← Chapters

အပိုင်း(၅၂၈)

Vol. 36 Ch. 528

အပိုင်း(၅၂၈)

Vol. 36 Ch. 528

“ရှောင်းယီပြောတာမှန်တယ်”

ထိုအချိန်တွင်  ကျယ်လောင်သော အသံတစ်ခုက တောအုပ်အတွင်းမှထွက်ပေါ်လာသည်။

ထို့နောက်အသံကဆက်လက်၍ထွက်

ပေါ်လာ၏။

“မင်းရဲ့နတ်ဆိုးသားရဲထိုက်ခက်ကိုသတ်တာကို မင်းခွင့်မပြုခဲ့သင့်ဘူး”

“အား”

ထိုအသံအားကြားလိုက်ရသောအခါတွင်  ရှောင်းယီဟုခေါ်သောကောင်မလေးမှာ   တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။ သူလျှင်မြန်စွာလှည့်လိုက်ပြီး ကြီးမားသော  သစ်ပင်ကြီးတစ်ခု၏ပင်စည်ထက်၌ ပုံရိပ်များရပ်နေသည်ကို တွေ့လိုက်ရသည်။

ပုံရိပ်သုံးခုအားမြင်တွေ့လိုက်ရသောအခါတွင်  ရှောင်းယီမှာချက်ချင်း  အလန့်တကြားပြောလိုက်သည်။

“ခေါင်းဆောင်. ..ဦးလေးဝမ်ရှန့်နဲ့ဦးလေး ယွဲ့ချင်”

သုံးယောက်တွင်အလယ်၌ရှိနေသော

ပုဂ္ဂိုလ်က  အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်

ထားသည်။သူ၏ပုံစံမှာခန့်ထည်ပြီး ပြတ်သားသော အသွင်ရှိ၏။ ဤလူမှာ ကန်းချမ်းကြေးစားအဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ကန်းထျန်းဖြစ်သည်။

ဤလူ၏ ကျင့်ကြံမှုက ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်၌ရှိသည်ကို ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်သည်။

သူ၏ဘယ်ဘက်၌ရပ်နေသောသက်လတ်ပိုင်းအရွယ်လူက နတ်ဆိုးသားရဲတောင်တန်းအတွင်းသို့ ကန်းချမ်းကြေးစားအဖွဲ့မှလူငယ်များ

အားဦးဆောင်ခဲ့သော ဒုခေါင်းဆောင်ဝှမ်ရှန့်ဖြစ်သည်။

ကန်းထျန်း၏ ညာဘက်၌ရပ်နေသောလူမှာ အသားအရေခပ်လတ်လတ်ဖြစ်သည်။

ဗြောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အားနည်းသည့်ဟန်ရှိကာ စာပေသမားအသွင်ရှိ၏။ ဤလူကကန်းချမ်းကြေးစားအဖွဲ့၏ နောက်ထပ်ဒုခေါင်းဆောင်ဖြစ်သူ  ယွဲ့ချင်ပင်ဖြစ်သည်။ သူက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်ပြီး ဝမ်ရှန့်ထက်ကြယ်တစ်ပွင့်ပိုမြင့်မား၏။

ထို့နောက် ပုံရိပ်သုံးခုကတစ်ချိန်တည်းလှုပ်ရှားလိုက်ပြီး  တောအုပ်အတွင်းဝင်ရောက်ခဲ့သည်။ သူတို့က ရှောင်းယီနှင့်ရှစ်ဖုန့်ထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။

“ခေါင်းဆောင်.ခေါင်းဆောင်”

အဖြူလေးကသူတို့သုံးဦးအားမြင်တွေ့

လိုက်ရသောအခါတွင် ရှက်ရွံမှုတို့မျက်နှာထက်တွင်ပေါ်လာသည်။

သူမက ဝမ်ရှန့်နှင့်အမျိုးသမီးငယ်တို့ကြားက စကားများအားကြားပြီးနောက်   ရှစ်ဖုန့်အားသတင်းပေးရန် တိတ်တဆိတ်ပြေးလာခဲ့ခြင်းဖြစ်သည်။

