← Chapters

အပိုင်း(၅၂၇)

Vol. 36 Ch. 527

အပိုင်း(၅၂၇)

Vol. 36 Ch. 527

ဝမ်ရှန့်မှာ လမ်းမထက်၌လျှောက်

နေရင်းသူ၏ စိတ်နှလုံးအားတည်ငြိမ်အောင်ထိန်း

၍မရချေ။ ဤတစ်ကြိမ်တွင်  ဒုခေါင်းဆောင်တစ်ဦးအနေနှင့်   ဤလူငယ်များအားဦးဆောင်၍ တောင်တန်းအတွင်းအမဲလိုက်ရန်ထွက်

လာခဲ့သည်။ အဆုံးသတ်၌ ဤကဲ့သို့ သောကိစ္စမျိုးအတွင်းပါဝင်ပက်သက်ရလိမ့်မည်ဟု မည်သူကများ  ထင်မှတ်ထားပါမည်နည်း။ အမျိုးသမီးငယ်၏ စကားအားကြားပြီးနောက် ဝမ်ရှန့်သက်ပြင်းရှည်ကြီးအားချလိုက်ပြီး ခေါင်းကိုခါယမ်း၍ပြောလိုက်သည်။

“ဒါကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ

ကိုငါမတွေးတတ်ဘူး.ဒီတစ်ကြိမ် ငါ့တို့ကန်းချမ်း ကြေးစားအဖွဲ့ရှင်းယောင်မြို့ကနေ ပျောက်ကွယ်သွားလောက်တယ်”

ဝမ်ရှန့်၏  စကားအားကြားပြီးနောက် အမျိုးသမီးငယ်က ခဏစဉ်းစားလိုက်ပြီးပြောလိုက်သည်။

“စက္ကူက မီးကို မထုတ်ပိုးနိုင်ဘူး.  စားသောက်ဆိုင်ထဲက လူအများကြီးက ဒါကိုမြင်သွားတယ်. ထိုက်မိသားစုက ဒီကိစ္စကို မကြာခင်ဒါမှမဟုတ် နောက်ပိုင်းသိသွားမှာပဲ”

“ဦးလေးဝမ်ရှန့်ကျွန်မရဲ့အမြင်အရကတော့  ကျွန်မတို့တွေထိုက်မိသားစုဆီကိုအရင်သွားပြီး  ထိုက်ခက်ကိုသတ်ခဲ့တဲ့အတွက်ဒီလူကိုဖော်ထုတ်ပြီး အပြစ်အားလုံးကိုသူ့ကိုဖို့လိုက်သင့်တယ်.. အဲ့တာထက်ပိုတာက  ကျွန်မတို့တွေ ကျွန်မတို့ရဲ့ တပ်ရင်းမှူကိုအဲ့လူမှာ ထိုက်ခက်ကိုတောင်သတ်နိုင်တဲ့  ကျားဖြူတစ်ကောင်ရဲ့အကာအကွယ်ရှိတယ်ဆိုတာကိုသတင်းပို့ရမယ် …အဲ့လူနဲ့ကျားဖြူကို ထိုက်မိသားစုအတွက် တပ်ရင်းမှူးကိုယ်တိုင်ဝင်ကူညီနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်. အဲ့နောက်

ကျွန်မတို့ နှစ်ဦးစလံးကို ထိုက်မိသားစုဆီအပြစ်ပေးဖို့အတွက်

ခေါ်သွားရမယ်”

“ဒါက..”

အမျိုးသမီးငယ်၏ စကားအားကြားပြီးနောက် ဝမ်ရှန့် အနည်းငယ်ချီတုံချီချဖြစ်မှုတို့မျက်နှာ

ထက်တွင်ပေါ်လာသည်။

ဝမ်ရှန့်ချီတုံချီချဖြစ်နေသည်အားတွေ့ရသောအခါတွင်  အမျိုးသမီးငယ်က ဖြောင်းဖျလိုက်သည်။

“ဦးလေးဝမ်ရှန့်.. ဒီကိစ္စက ကျွန်တို့ ကန်းချမ်းကြေးစားအဖွဲ့တစ်ခုလုံးရှင်သန်ရေးနဲ့သက်ဆိုင်နေတယ်.. ကျွန်မတို့ထပ်ပြီးတုန့်ဆိုင်းနေလို့မရဘူး. မြန်မြန်လေးဆုံးဖြတ်ချက်ချပြီးတော့ ခေါင်းဆောင်ကို သတင်းပို့ရအောင်”

