← Chapters

ပုန်းအောင်းရာနေရာများ

Vol. 6 Ch. 78

ပုန်းအောင်းရာနေရာများ

Vol. 6 Ch. 78

အခန်း (၇၈) ပုန်းအောင်းရာနေရာများ

သူပို၍ စိတ်လှုပ်ရှားလေလေ၊ မပေါ်သွားဘဲ ထိုးဖောက်စိမ့်ဝင်ရန် ခက်ခဲလေလေ ဖြစ်သည်။ ဟန်ရှောင်းသည် ရန်သူ့အခြေစိုက်စခန်းများကို ထိုးဖောက်ဝင်ရောက်သည့် အတွေ့အကြုံများစွာရှိခဲ့သည်။ ထို့ကြောင့် သူသည် အလွန်တည်ငြိမ်ပြီး မည်သူ့ကိုမျှ အလန့်တကြား မဖြစ်စေဘဲ လေတိုက်နေသကဲ့သို့ လျင်မြန်စွာ လျှောက်လှမ်းနေသည်။

အချိန်အတော်ကြာ စူးစမ်းလေ့လာပြီးနောက် အခြေစိုက်စခန်းအကြောင်းကို သူ တဖြည်းဖြည်း နားလည်လာခဲ့သည်။ စခန်းကို တောင်စောင်းဘက်တွင် သိုဝှက်ထားပြီး သူနေခဲ့ဖူးတဲ့ ဓာတ်ခွဲခန်းထက် ငါးဆကနေ ခြောက်ဆလောက် ကျယ်ဝန်းသည်။ စခန်းတွင် ထွက်ပေါက်နှစ်ပေါက် ရှိနေပြီး၊ တစ်ပေါက်မှာ သူမကြာသေးမီကမှ ဝင်လာသည့် ဝင်ပေါက်ဖြစ်သည်။ အခြားတစ်ပေါက်မှာ ဝန်ထမ်းတစ်ဦးချင်းစီ ပြင်ပကမ္ဘာသို့ အဆင်ပြေစွာ ဝင်ရောက်နိုင်စေမည့် ဘေးတံခါးဖြစ်သည်။

ဘာ့ကြောင့်မှန်းမသိဘဲ၊ အခြေစိုက်စခန်းရှိ အချို့နေရာများသည် အထူးအဆန်းဖြစ်နေသည်ဟု ခံစားမိသည်။ သို့သော် အကြောင်းရင်းကိုမူ အတိအကျ မဖော်ပြနိုင်ပေ။

ဝန်ထမ်းအများစုသည် မုန်တိုင်းတစ်ခု ဝင်လာမည်ဟု မျှော်လင့်ထားသကဲ့သို့ လေးနက်သော မျက်နှာထားရှိနေကြသည်။ သူတို့သည် အရေးကြီးပစ္စည်းများကို ကမန်းကတန်းတင်နေကြတယ်။

"ကြားပြီးပြီလား အထက်အရာရှိတွေက ကျွန်တော်တို့ကို အခြေစိုက်စခန်းကနေ ရွှေ့ပြောင်းစေချင်တယ်။ ဟက်စ်လာရဲ့ အေးဂျင့်တွေက ငါတို့ကို ရှာတွေ့သွားပုံရတယ်။”

“ကျီးနက်တောင်ကြားမြို့မှာ တပ်စွဲထားတဲ့ သူလျှိုက အဆက်အသွယ် ပြတ်သွားတယ်လို့ သူတို့က ပြောခဲ့တယ်။ မကြာခင် တိုက်ပွဲဖြစ်တော့မယ် ထင်တယ်။”

ဟန်ရှောင်း ထောင့်ချိုးတစ်ခုတွင် အသံတစ်ချို့ကို ကြားလိုက်ရသည်။ လက်နက်ကိုင် အစောင့်အချို့ စုဝေးပြီး ဆွေးနွေးကြသည်။ သူတို့ စိုးရိမ်နေပုံ ရသည်။ ဟန်ရှောင်းကိုတွေ့သောအခါ အစောင့်တစ်ယောက်က "ဟေး မင်ဒဲလား၊ မင်းအထဲမှာ ရှာတွေ့ခဲ့လား" လို့ အော်လိုက်တယ်။

