← Chapters

မူမမှန်ခြင်းနှင့် လုပ်ကြံခြင်း

Vol. 6 Ch. 76

မူမမှန်ခြင်းနှင့် လုပ်ကြံခြင်း

Vol. 6 Ch. 76

အခန်း (၇၆) မူမမှန်ခြင်းနှင့် လုပ်ကြံခြင်း

[ကင်းထောက်ခြင်း ၁ ပြီးဆုံးပါပြီ။ သင် အတွေ့အကြုံအမှတ် ၃,၀၀၀ ရရှိပါသည်။]

ဟန်ရှောင်းက ပေါ်လာသည့် အသိပေးချက်ကြောင့် နိုးလာသည်။ ကားပြတင်းပေါက်၏ အပြင်သို့ ကြည့်လိုက်သောအခါ ဆည်းဆာချိန်ကို မြင်ရ၏။ ကောင်းကင်သည် မီးခိုးပြာမှေးမှိန်ကာ တဖြည်းဖြည်း တောက်ပလာသည်။

မနေ့ညက ဟန်ရှောင်းသည် စက်အသစ်များဖန်တီးရန် အလုပ်များနေခဲ့ပြီး နှစ်နာရီသာ အိပ်ခဲ့ရသည်။ သူ့ရေဗူးကိုထုတ်ပြီး မျက်နှာပေါ်ကို ဖြန်းလိုက်သည်။ အအေးဓာတ်က သူ့အာရုံတွေကို လန်းဆန်းသွားစေတယ်။ ထို့နောက် သူသည် သိုလှောင်ရုံမှ ထွက်ကာ အခြေစိုက်စခန်းသို့ ဦးတည်သွားခဲ့သည်။

လီယောင်သည် တစ်ညလုံး အလုပ်လုပ်ခဲ့ပြီး မောပန်းနွမ်းနယ်နေခဲ့သည်။ ချီပိုင်ကျားသည် ဆိုဖာပေါ်မှ အိပ်ရာနိုးလာပြီး ဂျူတီချိန်းရန် စောင့်ဆိုင်းနေသည်။

"မနေ့ညက ဘယ်လိုလဲ" ဟန်ရှောင်းက မေးလိုက်သည်။

လီယောင်က မောပန်းနွမ်းနယ်စွာဖြင့် ပြန်ပြောသည်။ ”ဂတုံးက တောထဲမှာရှိတဲ့ သူ့ရဲဘော်တွေရဲ့ နေရာတွေကို ပြောပြပြီး သူတို့ကို ဖမ်းနိုင်ခဲ့တယ်။ ပြီးတော့၊ သုံ့ပန်းများ၏ ပြောကြားချက်တွေကနေ ကျီးနက်တောင်ကြား အခြေစိုက်စခန်း၏ တည်နေရာအတိအကျကို ငါတို့ ရှာတွေ့သွားတယ်။ ဒါပေမယ့် ငါတို့ရဲ့ အကျဉ်းသားတွေက အဆင့်နိမ့်ဝန်ထမ်းတွေဆိုတော့ လျှို့ဝှက်ဖိုင်များကို ဝင်ကြည့်ဖို့ အခွင့်အာဏာ မရှိဘူး။”

ဟန်ရှောင်းက သူ့ကိုယ်သူ ခေါင်းညိတ်လိုက်သည်။ ရလဒ်ကတော့ သူမျှော်လင့်ထားတဲ့အတိုင်းပါပဲ။

"စစ်ဆင်ရေးအဖွဲ့ အခုထိ လုပ်ဆောင်နေသေးလား"

"ဟုတ်တယ်၊ အေးဂျင့်တွေအားလုံး တောထဲမှာ ပုန်းနေကြတုန်းပဲ၊ အမိန့်အသစ်တွေကို စောင့်နေတယ်။"

“တောထဲမှာ စောင့်နေစရာ အကြောင်းမရှိပါဘူး။ အေးဂျင့်တွေ ပြန်သင့်တယ်” ဟန်ရှောင်းက ပြောလိုက်သည်။

မနက်စာစားနေတဲ့ ချီပိုင်ကျားက လှမ်းအော်သည် "ဟေး ငါကဒီမှာ တာဝန်ခံ မဟုတ်ဘူးလား။"

