← Chapters

ချုံချီဝင်ပါခြင်း

Vol. 9 Ch. 167

ချုံချီဝင်ပါခြင်း

Vol. 9 Ch. 167

လရောင်အောက် တိတ်ဆိတ်သောမြို့ဝန်အိမ်တော်တွင် ဧည့်သည်အခန်း မှ အလင်းရောင်များသည် တစ်ခုပြီးတစ်ခု ငြိမ်းသွားကြ၏။ အနောက်ဘက် ဥယျာဉ်၏စင်္ကြံတွင် အစိမ်းရောင်ပိတ်စဝတ်ထားသည့် အစေခံလေးသည် အစားအသောက်ဗန်းကိုင်ကာ ပေထင်းဟွမ်၏အခန်းသို့ လျှောက်သွားလေ သည်။ သူမ တံခါးသို့ရောက်သောအခါ အစေခံလေးသည် စိတ်လှုပ်ရှားနေသည် ကို ချုပ်တည်းကာ တံခါးခေါက်လိုက်သည် “သခင်ပေယဲ့ ဂျင်ဆင်းစွပ်ပြုတ်ယူ လာပါတယ်”

တံခါးပွင့်သွားသည်။ ထူးခြားသည့်အနက်ရောင်စစ်သည်ဝတ်စုံနှင့် နှင်းဖြူရောင်မျက်နှာဖုံးတပ်ထားသော အမျိုးသားတစ်ယောက် တံခါးကိုလာ ဖွင့်သည်။ သူသည် ဂျင်ဆင်းစွပ်ပြုတ်ကိုယူပြီး ပြောလိုက်သည် “ကျေးဇူးပဲ” သူ တံခါးပြန်ပိတ်မည်အပြုတွင် အစေခံသည် ခြေတစ်လှမ်းရှေ့တိုးကာ တံခါးကို ကာထားသည် “သခင်ကြီး ညဥ့်နက်နေပြီ.. လုချီနေပေးရမလား”

လေပြင်းတစ်ချက်တိုက်သွားကာ အစိမ်းရောင်ဝတ်ထားသော အစေခံ မိန်းကလေးသည် တံခါးအပြင်တွန်းထုတ်ခံရပြီး တံခါးမှာ ဝုန်းကနဲပိတ်သွား လေသည်။ ထိုလူသည် သူ့ရင်ဘတ်ကိုပုတ်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည် “နီးနီးလေးပဲလိုတော့တယ်.. ငါ့ပထမဆုံးအကြိမ်က တန်ဖိုးရှိတာ မင်းသိထားရမယ်.. အဲလိုလူလက်ထဲ ငါရောက်သွားရင် ဘယ်လို လုပ်မလဲ.. ကံကောင်းလို့ သခင့်ရဲ့အိမ်တော်မှာ မိန်းကလေးတစ်ယောက်မှမရှိ လို့”

သူသည် မျက်နှာဖုံးချွတ်ကာ ဘေးသို့ပစ်လိုက်သည်။ သူ ရေရွတ်၏ “ပေယဲ့ ဘယ်လိုများ သည်းခံလည်းမသိဘူး ဒီမျက်နှာဖုံးဝတ်ရတာ မသက်မသာရှိလုက်တာ”

ဟုတ်သည် ချုံချီသည် ပေထင်းဟွမ်၏ အခန်းကို စောင့်ကြပ်ပေးလျှက်ရှိသည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် သာမန်အနက်ရောင်ဝတ်စုံကိုဝတ်ဆင် ပြီး ညအမှောင်ထဲတွင် ကိုယ်ရောင်ဖျောက်နေသည်။ သူမသည် ခြံ၏အနောက် ဘက်တံတိုင်းကို ကျောပေးကာ ရပ်နေသည်။ အုံ့ဆိုင်းနေသော အလင်းရောင် အောက်တွင် ပစ္စည်းများတင်ဆောင်ထားသည့် ရထားလုံးများသည် တံခါးဝ တွင် သေသပ်စွာရပ်ထားကြသည်။ ၎င်းတို့အားလုံးကို ဆီစက္ကူဖြင့် တင်းတင်း ကျပ်ကျပ်ထုပ်ပိုးထားသည်။ ရထားလုံးတစ်စင်းကိုသာ အဖြူရောင်ဖဲပြားဖြင့် ချည်နှောင်ထားသည်။

“သခင် သူတို့က ဒီရထားလုံးကိုပြင်ထားတာပဲ.. နှင်းဝံပုလွေကြေးစား အဖွဲ့အတွက် တဲတွေကို ရှီဟို့အမှုန့်ဖြူးထားတယ်” ပေထင်းဟွမ်၏ ပခုံးပေါ်မှ မိုးကြိုးသွားသည် လက်ကလေးကိုမြှောက်ကာ ရထားလုံးမှ အမှတ်အသားကို ညွှန်ပြလေသည်။

“ရှင်းထျန်ကြေးစားအဖွဲ့သုံးမယ့် ရထားလုံးကဘယ်ဟာလဲဆိုတာ သိလား” ပေထင်းဟွမ် မေးလိုက်၏။