အဆုံးသတ်၌  အမျိုးသမီးငယ်၏ ဖြောင်းဖျမှုအောက်တွင် ဝမ်ရှန့်ခေါင်းညိမ့်လိုက်ပြီးပြောလိုက်သည်။

“ဒီတစ်နည်းပဲရှိတဲ့ပုံပဲ”

“အာ”

ဤအချိန်တွင်ဝမ်ရှန့်နှင့်အမျိုးသမီးငယ်တို့၏နောက်မှလိုက်ပါလာသော ရှောင်းယီမှာ သူတို့ကြားရှိဆွေးနွေးမှုအားကြားပြီးနောက် တိတ်တဆိတ်အလန့်တကြားဖြစ်သွားသည်။

……………………………………….

ရှင်းဟွေ့စားသောက်ဆိုင်ထဲ၌ ရှစ်ဖုန့်၏နှင့်အဖြူလေးတို့က သူတို့စိတ်ကြိုက်စားသောက်ပြီးနောက်  စားသောက်ဆိုင်ထဲမှလျှောက်လှမ်းထွက်လာသည်။  ဤအချိန်တွင် နေဝင်ဆည်းဆာအချိန်ရောက်လုနီး

ပါးဖြစ်နေပြီဖြစ်၏။

အဖြူလေး၏ ကျောထက်၌ထိုင်ရင်း အဖြူလေးကကောင်းကင်ထဲသို့ဒုန်းဆိုင်း

ပြေးလိုက်သည်။  ကောင်းကင်ထဲသို့ရောက်ရှိပြီးနောက်  မလှမ်းမကမ်းမှကွက်ကျားကွက်ကျား

ဖြစ်နေသော အဆောက်အဦးများအား ရှစ်ဖုန့်မြင်တွေ့ရသည် ။  ၎င်းတို့က မြို့ငယ်လေးများနှင့် ကျေးရွာငယ်လေးများဖြစ်လိမ့်မည်ဖြစ်သည်။

သို့သော် အကွာအဝေးတစ်ခုအတွင်း၌  ပျားပန်းခပ်လှုပ်ရှားနေသောမြို့တစ်ခု

အားရှစ်ဖုန့်မြင်တွေ့ရ၏။ ၎င်းမှာ ရှင်းယောင်မြို့ဖြစ်လိမ့်မည်ဖြစ်သည်။

“သွားစို့ အဖြူလေး”

ရှစ်ဖုန့်က အဖြူလေးအားပြောလိုက်သည်။

“ဝေါင်း”

အဖြူလေးက ခပ်တိုးတိုးဟိန်း၍ပြန်တုန့်ပြန်လိုက်ပြီး  ပျားပန်းခပ်လှုပ်ရှားနေသော ရှင်းယောင်မြို့သို့ဒုန်းဆိုင်းဦးတည်လိုက်သည်။

“အမ်”

ရုတ်တရက် အံ့အားသင့်သောအသံခပ်သဲ့သဲ့ရှစ်ဖုန့်

ထွက်သွားသည်။ တောအုပ်ငယ်လေးအား သူတို့ဖြတ်ကျော်ချိန်တွင်သစ်ပင်တစ်ခုထိပ်ဖျားမှရင်းနှီးသော ပုံရိပ်တစ်ခုအားရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။

သူမက အညိုရောင်အသားအရေနှင့် အမျိုးသမီးတိုက်ခိုက်ရေးဝတ်စုံကိုဝတ်ဆင်ထား၏။သူမက အသက်မကြီးသော်လညး် အမျိုးသမီးတိုက်ခိုက်ရေးဝတ်စုံက  သူမ၏ကောက်ကြောင်းများအားကွက်တိ ပုံဖော်ပေးနေသည်။ သူမက ကန်းချမ်းကြေးစားအဖွဲ့မှ  အပျိုဖြန်းမ‌‌လေး ရှောင်းယီပင်ဖြစ်၏။