သူမကရှစ်ဖုန့်အား ဤနယ်မြေမှထွက်သွားရန် တိုက်တွန်းအကြံပေးခဲ့သည်။ ကန်းချမ်းကြေးစားအဖွဲ့အတွက်မူသူမကသူတို့အားသစ္စာဖောက်ခဲ့ခြင်းပင်ဖြစ်သည်။  သူမက သစ္စာဖောက်ကဲ့သို့  ပြုမူခဲ့၏။

“တော်လောက်ပြီ အရူးမလေး. “

ရှောင်းယီရှက်နေသည်အားမြင်ရသောအခါတွင်  ကန်းထျန်းက လက်ကိုဝေ့ယမ်းလိုက်ပြီးပြောလိုက်သည်။

“မင်းက ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ကောင်မလေးပဲ. မင်းအတွက်ဒီလိုလုပ်တာကကျိုးကြောင်းဆီလျော်ပါတယ်”

ထိုသို့ပြောပြီးနောက် ကန်းထျန်းက ရှောင်းယီအားကျော်လိုက်ပြီး ရှစ်ဖုန့်ကို စူးစိုက်ကြည့်လိုက်သည်။

ပေါ်လာသောသူများအားကြည့်၍ ရှစ်ုဖန့်ကသရော်ပြုံးပြုံးလိုက်ပြီး

ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ. ခင်ဗျားတို့တွေလာတာအရမ်းမြန်တာပဲ.. ခင်ဗျာတို့ဒီသခင်လေးတို့ကိုဖမ်းပြီးတော့ ထိုက်မိသားစုဆီက ဂုဏ်ပြုမှုကိုရယူဖို့မစောင့်နိုင်တော့ဘူးလား”

ကန်းထျန်းရှစ်ဖုန့်အားကြည့်လိုက်သည်။  ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက်  သူကပြောလိုက်သည်။

“မင်းမိသားစုကဘယ်ကလဲ မင်းကဘယ်မိသားစုကလဲဆိုတာတွေ

ကိုငါဂရုမစိုက်ဘူး. အကယ်၍ မင်းကနဂါးတစ်ကောင်ဖြစ်နေရင်တောင် ငါ့ရဲ့ကန်းချမ်းကြေးစားအဖွဲ့က ထိုက်မိသားစုကိုရင်ဆိုင်ရမှာ. ငါ့ရဲကန်းချမ်းကြေးစားအဖွဲ့က ရာပေါင်းများစွာသောအဖွဲ့ဝင်တွေအတွက် ဒီနေ့ငါမင်းနဲ့မင်းရဲ့ကျားဖြူကိုထိုက်မိသား

စုဆီခေါ်သွားရမှာပဲ”

ကန်းချမ်းကစကားပြောချိန်၌ သူ၏မျက်နှာထားကပြတ်သားနေသည်။  ရှစ်ဖုန့်အားပြန်ပေးဆွဲပြီး  ထိုက်ကလန်သို့ခေါ်သွားရန်သူစိတ်ပိုင်း

ဖြတ်ထားပုံပေါ်၏။

“ညီလေး. မင်းကိုမင်းအဖမ်းခံတာကိုလိုက်လျော

သင့်တယ်.အဲ့တာမှ မလိုအပ်နဲ့ထိခိုက်နာကျင်မှုတွေကို

ရှောင်ရှားနိုင်မှာ”

ထိုစဉ် ဝမ်ရှန့်က  ရှစ်ဖုန့်အားဖျောင်းဖျသည်။  စကားပြောနေရင်း  ဝမ်ရှန့်၏မျက်နှာထက်၌  လိပ်ပြာမလုံသော  အမူအယာတစ်ခုပေါ်လာသည်။

ဝမ်ရှန့်မှာ ရှစ်ဖုန့်နှင့်ရှောင်းယီတို့ကြားမှာစကား

များအားကြားသည်ဖြစ်သည်။  ရှစ်ဖုန့်ထိုက်ခက်နှင့်ပဋိပက္ခဖြစ်ရခြင်းက ကန်းချမ်းကြေးစားအဖွဲ့ကြောင့်ဖြစ်သည်

ကိုလည်းသူသိသည်ဖြစ်၏။  ရှစ်ဖုန့်ကြောင့်သာမဟုတ်ခဲ့လျှင်   ကန်းချမ်းကြေးစားအဖွဲ့မှ အဖွဲ့ဝင်ဆယ့်တစ်ယောက်တို့မှာ  ထိုက်ခက်အရှက်ခွဲခြင်းအားခံရလိမ့်မည်ဖြစ်