မင်ဒဲလားသည် H223 ၏အမည်ရင်းဖြစ်သည်။ သူက ကုလားဖြူတစ်ယောက်ဖြစ်၏။ ဟန်ရှောင်းက သူ့၏ အသားအရေတွေကို ယူနီဖောင်းနဲ့ အပြည့်ဖုံးထားတာမို့ ကျန်တဲ့သူတွေက သံသယမဖြစ်မိပေ။

ဤအစောင့်အနည်းငယ်သည် မင်ဒဲလားနှင့် ရင်းနှီးပုံရသည်။ “အပြင်ဘက်မှာ ကင်းစောင့်တွေ အကုန်လုံးကို စနိုက်ပါသမားက ဦးခေါင်းကို ပစ်သတ်ခဲ့တယ်။ ရန်သူကို ငါတို့ မဖော်ထုတ်နိုင်သေးဘူး။ ဟက်စ်လာအေးဂျင့်တွေက လုပ်ခဲ့တာလို့ ငါ ယုံတယ်” ဟန်ရှောင်းက အပြစ်ကင်းစင်စွာ မျက်တောင်ခတ်ရင်း လိမ်ညာလိုက်သည်။

အစောင့်တွေက တုန်လှုပ်သွားကြတယ်။ ၎င်းတို့အားလုံးသည် လက်နက်ကိုင်တပ်သားများဖြစ်သောကြောင့် ရန်သူက တိုက်ခိုက်မည်ဆိုပါက တပ်စခန်းကို ကာကွယ်ရန် ရှေ့တန်းတွင် ရှိနေရမည်ဖြစ်သည်။

“စစ်တပ်ကမဟုတ်တဲ့ အရာရှိတွေကို မနာလိုဘူး။ သူတို့က စခန်းကနေ အရင် ရွှေ့ပြောင်းရတယ်။” အစောင့်များထဲမှ တစ်ယောက်က သူ့အခြေအနေကို မကျေမနပ်ဖြစ်မိနေသည်။

ဟန်ရှောင်၏ မျက်လုံးများတွင် အလင်းများ လင်းလက်လာသည်။ သူတို့သည် ဟက်စ်လာစစ်တပ်နှင့် တိုက်ခိုက်မည် ဖြစ်သောကြောင့်၊ ရန်သူသည် အခြေစိုက်စခန်းမှ ရွှေ့ပြောင်းလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့အပြင်၊ ဤစခန်းသည် ထောက်ပံ့ရေးစခန်းတစ်ခုမျှသာဖြစ်ပြီး အဓိကစခန်းတစ်ခုမဟုတ်ပေ။ ထို့ကြောင့် လူတိုင်းနေခဲ့ပြီး အသေခံ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းသည် လွယ်ကူသော လုပ်ဆောင်မှု မဟုတ်ပေ။ လူအများအပြားသည် တစ်ချိန်တည်းတွင် ထွက်ခွာမည်ဖြစ်သောကြောင့်၊ ဟက်စ်လာစစ်တပ် ခြေရာခံရန် ခြေရာလက်ရာများ ကျန်ခဲ့နိုင်သည့် အန္တရာယ်ရှိနေသည်။ ထို့ကြောင့် အရာရှိများနှင့် စစ်ဘက်မဟုတ်သော အရာရှိများသည် အရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများဖြင့် အရင်ထွက်ခွါပြီး၊ ၎င်းတို့၏ လမ်းကြောင်းကို ဖုံးကွယ်ထားရန် တပ်သားအချို့ကို ချန်ထားခဲ့ရန် အရေးကြီးသည်။ သူတို့သည် ပိုအရေးကြီးသည့် ဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီးမှသာ ထွက်ခွာနိုင်မည်ဖြစ်သည်။

စခန်းဖျက်စီးခြင်းမစ်ရှင်၏ နောက်ဆုံးပိုင်းသည် အမှုထမ်းများပါ၀င်သည့် အခြေစိုက်စခန်းတစ်ခုလုံးကို ဖျက်ဆီးရန်ဖြစ်သည်။ အကယ်၍ သူတို့သည် အခွံသက်သက်သာရှိသည် စခန်းတစ်ခုကိုသာ ချုပ်ကိုင်နိုင်မည်ဆိုလျှင်၊ မစ်ရှင်၏ ပြီးမြောက်မှု အဆင့်သတ်မှတ်ချက်မှာ အမှန်တကယ် နည်းပါးမည်ဖြစ်သည်။

