← Chapters

သံသယ

Vol. 6 Ch. 79

သံသယ

Vol. 6 Ch. 79

အခန်း (၇၉) သံသယ

အရုဏ်တက်ချိန်၊ အခြေစိုက်စခန်း၌...

အေးဂျင့်များအားလုံးသည် ထွက်ခွါတော့မည် ဖြစ်သဖြင့် ပစ္စည်းများ ထုပ်ပိုးရန် အလုပ်ရှုပ်နေကြသည်။

"အစ်ကိုရှောင်၊ အစ်ကိုရှောင်၊ မင်းဘယ်မှာလဲ။" လီယောင်က ထရပ်ကား၏ တံခါးကို ထုရိုက်နေသည်။ သူ့ကို ကြည့်ရတာ စိတ်ပျက်နေပုံရ၏။ သူသည် ဟန်ရှောင်းကို ရှာနေသည်မှာ ၁၅မိနစ် ရှိနေပြီဖြစ်သော်လည်း သူ၏ အားစိုက်ထုတ်မှုများသည် အချည်းနှီးဖြစ်နေသည်။ ကျန်သော ဌာန၁၃အေးဂျင့်များမှာ စိတ်မရှည်ကြတော့ပေ။

"သူက ကားထဲမှာ မဟုတ်ဘူး။ သူဘယ်သွားတာ ဖြစ်နိုင်လဲ။" လီယာလင်းမှာ ပဟေဠိဖြစ်နေသည်။

လူတိုင်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်သော်လည်း သဲလွန်စတစ်ခုမှ မရပေ။

လွန်ခဲ့သောညက ဟန်ရှောင်းက သူသည် ကားပေါ်တွင် နေချင်ကြောင်း ပြောခဲ့သည်။ သို့သော်ငြားလည်း ယခုတော့ သူက ရှိမနေပေ။ သူမနေ့ညက ဘာ‌ကို အတိအကျ လုပ်ခဲ့တာပါလိမ့်။

"မင်းတို့အဖွဲ့ရဲ့ အစီအစဉ်က ဘာလဲ။" ချီပိုင်ကျားက ကျန်းဝေတို့အဖွဲ့ကို မေးလိုက်သည်။

"ကျွန်တော်တို့ နေခဲ့ပြီး သူပြန်လာတဲ့အထိ စောင့်မယ်။" ကျန်းဝေက ပြန်ဖြေသည်။

"အဲလိုလုပ်ဖို့ လိုလို့လား။" တိစုစုမှာ အံ့ဩသွားသည်။

"ဘာလို့လဲဆိုတော့ ကားသော့က သူနဲ့ပါသွားလို့ပဲ။" ကျန်းဝေက ဒေါသတကြီးနှင့် အံကြိတ်ထားသည်။ နဖူးပေါ်ရှိ‌ သွေးကြောများသည် အချိန်မရွေး ပေါက်ထွက်တော့မလိုပင်။

လူတိုင်းမှာ စကားမပြောနိုင် ဖြစ်သွားသည်။ သူတို့အဖွဲ့တွင် ထိုသို့သော အဖွဲ့ဝင်တစ်ယောက်ရှိပါက ကံကောင်းသည်လား ကံဆိုးသည်လား မသေချာနိုင်တော့ပေ။

ချီပိုင်ကျားသည်လည်း မစ်ရှင်တွင် မမျှော်လင့်ထားသော အပြောင်းအလဲများကို မကြိုက်၍ အတော်ပင် မကျေမနပ်ဖြစ်နေသည်။

ငါမျက်စိကန်းနေတာ ဖြစ်ရမယ်။ အမိန့်ကို မနာခံဘဲ သူ့သဘောနဲ့သူ လှုပ်ရှားတဲ့ အဖွဲ့သားက လူလိမ်လူကောက်ပဲ။

တကယ်လို့ တစ်ခုခု ပေါက်ကရဖြစ်ကုန်ရင်၊ ချီပိုင်ကျားက တာဝန်ခံရလိမ့်မည် ဖြစ်သည်။

ဟန်ရှောင်းက အဲလို လူမိုက်လား။

...