သည်။

သို့သော်  သူတို့၌ရွေးချယ်စရာရှိဘဲ  ရှစ်ဖုန့်အားပြန်ပေးဆွဲပြီး   ထိုက်ကလန်သို့  ခေါ်သွားရန်သာ  တက်နိုင်သည်ဖြစ်၏။

“ ခင်ဗျားတို့ကြည့်ရတာ ဒီသခင်လေးကို ဝါးစားမဲ့အတိုင်းပဲ  မဟုတ်ဖူးလား”

ရှစ်ဖုန့်က  သူ၏လက်တို့အားနောက်ပစ်ထားပြီး  ကန်းချမ်းကြေးစားအဖွဲ့ဝင်များအားကြည့်၍ လှောင်ပြုံးပြုံးနေသည်။

ကန်းထျန်းကဖြစ်လာမည့်ကပ်ဘေးအား  အရုံမထားသည့် ရှစ်ဖုန့်အားကြည့်၍ခေါင်းခါယမ်းလိုက်သည်။ သူကပြောလိုက်၏။

“မင်းတို့လိုမိသားစုကြီးကတပည့်တွေက

မြေကြီးကဘယ်လောက်နက်လဲဆိုတာ

ကိုမသိဘူး.  မင်းကတကယ့်ကိုရေတွင်းအောက်

ခြေကဖားသူငယ်လေးပဲ”

ကန်းချမ်းက စကားပြောနေရင်း လှုပ်ရှားခြင်းမပြုပေ။ သို့သော် ကုတင်တစ်လုံးအရွယ်အစားရှိသော  အစိမ်းရောင်လက်ဖဝါးပုံရိပ်ကြီးက  ရုတ်တရက်ရှစ်ဖုန့်၏ခေါင်းထက်၌ပေါ်လာပြီး ရှစ်ဖုန့်နှင့်ကျားဖြူတို့အား  ဝါးမျိုသွားသည်။ထို့နောက် ၎င်းက ဖိကျဆင်းလာပြီး   လူနှင့်ကျားတို့အားဖမ်းဆုပ်လိုက်သည်။

ကြယ်ငါးပွင့်သူတော်စင်နယ်ပယ် အစိမ်းရောင်လက်ဖဝါးပုံရိပ်အားရင်

ဆိုင်ရင်းရှစ်ဖုန့်ကပြုံးနေဆဲဖြစ်သည်။ ဤကဲ့သို့စွမ်းအားမျိုးအားသူလုံးဝဂရု

စိုက်ခြင်းမရှိချေ။

“ရှင်”

ရှောင်းယီမှာရှစ်ဖုန့်ပေါ်သို့ကျဆင်းလာသည့် သူမခေါင်းဆောင်ကြောင့်ဖွဲ့စည်းဖြစ်

ပေါ်လာသော  အစိမ်းရောင်လက်ဖဝါးရိပ်အားကြည့်

လိုက်သည်။သူမ၏မျက်နှာထက်၌ ကြောက်စိတ်ဝင်မှု၊ကူကယ်ရာမဲ့မှုနှင့် လိပ်ပြာမလုံမှုတို့ဖြင့်ပြည့်နှက်နေသည်။

ကန်းချမ်းကြေးစားအဖွဲ့မှလူငယ်အဖွဲ့ဝင်များကသူမအားအပြစ်ဖို့ခဲ့ကြသည်။ အကယ်၍  ရှောင်းယီသာ ရှစ်ဖုန့်အား နတ်ဆိုးသားရဲတောင်တန်း၌ သတိပေးမှုမလုပ်ခဲ့ဘဲ သူမတို့နှင့်လိက်ရန် မမေးမြန်းခဲ့လျှင်  ကိစ္စအားလုံးဖြစ်လာလိမ့်မည်မဟုတ်ချေ။

