အဲ့ကောင်ကြီးကို မီးရှို့ပစ်လိုက်
Vol. 5 Ch. 71
အခန်း (၇၁) အဲ့ကောင်ကြီးကို မီးရှို့ပစ်လိုက်
ရထားက ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားသည်။ လှုပ်ခါမှုက နောက်ဆုံးရထားတွဲမှ လာခြင်းဖြစ်သည်။ ဟန်ချက်မပျက်အောင် ထိန်းနေကြသည့် အေးဂျင့်များသည် ပြတင်းပေါက်မှ ချောင်းကြည့်လိုက်ရာ တွေ့လိုက်ရသော မြင်ကွင်းက သူတို့ကို တုန်လှုပ်သွားစေသည်။
ညအမှောင်ထု၏ အောက်တွင်၊ အလွန်အင်မတန် ကြီးမားသော အနက်ရောင်တီကောင်ကြီး တစ်ကောင်က နောက်ဆုံးရထားတွဲကို ရစ်ပတ်ထားသည်။ တီကောင်ကြီး၏ ခန္ဓာကိုယ်က ဆယ်မီတာကျော် ရှည်လျားပြီး၊ ချီတင်ဖြင့် ဖွဲ့စည်းထားသော တောက်ပသည့် အနက်ရောင်အရိုးစုတစ်ခုက လရောင်အောက်ကတွင် ရောင်ပြန်ဟပ်နေသည်။
ဤသတ္တဝါကြီးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ တီကောင်ကြီး၏ ဦးခေါင်းပိုင်းသည် ကြီးမားလှသော ပါးစပ်ကြီးဖြစ်ပြီး ချွန်ထက်လှသော သွားများက လည်ချောင်းအထိ ရှိနေသည်။ တီကောင်ကြီးက ရထား၏ အပြင်ဘက်အကာအရံကို ထိုးဖောက်ပြီး ဝါးစားနေသည်။ ကံမကောင်းသည့် အေးဂျင့်တစ်ယောက်မှာ တီကောင်ကြီး၏ ပါးစပ်ထဲရောက်သွားကာ အချိန်ပိုင်းလေးအတွင်းမှာပဲ နုပ်နုပ်စဉ်းထားသော အသားအဖြစ် ပြောင်းလဲသွားသည်။
ဟန်ရှောင်းတစ်ယောက် ကျောရိုးထဲစိမ့်သွားသည်။ သူအရင်က ရှိခဲ့တဲ့ ရဲရင့်တဲ့ စိတ်ကူးတွေ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ဒါက အနက်ရောင်မြေတီကောင်ပဲ။" ချီပိုင်ကျား၏ မျက်နှာမှ ထိတ်လန့်မှုကို တွေ့နေရသည်။
ဟန်ရှောင်းက Berserk Eagle ကို ဆွဲထုတ်ပြီး တီကောင်ကို ပစ်လိုက်သည်။ တီကောင်၏ အချက်အလက်များ သူ့မျက်စိရှေ့ရှိ မျက်နှာပြင်၌ ပေါ်လာသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
_________________________________
အနက်ရောင်မြေတီကောင်
အဆင့်- ၄၈
(ရင်သွေးငယ် အဆင့်) Lv. 10၊ (ဆယ်ကျော်သက်အရွယ်) Lv. 10၊ (လူကြီးအဆင့်) Lv. 10, (မိတ်လိုက်သည့်အဆင့်) lv10, (???) Lv. ၈
အသက် : 71 နှစ်
အချက်အလက်များ- ခွန်အား ၈၀၊ လက်စွမ်း ?၊ ခံနိုင်ရည် ?၊ ဉာဏ်ရည် ?၊ လျှို့ဝှက်ဆန်းကြယ်မှု ၁၊ ကံကောင်းခြင်း ၂။
စွမ်းအင်: 0
စွမ်းအင်အဆင့်: ?
သွေးအမှတ်: ?
