သင်္ဂြုဟ်ဖို့ တစ်စုံတစ်ယောက်က ကူပြီးတွင်းတူးပေးမှာပဲ
Vol. 9 Ch. 163
နတ်သားရဲ… ပေထင်းဟွမ်သည် သွားရည်ကျလုမတတ်ပင်။ သူမသည် အသက်ပြင်းပြင်းရှူကာ တံတွေးမျိုချလိုက်သည်။ ဤလောဘတက်နေသော အြည့်သည် ချင်းယွိနှင့် အလောတကြီးရောက်လာသော မုယန်းတို့ကို ရယ်မော စေသည်။ သူမကို ထိုကိစ္စအတွက် အပြစ်တင်၍မရပေ။ သူမတွင် မွန်မြတ် သောသားရဲနှစ်ကောင်ရှိသည်။ သားရဲစီးကြောင်းတွင် မွန်မြတ်သောသား အများအပြား သေချာပေါက် ပေါ်လာမည်ဖြစ်သည်။ သူတို့သာ အရည်အချင်း မရှိလျှင် သူမသည် စိတ်ဝင်စားမည်မဟုတ်ပေ။
သို့သော် သူမ အနာဂတ်တွင် စာချုပ်တည်ထောင်မည့် မှော်သားရဲမှာ နတ်သားရဲဖြစ်ရမည်။
သူတို့၏ စိတ်စွမ်းအင်အရ ဝိညာဉ်သခင်များသည် စာချုပ်တည်ထောင်ရ မည့် မှော်သားရဲများမှာ အကန့်အသတ်ရှိသည်။ လက်ရှိတွင် ပေထင်းဟွမ်သည် သူမနှင့် စာချုပ်တည်ထောင်နိုင်သော မှော်သားရဲအရေအတွက်၏ ကန့်သတ် ချက်ကို မခံစားနိုင်သော်လည်း ဤကန့်သတ်ချက်ခွဲတမ်းကို တန်ဖိုးထားရမည် ဖြစ်သည်။
ပေထင်းဟွမ်၏ လောဘတက်နေသေအကြည့်ကြောင့် ချင်းယွိသည် ငိုရမည်လား ရယ်ရမည်လားပင် မသိတော့ပေ။ “နတ်သားရဲရှိရင် ငါတို့ ဒုက္ခ ရောက်တာပဲ.. ဒီတစ်ခေါက်မှော်သားရဲတိုက်ပွဲမှာ ပါတဲ့သူတွေမှာ ကောင်းကင် အဆင့်စွမ်းအားရှင်တွေ မပါတာမမြင်ဘူးလား.. ငါတို့ မြေကြီးအဆင့် ဝိညာဉ် သခင်တွေက နတ်သားရဲရှေ့မှာ အမြောက်စာ(အသေခံတပ်သား) တောင်ဖြစ် ခွင့်ရလိုက်မှာမဟုတ်ဘူး”
ပေထင်းဟွမ်သည် နှာခေါင်းကိုထိလိုက်သည်။ သူမသည် အနည်းငယ် ရှက်သွားမိသည်။ မုယန်းလာနေသည်ကို သူမ မြင်လိုက်သည်နှင့် ပြုံးပြီး ပြော လိုက်သည် “အစ်ကိုမု ရောက်လာတာအချိန်ကိုက်ပဲ.. ရှင်းထျန်ကြေးစားအဖွဲ့ က မြို့ဝန်အိမ်တော်ကလူတွေနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းအခုပဲရတယ် သူတို့တွေက မနက်ဖြန်မှော်သားရဲစီးကြောင်းမှာ ကျွန်တော်တို့ကို တိုက်ခိုက် လိမ့်မယ်”
မုယန်း၏မျက်နှာသည် မည်းနက်သွားကာ ထခုန်လေသည် “အဲဒီ မြေခွေးမပဲဖြစ်ရမယ် ငါသူမကို သွားရှာမယ်”
ပေထင်းဟွမ်သည် နာမည်ကိုမပြောရသေးခင်မှာပင် မုယန်းသည် ခန့်မှန်း မိပြီးသားဖြစ်သည်။ မုယန်းနှင့် သခင်မနန်ကုန်းတို့သည် မကြာမကြာတိုက်ခိုက် တတ်သည်မှာ ထင်ရှားလွန်းသည်။ ပေထင်းဟွမ်သည် သူ့ကို ဆုပ်ကိုင်ပြီး ပြော လိုက်သည် “အစ်ကိုမု သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့မလိုဘူး.. ကျွန်တော့်မှာ အကြံ ရှိတယ် ကျွန်တော်လိုတာအဲဒါပဲ”
နှစ်စဉ်နှစ်တိုင်း မှော်သားရဲစီးကြောင်းအတွင်းတွင် မြို့ဝန်အိမ်တော်သည် ရာယာအင်ပါယာမှ အားကောင်းသော လှည့်လည်သွားလာသူများ၊ ကြေးစား များကို ဖိတ်ခေါ်ပြီး မှော်သားရဲစီးကြောင်းကို ခုခံက မြို့ကာကွယ်ရေးတပ်ကို အကူအညီဖြစ်စေရန် တောင်းဆိုလေ့ရှိသည်။ မှော်သားရဲခံတပ်သည် ပထဝီဝင် တည်နေရာအရ ရာယာအင်ပါယာ၏ မြောက်ဘက်တံခါးဖြစ်သည်။ ရန်သူများ ကို သတိထားပြီး ခရီးသွားများကို အထူးကြပ်မတ်စွာ စစ်ဆေးသည်။
နှစ်စဉ်နှစ်တိုင်း မွန်မြတ်သောဝိညာဉ်အပျက်အစီးပွင့်ခြင်းသည် တိုက် မြောက်ပိုင်းတစ်ခုလုံးကို ထိတ်လန့်စေသော်လည်း သူတို့သည် ပေါ့ဆခြင်းမရှိခဲ့ ကြပေ။ ထိပ်တန်းကြေးစားအဖွဲ့မှလွဲပြီး အဖွဲ့ငယ်များသည် မြို့တံခါးကိုပင် ဝင်ခွင့်မရှိပေ။
သို့သော် မြို့သို့ဝင်ပြီး ကာကွယ်ရေးတိုက်ပွဲတွင် ပါဝင်ခွင့်ရသည့် အဖွဲ့များ နှင့် တစ်ဦးတစ်ယောက်ချင်းစီကို ဆက်ဆံပေးသည်မှာ အထူးကောင်းမွန်သည်။ စားကောင်းသောက်ဖွယ်များ၊ ဝတ်ဆင်စရာများ၊ နေထိုင်မှုနှင့် ကူးသန်း သွားလာမှုအပါအဝင် ကြယ်လွင်ပြင်တွင် တဲဆောက်ခြင်းနှင့် တိုက်ပွဲအတွင်း လိုအပ်သောရိက္ခာများကို မြို့ဝန်အိမ်တော်မှ အကုန်အကျခံသည်။
သခင်မနန်ကုန်းသည် ရှင်းထျန်ကြေးစားအဖွဲ့နှင့် ပူးပေါင်းနိုင်ခြင်း၏ အကြောင်းအရင်းမှာ ဤအားသာချက်ကြောင့်ဖြစ်သည်။
“အဲမိန်းမက အသုံးမကျတဲ့သူ့မောင်အတွက်နဲ့ ဒီလိုအရှက်မရှိတဲ့လုပ်ရပ် ကိုတောင် လုပ်ထွက်တယ်… ငါတို့မှော်သားရဲခံတပ်ရဲ့ ဂုဏ်သတင်းကို လာ ဖျက်ဆီးနေတာပဲ” မုယန်းသည် ဒေါသထွက်သဖြင့် အင်္ကျီလက်ကိုခါကာ သက်ပြင်းကို ခပ်လေးလေးချလိုက်သည် “ကံကောင်းလို့ ပေယဲ့ရဲ့ မှော်သားရဲက သိသွားတာ.. မဟုတ်ရင် အကုန်လုံးတော့ မတွေးရဲစရာပဲ”
ချင်းယွိသည် မြေကြီးပေါ် တစ်ချက်နှစ်ချက်ဆွဲပြီး ကြယ်လွင်ပြင်သို့ သွားရာလမ်းတစ်လျှောက် နေရာများကို အမှတ်အသားပြုလုပ်သည်။ သူသည် လမ်းပေါ်ရှိ အနည်းငယ် ကြမ်းတမ်းသောတောင်ကုန်းကို ညွှန်ပြပြီးပြောလေ သည် “ဒီခရီးက အချိန်မကြာဘူး.. ငါတို့ဘာသာသွားရင် တစ်နာရီဆိုလောက်ပြီ ဒါပေမဲ့ မြို့ဝန်အိမ်တော်က ရိက္ခာသယ်ယူတဲ့ ယာဉ်တွေက အရုဏ်တက်မှာ ထွက်လိမ့်မယ်.. အဲဒီမှာတိုက်ခိုက်ရင် ငါတို့ကို ဘယ်သူမှ သံသယဝင်မှာမဟုတ် ဘူး.. ဒါပေမဲ့ ဒီနေ့ည ရှင်းထျန်ကြေးစားအဖွဲ့က ငါတို့ကို စောင့်ကြည့်နေမှာပဲ.. သူတို့မသိအောင် ထွက်ဖို့ကမလွယ်လောက်ဘူး”
“ဒီကိစ္စကို ကျွန်တော့်ကိုအပ်ထားလိုက်တော့ သူတို့တွေ သံသယမဝင် အောင်လုပ်ဖို့ နည်းလမ်းရှိတယ်” ပေထင်းဟွမ်သည် ပြုံးပြီး မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူမ၏ အန္တရာယ်များသော အမူအရာသည် မုယန်းကို တုန်ယင်သွားစေသည်။ ကံကောင်းစွာပင် သူသည် ဤကောင်လေးနှင့် ရန်သူ မဖြစ်ခဲ့ပေ။ မဟုတ်လျှင် သူ အိပ်ရမည်ကိုမဟုတ်ပေ။
“ပေယဲ့ အဲဒီအရင်းအမြစ်တွေအကုန်လုံးကို ဖျက်ဆီးပစ်လိုက်မလို့လား” မုယန်းသည် အတန်ကြာနားထောင်ပြီးသော်လည်း ပေထင်းဟွမ် လုပ်ချင်သည့် အရာကို နားမလည်သေးပေ။
ပေထင်းဟွမ်သည် မတ်တတ်ရပ်ကာ ကောင်းကင်ပေါ်မှ အေးစက်သော လရောင်ကို ပြုံးကြည့်လိုက်သည် “အဲဒါတွေကို ဖျက်ဆီးဖို့က နှမြောစရာကြီး လေ.. သူတို့ကို သင်္ဂြုဟ်ဖို့ လူတစ်ယောက်က ကူညီပါလိမ့်မယ်.. ကျွန်တော်တို့ က ဘာလို့မပျော်ရမှာလဲ.. သူ့ဆန္ဒကို ဖြည့်ဆည်းခွင့်ရှိပါတယ်”