင် ကျင့်ကြံခဲ့ကြတဲ့ ကျင့်ကြံသူ အမြောက်အများ ရှိကြတယ်။ ဒီလူတွေဟာ အဆင့်ချိုးဖျက်ဖို့အတွက် အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို အသည်းအသန် လိုအပ်နေကြတယ်…”

“ဒါ့ပေမဲ့ တဖက်မှာလည်း အခြေခံတည်ဆောက်ခြင်း ဆေးလုံး လိုအပ်ချက်က များလှတဲ့အတွက်ကြောင့် ဂိုဏ်းကြီးတွေဟာ ဆေးလုံးတွေကို လက်ဝါးကြီး အုပ်ထားကြတယ်။ တနည်းအားဖြင့်ဆိုရရင် အခြေခံတည်ဆောက်ခြင်းဆေးလုံး လိုအပ်တဲ့ လေလွင့်ကျင့်ကြံသူ အရေအတွက်ဟာ တိုးပွားလာပေမယ့် အပြင်ဘက်လောကမှာ တလုံးတလေကိုတောင် တွေ့ရလိမ့်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် လေလွင့်ကျင့်ကြံသူတွေနဲ့ ဂိုဏ်းကြီးတွေကြား ပဋိပက္ခဟာ အစောတည်းက ဖြစ်နေခဲ့ကြပြီး ဖြစ်တယ်။ ဒါ့ကြောင့် ကျင့်ကြံသူအများစုဟာ ဂိုဏ်းကြီးတွေအပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးခဲ့ကြတယ်…”

“ဒီဂိုဏ်းကြီးတွေက လူတွေကလည်း အဲ့အခြေအနေကို သိတယ်။ ဒါပေမဲ့ သူတို့လည်း ဒီကိစ္စအတွက် ဘာမှ မလုပ်ပေးနိုင်ကြဘူး။ တကယ်တော့ ဂိုဏ်းကြီးတွေဟာ သူတို့အတွက်တောင် သူတို့ အခြေခံတည်ဆောက်ခြင်းဆေးလုံး လုံလုံလောက်လောက် မရှိကြဘူးမလား။ ဒါ့ကြောင့် သူတို့က ဒီဆေးလုံးတွေကို အပြင်လူတွေဆီ ဘယ်လိုလုပ် ထုတ်ပေးပါ့မလဲ…”

“ဒါပေမဲ့ တလောကလုံးမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာတော့ မရှိဘူးမလား။ အဲ့လို ဘေးကျပ်နံကျပ် အခြေအနေမှာ ဂိုဏ်းတခုရဲ့ အမည်မသိ ပါရမီရှင်တစ်ယောက်က အဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ပေးခဲ့တယ်…”

“အဲ့လူက အကြံတစ်ခု ရခဲ့တာပဲ။ သူ့အကြံကတော့ အခြေခံတည်ဆောက်ခြင်းဆေးလုံး အသစ်တွေကို ထုတ်လုပ်ပြီးတိုင်း ဂိုဏ်းအပြင်ဘက် လေလွင့်ကျင့်ကြံသူတွေထဲက ထူးချွန်တဲ့ ကျင့်ကြံသူတွေကို ရွေးချယ်ပြီး သူတို့ကို ဂိုဏ်းကြီးတွေထဲ ဝင်ရောက်ခွင့်ပြုဖို့၊ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ပေးဖို့ပဲ ဖြစ်တယ်…”

