ငါ့ကို အစ်ကိုကြီးလို့သာခေါ်
Vol. 9 Ch. 165
“ဟူး” ဟွမ်ယွမ်သည် လက်ထဲမှ ယပ်တောင်ကိုယမ်းလိုက်သည် “ညီလေး မင်းယဉ်ကျေးလွန်းနေပြီ ငါ့ကိုဘာလို့ခေါင်းဆောင်လို့ခေါ်နေတာလဲ. ငါက ဒီအတိုင်း ကြယ် ၅ ပွင့်ဝိညာဉ်သခင်ကြီးအဆင့်ပဲရှိတာလေ.. ညီလေးက အခုကို ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးခွန်အားရှိနေပြီ.. ဒြပ်စင်စွမ်းအင်ကို တောင် ကျင့်ကြံနိုင်တာပဲ.. ငါက ညီလေးနဲ့ယှဉ်ရင် အားနည်း လွန်းပါတယ်”
ထိုလူ၏ ကိုယ်ရည်ကိုယ်သွေးသည် ပွင့်လင်းလွန်းသည်။ သူ့စကားများ သည် ပေထင်းဟွမ်အား ခယပြီးမြှောက်ပင့်နေသော်လည်း သူ၏ရိုးသားသော သဘောထားကြောင့် ပေထင်းဟွမ်သည် ရွံ့ရှာခြင်းမရှိမိပေ။ ဆန့်ကျင်ဘက် အနေနှင့် သူမသည် ဤပွင့်လင်းသောကိုယ်ရည်ကိုယ်သွေးကို သဘောကျ၏။ သူမ ပြုံးပြီးပြောလိုက်သည် “ခွန်အားဆိုတာက ယာယီပါ.. ခွန်အားရှိတာနဲ့ ကျေနပ်သွားတာတို့ လောဘတက်သွားတာတို့ဆို မြန်မြန်သေမှာပဲ.. တစ်ဖက် မှာကျ ဆက်တိုက်ကြိုးစားသွားမယ်ဆိုရင် အနာဂတ်မှာ ဘယ်လောက်ထိ ရောက်နိုင်မလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရနိုင်ဘူး.. ခေါင်းဆောင်ဟွမ်ယွမ် က ပေယဲ့နဲ့ ခွန်အားအရာမှာ ပြိုင်ချင်ရင် ပေယဲ့ ဘယ်လောက်ပဲ အားကောင်း ပါစေ ရေနက်ကြေးစားအဖွဲ့တစ်ခုလုံးနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”
ဟွမ်ယွမ်သည် ရေနက်ကြေးစားအဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။ ဓားသခင်တစ်ယောက်အနေနှင့် သူသည် ရေနက်ကိုတည်ထောင်ကာ အမည် မသိကြေးစားအဖွဲ့မှ ရေနက်ဆိုသည့်အဖွဲ့ကို တိုက်ကြီးတွင် ထိပ်တန်းသုံးဖွဲ့ အတွင်း ပါဝင်လာနိုင်ရန် ဆွဲခေါ်ခဲ့သည်။ ကြေးစားတစ်ယောက်အနေနှင့် ပေထင်းဟွမ်သည် ဤကဲ့သို့လူကို လေးစားသည်။
ပေထင်းဟွမ်သည် ငယ်ရွယ်ပြီး အလွန်တရာထူးချွန်သောခွန်အားရှိကာ နှိမ့်ချတတ်သလို ထောင်လွှားခြင်းမရှိသည်ကို ကြည့်ပြီး ဟွမ်ယွမ်သည် ပေထင်းဟွမ်၏ လာမည့်ပေါက်ရောက်မှုများကို တွေးကြည့်နုင်သည်။ ဟွမ်ယွမ် သည် သူကဲ့သို့ သူရဲကောင်းလူငယ်များ မရေမတွက်နိုင်အောင် မြင်ခဲ့ပြီးဖြစ် သည်။ သူ ဤသူငယ်ကို ကြည့်လေလေ သဘောကျလေလေဖြစ်သည်။ သူသည် မစောင့်နိုင်ဘဲ ပြောလိုက်တော့သည် “ဒါဆိုလည်း ညီလေး ငါ့ကို ခေါင်းဆောင်လို့မခေါ်တော့နဲ့ ငါက မင်းထက်နည်းနည်းပဲကြီးတာဆိုတော့ နောက်ဆို ငါ့ကိုအစ်ကိုကြီးလို့ခေါ်ပေါ့”
သူသည် ပေထင်းဟွမ်ထက် အနည်းငယ်မျှကြီးခြင်းမဟုတ်ပေ။ ဟွမ်ယွမ် ၏ သမီးဖြစ်သူ ဟွမ်မုန်ပင်လျှင် ပေထင်းဟွမ်ထက် အသက်ကြီးသည်။ ဘေးတွင်ထိုင်နေသော ချင်းယွိသည် ဟွမ်ယွမ်၏ မျက်နှာပြောင်မှုကို ဩဘာ ပေးချင်မိသည်။ သူသာ ဟွမ်ယွမ်၏အစီအစဉ်ကို မသိထားလျှင် ဟွမ်ယွမ်ကို ဆွဲထုတ်မိမည်ဖြ်စသည်။
သို့သော် ဟွမ်ယွမ်၏ ရည်ရွယ်ချက်များသည် သိသာလွန်းသည်ဟု ပြောရ သော်လည်း တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များရှိပြီး ပွင့်လင်းသော လူဖြစ်သည်။ သူသည် တခြားရည်ရွယ်ချက်ရှိသော်လည်း အရှိကိုအရှိတိုင်းပြော သည်။ သူသည် ဖုံးကွယ်မနေသဖြင့် စက်ဆုပ်ခြင်းကိုမဖြစ်စေပေ။
သူမ နေဝင်တောတွင် ဒုက္ခရောက်ခဲ့သည့် အချိန်များကို ပြန်တွေးရင်း ပေထင်းဟွမ်သည် တွေဝေခြင်းမရှိ သဘောတူလိုက်သည်။ “ဟုတ်ပါပြီ အကြီးအကဲဟွမ်”
ဤလူကြီးသည် အနည်းငယ်ရှုပ်ထွေးပုံပေါက်သော်လည်း မည်သူမှ စိတ်ထဲမထားကြပေ။ ဟွမ်ယွမ်သည် ပျော်ရွှင်သွားသည်။ သူ လက်တစ်ချက် ဝှေ့လိုက်သည်နှင့် သိုလှောင်လက်စွပ်ထဲမှ ရေအမှတ်အသားပါသည့် အနက် ရောင်တံဆိပ်ပြားတစ်ခုထုတ်ပြီး ပေထင်းဟွမ်အား ပေးလိုက်၏။ “ညီလေး ငါ လူတစ်ယောက်နဲ့လောင်းထားတာ.. မင်းကို ရေနက်ကြေးစားအဖွဲ့ရဲ့ ဧည့်သည် အကြီးအကဲအဖြစ် ဖိတ်ကိုဖိတ်ရမှာ… စိတ်မပူပါနဲ့ ဧည့်သည်အကြီးအကဲ ရာထူးက တကယ်တော့ လစ်ဟာနေတဲ့နေရာပါ.. ရေနက်ကြေးစားအဖွဲ့ အတွက် ဘာမှလုပ်ပေးစရာမလိုဘူး… ဆန့်ကျင်ဘက်အနေနဲ့ တိုက်တစ်ခုလုံး က ရေနက်ကြေးစားအဖွဲ့ထဲမှာရှိတဲ့ အရင်းအမြစ်အကုန်လုံးကို ခံစားလို့ရတယ် ခပ်ပေါ့ပေါ့ပြောရင်တော့ ငါတို့က မင်းရဲ့ဂုဏ်သတင်းကို ငှားလိုက်တာပေါ့.. မင်းမှာ တာဝန်ရှိတာက တစ်ခုပဲ.. ရေနက်ကြေးစားအဖွဲ့ ဘေးဒုက္ခတွေ့ရင် တော့ အကောင်းဆုံးကြိုးစားပြီး ငါတို့ကိုကယ်ရမယ်”
“ဧည့်သည်အကြီးအကဲဟုတ်လား” ပေထင်းဟွမ်သည် အဖြစ်အပျက်များ ကို အကြမ်းဖျင်းနားလည်သွားသည်။ ၂၁ရာစု တက္ကသိုလ်တချို့တွင် အရည်အချင်းရှိ နာမည်ကျော်လူများ သို့မဟုတ် ဂုဏ်သရေရှိအတိုင်ပင်ခံများ ကို ဂုဏ်သရေရှိပါမောက္ခအဖြစ် ပူးပေါင်းခန့်အပ်ခြင်းနှင့်တူသည်။ သူမသည် ဤတိုက်ကြီးတွင် ထိုဘဝကိုစတင်နေသည့်ပုံပင်။ သူမမှာ ခွန်အားရှိလို့လား။ သူမသည် မမေးဘဲမနေနိုင်တော့ပေ “ဧည့်သည်အကြီးအကဲဆိုရင် ပုံမှန် ဘယ်သူတွေကို ဖိတ်လေ့ရှိလဲ”
ချင်းယွိသာ ပေထင်းဟွမ်အား ရေနက်ကြေးစားအဖွဲ့၏ ဧည့်သည် အကြီးအကဲမဖြစ်စေလိုလျှင် ဟွမ်ယွမ်နှင့်တွေ့ပေးမည်မဟုတ်ပေ။ ပေယဲ့သည် ဤတိုက်ကြီးတွင် စတင်ခဲ့သည်မှာ အမှန်ဖြစ်သော်လည်း သူ၏ ခွန်အားနှင့် စိတ်နေစိတ်ထားတို့ကြောင့် အနာဂတ်တွင် ဤတိုက်၏အထွတ်အထိပ်တွင် ရပ်တည်နိုင်မည်ဟု ချင်းယွိယုံကြည်သည်။ သူသာ ရေနက်ကြေးစားအဖွဲ့၏ ဧည့်သည်အကြီးအကဲသာဆိုလျှင် တိုက်ကြီးရှိရေနက်ကြေးစားအဖွဲ့၏ အရင်းအမြစ်များအားလုံးကို အလိုရှိသလို ခံစားနိုင်သည်။ ဤခံစားခွင့်သည် ပေထင်းဟွမ် တိုက်တစ်ခွင် ခရီးသွားလျှင် အကျိုးရှိသည်။