ဟန်ရှောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ဟက်စ်လာက အခြေစိုက်စခန်းကို တိုက်ခိုက်တော့မယ်ဆိုတာ သူတို့သိထားပြီးသားပဲ။ အခုချက်ချင်း သူတို့ ရွှေ့ပြောင်းသင့်တယ်။ ယဲ့ဖန်ရဲ့ အဖွဲ့ မနေ့ညက အခြေစိုက်စခန်းကို ထိုးဖောက်ခဲ့တယ်၊ အဲဒါ လွန်ခဲ့သော နှစ်ဆယ့်လေးနာရီက။ သူတို့ထွက်သွားဖို့ အချိန်အလုံအလောက် ရှိသင့်တယ်။ ဒါက ထူးဆန်းတယ်။

ထွားကျိုင်းသော အသွင်အပြင်နှင့် ယောက်ျားတစ်ယောက်က လမ်းလျှောက်လာပြီး အော်လိုက်တယ်။

"မင်းတို့ ဒီမှာ ဘာလာလုပ်နေတာလဲ၊ သယ်စရာတွေ မရှိဘူးလား"

အစောင့်များက တုန်လှုပ်ခြောက်ခြားစွာဖြင့် တောင်းပန်ကြသည်။ သူသည် အခြေစိုက် လုံခြုံရေးအဖွဲ့၏ ကပ္ပတိန် ဒေါ်မန် ဖြစ်သည်။

သူ့လို အမာခံအဖွဲ့ဝင်တစ်ယောက်ဟာ ဒီအခြေစိုက်စခန်းရဲ့ လျှို့ဝှက်ချက်ကို သေချာပေါက် သိလိမ့်မယ်။

ဒေါ်မန်သည် ပြစ်တင်ရှုံ့ချပြီးနောက် ထွက်ခွာသွားသည်။ ဟန်ရှောင်းသည် အနောက်မှ ခွါ၍ လိုက်သွားခဲ့သည်။ အချိုးအကွေ့အနည်းငယ်ပြီးနောက် ဟန်ရှောင်း အံ့အားသင့်သွားသည်။ သူသည် နှစ်စက္ကန့်လောက်သာ အဝေးကို လှမ်းကြည့်လိုက်စဉ် ဒေါ်မန်သည် သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

လူသွားစင်္ကြံတွင် မည်သူမျှမရှိ၊ သိုလှောင်ခန်းတစ်ခုသာ ရှိသည်။

ဟန်ရှောင်းအခန်းဆီသို့ လျှောက်သွားပြီး လက်ကိုင်ကို လှည့်လိုက်သည်။ သော့ခတ်မထားပေ။

သူက တံခါးကို တွန်းဖွင့်ပြီး အထဲကို ဝင်သွားသည်။ အခန်းသည် တစ်ရာစတုရန်းမီတာခန့် ကျယ်ဝန်းပြီး အတွင်း၌ အခြားမည်သူမျှမရှိဘဲ ပစ္စည်းမျိုးစုံဖြင့် ပြည့်နေသည်။ မီးချောင်း ဖွင့်မထားဘဲ၊ လူသွားစင်္ကြံမှ အလင်းရောင်သည် တံခါးအောက် ဟနေသောနေရာမှတဆင့် လင်းလက်နေသည်။

ဟန်ရှောင်သည် ထူးထူးခြားခြား တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသဖြင့် မျက်ခုံးပင့်လိုက်သည်။

အခန်းသည် အညစ်အကြေးကင်းစင်ပြီး ကြမ်းပြင်တွင် ခြေရာများလည်း မရှိပေ။

သာမန်အားဖြင့်၊ သိုလှောင်ခန်းထဲသို့ လူအနည်းငယ်သာ လာလေ့ရှိကြသည်။ ကြယ်ငါးပွင့်ဟိုတယ်များပင်လျှင် ၎င်းတို့၏သိုလှောင်ခန်းကို သန့်ရှင်းရေးလုပ်ရန် လူများကို စေလွှတ်မည်မဟုတ်ပေ။ ဂျာမီနယ်အဖွဲ့အစည်းသည်လည်း သာမန်သိုလှောင်ခန်းကို ဤကဲ့သို့ သန့်ရှင်းသပ်ရပ်အောင်ထားရန် မဖြစ်နိုင်ပေ။

