ကြားဖြတ်တိုက်ခိုက်ခြင်း
Vol. 6 Ch. 85
အခန်း (၈၅) ကြားဖြတ်တိုက်ခိုက်ခြင်း
ဖန်ခွမ်းက နီးကပ်လာသည်။ ဟန်ရှောင်းသည် ရိုင်ဖယ်သေနတ်၏ မောင်းခလုတ်ကို ဆွဲညှစ်လိုက်သည်။ ကျည်ဆံများသည် ပြောင်းဝမှ ထွက်သွားကာ လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ပစ်မှတ်ဆီသို့ ဦးတည်သွားသည်။ ဖန်ခွမ်းသည် သားရဲ၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းရှိသကဲ့သို့ပင်။ ဟန်ရှောင်း မပခတ်စ်ခင် အမြဲတမ်း နေရာ ရွှေပြောင်းနေသည်။ ဟန်ရှောင်း စုစုပေါင်း ပစ်ခတ်မှု ဆယ့်သုံးချက်ရှိခဲ့ပြီး ဖန်ခွမ်းက ကိုးခုကို ရှောင်သွားခဲ့သည်။ ကျန်ကျည်ဆန်လေးချက်မှာ ဓားသွားကို ထိပြီးနောက် အရှိန်ပျက်သွားသည်။ ကျည်ဆန်များသည် ဖန်ခွမ်း၏ အကာအကွယ်စွမ်းအင်ဖြင့် ပြန်ကန်ထွက်လာပြီး ၎င်းတို့၏ စုစုပေါင်း ထိခိုက်နိုင်မှုသည် သွေးအမှတ် ၈၀ မျှသာဖြစ်သည်။
အဆင့်အတန်းမြင့်သော စူပါလူသားသည် ပိုမိုအားကောင်းသော ခံစစ်စွမ်းရည် ရှိမည်ဖြစ်သည်။ ဖန်ခွမ်းအတွက် သာမန်လက်နက်များနှင့် ခဲယမ်းမီးကျောက်များသည် အသုံးမဝင်ပေ။
နေရာတစ်ခုမှ သာမန်လက်နက်တစ်ခု၏ ပစ်ခတ်နိုင်စွမ်းသည် ထိုနေရာရှိ လူမှုအဖွဲ့အစည်း၏ အဆင့်အတန်းကို ညွှန်ပြနေသည်။ ပိုမိုမြင့်မားသောဗားရှင်းများနှင့် မြေပုံများကိုဖွင့်ခြင်းဖြင့် သာမန်လက်နက်များကို အဆင့်မြှင့်တင်လာနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့သောနေ့မျိုးမှာ မရောက်သေးကြောင်း ထင်ရှားသည်။
ဖန်ခွမ်းနှင့် ဟန်ရှောင်းကြားရှိ အကွာအဝေးသည် လျင်မြန်စွာ ကျုံ့သွားပြီး ဖန်ခွမ်း၏ မျက်လုံးများတွင် သေမင်းတမန်ကဲ့သို့ အေးစက်မှုကို ဟန်ရှောင်း မြင်နေရသည်။
"သေစမ်းကွာ၊ သူက မြန်လွန်းတယ်။"
ဟန်ရှောင်းက ညင်သာစွာ ကျိန်ဆဲပြီး သူ့ရိုင်ဖယ်ကို ဘေးသို့ ပစ်ချလိုက်သည်။ လက်ထဲတွင် ချည်ကြိုးကို ဆွဲကာ ချိန်ကိုက်များကို အသက်သွင်းပြီးနောက် ထွက်ပြေးဟန်ဆောင်လိုက်၏။
ဖန်ခွမ်းသည် အလွန်မြန်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် ချောက်ကမ်းပါးပေါ်သို့ တက်လာသည်။ ခြုံခိုတိုက်မည့် စက်ဝိုင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ခု မှားနေသည်ကို ခံစားလိုက်ရသည်။ သူ့မျက်နှာက ပြောင်းလဲသွားပြီး လေထဲသို့ ခုန်တက်သွားသည်။ သူ၏ တောက်ပြောင်သော ဓားရှည်သည် ရင်ဘတ်အောက်တွင် လှည့်ပတ်နေသည်။ သူက ဟာရီကိန်းကိုစီးပြီး ကောင်းကင်ပေါ် တက်သွားသလိုပင်။
ဘုန်း....
