မမျှော်လင့်သော သစ္စာဖောက်မှု
Vol. 6 Ch. 82
အခန်း (၈၂) မမျှော်လင့်သော သစ္စာဖောက်မှု
သံချပ်ကာ ဂျစ်ကားများသည် ဆန့်ကျင်ဘက်သို့ လှည့်ကာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးရန် စတင်လာကြသည်။
ကားလ်၏ မျက်လုံးများ တောက်ပလာပြီး အမိန့်ပေးလိုက်သည်။ "ကူညီပစ်ခတ်ပေးပြီး အနီးနားရှိ အရာအားလုံးကို ဖေါက်ခွဲလိုက်ပါ"
ကားလ်၏လက်ထောက်သည် အမိန့်နောက်ကွယ်ရှိ လျှို့ဝှက်အစီအစဉ်ကို နားလည်ခဲ့သည်။ သူ အံ့အားသင့်သွားသော်လည်း အမိန့်ကို ထမ်းဆောင်နေဆဲဖြစ်သည်။ တိုက်ခိုက်မှုဧရိယာကို သတ်မှတ်လိုက်သည်။
ဒုံးပစ်လောင်ချာများ တပ်ဆင်ထားသော ယာဉ်အဖွဲ့သည် ရှေ့သို့ ရွေ့လျားသွားကာ ချက်ခြင်းပင် ဒုံးပျံများကို ပစ်လွှတ်ခဲ့သည်။
ထရပ်ကားသည် ဒုံးကျည်ပစ်ခတ်မှု၏ ဧရိယာအတွင်း ကျရောက်နေသည်။
ဌာန၁၃မှ အေးဂျင့်များသည် မျက်လုံးများ စူးရှလှသောကြောင့် ကားလ်ဘာလုပ်ရန် ကြိုးစားနေသည်ကို ရှာဖွေတွေ့ရှိသွားကြသည်။ ဒေါသတကြီးနှင့် အံ့ဩသွားကြသည်။
လက်ထောက်အရာရှိက ရှင်းပြသည်။ “သေပြီကွာ၊ ငါတို့ တိုက်ခိုက်မှုရဲ့ ဧရိယာကို လွဲမှားပြီး တွက်ချက်မိတယ်”
ထိုစကားများသည် ကလေးများကိုသာ လှည့်စားရန် လုံလောက်သည်။ ဌာန၁၃မှ အေးဂျင့်များက မယုံဘဲ ဒေါသတကြီး ချီပိုင်ကျားက အော်ဟစ်လိုက်သည်။ "ကားလ်၊ မင်းဘာလုပ်နေတယ်ထင်လဲ"
ကားလ်က ဘာမှ ပြန်မပြောပေ။ သူ့မျက်နှာက ခံစားချက်မဲ့နေပြီး မျက်လုံးတွေက ရေခဲကဲ့သို့ အေးစက်နေသည်။
သိပ်ဆိုးတာပဲ! မင်းတို့က ဟက်စ်လာမှ မဟုတ်တာ။
လီယာလင်းသည် ဒုံးပျံများ၏ မီးခိုးငွေ့များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ၎င်းတို့အဖွဲ့ ရင်ဆိုင်ရမည့် ပျက်စီးကိန်းဆိုက်နေသည့် လက္ခဏာများကိုလည်း ထင်ရှားစွာ မြင်တွေ့နိုင်သည်။ “သူတို့က ငါတို့ကိုလည်း ကောင်းကင်ဘုံကို ပို့ချင်နေတာ” သူမက အော်လိုက်သည်။
"ဟက်စ်လာ ရဲ့ တပ်မှူးတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ!" ကျန်းဝေ ဒေါသထွက်သွားသည်။
မတူညီသောနိုင်ငံများပါ၀င်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း တင်းမာမှုများဖြစ်ပေါ်နေသော်လည်း ဟက်စ်လာ မှ ကွပ်ကဲရေးမှူးသည် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ဒါ့ပြင် မတော်တဆမှုတစ်ခုလို့ အဆင်ပြေပြေပြောခြင်းဖြင့် တာဝန်ကို ရှောင်လွှဲနိုင်သေးသည်။
အစွန်းရောက်များသာ ထိုကဲ့သို့သော စက်ဆုပ်ဖွယ်ကောင်းသော အစီအမံများ - ၎င်းတို့၏မဟာမိတ်များကို သတ်ဖြတ်ခြင်းနှင့် အကျိုးဆက်များကို လျစ်လျူရှုခြင်း - တို့ကို ဖြစ်ပေါ်စေသည်!
