စခန်းဖျက်စီးခြင်းမစ်ရှင်
Vol. 5 Ch. 72
အခန်း (၇၂) စခန်းဖျက်စီးခြင်းမစ်ရှင်
ဟက်စ်လာနှင့် ကြယ်နဂါးနိုင်ငံတို့သည် ကုန်းမြေတိုက် တစ်ခုတည်းပေါ်တွင် တည်ရှိကြသည်။ ဟက်စ်လာ၏ ပို၍လွတ်လပ်သောယဉ်ကျေးမှုမှာ ပူအိုက်စိုစွတ်သော ရာသီဥတုကြောင့် ဖြစ်နိုင်သည်။ ကမ်းခြေများ၏ အပြင်ဘက်၌ပင် ဘီကီနီဝတ် မိန်းကလေးများနှင့် အပေါ်အင်္ကျီမပါသော ယောက်ျားလေးများ လမ်းပေါ်တွင်လျှောက်သွားနေသည်ကို တွေ့နိုင်သည်။
ရထားက စစ်တပ်ဘူတာရုံသို့ ဆိုက်ရောက်လာသည်။ ပြတင်းပေါက်မှ ကြည့်လိုက်ရာ၊ နေကာမျက်မှန်တပ်ထားပြီး ပန်းပွင့်များပါသည့် အင်္ကျီခပ်ပွပွကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ကို ပလက်ဖောင်းပေါ်တွင် တွေ့လိုက်ရသည်။ သူက နောက်ထပ်ဆက်သွယ်ရမည့်သူ ဖြစ်နိုင်သည်။
ဟန်ရှောင်းက အခြားသူများနှင့်အတူ ချီပိုင်ကျား၏ ဦးဆောင်မှုအတိုင်း ဆင်းလာ၏။ ချီပိုင်ကျားက ထိုလူကြီးဆီသို့ လျှောက်သွားပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ "ကျွန်တော်က ကြယ်နဂါးနိုင်ငံ ဌာန၁၃က ချီပိုင်ကျားပါ။"
လူကြီးက ရယ်လိုက်ပြီး နေကာမျက်မှန်ကို ချွတ်လိုက်သည်။ မရိတ်ထားသော မုတ်ဆိတ်မွေးငုတ်တိုနှင့် ဖိုသီဖတ်သီဖြစ်နေပြီး၊ ဈေးထဲမှ ငါးစိမ်းသည်အလားပင်။
"ကျွန်တော်က ဟက်စ်လာ စုံစမ်းထောက်လှမ်းရေးဌာနက ယဲ့ဖန်ပါ။"
ဟန်ရှောင်း မယုံကြည်နိုင်ဖြစ်သွားသည်။
ယဲ့ဖန်
သူက ဘယ်ယဲ့ဖန်လဲ။
ဘာတွေ ဖြစ်နေတာလဲ။
ဒီလူကြီးက ဟန်ရှောင်းစိတ်ထဲတွင် ပုံဖော်ထားသည့် ဖျတ်လတ်ပြီး အထာကျသော ယဲ့ဖန်နှင့် လုံးဝမတူပေ။
ယဲ့ဖန်က ရထားတွဲမှ အပေါက်ရာများကို မြင်သွားပြီး ချက်ချင်းမေးလိုက်သညိ။ "မင်းတို့ မွန်းစတားနဲ့ တွေ့လာတာလား။"
"ဒါက တီကောင်သေးသေးလေးပါပဲ၊ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။"
"ချီပိုင်ကျားက ခြောက်ကပ်ကပ်သာ ချောင်းဆိုးလိုက်သည်။ တီကောင်ကြီးကြောင့် ဘယ်လောက်ပဲ အန္တရာယ်များခဲ့ပါစေ၊ အခြေအနေက အန္တရာယ်ကြီးဖြစ်ခဲ့သည်ဟု သူဝန်ခံမည် မဟုတ်ပေ။ သူက ကြယ်နဂါးနိုင်ငံ၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်လိုပြီး ဟက်စ်လာအဖွဲ့ကိုလည်း သူတို့သည် သန်မာကြောင်း ယုံကြည်စေချင်သည်။
"မင်းတို့ လုံလုံခြုံခြုံရောက်လာတာ တကယ်ကံကောင်းတာပဲ။" ယဲ့ဖန်က ရယ်လိုက်သည်။ သူက ချီပိုင်ကျား၏ စကားများကို ထပ်၍ မစူးစမ်းတော့ပေ။
ယဲ့ဖန်က မျက်မှန်ပြန်တပ်လိုက်ပြီး ပြော၏။ "အမိန့်ပေးစင်တာကို အမြန်သွားပြီး တင်ပြရအောင်။ ငါတို့ရဲ့ အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းတွေက မေပယ်လ်နိုင်ငံနဲ့ယှဉ်ရင် အများကြီး ရိုးရှင်းပါတယ်။ ၉၀%လောက် ပိုပြီး ရိုးရှင်းတယ်။
အေးဂျင့်တစ်ချို့မှာ သူတို့ဖာသာ ရယ်မောလိုက်ကြသည်။ မေပယ်လ်နိုင်ငံသည် သူတို့၏ တင်းကျပ်သောစနစ်ကြောင့် ထင်ရှား၏။ သိရသရွေ့မှာ၊ သီးစီးရပ်မှ ရှန်နုများနှင့် မေပယ်လ်နိုင်ငံတို့ ပူးပေါင်းပြီး လေလွင့်သူတပ်မှူးချုပ်များကို ရှင်းကြသည့်အချိန်တွင်၊ စိတ်ဆတ်သော ရှန်နုများသည် မေပယ်လ်နိုင်ငံ၏ အသေးစိတ်ကျလှသော အစီရင်ခံရသည့် လုပ်ထုံးလုပ်နည်းများကြောင့် အလွန်ဒေါသထွက်ခဲ့ပြီး၊ ထောက်လှမ်းရေးအဖွဲ့မှ အရာရှိများဖြင့်ပင် ကာရိုးမားရုံးချုပ်၌ တိုက်ခိုက်တော့မတတ် ဖြစ်ခဲ့ကြသည်။
ဤပူးတွဲစစ်ဆင်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာ ကြိုတင်လိုအပ်ချက်မှာ ကွန်မန်ဒါများသည် မစ်ရှင်ကို အမှန်တကယ်အကောင်အထည်မဖော်မီ၊ ၎င်းတို့၏စစ်ဆင်ရေးအစီအစဉ်များကို တင်ပြရန် လိုအပ်သည်။
ဤစစ်ဆင်ရေးအတွက် ဟက်စ်လာစစ်တပ်သည် ထိုးစစ်ဆင်ရန် တာဝန်ယူခဲ့သည်။ အေးဂျင့်များသည် ကျီးနက်တောင်ကြားစခန်းတွင် ရန်သူ၏ ကာကွယ်ရေး အသေးစိတ်ပုံစံများကို ဖော်ထုတ်ရမည့် ကင်းထောက်မစ်ရှင်များကို တာဝန်ယူရသည်။
လမ်းတစ်လျှောက်တွင် အသစ်စက်စက် ကျည်ကာဂျစ်ကားများနှင့် ကားဂိုဒေါင်များတွင် ရပ်ထားသည့် တင့်ကားငယ်များကို တွေ့နိုင်သည်။ ပျားလပို့ ဒုံးပစ်လောင်ချာများနှင့် ခဲယမ်းမီးကျောက်များ သယ်ဆောင်လာသည့် စစ်သည်အဖွဲ့များလည်း ရှိသည်။
ကျန်းဝေ၊ တိစုစုနှင့် မာချင်းယန်တို့က သူတို့ထုံးစံအတိုင်း စကားများသည့်ပုံစံနှင့် လုံးဝကို ဆန့်ကျင်စွာပင် တိတ်ဆိတ်သွားသည်။ သူတို့၏ အမျိုးသားရေး စိတ်ဓာတ်က သက်ရောက်မှုရှိနေခြင်းဖြစ်သည်။ ဟန်ရှောင်းသည် ထိုအချိန်တွင် သူသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်သင့်ကြောင်း သဘောပေါက်သွားသည်။
ကွပ်ကဲရေးမှူးမှာ တောင့်တင်းသန်မာသော ကော့ကေးရှန်းလူမျိုး ကာနယ်ကားလ်ဖြစ်သည်။ ကာနယ်ကားလ်သည် နံရံတွင်ဆွဲထားသော စစ်ဆင်ရေးအစီအစဉ်ကို လေ့လာနေသည်။ တံခါးခေါက်သံကြားသောအခါ၊ ကာနယ်ကားလ် အခန်းထဲဝင်လာသူမှာ သူ့လက်ထောက်အရာရှိဟု ထင်ပြီး အော်ထုတ်လိုက်သည်။ “ငါတွေးနေတဲ့အချိန်မှာ ငါ့ကို မနှောင့်ယှက်နဲ့။”
ယဲ့ဖန်က ချောင်းတစ်ချက်ဆိုးပြီး ပြောလိုက်သည်။ “ကာနယ်၊ ကြယ်နဂါးနိုင်ငံက အေးဂျင့်တွေ အစီရင်ခံဖို့ ရောက်ပါပြီ။”
ကာနယ်ကားလ်က ယဲ့ဖန်ကို လှည့်၍ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ တင်းမာမှုများ ချက်ချင်း လျော့ကျသွားသည်။ သူက မျက်လုံးမှေးလိုက်ပြီး ကြယ်နဂါးနိုင်ငံမှ အေးဂျင့်များကို မယုံမကြည်နှင့် အေးစက်စွာစိုက်ကြည့်နေ၏။ အံဆွဲမှ စာဖိုင်တစ်ခုကို ထုတ်ယူလိုက်သည်။
“သူတို့ကို အနားယူဖို့ ခေါ်သွားပါ၊ တစ်နာရီအတွင်း အတူတူ ထွက်ခွာမယ်” ဟု သူက အမိန့်ပေးသည်။
ကားလ်သည် ဌာန၁၃၏ အေးဂျင့်များနှင့် အဆင်မပြေပုံပေါ်သည်။ ယဲ့ဖန်သည် အေးဂျင့်များကို အခန်းတစ်ခုသို့ ခေါ်ဆောင်ကာ မကြာမီ ထွက်ခွာတော့မည်ဖြစ်သောကြောင့် ၎င်းတို့အား နေရာ၌သာနေရန် တောင်းဆိုခဲ့သည်။
ယဲ့ဖန်ထွက်သွားပြီးနောက် အေးဂျင့်များသာ ကျန်ခဲ့သည်။ လီယောင်သည် နောက်ဆုံးတွင် စကားပြောရဲသွားပြီး တိုးတိုးလေးမေးလိုက်သည်။ "ဟက်စ်လာစစ်သားတွေ၊ အထူးသဖြင့် ကွပ်ကဲရေးမှူးက ငါတို့ကို မကြိုက်ဘူးထင်တယ်လို့ ဘာလို့ခံစားနေရတာလဲ"
မာချင်းယန်က ရွဲ့စောင်းပြုံးပြီး "အရင်တုန်းက ကြယ်နဂါးနိုင်ငံနဲ့ ဟက်စ်လာတို့ကြား စစ်ပွဲတွေရှိခဲ့တယ်။ ဒါကြောင့်၊ ဟက်စ်လာက လူတွေက ငါတို့အပေါ် မဖော်ရွေကြဘူး။ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အချိန်မှာတောင် ဒီလိုအခြေအနေတွေကို ရင်ဆိုင်ရတာ တကယ့်ကို စိတ်ပျက်စရာပါပဲ။ ကာနယ်ကားလ်က ချွေးသိပ်ဖို့ လွယ်ကူတဲ့လူ မဟုတ်တာတော့ သေချာတယ်။”
ဌာန၁၃အတွင်းရှိ မတူညီသော အုပ်စုများသည် ကြယ်နဂါးနိုင်ငံအတွက် မထူးခြားပေ။ တကယ်တမ်းတွင်၊ နိုင်ငံတော်တော်များများ၌ ဤကဲ့သို့ အခြေအနေမျိုး ကြုံနေရသည်။ မေပယ်လ်နှင့် အော်ဒီနာတို့သည် ရှေးရိုးဆန်သည်။ ရိုင်းလင်းနှင့် သီးစီးရပ်စ်တို့သည် ပို၍ မိမိကိုယ်ကို ယုံကြည်လွန်းကြသည်။ ကြယ်နဂါးနိုင်ငံနှင့် ဟက်စ်လာတို့သည် ပို၍ကြားနေဝါဒဆန်ကြပါသည်။
လီယောင်က မယုံကြည်နိုင်စွာ မှတ်ချက်ချလိုက်သည်။ “ဒါဆို ဌာနက ကျွန်တော်တို့ကို ဘာလို့ ဟက်စ်လာကို ပို့တာလဲ။ မစ်ရှင်အတွက် ငါတို့ကို ယဇ်ပူဇော်စရာ ပစ္စည်းတွေဖြစ်အောင် လုပ်ရင် ဘယ်လိုလုပ်မလဲ။”
“အထက်လူကြီးတွေ စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ လုံခြုံအောင်နေဖို့ ကိုယ့်ကိုယ်ကို အားကိုးရမယ်ထင်တယ်။”
မာချင်းယန်သည် ဌာန၏ သက်တမ်းရင့်နေသော အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် ယင်းအစီအစဉ်ကြောင့် အံ့သြတုန်လှုပ်ခြင်းမရှိတော့ပေ။
ချီပိုင်ကျားက "စိတ်မပူပါနဲ့၊ မင်းတို့ပေးတဲ့ အမိန့်တိုင်းဟာ ငါ့ရဲ့ခွင့်ပြုချက် အရင်ရရမယ်"
အေးဂျင့်များသည် ဆက်တိုက်ဆွေးနွေးကြပြီးနောက် မစ်ရှင်အတွက် မုဒ်ဝင်ရန် တိတ်ဆိတ်သွားကြသည်။
“ငါဆေးလိပ်ထွက်သောက်လိုက်ဦးမယ်။”
ဟန်ရှောင်းမတ်တပ်ထရပ်ပြီး အခန်းထဲက ထွက်သွားတယ်။ သူသည် စီးကရက်ကို မီးညှိကာ၊ တစ်ချက်ရှိုက်လိုက်သည်။ အငွေ့များက အဆုတ်ဆီသို့ တောက်လျောက်ဆင်းသွားပြီးနောက် နှာခေါင်းပေါက်မှ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်သည်။ စိတ်သက်သာသွားသလို ခံစားလိုက်ရ၏။
ဟက်စ်လာစစ်သားများမှ ဖော်ရွေမှုမရှိသော အကြည့်များကို လျစ်လျူရှုပြီး တက်ဘလက်၏ ဖန်သားပြင်ပေါ်ရှိ မစ်ရှင်အစီအစဥ်ဆီသို့ အာရုံပြောင်းသွားသည်။
_____________________
သင်သည် [ကျီးနက်တောင်ကြားစခန်း စစ်ဆင်ရေး] ကို အသက်သွင်းလိုက်ပါပြီ။
မစ်ရှင်အကျဉ်း - ဤသည်မှာ အသေးစား စစ်ရေးစစ်ဆင်ရေးတစ်ခုဖြစ်သည်။ ဌာန၁၃မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ဆင်ရေးတွင်ပါဝင်သူအနေဖြင့် သင်ဘာလုပ်နိုင်သည်ကို ရှာဖွေပါ။
အရိပ်အမြွက် - မစ်ရှင်သည် စခန်းဖျက်စီးခြင်းစီးရီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မစ်ရှင်ပြီးဆုံးပါက ဤဆုများကို သင်တောင်းဆိုနိုင်ပါသည်။
ကင်းထောက်ခြင်း ၁ - အဖွဲ့လိုက်မစ်ရှင်။ ကျီးနက်သစ်တောမြို့၏ အခြေအနေကို စောင့်ကြည့်ပါ။ အတွေ့အကြုံအမှတ် ၃၀၀၀ ချီးမြှင့်သည်။
ကင်းထောက်ခြင်း ၂ - အဖွဲ့လိုက်မစ်ရှင်။ ကျီးနက်တောင်ကြားစခန်း၏ အခြေအနေကို စောင့်ကြည့်ပါ။ အတွေ့အကြုံအမှတ် ၈၀၀၀ ချီးမြှင့်သည်။
ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ဝင် - တစ်ကိုယ်တော် မစ်ရှင်။ သင့်အသင်းဖော်များအတွက် ကိရိယာပြုပြင်မှု ၂၀ ကို အပြီးသတ်ပါ။ အတွေ့အကြုံအမှတ် ၈၀၀၀ ချီးမြှင့်သည်။
လုပ်ကြံသူ - တစ်ကိုယ်တော်မစ်ရှင်။ ကင်းစောင့် ၈ ယောက်ကို သတ်ဖြတ်ပါ။ အတွေ့အကြုံအမှတ် ၁၈,၀၀၀ ချီးမြှင့်သည်။
တိုက်ရိုက်တိုက်ခိုက်ခြင်း - တစ်ကိုယ်တော် မစ်ရှင်။ ဂျာမီနယ်အဖွဲ့အစည်းမှ စစ်သား ၅၀ ကို သတ်ပါ။ အတွေ့အကြုံအမှတ် ၃၅,၀၀၀ ချီးမြှင့်သည်။
လုပ်ကြံသတ်ဖြတ်ခြင်း ၁ - ဒေါ်မန်ကို သတ်ပါ။ ပံ့ပိုးမှုအပေါ်အခြေခံ၍ ဆုလာဘ်များ ရရှိမည်။
လုပ်ကြံသတ်ဖြတ်ခြင်း ၂ - ကျိကျဲကိုသတ်ပါ။ ပံ့ပိုးမှုအပေါ်အခြေခံ၍ ဆုလာဘ်များ ရရှိမည်။
လုပ်ကြံသတ်ဖြတ်ခြင်း ၃ - ဖန်ခွမ်းကိုသတ်ပါ။ ပံ့ပိုးမှုအပေါ်အခြေခံ၍ ဆုလာဘ်များ ရရှိမည်။
ကျီးနက်တောင်ကြားစခန်းကို ဖျက်စီးပါ။ - မစ်ရှင်ပြီးမြောက်မှုအဆင့်နှင့် တစ်ဦးချင်းပံ့ပိုးကူညီမှုအဆင့်အပေါ် အခြေခံ၍ ဆုလာဘ်များ ရရှိမည်။
မစ်ရှင်၏အဆုံးတွင်၊ တစ်ဦးချင်းစီ၏ အချက်အလက်များနှင့် စွမ်းဆောင်ရည်အပေါ်အခြေခံ၍ ဆုလာဘ်များ ထုတ်ပေးလိမ့်မည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အစပိုင်းတွင် ဟန်ရှောင်းသည် သာမန်မစ်ရှင်တစ်ခုဖြစ်လာမည်ဟု ထင်ခဲ့သော်လည်း ယင်းအစား စစ်ဆင်ရေးသည် ကွဲပြားပြီး ထူးထူးခြားခြား စွမ်းဆောင်နိုင်သည့် စခန်းဖျက်စီးခြင်းစီးရီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
မစ်ရှင်အမျိုးအစား များစွာရှိသည်။ စခန်းဖျက်စီးခြင်းစီးရီးနှင့် သက်ဆိုင်သော မစ်ရှင်များအတွက်၊ တစ်စုံတစ်ယောက်သည် ရည်မှန်းချက်အများစုကို ပြီးမြောက်သရွေ့၊ ဆုလာဘ်များသည် ရက်ရောမည်ဖြစ်သည်။ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်အပေါ်အခြေခံ၍ အပိုဆုလက်ဆောင်များလည်း ရှိပါသည်။
ဟန်ရှောင်း ဆေးလိပ်သောက်နေချိန်တွင် ဆံပင်နီတိုတိုနဲ့ အမျိုးသမီးတစ်ယောက်က သူ့ဆီ ချဉ်းကပ်လာပြီး မေးသည်။ "မင်းက ကြယ်နဂါးနိုင်ငံကလား”
သူ့မျက်လုံးကို စိုက်ကြည့်ရင်း ဟန်ရှောင်းခေါင်းညိတ်လိုက်သည်။ “အဲလို ထင်ပါတယ်။”
ချက်ချင်းဆိုသလိုပဲ အမျိုးသမီး
က ခါးကနေ ဓားတစ်ချောင်းကို ဆွဲထုတ်ပြီး ဟန်ရှောင်း၏ လည်ပင်းကို ထိုးလိုက်တော့သည်။
အခန်း (၇၂) ပြီး၏။
လင်းဆက်
+++++