← Chapters

သခင်မလေးဟွမ်မုန်နှင့် ပေယဲ့အားထိမ်းမြားပေးခြင်း

Vol. 9 Ch. 166

သခင်မလေးဟွမ်မုန်နှင့် ပေယဲ့အားထိမ်းမြားပေးခြင်း

Vol. 9 Ch. 166

ချင်းယွိသည် ဟွမ်ယွမ်၏စရိုက်ကို ယုံကြည်သဖြင့် ပြုံးပြီးရှင်းပြလေသည် “ဒီရာထူးက ထူးခြားလို့ ကြေးစားအဖွဲ့တစ်ဖွဲ့က ဧည့်သည်အကြီးအကဲ ၆ ယောက် အပြင်ပိုမခန့်ဘူး.. အဲဒါကြောင့် မင်းအပြင် တခြားတစ်ယောက်ကလွဲ ပြီး ကောင်းကင်အဆင့်ကျွမ်းကျင်သူတွေပဲဖြစ်လိမ့်မယ်”

“နောက်တစ်ယောက်ဟုတ်လား” ပေထင်းဟွမ်သည် မျက်စိရှေ့မှ ရေနက် အမှတ်အသားပါသည့် တံဆိပ်ပြားကိုကြည့်လိုက်သည်။ ထိုတံဆိပ်ပြားကို အလွန်ထူးဆန်းသည့် ကုန်ကြမ်းပစ္စည်းဖြင့် ပြုလုပ်ထားပြီး မည်းနက် မှောင်မိုက်သည့်အလင်းသည် ငွေရောင်အလင်းနှင့်ရောယှက်ကာ ပေါ်ထွက် လာသည်။ သူမသည် ထူးဆန်းမှုကိုခံစားရကာ ထိုနေ့က နေဝင်တောထဲတွင် ချင်းယွိ သူမကိုပေးခဲ့သည့် နှင်းငှက်မွေးတံဆိပ်ပြားကိုပင် သွားအမှတ်ရမိသည်။ သူမ မေးလိုက်သည် “နောက်တစ်ယောက်က ဘယ်သူလဲ”

“နောက်တစ်ယောက်က ပေထင်းမိသားစုရဲ့ နဝမမြောက်သခင်လေးပဲ” ချင်းယွိသည် ပြုံးပြီးပြောလုက်သည်။ သူ တံဆိပ်ပြားကိုကြည့်လိုက်ချိန်တွင် သူ့ မျက်လုံးများသည် အရောင်တောက်နေသည်။ ဟွမ်ယွမ်မှ ဤတံဆိပ်ပြားကို ထုတ်လာလိမ့်မည်ဟုထင်မထားပေ။ ပေယဲ့ကရော ဆန္ဒရှိပါ့မလား။

ချင်းယွိသည် ခေါင်းကို တိတ်တိတ်လေးယမ်းမိသည်။ သူ၏ နူးညံ့သော မျက်လုံးများသည် ဆောင်ဦးရေကဲ့သို့ ကြည်လင်လှသည်။ “သူက မင်းနဲ့အတူ ဘူး.. သူက ဓားသခင်ပဲ.. သူ့ရဲ့ခန္ဓာကိုယ်တည်ဆောက်မှုကြောင့် ဝိညာဉ်သခင် မဖြစ်နိုင်ဘူး.. ငါသူ့ကို ဒီတံဆိပ်ပြားပေးတုန်းက ဧည့်သည်အကြီးအကဲရာထူး နဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ဘူး.. သူ ငါ့ကို ငြင်းမှာကြောက်လို့လေ”

