ဟက်ကာ
Vol. 5 Ch. 75
အခန်း (၇၅) ဟက်ကာ
၁၀မိနစ်ခန့်အကြာ...
ဂျွတ်
'မာဂါနု'က ကင်းစောင့်တပ်သား၏ လည်ပင်းကို လိမ်ချိုးလိုက်သည်။
သူတို့ လိုချင်တဲ့သတင်းကို သူတို့ရပြီးသွားပြီ ဖြစ်သည်။
ဝင်းနား၏ အသံသည် ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။ “ကျွန်မတို့ရဲ့ ပဏာမ ကင်းထောက်လှုပ်ရှားမှုကနေ အခြေစိုက်စခန်းကို တပ်လှန့်ထားသော နယ်မြေ ၆ခု ခွဲခြားထားတာကို တွေ့ရှိခဲ့ပါတယ်။ ကာကွယ်ရေးအဆင့်သည် အတွင်းအစွန်းမှ အပြင်အစွန်းဘက်သို့ တဖြည်းဖြည်း တိုးလာပါတယ်။ ကျွန်မတို့က လက်ရှိတွင် အပြင်အစွန်းဘက်ဒေသမှာ ရှိနေတယ်။”
“တပ်လှန့်ထားသော နယ်မြေတိုင်းမှာ အရာရှိနဲ့ သူ့တပ်တွေ စောင့်ကြပ်နေတဲ့ ကင်းစခန်းတွေ ရှိမယ်။ ကျွန်မတို့ရဲ့ ယခင်စစ်ဆေးမေးမြန်းမှုအပေါ် အခြေခံရရင်၊ အရာရှိတွေက စစ်အခြေစိုက်စခန်းရဲ့ စခန်းတွင်းသုံး နက်ဝက်ကို ဝင်ရောက်ကြည့်ရှုခွင့်ရှိတယ်။ ဒါကြောင့် ကင်းစခန်းသို့ ကျွန်မတို့ရောက်နိုင်သရွေ့ နက်ဝက်ကို ဝင်ရောက်ကြည့်ရှုနိုင်မယ်၊ အရာရှိရဲ့ကွန်ပျူတာကို အသုံးပြုပြီး သတင်းတွေကို စုဆောင်းနိုင်လိမ့်မယ်။”
“ဒီကင်းစောင့်တပ်သားက စခန်းရဲ့ အနေအထားကို အတိအကျ ပြောပြထားတယ်။ ချက်ချင်းထွက်သွားကြစို့!"
အနည်းငယ်နှောင့်နှေးခြင်းကပင် စစ်ဆင်ရေး၏ရလဒ်ကို ပြောင်းလဲစေမည်ကို ယဲ့ဖန်သိသည်။ လာမည့်နာရီအနည်းငယ်အတွင်း ကင်းစောင့်တပ်များ အပြောင်းအရွှေ့အတွက် လိုက်နာရမည့် လုပ်ငန်းစဉ်များ ဆက်တိုက်ရှိနေသည်။ ထိုအချိန်တွင် အသတ်ခံရသော ကင်းစောင့်၏ ပျောက်ဆုံးမှုကို အခြားစစ်သားများက ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း ပထမဦးစားပေးမှာ လုံလောက်သော သတင်းများကို စုဆောင်းရန် ဖြစ်နေသေးသည်။ ၎င်းတို့၏ တည်နေရာ ပေါ်ပေါက်သွားရန် အန္တရာယ်ရှိသော်လည်း နောက်ဆုံးတွင်၊ ရန်သူသည် ဟက်စ်လာစစ်တပ် တိုက်ခိုက်လာတော့မည်ဖြစ်ကြောင်း သဘောပေါက်သွားမည်ဖြစ်သည်။ ကျီးနက်တောင်ကြားအခြေစိုက်စခန်း၏ စစ်အင်အားနှင့် ကာကွယ်ရေးကို သိရှိရန် လိုအပ်သည်။
အကယ်၍ ဝင်းနားသာ အောင်မြင်ခဲ့ပါက၊ ကျီးနက်တောင်ကြားမြို့အတွင်း ပုန်းအောင်းနေကြသည့် ဌာန၁၃အေးဂျင့်များသည် ၎င်းတို့၏ တည်နေရာကို ရန်သူများသိသွားနိုင်သည့် အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားနိုင်သည်။ အေးဂျင့်များသည် မလှုပ်ရှားရသေးမီပင် အဖမ်းခံရနိုင်၏။
ယဲ့ဖန်သည် အခြေအနေကို ဆင်ခြင်တုံတရားဖြင့် ခွဲခြမ်းစိတ်ဖြာကာ ဆုံးဖြတ်ချက်ချခဲ့သည်။
“စစ်ဆင်ရေးကို ခွင့်ပြုတယ်။ ရန်သူ့စခန်းကို ချက်ချင်းဦးတည်ကြ”
ဝင်းနားက ခေါင်းညိတ်လိုက်ပြီး ကင်းစောင့်တပ်သား၏ ရုပ်အလောင်းကို စွန့်ပစ်လိုက်သည်။ သူမက သူ့အဖွဲ့သားများကို ရန်သူ့စခန်းထံ ဦးဆောင်သွားတော့သည်။
ယဲ့ဖန်း သက်ပြင်းချကာ သူ့မျက်လုံးများကို ဖန်သားပြင်မှ လွှဲလိုက်သည်။ သူသည် ဌာန၁၃ ၏ စစ်ဆင်ရေးရုံးကို လှမ်းကြည့်ကာ ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။ သူ့ဆုံးဖြတ်ချက်က ဘာဖြစ်လာမယ်ဆိုတာ မသိပေမယ့် မစ်ရှင်အတွက် အကောင်းဆုံးကို သူလိုချင်သည်။ ပြီးတော့မှ ဌာနကို အကြောင်းကြားမည် ဖြစ်သည်။
လူတစ်ယောက်အနေဖြင့် ယုံကြည်ချက်ရှိရမည့် အချိန်များရှိပေသည်။
...
ညနေဆည်းဆာမတိုင်ခင် ဝင်းနားနှင့် သူ့အဖွဲ့သည် ကင်းစခန်းကို ရှာတွေ့သွားသည်။
ထိုနေရာက မုဆိုးများအသုံးပြုခဲ့သည့် ပုံဖျက်ထားသော ကုန်လှောင်တဲတစ်ခုဖြစ်ပြီး အပင်များကြားတွင် ပျောက်ကွယ်နေသည်။
တိတ်တဆိတ်နှင့် အသင်းက သူတို့ရဲ့ ပစ်မှတ်ဆီကို ချဉ်းကပ်သွားသည်။ 'မာဂါနု'သည် သူ့အိတ်ထဲမှ အသံလှိုင်းထောက်လှမ်းကိရိယာကို ဖမ်းယူပြီး အပြင်ဘက်မှ တဲအတွင်းပိုင်းကို စကင်န်ဖတ်သည်။ ရလဒ်များက လူသားပစ်မှတ်သုံးခုကို ဖော်ထုတ်ပြသခဲ့သည် - တစ်ယောက်က ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး နှစ်ယောက်က စားပွဲ၌ ညစာစားနေပုံရသည်။
ဝင်းနားက သူမလက်ကို မြှောက်လိုက်ပြီး ရေတွက်လိုက်သည်။
သုံး၊ နှစ်၊ တစ်ခု။ ဝင်းနားသည် ပြတင်းပေါက်မှတဆင့် တဲထဲသို့ ရှေ့သို့ ခုန်တက်သွားသည်။ သူမရဲ့ အသင်းဖော်တွေက နောက်ကနေ လိုက်သွားကြပါတယ်။
ရန်သူစစ်သည်သုံးဦးသည် မမျှော်လင့်ထားသောတိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားပြီး တုံ့ပြန်ခြင်းမပြုမီတွင် ၎င်းတို့သည် စိတ်ငြိမ်ဆေးများ အပစ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထို့နောက် ဟက်စ်လာအေးဂျင့်များသည် တဲအတွင်းနှင့် သတိလစ်နေသည့် စစ်သားများ၏ အဝတ်အစားများကို ရှာဖွေခဲ့ကြသည်။ နံရံနောက်ကွယ်က လျှို့ဝှက်အခန်းတစ်ခုကိုလည်း ဖော်ထုတ်ခဲ့ကြတယ်။ စစ်သားသုံးဦးအနက် တစ်ဦးက သူယူဆောင်လာသော သက်သေခံကတ်ပြားပေါ်အခြေခံ၍ အရာရှိတစ်ဦးဖြစ်ကြောင်း အေးဂျင့်များက တွေ့ရှိခဲ့သည်။
"ဒါက ငါတို့ရဲ့ ပစ်မှတ်ပဲ။" ဝင်းနားသူ့ကိုယ်သူ ပြုံးပြလိုက်သည်။ ရိုမန်အမည်ဖြင့် ဤအရာရှိသည် ကင်းစခန်းတာဝန်ခံဖြစ်ပုံရသည်။
အေးဂျင့်တွေက ရိုမန်ကို ကြိုးချည်ပြီး သူ့ကို နှိုးဖို့ ဆေးထိုးပေးတယ်။ ထို့နောက် 'မာဂါနု'သည် မြန်မြန်သတိရစေရန် ရိုမန်ကို အကြိမ်ကြိမ် ပါးရိုက်ခဲ့သည်။ "အသက်ရှင်ချင်တယ်ဆိုရင် မီးခံသေတ္တာရဲ့ စကားဝှက်ကို ပြောပြပါ။"