အခြားတစ်ဖက်ရှိ ဟက်စ်လာအေးဂျင့်များသည်လည်း ဌာန၁၃၏ ပုံမှန်မဟုတ်သော အပြုအမူများကို သတိပြုမိသွားပြီး တိတ်တဆိတ် ဆွေးနွေးနေကြသည်။

"ဌာန၁၃က အချို့အေးဂျင့်တွေက နေခဲ့ချင်ကြတယ်။"

"ငါတို့ အတူတူ ပြန်ထွက်မယ်လို့ ထင်ထားတာ။" ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ သူက အဖြေရရန် ချီပိုင်ကျားကို သွားရှာတော့သည်။ ခဏအကြာ၊ သူပြန်ရောက်လာပြီး ဟက်စ်လာအေးဂျင့်များကို ပြန်ရှင်းပြ၏။

"ပျောက်နေတဲ့အေးဂျင့်က ဘယ်သူလဲ။"

"သူက မျက်ဖုံးတပ်ထားတဲ့ အေးဂျင့်ပဲ၊ သူ့နာမည်က ဟန်ရှောင်း။"

"အဲဒါသူပဲ။" ဝင်းနား၏မျက်နှာ ချက်ချင်းပင် တင်းမာသွားပြီး ပြောလိုက်သည်။ "မနေ့ညက၊ ငါတို့ သတင်းရတဲ့အခါ၊ ဟန်ရှောင်းက ဘာသက်သေအထောက်အထားမှ မရှိဘဲ ငြင်းဆန်ခဲ့တယ်။ ပြီးတော့ ဘာမှမပြောဘဲ တစ်ညလုံး ထွက်သွားတယ်။ ဒါက တော်တော် သံသယဖြစ်ဖို့ကောင်းတယ်။ သူက သူလျှိုတစ်ယောက် ဖြစ်နိုင်လား။"

ဟက်စ်လာအေးဂျင့်များ အလန့်တကြား ဖြစ်သွားကြသည်။

"မင်းရဲ့စကားတွေကို ဂရုစိုက်ပါ။" ယဲ့ဖန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုသို့ ကောက်ချက်မချသော်လည်း ဟန်ရှောင်း၏ လှုပ်ရှားမှုများက သူ၏သံသယကိုလည်း မြင့်တက်စေခဲ့သည်။ "ငါတို့ စစ်တပ်စခန်းကို ပြန်ရောက်တဲ့အခါ ကွပ်ကဲရေးမှူးကို အချက်အလက်တွေ အကုန်လုံး တင်ပြလိုက်မယ်။"

...

အခြားအေးဂျင့်များ အားလုံးထွက်သွားပြီးနောက်၊ ကျန်းဝေနှင့် အခြားအသင်းဖော် သုံးဦးတို့သည် အခြေစိုက်စခန်းတွင် ကျန်ရစ်နေထိုင်ခဲ့ကြသည်။

လီယောင်သည် မမေးဘဲ မနေနိုင်ပေ။ "ဟန်ရှောင်းက ဘယ်ကိုသွား‌ပြီး ဘာတွေ အတိအကျ လုပ်နေတာလဲ။"

"ငါ ဘယ်လိုသိမှာလဲ။ မနေ့ညကလည်း ဘာမှ မပြောသွားဘူး။" လီယာလင်း မျက်လုံးလှန်လိုက်သည်။

ကျန်းဝေသည် စိတ်ဆိုးနေပြီး ခေါင်းခါလိုက်သည်။ ဒီကောင်က သူ့ရဲ့အဖွဲ့ခေါင်းဆောင်ကို လုံးဝလေးစားမှု မရှိပေ။

...

အခြားအေးဂျင့်များသည် နာရီအတော်ကြာပြီးနောက် နယ်စပ်သို့ရောက်ရှိလာသည်။

ဝင်းနားနှင့် ယဲ့ဖန်တို့သည် ကာနယ်ကားလ်ကို ချက်ချင်း သတင်းပို့လိုက်သည်။

"ဌာန၁၃အေးဂျင့်က တစ်ညလုံး ပျောက်နေတာလား" ကာနယ်ကားလ်သည် ရှေ့နောက်လျှောက်နေရင်း မျက်ခုံးများ တွန့်သွားသည်။