“ဟားဟား.. ညီလေးချင်းယွိ မင်းမှာ ဧည့်သည်တံဆိပ်ပြားထုတ်ဖို့ အခွင့်အရေးတစ်ခုပဲရှိတာ ငါမှတ်မိတယ်.. ကံကောင်းလို့ အဲတုန်းက ပေထင်း သခင်လေး ၉ ကိုပေးခဲ့လို့.. မဟုတ်ရင် အခုချိန် ညီလေးပေယဲ့ကို လာလုမှာ မလား” ဟွမ်ယွမ်သည် ဂုဏ်ယူနေသဖြင့် သူ့မုတ်ဆိတ်ကိုသပ်နေသည်။

ချင်းယွိသည် စိတ်ပါလက်ပါရယ်မောလုက်သည်။ သူသည် ပေထင်းဟွမ် ၏ ပခုံးကိုသိုင်းဖက်ပြီး သူမအား တင်းကြပ်စွာပွေ့ဖက်လိုက်သည် “ပေယဲ့နဲ့ ကျွန်တော်က တံဆိပ်ပြားလောက်နဲ့ ကန့်သတ်လို့မရဘူး.. သူက ကျွန်တော့် နှင်းဝံပုလွေရဲ့ဧည့်သည်မဟုတ်ဘူးလား.. သူ့ကို ကျွန်တော်လိုတဲ့အချိန်ကျ သူက မကူညီတော့ဘူးတဲ့လား တစ်မျိုးပြောရရင် ပေယဲ့ဒုက္ခရောက်ရင်လည်း နှင်းဝံပုလွေကလည်း အကောင်းဆုံးလုပ်ပေးသွားမှာ”

ပေထင်းဟွမ် ရင်ခုန်မြန်လာသည်။ သူမသည် မျက်စိရှေ့မှ လူကြီးလူ ကောင်းကိုကြည့်လိုက်သည်။ သူ၏မျက်နှာကျသည် ဓားနှင့်ထွင်းထုထားသလို ပင်။ သူသည် အလွန်တရာခန့်ညားသောလူဖြစ်သည်။ သို့သော် သူမ သူ့ကို မြင်လုက်ချိန်တွင် ကမ္ဘာကြီးသည် သူ့ရောင်ဝါကြောင့် ဆွဲဆောင်ခံရမည်ကို သိ သည်။ လော့ပေမြို့က သူမဖြစ်စေ လက်ရှိသူမဖြစ်စေ ချင်းယွိသည် ကာကွယ် ပေးသည်။ သူ့စိတ်မှာ အရင်အတိုင်းပင်။ သို့သော် ကာကွယ်သည့်နည်းလမ်းမှာ ကွဲပြားသွားသည်။ အတိအကျပြောရလျှင် ထိုကွာခြားမှုကြောင့်ပင် ပို၍ရင်ထဲ ထိသွားစေသည်။

လော့ပေမြို့တွင် ချင်းယွိ သူမကို နှင်းငှက်မွှေးတံဆိပ်ပြားပေးစဉ်က သူမ သည် ဝိညာဉ်သခင်ဖြစ်လာနိုင်သော အသုံးမဝင်သည့်ခန္ဓာကိုယ်ရှိခြင်းကြောင့် သူ သူမကို ကာကွယ်ပေးခြင်းဖြစ်သည်။

“ဘယ်လိုထင်လဲ” ဟွမ်ယွမ်သည် ပေထင်းဟွမ် သဘောမတူမည်ကို ကြောက်သဖြင့် ချင်းယွိအား အားတက်သရော်မျက်စပစ်ပြလေသည် “ငါ့ ဖိတ်ကြားမှုကို လက်ခံနိုင်လား.. မင်းသာ ရေနက်ကြေးစားအဖွဲ့ရဲ့ ဧည့်သည် အကြီးအကဲဖြစ်လာမယ်ဆိုရင် မင်း အဖွဲ့ငယ် ၁၀ ဖွဲ့ကို အမိန့်ပေးနိုင်စေရမယ် လို့ အထူးတလည်သဘောတူပေးမယ်”

