အပိုင်း(၅၂၆)
Vol. 36 Ch. 526
“ကောင်းပြီ ဒီလောက်ပဲ ဒီကိစ္စကို ကြီးသွားအောင်မလုပ်တာပိုကောင်းမယ်”
ရှောင်းယီဟုခေါ်သောကောင်မလေး၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က သူမအား
အနည်းငယ်ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက်မကြာခင် အတွေးတစ်ချက်ဖြင့် တုတ်ခိုင်သန်မာသောလူငါးယောက်နှင့်ထိုက်ခက်တို့၏ကိုယ်ပေါ်ရှိ သွေးနီရောင်မီးတောက်တို့က သွေးနီရောင်မီးတောက်တို့အဖြစ်ပြောင်း
လဲထားသော ကျားဖြူထံသို့ပြန်လည်လှိမ့်ဝင်လာသည်
သို့သော် သွေးနီရောင်မီးတောက်တို့အားကျား
ဖြူပြန်လည်စုပ်ယူသွားသောအခါတွင် ၎င်း၏ရှေ့၌ ဘာမှကျန်ရစ်နေခဲ့ခြင်းမရှိပေ။ထိုက်ခက်နှင့် တုတ်ခိုင်သန်မာသောလူငါးယောက်တို့အားလံးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဤအရာအားမြင်ရသောအခါတွင် ရှိနေသောလူအားလုံး၏မျက်လုံးများမှာ တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့် ပြူးကျယ်သွားသည်။ ယင်းမှာ ထိုက်မိသားစု၏ ဒုတိယသခင်လေးဖြစ်သော ထိုက်ခက်နှင့် သူ၏ လက်အောက်ငယ်သားငါးယောက်ဖြစ်သော ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သတူတို့အားလုံး သွေးနီရောင်မီးတောက်ကြောင့် ပြာအဖြစ်သို့ပြောင်းလဲသွားခြင်းဖြစ်သည်ဟူသောအဓိပ္ပါယ်ပင်ဖြစ်လေသည်။ ၎င်းတို့ ၏ခြေရာလက်ရတစ်စွန်းတစ်စပင်
လျှင်ကျန်ရစ်နေခဲ့ခြင်းမရှိပေ။
“ဟစ်”
“ဟစ်”
“ဟစ်”
“ဟစ်”
“ဟစ်”
ထို့နောက်တွင် အခန်းအတွင်းမှ ပင့်သက်ရှိုက်သောအသံများအစီအရီ
ထွက်ပေါ်လာသည်။
“ရှင်.. ရှင်ရဲ့ကျားဖြူက တကယ်ကြီးထိုက်ခက်ကို သတ်ပစ်လိုက်တယ်..”
ရှစ်ဖုန့်၏ဘေး၌ရှိနေသည့် ရှောင်းယီဟုခေါ်သောကောင်မလေးက အလွန်အံ့အားသင့်သောမျက်နှာထား၊တုန်လှုပ်သောလေသံတို့နှင့်ပြောလိုက်သည်။
ထိုက်ခက်တစ်ယောက်သေသွားခဲ့ပြီဖြစ်သည်။ ကြီးမားသော တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ကို ကောင်မလေးသဘောပေါက်လိုက်၏။
ကောင်မလေးသည်သာမက ကန်းချမ်းကြေးစားအဖွဲ့မှလူအားလုံးကလည်း ကြီးမားသောတစ်စုံတစ်ခုဖြစ်ပျက်ခဲ့သည်ကိုသဘောပေါက်လိုက်သည်။ ထိုက်မိသားစု၏ ဒုတိယသခင်လေး ဖြစ်သူ မှာသေဆုံးသွားခဲ့ပြီဖြစ်သည်။ သူကဤလူငယ်လေး၏လက်အတွင်း၌
