← Chapters

လန့်စရာကောင်းသော သတင်း

Vol. 10 Ch. 135

လန့်စရာကောင်းသော သတင်း

Vol. 10 Ch. 135

“ဦးဆုံးအနေနဲ့ ဒီပြိုင်ပွဲမှာ ပါဝင်မယ့်သူတွေဟာ အနိမ့်ဆုံး ချီစုဆောင်းခြင်းအဆင့်ခုနစ် ရှိရတယ်။ ဒုတိယကတော့ ပြိုင်ပွဲဝင်တွေရဲ့ အသက်ဟာ လေးဆယ် မပြည့်ရဘူး။ အသက်ကို ဖိနှိပ်ထားတဲ့ နည်းလမ်းတွေကိုလည်း အသုံးပြုလို့ ရနိုင်မှာ မဟုတ်ဘူး။ အကြောင်းကတော့ အင်မောတယ်စုဝေးပွဲ ဝင်ပြိုင်မယ့်သူတွေဟာ သူတို့ရဲ့ အစစ်အမှန်အသက်အရွယ်ကို သိဖို့ အရိုးရှာဖွေခြင်းပညာရပ်တွေနဲ့ စစ်ဆေးခံရမှာ ဖြစ်တယ်…”

“အဲ့အခြေအနေနှစ်ခု ရှိတဲ့ လူတိုင်းဟာ ပြိုင်ပွဲမှာ စာရင်းသွင်းနိုင်တယ်။ ဒါ့ကြောင့် ဒီလိုမျိုး ပြိုင်ပွဲဟာ ပိုပြီးတော့ ကြမ်းတမ်းတာ ဖြစ်တယ်…”

“ဒီထိုက်နန်တောင်ကြားမှာ ရှိနေတဲ့ များပြားလှတဲ့ ကျင့်ကြံသူတွေဟာ သာမန်ပဲလို့ နင် ထင်လား။ ဒီကို ရောက်လာတဲ့ အများစုဟာ အင်မောတယ်အထက်ဘုံစုဝေးပွဲအတွက် ရောက်လာကြတာ ဖြစ်တယ်။ အခု ဒီတောင်ကြားမှာ အနည်းဆုံး လူတစ်ထောင်ထက် မနည်း ရှိနေကြတယ် မဟုတ်လား။ အဲ့လူတွေဟာ ဒီစုဝေးပွဲ နောက်ဆုံးနေ့တွေမှာ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတဲ့သူတွေပဲ။ သူတို့ထဲမှာ ဝေးကွာလှတဲ့ ဒေသက သူတွေတောင် ပါတယ်။ အခုအချိန်ဟာ ထိုက်နန်စုဝေးပွဲရဲ့ အရောင်းအဝယ်ကိစ္စ အမြင့်မားဆုံးရေချိန် ရောက်နေပြီဆိုလည်း ဟုတ်တယ်…”

“ဒီထိုက်နန်စုဝေးပွဲကို စောစော ရောက်လာခဲ့တဲ့သူတွေမှာလည်း အကြောင်းရင်းတွေ ရှိကြတယ်။ တနည်းအားဖြင့် ကျမတို့က လိုအပ်တဲ့ ပစ္စည်းကောင်းအချို့ကို အရောင်းအဝယ် တည့်ချင်ကြတယ်။ ဒီအခွင့်အရေးကို ဘယ်သူက လက်လွှတ်ချင်ပါ့မလဲ။ စောစော ရောက်လာခြင်းအားဖြင့် လူတစ်ယောက်ဟာ အင်မောတယ်အထက်ဘုံစုဝေးပွဲမှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်တွေရဲ့ အနေအထားကိုလည်း စူးစမ်းနိုင်မယ်။ ကိုယ့်အနေအထားကို ကိုယ်သိတာ ကောင်းသလို၊ ပြိုင်ဘက်တွေရဲ့ အခြေအနေကို သိတာလည်း ကောင်းတဲ့အရာ တစ်ခုပဲ မဟုတ်လား…”