“ဒီနည်းနဲ့ ဂိုဏ်းကြီးတွေအတွက်လည်း အခြေခံတည်ဆောက်ခြင်းဆေးလုံးကို တခြားနေရာတွေ ရောက်မသွားအောင် တားဆီးနိုင်မှာ ဖြစ်တယ်။ ဂိုဏ်းပြင်ပက တခြားကျင့်ကြံသူတွေရဲ့ မကျေနပ်ချက်ကိုလည်း ဖြေရှင်းနိုင်မယ် မဟုတ်လား။ တကယ်တော့ အဓိကဂိုဏ်းတွေထဲက တစ်ခုထဲ ဝင်ရောက်နိုင်မယ့် အဖြစ်ကို ဘယ်ကျင့်ကြံသူကများ သဘောမခွေ့ဘဲ နေပါ့မလဲ။ ဂိုဏ်းကြီးအုပ်စုတွေဟာ ထူးချွန်တဲ့ ပါရမီရှိတဲ့ တပည့်တွေကိုတောင် ဂိုဏ်းအတွက် ရွေးချယ်နိုင်၊ ရနိုင်အုံးမယ်။ ဒီနည်းက လူတိုင်း စိတ်ကျေနပ်စေတဲ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်ခဲ့တယ်…”

“ဒါပေမဲ့ အဲ့နည်းလမ်းဟာ မျှတဖို့ လိုအပ်တယ်။ ကလိမ်ကကျစ် ကျမယ့် ဘယ်အရာကိုမဆို တင်းတင်းကြပ်ကြပ် တားဆီးဖို့ လိုတယ်။ မဟုတ်ရင် သက်ရောက်မှုက ဖီလာဆန့်ကျင် ဖြစ်သွားလိမ့်မယ်…”

“ဥပမာ ဂိုဏ်းကြီးတွေက သူတို့ရဲ့ ပါရမီရှင်တွေကို ရွေးချယ်ပြီး သူတို့ရဲ့ ဂိုဏ်းတွေထဲ အသစ်ဝင်လာမယ့် သူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းမယ်…”

“အဲ့ ပြိုင်ပွဲကနေ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သူတို့ဂိုဏ်းအတွက် တပည့်ဆယ်ယောက်ကို ရွေးချယ်ခေါ်ဆောင်ပြီး အခြေခံတည်ဆောက်ခြင်း ဆေးလုံးဆယ်လုံးကို နောက်ဆုံးအနိုင်ရသူတွေအတွက် ဆုလဒ်အဖြစ် ပေးအပ်မှာ ဖြစ်တယ်…”

“ပြိုင်ပွဲမှာ ပါဝင်မယ့်လူတွေရဲ့ အသက်အရွယ်ကတော့ ကန့်သတ်ချက် ရှိတယ်။ အသက်လေးဆယ် အထက်ဆို ပါဝင်ခွင့် ပြုမှာ မဟုတ်ဘူး။ အဲ့လူတွေဟာ ပါရမီကောင်းရင်တောင်မှ သူတို့ရဲ့ ကျင့်ကြံခြင်းလောကမှာ သူတို့ရဲ့ အနာဂတ်အောင်မြင်မှုဟာ သိပ်ကောင်းနိုင်တော့မှာ မဟုတ်ဘူး…”

“ဒီလိုနည်းနဲ့ အင်မောတယ်အထက်ဘုံစုဝေးပွဲဟာ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်…”

“အဲ့ပြိုင်ပွဲမှာ အနိုင်ရနိုင်စွမ်းရှိတဲ့သူ အများစုဟာလည်း နက်ရှိုင်းတဲ့ စွမ်းအား ရှိသလို သူတို့ တစ်ယောက်ချင်းစီဟာ တခြားသူတွေကို ဖိနှိပ်နိုင်တဲ့ ပါရမီရှိတဲ့သူတွေပဲ။ ဒါ့ကြောင့်လည်း ဂိုဏ်းကြီးခုနစ်ဂိုဏ်းဟာ အဲ့လို အရည်အချင်းရှိတဲ့ တပည့်တွေကို ရမှာ ဖြစ်တဲ့အတွက် အတော်လေး ကျေနပ်ကြတယ်…”

