ချုံချီ သူမနောက်လိုက်
Vol. 9 Ch. 164
ပေထင်းဟွမ်သည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းပြီး ခြံထောင့်မှ ပင်လုံးကြိုင်အပင်ကို တစ်ချက်ကြည့်လိုက်သည်။ ညဥ့်နက်နေ သလို မြို့ဝန်အိမ်တော်သည် ဧည့်သည်များကို ညအိပ်ညနေအတွက် စီစဉ်ပေး ထားသည်။ ချင်းယွိသည် နှင်းဝံပုလွေကြေးစားအဖွဲ့နှင့် အိပ်မည်ဖြစ်ပြီး မုယန်း သည် ပေထင်းဟွမ်အား ကိုယ်တိုင် အခန်းတစ်ခန်းစီစဉ်ပေးသည်။ သူတို့ အားလုံးအရင်ထွက်သွားကြသည်။ ပေထင်းဟွမ်သည် တစ်ယောက်တည်းနေ ချင်သဖြင့် နေခဲ့လိုက်သည်။
သူမလက်ထဲမှ သေရည်ခွက်သည် ကုန်နေပြီဖြစ်သည်။ ပေထင်းဟွမ် သည် ကုန်နေသောခွက်ကို ပဲနွယ်ပင်စင်၏ တန်းပေါ်သို့တင်ပြီး ပင်လုံးကြိုင် အပင်ဆီသို့ အော်လိုက်သည် “ဒီကိုရောက်နေမှတော့ ထွက်လာလေ”
ချုံချီသည် ထိတ်လန့်သွားသည်။ သူ ဤနေရာတွင် ရပ်နေသည်မှာ အသက်အနည်းငယ် ရှူချိန်လောက်ပင်ရှိသေးသော်လည်း ပေထင်းဟွမ်သည် သူ့ကိုတွေ့သွားသည်။ ထို့အပြင် သူ ရောက်ကတည်းက သူမ သတိထားမိခဲ့၏။ ကောင်းကင်အဆင့်ဝိညာဉ်သခင်၏ တည်နေရာသည် ဝိညာဉ်သခင်ကြီးတစ်ဦး ၏ရှေ့တွင် ပေါ်ပေါက်သွားခဲ့သည်။ ချုံချီသည် အလွန်ပင် စိတ်ဓာတ်ကျသွား သည်။
“ငါပြောမယ် အဲလောက်ကြီး ထက်ဖို့လိုလို့လား.. မင်းက လူတွေကို ခုခံဖို့ များမွေးလာလေသလား” ချုံချီသည် မပျော်မရွှင်ဖြင့် ရှေ့တိုးလာသည်။ သူသည် ပေထင်းဟွမ်အား ခေါင်းအစခြေအဆုံး အထင်သေးစွာဖြင့် ကြည့်ပြီးမေးလေ သည် “နေမကောင်းဘူးလား”
ပေထင်းဟွမ်သည် တဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် ပျော်ရွှင်စွာ ပင် ပြုံးလိုက်သည် “ညအရှင်သခင်က ကျွန်တော့်ကို လာကြည့်ခိုင်းလိုက်လို့ လား”
“ဟုတ်တယ် ဘာများဖြစ်နိုင်ဦးမှာလဲ” ချုံချီသည် စင်္ကြံရှည်ပေါ်တွင် ပေါ့ပေါ့ပါးပါးထိုင်လိုက်သည် “မင်းက အားကောင်းတဲ့ပြိုင်ဘက်နဲ့တွေ့တဲ့ အချိန်မှာ သခင်ထားခဲ့တဲ့ မင်းလက်နက်ပေါ်ကနေ နတ်အာရုံကအချက်ပေး လိုက်တာပဲ.. သခင်က အရေးတကြီးလုပ်စရာသာမရှိရင် သူကိုယ်တိုင်လာမှာပြ”
ထင်ထားသည့်အတိုင်း ယန်ယဲ့ပင်။ ပေထင်းဟွမ်၏ခန္ဓာကိုယ်တွင် ပူလောင်သော နွေးထွေးမှုများ ပျံ့နှံ့သွားသည်။ သူမ၏ နှလုံးသားကို ပူပြင်း သည့် နွေဦးရေထဲတွင် နှစ်လိုက်သလိုခံစားရသည်။ သူမသည် နှာခေါင်းကိုထိ ပြီး ပြောလေသည် “သူကအားကောင်းတာမဟုတ်ပါဘူး သတိလွတ်ပြီး လုပ်ကြံ ခံရလုနီးပါးဖြစ်သွားတာပါ”
“သိရင်လည်းကောင်းတာပဲ.. ဒီပင်မတိုက်ကြီးမှာ ခွန်အား ဒါမှမဟုတ် နောက်ခံအခြေအနေမရှိရင်တောင် နောက်ဆုံးထိ အသက်ရှင်နေနိုင်သူက အကြီးမားဆုံးအောင်နိုင်သူဖြစ်မှာပဲ” ချုံချီသည် သူ၏အတွေ့အကြုံကို ရက်ရက်ရောရောမျှဝေနေသည်။
ပေထင်းဟွမ်သည် ထိုစကားကြားသောအခါ ရယ်မောလေသည်။ သူမ ရှေ့တိုးပြီး ချုံချီ၏ပခုံးကို ပုတ်လိုက်သည် “ချုံချီ မင်းက တကယ်ဉာဏ်ကောင်း တာပဲ”
သူတို့နှစ်ယောက်သည် တိုက်ခိုက်ပြီးနောက် သူငယ်ချင်းများဖြစ်သွားကြ သည်။ အားမနည်းသော်လည်း အားလည်းမကြီးသော ဤလူငယ်ကို ချုံချီသည် အထူးတလည် သဘောတွေ့သည်။ သူသည် ချက်ချင်းပင် ပေထင်းဟွမ်၏ ပခုံးကို လက်ဖြင့်ခပ်ကြမ်းကြမ်းဖက်ပြီး စိုးရိမ်မှုကို ပြသလေသည်။
“သေချာတာပေါ့ လာနောက်နေတာလား.. ငါ.. ဘယ်သူလဲဆိုတာ ဘာလို့ မကြည့်တာလဲ.. ပြီးတော့ ငါက ညအရှင်ရဲ့.. ရှေးခေတ်နောက်လိုက်ပဲ” ချုံချီ သည် ရယ်မောလေသည်။ သူ၏ဖြူစွတ်သောသွားများသည် လရောင်အောက် တွင် အေးစက်စွာတောက်ပနေသည်။ အလွန်ရယ်စရာကောင်းသည်။
ပေထင်းဟွမ်သည် ချုံချီ၏ စကားအမှားကြောင့် အနည်းငယ် နားမလည် နိုင်ဖြစ်သွားသည်။ သို့သော် လျှို့ဝှက်ချက်မရှိသူမှာ မရှိပေ။ သူမ ထပ်မမေး တော့ပေ။ သူမ၏ အမိန့်များကို နာခံရန် ချုံချီကိုပြောမည်အပြုတွင် ချုံချီသည် ပြောလာလေသည် “ပေယဲ့ မင်း လှုပ်ရှားတော့မလို့မလား.. ဒီနေ့ည ငါ မင်းနဲ့ လိုက်မယ်”
ပေထင်းဟွမ်သည် မျက်လုံးများကို လှိမ့်လိုက်သည်။ သူမ၏ အစီအစဉ် တွင် လူတစ်ယောက်အနည်းဆုံးပါသည်။ ချုံချီသည် အပြင်လူမဟုတ်သဖြင့် အကြောင်းအရင်းမရှိ ငြင်းပစ်ရန်မလိုပေ။ သူမသည် ချက်ချင်းပင် သဘောတူ ခဲ့သည် “ဟုတ်ပြီလေ”
မြို့ဝန်အိမ်တော်၏ အနောက်ဘက်ဥယျာဉ်တွင် တစ်ဦးစာဧည့်သည် အခန်းအဖြစ် အထူးတလည်သုံးသည့် ခြံဝန်းရှသိည်။ သဘာဝကျကျပင် ပေထင်းဟွမ်ကို အကောင်းဆုံးအခန်းပေးထားရာ ထိုညတွင် ချုံချီသည် ထိုနေရာ၌ပင်နေထိုင်သည်။ သူမသည် ရေမိုးချိုးပြီးနောက် စောစီးစွာ အနားယူ သည်။ ပေထင်းဟွမ်အား ဧည့်သည်အကြီးအကဲအဖြစ် ခန့်အပ်ချင်နေသော ရေနက်ကြေးစားအဖွဲ့ခေါင်းဆောင်ဟွမ်ယွမ်သည် ချင်းယွိကို ဆွဲခေါ်လာသည်။ သူတို့တွေ့သည်နှင့် ကျယ်လောင်စွာရယ်မောလေသည် “ညီလေး ကျုပ်ရဲတင်း လွန်းတာကို အပြစ်မတင်နဲ့”
ချင်းယွိကြောင့်သာမဟုတ်လျှင် ပေထင်းဟွမ်သည် စိတ်ရှည်မည်မဟုတ် ပေ။ ထို့အပြင် သူတို့သည် နေဝင်တောတွင်ရှိစဉ်က ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့ သည်။ ဟွမ်ယွမ်သည် သူမအား အလွန်တန်ဖိုးထားသည်။ သူသည် ဟွမ်ယွမ် အား ယဉ်ကျေးစွာပင် ကြိုဆိုခဲ့သည်။ ချင်းယွိ သူတို့နှစ်ယောက်ကို တစ်ဦးနှင့် တစ်ဦးမိတ်ဆက်ပေးပြီးသောအခါ သူ့နေရာကို လက်လျောကာ ပြောလေသည် “ခေါင်းဆောင်ဟွမ်ယွမ် ထိုင်ပါဦး”