ဟူပိုင်ကူးက ခါးသီးစွာ ပြုံး၍ ပြောပြလိုက်ပေသည်။

ဝူကျူးကျစ်သည် သူမ၏ စကားကို ကြားသည့်အခါ သူ့အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွား၏။ သူက မှက်တက်စွာဖြင့် မေးလိုက်၏။ “အမျိုးသမီးဟူ ပြောပုံအရ…တောင်ကြားထဲမှာ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို အဆင့်တစ်ဆယ်ထိ ရောက်အောင် ကျင့်ကြံထားတဲ့ ကျွမ်းကျင်သူတွေ အများအပြား ရှိနေတာပေါ့။ သူတို့ကလည်း အင်မောတယ်အထက်ဘုံစုဝေးပွဲမှာ ဝင်ပြိုင်ကြမှာလား။ ဒါဆို ဘယ်မျှတတော့မလဲ။ အဆင့်နိမ့်တဲ့သူတွေက သေဖို့ပဲ ရှိတော့မှာ မလား…”

“ဒါက မသေချာဘူး။ အဆင့်မြင့်တဲ့သူက အဆင့်နိမ့်သူကို အမြဲတမ်း နိုင်မယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ။ သူတို့ရဲ့ မှော်စွမ်းအားက အနည်းငယ် အားနည်းနေခဲ့ရင်တောင် သူတို့ဟာ ပိုအစွမ်းထက်တဲ့ မှော်အဆောင်တွေ ဒါမှမဟုတ် စွမ်းအားအများအပြား ထုတ်ဖော်နိုင်တဲ့ မှော်ပစ္စည်းအချို့ကိုလည်း အသုံးပြုနိုင်ကြတယ်လေ…”

အစောတည်းက အခန်းထဲ၌ ရှိနေသော်လည်း စကားဝင်မပြောသော ဟိုင်းကျင်းက ရုတ်တရက် ကျယ်လောင်စွာ ပြောချလိုက်၏။

“အမှန်ပဲ။ အစ်ကိုဟိုင်းကျင်း ပြောတဲ့ အဓိပ္ပာယ် ရှိတယ်။ ကျုပ်တို့လို ကျင့်ကြံသူတွေရဲ့ တိုက်ပွဲဟာ တစ်ယောက်နဲ့တစ်ယောက် မှော်စွမ်းအား ကွာခြားချက် အနည်းငယ် ရှိတာဟာ အရေးကြီးဆုံး ပြဿနာ မဟုတ်ဘူး။ ပိုပြီး အရေးကြီးတာက လူတစ်ယောက်ဟာ သူတို့ရဲ့ ခွန်အားကို ထိန်းချုပ်နိုင်ပြီး သူတို့ ယူဆောင်လာတဲ့ အဆောင်တွေ၊ မှော်ပစ္စည်းတွေကို အလျင်မီ ကောင်းကောင်း အသုံးချနိုင်ဖို့ပဲ…”

တာအိုရသေ့ချင်းဝမ်က လုံးဝ သဘောတူဟန်ဖြင့် စကားထောက်သည်။

“အစ်ကိုဟိုင်းကျင်းနဲ့ တာအိုရသေ့ချင်းဝမ်တို့ရဲ့ စကားတွေက တကယ်ပဲ မှန်ပါတယ်…”

ဟူပိုင်ကူးက ပြုံး၍ ဆို၏။

ဟိုင်းကျင်းနှင့် တခြားသူများ၏ စကားများကို ကြားသည့်အခါ ဝူကျူးကျစ်သည် စိတ်မပျော် ဖြစ်သွားမိ၏။ သူ့မျက်နှာထက်၌ စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လာသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အစွမ်းထက်မှော်ပစ္စည်းတွေ၊ အစွမ်းထက် မှော်အဆောင်တွေ…”