ဖောက်ခွဲရေးပစ္စည်း ဆယ်ခု အတူတကွ ပေါက်ကွဲသွားပြီး ဖန်ခွမ်းကို မီးတောက်များ ဝါးမြိုသွားတော့သည်။
_____________________
သင်၏ ချိန်ကိုက်ဗုံးများသည် ဖန်ခွမ်းကို သွေးအမှတ် ၃၄မှတ် ထိခိုက်မှု ဖြစ်စေပါသည်။
(ထိခိုက်နိုင်မှုအကာအကွယ်ကို ထည့်တွက်ပြီးဖြစ်သည်။)
သင်၏ ချိန်ကိုက်ဗုံးများသည် ဖန်ခွမ်းကို သွေးအမှတ် ၃၄မှတ် ထိခိုက်မှု ဖြစ်စေပါသည်။
ဖန်ခွမ်းသည် အနည်းငယ် မီးရှို့ခံလိုက်ရပါသည်။
…
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဂိမ်းမျက်နှာပြင်တွင် စာ၁၀စောင် ပေါ်လာသည်။ တစ်ချက်အမြန်ကြည့်လိုက်ပြီးနောက် ဆက်တိုက်ပေါက်ကွဲမှုသည် ဖန်ခွမ်းကို သွေးအမှတ် ၄၀၀ကျော် ထိခိုက်စေခဲ့ကြောင့် ဟန်ရှောင်း အတည်ပြုနိုင်သွားသည်။
_____________________
သင်၏ အဆင့်ကြောင့်၊ သင်သည် ရန်သူ၏ အချက်အလက်တစ်ချို့ ရရှိခဲ့ပါသည်။
အမည် : ဖန်ခွမ်း
အဆင့် : ၃၈
အမျိုးအစား - [အေးဂျင့်] အဆင့် ၁၀၊ [အပျော်တမ်း ‘တိုက်ခိုက်သူ] အဆင့် ၁၀၊ [မုန်တိုင်းဓါး] အဆင့်၁၀၊
ပင်ကိုယ်အရည်အသွေးများ : ခွန်အား ၆၅၊ လက်စွမ်း ??၊ ခံနိုင်ရည် ??၊ ဉာဏ်ရည် ??၊ လျှို့ဝှက်ဆန်းကြယ်မှု ??၊ ကျက်သရေ ၈၊ ကံကောင်းခြင်း ၇။
သွေးအမှတ် : ??
စွမ်းအင် : ??
စွမ်းအင်အဆင့် - ၆၈၇
အဆင့်အတန်း - E+
အထူးပြုချက်များ-
- အပျော်တမ်း ဓါးကိုင်ဆောင်ခြင်းနည်းစနစ် - ဓါးများ သို့မဟုတ် ဓားတိုများကို အသုံးပြုသောအခါ +၁၀ တိုက်ခိုက်မှုအမှတ်။
- Windy Blade ၏ဝိညာဉ်- “ဓါးသည် ကျွန်ုပ်တို့၏ ခြေလက်အင်္ဂါများ၏ အဆက်ဖြစ်သည်။ လေတိုက်သံကို သေချာနားထောင်ပါ။” ??