ဒီနေရာမှာ လျှို့ဝှက်တံခါးရှိရမယ်။ မဟုတ်ရင် ဒေါ်မန် ဒီလောက် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတော့မှာ မဟုတ်ပါဘူး။ သို့သော်လည်း ဟန်ရှောင်းသည် တံခါးကို ရှာမတွေ့ခဲ့ပေဘူး။

လျှို့ဝှက်တံခါးနောက်ကွယ်မှာ ဘာရှိမလဲ။

ဟန်ရှောင်သည် ရုတ်တရက် ကျောကိုကွေးလိုက်ရင်း ချောင်းဆိုးဟန်ဆောင်သည်။ ထိုအခွင့်အရေးကိုယူ၍ သူ့အိတ်ကပ်ထဲမှ ပင့်ကူကို ထုတ်လိုက်၏။ ထို့နောက် အခန်းထောင့်သို့ တိတ်တိတ်လေး ပစ်ချလိုက်ပြီး အခန်းထဲမှ ချက်ချင်းပြန်ထွက်သွားသည်။ သူသည် စောင့်ကြည့်ကင်မရာများ မမြင်နိုင်သည့် နေရာတစ်ခုတွင် သူ၏ တက်ဘလက်ကို ထုတ်ကာ ပင့်ကူမှတစ်ဆင့် သိုလှောင်ခန်းကို စိုက်ကြည့်နေသည်။

ဟန်ရှောင်းသည် အပြင်းအထန် စောင့်ကြည့်မှု နှစ်နာရီကြာပြီးနောက် သူသည် ပင်ပန်းလာသည်။ ထိုအချိန်တွင် သိုလှောင်ခန်းအတွင်း လှုပ်ရှားမှုအချို့ကို တွေ့လိုက်သည်။

နံရံများထဲမှ တစ်ခုသည် ပွင့်သွားပြီး လျှို့ဝှက်သတ္တုတံခါးကို ပေါ်လာသည်။ လက်နက်မပါသော လူနှစ်ယောက် ထွက်လာ၏။ သူတို့သည် နည်းပညာဆိုင်ရာ ဝန်ထမ်းများဖြစ်ပုံရသည်။

အဲ့ဒီမှာ ငါ့ရဲ့လျှို့ဝှက်တံခါးပဲ။

ဝန်ထမ်းနှစ်ယောက် အခန်းထဲက အမြန်ထွက်သွားသည်နှင့် ဟန်ရှောင်းသည် နောက်ကနေ တိတ်တဆိတ် လိုက်သွားသည်။ ရုတ်တရက် သူသည် အရှိန်တင်လိုက်ပြီး ဝန်ထမ်းများကို နောက်မှ ဝင်တိုက်လိုက်ရာ သုံးယောက်လုံး လဲကျလုနီးပါး ဖြစ်သွားသည်။

“တောင်းပန်ပါတယ်။ ဆောရီး။ ကျွန်တော် စိတ်မကောင်းပါဘူး” ဟန်ရှောင်းက ဝန်ထမ်းနှစ်ယောက်ကို လက်နှစ်ဖက်နှင့် ထိန်းပေးရင်း တောင်းပန်လိုက်သည်။

ဝန်ထမ်းများက ပြဿနာရှာမနေဘဲ ထွက်သွားကြသည်။

ဟန်ရှောင်းက သူတို့နောက်ကို ဆက်လိုက်နေသည်။ သို့သော် သူသည် ဒီတစ်ကြိမ်တွင် အဖြူရောင်ကတ်ကို ရရှိခဲ့သည်။ အဲဒါက ဝန်ထမ်းနှစ်ယောက်ထဲက တစ်ယောက်ရဲ့ အိတ်ကပ်ထဲက ဝင်ခွင့်ကတ်တစ်ခုပင်။