ဟူပိုင်ကူးက ဝူကျူးကျစ်၏ အမူအရာကို သတိမထားမိပုံ ပေါ်၏။ သူမက ဆက်၍ ပြောလိုက်သည်။ “ဒီပြိုင်ပွဲမှာ လူအများအပြား ပါဝင်တဲ့အတွက်ကြောင့် အင်မောတယ်အထက်ဘုံစုဝေးပွဲကို စင်မြင့်ခုနစ်ခု တည်ဆောက်ပြီး ကျင်းပတယ်။ အဲ့စင်မြင်တွေက ယွဲ့ဒေသရဲ့ ကျင့်ကြံခြင်းဂိုဏ်းကြီး ခုနစ်ဂိုဏ်းကို ကိုယ်စားပြုတာပဲ။ ဂိုဏ်းခုနစ်ဂိုဏ်းထဲက ဘယ်ဂိုဏ်းရဲ့ တပည့်ဖြစ်လာချင်လဲဆိုတဲ့ စိတ်ဆန္ဒပေါ် မူတည်ပြီး လူတစ်ယောက်ဟ သူ ယှဉ်ပြိုင်မယ့် စင်မြင့်ကို ရွေးချယ်နိုင်တယ်။ ပြိုင်ပွဲပုံစံကတော့ ရိုးရှင်းတယ်။ လူနှစ်ယောက် ယှဉ်ပြိုင်ပြီးရင် အနိုင်ရသူဟာ စင်ပေါ်မှာ ကျန်ခဲ့ပြီး ရှုံးတဲ့သူက ချက်ခြင်း ဖယ်ရှားခံရမယ်။ ပြီးနောက် နောက်ထပ်နှစ်ယောက်ရဲ့ ပြိုင်ပွဲ ရှိမယ်။ အဲ့လိုနည်းနဲ့ လူတိုင်းဟာ ဆက်တိုက် ယှဉ်ပြိုင်ရလိမ့်မယ်။ ပြီးရင် ပထမဆုံးယှဉ်ပြိုင်မှုမှာ အနိုင်ရခဲ့တဲ့သူတွေက ဒီနည်းလမ်းနဲ့ပဲ ဆက်တိုက်ခိုက်ရမယ်။ နောက်ဆုံးမှာတော့ စင်မြင့်တစ်ခုမှာ လူဆယ်ယောက်ပဲ ကျန်ခဲ့တဲ့အထိ တိုက်ခိုက်ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။ အဲ့ကျန်ခဲ့တဲ့ အနိုင်ရသူဆယ်ယောက်ဟာ ကျင့်ကြံခြင်းဂိုဏ်းကြီးတစ်ခုရဲ့ အတွင်းစည်းတပည့် ဖြစ်လာပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးလုံးကို လက်ခံရရှိမှာ ဖြစ်တယ်။ ဒါဟာ ကောင်းကင်ဘုံကို ခြေတလှမ်းတည်းနဲ့ တက်လှမ်းသွားနိုင်တာလို့တောင် ပြောချင် ပြောနိုင်တယ် မဟုတ်လား။ အင်မောတယ်အထက်ဘုံစုဝေးပွဲရဲ့ ပြိုင်ပွဲ ပုံစံကတော့ အဲ့လိုပုံစံ ဖြစ်တယ်။ ဒါပေမဲ့ အဲ့ပြိုင်ပွဲဟာ ကျမ ပြောခဲ့သလောက်တော့ မရိုးရှင်းဘူး။ ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်တိုက်ခိုက်မှု ဘယ်လောက်ထိ ကြမ်းတမ်းလဲဆိုတာကိုတော့ စကားနဲ့ ပြောပြလို့ ရနိုင်မှာ မဟုတ်ဘူး…”

