သီးခြား စစ်ဆင်ရေး
Vol. 5 Ch. 74
အခန်း (၇၄) သီးခြား စစ်ဆင်ရေး
ကားတွေကို အပြင်ဘက်တွင် ရပ်ထားကြတယ်။ လူတိုင်း သူတို့၏ ပစ္စည်းများကို လျှို့ဝှက်အခြေစိုက်စခန်းသို့ ရွှေ့ပြောင်းပြီးနောက် မစ်ရှင်အကြို ရှင်းလင်းပွဲကို စတင်ခဲ့ကြသည်။
"ငါတို့မှာ စစ်ဆင်ရေးနှစ်ခုရှိတယ်။ ပထမတစ်ခုက၊ လှည့်လည်သူတွေအဖြစ် ရုပ်ဖျက်၊ ကျီးနက်တောင်ကြားမြို့ကို ရောနှောဝင်ရောက်ပြီး သတင်းစုဆောင်းရမယ်။ ဒုတိယအနေဖြင့်၊ ဂျာမီနယ်အဖွဲ့အစည်းမှ ကင်းစောင့်တွေထဲက တစ်ဦးတည်းကျန်ရစ်သူတွေကိုရှာဖွေပြီး သူတို့အခြေစိုက်စခန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထွက်လာအောင် အားသုံးပြီး အတင်အကြပ် ပြုလုပ်ရမယ်။"
"ငါတို့က ကင်းစောင့်တွေကို ကိုင်တွယ်လိုက်မယ်။ နင်တို့လူတွေက ကျီးနက်တောင်ကြားမြို့ကို သွားလိုက်။" ဝင်းနားက ချက်ချင်းပင် ပြောလိုက်စည်။
တိစုစု မျက်မှောင်ကြုတ်လိုက်သည်။ အများအားဖြင့် မြို့ထဲမှာ သူလျှိုတွေ ပုန်းနေတာ ဖြစ်နိုင်သည်။ သူတို့သာ ရောနှောဝင်ရောက်ရန် ကြိုးပမ်းပါက ဖော်ထုတ်ခံရနိုင်ပြီး ဆိုးရွားသော အန္တရာယ်ကျရောက်နိုင်သည်။ အဲဒီလိုဆိုရင်၊ သူတို့ ဘာမှအောင်မြင်မှာ မဟုတ်ပေ။ ကင်းစောင့်တပ်သားများကို ရှာဖွေခြင်းသည် ပိုမိုလုံခြုံပြီး ပြီးမြောက်ရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။
ဟက်စ်လာသည် အန္တရာယ်များပြီး ခက်ခဲသောအလုပ်အားလုံးကို ဌာန၁၃ သို့ ပစ်ချရန် မစောင့်နိုင်တော့ပေ။ ဤစိတ်သဘောထားသည် ၎င်းတို့အား အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း နောက်ဆုံးမှာတော့ တစ်စုံတစ်ဦးက မစ်ရှင်များကို လုပ်ဆောင်ရန် လိုအပ်သည် မဟုတ်လော။ ဟက်စ်လာက မလုပ်ဘူးဆိုရင်တော့ ဌာန၁၃က လုပ်ရမည် ဖြစ်သည်။ ထို့ကြောင့်၊ ဘယ်သူမှကန့်ကွက်တာ မရှိပေ။
မြို့ကို စိမ့်ဝင်ဖို့၊ ငါတို့ဟာ အရင်ဦးဆုံး လှည့်လည်သူတွေအဖြစ် ရုပ်ဖျက်ပြီး သတင်းကို လျှို့ဝှက်စုဆောင်းဖို့ အခွင့်အရေးကို ရှာရမယ်။ အလျင်စလိုမလုပ်ဘဲ ရန်သူကို သတိပေးသလို ဖြစ်မသွားအောင် လုပ်ရမယ်” ချီပိုင်ကျားက ပြောလိုက်သည်။
ဆွေးနွေးမှုအချို့အပြီးတွင် အချို့သောလူများသည် အရန်အဖြစ် အခြေစိုက်စခန်းတွင်နေရန် ဆုံးဖြတ်ခဲ့ကြသည်။ လီယောင်၊ ချီပိုင်ကျား၊ မာချင်းယန်နှင့် ဟန်ရှောင်းတို့လေးဦး နောက်တွင် ကျန်ရစ်ခဲ့သည်။
ဟက်စ်လာသည် အခြေစိုက်စခန်းစောင့်ရန် အမှုထမ်းအချို့ကို ချန်ထားခဲ့သည်။ ဟန်ရှောင်းသည် သူတို့အဖွဲ့မှ ယဲ့ဖန်ကိုသာ သိသည်။