သူ့ရဲ့ ခိုးယူမှုစွမ်းရည်က တကယ်ကို အသုံးကျနေ၏။

ဤကတ်သည် စခန်းမှ သာမာန်သက်သေခံကတ်ပြားနှင့် သိသိသာသာ ကွာခြားမှုမရှိပေ။ သို့သော်၊ ဟန်ရှောင်းသည် အတွင်းရှိ ချစ်ပ်ပြားသည် ကွဲပြားနေလိမ့်မည်ဟု ယုံကြည်နေသည်။ ဤကတ်က လျှို့ဝှက်တံခါးကို ဝင်ခွင့်ရနိုင်လိမ့်မည်။

သူသည် ဝန်ထမ်းနှစ်ယောက်နောက်သို့ လိုက်လာပြီး ခဏအကြာတွင် ဘေးဘက်တံခါးဝသို့ ရောက်သွားသည်။ ဝန်ထမ်းနှစ်ယောက်က တံခါးစောင့်ကို နှုတ်ဆက်ပြီး တံခါးဝမှ ထွက်သွားကြသည်။

ရုတ်တရက် ဟန်ရှောင်းသည် စခန်းမှာ ဘာတွေမှားနေလဲဆိုတာ သိလိုက်ရသည်။

လေထု။

လာတော့မည့် ဟက်စ်လာတိုက်ခိုက်မှုအတွက် လူအများစုက စိုးရိမ်နေကြသော်လည်း၊ ဝန်ထမ်းအုပ်စုလေး တစ်စုသည် စိုးရိမ်မှုမရှိဘဲ သူတို့၏ ရာထူးတာဝန်များကို ဆက်လက်ထမ်းဆောင်နေဆဲ ဖြစ်သည်။

၎င်းတို့တွင် အရန်အစီအစဉ်အချို့ ရှိပုံရပြီး ပင်လယ်ကဲ့သို့ ငြိမ်သက်နေကြသည်—ပထမအုပ်စုနှင့် အလွန်ကွာခြား၏။

ဟန်ရှောင်းက မျက်မှောင်ကြုတ်လိုက်ပြီး၊ သိပ်မကြာမီ ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်သွားတော့သည် ။ သို့သော် သူ့အတွေးကို အတည်ပြုရန် အထောက်အထားအချို့ လိုအပ်နေသေးသည်။ သူက တံခါးဆီ ထွက်သွားသောအခါ တံခါးစောင့်က တားလိုက်သည်။

"မစ်ရှင်မရှိဘဲ စခန်းထဲကို ဝင်ဖို့ ဒါမှမဟုတ် ထွက်သွားခွင့် မပေးဘူး။"

ဟန်ရှောင်းက သူခိုးယူထားတဲ့ ဝင်ခွင့်ကတ်ကို ထုတ်ယူလိုက်ပြီး "အခုပဲ အဲဒီလူနှစ်ယောက်ကို ဝင်တိုက်မိပြီး၊ သူတို့ ဒီကတ် ပြုတ်ကျခဲ့တယ်။ သူတို့ အဝေးမရောက်ခင် သူတို့ကို ပြန်ပေးချင်တယ်"

တံခါးစောင့်က ခေါင်းညိတ်လိုက်ပြီး ဟန်ရှောင်းကို သွားခွင့်ပြုလိုက်သည်။

ဟန်ရှောင်းသည် တံခါးဝမှ လှမ်းကြည့်လိုက်ရာ တောလမ်းတောင်ကြားတစ်ခု ကို တွေ့လိုက်ရသည်။ အချိန်က သန်းခေါင်ကျော်နေပြီ ဖြစ်သည်။ ဝန်ထမ်းနှစ်ဦးသည် မီတာရာဂဏန်းအကွာအဝေးတွင် ရှိနေသောကြောင့် သူတို့၏ သေးငယ်သော ကျောပြင်ကို လှမ်းမြင်နိုင်သည်။ သူသည် သူတို့နောက်သို့ အလျင်အမြန် လိုက်သွား၏။

ဝန်ထမ်းတွေက နောက်မှ လိုက်လာသော ခြေသံကို ကြားရသောကြောင့် သတိဖြင့် လှည့်ကြည့်လိုက်ကြသည်။