ဟူပိုင်ကူးက ထိုသို့ ပြောပြီးနောက် ဝမ်းနည်းသည့်ဟန်ဖြင့် သက်ပြင်းမှုတ်ထုတ်မိ၏။

“ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက တိုက်ပွဲတွေကို ကျမ မှတ်မိပါသေးတယ်။ အဆင့်ကိုးနဲ့ အဆယ့်တစ်ဆယ် ကျင့်ကြံသူတွေလည်း သေဆုံးခဲ့ကြတယ်လေ။ အဆင့်ဆယ့်တစ် ကျင့်ကြံသူ စုံတွဲတတွဲတောင် ဝင်တိုက်ခိုက်ပြီး အဆုံးသပ်မှာ နှစ်ယောက်လုံး သေဆုံးသွားခဲ့ကြသေးတယ်။ အဆင့်ကိုးနဲ့အဆယ့်ရှစ် ကျင့်ကြံသူတွေကတော့ ဒီပြိုင်ပွဲအတွင်းမှာ အများဆုံးသေတာပဲ။ အယောက်တစ်ရာထက်မနည်း သေခဲ့တယ်။ တကယ်တော့ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ရောက်သွားတဲ့အခါ နဂါးတစ်ကောင် ဖြစ်လာနိုင်မယ့် သူတို့ရဲ့ လမ်းကြောင်းကို အဟန့်အတား ဖြစ်စေမှာကို ဘယ်သူကများ လက်ခံပါ့မလဲ။ ပြိုင်ပွဲရဲ့ နောက်အဆင့်တွေ ရောက်လေလေ သေတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေ ပိုများလာလေပဲ။ အတော်လေး ကြောက်ဖို့ ကောင်းလှတယ်…”

“အခြေခံကျင့်ကြံခြင်းပညာရပ် ဖြစ်တဲ့ အဆင့်ဆယ့်တစ်ကို ရောက်ရင် အဲ့လူဟာ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဘာကြောင့် လိုအပ်အုံးမှာလဲ။ အဲ့လိုမျိုး ပါရမီရှင်တွေကို ကျင့်ကြံခြင်းဂိုဏ်းတွေက သူတို့ဘာသာ လာပြီး ဂိုဏ်းထဲ ဝင်ဖို့ စည်းရုံးကြတယ်လို့ ကျမ ကြားဖူးတယ်။ ဒါ့ကြောင့် အဲ့အဆင့်ဆယ့်တစ်နှစ်ယောက်ဟာ အသက်သေသွားနိုင်တဲ့ ပြိုင်ပွဲကို ဘာကြောင့်များ ဝင်ပြိုင်ရတာလဲ…”

ရုတ်တရက် အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ ထိုသို့ ဆိုလာသူမှာ တချိန်လုံး တိတ်ဆိတ်နေသော အမျိုးသမီးဟုန်လျန်ပင်။

ဟူပိုင်ကူးက သူမ၏ စကားကို ကြားသည့်အခါ ပြုံးလိုက်မိ၏။

“ပြီးခဲ့တဲ့နှစ်တုန်းက ကျမလည်း ညီမဟုန်လျန်လိုမျိုး တူညီတဲ့ မေးခွန်းကို မေးခဲ့ဖူးတယ်။ အဲ့ကိစ္စကို ကျမအနေနဲ့ စဉ်းစားမရကို ဖြစ်နေခဲ့တာ။ နောက်ပိုင်းမှာ ကျမဟာ ကျမတို့လို လေလွင့်ကျင့်ကြံသူ စီနီယာတစ်ယောက်နဲ့ ဆုံခဲ့တဲ့အချိန်ကျမှ သူ ရှင်းပြခဲ့လို့ ဘာကြောင့်မှန်း သိခဲ့ရတာပဲ…”

“ဝူကျူးကျစ်နဲ့ အစ်ကိုဟန်တို့လည်း ဒီမေးခွန်း မေးချင်နေမှာပဲ မဟုတ်လား…”

“သူတို့ပဲ နားမလည်တာ မဟုတ်ဘူး။ ကျုပ်တို့ ညီအစ်ကိုနှစ်ယောက်လည်း အဆင့်ဆယ့်တစ်ကျင့်ကြံသူတွေက ဘာကြောင့် ဝင်ပြိုင်ရလဲကို နားမလည်နိုင် ဖြစ်နေမိတယ်။ အဲ့ပါရမီရှင်တွေက အသက်သေစေနိုင်တဲ့ လမ်းကို ဘာကြောင့်များ လျှောက်လှမ်းခဲ့ကြတာလဲ…”

ဟိုင်းမူကလည်း စဉ်းစားမရဟန်ဖြင့် မေးလိုက်သည်။

“တာအိုရသေ့ချင်းဝမ်က တည်တည်ငြိမ်ငြိမ် ရှိနေပါ့လား။ ရှင်က ဒီကိစ္စကို သိထားပြီး ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် တာအိုရသေ့ကပဲ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး သူတို့ကို ရှင်းပြပေးလိုက်ပါလား…”