– ?? …
စကေးများ- [လေ၏ခုခံကာကွယ်မှု] အဆင့် ၆၊ [လေဟုန်စီးခြေလှမ်း] အဆင့် ၄၊ ??၊ ?? …
ကိရိယာ -
လေဖြတ်ဓါး
အဆင့်အတန်း - အစိမ်းရောင်
ထိခိုက်နိုင်မှု - ၄၄-၄၇
အရှည် - ၀.၈၇ မီတာ
အလေးချိန် - ၁၀.၂ ပေါင်
- ဖော်ပြချက်- အလွန်ခိုင်ခံ့သော ပန်းပဲဆရာမှ ထုတ်လုပ်သော အလွိုင်းဓါးတစ်ခု။
- ထပ်လောင်းအကျိုးသက်ရောက်မှုများ- Windy Breath- ချောမွေ့သော မျက်နှာပြင်၊ +၃% တိုက်ခိုက်မှုမြန်နှုန်း။ ခိုင်ခံ့သောအစွန်းများ - ချွန်ထက်သောဓား၊ သတ္တုအရာဝတ္ထုများအတွက် ထပ်တိုးပျက်စီးမှု +၃%။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သူတို့နှစ်ယောက်၏ အဆင့်များကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိခဲ့သည်။ ထို့အပြင် အချက်အလက်များစွာကို မသိရှိရပေ။ သို့သော်လည်း ဟန်ရှောင်းသည် စာရင်းဇယားများအပေါ် လုံး၀ မှီခိုအားထားခြင်းမရှိပေ။ ဖန်ခွမ်း၏ စွမ်းဆောင်မှုအရ သူ့တွင် မြင့်မားသော တိုက်ခိုက်နိုင်စွမ်းနှင့် လျင်မြန်မှုရှိကြောင်း ထင်ရှားပြီး သူ၏ အားနည်းသည့်ဘက်သည် သူ၏ အကန့်အသတ်ရှိသော သွေးအမှတ်ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ပန်ကွမ်၏ ကနဦးသွေးအမှတ်သည် 20% ကို လျော့ကျသွားကြောင်း သေချာသည်။ ထို့အပြင်၊ ဖန်ခွမ်းသည် ယခင်က ပြင်းထန်သောတိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ရန်သူများထံမှ တစ်နာရီကျော်ကြာ ပြေးခဲ့ရသည်။ ထို့ကြောင့်၊ သူသည် တိုက်ပွဲအတွက် အကောင်းဆုံးအခြေအနေတွင် မရှိခဲ့ပေ။
ငါ အနိုင်ရနိုင်ခြေ ပိုများတယ်။
ဟန်ရှောင်းသည် ဂိမ်းမျက်နှာပြင်ပေါ်တွင် စုဆောင်းထားသည့် အတွေ့အကြုံကို ကြည့်လိုက်သည်။ အမှတ် 520,000 အထိ ရှိနေသည်။ သူသည် သူ၏အဆင့်ကို မြှင့်တင်ရန်အတွက် အတွေ့အကြုံအမှတ်များအားလုံးကို လမ်းကြောင်းပေးခဲ့သည်။ ဒုံးပျံကဲ့သို့ ဟန်ရှောင်းသည် အဆင့်လေးဆင့် လျင်မြန်စွာ တိုးတက်သွားသည်။
သူ၏ သွေးအမှတ်သည်လည်း ၉၈၅မှတ် တိုးလာပြီး ၁၀၀၀ ကျော်ခါနီး ဖြစ်လာသည်။