စွမ်းရည်များ
- ထူသော chitin ၏ ပြင်ပအရိုးစု - ခုခံနိုင်မှု +၂၀
- အမှောင်ထု - +၁၅% အမှောင်စွမ်းရည်များ
- ကြီးမားသောကိုယ်ထည် - သွေးအမှတ် +၁၀၀၀၊ တုန်ခါမှုကို ၂၀% လျှော့ချပေးသည်။
- သတ္တုဝါးခြင်း- သတ္တုဒြပ်စင်များဆီသို့ နောက်ထပ် 25% ပျက်စီးမှု
- မြေကြီးနဂါး၏ရှားပါးသွေး- သွေးအမှတ် +၂၀၀၀၊ သဘာဝလွန်ဒြပ်စင်များကို +၁၀% ခုခံကာကွယ်ခြင်း။
– ???၊ ???၊ ??? …
ကျွမ်းကျင်မှုများ
- Strangling ဖြင့်သတ်ဖြတ်ခြင်း အဆင့် ၇
- တွားသွားခြင်း အဆင့် ၁၀
- လှည့်ပတ်နေသောရှေ့သွား အဆင့် ၆
- အက်ဆစ် တံတွေးထွေး အဆင့် ၅
– ???၊ ???၊ ??? …
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဤမွန်းစတားက သူ့ထက်ကံကောင်းနေသည့်အတွက် ဟန်ရှောင်းမှာ မမျှတသလို ခံစားနေရသည်။
"ပစ်"
အေးဂျင့်များက ပစ္စတိုများဖြင့် ပစ်ခတ်ကြသည်။ သေနတ်သံများ ဆူညံသွားသည်။ သို့သော် ကျည်ဆံများက တီကောင်ကြီး၏ အရိုးစုပေါ်တွင် ခြစ်ရာလေးမျှသာ ထင်စေ၏။ လုံးဝ ထိခိုက်မှု မရှိပေ။
ရေပင်လယ်ဂြိုလ်၏ သားရဲများကြီးစိုးရာ တောနက်ကြီးသည် အလွန် အန္တရာယ်များလွန်းလှ၏။ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများက လှည့်ပတ်သွားလာနေကြသည်။ အတိတ်တွင် မြို့ရွာများကို ထိုသတ္တဝါများက ရက်စက်စွာ ဖျက်စီးသတ်ဖြတ်ခဲ့သော ဇာတ်လမ်းများလည်း ရှိခဲ့၏။ လူသားများသည် သူတို့၏ အသိဉာဏ်နှင့် ဉာဏ်ပညာများပေါ် မှီခို၍ ထိုသို့သော သတ္တဝါများကို တွန်းလှန်ကာ အစာကွင်းဆက်၏ ထိပ်ဆုံးသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
အနက်ရောင်မြေတီကောင်၏ သက်တမ်းသည် အလွန်ရှည်လျား၏။ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ အရွယ်အစားသည်လည်း အချိုးကျပင် ကြီးထွားလာကြသည်။ ပုံမှန်အခြေအနေတွင်၊ အမှောင်ထုထဲ၌ လှုပ်ရှားမှုနည်းနည်းဖြင့် အေးအေးချမ်းချမ်း နေထိုင်လေ့ရှိကြသည်။ သို့သော်ငြားလည်း၊ မြေပြင်၏ အပြင်းအထန် တုန်ခါမှုကြောင့် လန့်နိုးသွားဟန်တူသည်။
သူတို့လူစုအတွက်မူ တီကောင်ကြီးက ရထားဖြတ်သွားသည့် ဆူညံသံကြောင့် နိုးသွားသည်မှာ သိသာလှသည်။
တောရိုင်းကောင်များနှင့် ထိပ်တိုက်တွေ့ခြင်းမှ ကာကွယ်ရန် ရထားလမ်းတိုင်းတွင် လမ်းတံတားများနှင့် လမ်းကြောင်းကို စစ်ဆေးမည့် ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများ ရှိကြသည်။ ထိုလူများက မြေအောက်တွင် ရှိနိုင်သော သတ္တဝါများကိုပါ စစ်ဆေးကြရ၏။ အကယ်၍ ဤတီကောင်ကြီးက နောက်ဆုံးစစ်ဆေးမှုမတိုင်ခင်ကတည်းက ရှိနေခဲ့သည်ဆိုပါက ထိုတာဝန်ရှိဝန်ထမ်းမှာ ပေါ့ပေါ့ဆဆနှင့် စေ့စေ့စပ်စပ် စစ်ဆေးရန် ပျက်ကွက်သည်ဟု ဆိုလိုသည်။