ဤအချိန်တွင် ရှောင်းယီက သစ်ပင်ထိပ်ဖျား၌ရပ်ကာ ရှစ်ဖုန့်အားလက်ဝေ့ယမ်းပြနေသည်။

“ဒီတောအုပ်လေးထဲမှာ ဒီသခင်လေးကိုစောင့်နေတာလား .. အရမ်း  မလျှို့ဝှက်လွန်းဘူးလား  သူဒီသခင်လေးဆီကနေဘာလို့ချင်လို့လဲ.. အဖြူ‌လေးတစ်ချက်ဆင်းပြီးသွားကြည့်ရအောင်”

ရှစ်ဖုန့်ကအဖြူလေးအား ညွှန်ကြားလိုက်သည်။ ထို့နောက် အဖြူလေးက ၎င်း၏ဦးတည်ချက်ကိုပြောင်းလိုက်ပြီး တောအုပ်အတွင်းထိုးဆင်းလိုက်၏။

သစ်ပင်ထိပ်ဖျား ထက်ရှိ ရှောင်းယီက ရှစ်ဖုန့်တစ်ယောက်သူမအားတွေ့ပြီး သူ့ထံသို့ထိုးဆင်းလာသည်ကိုတွေ့

ရသောအခါတွင်  သူမလည်းသစ်ပင်ပေါ်မှခုန်ဆင်းလိုက်သည်။

အဖြူလေးက တောအုပ်အတွင်း

လျှင်မြန်စွာ ဝင်ရောက်လိုက်ပြီး ရှောင်းယီဟုခေါ်သောကောင်မလေး ရှေ့၌ဆင်းသက်လိုက်၏။  သူကသူ့အားဤနေရာသို့ဖိတ်ခေါ်

သောကောင်မလေးအားကြည့်၍   မေးလိုက်သည်။

“မင်းဘာလို့ဒီသခင်လေးကို ဒီနေရာကိုလာဖို့ခေါ်တာလဲ”

“မြန်မြန်လေး ဒီနေရာကနေထွက်သွားတော့ ရှင်းယောင်မြို့ကိုမသွားနဲ့  ရှင့်အတွက် အန္တရာယ်ကြီးကြီးမားမားရှိနေတာ

ကိုရှင်သိရဲ့လား”

ရှောင်းယီက  ရှစ်ဖုန့်အားပြောလိုက်သည်။

“ကြီးမားတဲ့အန္တရာယ်လား..မင်းထိုက်ကလန်အကြောင်းကိုပြောနေတာလား”

ရှစ်ဖုန့်ကမေးလိုက်သည်။ သို့သော်  ရှစ်ဖုန့်မျက်နှာကအေးအေးဆေးဆေး

ပင်ဖြစ်သည်။  သူကထိုက်ကလန်အားလုံး

ဝဂရုစိုက်ခြင်းမရှိချေ။

“ရှင်သိတယ်ဆို ..ဘာလို့အဲ့ကိုသွားရဲသေးတာလဲ. ရှင်က ထိုက်မိသားစုက ဒုတိယသခင်လေးကိုသတ်ခဲ့တယ်.  ထိုက်မိသားစုက ရှင့်ကိုလုံးဝလွှတ်ပေးမှာမဟုတ်ဘူး”

ရှောင်းယီကပြောလိုက်သည်။

“ဒီသခင်လေးအဲ့လူတွေကိုဂရုမိစိုက်ဘူး. “

ရှစ်ဖုန့်ကသာမန်ကာလျှံကာပြောလိုက်ကသည်။ ယင်းမှာတကယ်ထိုသို့ပင်ဖြစ်သည်။

“ရှင်ကကလန်ကြီးတစ်ခုကလာတယ်ဆိုတာကိုကျွန်မသိတယ်. ရှင့်ကလန်ကလည်းထိုက်ကလန်

ထက်ပိုကြီးလောက်တယ်. ဒါပေမဲ့ မိုးကောင်ကင်က မြင့်မားပြီးတော့ ဧကရာဇ်ကလည်းအဝေးကြီးမှာရှိနေတာ. အဝေးကရေ က အနီးနားက မီးကိုမငြိမ်းသက်နိုင်ဘူး.  အကယ်၍ ထိုက်ကလန်ကသာရှင့်ကိုဖမ်းမိသွားရင်   ထိုက်ခက်အတွက်လက်စားချေတဲ့အနေနဲ့သူတို့ရှင့်ကိုသေချာပေါက်သတ်မှာ..