သူသည် [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] ကို ၄၈ ကြိမ် လေ့ကျင့်ခဲ့ပြီး သူ၏ စွမ်းအင်သည် အမှတ် ၃၉၀ ထိအောင် လုပ်နိုင်ခဲ့သည်။ စဉ်ဆက်မပြတ် အဆင့်လေးဆင့်တက်ရန်နှင့် ၎င်း၏စွမ်းအင်ကို ၅၄၀မှတ်အထိ မြှင့်တင်ရန် အနည်းငယ်သာ လိုအပ်ပြီး ၎င်းသည် အဆင့် ၅ စံနှုန်းဖြစ်သော အမှတ် ၄၀၀ကို ကျော်လွန်သွားခဲ့သည်။ ယင်းက သူ၏ အခြားပင်ကိုယ်အရည်အသွေးများ အားလုံးတွင် အမှတ်အသစ်များ တိုးလာနိုင်သည်။ သူ၏ ခွန်အား၊ ခံနိုင်ရည်၊ တက်ကြွမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးသည် တစ်ခုလျှင် ၁၀% ခန့် တိုးလာသည်။
ကျန်တဲ့ အတွေ့အကြုံအမှတ်တွေကိုတော့ [အဆက်မပြတ်လေဟုန်စီးပစ်ချက်] ထဲကို ပို့ပေးလိုက်သည်။
_____________________
အဆင့် ၂ : စွမ်းရည်၏ သက်ရောက်မှု အနည်းငယ် တိုးတက်လာသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဝှစ်
ဖန်ခွမ်းသည် မီးတောက်များထဲမှ ထွက်လာသည်၊ ခေါင်းမှ ခြေဖျားအထိ လောင်ကျွမ်းနေ၏။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး သူ့မျက်လုံးတွေက ဒေါသတကြီး ဝံပုလွေတစ်ကောင်လို ဟန်ရှောင်းကို အလွတ်မပေးဘဲ ကြည့်နေသည်။ သူက အော်ဟစ်လိုက်ပြီး လေဟုန်စီးနေသလိုမျိုး ရွှေ့လျားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ဓားက ဒေါသတကြီးဖြင့် သူ့ကို ချုံခိုတိုက်ခိုက်ခဲ့သည့် လူရမ်းကားကို ခုတ်ထစ်ပစ်လိုက်တော့သည်။
ဓားမှ အလင်းတန်းများ လင်းလက်လာပြီး ဟန်ရှောင်း ခြေလှမ်းသုံးလှမ်း ဆုတ်သွားသည်။ ဟန်ရှောင်း၏အရှိန်ကြောင့် ဖန်ခွမ်းမှာ ထိတ်လန့်သွား၏။
ဟန်ရှောင်းသည် ဖန်ခွမ်း၏ ခုတ်ပိုင်းမှုများကို ရှောင်လိုက်ပြီး သူ၏ Berserk Eagles ကို ထုတ်ယူလိုက်သည်။ သူ၏ မြန်ဆန်လာသော တိုက်ခိုက်မှုအရှိန်ဖြင့် သေနတ်ပစ်လိုက်သည်။ သံမဏိကျည်ဆန်များသည် ဖန်ခွမ်း၏ ရင်ဘတ်ဆီသို့ တည့်တည့်ကြီး ဝင်ရောက်သွားလေသည်။
ဖန်ခွမ်းသည် သူ၏ဓားရှည်ကို အပြန်ပြန်အလှန်လှန် ရွှေ့လိုက်ပြီးနောက် ကျည်ဆန်များ ကွဲထွက်သွားသည်။ ကျည်ဆံတစ်ချက်က သူ့ရင်ဘတ်ကို ထိမှန်သွားသော်လည်း ဖန်ခွမ်း၏ ကြီးမားသောစွမ်းအင်က ကျည်ဆန်၏အရှိန်ကို လျှော့ချလိုက်သည်။ ကျည်ဆန်က သူ့ကြွက်သားတွေကြားထဲမှာ ညပ်နေ၏။
သာမန်ကျည်ဆန်တွေက အသုံးဝင်မှုနည်းတယ် ဆိုတာ ဟန်ရှောင်း သဘောပေါက်သွားသည်။ သူက ချက်ချင်းဆိုသလို ပေါက်ကွဲအားပြင်းတဲ့ ကျည်ဆံများပါသော ကျည်ကပ်ကို ပြောင်းလိုက်တယ်။
ပန်ကွမ်သည် ဤအခိုက်အတန့်ကို အသုံးချ၍ နီးကပ်လာသည်။
“မင်း ငါ့မျက်စိရှေ့မှာ ကျည်ကပ်တွေကို ဘယ်လိုပြောင်းဝံ့တာလဲ။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား"