ရိုမန်သည် လက်နက်အပြည့်တပ်ဆင်ထားသော အေးဂျင့်တပ်သားများ၏ အသတ်ခံရမည်ကို ကြောက်ရွံ့ခဲ့ပြီး ဆိုင်းငံ့ခြင်းမရှိဘဲ စကားဝှက်ကို ချက်ချင်း ပြောပြလိုက်သည်။
စကားဝှက်ကို ရိုက်ထည့်ပြီးနောက်၊ မီးခံသေတ္တာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီး လက်ပ်တော့တစ်လုံးကို မြင်တွေ့ရသည်။ လက်ပ်တော့ကိုဖွင့်ပြီးနောက်၊ မျက်နှာပြင်ပေါ်တွင် အကောင့်ဝင်ခြင်းစာမျက်နှာတစ်ခု ပေါ်လာပြီး ပေါ်တယ်ကိုဝင်ရောက်ရန် အထောက်အထားကတ်နှင့် စကားဝှက် နှစ်ခုစလုံး လိုအပ်ပါသည်။
ရိုမန်သည် အလွန်ပူးပေါင်းဆောင်ရွက်မှုရှိပြီး၊ အေးဂျင့်များသည် ၎င်း၏အကောင့်ဖြင့် ပေါ်တယ်ကို ဝင်ရောက်နိုင်ခဲ့သည်။ ‘ဒင် ဒင် ဒင်’အသံမြည်ပြီးနောက်၊ ‘Germinal assistant is at your service.’ ‘ဂျာမီနယ်လက်ထောက်မှ သင့်ကိုဝန်ဆောင်မှုပေးနေပါသည်' ဟူသော စကားလုံးများသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
ယဲ့ဖန် လန့်သွားပြီး ကော်ဖီပင် သီးသွားသည်။
အေးဂျင့်များအားလုံးမှာလည်း သူတို့ရဲ့မျက်နှာပေါ်မှာ ရှုပ်ထွေးနေသည့်အကြည့်တွေနှင့်။ ပေါ်တယ်၏ အင်တာဖေ့စ်သည် ထိုကဲ့သို့ ဖြစ်မည်ကို မည်သူမျှ စိတ်ကူးမယဉ်နိုင်ပေ။
ယဲ့ဖန် ဘာပြောရမှန်းမသိ ဖြစ်နေသည်။ “ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ပေါ်တယ်လဲ…”
ဇယားအချို့ ဆာဗာပေါ်တွင် ပေါ်လာပြီး ရိုမန်၏အဆင့်နိမ့်မှုကြောင့် ၎င်းတို့ထဲမှ အနည်းငယ်ကိုသာ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့သည်။ စစ်အခြေစိုက်စခန်းအတွက် နေ့စဉ်လှုပ်ရှားမှုမှတ်တမ်းကို ပြသသည့် စာမျက်နှာကို ဝင်းနားက တွေ့ရှိခဲ့ပြီး အဖွဲ့သည် အမှန်တကယ် စိတ်လှုပ်ရှားလာသည်။
နေ့စဉ်မှတ်တမ်းများတွင် အရေးကြီးသောအချက်အလက်များကို ဝှက်ထားရပါမည်။
"ငါလုပ်လိုက်မယ်" ယဲ့ဖန်သည် သူ၏ကွန်ပြူတာကိုလည်း ဆာဗာကို ဝင်ရောက်ကြည့်ရှုခွင့်ပေးသည့် ချစ်ပ်ကို ကွန်ပျူတာထဲသို့ ပလပ်ထိုးရန် 'မာဂါနု'ကို ညွှန်ကြားခဲ့သည်။
ယဲ့ဖန်၏ မျက်နှာပေါ်တွင် လေးနက်မှု အရိပ်အယောင်များ ရှိနေပြီး သူ၏ လက်ချောင်းများက ကီးဘုတ်ကို ရိုက်ခတ်ကာ လေထဲတွင် ကခုန်နေသည့် လိပ်ပြာများကဲ့သို့ ကုဒ်များကို ရိုက်ထည့်လိုက်ကြသည်။
အဆင့် 1 Firewall၊ ဖောက်ထွင်းခဲ့သည်။
အဆင့် 2 Firewall၊ ဖောက်ထွင်းခဲ့သည်။
အဆင့် 3 Firewall၊ ဖောက်ထွင်းခဲ့သည်။
တစ်ကြိမ်သုံး စကားဝှက်၊ ဖောက်ထွင်းခဲ့သည်။
အခွင့်အရေး ကန့်သတ်ချက်များ၊ ဖောက်ထွင်းခဲ့သည်။