“ဒီအင်မောတယ်အထက်ဘုံစုဝေးပွဲကို ကျင်းပပြီးတဲ့နောက် တခြားကျင့်ကြံသူတွေရဲ့ မကျေမနပ်ချက်တွေဟာလည်း ပျောက်ကွယ်ကုန်တာပဲလေ။ သူတို့က ဆယ်စုနှစ်တခုမှာ ရနိုင်မယ့် အခွင့်အရေးကြီးမားတဲ့ ဒီကိစ္စပေါ်မှာပဲ အာရုံစိုက်ကုန်ကြတာ မလား…”

“ဒါ့ကြောင့် အင်မောတယ်အထက်ဘုံစုဝေးပွဲကို ဒီနည်းနဲ့ စုစည်းကျင်းပတယ်။ ပြီးတော့ ကျင်းပတဲ့ နှစ်တိုင်းမှာ အနိုင်ရသူ အယောက်ခုနစ်ဆယ်ဟာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်လာကြမယ်လေ…”

“ဒါ့ကြောင့် အသက်အရွယ်လှလည်း သင့်တော်တဲ့၊ ချီစုဆောင်းခြင်းအဆင့်မှာလည်း ရှိကြတဲ့ ကျင့်ကြံသူအားလုံးနီးပါးဟာ သူတို့ရဲ့ ပြိုင်ဘက်ထက် အားနည်းမှာ မဟုတ်ဘူးလို့ ခံစားမိကြပြီး ပြိုင်ပွဲမှာ ဝင်တိုက်ခိုက်ဖို့ အကြိမ်အနည်းငယ်လောက် ကြိုးစားခဲ့ကြတာပဲ။ သူတို့က ကံကောင်းထောာက်မပြီး အောင်မြင်မှုရခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ သူတို့သာ အောင်မြင်မှုရခဲ့ရင် ငါးတစ်ကောင်ကနေ နဂါးတစ်ကောင် ဖြစ်လာနိုင်မယ့် အခွင့်အရေး မဟုတ်လား…”

“ဒါပေမဲ့ အဲ့ပြိုင်ပွဲဟာ ထင်သလောက် မလွယ်ဘူး။ ပြိုင်ပွဲတိုင်းမှာ သေတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေလည်း အများအပြားပဲ။ ပြိုင်ပွဲက ပြင်းထန်လွန်းတယ် မဟုတ်လား…”

ဟိုင်းမူသည် နေ့တဝက်လောက် သည်အကြောင်းအရာကို ပြောပြနေခဲ့၏။ ဝူကျူးကျစ်မှာ စိတ်ဝင်တစား နားထောင်နေခဲ့သည်။ ဟန်လိမှာလည်း ဘေးတဖက်ကနေ နားထောင်နေပြီး ဟိုင်းမူ ပြောပြသည့်အရာများက သူ့အတွက် အကျိုးများလှပေသည်။ သူ့ကို ကျင့်ကြံသူများ၏ လောကအကြောင်းကိုလည်း ပိုနက်နက်နဲနဲ သိလာစေသည်။

“ကျုပ်သာ အောင်မြင်ခဲ့ရင် ကျုပ်လည်း အဓိကဂိုဏ်းကြီးတစ်ခုရဲ့ တပည့်တစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်လား…” အင်မောတယ်အထက်ဘုံစုဝေးပွဲအကြောင်း နားထောင်ပြီးနောက် ဝူကျူးကျစ်၏ မျက်နှာထက်တွင် တောင့်တမှုတို့ ပြည့်နှက်သွားသည်။

“နင် အိပ်မက် မက်နေတာလား။ နင့်အဆင့်နဲ့ အသည်းအသန် ထွက်ပြေးဖို့ မကြိုးစားရင် သေသွားလိမ့်မယ်။ ဒဏ်ရာအပြင်းအထန် ရသွားဖို့ကတော့ ကျိန်းသေတယ်…”

ဟူပိုင်ကူးက ဝူကျူးကျစ်၏ အတွေးလွန်သော စကားများကို ကြားသည့်အခါ အားမနည်းဘဲ ပြောလိုက်၏။