ဟူပိုင်ကူးက ရယ်ကာမောကာဖြင့် ထိုသို့ ဆိုကာ မေးခွန်းကို တာအိုရသေ့ချင်းဝမ်ထံ တည်ပေးလိုက်သည်။

တာအိုရသေ့ချင်းဝမ်က အတန်ငယ် အံ့အားသင့်သွား၏။ သို့သော် ချက်ခြင်းပင် သူ သိကြောင်း ဝန်ခံသည်။ တအောင့်အကြာ၌ သူက ပြောပြလာသည်။ “တကယ်ပဲ အဲ့အဆင့်ဆယ့်တစ်ကျင့်ကြံသူနှစ်ယောက်ဟာ ဂိုဏ်းတွေက လာခဲ့တာပဲ။ သူတို့ရဲ့ အဆင့်ဆယ့်တစ်ဟာ ဆေးလုံးတွေ အမြောက်အများ သုံးစွဲခဲ့လို့ အဲ့အဆင့်ကို ရောက်ရှိခဲ့ကြတာ ဖြစ်တယ်…”

သူက ခေါင်းယမ်းလိုက်၏။ ထိုနှစ်ယောက်၏ နည်းလမ်းကို သူက သဘောမတွေ့ပုံပင်။

“သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ ဆေးလုံးတွေ သုံးတာ ပုံမှန်ပဲ မဟုတ်လား။ သူတို့က ကျင့်ကြံခြင်းဂိုဏ်းတခုကို ဝင်ရောက်နိုင်စွမ်း ရှိသင့်တာပဲလေ…”

ဝူကျူးကျစ်က မျက်လုံးအပြူးသားဖြင့် ဆိုလိုက်သည်။

“အစ်ကိုဝူက တခုမေ့နေတာပဲ။ အသက်လေးဆယ်အထက် ဖြစ်နေရင်တောင် သူတို့ရဲ့ ကျင့်ကြံမှုကို အဆင့်ဆယ့်တစ်ထိ ကျင့်ကြံပြီးရင် ကျုပ်တို့အနေနဲ့ သူတို့ကို ပါရမီရှိသူတွေလို့ မှတ်ယူကြတယ်မလား။ ဒါပေမဲ့ ရှေးဟောင်းဂိုဏ်းကြီးတွေမှာတော့ အဲ့လိုလူတွေဟာ သာမန်ပါရမီရှိရုံလောက်ပဲ မှတ်ယူကြတာ။ သူတို့ဟာ ဂိုဏ်းတခုကို ဝင်ရောက်နိုင်တယ်ဆိုရုံလောက်ပဲ အရည်အချင်း ရှိကြတာလေ။ မဟုတ်ရင် အဲ့လူတွေက သူတို့ ငယ်ရွယ်တဲ့အချိန်မှာတည်းက ဂိုဏ်းကြီးတွေထဲကို တရားဝင်တပည့်တွေအဖြစ် ရောက်နေလောက်ပြီ…”

“ကျင့်ကြံခြင်းဂိုဏ်းကြီးတခုထဲ ဝင်ရောက်နိုင်တဲ့ အဲ့လိုမျိုး သူတွေဟာ အနာဂတ်မှာ ထွန်းတောက်လာနိုင်မှာ မဟုတ်ဘူးလို့ ဂိုဏ်းကြီးတွေက သတ်မှတ်ကြတယ်။ ဒါ့ကြောင့် သူတို့ဟာ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ရယူရာမှာ သူတို့ထက် ပါရမီပိုကောင်းတဲ့ ဂိုဏ်းက တပည့်တွေနဲ့ မယှဉ်ပြိုင်ရဘူးလို့ သဘောတူထားကြရတယ်။ ဂိုဏ်းတွေရဲ့ ငယ်ရွယ်ပြီး ပါရမီရှိတဲ့သူတွေဟာ နောက်ကွယ်မှာပဲ တံခါးပိတ်ကျင့်ကြံနေခဲ့တာ ဖြစ်တယ်…”