"မင်း ငါတို့အားလုံးအတွက် အပြစ်တင်ခံရမှာမို့ မင်းက တာဝန်ခံ ဖြစ်နေတာ မဟုတ်ဘူးလား" ဟန်ရှောင်းက မေးခွန်းထုတ်သည်။

ချီပိုင်ကျားသည် အစာစားနေရင်း နင်သွားသည်။ သူက ဟန်ရှောင်းကို ပြန်ငြင်းချင်သော်လည်း ယဲ့ဖန်က အနှောင့်အယှက်ပေးလိုက်သည်။

"ဌာန၁၃မှ အေးဂျင့်များ ၊ ကျွန်တော်တို့ လူတွေက ကျီးနက်တောင်ကြား အခြေစိုက်စခန်းရဲ့ အရေးပါသော သတင်းအချက်အလက်တွေကို အောင်မြင်စွာ ရရှိခဲ့ပါပြီ။"

ချီပိုင်ကျား အံ့ဩသွားသည်။ တစ်ရက်မပြည့်မီတွင်၊ ဟက်စ်လာအေးဂျင့်များသည် မစ်ရှင်ကို အပြီးသတ်နိုင်ခဲ့သည်။ သူတို့၏ စွမ်းဆောင်ရည်သည် အမှန်ပင် အထင်ကြီးဖွယ်ကောင်းလှသည်။

"မင်းတို့ အခြေစိုက်စခန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တကယ်ပဲ ရခဲ့တာလား။"

ရီဖန်းက ခေါင်းညိတ်ပြီး အတည်ပြုလိုက်သည်။ “ဝင်းနားက ရန်သူ့အရာရှိကို ဖမ်းမိသွားတယ်။ ကျွန်တော်တို့ရဲ စစ်ဆင်ရေးက ပြီးပြီ။ ကျွန်တော်တို့ရဲ့ အေးဂျင့်တွေကိုလည်း ပြန်ခေါ်နေပြီ။ အဲဒီနောက်မှာ ရရှိထားတဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီး၊ အရေးကြီးတဲ့ အချက်အလက်တွေကို စစ်တပ်ကို ပေးပို့သွားမှာပါ။”

မစ်ရှင်ပြီးမြောက်ကြောင်း အခိုင်အမာဆိုသော်လည်း၊ [ကင်းထောက်ခြင်း ၂] မပြီးစီးကြောင်း ဟန်ရှောင်း၏ တက်ဘလက်က ဖော်ပြနေသည်။ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် “ငါတို့ရရှိထားတဲ့ အချက်အလက်တွေက မှန်ကန်ပြီး အတုမဟုတ်ကြောင်း သေချာနိုင်မလား။ နောက်ပြီး အဖြစ်အပျက်တွေရဲ့ စီးဆင်းမှုကို ငါတို့ကို ရှင်းပြနိုင်မလား။”

“သေချာတာပေါ့” ယဲ့ဖန်နှင့် ဝင်းနားတို့က အတိုချုံးပြီး စစ်ဆင်ရေးကို ရှင်းပြခဲ့သည်။

"မစ်ရှင်က အရမ်းလွယ်လွန်းတယ်လို့ မထင်ဘူးလား?" ဟန်ရှောင်းက ရေရွတ်လိုက်သည်။

“မစ်ရှင်က တကယ်ကို လွယ်ပါတယ်၊ ဒါပေမယ့် သံသယဖြစ်စရာ ဘာမှမရှိပါဘူး။ ရန်သူတွေကတော့ အစောင့်အကြပ်တွေ လျှော့လိုက်တာ ဖြစ်နိုင်တယ်။ ဒါ့ပြင်၊ ဒီတစ်ကြိမ် ကျွန်တော်တို့ရဲ့ မစ်ရှင်ဟာ လျှို့ဝှက် ချေမှုန်းရေးပဲလို့ ယူဆပါတယ်။”

“ရရှိထားတဲ့ အချက်အလက်တွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ဒုတိယ အတွေးတစ်ခုရှိတယ်။”

"ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ၊ ကျွန်တော်တို့ဟာ အလွန်ယုံကြည်မှု မရှိသင့်ဘူး၊ ဒါပေမယ့်လည်း မင်းရဲ့ စကားတွေကို သက်သေအထောက်အထားနဲ့ ပြောမှရမယ်။" စိတ်ပျက်နေသော ယဲ့ဖန်းသည် ပို၍ပင် မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မနက်ဖြန် မနက်မိုးလင်းရင် စထွက်မယ်။"

သူထွက်သွားစဉ် ယဲ့ဖန်၏ နောက်ကျောကို ကြည့်နေရင်း ဟန်ရှောင်း၏ မျက်နှာသည် အလိုမကျ ဖြစ်နေသည်။ ယဲ့ဖန်း စုဆောင်းထားသော သတင်းများတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်မှာ ရာနှုန်းပြည့် သေချာသည်။

ဟန်ရှောင်းသည် ယဲ့ဖန်းပြောပြခဲ့သည့် အဖြစ်အပျက်များကို စတင်တွေးတောနေသည်။ ဝင်းနားနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များ၏ လှုပ်ရှားမှုများသည် အနည်းငယ် အလောတကြီးနိုင်လွန်းသော်လည်း ဝေဖန်ထောက်ပြစရာ အမှားမျိုး မပြုလုပ်ခဲ့ကြပေ။ ထို့ကြောင့်၊ ကျီးနက်တောင်ကြားတွင် အပြင်လူများ သတိမထားမိသော လျှို့ဝှက်ထောင်ချောက်များ ရှိနေသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေ ဖြစ်သည်။

ဟန်ရှောင်းသည် ကံမကောင်းစွာပဲ အထောက်အထားမရှိခဲ့ဘဲ သူ့ထင်မြင်ချက်တွေကို ထုတ်ပြောရင်တောင် ဘယ်သူမှ သူ့ကို ယုံမှာမဟုတ်ပေ။

ထင်ကြေးပေးရုံမျှဖြင့် မည်သူ့ကိုမျှ ယုံကြည်ရန် မလုံလောက်ပါ။

“ကြည့်ရတာ ငါ့ကိုယ်တိုင် သွားကြည့်ရမယ်ပုံပဲ။”

မနက်မိုးလင်းသောအခါ၊ တိစုစုနဲ့ ဝင်းနားတို့ တပ်စခန်းကို ပြန်လာကြတယ်။ နှစ်ယောက်စလုံးက အကျဉ်းသားတွေကို ခေါ်လာကြ၏။ ရိုမန်သည် အရာရှိတစ်ဦးဖြစ်သောကြောင့် ၎င်း၏တန်ဖိုးသည် တိစုစုတို့ ခေါ်ဆောင်လာသည့် အကျဉ်းသားအားလုံးထက် ကျော်လွန်ခဲ့သည်။

ဝင်းနားသည် အနိုင်ရသူကဲ့သို့ ဂုဏ်ယူဝင့်ကြွားနေသည်။ သူမ၏အမြင်အရ၊ စစ်ဆင်ရေးသည် နှစ်နိုင်ငံ အေးဂျင့်များကြား တိုက်ပွဲတစ်ခုနှင့် တူညီသည်။ ဟက်စ်လာမှ အေးဂျင့်များသည် ကြယ်နဂါးနိုင်ငံမှ အေးဂျင့်များထက် တစ်ပန်းသာခဲ့ခြင်းမှာ သူမအတွက် ကြည်နူးစရာပင်။

ဌာန၁၃မှ အေးဂျင့်များသည် ဟက်စ်လာမှ အေးဂျင့်များ၏ မောက်မာမှုကြောင့် ဒေါသထွက်နေကြသည်။ လီယာလင်းက "ငါတို့က မင်းရဲ့မစ်ရှင်ကို ယူခဲ့ရင် အောင်နိုင်သူက ငါတို့ဖြစ်မှာပဲ။"

ဝင်းနားက လှောင်ပြုံးလိုက်ပြီး “မင်းတို့ ရှုံးခဲ့ရတယ်ဆိုတဲ့ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားကို လက်ခံလိုက်ပါ။”

ဟန်ရှောင်းက ရှေ့တိုးပြီး "မင်းတို့ရထားတဲ့ အချက်အလက်တွေက အတုဖြစ်နိုင်တယ်"

ဟက်စ်လာမှ အေးဂျင့်များက သူ့ကို မယုံလျှင်ပင် ဟန်ရှောင်းသည် ထိုအချက်ကို ထုတ်ဖော်ရန် တာဝန်ရှိသည်ဟု ခံစားမိသေးသည်။

ဝင်းနား၏ မျက်နှာသည် ချက်ချင်း ငုံ့သွားပြီး မေးလိုက်သည်။ “အထောက်အထားရှိလား”

"ငါ့ရဲ့ အလိုလိုသိစိတ်ပဲ။"

အဖြေကြောင့် လူတိုင်းအံ့ဩသွားကြသည်။

ဝင်းနားက ရယ်လိုက်သည်။ “ဒါဆို မင်း ပါးစပ်ပိတ်ထားရမယ် ထင်တယ်။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"

ဟန်ရှောင်းက "ဒါဆို မင်းမှာ အထောက်အထားရှိလား"

ဝင်းနားသည် ထိတ်လန့်တုန်လှုပ်နေသော ရိုမန်ကို လက်ဖြင့် ပုတ်ကာ “သူက ငါ့သက်သေပဲ”

ဟန်ရှောင်းက ထိုင်ချလိုက်ပြီး ရိုမန်ကို စေ့စေ့စပ်စပ် စကင်ဖတ်ကြည့်သည်။ ကျီးနက်တောင်ကြားအခြေစိုက်စခန်းတွင် လှည့်ဖြားမှုဆရာတစ်ယောက် ရှိပုံရသည်။

ရိုမန်သည် အမှန်တကယ် ထိတ်လန့်နေပုံရပြီး ၎င်းသည် အေးဂျင့်များအား သတင်းအတုများကို ရည်ရွယ်ချက်ရှိရှိ ပေးနေခြင်းမဟုတ်ကြောင်း ပြသနေသည်။ ထို့ကြောင့် တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် ကောက်ချက်ချခြင်းမှာ ရန်သူအခြေစိုက်စခန်းမှ အထက်အရာရှိများသည် ၎င်းတို့၏ အောက်ခြေအဆင့်အရာရှိများထံ စစ်မှန်သော စစ်သတင်းအချက်အလတ်များကို ထုတ်ဖော်ပြသရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။ စခန်း၏ အပြင်ဘက်စက်ဝန်းတွင် ကင်းစောင့်အစောင့်များကို ငါးစာအဖြစ် တင်ထားခြင်းသာ ဖြစ်သည်။

ယဲ့ဖန် ရရှိသောအချက်အလက်များသည် လှည့်စားထားတာ ဖြစ်နိုင်သည်။

အမှန်တရားကို ဖော်ထုတ်ရန်၊ ဟန်ရှောင်းသည် ကျီးနက်တောင်ကြား အခြေစိုက်စခန်းသို့ နက်ရှိုင်းစွာ သွားရန် လိုအပ်နေသည်။

ဟန်ရှောင်၏ စိတ်ထဲတွင် အစီအစဥ်တစ်ခု စတင်ရေးဆွဲခဲ့သည်။ သို့သော်၊ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ညမိုးချုပ်သည်အထိ စောင့်ရပေတော့မည်။

အခြားအေးဂျင့်များအားလုံးသည် အကျဉ်းသားများကို စစ်ဆေးမေးမြန်းပြီး ထောက်လှမ်းရေးအစီရင်ခံစာကို စုစည်းရန် အလုပ်ရှုပ်နေကြသည်။ သူတို့သည် နောက်နေ့မနက်မှာ ထွက်ခွာကြမည် ဖြစ်သည်။ ထို့ကြောင့် ညဘက်တွင် သူ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်လိမ့်သည်။

...

ညရောက်လာသောအခါ မှိတ်တုတ်မှိတ်တုတ် ကြယ်များ၏ အလင်းရောင်ကို တောက်ပနေသောလက ဖုံးအုပ်ထားသည်။

ဟန်ရှောင်းက သူ့လုပ်ဖော်ကိုင်ဖက်တွေကို ထရပ်ကားပေါ်တွင် ‌ရှိနေမည်ဟု ပြောခဲ့သည်။

ဘယ်သူမှ ပြန်မဖြေကြပေ။ ဟက်စ်လာ၏အေးဂျင့်များက သူ့ကိုအနှောက်အယှက်မပြုနိုင်ဘဲ ဌာန၁၃မှအေးဂျင့်များသည် ငြင်းဆိုရန်အလွန်ပျင်းနေကြသည်။ ကျန်းဝေက "မင်းသွားချင်ရင် သွားပါ၊ ဘယ်သူမှ မင်းကိုမတားပါဘူး"