သေသွားခဲ့သော်လည်း အကယ်၍ထိုက်မိသားစုကသာ ဤကိစ္စနောက်သို့လိုက်ခဲ့လျှင် ကန်းချမ်းကြေးစားအဖွဲ့အနေဖြင့် အနည်းငယ် သို့မဟုတ် ပိုမို၍ ပက်သတ်ငြိစွန်းရလိမ့်မည်ဖြစ်သည်။
ထိုက်မိသားစု၏ အမျက်ဒေါသက ကန်းချမ်းကြေးစားအဖွဲ့ တောင့်ခံနိုင်သောအရာတစ်ခုမဟုတ်ပေ။ အကယ်၍ ကိစ္စများသာ မှားယွင်းသွားခဲ့လျှင် ဤကိစ္စက ကန်းချမ်း ကြေးစားအဖွဲ့အတွင်း၌ရှိနေသည့်လူအားလုံးအား ပက်သက်ငြိစွန်းစေလိမ့်မည်ဖြစ်သည် ။များပြားလှသည့် ရာပေါင်းများစွာသော အဖွဲ့ဝင်များနှင့်ကန်းချမ်းကြေးစားအဖွဲ့မှာ ပျက်စီးခြင်းလမ်းကြောင်းပေါ်သို့
လျှောက်လှမ်းရလိမ့်မည်ဖြစ်၏။
ကန်းချမ်းကြေးစားအဖွဲ့မှ လူအားလုံးက ရှစ်ဖုန့်အား ထူးထူးခြားခြားဟန်ပန်ဖြင့်ကြည့်နေကြသည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ကျားဖြူက ၎င်း၏ စွမ်းအားအားထုတ်ဖော်ပြသပြီးနောက် သူတို့ထဲကအချို့က ရှစ်ဖုန့်အား စိတ်ထဲမှနေ၍ မကျေမနပ်ဖြစ်နေကြသည်။ ရှစ်ဖုန့်ကသူတို့အား ပက်သက်ငြိစွန်းစေသည်ဟုခံစားရသော်လည်း သူတို့၏ဒေါသအားအသံထွက်ဖွင့်ချရဲခြင်းမရှိပေ။
ယခုအချိန်ထိထိုင် သူတို့အနေဖြင့် ထိုက်ခက်၏သေခြင်းအားကြောက်လန့်မိနေဆဲဖြစ်သည်။ရှစ်ဖု်န့ထိုက်ခက်နှင့် ပဋိပက္ခဖြစ်ရသည့်အကြောင်းပြချက်က ရှစ်ဖုန့်က ထိုက်ခက်အား သိပ်မလွန်ရန်ပြောပြီး ထက်သွားရန်ပြောဆိုသောကြောင့်ဆိုသည်ကို သူတို့သဘောမပေါက်ကြချေ။
ယင်းအတွက်သူတို့အနေဖြင့် လုံးဝကိုကျေးဇူးတင်ခြင်းမခံစားရပေ။ ထိုအစား ရှစ်ဖုန့်ကြောင့် သူတို့ပါပက်သက်ငြိစွန်းရသည်ဟု ခံစားရသည်။
သူတို့၏မျက်လုံးထဲ၌ ရှစ်ဖုန့်မှာ အမှားကြီးတစ်ခုအားလုပ်မိသည်ကို သဘောပေါက်ပုံမချေ။ ထိုအစား သူ့ပုံကအေးအေးဆေးဆေးနှင့် ဂရုမထားသည့်ဟန်ဖြစ်သည်။ယင်းမှာ ထိုက်မိသားစု ၏ ဒုတိယသခင်လေးထိုက်ခက်အား
သတ်ရခြင်းက သူ့အတွက် ခွေးလေခွေးလွင့်တစ်ကောင်အား သတ်လိုက်ရသကဲ့သို့ပုံစံဖြစ်နေ၏။
ရှစ်ဖုန့်၏အပြုအမူများက ကန်းချမ်းကြေးစားအဖွဲ့မှ လူများစွာအားပို၍ဒေါသထွက်သွားစေသည်။
ဤကဲ့သို့ကလန်ကြီးတစ်ခု ဘာကောင်းကျိုးမှမပေးသော သခင်လေးက သူ့၌ရှိသည့် စွမ်းအားကြီးကျားဖြူ၏
ကာကွယ်မှုဖြင့် ဤပြဿနာများကိုဖန်တီးခဲ့သည်။
ကန်းချမ်းကြေးစားအဖွဲ့မှ ဒုခေါင်းဆောင်ဖြစ်သူ ဝမ်ရှန့်မှာ အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရှစ်ဖုန့်ထံကြည့်လိုက်သည်။
သူကရှစ်ဖုန့်အားပြောလိုက်၏။
“ညီလေး…တို့တွေဒီမှာကြာကြာနေလို့မဖြစ်တော့ဘူး. တို့တွေအရင်သွားတော့မယ်”
ဂရုတစိုက်စဉ်းစားပြီးနောက် ဤလူငယ်လေးနှင့် ချည်နှောင်မှုကြိုးများကိုအရင်ဖြတ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ဝမ်ရှန့်ခံစားရသည်။ မည်သို့ပင်ဖြစ်နေပါစေ သူ့အနေဖြင့် ၎င်းနှင့်အတူ ကြာကြာထပ်မနေနိုင်ချေ။ ယခု ကန်းချမ်းကြေးစားအဖွဲ့အား တောင့်တင်းခိုင်မာသော ကြေးစားအဖွဲ့ ဌာနချုပ်သို့ ပြန်ခေါ်သွားပြီး ဤကိစ္စအား ခေါင်းဆောင်ဖြစ်သူထံသို့သတင်းပို့၍ ဆုံးဖြတ်ချက်ချခိုင်းရမည်ဖြစ်သည်။
ဝမ်ရှန့်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က သူ့အားကြည့်လိုက်သည်။ ဤလူများဘာတွေးနေသည်ဆိုသည်
ကိုသူသိပြီးဖြစ်၏။ သူက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
“ခင်ဗျားတို့ဆန္ဒအတိုင်းပဲလုပ်.. ခင်ဗျားတို့ဒီနေရာကထွက်သွားတဲ့အချိန်ကြရင် ဒီလူကိုသတ်လိုက်တဲ့သူက ဒီသခင်လေးဖြစ်တယ်လို့ပြေလိုက်.. အဲ့မိသားစုကိုလည်း ဒီသခင်လေးကိုလက်စားလာ ချေလို့ပြောလိုက်”
“နှုတ်ဆက်ပါတယ်”
ဝမ်ရှန့်ကပြောလိုက်သ်ည။
ထို့နောက်လူငယ်များဘက်သိုလှည့်၍ပြောလိုက်၏။
“သွားကြစို့”
“ကောင်းပြီ”
လူငယ်ဆယ်ယောက်မှာ ဝမ်ရှန့်၏စကားအားကြားပြီးနောက် လျှင်မြန်စွာခေါင်းညိမ့်လိုက်သည်။ဤလူနှင့်ဖြစ်နိုင်သမျှအမြန်ဆုံးချည်နှောင်နိုင်သည့်
ကြိုးများအားဖြတ်ပစ်ရမည်ကိုသူတိုအားလုံးသိကြသည်ဖြစ်၏။ ယင်းမှာ အထူးသဖြင့် ရှစ်ဖုန့်အားအပြစ်ရှာခဲ့သော ဟူဟောက်အပါအဝင်လူငယ်သုံး
ယောက်တို့ဖြစ်သည်။ ဤနေရာမှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သားနိုင်ရန်သူတို့မ
စောင့်စားနိုင်ကြချေ။ ရှစ်ဖုန့်ကသူတို့အားဆန့်ကျင်ရန်
အာဃာတတရားအားဆက်လက်ကိုင်စွဲထားပြီး သွေးနီရောင်မီးတောက်များနှင့်ကျားဖြူအား သူတို့အပေါ်သို့ခုန်အုပ်ရန်စေလွှတ်လိုက်မည်ကိုသူတို့ ကြောက်ကြသည်။ျ
သွေးနီရောင်မီးတောက်များအားဖြတ်သန်းရသောအခါတွင် ၎င်းနှင့်ခပ်ဝေးဝေး၌နေကြ၏။ သူတို့၏ သတိဝီရိယ အားနိုးနိုးကြားကြားရှိစေပြီး သူတို့၏နှလုံးသားထဲ၌ ရင်တထိတ်ထိတ်ဖြစ်နေသည်။
“ရှင်…ဟူး”
ရှစ်ဖုန့်၏ဘေး၌ရှိနေသောကောင်မလေး ရှောင်းယီကလည်းထရပ်လိုက်သည်။ သူကရှစ်ဖုန့်အားတစ်စုံတစ်ခုကိုပြောချင်သော်လည်း စိုးရိမ်သောမျက်နှာထားဖြင့်သာ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။သူမပြောချင်သည့်စကားအားအဆုံးအထိသူမမပြောခဲ့ပေ။ အဆုံးသတ်တွင် သူမလည်း အားလုံးနောက်သို့လိုက်၍ ထွက်ခွာသွားသည်။
ကန်းချမ်းကြေးစားအဖွဲ့မှ လူများသာ စားသောက်ဆိုင်ထဲမှထွက်သွားသည်မဟုတ်ပဲ စားသောက်ဆိုင်အတွင်းစားနေသောက်နေကြသော လူများလည်းတစ်ယောက်ပြီးတစ်ယောက်
အလျှိုအလျှိုထွက်ခွာသွားကြသည်။ သူတို့အားလုံး ပါဝင်ပက်သက်ငြိစွန်းခံရမည်ကိုကြောက်ကြ၏။ ထိုက်မိသားစု၏ဒုတိယသခင်လေးက ဤနေရာ၌ သူတို့၏မျက်လုံးများရှေ့၌ပင်သေဆုံးသွားခြင်းဖြစ်သည်။မည်သူကများထိုက်မိသားစုအမျက်ဒေါသကိုခံနိုင်ပါမည်နည်း။
ခဏလေးနှင့်စားသောက်ဆိုင်အတွင်း၌ စားပွဲကြီးရှိတွင် ဆိတ်ငြိမ်စွာထိုင်နေသော ရှစ်ဖုန့်ကလွဲပြီး ဘာမှကျန်ရစ်မနေတော့ပေ။
ဤအချိန်တွင်ကျားဖြူက ရှစ်ဖုန့်နားသို့လျှောက်လှမ်းလာ၏။၎င်းနီးကပ်လာသောအခါတွင် ကျားဖြူ၏ကိုယ်ပေါ်၌ရှိသော သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်ထံသို့ကူးလူးလာ၏။ အလွန်လျှင်မြန်စွာဖြင့် မီးတောက်များက ရှစ်ဖုန့်အား လွှမ်းခြုံသွားပြီး ရှစ်ဖုန့်၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။
မူလကသက်ဝင်လှုပ်ရှားနေခဲ့သော်လည်း ယခုဘာမှမရှိတော့သော စားသောက်ဆိုင်အခန်းကျယ်အားကြည့်ရင်း ရှစ်ဖုန့်ပြုံးလိုက်ပြီးခေါင်းခါယမ်းလိုက်သည်။ ထို့နောက်သူ က မလှမ်းမကမ်းဆီသို့လှမ်းအော်လိုက်၏။
“စားပွဲထိုး ဝိုင်နဲ့စားသောက်စရာတွေယူလာခဲ့”
“ဟုတ်…ဟုတ်ကဲ့ လူကြီးမင်း. ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါ”
ပြောရလျှင် ကန်းချမ်းကြေးစားအဖွဲ့မှာထားသည့်ဝိုင်နှင့် စားသောက်ဖွယ်ရာများအားပြင်ဆင်ထားပြီးဖြစ်သည်။ ထိုက်ခက်ပေါ်လာခြင်းက စားပွဲထိုးအား ချခင်းပေးရန်ရပ်တန့်စေခဲ့ခြင်းဖြစ်သည်။