အဲ့အချိန်ဆို ရှင့်ကလန်ကရှင့်ကိုရှာတွေ့ဖို့အရမ်း

နောက်ကျသွားပြီ..ရှင်က သေပြီးနေလောက်ပြီ”

ရှောင်းယီက ရှစ်ဖုန့်အားဆက်လက်ဖျောင်းဖျသည်။

ကောင်မလေး၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က သာမန်ကာလျှံကာပြောလိုက်သည်။

“စိတ်မပူပါနဲ့ . သူတို့တွေဒီသခင်လေးကိုမသတ်နိုင်ပါဘူး”

“ရှင်. ရှင်ဘာလို့ဒီလိုမျိုးပြုမူနေရသေးတာလဲ.  ဒါကအရမ်း စိတ်တိုဖို့ကောင်းတယ်..”

သူမအများကြီးပြောဆိုပြီးတာတောင် ဤလူက  ယခင်အတိုင်းပြုမူနေ၍  အရမ်းစိတ်သောကရောက်စွာဖြင့် သူမ၏ခြေထောက်အားဆောင့်လိုက်သည်။ သူမအနေဖြင့် ဤလူအား ကောင်းကောင်းရိုက်နှက်ကနှိုးထစေလိုပြီး ကိစ္စ၏တကယ့်လေးနက်မှုအား

နားလည်သွားစေလိုသည်။

ကောင်မလေးက ထပ်မံပြောလိုက်သည်။

“ထိုက်မိသားစုခေါင်းဆောင်ဖြစ်တဲ့ ထိုက်ခက်ရဲ့အဖေ ထိုက်စမ်က  ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်ပဲ  .ထိုက်ကလန်ထဲမှာ သူတော်စင်နယ်ပယ်ကျွမ်းကျင်သူအချို့

လည်းရှိနေသေးတယ်.. ရှင့်ရဲကျားဖြူ က ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်တဲ့ ထိုက်ခက်ကိုသတ်နိုင်တယ်ဆိုရင်တောင်  ထိုက်စမ်နဲ့ထိုက်ကလန်တစ်ခုလုံးကို ယှဉ်နိုင်မှာမဟုတ်ဘူး.အဲ့တာထက်ပိုတာက..အဲ့တာထက်ပိုတာက..”

ကောင်မလေး၏ စကားအားကြားပြီးနောက် ၌ ရှစ်ဖုန့်မှာ မပူမပင်ဖြစ်နေဆဲဖြစ်သည်။ သို့သော်  ကောင်မလေးကထပ်ပြီးပြောချင်နေသည်ကိုတွေ့လိုက်ရသောအခါတွင် စိတ်ဝင်စားသော ပုံစံကိုပြသပြီး ပြောလိုက်သည်။

“အိုး.ထပ်ပြီးဘာရှိသေးလို့လဲ”

“ဟူး”

ရှစ်ဖုန့်၏မေးခွန်းအားကြားပြီးနောက်  ကောင်မလေးကသက်ပြင်းချက်ပြီး

ပြောလိုက်သည်။

“အဲ့ထက်ပိုတာက. ကျွန်မတို့ ကန်းချန်းကြေးစားအဖွဲ့ က  ရှင့်ကြောင့်ငြိစွန်းခံရမှာကိုကြောက်ကြတယ်. ကျွန်မတို့ခေါင်းဆောင်ကိုသတင်းပိုပြီးသွားပြီ.. သူကရှင့်ကိုဖမ်းဖို့အတွက်မြို့ကနေ

ထွက်လာနေပြီ.  သူကရှင့်ကိုပြန်ပေးဆွဲပြီးတော့  ထိုက်ကလန်နဲ့ရင်ဆိုင်ဖို့အဲ့ကိုခေါ်သွားမှာ”

“အိုး.”

ကောင်မလေး၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး  အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။

“ရှင်..ရှင်ဦးလေးဝမ်ရှန့်နဲ့အခြားသူတွေကို အပြစ်တင်လို့မရဘူး.သူတို့..သူတို့က…”

ကောင်မလေးက ပြောနေရင်းနောက်ထပ်ဘာကိုစ

ကားဆက်ရမည်မသိဖြစ်နေသည်။ သူမကရှစ်ဖုန့်အားလိပ်ပြာမလုံသော မျက်နှာဖြင့်ကြည့်လိုက်သည်။

“ဟားဟား..အဲ့လိုလား.”