"မင်းရဲ့ ဝင်ခွင့်ကတ်ကို ပြုတ်ကျခဲ့လို့။"

ဟန်ရှောင်းအနီးသို့ လျှောက်လာသောအခါတွင် မကြာသေးမီကမှ အခြေစိုက်စခန်းတွင် ဝင်တိုက်မိခဲ့သော လုပ်ဖော်ကိုင်ဖက်ဖြစ်သည်ကို သတိထားမိသွားသည်။ သူတို့ သက်တောင့်သက်သာ ပြန်ဖြစ်သွား၏။ နှစ်ယောက်တွဲထဲက တစ်ယောက်က သူ့အိတ်ကပ်ကို ရှာဖွေပြီး အော်ပြောသည်။ "ကတ်ဘယ်မှာ ပြုတ်ကျသွားတာလဲ၊ ကျေးဇူးတင်ပါတယ်"

"ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုဘူး။ ကျွန်တော့်တို့အားလုံးက မနက်ဖြန်အသစ်တည်ဆောက်ဖို့ ဂျာမီနယ်အဖွဲ့အစည်းရဲ့ ရဲဘော်ရဲဘက်တွေပဲ။ ဒါက ကျွန်တော့်အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ”

ဟန်ရှောင်းက သူတို့အနားကို လျှောက်လာရင်း ပြုံးပြလိုက်သည်။

"မင်းက တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ကောင်ပဲ။"

ထိုလူက ရယ်မောရင်း ကတ်ကိုယူဖို့ သူ့လက်ကို မြှောက်လိုက်သည်။ ဟန်ရှောင်း၏ မျက်နှာသည် ချက်ချင်းပင် အလေးအနက်ဖြစ်သွားပြီး ရုတ်တရတ် တိုက်ခိုက်တော့သည်။ သူ၏လက်သီးသည် ထိုလူ၏ဗိုက်ပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားပြီး အတွင်းအင်္ဂါများကို ဒဏ်ရာရခဲ့သည်။ ထိုလူသည် အံ့အားသင့်စွာ ငေးကြည့်ရင်း အန်နေတော့သည်။ နောက်တစ်ယောက်က အော်တော့မည့်အချိန်တွင် ဟန်ရှောင်းက သူ့လည်ပင်းကို အလျင်အမြန် ဖမ်းချုပ်ပြီး လည်ပင်းညှစ်ထားလိုက်သည်။ ထို့နောက် တစ်ဖက်လူ၏ခေါင်းကို ကြမ်းပြင်ပေါ် ရိုက်ချကာ သတိမေ့သွားစေရန် တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သည်။

ဟန်ရှောင်းသည် အမှုထမ်းနှစ်ယောက်ကို ခါးပတ်ဖြင့် ချည်နှောင်လိုက်သည်။ ကင်းစခန်းအားလုံးကို ရှောင်ရှားရန် ဝေးလံစွာ ကွေ့ဝိုက်သွားရင်းနဲ့ သူတို့ကို ဆွဲခေါ်သွား၏။ စခန်းမှ ဝေးဝေးသို့ ရောက်သောအခါ နှစ်ယောက်လုံးကို ပါးရိုက်ပြီး နှိုးလိုက်သည်။

သူတို့သည် ထိတ်လန့်မှုအပြည့်နဲ့ နိုးလာကြတယ်။ "မင်း... မင်းက စခန်းက မဟုတ်ဘူး!"

ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ဓါးကို ထုတ်ပြီး ဓားသွားကို ပွတ်လိုက်တယ်။ သူက သိသိသာသာပင် သူတို့ကို ခြိမ်းခြောက်နေ၏။ သူက အေးစက်နေသောလေသံဖြင့် ပြောလိုက်သည်။ "သာမန်အဖွဲ့ဝင်တွေက မသိတဲ့အရာတစ်ခုကို မင်းတို့နှစ်ယောက် သိတယ်ဆိုတာ ငါသိတယ်။ အခု ရိုးရိုးသားသားပြောရင် ပိုကောင်းလိမ့်မယ်"

သူတို့က ကြောက်လန့်တကြားနဲ့ စကားထစ်ကြပြီး “ငါတို့က ဘာမှမသိတဲ့ အဆင့်နိမ့်အဖွဲ့ဝင်တွေပဲ”

"အဆင့်နိမ့်?" ဟန်ရှောင်းက ရယ်မောလိုက်ပြီး သူ့ဓားကို လူတစ်ယောက်၏ ဘောင်းဘီခွကြားဆီသို့ အမြန်ရွှေ့လိုက်သည်။

“အား...”