'တိုက်ခိုက်သူ' တစ်ဦးရှေ့တွင် ကျည်ကပ်လဲခြင်းသည် တိုက်ပွဲအတွေ့အကြုံ မလုံလောက်ခြင်း၏ လက္ခဏာတစ်ခုဖြစ်သည်။ ဖန်ခွမ်းသည် ဆိုးသွမ်းသောအကြည့်ဖြင့် ဟန်ရှောင်း၏ လည်ပင်းကို ခုတ်ချလိုက်သည်။ သူသည် အကင်တုတ်ထိုးပေါ်မှ အသားစအပိုင်းကဲ့သို့ ဟန်ရှောင်း၏ လည်ပင်းကို ထိုးဖောက်ရန် ကြိုးစားနေသည်။
ဟန်ရှောင်းသည် သူ၏ ခုတ်ပိုင်းခြင်းကို မရှောင်လွှဲနိုင်ဟု ဖန်ခွမ်းက ပြောနိုင်သည်။
"ဒန်း--"
ဓါး၏အစွန်းသည် ဟန်ရှောင်း၏ လည်ချောင်းကိုထိနိုင်သော်လည်း၊ သတ္တုအကြေးခွံများဖြင့် ပိတ်ဆို့ခံလိုက်ရသည်။
ဖန်ခွမ်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ ဒီအကာအကွယ်က ဘယ်တုန်းက ပေါ်လာတာလဲ။
ဟန်ရှောင်း အနည်းငယ် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။ သံလိုက်ချပ်ဝတ်သည် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသော လက်ကျန်အင်အားအချို့ ရှိနေသေးသည်။ သူသည် ပစ္စတိုကို မြှောက်လိုက်ပြီး အဆက်မပြတ် ပစ်ခတ်ပါတော့သည်။ ဖန်ခွမ်းသည် သူ့ဓားဖြင့် ကျည်ဆန်များကို ထပ်မံပိတ်ဆို့လိုက်သည်။ ဤတစ်ကြိမ်တွင်၊ ပေါက်ကွဲအားပြင်းကျည်ဆံများသည် ဓါး၏ အစွန်အဖျားဖြင့် ထိသည်နှင့် ပေါက်ကွဲသွားပြီး မီးတောက်များသည် ဖန်ခွမ်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းကာ လောင်ကျွမ်းသွားခဲ့သည်။
ဒီကျည်ဆန်က ဘာကြီးလဲ။ ဖန်ခွမ်း၏ နှလုံးခုန်သံ မြန်သွားသည်။ မီးတောက်များကို ဖယ်ထုတ်ရန် သူ၏စွမ်းအင်ကို စုစည်းသော်လည်း မရခဲ့ပေ။ လိမ္မော်ရောင် မီးတောက်များကို ဖယ်ထုတ်၍ မရနိုင်ဘဲ သူ့အရေပြားသည် ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ စွမ်းအင်တွေကို သုံးစွဲလိုက်ရသည်။ ထို့ကြောင့် စွမ်းအင်ပမာဏများစွာ ကုန်ဆုံးသွား၏။
ပေါက်ကွဲအားပြင်း ကျည်ဆံများသည် အလွန် စွဲကပ်မှုအားကောင်း၏။ ထို့ကြောင့် ၎င်းတို့သည် ကြီးမားသော၊ စဉ်ဆက်မပြတ် ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်၏။ ဖန်ခွမ်းသည် မြင့်မားသော ခုခံအားရှိသောကြောင့် သူ၏ သွေးအမှတ်သည် အလွန်နှေးကွေးသောနှုန်းဖြင့်သာ ကျဆင်းသွားသည်။ သို့သော်လည်း ပေါက်ကွဲအားပြင်း ကျည်ဆံများကို အသုံးပြုခြင်းသည် သာမန်ကျည်ဆံများထက် ပိုမိုထိရောက်မှု ရှိနေဆဲဖြစ်သည်။ အနည်းဆုံး၊ ဖန်ခွမ်း၏ သွေးအမှတ်ကို ကျဆင်းစေသည်။