တီကောင်ကြီး၏ သားကောင်အဖြစ် သတ်မှတ်ခံထားရသော အေးဂျင့်များသည် ကြောက်လန့်တကြား ပစ္စတိုများဖြင့် ပစ်ခတ်ကြလေသည်။ သို့သော်လည်း၊ ပစ္စတိုမှ ကျည်ဆံအသေးများက ခုခံမှုအမှတ် ၁၀၀ကျော်ရှိသည့် တီကောင်ကြီးကို ထိခိုက်မှု လုံးဝမဖြစ်စေပေ။
ပေါက်ကွဲစေသည့် လက်နက်များနှင့် စက်သေနတ်မျာသည် သိုလှောင်တွဲထဲ၌ ရှိနေ၏။ သို့သော် အေးဂျင့်များက ထိုလက်နက်များကို မရယူနိုင်ပေ။ သိုလှောင်တွဲသို့ သွားသည့်လမ်းကို တီကောင်ကြီးက ပိတ်ဆို့ထား၏။ အခြေအနေက အေးဂျင့်များအတွက် အကောင်းဘက်မှာ ရှိမနေပေ။
အခြေအနေများ ဖရိုဖရဲဖြစ်နေစဉ်အတွင်း၊ လေပြင်းတစ်ချက်က ရထားတွဲကို ရိုက်ခတ်လိုက်၏။ ပစ္စည်းများ ပြုတ်ကျကုန်ပြီး လေပြင်းထဲတွင် လွင့်ပါကုန်၏။ ရထားက ၁၅ဒီဂရီခန့် စောင်းသွားပြီး ရထားသံလမ်းမှ မီးပွားများ ထွက်လာသည်။ ရထားတွဲမှာ တီကောင်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် အချိန်မရွေး တိမ်းမှောက်သွားနိုင်ဟန်ရှိသည်။
"ဘေးဖယ်" လီယာလင်းက အော်လိုက်ပြီး ပြန်သိမ်းနိုင်တဲ့ဓါးကိုကိုင်ကာ ရှေ့တက်လာသည်။ သူမ၏ အဝါရောင် စွမ်းအင်များကို စုစည်းလိုက်ပြီး တီကောင်ကြီး၏ အရိုးစုကို ခုတ်ချလိုက်သည်။ ကွဲအက်သံတစ်ခု ကြားလိုက်ရပြီး တီကောင်ကြီး၏ ခန္ဓာကိုယ်တွင် မြင်သာသော ဓါးရာတစ်ခု ပေါ်လာ၏။
အလုပ်ဖြစ်တယ်။
'တိုက်ခိုက်သူ'များသည် သူတို့၏ အတွင်းရှိစွမ်းအင်များကို စုစည်းကာ အံ့အားသင့်ဖွယ်ကောင်းသော ထိခိုက်နိုင်စွမ်းကို ပေးနိုင်ကြ၏။ ဤအခြေအနေတွင်၊ သူတို့၏ လက်သီးထိုးချက်များနှင့် ကန်ချက်များသည် ကြီးမားသောအင်အားများ ရှိကြပြီး သက်ရောက်မှု ပြင်းထန်ကြသည်။
တစ်ချက်ခန့် အလျှင်အမြန် အကဲခတ်ပြီးနောက်၊ တိစုစုလည်း ရှေ့တက်လာသည်။ ပြန်သိမ်းနိုင်တဲ့ဓါးကို လက်ထဲတွင် ကိုင်စွဲပြီး၊ အစိမ်းရောင်စွမ်းအင်ကို စုစည်းလိုက်ကာ မိုးကြိုးပစ်ချသလို လျှင်မြန်ကြမ်းတမ်းစွာ ခုတ်ချလိုက်သည်။ တီကောင်ကြီးမှ အရိုးစတစ်ခု ပဲ့ကျသွားပြီး၊ အစိမ်းရောင်ဖျော့ဖျော့လင်းနေသည်ကို မြင်နေရသည်။
တီကောင်ကြီးက စိုးရိမ်သည့်ပုံပင် မပြပေ။ သူ၏ ထူထဲသော အရေပြားနှင့် အရိုးစုကြီးက ကာကွယ်ပေးနေသည့်အတွက် တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ တစ်ချက်တစ်ချက် ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး ရထားတွဲကို ပို၍တင်းတင်းကြပ်ကြပ် ရစ်ပတ်နေသည်။
ရေပင်လယ်ဂြိုလ်ရှိ မွန်းစတားများသည် ရက်စက်ကြမ်းကြုတ်လှပြီး ၎င်းတို့ကို အထူးမာကျောစေသည့် စွမ်းရည်များစွာရှိသည်။ တီကောင်ကြီးသည် တောရိုင်း ဘော့စ်အဆင့် သတ္တဝါဖြစ်ကြောင်း ထင်ရှားပြီး ခေတ်မီစစ်တပ်၏ ပစ်ခတ်နိုင်စွမ်းမရှိလျှင် ဤမွန်းစတားကို သတ်ရန် ခက်ခဲပေလိမ့်မည်။ တီကောင်ကြီးကောင်သည် အနိုင်ယူရန် တူညီသောအဆင့်ရှိ ကစားသမား အနည်းဆုံးငါးဆယ် လိုအပ်သော သတ္တဝါဖြစ်သည်။ သို့သော်၊ တစ်ကိုယ်တော်ကစားသမားများက မွန်းစတားကို အနိုင်ယူခဲ့သည့် ဖြစ်ရပ်အချို့ရှိခဲ့သည်။
နောက် ၂ချက်မျိုချအပြီးတွင်၊ နောက်ထပ် အေးဂျင့်၂ယောက်သည်လည်း တီကောင်ကြီး၏ မျိုချခြင်း ခံလိုက်ရသည်။ လူများ၏ အသားက မြေအောက်ရှိ သဲတီကောင်များထက် အများကြီး ပို၍ ကောင်းလေသည်။ အနက်ရောင်မြေတီကောင်ကြီးသည် သွားများကြိတ်နေရင်း အစာကို ပျော်ပျော်ကြီး စားသောက်နေသည်။
အေးဂျင့်များက တဆတ်ဆတ်တုန်နေပြီး၊ သားရဲကြီး၏ ရက်စက်ကြမ်းကြုတ်မှုက သူတို့ကို မြေပေါ်သို့ မူးမေ့လဲကျသွားစေသည်။ ထိုအခိုက်အတန့်တွင်၊ လူသားများ၏ ဉာဏ်ရည်က ဆုံးရှုံးသွားပြီး၊ ကံတရားစီရင်ရာကို ထိုင်စောင့်နေကြသည့် သားကောင်များနှင့်ပင် ဆင်တူနေသည်။
"မီးကိုသုံးကြ၊ ဒီကောင်ကြီးက မီးကိုကြောက်တယ်။" တိစုစုက အော်ပြောလိုက်သည်။
တီကောင်ကြီးသည် အမြင်အာရုံ အားနည်းပြီး အပူနှင့် မီးပွင့်မီးပွားတို့ဖြင့် အလွန်ထိခိုက်လွယ်သည်။ လူသားတို့အတွက် အလင်းဗုံးကဲ့သို့ပင် ထိုအရာက တီကောင်အတွက် သက်ရောက်မှုရှိသည်။
အေးဂျင့်များကလည်း ဤအခြေအနေအတိုင်းသာ ဆက်ဖြစ်နေပါက ရထားက ဖျက်စီးခံရတော့မည်ကို သတိပြုမိသည်။ တစ်ခုတည်းသော အဖြေမှာ မီးကိုအသုံးပြု၍ တီကောင်ကြီးကို တိုက်ထုတ်ရန်သာ ရှိတော့သည်။ ကျန်းဝေက ချက်ချင်းပင် ပေါက်ကွဲအားပြင်း ကျည်ဆံများထည့်ထားသည့် ကျည်ကပ်ကို ထုတ်လိုက်သည်။
ဒိုင်း
ချက်ချင်းပင်၊ မထိုးဖောက်နိုင်သော အရိုးစုက စတင်၍ လောင်ကျွမ်းလာသည်။ တီကောင်ကြီးမှာ မတည်မငြိမ်ဖြစ်လာပြီး အပြင်းအထန် လူးလွန့်လာသည်။ မီးတောက်များနှင့် အပူချိန်က ၎င်းကို မသက်မသာ ခံစားစေရသည်။ ၎င်းမှာ အနားမရသော မျောက်ကြီးတစ်ကောင်လို လှုပ်လှုပ်ရွရွဖြစ်လာ၏။
ဟန်ရှောင်းက ကြမ်းပြင်ပေါ်တွင် သံတစ်ချောင်းလို တည်တည်ငြိမ်ငြိမ် ရပ်နေ၏။ တစ်ဖြည်းဖြည်းတိုးလာသော လှုပ်ခတ်မှုကြောင့် ရထားတွဲမှောက်သွားမည်ကို သူက စိုးရိမ်နေသည်။ ဌာန၁၃၏ အေးဂျင့်အားလုံးလိုလို ပေါက်ကွဲအားပြင်းကျည်များ ဝယ်ထားကြ၍ သူမပါဘဲ အခြေအနေကို ကောင်းကောင်းထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ထားသည်။
တီကောင်ကြီးပေါ်ရှိ မီးတောက်ကလည်း ကြီးမားလာပြီး၊ အချိန်သိပ်မကြာခင်မှာပင်၊ တီကောင်ကြီးက မီးကျည်မီးခဲများကို သည်းမခံနိင်တော့ပေ။ ၎င်းက ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်ပြီး ရထားတွဲကို ရစ်ပတ်ထားသည်ကို ဖြေလျော့လိုက်သည်။ ထို့နောက်၊ မြေကြီးထဲသို့ တူးဝင်သွားတော့သည်။ စက္ကန့်အနည်းငယ်အကြာ မြေကျစ်စာများသာ ချန်ခဲ့ပြီး မြေအောက်အနက်ထဲသို့ ဝင်ရောက်သွား၏။
မွန်းစတားကြီး၏ ဒေါသအောက်မှ လွတ်မြောက်လာသော အေးဂျင့်များမှာ ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေကြဆဲပင်။ သူတို့သည် မြေကြီးပေါ်သို့ လဲကျသွားကြသည်။
"ငါတို့ လွတ်သွားပြီ။"
"ငါတို့ မသေသေးဘူး၊ မသေသေးဘူးကွ..."