“တံခါးပိတ်ကျင့်ကြံနေတဲ့ ပါရမီရှင်လူငယ်တွေဟာ နောက်ဆယ်နှစ်ကျမှ အင်မောတယ်အထက်ဘုံ စုဝေးပွဲမှာ ဝင်ပြိုင်ဖို့ ထွက်လာပြီး တချီတည်းနဲ့ လောကကို အံ့အားသင့်စေပြီး အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လွယ်လွယ် ရသွားနိုင်မယ် မဟုတ်လား။ ဒါပေမဲ့ သူတို့ရဲ့ ဂိုဏ်းကြီးတွေ အချင်းချင်းမှာလည်း အဲ့လိုမျိုး တူညီတဲ့အကြံ ရှိခဲ့တဲ့အတွက် ဂိုဏ်းတွေရဲ့ ပါရမီရှိတဲ့ လူငယ်အချင်းချင်း ထိပ်တိုက်တွေ့ကုန်ပြီး နှစ်ဦးနှစ်ဖက်လုံး ပျက်စီးမှုတွေ ကြုံခဲ့ရတယ်။ အဲ့လိုကြောင့်သာ မဟုတ်ခဲ့ရင် သူတို့ ဆန္ဒတွေအတိုင်း ဖြစ်နေလောက်ပြီလေ…”

တာအိုရသေ့ချင်းဝမ်က ထိုသို့ ဆို၏။ သူက သက်ပြင်းအခါခါ ချမိနေသည်။ လူတိုင်းသည် အစတည်းက သေချာ အာရုံစိုက်ကာ နားထောင်နေ၏။

“အင်မောတယ်အထက်ဘုံ စုဝေးပွဲတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ပိုပိုပြီး ပြင်းထန်လာတယ်လို့ ကျုပ် ပြောချင်တာပဲ။ မကြားဖူးတဲ့ အဆင့်ဆယ့်တစ်နှင့် ဆယ့်နှစ် ကျွမ်းကျင်သူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပေါ်လာခဲ့ကြတယ်…”

ဟိုင်းမူက တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

အမျိုးသမီးဟုန်လျန်နှင့် ဝူကျူးကျစ်တို့မှာ တုန်လှုပ်စွာဖြင့် ငြိမ်သက်နေကြသည်။ သည်သတင်းက သူတို့ကို ကြီးစွာ အံ့အားသင့်စေခဲ့တာ ထင်ရှား၏။

“အဲ့လိုဆိုရင် တဖက်မှာက ကျင့်ကြံခြင်းဂိုဏ်းကြီးတွေဟာ သူတို့ရဲ့ ကျွမ်းကျင်သူတွေကို အင်ပြည့်အားပြည့် ပြုစုပျိုးထောင်ပြီး တခြားတဖက်မှတော့ ကျုပ်တို့လို ခိုကိုးရာမဲ့တဲ့ လေလွင့်ကျင့်ကြံသူတွေလား။ ဒါ့ကြောင့် ကျုပ်တို့လို့ လေလွင့်ကျင့်ကြံသူတွေဟာ ဒီပြိုင်ပွဲ အောင်မြင်နိုင်လိမ့်မယ်လို့ ခင်ဗျားတို့ ထင်ကြလား…”

ဟူပိုက်ကူး၏ အမူအရာမှာ မကျေမချမ်းဖြင့် အေးတိအေးစက် ရှိနေလေ၏။

“သူတို့ ပြောပုံအရဆိုရင် ကျင့်ကြံခြင်းဂိုဏ်းကြီးတွေဟာ အင်မောတယ်အထက်ဘုံ စုဝေးပွဲမှာ သူတို့ တပည့်တွေကိုပဲ အောင်မြင်မှု ရစေသလို ဖြစ်နေပြီပဲ။ ဒါက လံကြုပ်ကိစ္စကြီး ဖြစ်နေပြီ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ရင် ကျုပ်တို့က ကိုယ့်အရှက်ကိုယ်ခွဲ၊ ကိုယ့်အသက်ကိုယ် အသေခံခိုင်းသလို ဖြစ်နေပြီ မလား…”