“မသိဘူး… မဟုတ်ရင် ငါ လှုပ်ရှားပြီးပြီ အမှတ်အသားနှစ်ခုကို လဲလိုက် ရင် သခင့်ကိုသတင်းပေးဖို့တောင် လိုပါဦးမလား” မိုးကြိုးသွားသည် ဂုဏ်ယူစွာ ဖြင့်ပြောလေသည်။ ဒီတစ်ခါ သူအစားကြူးတာကြောင့်သာမဟုတ်ရင် ဒီလို အကြံအစည်ကြီးကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဟင်း အဲဒါကိုတောင် လျှပ်စီးက သူ့ကို အချိန်တိုင်းအထင်သေးပြီး အစားကြူးတယ်လို့ပြောနေသေးတယ်။

ပေထင်းဟွမ်သည် သူမ၏ ဘာမှမရှိသောမေးစေ့ကိုပွတ်ကာ မျက်လုံး နက်များကို လှိမ့်လိုက်သည်။ ထို့နောက် ခြံအနောက်တံခါးမှ ရထားလုံးတစ်စင်း ထွက်လာသံကို ကြားလိုက်ရသည်။ လူတစ်ယောက် အော်လေသည် “မြန်မြန် ငါ့နောက်လိုက်လာခဲ့.. ဒီရထားလုံးက မနက်ဖြန်မနက်ရိက္ခာအတွက်ပဲ မင်းတို့ ဒီလမ်းတစ်လျှောက်ကို ကောင်းကောင်းဂရုစိုက်ရမယ်”

ရိက္ခာဟုတ်လား။ ပေထင်းဟွမ်သည် ရုတ်တရက် ရယ်မောမိသည်။ သူမ သည် လှုပ်ရှားမှုမလုပ်လိုက်ရမည်ကို စိုးရိမ်နေခဲ့သည်။ ရိက္ခာဟုဆိုလိုက်ချိန် တွင် ပိုလွယ်ကူသွားပြီဖြစ်၏။ သူမသည် မီးပွားကြောင့် ရှင်းထျန်ကြေးစားအဖွဲ့ ကို ရှုပ်ထွေးသွားမည်ကို မလိုလားပေ။ ဟန်မုက သူမကို အသေအကြေ တိုက်ခိုက်နေချင်နေမှတော့ သူမက ဘာလို့ယဉ်ကျေးနေရတော့မှာလဲ။

“နွယ်ပင်လေး.. မင်းမှာ တခြားလူရဲ့ ဝိညာဉ်စွမ်းအားကို နှေးအောင်လုပ် နိုင်တဲ့ လျှို့ဝှက်အရည်ရှိတာ ငါ မှတ်မိတယ်” ပေထင်းဟွမ်သည် စိတ်ထဲမှ နွယ်ပင်လေးကို မေးလိုက်သည်။

“ဟုတ်တယ် သခင်.. အခု ငါ့မှာ လျှို့ဝှက်အဆိပ်နှစ်မျိုးပဲရှိတယ်.. တစ်ခု က ဝိညာဉ်စွမ်းအားကိုနှေးစေပြီး တခြားတစ်ခုက ထင်ယောင်ထင်မှားဖြစ်စေ တယ်” နွယ်ပင်လေးသည် ဂုဏ်ယူစွာဖြင့် ပြောလေသည်။

“ဒါဆိုပိုလွယ်သွားပြီ ဒီနေ့တဲကိစ္စကို ဖြေရှင်းကြတာပေါ့.. မနက်ဖြန် အဆိပ်ကိစ္စကို နွယ်ပင်လေးကိုပဲ အပ်ထားလိုက်တော့မယ်” ပေထင်းဟွမ် ပြော လေသည်။

“ဟုတ်ကဲ့” နွယ်ပင်လေးသည် အလွန်ပျော်ရွှင်နေသည်။ သခင့်နောက် ကြာရှည်စွာလိုက်လာပြီးနောက် သူမအတွက် အသုံးဝင်မည့်နေရာရှိလာလေပြီ။ သူမသည် အလွန်ပင် စိတ်လှုပ်ရှားမိသည် “နွယ်ပင်လေးက စိတ်မပျက်စေရပါ ဘူး”

ဦးချိုပါမြင်းရထားလုံးသည် စတင်ရွှေ့လျားနေပြီဖြစ်သည်။ ပေထင်းဟွမ် သည် အဝေးမှလိုက်လာခဲ့သည်။ သူမသည် ညအမှောင်ထဲတွင် အသားကျနေပြီ ဖြစ်သည်။ အလင်းရောက်အောက်တွင် လျှောက်လျှင်တောင် တစ္ဆေတစ်ကောင် ကဲ့သို့ဖြစ်နေကာ မမြင်ရပေ။ သူမသည် အမှောင်ဘုရင်တစ်ပါးဖြစ်နေသည်မှာ သံသယဝင်ဖွယ်မရှိပေ။ သူမ၏ရောင်ဝါတစ်လမချင်းစိသည် ညအမှောင်ထဲ တွင် ရောနှောနေသည်။ သူမသာ တစ်စုံတစ်ယောက်နှင့်မျက်နှာချင်းဆိုင်လျှင် တောင် မည်သူမှ သတိထားမိမည်မဟုတ်ပေ။

All Chapters