ပေထင်းဟွမ်သည် တစ်စုံတစ်ရာပြုလုပ်ရန် တခြားလူ၏ စွမ်းအားကု ငှားယူရန်မလိုပေ။ ထို့အပြင် သူမကဲ့သို့လူသည် တစ်နေ့တွင် ကိုယ်ပိုင်စွမ်းအား ရှိလာမည်ဖြစ်သည်။ ဟွယ်ယွမ်သည် ရက်ရောကာ မည်သို့ပြုမူရမည်ကို သိ၏။

ချင်းယွိသည် ဟွမ်ယွမ်အား ဖြောင်းဖြရန်မကြိုးစားပေ။ သူသည် ပေထင်းဟွမ်ဘက်မှဖြစ်သည်။ သူသာ သာမန်ဧည့်သည်အကြီးအကဲဆိုလျှင် ချင်းယွိသည် ပေထင်းဟွမ်ကို လက်ခံရန် တိုက်တွန်းမည်ဖြစ်သည်။ သို့သော် ယခုအခါ ဤတံဆိပ်ပြားသည် အလွန်အရေးကြီးသည်။ ချင်းယွိသည် စိတ်ပိုင်း မဖြတ်နိုင်ပေ။

ပေထင်းဟွမ်သည် သဘောထားမပြတ်သားသည့်သူမဟုတ်ပေ။ သူမ သည် နှုတ်ခမ်းတွန့်ကာ လက်ဆန့်ပြီးယူလိုက်သည်။ သူမ တံဆိပ်ပြားကို အထက်အောက်လှန်ကြည့်ကာ သိုလှောင်လက်စွပ်အတွင်းထည့်လိုက်သည်။ သူမသည် ဤကိစ္စကို သဘောတူသည့်အနေနှင့် ဟွမ်ယွမ်အား ခေါင်းညိတ်ပြ သည်။

ဟွမ်ယွမ်သည် ပျော်သွားသည်။ သူသည် ပေထင်းဟွမ်၏ ပခုံးကို ချစ်ခင်ခြင်းများစွာဖြင့် ပုတ်ပြီး နောင်တရစွာပြောလေသည် “ညီလေးပေယဲ့က မိန်းကလေးတွေကို သဘောမကျတတ်တာ နှမြောစရာပဲ.. ငါ့မှာသမီးရှိတယ် ဒါပေမဲ့ သူမက သခင်ပေယဲ့အတွက် အသုံးမဝင်တော့ဘူး”

စနောက်ခြင်းဖြစ်သော်လည်း ပေယဲ့သည် အလွန်ရှက်သွားသည်။ သူသည် နှာခေါင်းပွတ်ကာ ချင်းယွိအား နာကြည့်းစွာကြည့်လိုက်သည်။ ချင်းယွိ သည် သူမ၏ နာကြည်းသောအကြည့်ကြောင့် မှင်တက်ကာ ကျယ်လောင်စွာ ရယ်မောလေသည်။ သူသည် ဟွမ်ယွမ်ကို တံခါးပေါက်မှဆွဲထုတ်ပြီး အဓိပ္ပာယ် ပါပါပြောလေသည် “ပေယဲ့က မိန်းကလေးတွေကို သဘောကျရင်တောင် ပြီးတော့ ခေါင်းဆောင်က မိန်းကလေးဟွမ်မုန်ကို ပေယဲ့ကိုပေးရင်တောင် သူ အငြင်းခံရမှာပဲ”

စပါတာသည် ဟွမ်မုန်ကို ချင်းယွိဆီမှလုချင်သည်ဟု ကြားဖူးသည်ကို ပေထင်းဟွမ် သွားအမှတ်ရမိသည်။ ဟွမ်မုန်၏အကျင့်ကို သူမ မေးရန်ပင်မလို တော့သလို ခံစားရသည်။ ချင်းယွိ၏ လေသံသည် ဟွမ်မုန်အား လုံးဝခွင့်မပြုနိုင် ပေ။

All Chapters