ဟန်လိသည် နှာခေါင်းပွတ်ကာ ထိုသို့ တွေးမိလိုက်၏။

“ကျုပ်တို့လို့ လေလွင့်ကျင့်ကြံသူတွေဟာ ကျင့်ကြံခြင်းဂိုဏ်းတွေက တပည့်တွေနဲ့ တကယ်ပဲ ကွာဟလွန်းတာလား။ အဲ့ကျင့်ကြံခြင်းဂိုဏ်းက ထွက်ခွာလာတဲ့ သူတွေကတောင် ကျုပ်တို့ လေလွင့်ကျင့်ကြံသူ အများစုထက် ပိုသန်မာ အားကောင်းကြတယ်…”

“ကျုပ် အနေနဲ့ ဒါကို ဝန်မခံချင်ပေမယ့်လည်း ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေထဲက ပေါ်ထွက်လာတဲ့ ဆရာသခင်တစ်ယောက်တောင် ဒီကျင့်ကြံခြင်းဂိုဏ်းက လူတွေနဲ့ ယှဉ်ရင် အဆင့်နိမ့်လွန်းနေတယ်။ ကျုပ်တို့ တစ်ယောက်ချင်းစီကိုပဲ ကြည့်ပါအုံး။ ကျုပ်တို့အားလုံးရဲ့ စွမ်းအားနဲ့ ရင်းမြစ်တွေဟာ သူတို့ကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဂိုဏ်းတခုနဲ့ ဂိုဏ်းတခုရဲ့ အပြင်ဘက်က အခြေအနေတွေဟာ နှိုင်းယှဉ်ရရင် ကွာဟချက်၊လိုအပ်ချက် ကြီးမားလွန်းတယ်…”

တာအိုရသေ့ချင်းဝမ်က ခါးသီးစွာ ထပ်ပြောဆိုလိုက်၏။

“ကျုပ် မိတ်ဆွေတစ်ယောက်ရှိက ကြားဖူးတာကတော့ ကျုပ်တို့ဟာ ကျင့်ကြံခြင်းဂိုဏ်းတခုရဲ့ တပည့်တစ်ယောက်ဖြစ်လာပြီး အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ရနိုင်ခဲ့ရင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ရောက်နိုင်တဲ့ အရေအတွက်ဟာ နည်းပါးလွန်းတယ်တဲ့…” ဟိုင်းမူက စိတ်ဓာတ်ကျစွာ ဆိုသည်။

“ကဲ…တော်လောက်ပြီ။ လူတိုင်းပဲ စိတ်ဓာတ်ကျ မနေကြတော့နဲ့။ ကျုပ်တို့က ငယ်ငယ်ရွယ်ရွယ်ပဲ ရှိပါသေးတယ်။ ကျုပ်တို့က ဒီတစ်ကြိမ် မအောင်မြင်ခဲ့ရင်လည်း ကျုပ်တို့အတွက် နောက်ဆယ်နှစ်မှာ အခွင့်အရေးတစ်ခု ရှိသေးတာပဲ မဟုတ်လား။ ကျုပ်တို့အနေနဲ့ အနာဂတ်မှာ ကျင့်ကြံခြင်းဂိုဏ်းတခုကို ဝင်ရောက်နိုင်ပြီး ဂိုဏ်းတပည့်တစ်ယောက် ဖြစ်ချင် ဖြစ်လာနိုင်မှာပဲ…။ ခုကစပြီး ကျုပ်တို့ ဒီစုဝေးပွဲ ပြိုင်ပွဲ ပြီးတဲ့နောက် အတူတူ ဘယ်လိုဆက်ရှိကြမလဲဆိုတဲ့ အကြောင်းပဲ ပြောကြတာပေါ့…”

တာအိုရသေ့ချင်းဝမ်သည် ထိုသို့ ဆိုကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ပြောစရာ ဘာမှ မရှိဘူး။ အဲ့အချိန်ကျရင် ကျုပ်က လူတိုင်းနဲ့ အတူ ထွက်သွားမယ်။ ကျင့်ကြံခြင်းလောကရဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ လူတွေ အကြောင်း ကြားပြီးတဲ့နောက် ကျုပ်အနေနဲ့ တစ်ယောက်တည်း ခရီးမနှင်ဝံ့တော့တာ အမှန်ပဲ…”

တာအိုရသေ့ချင်းဝမ်က အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ဟုန်လျန်ထံ လှမ်းကြည့်သည်။

All Chapters