Berserk Eagles များသည် စောင်းနေသော အနေအထားများမှ ပစ်ခတ်နေကြသည်။ နောက်ဆုံး ကျည်ဆန်တစ်တောင့်သာ ကျန်တော့သည့်အချိန်တွင် ဟန်ရှောင်းသည် ၎င်းကို [အဆက်မပြတ်လေဟုန်စီးပစ်ချက်] စတင်အသုံးပြုခဲ့သည်။ ထိုအချိန်တွင်၊ ဖန်ခွမ်း၏ အဝတ်အစားများ လုံးဝလောင်ကျွမ်းသွားပြီး သူ၏ဆံပင်များလည်း စတင်လောင်ကျွမ်းလာသည်။ ဖန်ခွမ်း၏ မညှာမတာ ပြင်းထန်သော ခုတ်ပိုင်းမှုအပြီးတွင် ဟန်ရှောင်း ပေးဆောင်လိုက်ရသည့် တန်ဖိုးမှာ သံလိုက်ချပ်ဝတ်၏ ခံနိုင်ရည် ကျဆင်းသွားခြင်း ဖြစ်သည်။
ဟန်ရှောင်းသည် စူးစူးစိုက်စိုက် ကြည့်နေသည်။ နောက်ထပ် ပြင်းပြင်းထန်ထန် ထိုးနှက်ချက်ကို ခံယူလိုက်ပြီးနောက် သူသည် Berserk Eagles ကို ဖယ်ထုတ်ပြီး ပြန်သိမ်းနိုင်တဲ့ဓါးကို ထုတ်ယူလိုက်သည်။ ညာလက်တွင် ဓားကို ကိုင်ထားပြီး ဘယ်ဘက်တွင် ယန္တရားလက်ကို တပ်ဆင်ထားသည်။ လူရိုင်းတစ်ယောက်က သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သလိုပင်။ သူ့တွင် သေခြင်းတရားကို မကြောက်တတ်သော သားရဲ၏ သတ္တိမျိုးရှိနေ၏။ သူသည် ဖန်ခွမ်းကို သွေးထွက်သံယိုဖြစ်နိုင်သည့် အပြင်းအထန်တိုက်ခိုက်ရန် အဆင်သင့်ရှိနေသည်။
ဟန်ရှောင်း တပ်ဆင်ထားသော ပစ္စည်းသုံးမျိုးလုံးကို ဒိုင်းများအဖြစ် အသုံးပြုနိုင်ပြီး၊ နှိုင်းယှဉ်ကြည့်လျှင် ဖန်ခွမ်းသည် ဟန်ရှောင်း၏တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် သူ့ခန္ဓာကိုယ်ကိုသာ အသုံးပြုထားနိုင်သောကြောင့် ကြီးမားစွာ အရေးနိမ့်နေ၏။
သို့သော်လည်း လက်တွေ့တွင် ဖန်ခွမ်းသည် တည်ငြိမ်စွာ ရပ်တည်နေခဲ့သည်။ အများစုမှာ ဟန်ရှောင်းသည် ခုနစ်ချက်အခုတ်ခံရပြီးမှ တစ်ချက်သာ ဖန်ခွမ်းကို တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းသည် ကွာခြားလွန်းလှသည်။ ဖန်ခွမ်းသည် တရားဝင် 'တိုက်ခိုက်သူ' တစ်ဦးဖြစ်ပြီး သူ၏ တိုက်ခိုက်ရေး နည်းစနစ်သည် ဟန်ရှောင်းထက် အဆပေါင်းများစွာ ပြင်းထန်သည်။ ဟန်ရှောင်း၏ အနီးကပ်တိုက်ခိုက်ရေးနည်းစနစ်မှာ ဖန်ခွမ်း၏ အမြင်တွင် ဟာသတစ်ခုသာဖြစ် သည်။ သူတပ်ဆင်ထားသော ကိရိယာများကြောင့်မဟုတ်ပါက ဖန်ခွမ်းသည် ဟန်ရှောင်း၏ တိုက်ခိုက်မှုကြောင့် မထိခိုက်နိုင်ပေ။
"မင်းက ငါ့ကို အနီးကပ်တိုက်ချင်တာလား။ မင်းသေလမ်းရှာနေတယ်လို့ မထင်ဘူးလား" ဟန်ရှောင်းသည် မည်သို့ 'တိုက်ခိုက်သူ' တစ်ယောက်နှင့် အနီးကပ် တိုက်ခိုက်ရန် သတ္တိရှိနေသည်ကို ဖန်ခွမ်း နားမလည်နိုင်ပေ။ သူ့စိတ်ထဲမှာတော့ ဒီလုပ်ရပ်ဟာ အလွန်စိတ်ကြီးဝင်နေတယ်လို့ ယူဆထားသည်။ ဟန်ရှောင်းသည် ဖန်ခွမ်း၏ အကြီးမားဆုံး ခွန်အားကို သူ၏ အကြီးမားဆုံး အားနည်းချက်ဖြင့် စိန်ခေါ်နေသည်။
ဟန်ရှောင်း၏ မျက်နှာကို တစ်ချက်ခုတ်လိုက်ရာ နက်ရှိုင်းသော ဒဏ်ရာကြောင့် သွေးများ ပြင်းထန်စွာထွက်လာသည်။
ဟန်ရှောင်းသည် တိုက်ပွဲမစမီက မျက်နှာဖုံးကို တိုက်ပွဲတွင် ပျက်စီးမည်ကို စိုးရိမ်သောကြောင့် ချွတ်ထားခဲ့သည်။ သူသည် သူ၏ အသွင်အပြင်အစစ်အမှန်ကို ထုတ်ဖော်ပြသခဲ့ပြီး ဖန်ခွမ်းက သူ့ကို မှတ်မိနေသည်။ ဟန်ရှောင်းသည် မကြာသေးမီက အဖွဲ့အစည်းမှ လွတ်မြောက်ခဲ့သော သစ္စာဖောက်—ဇီးရိုး ဖြစ်သည်။
ဇီးရိုးက သူ့ကို ဘာလို့ ဒီမှာ တိုက်ခိုက်တာလဲ။ ဖန်ခွမ်းက မသိသလို ဂရုလည်းမစိုက်ပေ။ သူ့ရှေ့ကလူက ရန်သူဖြစ်မှန်း သူသာသိပြီး ဖန်ခွမ်း လုပ်ချင်တာမှန်သမျှက သူ့ကို သတ်ပစ်ဖို့သာဖြစ်သည်။
ခုတ်ပိုင်းမှုများမှ တွန်းအားများသည် ဟန်ရှောင်း၏ ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် တုန်လှုပ်စေခဲ့သည်။ သူ၏ သွေးအမှတ်များ ကျဆင်းသွားသော်လည်း သူက တည်ငြိမ်နေဆဲပင်။
ဖန်ခွမ်းကို အနီးကပ်တိုက်ဖို့ သတ္တိရှိရတဲ့ အကြောင်းရင်းက သူ့ကိုယ်သူ ယုံကြည်မှုရှိသောကြောင့် ဖြစ်သည်။ ယခင်က ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများနှင့် တိုက်ခိုက်မှုများသည် ဖန်ခွမ်း၏ သွေးအမှတ်ကို အမှတ် ၇၀၀ မှ ၈၀၀ အထိ လျှော့ချနိုင်ခဲ့သည်။
သံလိုက်ချပ်ဝတ်၏ အကာအကွယ်အောက်တွင် သူ၏ သွေးအမှတ်သည် ၃၀၀ သာ ကျသွားသည်။ ချပ်ဝတ်တန်ဆာသည် သွေးအမှတ် အနည်းဆုံး ၁၅၀အတွက် ထိခိုက်နိုင်မှုကို ကာကွယ်နိုင်ခဲ့သည်။
သူ၏ လက်ရှိအဆင့်ဖြင့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ဖို့တောင် မရည်ရွယ်ခဲ့ပေ။ ချပ်ဝတ်တွင် ၇၅ မှတ်အထိ ကာကွယ်နိုင်မှုရှိသည်။ ဤသည်မှာ အဆင့် ၄၀ မှ ၅၀ အထိပင် အားကောင်းပြီး အသုံးဝင်သည်။ ဟန်ရှောင်းသည် ချပ်ဝတ်တန်ဆာကို အလွန်အားကိုးနေခြင်း ဖြစ်သည်။
ချပ်ဝတ်ဖြင့်၊ သူသည် မြင့်မားသောအဆင့်ရှိ ပြိုင်ဘက်များကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