ဂျာမီနယ်အဖွဲ့အစည်းသည် နိုင်ငံခြောက်ခု၏ ဘုံရန်သူဖြစ်သည်။ အကြမ်းဖက် နှိမ်နင်းရေး ကြိုးပမ်းမှုအပေါ် နိုငငံအားလုံးက သဘောတူညီခဲ့ကြသည်။ သို့သော်လည်း ပါဝင်သည့် မတူညီသော အဖွဲ့ဝင်များသည် မဟာမိတ်များ မဟုတ်ကြဘဲ အချို့မှာ အချင်းချင်း ပဋိပက္ခများပင် ရှိခဲ့သည်။ နိုင်ငံများ၏ ထိပ်ပိုင်းအရာရှိများသည် ဟန်ဆောင်ကောင်းပြီး ကြောင်သူတော်များဖြစ်သည်။ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့ သူတို့ အောက်ခြေက သူတွေ စတေးဖို့ကိုလည်း ဝန်မလေးကြပေ။
ဟန်ရှောင်းက အာရုံစိုက်ပြီး အော်လိုက်သည်။ "Nitro boost!"
လီယာလင်း ခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်။ ထရပ်ကား၏ အိတ်ဇောမှ အပြာရောင်မီးတောက်များ ထွက်ပေါ်လာသည်။ ထရပ်ကား၏ အရှိန်သည် အဆမတန် တိုးလာပြီး ကြံ့ရိုင်းကဲ့သို့ ရှေ့သို့ တိုးလာသည်။ တဟုန်ထိုးတက်လာသည့် အရှိန်ကြောင့် လီယာလင်းသည် သူမ၏ ထိုင်ခုံတွင် ကပ်သွားတော့သည်။
ဒုံးပျံများ လျင်မြန်စွာ ကျဆင်းလာသည်။
မီတာသုံးရာ၊ နှစ်ရာ၊ တစ်ရာ၊ ငါးဆယ်။
ဘုန်း
နောက်ဆုံးတွင် ပေါက်ကွဲမှုသည် ရောက်ရှိလာပြီး မှိုပုံစံ တိမ်တိုက်များ ဖြစ်ပေါ်စေသည့် အပူလှိုင်းတစ်ခု ဖန်တီးခဲ့သည်။ လွင်ပြင်ပေါ်တွင် မီးခိုးငွေ့များ လျှံတက်လာသည်။ ထိုအချိန်တွင် လူတိုင်းသည် အာရုံများ ဆုံးရှုံးသွားကြသည်။ ပေါက်ကွဲသံသည် လူ့နားမှ ကြားနိုင်သော အပိုင်းအခြားကို ကျော်လွန်သွားသည်။ တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသလိုပင်။ ကျန်တာအားလုံးက ညကောင်းကင်ကို လင်းထိန်စေသည့် တောက်ပမှုတစ်ခုလို။
တိုက်ခိုက်မှု ဧရိယာအတွင်းရှိ ယာဉ်များ သို့မဟုတ် လူများ၊ အရာအားလုံးကို ဖျက်စီးခံလိုက်ရသည်။
၃စက္ကန့်ကြာပြီးနောက်၊ နားထဲအဆက်မပြတ် အူနေသည်မှ အသံကို ပြန်၍ ကြားရလာသည်။
ဌာန၁၃မှ အေးဂျင့်များ၏ မျက်နှာပေါ်တွင် ဒေါသအမျက်ခြောင်းခြောင်းထမှုများဖြင့် ပြည့်နှက်နေသည်။
တိစုစု၏ လူသတ်မျက်လုံးများမှ ဝမ်းနည်းမှုကို သတိပြုနိုင်သည်။ စိမ်းလန်းသော မီးလျှံသည် သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် တောက်လောင်နေသည်။
ဝူးရှ်
လေပြင်းများက စတင်တိုက်ခတ်လာသည်။
ထူထဲမှောင်မိုက်သော မီးခိုးငွေ့များထဲမှ အကြီးစား ထရပ်ကားကြီး ထွက်လာသည်။ ကွန်တိန်နာ၏ အပိုင်းအနည်းငယ်သာ ကွဲထွက်သွားခဲ့သည်။ အချို့သော စက်ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများသည် သတ္တုအပိုင်းအစများ ဖြစ်ကုန်ကြ၏။
"သူတို့ အသက်ရှင်နေတုန်းပဲ!"