ရှစ်ဖုန့်ကရယ်မော၍ ထပ်မံပြောလိုက်သည်။

“မင်းတို့ထွက်သွားတုံးက ထိုက်ခက်ကိုသတ်တာဒီသခင်လေး

လို့မပြောခဲ့ဘူးလား.  အဲ့ထိုက်ကောင်ကိုသတ်တာဒီသခင်

လေးလို့ပြောဖို့ကိုလည်းမင်းတို့ကို

ပြောလိုက်တယ်. တစ်ခုခုဖြစ်လာရင်ဒီသခင်လေး

ကိုသာလာရှာခိုင်းဖို့လည်းပြောလိုက်တယ်.  အဲ့တာကိုအခုမင်းတို့က  ဒီသခင်လေးကို ဖမ်းပြီးတော့  ထိုက်ကလန်ကို စာရင်းရှင်းဖို့ခေါ်သွားချင်တယ်တဲ့လား”

“ဒါ..ဒါပေမဲ့. ကျွန်မတို့ကဒါကိုအတင်းအကျပ်လုပ်ရတာ. ကျွန်မတို့သာဒီလိုမလုပ်ရင်.ထိုက်ကလန်က ကျွန်မတို့ကိုလွှတ်ပေးမှာမဟုတ်ဘူး.  ကျွန်မတို့ကန်းချမ်းကြေးစားအဖွဲ့က အဖွဲ့ဝင်သုံးရာနှစ်ဆယ့်သုံးယောက်လုံး

ဒီကိစ္စမှာငြိစွန်းရလိမ့်မယ်”

ရှောင်းယီကပြောလိုက်သည်။

“မင်းမေ့သွားပြီလား. ဒီသခင်လေးအဲ့ထိုက်ကောင်နဲ့ ပဋိပက္ခဖြစ်ရတာက သူကမင်း

တို့ကိုသူ့ရှေ့မှာ ဒူးထောက်စေချင်တာ

ကြောင့်ပဲ   ဒီသခင်လေးကြောင့်သာမဟုတ်ရင်  ဖြစ်လာမဲ့အကျိုးဆက်ကိုမင်းတွေးမိရဲ့လား.  ဒါကမင်းတို့ရဲ့ကျေးဇူးကြွေးကိုပြန်

ဆပ်တာလား.”

ရှစ်ဖန့်ကအေးစက်စွာပြောလိုက်သည်။

အကယ်၍ရှစ်ဖုန့်သာထိုနေရာ၌ရှိမနေခဲ့လျှင် ကန်းချမ်းကြေးစားအဖွဲ့နေဖြင့်   ရွေးချယ်စရာနှစ်ခုသာရှိလိမ့်မည်ဖြစ်သည်။ တစ်ခုက ထိုက်ခက်နှင့်တိုက်ရန်ဖြစ်ပြီး အခြားတစ်ခုက ၎င်း၏ရှေ့၌ဒူးထောက်ရန်ဖြစ်သည်။ ပို ၍ဖြစ်နိုင်ချေများသည်က  ၎င်းတို့အနေဖြင့် ထိုက်ခက်၏ တစ်ပိုင်းသေသည်အထိရိုက်နှက်ချင်းကိုခံရပြီး  အဆုံးသတ်၌ အရှက်ခွဲခြင်းကိုသာခံရလိမ့်မည်ဖြစ်သည်။

“ဒါပေမဲ့ ထိုက်ခတ်ကိုအဲ့လိုမျိုးသတ်လိုက်လို့မရဘူးလား. ထိုက်ကလန်နဲ့ကိစ္စတွေကိုအဆိုးဆုံး

ဖြစ်သွားအောင် လုပ်လို့မရဘူး. “

ရှစ်ဖုန့်၏မေးခွန်းအောက်တွင် ရှောင်းယီက အားနည်းစွာပြန်ဖြေလိုက်သည်။

“ရှောင်းယီပြောတာမှန်တယ်. “

ဤအချိန်တွင် ကျယ်လောင်သောအော်သံတစ်ခုက  တောအုပ်ထဲမှထွက်ပေါ်လာသည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters