← Chapters

– အိပ်ရာခင်းပေးမယ်

Vol. 9 Ch. 162

– အိပ်ရာခင်းပေးမယ်

Vol. 9 Ch. 162

အနောက်ဘက်ဥယျာဉ်ရှိ ပဲနွယ်ပင်စင်ဆီသို့ ရောက်သောအခါ ပေထင်းဟွမ်သည် မအောင့်နိုင်တော့ပေ။ သူမသည် ခါးကိုင်းပြီး ရယ်မောတော့ သည်။ သူမသည် မိန်းကလေးများကို စိတ်မဝင်စားသည်မှာ မှန်သည်။ ထို ပြဿနာအတွက် ယခုအချိန်ထိ သူမ ခေါင်းကိုက်နေတုန်းပင်။ အနာဂတ်တွင် သူမ၏ ဇနီးလောင်း မည်သို့လုပ်တော့မည်နည်း။ သူမသည် လော့ပေမြို့တွင် သူမ အနိုင်ကျင့်ခံရမည်ကို အနည်းငယ် စိတ်ပူနေတုန်းပင်။

“ဘာလို့ အဲလောက်ရယ်နေတာလဲ.. အဲဒီမက်မွန်ပွင့်ပုပ်တွေကို မင်း အတွက် ငါ ပိတ်လိုက်ပြီလေ” ချင်းယွိ၏မျက်လုံးများသည် လရောင်အောက် တွင် အနက်ရောင်ဝတ်လူငယ်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူမကို ဤမျှ ပျော်ရွှင်စွာ ရယ်မောအောင်လုပ်နိုင်လျှင် သူ၏ဂုဏ်သတင်းကို လက်လျော့နိုင် သည်ဟု ခံစားရသည်။

ပေထင်းဟွမ်သည် ဗိုက်ကိုပွတ်ကာ ထရပ်လေသည်။ သူမသည် ချင်းယွိ မျက်လုံးထဲမှ နက်နဲသောသည်းခံမှုနှင့် ချစ်ခြင်းမေတ္တာကို လက်လွတ်မခံခဲ့ပေ။ သူမ မည်သူပင်ဖြစ်စေ၊ ရှောင်ကျို့ သို့မဟုတ် ပေယဲ့ပင်ဖြစ်စေ ချင်းယွိသည် သူမကို တန်ဖိုးထားခဲ့သည်။ ဤအရာသည် သူမကို ရင်ထဲထိသွားစေသည်။

“အစ်ကိုချင်း.. ကျွန်တော့်အတွက် ကာပေးတဲ့အတွက်‌ ကျေးဇူးတင်ပါ တယ်.. တစ်နေ့အစ်ကိုချင်းကို လာပြီးပစ်မှတ်ထားရင် ကျွန်တော် အစ်ကိုချင်း အတွက် ကာပေးမှာပါ တကယ်တော့ ကျွန်တော်…”

ပေထင်းဟွမ်သည် သူမ၏သရုပ်မှန်ကို ချင်းယွိအား ပြောမည့်အပြုတွင် သူမ၏အသိစိတ်ပင်လယ်မှ မိုးကြိုးသွား၏အသံထွက်ပေါ်လာသည်။ “သခင် ငါခုနက မီးဖိုချောင်ကို အစာသွားရှာတော့ တစ်ယောက်ယောက်က မင်းနဲ့ နှင်းဝံပုလွေကြေးစားအဖွဲ့ကို ထိခိုက်အောင်လုပ်မလို့ ကြံစည်နေတာ တွေ့ခဲ့ တယ်.. မနက်ဖြန် မှော်သားရဲတိုက်ပွဲမှာ မင်းတို့အကုန်လုံးကို သေရမယ်လို့ သူတို့ပြောနေကြတာ”

မုယန်းသည် အင်္ကျီသွားလဲရာမှပြန်လာသည်။ သူသည် ပေထင်းဟွမ်အား ခန်းမထဲတွင် မတွေ့သဖြင့် စိုးရိမ်တကြီး လိုက်မေးနေရသည်။ လှည့်ပတ် မေးမြန်းပြီးနောက် ပေထင်းဟွမ်ကို ချင်းယွိမှ အနောက်ဘက်ခြံဝန်းဆီသို့ ခေါ်သွားသည်ကို သိသည်နှင့် သူသည် ခြံဝန်းအနောက်သို့ အမြန်ပြေးသွား၏။

မုယန်း၏ ပူပန်နေသောမျက်နှာကိုကြည့်ပြီး မှော်သားရဲခံတပ်မှ မျိုးရိုးမြင့် တစ်ဦးသည် မြို့ဝန်ကိုစနောက်လသည် “သခင်ပေယဲ့က အောင်မြင်တဲ့လူပဲ.. မြို့ဝန် ခင်ဗျားမှာလည်း သခင်လေးမုယန်း သားတစ်ယောက်ပဲရှိတာလေ.. မြို့စားငယ်မုယန်းကို သခင်ပေယဲ့နဲ့ ပတ်သက်စေချင်တာသေချာလား”

အဲလူစကားရဲ့နောက်ကွယ်က အဓိပ္ပာယ်ကို မုဖုန်း နားမလည်ဘဲနေပါ့ မလား။ ဒီလူက တမင်ပြောနေတာမလား။ သူ စိတ်ပူနေတာကိုတွေ့တာနဲ့ အနာပေါ်ဆားလာသိပ်တာပေါ့လေ။

မုဖုန်းသည် ခါးသီးစွာပြုံးလိုက်သည်။ သူ ဘာလုပ်နိုင်ဦးမည်နည်း။ သူသည် သားဖြစ်သူကို ပေယဲ့နှင့်ပေါင်းသင်းသည်ကို တင်းကြပ်ရမည်။ ရာယာ အင်ပါဝါတွင် ပေယဲ့အား မျက်စိကျနေသည့်လူလည်း များပြားလှသည်။ နောက်ခံအားကောင်းသော ပါရမီရှင်သည် အနာဂတ်တွင် သေချာပေါက် ဦးမော့လာမည်ဖြစ်သည်။ သူနှင့် ရင်းနှီးမှုရယူလိုက်လျှင် အနာဂတ်သည် ဆိုးစရာအကြောင်းမရှိပေ။

အသက်ကို ခပ်ပြင်းပြင်းရှူလိုက်၏။ တစ်ခုလိုချင်လျှင် နောက်တစ်ခုကို လက်လျှော့ရမည်ကို မုဖုန်းလည်းသိသည်။ သူသည် စိတ်ပိုင်းဖြတ်လိုက်သည် “သခင်ပေယဲ့သာ ကျုပ်သားကို ကြည့်ပေးမယ်ဆိုရင် သူ့ကိုပေးတာပေါ့.. သူ့ အတွက် အိပ်ရာခင်းပေးဖို့ ကျုပ်တွေဝေနေမှာမဟုတ်ဘူး”

ဟား

ခန်းမတစ်ခုလုံးမှာ အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားလေ၏။ သခင် ပေယဲ့အတွက် မြို့ဝန်သည် မိသားစု၏ အရေးအကြီးဆုံးဖြစ်သည့် မျိုုးရိုးစဉ်ဆက်ကိစ္စကိုပင် လျစ်လျူရှုခဲ့သည်။ ဒီသတ္တိကတော့… အဲဒါကြောင့် သခင်မုဖုန်းက မြို့ဝန်နေရာမှာထိုင်နေနိုင်တာပဲ။ ကြီးကျယ်ခမ်းနားသော အရာ များကို ပြုလုပ်သူများသည် အသေးအဖွဲ့ကိစ္စများကို ဂရုမစိုက်ကြပေ။

ထိုအခိုက်တွင် လူမည်မျှ ဝမ်းနည်းကြေကွဲသွားသည်ကို မသိနိုင်ပေ။ သခင်ပေယဲ့က သူတို့စိတ်ကို လှုပ်ခတ်သွားစေတာလား။ ဒီကိစ္စက ဘယ်လောက် ကြီးလိုက်လဲ။ သူတို့တွေ ဘာလို့ အဲလောက်ဂရုစိုက်နေတာလဲ။ သူတို့တွေက ဘာလို့ဒီလောက် ရှက်နေရမှာလဲ။ သူတို့ကိုယ်သူတို့ကျ တန်ဖိုး ထားပြီ ဘာလို့လက်မလွှတ်နိုင်တာလဲ။ အခု ခွန်အားကြီးသူ နည်းသူအများကြီး ရှိနေတာကို သခင်ချင်းယွိနဲ့ မြို့စားငယ်တို့နဲ့ ယှဉ်ပြိုင်ဖို့ သူတို့မှာ ဘာအရည်အချင်းပြည့်မှီလဲ။

ခန်းမထဲတွင် အားလုံးသည် သူတို့အတွေးနှင့်သူတို့ပင်။ မုယန်း ပဲနွယ်ပင် စင်သို့ရောက်သောအခါ ချင်းယွိသည် ပေထင်းဟွမ်အား မှော်သားရဲစီးကြောင်း အကြောင်းကို မိတ်ဆက်ပေးနေသည်ကို တွေ့လိုက်ရသည် “အရုဏ်မတက်ခင် လေဟာနယ်ဆီကိုသွားရမယ်.. အဲအချိန်ကစပြီး စခန်းချနေရမယ်.. မွန်မြတ်တဲ့ ဝိညာဉ်အပျက်အစီးက နေထွက်တဲ့အချိန်မှာ ပထမဆုံးအကြိမ်ဖွင့်ပြီး မှော်သားရဲ ပထမအသုတ်ကိုထုတ်လိမ့်မယ်.. အဲတစ်သုတ်က အားအနည်းဆုံးပဲ မွန်မြတ်တဲ့ဝိညာဉ်အပျက်အစိးက တစ်နေ့မှာ ၃ ၄ ကြိမ်ဖွင့်တယ်.. ၃ ခါဆိုရင် တော့ မှော်သားရဲတွေရဲ့ခွန်အားက တစ်သုတ်ချင်းစီမှာ တိုးလာတတ်တယ်.. ၄ သုတ်ဆိုရင်တော့ နောက်ဆုံးမှော်သားရဲ့အသုတ်ထဲမှာ နတ်သားရဲပါလိမ့်မယ်”

ဤသည်မှာ နှစ်စဉ် မွန်မြတ်သောဝိညာဉ်အပျက်အစီး ပွင့်ချိန်တွင် လူသားတို့ စုဆောင်းရရှိခဲ့သည့် အတွေ့အကြုံပင်ဖြစ်သည်။ သို့သော် နှစ်ပေါင်း များစွာကြာပြီးနောက် နတ်သားရဲတို့ ဆင်းသက်သည်မှာ သုံးကြိမ်သာရှိခဲ့သည်။

All Chapters