ဌာန၁၃မှ အေးဂျင့်များ အံ့သြသွားကြသည်။ လီယာလင်းသည် သူမ၏ တုန်လှုပ်ချောက်ချားဆဲပင် ရှိသေးသည်။ အမှန်တကယ်တော့ မီတာအနည်းငယ်မျှသာ ကွာဝေးသည်။ သူတို့သည် အချိန်မီ တိုက်ခိုက်မှုဧရိယာအတွင်းမှ လွတ်မြောက်နိုင်ခဲ့သည်မှာ တကယ်ပင် ကံကောင်းလှ၏။ nitro boost ကြောင့်မဟုတ်ပါက၊ သူတို့အားလုံး လေထုထဲတွင် ပျောက်ကွယ်သွားပေလိမ့်မည်။
ဟန်ရှောင်းသည် သူ့လည်ချောင်းမှ သွေးများကို ထွေးထုတ်လိုက်သည်။ ပေါက်ကွဲမှု လှိုင်းလုံးတွေကြောင့် သူဒဏ်ရာများ ရရှိခဲ့သည်။ ပေါက်ကွဲမှုကြောင့် သွေးအမှတ် ၂၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်။ ဒုတိယပေါက်ကွဲမှုက သူ့ကို ကွန်တိန်နာ၏ မာကျောသော နံရံနှင့် ရိုက်မိစေခဲ့ပြီး သူ့ကို သွေးအမှတ် ၅၀ ထပ်၍ ကုန်ကျခဲ့သည်။ ဟန်ရှောင်းသည် ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လှုပ်ခတ်မှုကြောင့် မူးနောက်နေတုန်းပင် ရှိသေးသည်။
nitro boost ပြီးနောက်၊ အင်ဂျင်အပူလွန်ကဲနေသော်လည်း ဟက်စ်လာ စစ်သားများထံ မရောက်မချင်း ရှေ့သို့ ဆက်လက်ရွေ့လျားနေသေးသည်။
ကွန်တိန်နာပေါ်ရှိ မရေမတွက်နိုင်သော ကျည်ဆန်အပေါက်များကို တွေ့ပြီးနောက်၊ ဟက်စ်လာစစ်သားများ ၎င်းတို့၏ ကျောရိုးများအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
ဘယ်လောက်တောင် ခက်ခဲတဲ့ တိုက်ပွဲဖြစ်မလဲ။
"နှမြောစရာပဲ။ သူတို့ ရှင်သန်နိုင်သွားတယ်။” ကားလ်က စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ်လိုက်သည်။
ဟန်ရှောင်းသည် ထရပ်ကားပေါ်မှ ဆင်းပြီးနောက်၊ ဌာန၁၃မှ အေးဂျင့်များသည် သူ့ရှေ့တွင် စတင်စုဝေးလာကြသည်။ ချမ်းအေးသော ချွေးသီးများ ထွက်ကျလာသော ချီပိုင်ကျားသည် ဟန်ရှောင်း အသက်ရှင်နေပြီး အခြေအနေကောင်းကြောင်း တွေ့လိုက်ရသောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။
ကားလ်သည် အေးဂျင့်များဆီသို့ လျှောက်သွားသည်။
ချက်ချင်းပင်၊ ဌာန၁၃ မှ အေးဂျင့်များက သူ့ကို ဒေါသတကြီး ကြည့်လိုက်ကြသည်။ သံချပ်ကာဝတ်စုံကို ၀တ်ထားသည့် ကျန်းဝေသည် အံကြိတ်ကာ ကားလ်ဆီသို့ လျှောက်သွားသည်။ အနားက စစ်သားတွေက ချက်ချင်း သူတို့ရဲ့ လက်နက်ကို မြှောက်ပြီး အေးဂျင့်များကို ချိန်လိုက်ကြသည်။ လက်ထောက်အရာရှိက “မင်းဘာလိုချင်တာလဲ။ နောက်ဆုတ်!”