အချိန်က နေ့လယ်ပိုင်းသာ ရှိသေးသည်။ ဟက်စ်လာအေးဂျင့်များသည် ဦးစွာအနားယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ရန်သူ၏ နိုးကြားမှု အနိမ့်ဆုံးဖြစ်သော မိုးလင်းသည် အထိ စောင့်ပြီးမှ ရန်သူ့ကင်းစောင့်များကို ရှာဖွေကြလိမ့်မည်။ သူတို့သည် အနီအောက်ရောင်ခြည် ပုံရိပ်ဖော်ကိရိယာများကို ယူဆောင်လာသောကြောင့် အမှောင်ထုက သူတို့အတွက် အမှန်တကယ် အားသာချက်တစ်ခု ဖြစ်နေသည်။ ထို့အပြင် ၎င်းတို့သည် အန္တရာယ်အချို့ကို ဦးစွာဖယ်ရှားရန် ဌာန၁၃အား အစမ်းသပ်ခံအဖြစ် တိတ်တဆိတ် လိုလားခဲ့ကြသည်။
မစ်ရှင်အစီအစဥ်ကို အပြီးသတ်ပြီးသည်နှင့်၊ တိစုစုခေါင်းဆောင်သော အဖွဲ့တစ်ခုဖွဲ့ရန် ဌာန၁၃ အေးဂျင့်များ ရောနှောသွားကြသည်။ သူတို့သည် လေလွင့်သွားလာသူများ၏အဝတ်အစားများဖြင့် ခရီးပန်းနွမ်းနယ်နေသည့်ပုံစံ အသွင်ဆောင်ထားကြသည်။ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေကြရသလိုမျိုး ခါးကိုင်းထားကြသည်။ ဧရာမကျောပိုးအိတ်တွေကို သယ်လာပြီး တကယ့်လေလွင့်သွားလာသူတွေနှင့် တူသည်။ ထို့နောက် ၎င်းတို့သည် ကျီးနက်တောင်ကြားမြို့သို့ ခြေလျင်လျှောက်သွားကြတော့သည်။
လျှို့ဝှက်စခန်းတွင် အေးဂျင့်များ၏ ကင်မရာနှင့် နားကြပ်များနှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာစခရင်များစွာ တပ်ဆင်ထားသည်။ ဟန်ရှောင်း၊ လီယောင်နှင့် ချီပိုင်ကျားတို့သည် အခြေအနေကို အလှည့်ကျ စောင့်ကြည့်နေကြသည်။
တိစုစု၏ အဖွဲ့သည် လူစည်ကားသောမြို့သို့ သိပ်မကြာမီရောက်ရှိလာသည်ကို ဖန်သားပြင်ပေါ်တွင် ပြသနေသည်။ ထိုနေရာတွင် အဆောက်အအုံ အမျိုးအစားများစွာရှိနေသည်။ အိမ်များသည် ရိုးရှင်းပြီး အကြမ်းဖျင်းဖြစ်နေသော်လည်း ထိုနေရာတွင် လူများစွာရှိသဖြင့် ၎င်းကို ဈေးတစ်ခုအဖြစ် ဖန်တီးထားသည်။ မြို့သည် ဧရိယာသေးငယ်သော်လည်း ဧည့်သည်များအတွက် ဟိုတယ်များပင် ရှိသေးသည်။
"နေဖို့ တစ်နေရာ အရင်ရှာရအောင်။"
တိစုစုနှင့် အဖွဲ့ကို ဒေသခံတွေက မေးမြန်းခဲ့ပေမယ့် သူမက ပြည့်စုံစွာဖြေကြားခဲ့သည်။ ၎င်းတို့သည် 'ရွှေ့ပြောင်းသွားလာသူများ' မျှသာဖြစ်ပြီး 'မပြောင်းရွှေ့မီ ဤနေရာတွင် ခဏအနားယူချင်သည်။' ထို့နောက်တွင် ၎င်းတို့သည် မြို့တွင်းရှိ ဟိုတယ်တစ်ခုတွင် အောင်မြင်စွာ တည်းခိုနိုင်ခဲ့ကြသည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကင်မရာများနှင့် စောင့်ကြည့်ကိရိယာများကို ကျွမ်းကျင်စွာ ချက်ချင်း ရှင်းလင်းလိုက်ကြသည်။ အခန်းသည် ဘေးကင်းကြောင်း သေချာမှ ၎င်းတို့၏ နောက်အဆင့်များကို စတင်ဆွေးနွေးခဲ့ကြသည်။