ဟန်ရှောင်းခေါင်းညိတ်လိုက်သည်။ ထို့နောက် စခန်းမှထွက်လာခဲ့သည်။ သူသည် ကွန်တိန်နာထဲသို့ဝင်ကာ လမ်းဘတ်၏ စနိုက်ပါရိုင်ဖယ်ကို ယူလိုက်သည်။ တခြားလိုအပ်သည့် ပစ္စည်းများကိုလည်း ယူသွားသည်။ အနည်းငယ် အကဲခတ်ပြီးနောက် စခန်းပတ်လည်တွင် မည်သူမျှမရှိသည်ကို သိလိုက်ရသည်။ ဟန်ရှောင်းသည် တောထဲသို့ ခိုးထွက်လာခဲ့သည်။

သူ့အသင်းဖော်တွေကို အကြောင်းကြားဖို့ အစီအစဉ်မရှိပေ။ ချီပိုင်ကျားက သူ့လုပ်ရပ်တွေကို သေချာပေါက် သဘောတူမည် မဟုတ်ဘဲ၊ ပို၍ ဒုက္ခများစေလိမ့်မည်။

နာရီပေါင်းများစွာ ခြေလျင်ခရီးထွက်ပြီးနောက်၊ နောက်ဆုံးတွင် သူသတ်မှတ်ထားသောနေရာကို ရောက်ရှိသွား၏။

သူသည် ညကြည့်အာရုံခံမျက်မှန်များနှင့် ဖုံးကွယ်နိုင်သော ၀တ်စုံများဖြင့် တပ်ဆင်ထားသည်။ ပတ်ဝန်းကျင်တွင် ရန်သူများ မရှိဘူးဆိုတာကို အတည်ပြုပြီးသည့်နောက်တွင် သူ့ကိုယ်သူ အံဝင်ခွင်ကျဖြစ်လောက်အောင် နက်ရှိုင်းတဲ့ ကတုတ်ကျင်းတစ်ခုကို စတင်တူးဖော်ခဲ့ပါတယ်။

ထို့နောက် ဟန်ရှောင်းသည် ပင့်ကူစက်ရုပ်ငယ်လေးကို ထုတ်ယူလိုက်သည်။ ပင့်ကူစက်ရုပ်ငယ်လေးသည် သူ၏ လက်ဖဝါးအရွယ်အစားမျှသာ ဖြစ်သည်။ သူသည် ခလုတ်ကို ဖွင့်လိုက်ရာ ပင့်ကူစက်ရုပ်ငယ်လေးသည် သခင်ထံမှ အမိန့်ကို စောင့်ဆိုင်းနေသကဲ့သို့ သူ့မျက်လုံးများရှေ့တွင် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

[အသေးစား ဇီဝအာရုံခံကိရိယာ (ပင့်ကူ) - သေးငယ်သော ပိုးကောင်ကဲ့သို့ အာရုံခံကိရိယာ]

ဒါက ဟန်ရှောင်း၏ နောက်ဆုံးဖန်တီးမှုဖြစ်သည်။ ၎င်းသည် ၎င်း၏အရွယ်အစား၊ ဖုံးကွယ်နိုင်စွမ်းနှင့် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်မှုတို့ကြောင့် လက်တွေ့ကျသော ကိရိယာတစ်ခုဖြစ်သည်။ ၎င်းတွင် အခြားတိရစ္ဆာန်များကို ရှောင်ရှားရန် အပူချိန်အာရုံခံကိရိယာများလည်း ပါရှိသည်။ လမ်းလျှောက်ထောက်လှမ်းရေး ကင်မရာနှင့် ဆင်တူသည်။ ဟန်ရှောင်းသည် ကင်းစခန်းအနီးသို့ သွားရန် မလိုအပ်သောကြောင့် သူ့ကို ဖမ်းမိရန် အလားအလာနည်းပါးသည်။

ဟန်ရှောင်းသည် ပင့်ကူများကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ရန် သူ၏ တက်ဘလက်ကွန်ပျူတာကို ထုတ်လိုက်သည်။ သူသည် ကင်းစောင့်များစွာ၏ နေရာများကို ရှာဖွေနိုင်ခဲ့ပြီး အများစုမှာ သစ်ပင်များဘေးတွင် ပုန်းအောင်းနေကြသည်။ ဟန်ရှောင်းသည် သူဆောင်ရွက်မည့် လုပ်ကြံသတ်ဖြတ်ခြင်းအတွက် အကောင်းဆုံးလမ်းကြောင်းကို ဖော်ထုတ်နိုင်စေရန် တပ်သားများ၏တည်နေရာကို သူ့စိတ်ထဲတွင် ပုံဖော်လိုက်၏။