"ဒါက ၁၀၀% မှန်လား" သူကမေးသည်။

ဝင်းနား ခေါင်းညိတ်လိုက်သည်။ "သူ ဘယ်သူ့ကိုမှ မပြောဘဲ မနေ့ညက ထွက်သွားခဲ့ပြီး အဲဒါကလည်း ကျီးနက်တောင်ကြား အခြေစိုက်စခန်းအကြောင်း သတင်းရပြီးတာနဲ့ ချက်ချင်းပဲ ထွက်သွားခဲ့တာပါ။"

"သံသယဖြစ်ပုံရပေမယ့် ဒါက သူလျှိုလို့ မဆိုလိုပါဘူး" ယဲ့ဖန်က ဆက်ပြောသည်။

ကာနယ်ကားလ်က ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။ “ဒါကို ကြယ်နဂါးနိုင်ငံနဲ့ ပြီးမှ သွားရှင်းလိုက်မယ်။ အခု သတင်းအကြောင်းကို ထပ်ပြောပါဦး။"

“ကျွန်မတို့ခေါ်ဆောင်လာခဲ့တဲ့ သုံ့ပန်းဟာ ကျွန်တော်တို့ရဲ့ မုသားဖော်စက်ကို အောင်မြင်ခဲ့ပြီးပြီ၊ ဆိုလိုတာကတော့ သူပြောခဲ့သမျှဟာ မှန်ပါတယ်။ ထို့အပြင်၊ ယဲ့ဖန်ကလည်း ဒီသတင်းအားလုံးကို စုဆောင်းဖို့ သူတို့ရဲ့ကွန်ရက်ကို ကိုယ်တိုင်ကိုယ်ကျ ဖောက်ထွင်းခဲ့ပါတယ်။ ဒါက စစ်မှန်တယ်လို့ ကျွန်မတို့ အာမခံနိုင်တယ်” ဝင်းနားက ပြောသည်။

"ဒါဆို ဘာမှ မပြောင်းလဲခင် ချက်ချင်း တိုက်ခိုက်ကြရအောင်!" ကာနယ်ကားလ်၏ မျက်လုံးများက စူးရှစွာဖြင့် ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။

ယဲ့ဖန်းမှာ ချီတုံချတုံ ဖြစ်နေသည်။ “အခု စစ်တပ်က တိုက်ခိုက်ရင် လျှို့ဝှက်စခန်းမှာ ကျန်ခဲ့တဲ့ ဌာန၁၃အေးဂျင့်တွေ အန္တရာယ်ရှိလိမ့်မယ်။

"ငါတို့၏ မဟာဗျူဟာရည်မှန်းချက်ကို အောင်မြင်ဖို့အတွက်၊ ကြယ်နဂါးနိုင်ငံက လူတစ်ယောက် နှစ်ယောက်ကို စတေးရတာ ကျိုးကြောင်းဆီလျော်ပါသည်။ သူတို့က ငါတို့တိုင်းပြည်ကမဟုတ်ဘူးဆိုတော့ ငါတို့ သိပ်ဂရုမစိုက်ဘူး” ကာနယ်ကားလ်က နှစ်ခါပင် မစဉ်းစားဘဲ ပြန်ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ရှည်လျားပြီး သွယ်ဝိုက်သောလမ်းကြောင်းကို ဖြတ်သန်းပြီးနောက်၊ ဟန်ရှောင်းသည် နောက်ဆုံးတွင် ထောက်လှမ်းကိရိယာများနှင့် ကင်းထောက်စခန်းအားလုံးကို ကျော်ဖြတ်ကာ သုံ့ပန်းနှစ်ဦးကို သူ၏ကိရိယာပုံးကို ဝှက်ထားရာနေရာသို့ ဖမ်းသွားခဲ့သည်။ ခရီးတစ်လျှောက်လုံး ခက်ခဲကြမ်းတမ်းပြီး ခက်ခဲကြမ်းတမ်းခဲ့သည်။ အဲဒီအချိန်မှာ သူအရမ်းမောပန်းလွန်းလို့ သွေးပင် အန်ချင်နေ၏။ သုံ့ပန်းများသည် ဖုံးကွယ်ထားသော ဝတ်စုံများ မ၀တ်ထားသောကြောင့် လုံခြုံရေးမြင့်မားသောနေရာများကို ကျော်ဖြတ်ရန် နာရီပေါင်းများစွာ အချိန်ယူခဲ့ရသည်။

ကံကောင်းထောက်မစွာပင်၊ ၎င်းတို့သည် စမ်းသပ်ထောက်လှမ်းသည့်ကိရိယာများနှင့် မြေမြှုပ်မိုင်းများအတွက် တာဝန်ခံနည်းပညာဆိုင်ရာ ဝန်ထမ်းများဖြစ်သောကြောင့် အဖိုးတန်သတင်းအချက်အလက်များစွာကို ပေးဆောင်ခဲ့ကြသည်။ မဟုတ်လျှင် ဟန်ရှောင်းသည် ဘယ်သူ့ကိုမှ မသိစေဘဲ ထွက်သွားနိုင်မည် မဟုတ်ပေ။

သို့သော်၊ သုံ့ပန်းများသည် သူ့ကို သတိပေးချက်မြင့်မားသော နေရာတစ်ခုသို့ ဆွဲဆောင်ရန် ကြိုးစားခဲ့သော်လည်း ဟန်ရှောင်းက ချက်ခြင်း ရိပ်မိသွားခဲ့သည်။ ထို့ကြောင့် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပြီးမှ သူနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

နေမင်းကြီးသည် ကောင်းကင်ထက်တွင် လင်းလက်စွာ တောက်ပနေ၏။ ဟန်ရှောင်းသည် အချိန်ကို တွက်ချက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “သေစမ်းကွာ၊ ငါသတ်မှတ်ထားတဲ့အချိန်ကို ကျော်သွားပြီ။ ကျန်တဲ့ အေးဂျင့်တွေ အားလုံး ထွက်သွားပြီ ထင်တယ်။”

သူသည် သူ၏ ကိရိယာပုံးကို တူးဖော်ပြီး ကျန်းဝေကို ဆက်သွယ်ရန် သူ၏ ရေဒီယိုကို ထုတ်ယူလိုက်သည်။

"ဟယ်လို၊ ဟယ်လို။ ယန်ဇီမြစ်၊ ယန်ဇီမြစ်။ ဒါ မြစ်ဝါ။ ကြားနိုင်ရင် ဖြေကြားပေးပါ။"

"မင်းခေါင်းပဲ အဝါရောင်" ကျန်းဝေ၏ ဒေါသသံကို နားကြပ်မှတဆင့် ကြားနေရသည်။ "မင်းဘယ်ကိုသွားတာလဲ၊ မင်း တစ်ညလုံး ပျောက်နေပြီး တခြား အေးဂျင့်တွေ အကုန်လုံး ထွက်သွားပြီ။ ငါတို့က စခန်းမှာနေပြီး မင်းကိုစောင့်နေတာ"

"မှန်တယ်။ ဒီအတွက် မင်း တစ်ခုခုပြန်လုပ်ပေးရမယ်နော်။ ငါ ပစ္စည်းအသစ် လိုချင်တယ်" လီယာလင်း၏ အသံ ရေဒီယိုလိုင်းမှ ထွက်လာသည်။ သူမ၏အသံတွင် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်းကို ကြားနိုင်ပြီး သူမ၏နှုတ်ခမ်းစူခြင်းကို စိတ်ကူးကြည့်နိုင်သည်။ တကယ်တော့ ချစ်စရာလေးပါ။

ဟန်ရှောင်းက ခေါင်းခါလိုက်ပြီး ပိုပြီး လေးလေးနက်နက် သရုပ်ဆောင်ပါတော့သည်။ "ကျွန်တော် ကျီးနက်တောင်ကြား အခြေစိုက်စခန်းကို စိမ့်ဝင်ပြီး ထိပ်တန်းအဆင့်ရှိတဲ့ သတင်းကို ရှာဖွေတွေ့ရှိခဲ့တယ်။"

"မင်းအတွက် အရာရှိချီကို ဆက်သွယ်ပေးမယ်" ကျန်းဝေက လေးနက်သော အကြည့်ဖြင့် ပြောလိုက်သည်။

…

ချီပိုင်ကျားသည် နယ်ခြားစောင့်တပ်စခန်းတွင် ရေဒီယိုသတင်းစကားကို လက်ခံရရှိခဲ့သည်။

"ကျန်းဝေ၊ ငါ့ကို ဘာလို့ခေါ်တာလဲ။ ဟန်ရှောင်း ပြန်လာပြီလား" သူကမေးလိုက်သည်။

"သူ မင်းနဲ့ စကားပြောချင်နေတယ်"

"သူ့ရဲ့ လုပ်ရပ်အတွက် ကောင်းကောင်းရှင်းပြထားတာ ပိုကောင်းမယ်။" ချီပိုင်ကျားက သိသိသာသာပင် မကျေမနပ်ဖြစ်နေသည်။

ဟန်ရှောင်းသည် ချန်နယ်သို့ ချိတ်ဆက်ပြီးနောက်၊

"ကျီးနက်တောင်ကြား အခြေစိုက်စခန်းမှာ နယ်မြေနှစ်ခုရှိတယ် - အပြင်ပိုင်းနယ်မြေနဲ့ အတွင်းပိုင်းနယ်မြေဆိုပြီး ရှိတဲ့အကြောင်း သတင်းရထားတယ်။ အပြင်ပိုင်းနယ်မြေက ရာထူးနိမ့်ဝန်ထမ်းတွေအားလုံး အလုပ်လုပ်တဲ့နေရာဖြစ်ပြီး အတွင်းပိုင်းနယ်မြေကတော့ ပင်မအဖွဲ့ဝင်များကိုယ်တိုင် တပ်စွဲထားတယ်။ အတွင်းပိုင်းနယ်မြေက တောင်တန်းချိုင့်ဝှမ်းထဲမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာကြောင့် အပြင်ဘက်တွင် ရာထူးနိမ့်ဝန်ထမ်းတွေကတောင် ရှိနေမှန်း သတိမထားမိကြဘူး။ အတွင်းပိုင်းနယ်မြေနဲ့ ပတ်သက်သည့် အချက်အလက်များကို ရာထူးနိမ့်ဝန်ထမ်းတွေအားလုံး မသိအောင် ပိတ်ပင်ထားပြီး နယ်မြေနှစ်ခုကို ဆက်သွယ်တဲ့ လမ်းကြောင်းကိုလည်း အမြဲပိတ်ဆို့ထားတယ်…”

သုံ့ပန်းနှစ်ဦးက အခြေစိုက်စခန်းကို နယ်မြေနှစ်ခု ခွဲထားကြောင်း ပြောပြသည်။ အတွင်းပိုင်းသည် တောင်တန်းချိုင့်ဝှမ်းအတွင်းတွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပြီး အရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများကို သိမ်းဆည်းထားသည်။ ၎င်းသည် အခြေစိုက်စခန်း၏ တကယ့်ပင်မဖြစ်သည်။ စခန်းရှိ အထက်အရာရှိများသည် အစွန်အဖျားရှိ တပ်သားများအား အတွင်းစခန်းအကြောင်း ဘာမှမပြောခဲ့ပေ။ ထို့ကြောင့်၊ ၎င်းသည် ဂျာမီနယ်အဖွဲ့အစည်းမှ ဝန်ထမ်းများအတွက် လျှို့ဝှက်ချက်ဖြစ်သည်။ သူ၏ ယခင်ဘဝတွင်၊ 'အစစ်အမှန်' ကစားသမားများသည်ပင် အတွင်းပိုင်းနယ်မြေ၏ တည်ရှိမှုကို မသိခဲ့ကြပေ။

အတွင်းပိုင်းစခန်းတွင် စွန့်ခွါရန် လမ်းကြောင်းများစွာရှိသည်။ အမာခံအဖွဲ့ဝင်များသည် ခြေရာလက်ရာ မချန်ဘဲ ထွက်သွားနိုင်သည်။ သူတို့သည် အလွန်လိမ္မာပါးနပ်ကြပြီး ထိုလမ်းများအားလုံးကို လျှို့ဝှက်ထားကြသည်။ အခြေစိုက်စခန်း၏ ထိပ်တန်းခေါင်းဆောင်များက ဆုံးဖြတ်ခြင်းမပြုခင်အထိ မည်သည့်လမ်းကြောင်းဖြင့် ထွက်ခွါရမည်ကို အမှန်တကယ် စွန့်ခွါခြင်းမပြုမီအထိ မည်သူမျှ မသိနိုင်ကြပေ။

ချီပိုင်ကျားသည် ဤသတင်းအချက်အလက်၏ အရေးကြီးပုံကို ချက်ချင်းသဘောပေါက်ခဲ့သည်။ အကယ်၍ ဟက်စ်လာသည် အခြေစိုက်စခန်း၏ အတွင်းပိုင်းတည်ရှိမှုကို မသိဘဲ၊ စစ်တပ်က ပြင်ပအခြေစိုက်စခန်းကို တိုက်ခိုက်ရန် ထွက်ခွာသွားပါက၊ ၎င်းတို့သည် ပြင်ပအခြေစိုက်စခန်းကို ဖြုတ်ချပြီး စစ်အောင်မြင်ကြောင်း ကြေညာလိုက်သောအခါတွင် ဆုတ်ခွာသွားမည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ရန်သူ၏ ပင်မစွမ်းအားသည် လုံးလုံးလျားလျား ထိခိုက်ခြင်းမရှိပဲ၊ အတွင်းရှိအခြေစိုက်စခန်းသည် လုံခြုံနေမည်ဖြစ်သည်။ ရန်သူသည် ပုန်းခိုရာစခန်း လုံခြုံကြောင်း သေချာသည့် အနာဂတ်တွင် တိတ်တဆိတ် ပြန်လည် ဝင်ရောက်လာနိုင်သည်။

ချီပိုင်ကျား အံသြသွားသည်။ ဟန်ရှောင်း၏ တစ်ကိုယ်တော် လုပ်ရပ်သည် ဤမျှ အရေးကြီး‌သော သတင်းကို ယူဆောင်လာလိမ့်မည်ဟု သူ မယုံနိုင်ပေ။

“အဟွတ်၊ အဟွတ်။ ဒါဟာ တော်တော်ကောင်းတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပေမဲ့ အမိန့်မပေးဘဲ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်တာကို လက်မခံနိုင်ဘူးလို့ အလေးပေးပြောချင်သေးတယ်။

“ခဏနေပါဦး။ ဒါကို ကွပ်ကဲရေးမှူးဆီ ချက်ချင်း သတင်းပို့ရမယ်”

ကာနယ်လ်ကားလ်နှင့် တွေ့ဆုံရန် တောင်းဆိုသောအခါ လက်ထောက်အရာရှိက ချီပိုင်ကျားကို တားဆီးခဲ့သည်။ ရုံးခန်းထဲသို့ ဝင်ခွင့်မရမီ ငါးမိနစ်ခန့် စိတ်လှုပ်ရှားစွာ စောင့်ခဲ့ရ၏။ ယဲ့ဖန်နှင့် ဝင်းနားတို့လည်း ထိုနေရာတွင် ရှိနေသည်ကို သူသဘောပေါက်သည်။

ကာနယ်လ်ကားက ချီပိုင်ကျားကို ကြည့်ကာ မေးလိုက်သည်။ "မင်းမှာ ဘာပြောစရာရှိလို့လဲ။"

"ကျွန်တော့်ရဲ့ အဖွဲ့သားတစ်ယောက်က မင်းကို သတင်းပို့ဖို့လိုတဲ့ အရေးကြီးသတင်းတစ်ချို့ကို ရရှိခဲ့ပါတယ်။

"ဟန်ရှောင်းလား"

"ဟုတ်တယ်။"

ချီပိုင်ကျားက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ကျန်သည့်၃ယောက်က သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေကြသည်ကို သတိမထားမိပေ။

ကာနယ်လ်ကား၏ မျက်လုံးများ အရောင်လက်သွားပြီး "ပြောပါ။"

ဟန်ရှောင်းက သူအရင်ပြောခဲ့တဲ့စကားတွေကို နောက်တစ်ခေါက် ထပ်ပြောခဲ့ပြီး အဆုံးမှာတော့ သူက “ငါတို့ အလောတကြီး တိုက်ခိုက်ရင် အခွံအလွတ်တစ်ခုကိုပဲ ဖြိုခွင်းလိုက်နိုင်မယ်။ ရန်သူတွေ စွန့်ခွါမယ့်အချိန်၊ ဆုတ်ခွါမယ့်လမ်းကြောင်းနဲ့ အတွင်းပိုင်းအခြေစိုက်စခန်းရဲ့ အသေးစိတ်ဖွဲ့စည်းပုံတို့ကို ရတဲ့အထိအထိ စစ်ဆင်ရေးကို ခေတ္တရပ်ထားနိုင်မည်ဟု မျှော်လင့်ပါတယ်။ အဲဒီလိုဆိုရင်၊ ကျွန်တော်တို့ဟာ သူတို့ရဲ့ စွန့်ခွါနေတဲ့ တပ်တွေကို တိုက်ရိုက် သတ်ပစ်နိုင်ပြီး သူတို့ရဲ့ ခံတပ်ကို တိုက်ရိုက်တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အသေအပျောက်ကို သိသိသာသာ လျှော့ချပေးပါလိမ့်မယ်။”

ကာနယ်လ်ကားသည် အရာအားလုံးကို ကြားသိပြီးနောက် ဘာခံစားမှုမှ ထုတ်ပြခြင်းမရှိပေ။

"မင်းဒီသတင်းကို ဘယ်ကရတာလဲ။" သူက ရုတ်တရက် မေးလိုက်သည်။

"ကျွန်တော် ရုပ်ဖျက်ပြီး စခန်းကို ထိုးဖောက်သွားတယ်၊ ပြီးတော့ အတွင်းပိုင်းစခန်းက ဝန်ထမ်း၂ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်..."

ရုတ်တရက် ကာနယ်လ်ကားက အော်လိုက်သည်။ "မင်းလိမ်နေတာပဲ။"

ကာနယ်လ်ကားအတွက်တော့ ဟန်ရှောင်းက သူ့ရုပ်ဖျက်သွားနိုင်တယ်လို့ ပြောရင်တောင် ထိုးဖောက်စိမ့်ဝင်ဖို့ မဖြစ်နိုင်ပါဘူး။ အသုံးဝင်သည့် မျက်နှာဖုံးတစ်ခုပြုလုပ်ရန် အနည်းဆုံး မိနစ်ဆယ်နှင့်ချီကြာမည်ဖြစ်သည်။ ထိုအချိန်ကာလတွင် ဟန်ရှောင်းသည် အန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူသည် မည်သည့်ရန်သူကို ရင်ဆိုင်ရမည်ကို မခန့်မှန်းနိုင်သောကြောင့် မျက်နှာဖုံးကို ကြိုတင်ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ဒါကြောင့် ဤအခြေအနေသည် ဟန်ရှောင်းဘယ်တော့မှ မအောင်မြင်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်နေသည်။

ဟန်ရှောင်း လန့်သွားသည်။ ဤလူများသည် သူ့မျက်နှာဖုံး၏ စွမ်းရည်ဖြစ်သည့် 'မျက်နှာသွင်ပြင် ပုံဖော်ခြင်း'ကို မသိကြောင်း သူသဘောပေါက်သွားသည်။

'မျက်နှာသွင်ပြင် ပုံဖော်ခြင်း'၏ လုပ်ဆောင်ချက်သည် သူ၏ဝှက်ဖဲ ဖြစ်သည်။ သူသည် ထိုကဲ့သို့ အချက်အလက်များကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ သို့သော် ထုတ်ဖော်မပြဘဲ သူ၏ စိမ့်ဝင်မှု အသေးစိတ်ကို မရှင်းပြနိုင်ပေ။

"ငါ့မှာ ဒီလိုလုပ်နိုင်စွမ်းရှိတယ်။" ဟန်ရှောင်းက မရေရာသော အဖြေတစ်ခု ပေးခဲ့ရသည်။

“မင်း လက်‌တွေ့မပြနိုင်ရင် ငါတို့ မင်းကို ယုံနိုင်စရာ မရှိဘူး

”

ကာနယ်လ်ကားသည် ထုတ်ဖော်မ‌ပြောသေးသော်လည်း ဟန်ရှောင်း၏ စကားများကို ပို၍ စိတ်မချဖြစ်နေသည်။

ဒီလူ… တကယ်ကို သံသယဖြစ်စရာပဲ

အခန်း (၇၉) ပြီး၏။

လင်းဆက်

+++++

All Chapters