ယဲ့ဖန် အနည်းငယ် ပြုံးပြလိုက်သည်။ သူသည် ရာနှင့်ချီသော ဗိုင်းရပ်စ်များနှင့် ထောက်လှမ်းရေးဆော့ဖ်ဝဲများရှိသော ဟက်စ်လာ၏ ဝါရင့်ဟက်ကာတစ်ဦးဖြစ်သည်။ Dark Web ပေါ်ရှိ အချို့သောဆာဗာများမှလွဲ၍၊ သူ၏တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်သည့် ဆာဗာ လက်တွေ့တွင် မရှိပေ။
သုံးမိနစ်မပြည့်မီတွင်၊ ကုဒ်ဝှက်ထားသော စာရွက်စာတမ်းများအားလုံးကို ကုဒ်ပြန်ဖြေပြီးသား ဖြစ်သွားသည်။ ထိုအချိန်တွင်မှ ရန်သူနည်းပညာရှင်များသည် ဖြစ်ပျက်နေသည်ကို သဘောပေါက်ပြီး၊ ယဲ့ဖန်းက ဖိုင်များကို ကူးယူနေစဉ် စာရွက်စာတမ်းများကို အရူးအမူး ဖျက်ပစ်လိုက်တော့သည်။
ခဏလေးအတွင်းမှာပင်၊ စာရွက်စာတမ်းတွေအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ယဲ့ဖန်၏ကွန်ပြူတာသည် အလွန်နှေးကွေးပြီး စာရွက်စာတမ်းများ၏ ၂၈% ကိုသာ ကူးယူနိုင်ခဲ့သည်။ ပို၍ အရေးကြီးသော လျှို့ဝှက်စာရွက်စာတမ်းတွေများကို အရင်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း၊ ကူးယူထားသော စာရွက်စာတမ်းများတွင် ကာကွယ်ရေး အသေးစိတ်ပုံစံများ၊ အတွင်းပိုင်းဖွဲ့စည်းပုံ အချက်အလက်များနှင့် အခြေစိုက်စခန်း၏ စစ်ရေးအင်အားများ အပါအဝင် လုံလောက်သော သတင်းအချက်အလက်များ ပါရှိသည်။
ယဲ့ဖန် စိတ်သက်သာရာ ရသွားသည်။ "အလုပ်လုပ်တာကောင်းတယ်၊ ကောင်းတယ်! အခုပြန်ဖို့အချိန်ရောက်ပြီ။"
ကျီးနက်တောင်ကြားအခြေစိုက်စခန်းနှင့် ပတ်သက်သော အရေးကြီးသောအချက်အလက်များကို ခိုးယူရန်ကြိုးပမ်းခြင်းသည် ရန်သူ၏လုံခြုံရေးကို သေချာပေါက် တိုးမြင့်စေမည်ဖြစ်သည်။ သို့သော်လည်း ထောက်လှမ်းရေးအစီရင်ခံစာအတွက် အားလုံးက ထိုက်တန်သည်။
သို့ပေမယ့်၊ အောင်မြင်နေသော်ငြားလည်း ယဲ့ဖန်မှာ မကျေမနပ်ဖြစ်နေသေးသည်။
ကြည့်ရတာ... နည်းနည်းတော့ လွယ်နေပုံရတယ်။
...
ကျီးနက်တောင်ကြားအခြေစိုက်စခန်း၏ ဗဟိုထိန်းချုပ်ခန်းမှ ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးက သတင်းပို့နေသည်။ "ဆရာ၊ ကျွန်တော်တို့ရဲ့ ပြင်ပဆာဗာကို ဖောက်ထွင်းခံရပါတယ်။"
စစ်အခြေစိုက်စခန်း၏ လက်ထောက်ညွှန်ကြားရေးမှူးမှာ ကျိကျဲ ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး လိမ္မာပါးနပ်သော အသွင်အပြင်ရှိသူဖြစ်သည်။ သူက အေးအေးဆေးဆေး စစ်ဆေးပြီး မေးလိုက်သည်။ “ဘယ်ဒေတာတွေ ခိုးသွားတာလဲ”
"နေ့စဉ်လှုပ်ရှားမှုမှတ်တမ်းများ၊ စစ်အခြေစိုက်စခန်း၏အတွင်းပိုင်းဖွဲ့စည်းပုံ၊ အခြေစိုက်စခန်း၏သြဒိနိတ်များ၊ အခြေစိုက်စခန်းအတွက် ကင်းထောက်မှတ်တမ်းများ..."