"ငါ ဖြေရှင်းချက်တစ်ခု လိုချင်တယ်။" ကျန်းဝေက အော်လိုက်သည်။
ဖြေရှင်းချက်ဟုတ်လား၊ ဘယ်လောက် ကလေးဆန်တာလဲ
ကားလ်က ကျန်းဝေ ကို လျစ်လျူရှုပြီး ဟန်ရှောင်းကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “ဖမ်းထားတဲ့ ရန်သူတွေ ဘယ်မှာလဲ”
“…သေပြီ။”
သတ်မှတ်အချိန်မတိုင်မီ တိုက်ခိုက်စေသော ကားလ်၏အမိန့်သည် ၎င်းတို့အတွက် ကြီးမားသောအန္တရာယ် ဖြစ်စေခဲ့သည်။ ဖမ်းမိသော ရန်သူနှစ်ဦးလည်း သေဆုံးခဲ့ရသည်။ ပိုအရေးကြီးတာက ကားလ်က သူတို့ကိုပါ သတ်ဖို့ကြိုးစားခဲ့သေးသည်။ ဤအရာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်မှာ ထင်ရှားလှသည်။
ဟန်ရှောင်းသည် သူ့မျက်လုံးထဲရှိ အေးစက်မှုများကို ဖုံးကွယ်ရန် မျက်လုံးမှိတ်ထားလိုက်သည်။
"သက်သေမရှိတော့ဘူးထင်တယ်" ကားလ်သည် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ညံ့ဖျင်းသော သဘောထားသည် ဌာန၁၃ မှ အေးဂျင့်များကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။ သို့သော်၊ သူတို့သည် နောက်ဆုံးတွင် ဟက်စ်လာ စစ်သားများဖြင့် ဝိုင်းရံထားသော တိုင်းတစ်ပါးတွင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရန် ဆင်ခြင်တုံတရားရှိကြသည်။
ချီပိုင်ကျားက သူ့ဒေါသကို မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။ “ဌာန၁၃ရဲ့ မေးခွန်းတွေကို ရင်ဆိုင်ဖို့ ပြင်ထားပါ။
ကားလ်က ဂရုမစိုက်ပေ။ ဌာန၁၃သည် သူ့အပေါ် စီရင်ပိုင်ခွင့်မရှိပါ။ ထို့အပြင်၊ ဖြစ်ပျက်ခဲ့သည်မှာ 'မတော်တဆ' ဖြစ်သည်၊ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပါလို့ သက်သေပြဖို့ အထောက်အထား မရှိချေ။ အဆိုးဆုံးအနေဖြင့် နိုင်ငံခြားသံတမန်တွေရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံရနိုင်သည်။ တကယ့် ပြစ်ဒဏ်ကို ခံရမှာ မဟုတ်ပေ။
အကယ်၍ သူသည် ကျီးနက်တောင်ကြား အခြေစိုက်စခန်းကို ဖျက်ဆီးနိုင်ခဲ့ပါက၊ ၎င်းသည် အမှန်တကယ်ပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ သူ၏ ကျောထောက်နောက်ခံများ၏ အကူအညီဖြင့်၊ သူသည် အစိုးရအတွင်း အစွန်းရောက်ဝါဒီများ၏ ဦးဆောင်ပုဂ္ဂိုလ်အဖြစ်သို့ တိုးမြှင့်ခံရဖွယ်ရှိသည်။ ဌာန၁၃က သူ့အကြောင်း ဘယ်လိုပဲ တိုင်တန်းနေပါစေ၊ ဟက်စ်လာရှိ အထက်အရာရှိတွေက ဒီတိုင်ကြားမှုတွေကို ကာကွယ်ဖို့ အဲဒီမှာ ရှိနေလိမ့်မည်။
ကားလ်က သူ့ကိုယ်သူ တွေးကြည့်သည်။ ထို့နောက် သူက ဟန်ရှောင်းကို လက်ညှိုးထိုးပြပြီး "သူ့ကို ဆေးခန်းကို ခေါ်သွားလိုက်။ သူ့ဒဏ်ရာတွေကို စစ်ဆေးကြည့်ရအောင်။”
ဟန်ရှောင်သည် သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိ။ သူသည် ထောက်ပို့ယာဉ်ဆီသို့ ဆေးမှူးနောက်မှ လိုက်သွားခဲ့သည်။ ဒဏ်ရာအားလုံးသည် သူ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲမှုကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ ခံနိုင်ရည်အမှတ်ကြောင့် လုံလောက်သော အနားယူခြင်းဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။ ထို့ကြောင့် သူသည် ဆေးမှူးကို ငြင်းပယ်လိုက်၏။
ထောက်ပံ့ပို့ဆောင်ရေးယာဉ်သည် စက်နှိုးလိုက်သည်။ ဟက်စ်လာတပ်များသည် ဆက်လက်ချီတက်နေကြသည်။
ဟန်ရှောင်းသည် ခေါင်းယမ်းကာ မျက်လုံးမှိတ်၍ အိပ်ယာပေါ်တွင် လှဲနေလိုက်သည်။
သူ မနေ့ကတည်းက မအိပ်ရသေးပေ။ ယခုအချိန်သည် သူအိပ်ရေးဝဝအိပ်ရန် အချိန်ကောင်း ဖြစ်သည်။
...
သေနတ်သံတွေ ကြားနေရ၏။ ဟန်ရှောင်းသည် အအိပ်ဆတ်သူ ဖြစ်သောကြောင့် မျက်လုံးဖွင့်လိုက်သည်။ ကားပေါ်မှဆင်းလိုက်ပြီး ညသန်းခေါင်ကျော် ၃ နာရီမှ ၄ နာရီခန့်ဖြစ်မှန်း သိလိုက်ရသည်။
ထိုအချိန်တွင်၊ ဟက်စ်လာတပ်များသည် ကျီးနက်တောင်ကြား အခြေစိုက်စခန်း၏ တပ်လှန့်ထားသောနယ်မြေ၏ နယ်နိမိတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ တပ်လှန့်ထားသော နယ်မြေခြောက်ခုတွင် ကင်းအစောင့်များနှင့် ကင်းလှည့်တပ်သားများသာမက စစ်သားများ အားဖြည့်ထားသော ကတုတ်ကျင်းများနှင့် ဗဟိုကင်းအဖွဲ့များရှိပြီး ကာကွယ်ရေးယန္တရားများလည်း တပ်ဆင်ထားသည်။ စစ်ပွဲအတွင်း ဟက်စ်လာစစ်တပ်သည် အမှန်တကယ် အခြေစိုက်စခန်းကို မသိမ်းပိုက်မီတွင် တပ်လှန့်ထားသော နယ်မြေခြောက်ခုကို ကျော်ဖြတ်ရမည်ဖြစ်သည်။
ထောက်ပံ့ရေးအပိုင်းတွင် ရှိနေသည့် ဟန်ရှောင်းက စစ်ပွဲနှင့် ဝေးရာတွင် ရှိနေသည်။
ဟန်ရှောင်းက သူ့ဘေးတွင် စောင့်ကြပ်နေကြသည့် စစ်သားနှစ်ယောက်ကို မေးလိုက်သည်။ "ရှေ့တန်းမှာ အခြေအနေ ဘယ်လိုလဲ။"
စစ်သားတစ်ယောက်က ပြန်ဖြေသည်။ "အားလုံးက ချောချောမွေ့မွေ့ပဲ။ ငါတို့ရဲ့တပ်တွေ လေးခုမြောက်နယ်မြေကို ရောက်နေပြီ။"
ဟန်ရှောင်းက ခေါင်းညိတ်လိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်ရာ၊ စစ်သားနှစ်ယောက်က လမ်းပိတ်လိုက်ကြသည်။
"ကာနယ်လ်က မင်းကို အနားယူပြီးတော့ ဒီမှာပဲ ဒဏ်ရာတွေ ကုသစေချင်တယ်။"
ဤသည်ကို ကြားလိုက်ရသောအခါ၊ ဟန်ရှောင်းသည် ကာနယ်လ်၏ သူ့ကို ရည်ရွယ်ချက်ရှိရှိ ဖမ်းချုပ်ခံထားရမှန်း သဘောပေါက်သွားသည်။ ဟန်ရှောင်းက မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။ "ငါ့ရဲ့ သူငယ်ချင်းတွေရော ဘယ်မှာလဲ။"
"မင်းရဲ့ အရာရှိကလည်း မင်းကို စောင့်ရှောက်ဖို့ မှာကြားသွားတယ်၊ မင်းကို လုံလုံလောက်လောက် အနားယူစေချင်နေတယ်။"
ဟန်ရှောင်းသည် ချီပိုင်ကျား၏ ရည်ရွယ်ချက်ကို နားလည်သည်။ သူက ဟန်ရှောင်းကို အသက်အန္တရာယ် ရှိအောင် မစွန့်စားစေချင်တော့ပေ။ အဆုံးတွင်၊ ဟန်ရှောင်းသည် ဒုံးကျည်များဖြင့် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ချီပိုင်ကျားက ဟန်ရှောင်းကို စစ်မျက်နှာနဲ့ ဝေးဝေးမှာထားချင်နေ၏။