ရှောင်းယီ၏အတွေးများကသူတို့နှင့်ဆန့်

ကျင်ဘက်ဖြစ်သည် ။သူမကြောင့်သာ မဟုတ်လျှင် ရှစ်ဖုန့် သူတို့နှင့်လိုက်လာလိမ့်မည်မဟုတ်ပေ။ သူအနေဖြင့် ရှင်းဟွေ့စားသောက်ဆိုင်အတွင်းသို့လိုက်ပါဝင်ခဲ့မည်မဟုတ်ပဲ   ကိစ္စများလည်းသူ့၌ဖြစ်လာလိမ့်မည်မဟုတ်ချေ။

ယခုကဲ့သို့ သူမတို့ခေါင်းဆောင်၏ ဖမ်းဆီးမှုကိုလည်းခံရလိမ့်မည်မဟုတ်ပေ။

သူသာအဖမ်းခံခဲ့ရလျှင်  ထိုက်ကလန်၏အပြစ်ပေးမှုကိုခံရဖို့များသည်။ သူသုတ်သင်ခြင်းပင်ခံရနိုင်သည်။

အားလုံးကသူမကြောင့်ဖြစ်ရခြင်းသာဖြစ်သည်။

ရှောင်းယီက ရှစ်ဖုန့်ပေါ်သို့ကျဆင်းလာသော  အစိမ်းရောင်လက်ဖဝါးရိပ်အားကြည့်လိုက်ပြး သူမ၏ခေါင်းအားတစ်ခြားဖက်သို့လွှဲလိုက်သည်။ သူထပ်မံကြည့်ရှုရဲခြင်းမရှိပေ။သူမကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်မိသည်။

ရှစ်ဖုန့်ကသူ့ပေါ်သို့ဖိကျလာသည် အစိမ်းရောင်လက်ဖဝါးပုံရိပ်အားကြည့်နေ၏။ ဤအချိန်တွင်နောက်ဆုံး၌သူလှုပ်ရှား

လိုက်သည်။သူ၏ညာလက်အားကွေး၍ အပေါ်သို့တောက်လိုက်၏။

ထို့နောက်လူသုံးယောက်၏တုန်လှုပ်

အံ့အားသင့်နေသော အကြည့်များအောက်၌ပင်  ရှစ်ဖုန့်ပေါ်သို့ ကျဆင်းလာသောအစိမ်းရောင်လက်ဖဝါး

ပုံရိပ်က လူငယ်၏လက်တောက်ချက်ကြောင့်  ဘာသတိပေးမှုမှမပါဘဲ  အခိုးအငွေ့များကဲ့သို့ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။၎င်းကဘာသဲလွန်စမှ

ကျန်ရစ်ခြင်းမရှိဘဲ‌ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

သူလက်ချောင်း၏ရိုးရှင်းသောတောက်

ချက်စွမ်းအားက  ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်တစ်

ယောက်၏တိုက်ခိုက်မှုအား

တကယ်ကြီးချိုးဖျက်နိုင်ခဲ့သည်။

“ဒါ..ဒါက”

ဤမြင်ကွင်းအားကြည့်၍  ဝမ်ရှန့်မှာအရမ်းတုန်လှုပ်အံ့အားသင့်နေပြီး ပြောစရာစကားမဲ့နေသည်။ဤသည်က  ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်

တစ်ယောက်၏ တကယ်လက်တောက်ချက်ဟုတ်ပါသလော။

ဤသည်က သူတို့နှင့်တစ်ချိန်လုံးရှိနေခဲ့သော

လူငယ်ဟုတ်ပါ၏လော။

“ဒါက..ဒါက.”

ဝမ်ရှန့်သည်သာမကဘဲ  ခေါင်းဆောင်ကန်းထျန်းနှင့်တစ်ချိန်

လုံးတိတ်နေခဲ့သော ယွဲ့ချင်တို့ပင်  တုန်လှုပ်အံ့အားသင့်သွားကြသည်။

ကန်းထျန်းနှင့်ယွဲ့ချင်တို့တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြသည်။ရုတ်ခြည်း သူတို့တစ်စုံတစ်ခုအားနားလည်သွားကြ၏။

ဤလူငယ်ကကျားကိုစားရန်ဝက်

ဟန်ဆောင်နေခြင်းဖြစ်သည်။

“အား.ဘာဖြစ်သွားတာလဲ”