""မေမေရေ၊ သားအမေ့ကို လွမ်းတယ်"
တီကောင်ကြီး ပေါ်လာသည်မှာ မိနစ်အနည်းငယ်မျှသာ ဖြစ်သော်လည်း ထိခိုက်မှုကတော့ ကြီးမားလှ၏။ ရထားတွဲတစ်ခုလုံး အပေါက်ရာများက နေရာအနှံ့နှင့် တရွတ်ပင်ဆွဲနေ၏။ အကယ်၍ တီကောင်ကြီးကိုသာ မောင်းမထုတ်နိုင်ပါက ရထားနှင့်တကွ ခရီးသည်များသည်... ခရီးသည်အားလုံး သေချင်မှသေမှာပါ။ သို့သော် ရထားကတော့ သေချာပေါက် နှောင့်နှေးမည်ဖြစ်သည်။
ကံကောင်းစွာဖြင့်၊ ပေါက်ကွဲအားပြင်းကျည်ဆံများက ရှိနေ၏။ လူစုက ဟန်ရှောင်းကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲမှ ကျေးဇူးတင်မှုကို ခံစားနေရ၏။
ကျန်းဝေက ဟန်ရှောင်း၏ ပခုံးကို ပုတ်လိုက်သည်။ သူ၏ ကျေးဇူးတင်မှုကို ဖော်ပြရန် စကားလုံးရှာမတွေ့ပေ။
""မင်းတို့ ကျေးဇူးတင်တယ်ဆိုရင်လည်း ပြောကြလေ။ ငါက စိတ်ကို မဖတ်တတ်ဘူးနော်။"
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဟန်ရှောင်း၏ စကားများက လေထုကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။
အေးဂျင့်များ ခဏမျှ အနားယူပြီးနောက် အပျက်အစီးများကို ရှင်းလင်းကြသည်။
အနက်ရောင်မြေတီကောင်ကြီး၏ တိုက်ခိုက်မှုသည် တစ်သက်မှာတစ်ခါသာဖြစ်သည့် အဖြစ်အပျက်ဖြစ်သည်။ ထိုကဲ့သို့ အဖြစ်မျိုး တစ်ခါသာ ဖြစ်ပွားခဲ့ဖူး၍ စစ်တပ်သုံး ရထားလမ်းများမှာ အလုံခြုံဆုံးဖြစ်သည်ဟု သက်သေပြနေသည်။
ရထား၏ ပြတင်းပေါက်မှ မြင်ရသည့်မြင်ကွင်းများမှာ အဓိကအားဖြင့် တောင်တန်းများ၊ အုပ်ဆိုင်းနေသော တောအုပ်များနှင့် အနည်ကျမြေပြင်များဖြစ်ရာ တဖြည်းဖြည်းနှင့် ပျင်းစရာကောင်းလာ၏။
လမ်းတစ်လျှောက်တွင်၊ ဟန်ရှောင်းက ကြီးမားသော အနက်ရောင်ရထားတွင်သာ နေထိုင်၍ စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်နှင့် စက်ပစ္စည်းထုတ်လုပ်ရေးစကေးများကို
သာ လေ့ကျင့်နေတော့သည်။
၃ရက်ကြာပြီးနောက်၊ ရထားက ဟက်စ်လာနယ်စပ်ရှိ ဘူတာရုံသို့ ဆိုက်ရောက်သွားသည်။
အခန်း (၇၁) ပြီး၏။
လင်းဆက်
+++++