ဒီလို လုပ်တာကလည်း ငါ့အစီအစဉ်အတွက် ပိုကောင်းတာပဲ။ ဟန်ရှောင်းက တွေးမိသည်။
ဟန်ရှောင်း လှည့်ကြည့်လိုက်သောအခါ ဆွဲခေါ်ခံထားရသည့် ထရပ်ကားကို တွေ့လိုက်သည်။ လွတ်မြောက်အောင်ကြိုးစားခဲ့ရသည့် မစ်ရှင်က ထရပ်ကားကို ဖျက်စီးလုနီးပါး ဖြစ်ခဲ့သည်။ အပြည့်အဝ ပြန်လည်ပြင်ဆင်ခြင်း မလုပ်ပါက၊ ထရပ်ကားကို ပြန်သုံးနိုင်မည် မဟုတ်ပေ။
ဟန်ရှောင်း၏ မျက်လုံးများ လင်းလက်သွားပြီး ထရပ်ကားဆီသို့ လျှောက်သွားသည်။
သူ့ကို စောင့်ကြပ်နေသည့် စစ်သားနှစ်ယောက်က ခွင့်ပြုပေးထားသည်။ ဟန်ရှောင်းသည် ရှေ့တန်းစစ်မျက်နှာနှင့် ဝေးရာ ထောက်ပို့နေရာတွင် နေနေသရွေ့ ကြိုက်သည့်နေရာကို လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။
ကွန်တိန်နာထဲသို့ ဝင်လိုက်သောအခါ အရေးကြီး ကိရိယာများ ရှိနေသေးသည်ကို တွေ့ရသည်။ ဖမ်းဆီးရမိထားသည့် စစ်သားနှစ်ယောက်၏ ခန္ဓာကိုယ်များကိုသာ ဖယ်ရှားထားသည်။ ဟန်ရှောင်းက ဆက်သွယ်ရေးစက်ကိုထုတ်ကာ လီယောင်နှင့် ချိတ်ဆက်လိုက်သည်။
"လီယောင် မင်းအသက်ရှင်နေတုန်းလား။"
"သေချာတာပေါ့၊ ဒါပေမယ့် အဲ့လို ကျိန်စာမတိုက်နဲ့လေ။ လီယောင်၏ စိတ်ဆိုးနေသော အသံပြဲကြီးက နားကြပ်အတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"အခု အခြေအနေ ဘယ်လိုလဲ။"
“ကျွန်တော်တို့ ဆုတ်ခွာဖို့ ပြင်ဆင်နေပါတယ်။ ထင်ရှားတာကတော့၊ အခြေစိုက်စခန်းမှာရှိတဲ့ အရာရှိတွေ ပြောတဲ့အတိုင်းဆိုရင်၊ အခြေစိုက်စခန်းတစ်ဝိုက်မှာ တပ်စွဲထားတဲ့ တပ်အားလုံးက ဟက်စ်လာစစ်တပ်ကို တိုက်ခိုက်ရန်ဖို့ တပ်စွဲထားတာ။ သူတို့ရဲ့ စွန့်ခွါမယ့်လမ်းကြောင်းကို ငါရှာမတွေ့သေးဘူး။ လမ်းကြောင်းအတိအကျ ရှာဖွေနိုင်ဖို့ အမိန့်ကို လိုက်နာရမယ့်ပုံရသည်။ အိုး၊ ယဲ့ဖန် စုဆောင်းထားတဲ့ သတင်းမှားတွေကိုလည်း ကျွန်တော် ရှာဖွေနိုင်ခဲ့တယ်။ တတိယနှင့် ဆဋ္ဌမနယ်မြေကြားက ကာကွယ်ရေးယန္တရားနှင့် တပ်ဖြန့်ချထားမှုသည် မှန်တယ်။ ဒါပေမယ့် ပထမနှင့် ဒုတိယနယ်မြေတွေမှာ ကွာခြားတယ်။ ယဲ့ဖန် ပေးထားသည့် အချက်အလက်အတိုင်း ဟက်စ်လာတပ်တွေ တိုက်မယ်ဆိုရင်၊ သူတို့ ကြီးကြီးမားမား ဆုံးရှုံးမှုကို ခံစားရမှာပဲ”