ယခု အားလုံးနီးပါးထွက်ခွာသွားကြသော်လည်း ထိုက်ခက်အားသတ်ခဲ့သည့်ကျားဖြူနှင့် ကြမ်းကြုတ်သောကျားဖြူ၏ သခင်တို့က ဤနေရာ၌ရှိနေသေးသည်။ ကျားဖြူ၏ အရှိန်အဝါအောက်တွင် စားပွဲထိုးမှာ တုန့်ဆိုင်းနေရဲခြင်းမရှိချေ။ လျှင်မြန်စွာလှည့်လိုက်ပြီး ဝိုင်နှင့် စားသောက်ဖွယ်ရာများအား လျှင်မြန်စွာတည်ခင်းပေးလိုက်သည်။
ရှင်းဟွေ့မြို့လေးမှ ရှင်းယောင်မြို့ဆီသို့သွားရာ လမ်းမထက်တွင် လူဆယ့်တစ်ယောက်ပါဝင်သောအဖွဲ့တစ်ခုက လျှောက်လှမ်းနေသည်။၎င်းတို့အားလုံး၌ လေးနက်သော မျက်နှာထားများရှိနေ၏။သူတို့ထဲက အများစု ထိုဂြိုလ်ဆိုးနှင့်အတူတူ သွားမိသည့်အတွက်သူတို့၏နှလုံးသား
ထဲမှနေ၍ နောင်တရနေကြသည်။ သူတို့က နတ်ဆိုးသားရဲတောအုပ်အတွင်းမှ အန္တရာများအတွက်၎င်းကိုသတိပေးခဲ့သော်လည်း သူကတော့သူတို့အား ပက်သက်ငြိစွန်းစေသည့် အရာကိုလုပ်ခဲ့သည်။
သူတို့ထဲကအချို့ကတော့သူများကိစ္စထဲစပ်စပ်စုစုပါတတ်သည့် အတွက် ရှောင်းယီဟုခေါ်သောကောင်မလေးအား တိတ်တဆိတ်အပြစ်တင်ကြ၏။ထိုလူသာအန္တရာယ်များသောနတ်ဆိုးသားရဲတောအုပ်ထဲ၌
နေချင်ခဲ့သည်ဆိုလျှင် ထိုနေရာ၌သာသူနေခဲ့သင့်သည်ဖြစ်သည်။ ၎င်း၏သေခြင်းရှင်ခြင်းက သူမနှင့်မဆိုင်ချေ။ အကယ်၍ သူမသာ ထိုလူနှင့်ထိတွေ့ဆက်ဆံခြင်းမရှိခဲ့လျှင် သူမသည်လည်းဤကဲ့သို့အခြေအနေ
စိုက်ရောက်မည်မဟုတ်ပေ။
ကြောက်လန့်နေသောလူသုံး
ယောက်လည်းရှိနေသေးသည်ဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုလူကအဆုံးထိကျားဖြူအားတိုက်ခိုက်ရန်သူတို့ထံသို့မစေလွှတ်ခဲ့ပေ။ ထိုအချိန်က သူတို့မှာ သူတို့၏အသက်များက မိသားစု တစ်ခု၏အသုံးမကျသောသား
တစ်ယောက်လက်ထဲ၌ရှိနေသည်ဟုခံစားရသည်။
၎င်းသာစကားတစ်ခွန်းပြေလိုက်သည်နှင့်
ကျးဖြူက သူတို့၏အသက်များကိုနှုတ်ယူသွားလိမ့်မည်ဖြစ်၏။
“ဦးလေးဝမ်ရှန့် ကျွန်မတို့အခုဘယ်လိုလုပ်ကြမလဲ. ထိုက်ခက်ဖြစ်ခဲ့တာနဲ့ပက်သက်ပြီး ကျွန်မတို့ဖြစ်ချင်ရင်တောင် ရှောင်လွှဲဖို့ခက်လိမ့်မယ်… ပြီးတော့ အဲ့လူကကျွန်မတို့နဲ့အတူဝင်လာတာကိုစားသောက်ဆိုင်ထဲကလူအများကြီးမြင်တွေ့ခဲ့တာ..”
အဖွဲ့ထဲရှိ ရင့်ကျက်ဝေဆာပြီး တည်ကြည်သောပုံစံရှိသည့် အမျိုးသမီးငယ်က ဝမ်ရှန့်ကိုမေးလိုက်သည်။
“ဟူး…”
…………………………….
ဆက်ရန်…………
ဘာသာပြန်သူ-ARISE