“အို…ကျုပ်က ဘာကြောင့် မရရမှာလဲ။ ကျုပ်ကျင့်ကြံမှုက အဆင့်ရှစ်ဆိုရင်တောင် ကျုပ်အနေနဲ့ ဒီပြိုင်ပွဲမှာ ဝင်တိုက်ခိုက်နိုင်တဲ့ အရည်အချင်း ရှိကို မရှိတာလား…”

သည်တကြိမ်၌ ဝူကျူးကျစ်မှာ စိတ်မဆိုးသွားပေ။ ထိုအစား သူက ဟူပိုင်ကူးကို မေးမြန်းလိုက်၏။

ဟူပိုင်ကူးသည် အံ့အားသင့်မိသွားသည်။ သို့သော် တအောင့်အကြာ၌ သူမက စကားဆိုလာသည်။ “ကောင်လေးဝူ…ပြီးခဲ့တဲ့နှစ်တုန်းက အနိုင်ရခဲ့သူ အယောက်ခုနစ်ဆယ်က ဘယ်လို လူမျိုးတွေလဲဆိုတာ နင် သိလား…။ အဲ့ပြိုင်ပွဲမှာ နင့်လိုမျိုး အဆင့်ရှိတဲ့ ကျင့်ကြံသူ ဘယ်လောက်များများရော ဒဏ်ရာရတဲ့သူရ၊ သေတဲ့သူသေ ခဲ့ကြတာ ဘယ်လောက်များလဲကော နင် သိလား…”

“အမျိုးသမီးဟူက ကျေးဇူးပြုပြီး ကျုပ်ကို ရှင်းပြပေးပါ..” ဝူကျူးကျစ်က အလေးအနက် ပြန်ပြောသည်။

“ပြီးခဲ့တဲ့ အင်မောတယ်အထက်ဘုံစုဝေးပွဲရဲ့ တိုက်ပွဲတခုလုံးကို ငါ မျက်မြင်တွေ့ခဲ့ဖူးတယ်။ အခု အဲ့အကြောင်း ပြန်တွေးမိရင်တောင် ငါ လန့်နေမိတုန်းပဲ…”

ထိတ်လန့်စရာ တခုခုကို ပြန်အမှတ်ရသွားသည့်အလား ဟူပိုင်ကူး၏ သွင်ပြင်မှာ ဖြူဖပ်ဖြူရော ဖြစ်သွားသည်။

သူမ၏ ခင်ပွန်းဖြစ်သူ မုတ်ဆိတ်လူက ထိုသည်ကို မြင်သည့်အခါ သူမ၏ ပုခုံးပေါ် လက်တင်၍ သူမအား နှစ်သိမ့်ပေးလိုက်၏။ ဟူပိုင်ကူးသည် ခေါင်းလှည့်ကာ သူမ၏ ခင်ပွန်းဖြစ်သူကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်ပြီး သူမ၏အသွင်ဟန်ပန်မှာ ပုံမှန်ပြန်ဖြစ်သွားသည်။

“ငါတို့နှစ်ယောက်လုံး အဲ့ပြိုင်ပွဲမှာ လုံးဝ မပါခဲ့ဘူး။ ကြည့်ပဲ ကြည်ရှုခဲ့တာ။ ငါတို့ဟာ ချီစုဆောင်းခြင်းအဆင့်မှာပဲ တသက်လုံးနေဖို့ ပြင်ဆင်ထားခဲ့ပြီးပြီ။ နင်တို့မှာ ရည်မှန်းချက် ကြီးကြီးမားမား ရှိနေမှတော့ ငါ့အနေနဲ့ အဲ့ပြိုင်ပွဲရဲ့ ကြမ်းတမ်းရက်စက်ပုံအကြောင်း ပြန်ပြောပြပေးနိုင်တယ်။ မဟုတ်ရင် နင်တို့ ဘယ်လို သေလို့သေသွားမှန်း မသိ ဖြစ်နေအုံးမယ်…”

ဟူပိုင်ကူးက မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။

All Chapters