အသတ်ခံရသော ဝက်တစ်ကောင်ကဲ့သို့၊ သူ၏ဝိညာဉ်သည် ကွဲကြေနေသကဲ့သို့ ထိုလူက အော်လိုက်သည်။ ဒါပေမယ့် သူ နာကျင်နေတာမဟုတ်ဘူးဆိုတာ ရုတ်တရက် သိလိုက်ရတယ်။ အောက်ကိုငုံ့ကြည့်လိုက်သောအခါ တောက်ပြောင်နေသော ဓားကြီးက သူ့ပေါင်အတွင်းပိုင်းကို ပွတ်သပ်ပြီး အောက်မြေကြီးထဲကို ဖြတ်သွားသည်ကို တွေ့လိုက်ရတယ်။ သူ၏ လိင်အင်္ဂါနှင့် သုံးစင်တီမီတာသာ ကွာဝေးတော့သည်။ သူ့ညီလေးမှာ အေးစက်သော သတ္တုဓားမှ အအေးဒဏ်ကို ခံစားနိုင်သည်။

“သိုလှောင်ခန်းထဲမှာ လျှို့ဝှက်တံခါးတစ်ခု ရှိတယ်ဆိုတာ ငါသိတယ်။ မင်းသိသမျှ ငါ့ကို ပြောပြ၊ မဟုတ်ရင် မင်းကို ဂျာမီနယ်အဖွဲ့အစည်းရဲ့ ပထမဆုံး မိန်းမစိုးဖြစ်အောင် လုပ်ပေးလိုက်မယ်” ဟန်ရှောင်းက သတ်ဖြတ်ချင်စိတ်ရှိသော လေသံဖြင့် ပြောလိုက်သည်။

မိန်းမစိုးဆိုတာ ဘာလဲ သူတို့ မသိသော်လည်း ဟန်ရှောင်း၏ လုပ်ရပ်က တော်တော်ကို ရှင်းသည်။ သူတို့ ချက်ချင်း တုန်လှုပ်သွားကြသည်။

"ဘယ်လို... လျှို့ဝှက်တံခါးကို ဘယ်လိုလေ့လာခဲ့တာလဲ"

"ငါက မေးခွန်းတွေ မေးတဲ့သူ။" ဟန်ရှောင်းကသည် ထိုသူ၏ လိင်အင်္ဂါကို ဓါးဖြင့် အသာအယာ ထိလိုက်သည်။ အချိန်မရွေး ဖြတ်ပစ်တော့မလိုပင်။ ထိုသူအရမ်းထိတ်လန့်သွားပြီး သူ့ဘောင်းဘီအတွင်း သေးထွက်လုမတတ်... သူတကယ်ကြီး သူ့ဘောင်းဘီထဲမှာ သေးထွက်ကျသွားတာလား။ သွားပါပြီကွာ … ငါ့ဓားလေး

ဝန်ထမ်းနှစ်ယောက်မှာ စိတ်ဓါတ်ကျသွားသည့်ပုံပင်။ လျှို့ဝှက်ချက် ပေါ်သွားပြီဖြစ်၍ ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ပေ။ ကြောက်လန့်တကြား တုန်တုန်ယင်ယင်ဖြင့် သတင်းအချက်အလက်များကို ထုတ်ပြောကြသည်။

ဆယ်မိနစ်ကြာပြီးနောက်…

ဟန်ရှောင်း တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်နေသည်။

“မဆန်းပါဘူး…”

[ကင်းထောက်ခြင်း ၂ ပြီးမြောက်ခဲ့သည်။ အတွေ့အကြုံအမှတ် ၈,၀၀၀ ရရှိပါသည်။]

အခန်း (၇၈) ပြီး၏။

လင်းဆက်

+++++

All Chapters