ဟန်ရှောင်းသည် သူ့လက်ကို တည်ငြိမ်အောင်ထားပြီး ဖန်ခွမ်း ဓါးကိုင်ထားသော လက်ကို ဆုပ်ကိုင်လိုက်သည်။ ဖန်ခွမ်းက မကြောက်ပေ။ သူ၏လက်ကို ပျော့ပြောင်းစွာ လိမ်လိုက်ပြီး လွတ်မြောက်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ဟန်ရှောင်းအား နောက်ထပ် ခုတ်ပိုင်းမှုတစ်ခု ပေးလိုက်ပြီး အပေါ့စားယန္တရားလက်ပေါ်သို့ ကျရောက်သွားစေသည်။ ပလက်တီနမ်အလွိုင်းသာ မဟုတ်ပါက၊ ယန္တရားလက်သည် အပိုင်းပိုင်းနှင့် အကွဲအပြဲများ ကွဲသွားမည်မှာ ကြာလှပြီဖြစ်သည်။
ဟန်ရှောင်းသည် အာရုံစိုက်၍ အကဲခတ်နေပြီး၊ ဖန်ခွမ်းသည် တိုက်ခိုက်မှုတစ်ခုပြီးတိုင်း နှေးကွေးသွားသည့် အခိုက်အတန့်ရှိကြောင်း သတိပြုမိသည်။ ဖန်ခွမ်းသည် သူ့စွမ်းအင်ကို ထိန်းသိမ်းရန် အလိုလို ကြိုးစားနေမိသည်။
သူ ပင်ပန်းစပြုလာသည်။ သူသည် သူ၏စွမ်းအင်ကို အလွန်အကျွံသုံးစွဲပြီး သူ၏ ထပ်တိုးထားသော ပင်ကိုယ်အရည်အသွေးအမှတ်များ ဆုံးရှုံးသွားခဲ့သည်။ သူသည် ထက်မြက်မနေတော့ပေ။
ဟန်ရှောင်း၏ မျက်လုံးများ လင်းလက်လာပြီး၊ သူ၏ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးသည် ဖန်ခွမ်း၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိနိုင်စေခဲ့သည်။ သူစောင့်မျှော်နေတဲ့အချိန်ရောက်လာပြီ။ သူ့ဂိမ်းမျက်နှာပြင်တွင် တစ်စုံတစ်ခုကို ရွေးလိုက်တော့သည်။
ဇာတ်ကောင်အသစ် - နော်စာကော်နာ။
_____________________
ဇာတ်ကောင်အတွက် ဆင့်ခေါ်ကတ်ကို အသုံးပြုထားသည်။ ၁/၁ ကတ် အသုံးပြုထားသည်။ ကတ်အသုံးပြုပြီး ဖြစ်သဖြင့် ပျောက်ကွယ်သွားပါမည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဖန်ခွမ်းသည် ဟန်ရှောင်၏ နောက်ကျောတွင် အရိပ်ဖျော့ဖျော့ကို မြင်လိုက်ရသည်။ သက်တန့်ရောင် အခိုးအငွေ့များထဲတွင် စူးစူးရဲရဲ မျက်လုံးများ ပေါ်လာသည်။ ဖန်ခွမ်းသည် ရင်းနှီးနေသလို ခံစားမိသည်။
သူဘယ်သူလဲ?
ကြည့်ရတာ… နော်စာ! နော်စာပဲ။ သူသေတာကြာပြီမဟုတ်လား"
ဘာတွေဖြစ်နေတာလဲ‽
ဖန်ခွမ်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်ချင်သော်လည်း အချိန်နှောင်းသွားခဲ့သည်။ သူသည် ပုံရိပ်ယောင်များကို မလွန်ဆန်နိုင်တော့ဘဲ မလှုပ်ရှားနိုင်တော့ပေ။
စကန်လုပ်နေသည်။
စကန်လုပ်ခြင်း ပြီးမြောက်သွားပါပြီ။
ပစ်မှတ်၏ ဉာဏ်ရည်သည် ၅၀ထက် နည်းသောကြောင့် ပုံရိပ်ယောင်ဖန်တီးခြင်း အောင်မြင်သွားပါသည်။
အခန်း (၈၅) ပြီး၏။
လင်းဆက်
+++++