ဟက်ကာများက အလွန်အရေးကြီးသော အချက်အလက်များစွာကို ခိုးယူသွားသော်လည်း အခြေစိုက်စခန်းအတွင်း ထိတ်လန့်စရာ အရိပ်အယောင် မတွေ့ရပေ။
"ဟက်ကာတွေက တကယ်ပဲ ဟက်စ်လာကလား?"
“ငါးစာကတော့ ချပြီးသွားပြီ။ အခုတော့ ငါးကို စောင့်နေရုံပဲ” ကျိကျဲက ချောက်ချားဖွယ် ပြုံးပြလိုက်သည်။ သူသည် မုဆိုးတစ်ယောက်လိုဖြစ်ပြီး ထောင်ချောက်ဆင်ခံထားရသော သားကောင်ကို မြင်တွေ့ရသည်မှာ စိတ်လှုပ်ရှားနေသည်။
ကျိကျဲသည် ဒါရိုက်တာရုံးခန်းထဲသို့ ဝင်သွားပြီး ဖန်ခွမ်းအား အခြေအနေကို သတင်းပို့လိုက်သည်။
“ကျွန်တော်တို့ရဲ့ ပြင်ပက လှည့်ဖြားထားတဲ့ဆာဗာ ဖောက်ထွင်းခံခဲ့ရတယ်။ ဟက်ကာတွေဟာ ဟက်စ်လာကဖြစ်မယ်လို့ ကျွန်တော် ယူဆတယ်။ မကြာခင်မှာ စစ်တပ်က ကျူးကျော်ဝင်ရောက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။”
ဖန်ခွမ်းသည် သူ၏ နက်မှောင်သော ဓားရှည်ရှည်ကြီးကို လက်ကိုင်ပုဝါဖြင့် ပွတ်တိုက်နေသည်။ ဓားမှာ အေးစက်နေသော ဓားသွားနှင့် ထူထဲသောကိုယ်ထည်ရှိပြီး လက်ကိုင်ကို အဝတ်ဖြင့် ရစ်ပတ်ထားသည်။ အဝတ်ပေါ်တွင် မြင်သာသည့် သွေးခြောက်ကွက်များ ရှိနေသည်။ ဤဓားကို နှစ်ပေါင်းများစွာ တစ်လျှောက်လုံး ရန်သူအများအပြားကို သတ်ရန် အသုံးပြုခဲ့သည်။
ဖန်ခွမ်းသည် သူ့ဓားကို စူးစိုက်ပြီးသာ ကြည့်နေသည်။ ပြီးနောက် သူက အေးအေးဆေးဆေး မေးလိုက်သည် "ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ"
ကျိကျဲက သူ့လည်ချောင်းကို ရှင်းထုတ်ပြီး “ရန်သူ ခိုးယူထားတဲ့ အချက်အလက်တွေက လွဲမှားနေပေမယ့် အခြေစိုက်စခန်းရဲ့ တည်ရှိမှုကို ကျွန်တော်တို့ ကံမကောင်းစွာဖြင့် ထုတ်ဖော်ခဲ့ပါတယ်။ ထို့ကြောင့် စစ်ဦးစီးချုပ်က အခြေစိုက်စခန်းကို စွန့်ခွါပြီး လိုအပ်သော ပစ္စည်းကိရိယာတွေနဲ့ သတင်းအချက်အလက်အားလုံးကို ယူဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် လက်ရှိ ရန်သူတပ်တွေကို ပြင်းပြင်းထန်ထန်နဲ့ ပြတ်ပြတ်သားသား ထိုးနှက်ဖို့လည်း အကြံပြုချင်ပါတယ်။”
"ကောင်းပြီ၊ မင်းငါ့ကိုတိုက်ဖို့ လိုအပ်တဲ့အချိန် ငါ့ကိုပြောပါ" ဖန်ခွမ်းက ပြန်ပြောသည်။
အခန်း (၇၅) ပြီး၏။
လင်းဆက်
+++++