"မင်း သူတို့ကို ပြောပြီးပြီလား"
"မဟုတ်ဘူး၊ မင်းက ငါ့ကိုဆက်သွယ်တဲ့ ပထမဆုံးလူပဲ"
"အဲဒါကောင်းတယ်။ ဒါကို ဟက်စ်လာရဲ့ လူတွေကို မပြောနဲ့။"
လီယောင်က ဇဝေဇဝါဖြစ်ပြီး “ဘာဖြစ်လို့လဲ”
ဟန်ရှောင်းက သူ့ကို ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောပြလိုက်သည်။ ဒုံးကျည်ပစ်ခတ်မှု အဖြစ်အပျက်ကို ကြားလိုက်ရသည်နှင့် လီယောင်၏ သွေးများသည် ဒေါသနှင့် ပွက်ပွက်ဆူလာသည်။ "ဒါက လွန်လွန်းတယ်!"
ကားလ်သည် သူ၏မဟာမိတ်များကို သုတ်သင်ရန် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသခဲ့သည်။ ထို့ကြောင့် ဌာန၁၃သည် သူ့ကို စစ်ဆင်ရေးတွင် ဆက်လက်ကူညီကာ၊ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးရန် မဖြစ်နိုင်တော့ပေ။
ဟန်ရှောင်းပေးခဲ့သော သတင်းသည် ဂျာမီနယ်အဖွဲ့အစည်း၏ တန်ဖိုးမြင့်အဖွဲ့ဝင်များဖြစ်သော ဖန်ခွမ်းနှင့် ကျိကျဲတို့ကို ဖယ်ရှားရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၎င်းတို့ကို အောင်မြင်စွာ ဖယ်ရှားနိုင်မှသာလျှင် မစ်ရှင်၏ အောင်မြင်မှုကို အာမခံနိုင်မည်ဖြစ်သည်။ ကားလ်က သူတို့ကို ကိရိယာတွေလို ဆက်ဆံခဲ့သည်။ ယခုအချိန်သည် ဟန်ရှောင်း ပြန်လှည်တုံ့ပြန်ရမည့် အချိန်ဖြစ်သည်။ သူတို့သည် သူ၏ထောက်လှမ်းရေးအစီရင်ခံစာများကို လိုချင်ကြပြီး၊ သူက သူတို့၏တပ်များကို လိုချင်သည်။ နှစ်ဖက်စလုံးက ကိုယ့်အကျိုးအတွက် အချင်းချင်း အသုံးချနေကြသာဖြစ်သည်။
ဟက်စ်လာစစ်တပ်သည် သူ၏သတင်းကိုအသုံးပြု၍ မစ်ရှင်ကိုပြီးမြောက်သရွေ့၊ သူတို့ ဆုံးရှုံးသွားသော တပ်သားအရေအတွက်ကို ဂရုမစိုက်နိုင်ပေ။
ဟန်ရှောင်း မထင်မှတ်ထားတဲ့အရာကတော့ ကားလ်က သူတို့
ကို သတ်ပစ်ရန် ရည်ရွယ်ချက်ဖြစ်သည်။
"အစီအစဥ်ပြောင်းဖို့ အချိန်ရောက်ပြီ"
ဟန်ရှောင်း၏ မျက်လုံးများက တောက်ပနေသည်။
အခန်း (၈၂) ပြီး၏။
လင်းဆက်
+++++