ဟန်ရှောင်းသည် စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်ကာ ချုံနွယ်ပိတ်ပေါင်းများကို ဖြတ်ကျော်သွားလိုက်သည်။ ပစ်မှတ်သည် ယခုအခါ ရိုင်ဖယ်၏ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်း၌ ရှိနေသည်။

လမ်းဘတ်၏ ရိုင်ဖယ်တွင် အသံတိတ်ပြောင်းတစ်ခု ပါဝင်ပြီး ကြီးမားသော စွမ်းအင် အလင်းတန်းကို သစ်သားကို လက်ချောင်းခေါက်လိုက်သကဲ့သို့ ပေါ့ပါးသော အသံဖြင့် ထုတ်လွှတ်စေနိုင်သည်သည်။ ဤသို့ မှောင်မိုက်ပြီး ထူထပ်သော ချုံနွယ်များကြားတွင်၊ အတွေ့အကြုံရှိသော အေးဂျင့်တစ်ဦးသည် မီတာတစ်ရာအကွာအဝေးအတွင်း မည်သည့် လှုပ်ရှားမှု အနည်းငယ်ကိုမဆို သတိပြုနိုင်၏။ သို့သော်လည်း လမ်းဘတ်၏ ရိုင်ဖယ်ကို မီတာ ရှစ်ရာအကွာအဝေးမှ ပစ်ခတ်နိုင်သည်။ ပိုလုံခြုံပြီး အဆင်ပြေစေသည့်အတွက် ဒီလက်နက်ကို မစ်ရှင်အတွက် ဟန်ရှောင်း ရွေးချယ်ခဲ့သည့် အဓိကအကြောင်းရင်းလည်း ဖြစ်သည်။

ဟန်ရှောင်းသည် အာရုံကို သေချာစူးစိုက်စွာဖြင့် မှန်ပြောင်းထဲသို့ စိုက်ကြည့်ကာ အသက်ရှုနှုန်းကို ထိန်းချုပ်လိုက်သည်။ အကွာအဝေးသည် တစ်နည်းနည်းဖြင့် အရေးမကြီးပေ၊ Han Xiao သည် သူ့ခန္ဓာကိုယ်ထဲမှ adrenaline (စိတ်လှုပ်ရှားသောအခါ အဒရီနယ်ဂလင်းကို ထုတ်ပေး၍ နှလုံးခုန်နှုန်း၊ စွမ်းအင်နှင့် တုန့်ပြန်မှုကို ပိုမိုထက်မြက်စေသော အရည်) ၏ လှုပ်ရှားနေမှုများကို ခံစားနိုင်သည်။

ပစ်မှတ်က ရန်သူရဲ့ ဦးခေါင်းပဲ။

လေက ၈ နာရီ အရပ်မျက်နှာမှာ တိုက်နေတယ်။

တိကျမှု ၄၃ မီလီမီတာဖြင့် ၁.၃ မီတာ/စက္ကန့် လေတိုက်နှုန်း။

ပြင်ဆင်မှုများနှင့် မွမ်းမံမှုအားလုံး ပြီးစီးသွားသည်။

ဟန်ရှောင်းက ခလုတ်ကိုဆွဲလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ရိုင်ဖယ်၏ သေနတ်ဒင်မှလာသော ကျည်ကန်အား အားလုံးကို စုပ်ယူလိုက်ပြီး၊ တည်ငြိမ်နေစေရန် သူ့လက်များက ရိုင်ဖယ်ကို ဆုပ်ကိုင်ထားသည်။

အပူချိန်အာရုံခံမှန်ပြောင်းမှတဆင့် ဟန်ရှောင်းက ကျည်ဆန်သည် ပစ်မှတ်ကို

ထိမှန်သွားသည်ကို တွေ့နိုင်သည်။ ပစ်မှတ်သည် ချက်ချင်းပင် ခေါင်းပြတ်သွားကာ သွေးများ ပန်းထွက်လာသည်။

အခန်း (၇၆) ပြီး၏။

လင်းဆက်

+++++

All Chapters