"ငါတို့ အခု ဘယ်လိုဆက်လုပ်ရမှာလဲ" လီယာလင်းက နှုတ်ခမ်းကို တွန့်ကွေးပြီး တိစုစုကို အေးစက်တဲ့အကြည့်နှင့် မေးလိုက်သည်။
တိစုစုသည် လီယာလင်းနှင့် ကျီစယ်လိုစိတ်မရှိပေ။ သူမသည် လေးနက်သောလေသံဖြင့် “မြို့ကလူတွေက ငါတို့ရဲ့အမှတ်သညာကို သံသယဖြစ်နေတုန်းပဲ။ ငါတို့ ငြိမ်ငြိမ်လေး နေသင့်တယ်လို့ ထင်တယ်”
ဟန်ရှောင်းက နားကြပ်မှ တစ်ဆင့် ပြောလိုက်သည်။ "မင်းတို့ ဒီနေ့ ကောင်းကောင်းသရုပ်ဆောင်ခဲ့ရင် ပိုကောင်းမယ်။"
"ငါ့ကို အကြောင်းပြချက် ကောင်းကောင်းပေး။" တိစုစုမှာ အနည်းငယ် ရန်စခံရသလို ဖြစ်သွားသည်။
မင်းတို့က အခု လှည့်လည်သွားလာနေတဲ့ နိုင်ငံခြားသားပဲ၊ ဆိုတော့ မင်းတို့လုပ်ရမယ့် အလုပ်ကို လုပ်ရမယ်။ ဒီနေရာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ စုတာက ပုံမှန်ပဲလေ။ မင်းတို့ကိုယ် မင်းတို့ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ပြီး၊ အခြားသူတွေကို မင်းတို့ဆီမှာ လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ခံစားစေမှ တကယ် ထူးဆန်းနေမှာ။”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ "ဒါက ကောင်းတဲ့အချက်လို့ ထင်ရတယ်။"
"... ဟန်ရှောင်း အကြံပေးသလို လုပ်ရအောင်။"
မြို့ထဲတွင် ဖျော်ဖြေရေး အဆောက်အအုံများ၊ ကာစီနိုများ၊ ဆေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် စွန့်ပစ်ရန်နေရာများ အပါအဝင် သာယာအဆင်ပြေမှုများ များစွာရှိသည်။ ညမိုးချုပ်သည်နှင့်အမျှ အဖွဲ့သည် မတူညီသောအုပ်စုများဆီသို့ ပြောင်းရွှေ့ကာ ပိုက်ဆံကုန်ရန် ဟန်ဆောင်ကာ သတင်းကို ရှာဖွေစစ်ဆေးကာ အချက်အလက်များကို စုဆောင်းခဲ့သည်။ သို့သော်လည်း ကြီးကြီးမားမား အောင်မြင်မှု မရရှိခဲ့ပေ။ ထိုနေရာတွင် ဒေသခံအများစုသည် သာမန်လှည့်လည်သွားလာသူများဖြစ်ပြီး စိတ်ဝင်စားသည့်လူကို မတွေ့ခဲ့ကြပေ။
ငါတို့ရဲ့ ရန်သူတွေက သိုသိုဝှက်ဝှက် ပုန်းအောင်းနေတဲ့ပုံပဲ။ ဒီနည်းလမ်းအတိုင်းဆိုရင် ငါတို့ဘာမှ ရနိုင်မှာမဟုတ်ဘူး။” ချီပိုင်ကျား၏ အမူအရာက လေးနက်နေသည်။
"အမှန်တော့ ငါ နည်းလမ်းတစ်ခု သိတယ်" ဟန်ရှောင်း ပြုံးလိုက်သည်။ ဤမြို့၌ စခန်းချနေသော သီးခြားသူလျှိုကို သူသိသည်။ 'အစစ်အမှန်' ကစားသမားများသည် မစ်ရှင်များမှ လုံလောက်သော ဂုဏ်သတင်းအမှတ်ရရှိပြီးနောက်၊ ၎င်းတို့သည် ထို NPC မှတဆင့် ဂျာမီနယ်အဖွဲ့အစည်းသို့ ဝင်ရောက်ရန် ရွေးချယ်နိုင်သည်။ ထို NPC ကိုဖမ်းခြင်းဖြင့်၊ သူတို့သည် သတင်းအချက်အလက် အများအပြားကို ရနိုင်သည်။
ဟန်ရှောင်းသည် ကျီးနက်တောင်ကြား အခြေစိုက်စခန်း၏ ကိုသြဒိနိတ်အတိအကျကို သိသော်လည်း အခြေစိုက်စခန်း၏ တိကျသော စစ်အင်အားနှင့် ကာကွယ်ရေးကိုမူ သေချာမသိပေ။ ဆယ်နှစ်ကြာပြီးနောက် သူသည် ထိုနေရာနှင့်ပတ်သက်သည့် အချက်အလက်အနည်းငယ်ကိုသာ မှတ်မိသည်။ ထို့အပြင်၊ ၎င်းတို့သည် အချိန်နှင့်တပြေးညီ ကွဲပြားနေသောကြောင့် အပြောင်းအလဲများ ကွဲပြားသွားမည်ဖြစ်သည်။ NPC မှ သတင်းကိုစုဆောင်းရန် သူတို့အတွက်မရှိမဖြစ် လိုအပ်သည်။
“မင်းတို့ မြို့ရဲ့တောင်ဘက်ခြမ်းကို သွားသင့်တယ်။ အဲဒီမှာ လောင်းကစားရုံကို တွေ့လိမ့်မယ်။ စခန်းအကြောင်းသိတဲ့ ဂတုံးတစ်ယောက် ရှိလိမ့်မယ်။” ဟန်ရှောင်းသည် မြို့ထဲတွင် ရှိနေသော ဂျာမီနယ်အဖွဲ့အစည်းမှ သူလျှိုအကြောင်းကို ဖော်ပြနေသည်။ ကျီးနက်တောင်ကြားမြို့တွင် မွေးဖွားခဲ့သော 'အစစ်အမှန်' ကစားသမားများသည် ဤလူမှတစ်ဆင့် ဂျာမီနယ်အဖွဲ့အစည်းသို့ ဝင်ရောက်နိုင်သည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ တိစုစုက မျက်မျက်မှောင်ကြုတ်ပြီး "နင်က ဒီသတင်းကို ဘယ်ကရတာလဲ။"
"ငါ့မှာ နည်းလမ်းတွေရှိတယ်။"
"တကယ်လို့ သတင်းက မှားနေရင် ဘယ်လိုလုပ်မလဲ။" တိစုစုက တစ်ပြားမှ မလျှော့ဘဲ ပြန်ငြင်းသည်။
"သူပြောတာ နားထောင်လိုက်။" ချီပိုင်ကျားက ဟန်ရှောင်းအတွက် ပြောပေးလိုက်သည်။ မစ်ရှင်မစခင်က၊ အထက်ကလူများက ဟန်ရှောင်း၏ သတင်းကို ယုံကြည်ရန် သူ့ကို ပြောထားခဲ့ကြသည်။ ထိုအရာက အထက်ကလူများသည် ဟန်ရှောင်းကို အလွန်တန်ဖိုးထားကြောင်း ပြသနေသည်။
တိစုစုက သူမ၏ သံသယများကို မြိုသိပ်ကာ အမိန့်ကို နာခံလိုက်သည်။ အေးဂျင့်တစ်ချို့ကို ကာစီနိုသို့ ခေါ်ဆောင်လာပြီး ထိုလူကို တိတ်တဆိတ် လိုက်ရှာလေသည်။ အမှားအယွင်းမရှိဘဲ၊ သူတို့ ဒိုင်ကိုင်နေသည့် ဂတုံးကို ရှာတွေ့သွားသည်။
"အခု ငါတို့ ဘာလုပ်သင့်လဲ။ တကယ်လို့ ငါတို့ မဆင်မခြင် လှုပ်ရှားလိုက်ရင် ရန်သူတွေကို သတိပေးလိုက်သလို ဖြစ်သွားမယ်။ သူ့မှာလည်း အဖွဲ့အစည်းက အပေါင်းအသင်းတွေ အနီးတစ်ဝိုက်မှာ ရှိနေနိုင်တယ်။" တိစုစုက မေးလိုက်သည်။
ဟန်ရှောင်း ဘာပြန်ပြောရမလဲမသိ ဖြစ်သွားသည်။ “ငါတို့ရဲ့ ပစ်မှတ်ကို တွေ့ပြီးပြီ။ မင်းက ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်နေကျအတိုင်း လုပ်လို့မရဘူးလား?"
တိစုစုမှာ သူ၏ ဝေဖန်မှုကြောင့် ဒေါသထွက်ပြီး ရင်ထဲတင်းကျပ်သွားသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမ အူကြောင်ကြောင်မေးခွန်းကို မေးမိမှန်း သတိပြုမိသွားသည်။ သူမ၏ အဖွဲ့သားများကို စုစည်းပြီး ထိုဂတုံးကို တိတ်တဆိတ် ဝိုင်းရံလိုက်ကြသည်။
ဟန်ရှောင်းက အချိန်တစ်ချက် ကြည့်လိုက်သည်။ သူက ထရပ်ပြီး လီယောင်ကိာ တာဝန်လွှဲယူစေသည်။ အမှန်တကာ် အကောင်အထည်ဖော်မှုကို သူညွှန်ကြားရန်လိုသည်ဟု မခံစားရပေ။ သူတို့သာ ထိုလူကို မဖမ်းနိုင်ပါက ထိုအေးဂျင့်များသည် တို့ဖူးတစ်တုံးယူ၍ သူတို့ကိုယ်သူတို့ မေ့အောင် ရိုက်သင့်ကြပေသည်။
တစ်ချိန်တည်းမှာပင်၊ ဝင်းနားက ဟန်ရှောင်းကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အဖွဲ့နှင့်အတူ သူမတို့၏ ရည်မှန်းချက်အတွက် ထွက်ခွါသွားကြသည်။
ဟန်ရှောင်းက လျှို့ဝှက်စခန်းတွင် နားနေရန် အစီအစဉ်မရှိပေ။ Big Black ရှိရာသို့ ပြန်သွားပြီး အခြေအနေကို စတင် သုံးသပ်ကြည့်နေသည်။ စစ်ဆင်ရေးနှစ်ခုလုံးသည် အဖွဲ့လိုက်ဆောင်ရွက်မှုပဲ။ ဘာအခက်အခဲမှမတွေ့ဘဲ ပြီးဆုံးနိုင်ဖို့ပဲရှိတယ်။ ငါ ကါ့ရဲ့ တစ်ကိုယ်တော်မစ်ရှင်ကို ပိုပြီးအာရုံစိုက်တာ ကောင်းလိမ့်မယ်။ တောထဲက ကင်းစောင့်တွေကို လုပ်ကြံဖို့ အသုံးဝင်တဲ့ ကိရိယာတစ်ချို့ လိုအပ်လိမ့်မယ်။
ဟန်ရှောင်းက ပစ္စည်းတစ်ချို့ကိုထုတ်ကာ အလုပ်စလုပ်တော့သည်။
_____________________
သင် အရည်အချင်းပေါင်းစပ်ခြင်း ပြုလုပ်လိုပါသလား။
ဤပေါင်းစပ်မှုအတွက် အတွေ့အကြုံအမှတ် ၁၅,၀၀၀ ကုန်ကျပါမည်။
_____________________
ပေါင်းစပ်မှု အောင်မြင်ပါသည်။
ဂုဏ်ပြုပါသည်။ သင် [အသေးစား ဇီဝအာရုံခံကိရိယာ (ပင့်ကူ)] ကို တီထွင်ခဲ့ပါသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
...
ဝင်းနား၏အဖွဲ့သည် သစ်တောနက်ထဲတွင် သားကောင်ရှာသည့်မုဆိုးများကဲ့သို့ သစ်ပင်များကြားတွင် တိတ်တဆိတ် ခိုးဝင်ခဲ့သည်။ သူတို့သည် ပုံဖျက်ထားသော ဝတ်စုံများနှင့် ညကြည့်မျက်မှန်များကို ၀တ်ဆင်ထားသည်။
ကင်းစောင့်တပ်များသည် စခန်းအပြင်ဘက်တွင် တပ်စွဲထားသည်။ အဖွဲ့၀င်များထဲမှ တစ်ဦးသည် လမ်းကြောင်းများကို စူးစမ်းလေ့လာရာတွင် ကျွမ်းကျင်သည်။ ကျန်ခဲ့သော အထောက်အထားအနည်းငယ်ကို အခြေခံ၍ တစ်ရက်အလိုက နေရာတစ်နေရာတွင် ဖြတ်သွားခဲ့သော လူအရေအတွက်ကို တွက်ချက်နိုင်သည်။
သူသည် အရပ်ရှည်ရှည် ရှန်နုတစ်ယောက်ဖြစ်ပြီး 'မာဂါနု'ဟုခေါ်သည်။ သူ၏ ခန္ဓာကိုယ်က တောင်ငယ်တစ်ခုလို ဖြစ်နေပြီး အလွန်တရာ စေ့စပ်သေချာသည်ဟုပင် ယုံရခက်သည်။ သူသည် သူ့လက်ချောင်းထိပ်ကြားရှိ မြေဆီလွှာကို ပွတ်တိုက်ကာ အနံ့ခံလိုက်ပြီး ခဏလောက် စဉ်းစားနေလေသည်။ "လွန်ခဲ့တဲ့ ခုနစ်နာရီက အနောက်မြောက်ဘက်ကို လမ်းလျှောက်လာတဲ့ ပေါင် ၁၈၀ အလေးချိန်ရှိတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။"
ဝင်းနားသည် သည် 'မာဂါနု' ၏ သုံးသပ်ချက်ကို သံသယမရှိပေ။ သူမနှင့် သူ့အဖွဲ့သည် ထိုလမ်းကြောင်းအတိုင်း ဂရုတစိုက် လျှောက်သွားကြသည်။ ရုတ်တရက် သူတို့ ရပ်တန့်သွားတယ်။ ညကြည့်မျက်မှန်များသည် မီတာသုံးရာအကွာအဝေးရှိ သစ်ပင်ပေါ်တွင် သက်ရှိသတ္တဝါတစ်ဦးရှိကြောင်း ပြသနေသည်။
"ဘေးပတ်လည်ကို ရှာကြ။"
ဝင်းနားက ခေါင်းအေးအေးထားပြီး အချိန်မတန်သေးဘဲ မလှုပ်ရှားပေ။ ပတ်ဝန်းကျင်ရှိ အခြားကင်းစောင့်များ သို့မဟုတ် ထောက်လှမ်းရေးကိရိယာများကို ရှာဖွေရန် သူမ၏အဖွဲ့အား ညွှန်ကြားခဲ့သည်။ မိနစ်နှစ်ဆယ်ခန့်အကြာတွင် ၎င်းတို့သည် ဘေးကင်းကြောင်း အတည်ပြုခဲ့သည်။
ယဲ့ဖန်က ရေဒီယိုမှ အမိန့်ပေးလိုက်သည်။ "သူ့ကို ရှင်းလိုက်တော့။"
ဝင်းနားသည် သူမ၏ စွမ်းအားကို အသက်သွင်းလိုက်ပြီး ချက်ချင်းပင် သူမ၏ ခြေအောက်တွင် ကြက်သွေးရင့်ရောင်တောက်နေသော စွမ်းအင်လမ်းကြောင်း ပေါ်လာသည်။ သူမသည် ရန်သူထံမှ မီတာတစ်ရာပတ်လည်အကွာအဝေးအတွင်း တိတ်ဆိတ်စွာ လျင်မြန်စွာ ရွေ့လျားသွားသည်။ သူမသည် မာစတာအဆင့် လုပ်ကြံသတ်ဖြတ်သူကဲ့သို့ သူမ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် သစ်ပင်များကို အသုံးပြုကာ ရန်သူ၏ မမြင်နိုင်သောနေရာများတွင် အမြဲနေခဲ့သည်။ သူမသည် သူမ၏ ကြက်သွေးရင့်ရောင်စွမ်းအင်ကို မထုတ်မီ သစ်ပင်ပေါ်သို့ ကြောင်တစ်ကောင်လို ခုန်တက်သွားသည်။ စွမ်းအင်က သူမကို သစ်ပင်အကိုင်းအခက်တွေပေါ် စွဲကပ်နေစေပြီး သစ်ပင်တစ်ပင်ကနေ တစ်ပင်ကို အဆက်မပြတ် ခုန်ကူးကာ ရန်သူကို အမြန်ချဉ်းကပ်လာသည်။
ဂျာမီနယ် ကင်းသမား အစောင့်က သူ့ခေါင်းကို ရုတ်တရက် လေပြင်းတစ်ချက် ခံစားလိုက်ရတယ်။ မော့ကြည့်လိုက်တော့ အမှောင်ရိပ်တစ်ခုက သူ့
ဆီ အရှိန်ပြင်းပြင်းနဲ့ ဆင်းလာသည် တွေ့လိုက်ရသည်။
အခန်း (၇၄) ပြီး၏။
လင်းဆက်
+++++