အခြားတစ်ဖက်တွင် ရှောင်းယီကတိတ်တဆိတ်ခေါင်းလေး

အားလှည့်လိုက်ပြီးရှစ်ဖုန့်ကကျားဖြူ

ပေါ်၌လုံခြုံစွာထိုင်နေဆဲဖြစ်သည်ကိုတွေ့လိုက်ရသည်။ခေါင်းဆောင်၏ အစိမ်းရောင်လက်ဖဝါးပုံရိပ်က  ပျောက်ကွယ်သွား၏။အစောပိုင်းက

ဘာဖြစ်သွားသည်အားသူမမသိချေ။ သူမကခေါင်းလှည့်လိုက်ပြီးနောက်

ခေါင်းဆောင်ဖြစ်သူနှင့်လက်ထောက်ခေါင်း

ဆောင်နှစ်ယောက်တို့အားတွေ့လိုက်ရသည်။

လူသုံးယောက်အားတွေ့လိုက်ရသောအခါတွင်သူတို့၏မျက်နှာထက်၌အံ့အားသင့်မှု

များဖြစ်နေသည်ကိုတွေ့ရ၏။

“ဘာတွေဖြစ်နေတာလဲ”

ရှောင်းယီကလူသုံးယောက်အားကြည့်၍ စိတ်ရှုပ်ထွေးစွာဖြင့်ထပ်မံမေးလိုက်သည်။

ထို့နောက်ခေါင်းကိုလှည့်၍ တောအုပ်အားလှည့်ပတ်ကြည့်ရှုလိုက်၏။အဆုံးသတ်တွင်ဤလူငါးဦးမှလွဲပြီးအခြားမည်

သူမျှရှိမနေသည်ကို သူမတွေ့လိုက်ရသည်။

ထို့နောက် သူတို့ဘာတွေဖြစ်နေပါနည်း။ အစောပိုင်းကဘာတွေဖြစ်သွားပါသနည်း။

နောက်ဆုံးတွင် ရှောင်းယီက သူမ၏မျက်နှာအား ရှစ်ဖုန့်ဘက်သို့လှည့်လိုက်သည်။

သူမ၏မျက်လုံးတို့အား ရှစ်ဖုန့်ပေါ်၌ စူးစိုက်ထားပြီး  မေးလိုက်၏။

“ဘာတွေဖြစ်နေတာလဲ. “

ကောင်မလေးကဤမေးခွန်းကိုပင်ထပ်မေး၏။

“ဘာမှမဖြစ်ဘူး”

ရှစ်ဖုန့်ကထူးမခြားနားစွာပြောလိုက်သည်။ ထို့နောက် သူ့အောက်ရှိအဖြူလေးကလှုပ်ရှားလိုက်သည်။ ၎င်းကရှစ်ဖုန့်အားသယ်ဆောင်ပြီး ရှေ့တွင်ရှိနေသာလူသုံးယောက်ထံသို့လျှောက်သွားလိုက်၏။ရှစ်ဖုန့်ချဉ်းကပ်လာသောအခါတွင်  ရှစ်ဖုန့်အားပြန်ပေးဆွဲပြီး ထိုက်မိသားစုသို့ဖမ်းခေါ်သွားကြမည့်လူ

သုံးယောက်မှာ မသိလိုက်ပါဘဲနောက်သို့ဆုတ်လိုက်ကြသည်။

ဤလူငယ်ကသူ၏ အစိမ်းရောင်လက်ဖဝါးပုံရိပ်အား လက်တောက်တစ်ချက်ဖြင့်ဖျက်ဆီး

လိုက်ကတည်းက ဤလူငယ်၏သိုင်းစွမ်းအားက သူ့ထက်မြင့်မားသည်ကိုကန်းထျန်း

ရှင်းလင်းစွာသိသည်ဖြစ်သည်။

“ဘာလဲ.ခုဏက ခင်ဗျားပဲဒီသခင်လေးကိုသခင်ခန်းစာ

ပေးချင်နေတဲ့ပုံပါ. . ကောင်းကင်နဲ့မြေကြီးရဲ့ကျယ်ပြောမှုကိုမသိဘူး ရေတွင်းအောက်ခြေကဖားသူငယ်

လို့လဲပြောခဲ့သေးတယ်မဟုတ်လား.အခု ဒီသခင်လေးကိုဒီလောက်မြန်မြန်ကြီးကြောက်သွားရလား”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters